← Chapters

လုံးဝကို အကင်ခံလိုက်ရပြီ

Vol. 12 Ch. 114

လုံးဝကို အကင်ခံလိုက်ရပြီ

Vol. 12 Ch. 114

[သွေးကြောတွေ အားလုံး ပွင့်သွားပြီ...]

[စွမ်းအင်တွေ ပြည့်လျှံနေပြီ...]

[ဒါက အဆင့်တက်ခြင်းရဲ့ အစပဲ...]

ပါ့ကျီက ဧည့်ခန်းအတွင်း ဟိုပြေးဒီလွှား လုပ်နေပြီး၊ ပါးစပ်ထဲတွင် ဘောလုံးလေးကို ကိုက်လျက် ပရိဘောဂများ အပေါ်သို့ ခုန်တက်နေသည်။

၎င်း၏ လှုပ်ရှားမှုမှာ မြန်လွန်းလှသဖြင့် နောက်ကွယ်တွင် အရိပ်များပင် ကျန်ရစ်နေခဲ့သည်။

ထိုကြောင်ခန္ဓာကိုယ်ထဲတွင် နိုးထလာကတည်းက ၎င်းသည် လုံးဝိုင်းသော သို့မဟုတ် ရှည်လျားသော အရာဝတ္ထုများကို မြင်လျှင် လက်ဝါးဖြင့် ပုတ်ချင်သည့် စိတ်ရိုင်းကို မထိန်းချုပ်နိုင်ကြောင်း သိရှိခဲ့ရသည်။

အထူးသဖြင့် စိတ်လှုပ်ရှားနေသည့် အချိန်မျိုးတွင် ထိုအရာများကို မကစားရလျှင် လုံးဝ နေမထိထိုင်မသာ ဖြစ်နေတတ်၏။

ယခုလို အချိန်မျိုးတွင်ပင်။

သွေးကြောများအားလုံး ပွင့်သွားပြီး စိတ်ဝိညာဉ် ချီစွမ်းအင်များ လွတ်လပ်စွာ စီးဆင်းနေပြီ ဖြစ်ရာ၊ ၎င်း၏ ကျင့်ကြံမှုမှာ လျှပ်စီးကဲ့သို့ မြန်ဆန်လာတော့မည် ဖြစ်သည်။

၎င်း၏ အင်အားမှာ တဟုန်ထိုး တက်လာပေတော့မည်။

မကြာခင်...

ဖြစ်လာတော့မယ်။

လွတ်လပ်ခွင့်...

စားသောက်ပွဲကြီး...

အဆုံးမရှိတဲ့ အစားအသောက် ဂုဏ်ပြုပွဲကြီး...

ဟဲဟဲဟဲ...

ပါ့ကျီ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု လွန်ကဲနေပြီး ထိုနေရာတွင် ခေတ္တမျှ ထပ်နေရန် ထိုက်တန်သည်ဟု ယူဆနေသည်။

“ပါ့ကျီ၊ ဒီကို လာခဲ့ဦး...”

ချန်ဟွိုက်အန်၏ လှမ်းခေါ်သံကို ကြားလျှင် ပါ့ကျီ ဘရိတ်အုပ်လိုက်ကာ ပြတင်းပေါက်ဘောင်ပေါ်တွင် ရပ်တန့်သွားပြီး သူ့ဘက်သို့ လှည့်ကြည့်လိုက်သည်။

[ အာ... ဆရာကြီးပါလား...]

၎င်းက ကြောင်ဆန်သော အပြုအမူကိုပင် သတိမထားမိဘဲ လက်ဖဝါးကို အလိုအလျောက် လျက်လိုက်မိသည်။

[ ဆရာကြီးက ငါ့ကို အပ်စိုက်ပေးထားတာပဲ။ သူနဲ့ နီးနီးကပ်ကပ် နေရတာ အန္တရာယ်ရှိပေမယ့် သူ့ကိုတော့ နည်းနည်း မျက်နှာသာပေးရမှာပေါ့ ]

ပါ့ကျီက တင့်တယ်လှပသော ကြောင်တစ်ကောင်၏ အမူအရာဖြင့် ချန်ဟွိုက်အန်ဆီသို့ လမ်းလျှောက် သွားပြီးနောက် ကြမ်းပြင်ပေါ်တွင် လှဲချလိုက်ကာ ပက်လက်လှန်ပြီး ၎င်း၏ ဗိုက်ကို ပြလိုက်သည်။

၎င်းသည် တီဗီအထဲက ကြောင်များဆီမှ ထိုလှည့်ကွက်ကို သင်ယူထားခြင်း ဖြစ်သည်။

ထိုလှုပ်ရှားမှုက လူသားများ၏ သတိထားမှုကို ချက်ချင်း လျော့ကျသွားစေနိုင်၏။

မူလကတော့ ပါ့ကျီ ထိုအကြံဉာဏ်ကို သရော်ခဲ့သည်။

သို့သော် လက်တွေ့ စမ်းသပ်ကြည့်ပြီးနောက် ထိုဗျူဟာက တကယ် အလုပ်ဖြစ်မှန်း သိလိုက်ရ၏။

ထိုသို့လှည့်ကွက်များကိုသာ မသင်ယူခဲ့လျှင် တာအို၏ မျက်နှာသာပေးမှုကို ခံထားရ‌သော လူသားကျင့်ကြံသူများက သူတို့ကို ဟိုးကတည်းက မျိုးတုံးအောင် သုတ်သင်လိုက်ကြမည်မှာ အမှန်ပင်။

တစ်ခါတစ်ရံ အားနည်းသလို ဟန်ဆောင်ခြင်းက အကောင်းဆုံး ရှင်သန်ခြင်း ပညာရပ် ဖြစ်သည်။

“ကြည့်ရတာ ပါ့ကျီက ငါ သူ့ခြေထောက်ကို ကုပေးတာ သိတဲ့ပုံပဲ။ ပိုပြီး လိမ္မာလာတယ်။”

ချန်ဟွိုက်အန်က ပါ့ကျီ၏ ခေါင်းကို ပွတ်သပ်ပေးရင်း အလွန် ကျေနပ်နေသည်။

ပါ့ကျီက ဒီလောက် ပူးပေါင်းနေမှတော့ သူ့ကို အပ်စိုက်ဖို့အတွက် အတင်းဖိထားစရာ မလိုတော့ဘူးပေါ့။

သူက နာရီကင်မရာကို မြှောက်လိုက်ကာ ပါ့ကျီဆီသို့ ချိန်ကာ စကန်ခလုတ်ကို နှိပ်လိုက်သည်။

အစိမ်းရောင် စကန်မျဉ်းတစ်ခု ပေါ်လာပြီး ပါ့ကျီ၏ ခန္ဓာကိုယ်အပေါ်အောက်သို့ ဝေ့ဝဲသွား၏။

ခဏအတွင်း ပါ့ကျီကို ဝန်းရံထားသော မျဉ်းများမှာ ရှော့ခ်ဖြစ်သွားသကဲ့သို့ အရောင်မျိုးစုံ တဖျတ်ဖျတ် တောက်လာတော့သည်။

ထို့နောက်...

မျက်နှာပြင်ပေါ်တွင် အရောင်စုံ ရောထွေးမှုများဖြင့် ရပ်တန့်သွားပြီး အစိမ်းရောင် စကန်မျဉ်း ပျောက်ကွယ် သွားကာ မျက်နှာပြင်တစ်ခုလုံး မှောင်သွားတော့သည်။

ဖတ်...

အက်ပ်မှာ အတင်း ပိတ်သွားခဲ့သည်။

နာရီလည်း သူ့အလိုလို ပိတ်သွားတော့သည်။

ချန်ဟွိုက်အန် - “…”

“မဖြစ်နိုင်တာ။ ဒါက မိစ္ဆာနှိမ်နင်းသူဗျူရိုရဲ့ ပစ္စည်းအရည်အသွေးလား။ ဒါမှမဟုတ် ဘက်ထရီ ကုန်သွားတာလား။”

သူက နာရီကို အားသွင်းကြိုး ထိုးလိုက်သည်။

မှန်ပေသည်။

၎င်းမှာ အား လုံးဝကုန်သွားခြင်း ဖြစ်သည်။

ပါဝါခလုတ်ကို နှိပ်ကာ ပြန်တက်လာသည်အထိ စောင့်နေရင်း၊ အားသွင်းနေတုန်းမှာပဲ ပါ့ကျီကို နောက်တစ်ကြိမ် စကန်ဖတ်ရန် ပြင်ဆင်လိုက်သည်။

ထိုအတောအတွင်း ပါ့ကျီ၏ ရွှေရောင်မျက်လုံးများမှာ တဖျတ်ဖျတ် လှုပ်ရှားနေပြီး ချန်ဟွိုက်အန် လက်ထဲက နာရီကို တိတ်တဆိတ် စောင့်ကြည့်နေသည်။

[ ခုနက အဲဒီကိရိယာ... ငါ့ကို တစ်ခုခု လိုက်စမ်းနေသလိုပဲ။ တစ်ခုခုကို စစ်ဆေးတဲ့ ကိရိယာလား ဒါပေမဲ့ ကြည့်ရတာတော့ အဲဒီလို မဟုတ်သလိုပဲ... ]

စိတ်ချရအောင် ပါ့ကျီသည် ၎င်း၏ အရှိန်အဝါကို လုံးဝ ရုပ်သိမ်းလိုက်၏။

ထို့နောက် ဘာမှမဖြစ်ခဲ့သလိုမျိုး ဆက်လက် ပက်လက်လှန်နေပြီး၊ ၎င်း၏ အမွေးပွ အမြီးလေးဖြင့် ချန်ဟွိုက်အန်၏ ဘောင်းဘီကို ဝေ့ဝဲကာ သာမန်ကြောင်ကလေးအဖြစ် အစွမ်းကုန် ဟန်ဆောင်နေတော့သည်။

ချန်ဟွိုက်အန်က နာရီကို အမြန် ပြန်ဖွင့်ကာ အက်ပ်ထဲဝင်ပြီး ပါ့ကျီကို ထပ်မံ၍ စကန်ဖတ်လိုက်သည်။

ယခုတစ်ကြိမ်တော့ အရာအားလုံး ပုံမှန်အတိုင်း ဖြစ်သွားသည်။

[စကန်ဖတ်ခြင်း အောင်မြင်ပါသည်...]

မျက်နှာပြင်ပေါ်တွင် အစိမ်းရောင် အမှန်ခြစ်ကြီးတစ်ခု ပေါ်လာ၏။

[ ရလဒ် - ၎င်းမှာ ချစ်ဖို့ကောင်းသော ကြောင်ကလေး တစ်ကောင် ဖြစ်သည်... ]

“အဟက်... ငါ သိသားပဲ။ ပါ့ကျီက မိစ္ဆာဖြစ်စရာ အကြောင်းမရှိပါဘူး။”

ချန်ဟွိုက်အန် ထိုကဲ့သို့ တွေးမိခဲ့သည့် မိမိကိုယ်ကိုယ် ရယ်မောရင်း ခေါင်းခါလိုက်သည်။

သူ အရင်က တွေ့ဖူးသမျှ မိစ္ဆာတွေက ရုပ်ဆိုးဆိုးနှင့် အရူးများလိုသာ ပြုမူတတ်ကြရုံချည်းသာ။

ပါ့ကျီလို ချောမွတ်သော အနက်ရောင် အမွေးများ၊ ရတနာလို တောက်ပသော ရွှေရောင်မျက်လုံးများ ရှိနေသည့် သတ္တဝါမျိုး မဟုတ်။

ဒီလောက် ချစ်ဖို့ကောင်းတာကြီးက မိစ္ဆာ ဖြစ်နိုင်စရာ မရှိဘူးလေ။

သို့သော်...

သူ၏ စိတ်ထဲမှာတွင်တော့ အနည်းငယ် စိတ်ပျက်သွားမိသည်။

“မပူနဲ့ ပါ့ကျီ။ အခု မင်းရဲ့ သွေးကြောတွေ အကုန်ပွင့်သွားပြီဆိုတော့၊ တစ်နေ့ကျရင် မင်းက တကယ့်ကို အစွမ်းထက်တဲ့ မိစ္ဆာကြီး ဖြစ်လာမှာပါ...”

သူက ပါ့ကျီ၏ ခေါင်းကို အားပေးသည့်အနေဖြင့် ပုတ်ပေးလိုက်သည်။

ချန်ဟွိုက်အန်၏ စကားကို ကြားရသောအခါ ပါ့ကျီမှာ စိတ်လှုပ်ရှားမှုနှင့် ဝေခွဲမရဖြစ်မှုတို့ ရောပြွမ်းသွား၏။

[ ဆရာကြီးက ငါ့အပေါ်မှာ ဒီလောက်တောင် မျှော်လင့်ချက်ကြီးလိမ့်မယ်လို့ မထင်ထားဘူး...]

ရှေးဟောင်း ရက်စက်ကြမ်းကြုတ်သော သားရဲကြီးတစ်ကောင် ဖြစ်သည့်အားလျော်စွာ၊ ၎င်း၏ တည်ရှိမှုသည် မကောင်းမှုနှင့် ကပ်ဆိုးများမှ မွေးဖွားလာခြင်း ဖြစ်သည်။

၎င်းသည် ငယ်စဉ်အခါက ဆာလောင်မှုနှင့် ဗီဇကို မထိန်းချုပ်နိုင်ခဲ့သည်ကို မှတ်မိနေသေးသည်။

၎င်းကို မွေးဖွားပေးခဲ့သည့် ချီယို၏ ခန္ဓာကိုယ်ကိုပင် ဝါးမျိုခဲ့ပြီး မိုင်၁၀၀ အတွင်းရှိ သက်ရှိမှန်သမျှကို စားသုံးခဲ့သည်။

၎င်း၏ အစာစားချင်စိတ်ကို ထိန်းချုပ်နိုင်လောက်အောင် သန်မာလာသည့် အချိန်တွင်မူ ၎င်းက အားလုံး ကြောက်ရွံ့ပြီး လိုက်လံနှိမ်နင်းခြင်း ခံရသည့် မိစ္ဆာကြီး ဖြစ်နေခဲ့လေပြီ။

ရှင်သန်ရန်အတွက် ၎င်းသည် အမြဲတမ်း တိုက်ခိုက်နေရ၊ စားသောက်နေရနှင့် ထိုသံသရာထဲတွင်ပင် နာမည်ဆိုးဖြင့် ကျော်ကြားလာခဲ့သည်။

ကြောက်မက်ဖွယ် သားရဲကြီး၊ တောက်တီး ဟူ၍ပင်။

သာမန်မိစ္ဆာတစ်ကောင်သာ ဖြစ်ခဲ့ရင် ကောင်းမှာပဲ။

ဒါပေမဲ့ ၎င်း၏ တကယ့် သရုပ်မှန်ကို ဆရာကြီးအား ပြောပြ၍ မရပေ။

ချန်ဟွိုက်အန်သာ ၎င်းမှာ တောက်တီး ဖြစ်ကြောင်း သိသွားလျှင် ပြန်လည် သန်မာမလာခင်မှာပင် သေချာပေါက် သတ်ပစ်လိမ့်မည်။

ဘယ်သူကမှ တောက်တီးလို သားရဲမျိုးကို ဘေးနားမှာ ထားမည်မဟုတ်သလို၊ ထားခဲ့လျှင်လည်း တစ်ကမ္ဘာလုံး၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံရပေလိမ့်မည်။

ပါ့ကျီက မျက်နှာကြက်ကို ကြည့်ပြီး ဝမ်းနည်းစရာ အတိတ်တွေကို ပြန်တွေးနေမှန်း မသိသော ချန်ဟွိုက်အန်မှာမူ နောက်ထပ် ပစ်မှတ်တစ်ခုကို ရှာဖွေနေသည်။

ပါ့ကျီက မိစ္ဆာမဟုတ်ဘူးဆိုတော့ နည်းနည်းတော့ စိတ်ပျက်စရာပဲ...

ဒါပေမဲ့ အိမ်ထဲမှာ စကန်ဖတ်ကြည့်ဖို့ ထိုက်တန်တဲ့ နောက်ထပ် သတ္တဝါတစ်ကောင် ကျန်သေးတယ်။

သူ သိပ်တော့ မျှော်လင့်မထားပေ။

စမ်းသပ်ကြည့်ရုံ သက်သက်သာ။

သူက ရေဇလုံထဲမျ ငါးပြာကြီးဆီသို့ နာရီကင်မရာကို ပေါ့ပေါ့ပါးပါး ချိန်လိုက်သည်။

သူ ထိုသို့ မလုပ်ခဲ့သင့်ပေ။

စကန်ဖတ်ခြင်း ပြီးဆုံးသွားပြီးနောက် ခဏမှာပင် သူ့မျက်နှာ တောင့်တင်းသွား၏။

သူ၏ မျက်လုံးများက လပြည့်ဝန်းကြီးလို ဝိုင်းစက်သွားတော့သည်။

“လခွမ်းတဲ့မှ...”

“ဥသုံးလုံ... အခုချက်ချင်း ထွက်လာခဲ့...”

အိပ်ခန်းထဲတွင် လင်းလင်လင်သည် ချန်ဟွိုက်အန်၏ ရုတ်တရက် အော်ဟစ်သံကြောင့် ထိတ်လန့်တကြား ထိုင်လိုက်မိသည်။

သွားပြီ။

အဲဒါ ဖြစ်လာပြီ။

သူ အသက်ကို ဝဝရှူလိုက်ပြီး၊ နံရံမှာ ထောင်ထားတဲ့ လှံကို ဆွဲကာ တံခါးဆီကို ပြေးထွက်ခဲ့သည်။

တကယ်၍ အတူတူ တိုက်ခိုက်လျှင် ထိုကြောင်မိစ္ဆာကို ယှဉ်နိုင်လောက်သည်။

ယနေ့ သေရမည်ဆိုလျှင်ပင် စိတ်အေးချမ်းရန်အတွက် သူ တိုက်ခိုက်သွားပေမည်...

“ချန်ဟွိုက်အန်... ကျွန်မ လာကူပြီ...”

သူ တံခါးကို ကန်ဖွင့်လိုက်ပြီး လှံကို မြှောက်ကာ ခုန်ဝင်လိုက်သော်လည်း...

သူ မြင်လိုက်ရသည်မှာ ချန်ဟွိုက်အန်က ပြတင်းပေါက်ဘောင်နားမှာ ရပ်လျက်၊ ဝမ်းသာအားရဖြင့် ဧရာမ ငါးပြာကြီးကို ပွေ့ဖက်ထားခြင်းပင်။

... သူက ဘာလို့ ငါးကို ပွေ့ဖက်ထားတာလဲ။

ခဏတာမျှ လင်းလင်လင်၏ ဦးနှောက်မှာ ရှော့ခ်ဖြစ်သွား၏။

ချန်ဟွိုက်အန်က ငါးကြီးကို မြှောက်ပြရင်း၊ ကလေးတစ်ယောက်လို ပျော်ရွှင်စွာ ပြုံးကာ ပြောလိုက်သည်။

“ဟေး၊ ဥသုံးလုံး... ဘာလဲ သိလား...”

“မင်း ပြောတာ တကယ် မှန်တယ်... ငါ ဈေးကနေ ဝယ်လာတဲ့ ဒီငါးက...”

“ဒါက တကယ်ပဲ မိစ္ဆာကြီး ဖြစ်နေတယ်... ဟားဟားဟား...”

ငါးပြာကြီး - “…”

(သူ ဘာတွေ ပြောနေတာလဲ)

လင်းလင်လင်က ကန့်ကွက်သည့်အနေဖြင့် ရေတွေ မှုတ်ထုတ်နေသည့် ငါးကြီးကို ကြောင်စီစီဖြင့် ကြည့်လိုက်ပြီးနောက်၊ ထောင့်တစ်နေရာတွင် ပွဲကြည့်ကောင်းနေသည့် ပါ့ကျီကို လှမ်းကြည့်လိုက်၏။

သူ၏ အကြည့်မှာ ချန်ဟွိုက်အန်ဆီသို့ ပြန်ရောက်လာသည်။

သူ၏ ဦးနှောက်မှာ လုံးဝ ရပ်တန့်သွားလေပြီ။

ငါးက မိစ္ဆာ...

ဒါဆိုရင် ပါ့ကျီကကော...

[ ဟေး ကလေးမ... နင် ဆရာကြီးကို ပေးလိုက်တဲ့ အဲဒီကိရိယာက မိစ္ဆာအငွေ့အသက်ကို စစ်ဆေးနိုင်တာလား ]

[ဟဲဟဲဟဲ... စိတ်မကောင်းစရာပဲ။ ငါက ငါ့ရဲ့ အငွေ့အသက်ကို စိတ်ကြိုက် ဖုံးကွယ်ထားနိုင်တာ ကြာလှပြီ...]

သူ၏ စိတ်ထဲတွင် အေးစက်စက် အသံတစ်ခု ပဲ့တင်ထပ်သွား၏။

လင်းလင်လင် တစ်ကိုယ်လုံး တောင့်တင်းသွားခဲ့သည်။

သူ၏ ခေါင်းမှာ ထောင့်တစ်နေရာဆီသို့ ဖြည်းဖြည်းချင်း လှည့်သွားသည်။

ထိုနေရာတွင် ပါ့ကျီသည် အေးအေးဆေးဆေး လက်ဖဝါးကို လျက်နေရင်း သူ့ကို နားမလည်နိုင်သော အကြည့်တစ်ခုဖြင့် ကြည့်နေသည်။

သွားပြီ။

ကြောင်မိစ္ဆာက စကားပြောတတ်တယ်။

ကြောင်မိစ္ဆာက အသိဉာဏ် ရှိတယ်။

ဓားပျံနဲ့ အင်မော်တယ် ကျင့်ကြံသူ ဖြစ်လာမယ့် သူရဲ့ အိပ်မက်တွေ...

တက်လှမ်းမယ့် လမ်းစဉ်တွေ...

အရာအားလုံး...

သူ၏ မျက်နှာက သွေးမရှိသလို ဖြူလျော့သွားပြီး၊ ကျောရိုးတစ်လျှောက် အေးစိမ့်သွားတော့သည်။

သူ၏ ခြေထောက်များမှာ အားမရှိတော့။

“ဗုန်း” ဆိုသော အသံနှင့်အတူ...

သူ ဒူးထောက် လဲကျသွားတော့သည်။

အားလုံး ပြီးသွားပြီ။

သူ လုံးဝကို အကင်ခံလိုက်ရပြီ။

All Chapters