← Chapters

အကုန် ဓားကျင့်ကြံသူတွေ ဖြစ်တော့မှာလား

Vol. 12 Ch. 111

အကုန် ဓားကျင့်ကြံသူတွေ ဖြစ်တော့မှာလား

Vol. 12 Ch. 111

“ဒါက ရှင်တို့ တောင်းဆိုထားတဲ့ ဝိညာဉ်ဆေးပင်တွေပါ။”

ယွန်စုရှင်းက စာရင်းပါ ဆေးပင်များအားလုံးကို ထုပ်ပိုးပြီးနောက် လီချင်းရန်နှင့် ယွဲ့ချန်ချီတို့ကို ဘေးတိုက်တစ်ချက်ကြည့်ကာ အေးစက်စက်နှင့် နှာခေါင်းရှုံ့လိုက်သည်။ “စုစုပေါင်း အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈သောင်း ကျသင့်ပါတယ်။ ဘယ်လိုပေးချေမှာလဲ...”

ဖုန်းရှေ့တွင် ထိုင်ရင်း ဇာတ်ကွက်ကို စောင့်ကြည့်နေသည့် ချန်ဟွိုက်အန်က သွေးကြောဖွင့် အပ်စိုက်ပညာ အောင်မြင်မှုကို စောင့်နေရင်း စိတ်မရှည်ဖြစ်လာသည်။

ဘာလဲဟ။ ငါ မင်းတို့ ဂိုဏ်းကိုတောင် တစ်ဝက်ပိုင်းပေးပြီးပြီလေ။အခုထိ ပိုက်ဆံ လိုချင်သေးတာလား...

[ ကျေးဇူးပြု၍ ဆက်လက်လုပ်ဆောင်မည့်နည်းလမ်းကို ရွေးချယ်ပါ ]

(၁) ပေးချေရန်အတွက် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး ၈သောင်း ဝယ်ယူရန် ယွမ် သိန်း၄၀ သုံးစွဲပါ။

(၂) ယွန်စုရှင်းကို တစ်ချက်တည်းဖြင့် အလဲထိုးရန် ၈၈ယွမ် သုံးစွဲပါ။

(၃) ဒီပစ္စည်းက ငါနဲ့... ရေစက်ပါတယ်။

ဝိညာဉ်ကျောက်တုံးတစ်တုံးကို ၅၀တောင်ပေးရတာ။ မင်းက ဈေးအပြည့် တောင်းနေတာလား...

ချန်ဟွိုက်အန်၏ နှုတ်ခမ်းများ တွန့်သွား၏။

သူက ရွေးချယ်စရာ နံပါတ် (၃) ကို နှိပ်လိုက်သည်။

အကြောင်းပြချက်မရှိပေ။

သူက ရေစက်နှင့် ပတ်သက်ဆက်နွှယ်မှုများ ဖန်တီးရသည်ကို နှစ်သက်ရုံသာ။

လီချင်းရန်၏ နားရွက်များ တစ်ခုခုကို ကြားလိုက်ရသလို အနည်းငယ် လှုပ်ခတ်သွား၏။

သူ၏ မျက်နှာ ပန်းရောင်သန်းသွားပြီး ထစ်ထစ်ငေါ့ငေါ့ဖြင့် ပြောလိုက်သည်။

“ဟိုလေ... ဆရာက ရှင်တို့ကို တစ်ခုပြောခိုင်းလိုက်တယ်...”

ယွန်စုရှင်း၏ ဦးရေပြားများ ထုံကျင်သွား၏။

သူ အလိုလို နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး မေးလိုက်သည်

“သူ... သူ ဘာပြောလိုက်တာလဲ။”

“သူ ပြောတာက...ဒီဆေးပင်တွေနဲ့ သူက... ရေစက်ပါတယ်တဲ့။”

ယွန်စုရှင်း - “...”

ယွဲ့ချန်ချီ - “...”

လီချင်းရန် ရှက်ကိုးရှက်ကန်းဖြင့် အကြည့်လွှဲကာ ခေါင်းငုံ့ထားလိုက်သည်။

သူ၏ နားရွက်ကလေးများမှာ ရဲတက်နေ၏။

ထိုစကားစု၏ အဓိပ္ပာယ်ကို လူတိုင်း သိကြသည်။

ဓားကျောင်းတော်သည် ဓားပြတိုက်ခြင်းတွင် အဘယ်ကြောင့် ထိုမျှ ကျွမ်းကျင်နေရသနည်းမှာ မထူးဆန်းတော့။

၎င်းမှာ ရှေးယခင်ကတည်းက လက်ဆင့်ကမ်းလာသည့် ရိုးရာတစ်ခု ဖြစ်နေ၍ပင်။

ယွန်စုရှင်း၏ ရင်ဘတ်မှာ ဒေါသကြောင့် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး လှပသော မျက်နှာလေးမှာ မီးလို ရဲနေ၏။

သူက အသက်ကို ပြင်းပြင်းရှူကာ ဒေါသကို အတင်းအကျပ် မျိုသိပ်လိုက်ရသည်။

သူ အံကြိတ်ကာ အော်ပြောလိုက်သည်။

“ကောင်းပြီ... ရှင်တို့ ဓားကျောင်းတော်က တကယ်ကို ရက်စက်တာပဲ...”

သူက ဆေးပင်အိတ်ကို ထိုးပေးကာ လှည့်ထွက်သွားတော့သည်။

“ယူသွားကြ... ဝိညာဉ်ကျောက်တုံး တစ်တုံးမှ မလိုဘူး... အခု ကျေနပ်ပြီလား... ရှင့်ရဲ့ ဆရာကို ပြောလိုက်ပါ၊ လင်းရှီးတောင်ကြားနဲ့ နောက်ထပ် ရေစက်မပါနဲ့တော့လို့... ကျွန်မတို့မှာ ဘာရေစက်မှ မရှိဘူး။ နောက်ထပ်လည်း ဘယ်တော့မှ ဆုံမှာ မဟုတ်ဘူး...”

လီချင်းရန်က ဆေးပင်များကို သိုလှောင်အိတ်ထဲသို့ ဂရုတစိုက် ထည့်လိုက်ပြီး တည်ကြည်စွာ ခေါင်းညိတ်ပြသည်။

“လင်းရှီးတောင်ကြားက ချင်းယွန်ဘုံတစ်ခုလုံးမှာ နာမည်ကြီးတာပဲ။ နောက်ထပ် ဆေးပင်တွေ လိုလာရင် ကျွန်မ သေချာပေါက် ပြန်လာခဲ့ပါ့မယ်။”

“...”

ယွန်စုရှင်းက လက်သီးကို တင်းတင်းဆုပ်ထားသဖြင့် လက်ဆစ်များမှာ အသံပင် ထွက်လာသည်။

ထိုအရှက်ရမှုကို သည်းခံရန် သူ ကိုယ့်ကိုယ်ကိုယ် ထပ်ခါတလဲလဲ သတိပေးနေရသည်။

လီချင်းရန်၏ နောက်ကွယ်မှ ထိုဓားကျင့်ကြံသူမှာ ရန်စရန် အလွန် ကြောက်စရာကောင်းလွန်းလှသည်...

အမေဖြစ်သူအတွက်။

လင်းရှီးတောင်ကြားအတွက်။

သူသည် ထိုအရှက်ရမှုကို အောင့်အီးရမည်။

လီချင်းရန်နှင့် ယွဲ့ချန်ချီတို့ ထွက်သွားပြီးနောက် စားပွဲပေါ်တွင် ဟောင်းနွမ်းနေသော သိုလှောင်အိတ်လေးတစ်ခု ကျန်ရစ်သည်ကို ယွန်စုရှင်း တွေ့လိုက်ရသည်။

၎င်းမှာ ဓားကျောင်းတော်၏ ပုံစံအတိုင်း အနားသတ်များပင် ပြေနေသည့် အိတ်ဟောင်းလေးပင်။

အိတ်ထဲတွင် ဓားကျောင်းတော်၏ အထူးထွက်ကုန်ပစ္စည်းများဖြင့် ပြည့်နေသည်။

တန်ဖိုးမှာ ဝိညာဉ်ကျောက်တုံး ၈သောင်း အတိအကျ မဟုတ်သော်လည်း နီးစပ်လေသည်။

ယွန်စုရှင်း၏ အမူအရာ အနည်းငယ် ပျော့ပြောင်းသွားသည်။

“အနည်းဆုံးတော့ ရှင်တို့ ဓားကျောင်းတော်က အသိတရား ရှိပါသေးတယ်...”

သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုအရာက အကောင်းဆုံး ရလာဒ်ပင်။

ပုံရိပ်‌ယောင်အခင်းအကျင်း ပျက်စီးသွားခဲ့ပြီး ပြင်ဆင်ရန် လိုအပ်သည်။

သူတို့က အပြင်လူများကို လင်းရှီးတောင်ကြား၏ ထိုကဲ့သို့ အခြေအနေမျိုးကို မြင်ခွင့်မပေးနိုင်ပေ။

ကုန်ကျရိတ်ကို တွေးရုံမျှဖြင့် သူ ပင်ပန်းလာခဲ့သည်။

ယွန်စုရှင်း သက်ပြင်းချလိုက်၏။

ရုတ်တရက် သူ၏အမေ အသံက စိတ်ထဲ၌ ပဲ့တင်ထပ်လာခဲ့သည်။

“စုရှင်း၊ အနောက်ဘက်တောင်ကို လာခဲ့...”

လင်းရှီးတောင်ကြားရှိ အနောက်ဘက်တောင်၌...

ဂိုဏ်းချုပ် ယွန်ပိုင်ယွီက ဝတ်စုံအသစ်လဲလှယ်ကာ ကြီးမားသော ဓားရာကြီး၏ ဘေးတွင် ထိုင်နေသည်။

၎င်းမှာ မီတာ၂၀ခန့် ကျယ်ဝန်းသော အနက်ရှိုင်းဆုံး ဓားရာပင်။

ထိုဓားရာမှ ထွက်ပေါ်နေသော ဓားအသိများ ပြင်းထန်ဆဲဖြစ်ပြီး ပတ်ဝန်းကျင် ကျောက်နံရံများပေါ်တွင် အမှတ်အသားများ ချန်ထားခဲ့သည်။

ယွန်စုရှင်းက ထိုဓားရာကိုကြည့်ပြီး ကျောရိုးထဲအထိ ကြက်သီးထသွားလေသည်။

သူ့ကို အမှန်တကယ် ကြောက်လန့်သွားစေသည်မှာ...

ဓားကျင့်ကြံသူ ထွက်သွားခဲ့သော်လည်း...

သူ၏ ဓားအသိ ကျန်နေဆဲဖြစ်ပြီး ဓားရာအထဲတွင် မပျောက်ကွယ်ဘဲ ရှိနေဆဲပင်။

“စုရှင်း၊ ဒါက အခွင့်အရေးပဲ။”

ယွန်ပိုင်ယွီက စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဒီလူရဲ့ ဓားကျွမ်းကျင်မှုက... အမေ့ တစ်သက်မှာ တစ်ခါမှ မမြင်ဖူးဘူး။ အစစ်အမှန် သိုင်းမြင့်မြတ်နယ်မြေရဲ့ အစွမ်းအထက်ဆုံး ဓားကျင့်ကြံသူ ကျန်းရိပိုင်ထက်တောင် သာလွန်နိုင်တယ်...”

“တကယ်ကြီးလား...”

ယွန်စုရှင်း၏ မျက်လုံးများမှာ ထိတ်လန့်မှုကြောင့် ဝိုင်းစက်သွားသည်။

ကျန်းရိပိုင်။

အစစ်အမှန် မြင့်မြတ်နယ်မြေ၏ အရှင်သခင်။

ဟင်းလင်းပြင်ထွင်းဖောက်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိသည်ဟု ကျော်ကြားပြီး၊ ချင်းယွန်ဘုံ၏ အင်အားအကြီးဆုံး ဓားကျင့်ကြံသူအဖြစ် ချီးမွမ်းခံရသူ။

“ဒီလျှို့ဝှက်ဆန်းကြယ်တဲ့ ဓားသမားက တကယ်ပဲ ကျန်းရိပိုင်ထက် ပိုစွမ်းနေတာလား...”

“အဲဒီလိုတော့လည်း မဟုတ်နိုင်သေးဘူး...”

ယွန်ပိုင်ယွီက သူ၏ သမီးကို ဘေးနားမှာ ထိုင်ခိုင်းရင်း ပြန်ဖြေလိုက်သည်။

သူ ခေါင်းခါလိုက်သည်။

“ကျန်းရိပိုင်က ဓားမထုတ်တာ နှစ်၅၀၀ ကျော်နေပြီ။”

“လွန်ခဲ့တဲ့ နှစ်ပေါင်း၅၀၀တုန်းက သူ့ဓားကို ၃ကြိမ်ပဲ ဓားအိမ်ထဲက ထုတ်ခဲ့တယ်—”

“ပြီးတော့ မိစ္ဆာမျိုးနွယ်စု တစ်ခုလုံးကို သုတ်သင်ပစ်ခဲ့တာ။”

“မိစ္ဆာဧကရာဇ် ကိုးပါးထဲက လေးပါး... သူ့ဓားချက်အောက်မှာ ကျဆုံးခဲ့ရတယ်။”

“အဲဒါက လွန်ခဲ့တဲ့ နှစ်၅၀၀ကပေါ့။”

“အခု သူ့ရဲ့ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲဆိုတာ ဘယ်သူမှ မသိကြဘူး...”

“ဒါပေမဲ့ ဓားပညာ ကျွမ်းကျင်မှု သက်သက်ကိုပဲ ကြည့်ရင်တော့...”

“ဒီဓားသမားဟာ... လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀တုန်းက ကျန်းရိပိုင်ထက် ပိုပြီး အစွမ်းထက်နေတယ်။”

“ဒီတော့ ဘာဖြစ်လဲ...”

ယွမ်စုရှင်းက ညည်းတွားလိုက်သည်။

ထိုဓားကျင့်ကြံသူက မည်မျှ ကြောက်စရာကောင်းလဲကြောင်း ကြားရလေလေ စိတ်ဓာတ်များ ပိုကျလေလေ ဖြစ်နေသည်။

သူက နှုတ်ခမ်းဆူရင်း ပြောလိုက်သည်။

“သူ့ရဲ့ ဓားပညာက အံ့သြစရာကောင်းတယ် ဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒါက သမီးတို့နဲ့ ဘာဆိုင်လို့လဲ။”

ယွန်ပိုင်ယွီက ဓားရာကို လက်ညှိုးထိုးပြလိုက်သည်။

“ကြည့်လိုက်။”

ရုတ်တရက်...

ဓားရာထဲကနေ ဓားချီတန်းတစ်ခု ထွက်ပေါ်လာသည်။

ရွှမ်း...

အနီးအနားက ကျောက်တုံးကြီးတစ်ခုက စူးရှသောအသံနှင့်အတူ နှစ်ခြမ်းကွဲသွား၏။

၎င်းက အပေါ်ယံ ရှပ်ထိသွားရုံသာ ဖြစ်သော်လည်း လေဖိအားကြောင့်တင် ယွန်စုရှင်းမှာ ချွေးစေးများ ထွက်လာရသည်။

“ဓားကျင့်ကြံသူ တစ်ယောက်အတွက် အရေးကြီးဆုံးက ဓားအသိပဲ...”

ယွန်ပိုင်ယွီက မျက်လုံးများ တောက်ပလျက် အပြုံးနုနုဖြင့် ပြောလိုက်သည်။

“ဓားအသိကို နားလည်သဘောပေါက်တာက ဓားပညာ တိုးတက်ဖို့အတွက် သော့ချက်ပဲ။ အခု ဒီဓားရာထဲမှာတော့ မပျောက်ကွယ်နိုင်တဲ့ ဓားအသိတွေ လျှံထွက်နေတယ်။ အဲဒါကို လေ့လာဖို့အတွက် ဒါက အကောင်းဆုံး အခွင့်အရေး မဟုတ်ဘူးလား...”

ယွန်ပိုင်ယွီ၏ အကြည့်များမှာ စူးရှသွားပြီး ဆက်ပြောသည်။

“ဒီနေ့ကစပြီး လင်းရှီးတောင်ကြားက တပည့်တွေ အားလုံး ဒီဓားအသိကို လေ့လာရမယ်။ ငါတို့က ဓားကျင့်ကြံသူတွေအဖြစ် ပြောင်းလဲကြမယ်။ ငါတို့ဂိုဏ်းက ဆေးပညာကိုပဲ အဓိကထားဦးမှာ ဖြစ်ပေမယ့်၊ ဓားပညာကိုတော့ ဒုတိယလမ်းစဉ်အဖြစ် ကျင့်ကြံရမယ်။ ဒါမှ ငါတို့ တပည့်တွေ ဂိုဏ်းကနေ ထွက်သွားတဲ့အခါ အနည်းဆုံးတော့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်မှာ...”

ယွန်စုရှင်းမှာ ပါးစပ်အဟောင်းသား ဖြစ်သွားသည်။

အရာရာဟာ ထိုသို့ ဖြစ်မလာသင့်ကြောင့် သူ ခံစားနေရသည်။

သို့သော်...

ငြင်းခုံရန် အကြောင်းပြချက် ရှာမတွေ့ခဲ့။

မည်သို့ပင် ဆိုစေကာမူ၊ လင်းရှီးတောင်ကြား၏ တိုက်ခိုက်နိုင်စွမ်းက အမြဒ အားနည်းခဲ့၏။

ထို့ပြင် သူတို့ဘာသာသူတို့ ဓားအသိကို နားလည်သဘောပေါက်နိုင်စွမ်းလည်း မရှိကြပေ။

ဓားကျောင်းတော်ထဲကိုပဲ သွားနေလို့လည်း မရဘူး မဟုတ်လား....

ဓားကျောင်းတော်မှာတောင်မှ ဒီလိုမျိုး ဓားအသိတွေ ကိန်းအောင်းနေတဲ့ ဓားရာတစ်ခုကို ဂိုဏ်းရဲ့ ရတနာအဖြစ် သတ်မှတ်ကြလိမ့်မယ်။

“အဲဒီ စီနီယာကျင့်ကြံသူက ဒီဓားရာကို တမင်တကာ ချန်ထားခဲ့တာ ဖြစ်ရမယ်...”

ယွန်ပိုင်ယွီက လေးစားမှုနှင့် နောင်တရမှုများ ရောပြွမ်းနေသည့် အသံဖြင့် တိုးတက်စွာ ရေရွတ်လိုက်သည်။

“ဓားကျောင်း‌တော်က ကျင့်ကြံသူတွေဟာ လုပ်ရပ်တွေမှာ ပွင့်လင်းပြီး တည့်တိုးဆန်ပေမယ့်၊ သူတို့မှာ အတိုင်းအတာ ရှိတယ်။ သူတို့က လိုတာထက် ပိုမယူသလို၊ အစွန်းလည်း မရောက်ကြဘူး။ မင်းက အဲဒီ ဓားကျောင်းတော် တပည့်နှစ်ယောက်ကို တကယ်တမ်း မထိခိုက်စေခဲ့ဘူး။ ဒါကြောင့် သူက ပြန်လည် တုံ့ပြန်တဲ့အနေနဲ့ ငါတို့ရဲ့ အကာအကွယ် အစီအရင်ကို ဖျက်ဆီးပြီး သတိပေးတဲ့အနေနဲ့ ဂိုဏ်းဝင်ပေါက်ကို နှစ်ခြမ်းခွဲပစ်လိုက်တာ။ နောက်ဆုံးတော့ သူက လမ်းခွဲလက်ဆောင်အနေနဲ့ ဒီဓားရာကို ချန်ထားခဲ့တယ်။ ပြီးတော့ ဒီလက်ဆောင်က ငါတို့အတွက် တကယ့်ကို လိုအပ်နေတဲ့အရာပဲ၊ အချိန်ကိုက် ရောက်လာတာပဲ...”

“အမေက ပိုပြောနေတာ မဟုတ်ဘူးလား...”

ယွမ်စုရှင်းက သံသယဖြင့် ကြည့်လိုက်သည်။

“အမေ ပြောတဲ့အတိုင်းပဲ...”

ယွန်ပိုင်ယွီက မတ်မတ်ထိုင်ရင်း တည်ကြည်သောအသံဖြင့် ပြောသည်။

“ဒီလို ကျင့်ကြံမှု အဆင့်မျိုးမှာ လုပ်ရပ်တိုင်းဟာ အဓိပ္ပာယ် ရှိတယ်။ တစ်ဂိုဏ်းလုံးကို သွားအကြောင်းကြားလိုက်။ ဒီနေ့ကစပြီး လူတိုင်းဟာ တစ်နေ့ကို သုံးနာရီစီ ဒီဓားအသိကို လေ့လာရမယ်...”

“အင်း... ကောင်းပါပြီ...”

ယွမ်စုရှင်းက တစ်ခုခု မှားနေသလို ခံစားနေရဆဲ ဖြစ်သော်လည်း ခေါင်းကို ကုတ်ရင်း အမိန့်ကို နာခံကာ သတင်းသွားပို့လိုက်သည်။

ယွမ်စုရှင်း ထွက်သွားပြီး မကြာခင်မှာပင် ယွမ်ပိုင်ယွီ၏ အသက်ရှူသံမှာ ရုတ်တရက် ထစ်ငေါ့သွားသည်။

အတွင်းဒဏ်ရာများက ရုတ်တရက် ထကြွလာပြီး သူ သွေးတစ်လုတ် ထွေးထုတ်လိုက်ရသည်။

သူ၏ ဖြူလျော့နေသော ပါးပြင်ပေါ်တွင် ဖျော့တော့သော ပန်းရောင်သန်းလာပြီး မျက်လုံးထဲက အလင်းရောင်များမှာလည်း အနည်းငယ် မှိန်သွားသည်။

“ဒဏ်ရာဟောင်းတွေ... အခုတော့ ဒဏ်ရာသစ်တွေပေါ့...”

သူက ရင်ဘတ်ကို ဖိထားရင်း ခါးသီးသော အပြုံးဖြင့် တစ်ကိုယ်တည်း ရေရွတ်လိုက်သည်။

“ဒါပေမဲ့... အရေးမကြီးပါဘူး။ ငါက သေခါနီးနေတာပဲလေ။ ဒါက ပိုပြီး မြန်သွားစေရုံပဲ...”

သူ မျက်လုံးများကို မှိတ်ပြီး အသက်ကို ဖြည်းဖြည်းချင်း ရှူထုတ်လိုက်သည်။

အနည်းဆုံးတော့ ငါ မသေခင်မှာ စုရှင်းနဲ့ လင်းရှီးတောင်ကြားအတွက် ရှေ့ဆက်ရမယ့် လမ်းစကို ရှာတွေ့သွားပြီ။

အခုတော့... ယောင်ချီ မြင့်မြတ်နယ်မြေဆီမှာ အကူအညီ တောင်းစရာ မလိုတော့ဘူး။

အဲဒီနေရာကို တွေးမိလိုက်တာနဲ့ ယွန်ပိုင်ယွီမှာ မသိစိတ်က တုန်လှုပ်သွားရသည်။

လွန်ခဲ့တဲ့ ၃နှစ်တုန်းက သူသည် ကုသမှုခံယူဖို့ ယောင်ချီ မြင့်မြတ်နေမြေဆီကို သွားခဲ့ရာမှာ မနည်း အသက်လုပြီး ပြန်လာခဲ့ရသည်။

သူ ထိုစဉ်က ကျိန်ဆိုခဲ့သည်။

ဒုတိယအကြိမ် ပြန်သွားရမယ့်အစား သေလိုက်ခြင်းက ပိုကောင်းမည် ဟူ၍ပင်။

“အဟား... ငါ့ရဲ့ သွေးကြောဖွင့် အပ်စိုက်ပညာက နောက်ဆုံးတော့ ပြီးပြည့်စုံခြင်းကို ရောက်သွားပြီ...”

အကြာကြီး စောင့်ဆိုင်းပြီးနောက်...

ချန်ဟွိုက်အန်က နေ့လယ်ခင်းမှာ သူ၏ ကျင့်စဉ်မှာ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိသွားသည်ကို တွေ့လိုက်ရသည်။

“... ဒါပေမဲ့ ငါ့မှာ ပိုက်ဆံ လုံးဝနီးပါး ပြတ်နေပြီ။”

သူက သက်ပြင်းချရင်း ရယ်မောလိုက်သည်။

မှန်ပေသည်။ ပိုက်ဆံသုံးပြီး အဆင့်မြှင့်တာက မြန်သော်လည်း တကယ်၍ သူ၏ အပ်စိုက်ပညာက အသုံးမဝင်ဘူးဆိုလျှင်တော့ တကယ် ငိုမိပေလိမ့်မည်။

သို့သော်လည်း...

သူ၏ အခြေအနေက အရင်ကထက် အများကြီး ပိုကောင်းလာပြီ ဖြစ်သည်။

ယခင်က သူသည် မည်သို့ ပိုက်ဆံရှာရမည်ကို မသိခဲ့ပေ။

အခုတော့ ပိုက်ဆံ ပြတ်သွားလျှင်ပင် မိစ္ဆာနှိမ်နင်းသူဗျူရိုတွင် မိစ္ဆာနှိမ်နင်းသော တာဝန်များ သွားယူ၍ ရနိုင်ပြီ ဖြစ်သည်။

သူ လက်ကို ဆေးကြောကာ အပ်များကို ပိုးသတ်ပြီး ခြေထောက်တွင် အပ်စိုက်ရန် ပြင်လိုက်သည်။

သို့သော်... သူ၏ လက်များ ရုတ်တရက် တုံ့ဆိုင်းသွား၏။

နေဦး... ပထမဆုံးအကြိမ်ဆိုတော့ သတိထားတာ အကောင်းဆုံးပဲ။

သူ၏ အကြည့်များက အခန်းထဲ အိပ်ပျော်နေသည့် ပါ့ကျီဟုခေါ်သော ကြောင်ကလေးထံ ရောက်သွားသည်။

လူကို သွေးကြောဖွင့်လို့ ရရင်... ကြောင်ကော ဘာလို့ မရမှာလဲ။

ငါသာ အမှားလုပ်မိရင် ကြောင်ကို တစ်သက်လုံး ပြုစုရုံပေါ့။

ဒါပေမဲ့ ငါ့ကိုယ်ငါ အမှားလုပ်မိရင်... ဒီကြောင်က ငါ့ကို ပြန်ပြုစုမှာလား။

ထိုသို့တွေးမိသည်နှင့် သူ၏ အပြစ်ရှိစိတ်များ ချက်ချင်း ပျောက်ကွယ်သွားတော့သည်။

“ကဲ... ပါ့ကျီ၊ မင်းကို အရင် စမ်းကြည့်တာပေါ့...”

All Chapters