← Chapters

ဒါဆို ဘာကို စောင့်နေတာလဲ

Vol. 12 Ch. 117

ဒါဆို ဘာကို စောင့်နေတာလဲ

Vol. 12 Ch. 117

လီချင်းရန်၏ ရင်ခုန်သံများ မြန်ဆန်နေသည်။

သူ၏ ဆရာက နောက်ဆုံးတော့ သူ့ကို ကိုယ်တိုင် သင်ပေးတော့မှာလား...

သူ စိတ်လှုပ်ရှားနေသလား၊ မျှော်လင့်နေသလား သို့မဟုတ် စိုးရိမ်နေသလားဆိုတာကို သူကိုယ်တိုင်ပင် ဝေခွဲမရတော့ပေ။

ဆရာနောက်လိုက်ပြီး ကျင့်ကြံကတည်းက သူ၏ တိုးတက်မှုအတွက် တစ်ခါမျှ စိုးရိမ်ခဲ့ရခြင်း မရှိပေ။

သာမန်ကျင့်ကြံသူများသည် ဝိညာဉ်ကျောက်တုံး မရှိ၍ ဒုက္ခရောက်ကြသော်လည်း သူကမူ ထိုကိစ္စအတွက် စိတ်ပူစရာမလိုခဲ့။

သာမန်ကျင့်ကြံသူများသည် စိတ်စိတ်ဝိညာဉ်ချီစွမ်းအင်စွမ်းအင် ရရှိရန် ရုန်းကန်ကြရသော်လည်း သူကမူ အဆင့်မြင့် ဝိညာဉ်စုဆောင်းခြင်း အခင်းအကျင်းများကြောင့် ညတိုင်း အနှောင့်အယှက်မရှိ ရရှိခဲ့သည်။

သာမန်ကျင့်ကြံသူများတွင် အရင်းအမြစ်များ မရှိသော်လည်း သူ၏ ဆရာက သူ၏ ရေဓာတ် စိတ်ဝိညာဉ်အမြစ်နှင့် အကိုက်ညီဆုံးဖြစ်သည့် ဒီရေလှိုင်းကျင့်စဉ်ကို ပေးသနားခဲ့သည်။

ထို့အပြင် ကျင့်ကြံမှု ချောမွေ့စေရန် ကမ္ဘာဦး ကောင်းကင်ဖာထေး ဆေးလုံးနှင့် အခြားသော ဆေးစွမ်းကောင်း များစွာကိုလည်း ပေးခဲ့သေးသည်။

ကာကွယ်ရေးအတွက်ဆိုလျှင်လည်း ထိပ်တန်းမှော်လက်နက်ဖြစ်သည့် စုရွှမ်ဓားကို ပိုင်ဆိုင်ထားသည်။

သူ၏ စီနီယာအစ်မဖြစ်သူ တကယ့် တိုက်ရိုက်တပည့်ရင်းကြီးပင် ထိုဓားကိုကြည့်ပြီး သွားရည်ကျရသည်။

ဒီရေလှိုင်းကျင့်စဉ်၏ အတွဲတိုင်းက အလွန်အသေးစိတ်ပြီး နားလည်ရလွယ်ကူကာ ဆရာကိုယ်တိုင်၏ နားလည် သဘောပေါက်မှု မှတ်စုများဖြင့် ပြည့်နှက်နေသည်။

တပည့်များကို စာသားအကြမ်းများသာ ပေးအပ်ပြီး ကိုယ့်ဘာသာ နားလည်အောင် ကြိုးစားခိုင်းကာ အချိန်ဖြုန်း စေတတ်သည့် ချင်းရွှမ်းလို ကျင့်ကြံသူမျိုးနှင့် လုံးဝ ကွာခြားလှ၏။

သို့သော် အရာအားလုံးက ချောမွေ့လွန်းနေခဲ့ရာ သူနှင့် ဆရာကြားတွင် ပုံမှန် ဆရာတပည့် သင်ကြားပြသမှု အတွေ့အကြုံများစွာ လိုအပ်နေခဲ့သည်။

ကိုယ်တိုင်ကိုယ်ကျ လမ်းညွှန်မှုမရှိသော တပည့်တစ်ဦး၏ လမ်းစဉ်က မပြည့်စုံဘဲ ပုံပျက်နေတတ်သည်။

နေရောင်ခြည် မည်မျှရရ လမ်းညွှန်မှုမရှိလျှင် ပျိုးပင်လေးတစ်ပင်က သစ်ပင်ကြီးတစ်ပင် ဖြစ်မလာနိုင်ပေ။

ယခုမူ အခွင့်အရေး ရောက်လာပြီ ဖြစ်သည်။

ဆရာ၏ တိုက်ရိုက်သင်ကြားမှုကို သူ နောက်ဆုံးတော့ ခံယူခွင့်ရတော့မည်...

စခရင်အပြင်တွင်...

ချန်ဟွိုက်အန်က ကုတင်ပေါ်တွင် မျက်နှာလေး နီမြန်းကာ ဟိုဘက်ဒီဘက် လူးလှိမ့်နေသည့် လီချင်းရန်ကို ကြောင်စီစီဖြင့် ကြည့်နေမိသည်။

ငါ ဘာမှလည်း မလုပ်ရသေးပါဘူး...

ဘာဖြစ်နေတာလဲ...

သူ့ဖင်ကို တစ်ခုခု ကိုက်နေတာလား..

သူ ဘာမှ နားမလည်သော်လည်း ဂုဏ်သိက္ခာကို ထိန်းသိမ်းသောအားဖြင့် အသံလွှင့်ကာ မေးလိုက်သည်။

[ ဒီရေလှိုင်း ကျင့်စဉ်နဲ့ ပတ်သက်ပြီး မင်းမှာ မေးစရာရှိလား ]

တည့်တည့်မေးလိုက်လျှင် သိက္ခာကျမည်စိုး၍ သူက အထာဖြင့် မေးလိုက်ခြင်းဖြစ်သည်။

လီချင်းရန်က နှုတ်ခမ်းလေးကို ကိုက်ကာ မျက်လွှာချလိုက်သည်။

“ဆ…ဆရာ... ကျွန်မ ဘာကိုမှ နားမလည်တော့သလို ခံစားနေရလို့ပါ...”

သူက လိမ်ရာတွင် မတော်ပေ။

လိမ်လိုက်တိုင်း လန့်သွားတတ်သည်။

သူ၏ လက်ချောင်းလေးများက ဝတ်ရုံစကို လိမ်ကျစ်နေရင်း ထစ်ထစ်ငေါ့ငေါ့ဖြင့် ဆက်ပြောသည်။

“တပည့်က ဉာဏ်နည်းပါတယ်... ဆရာ့ရဲ့ လမ်းညွှန်မှု လိုအပ်နေပါတယ်... ကျေးဇူးပြုပြီး ဆရာ အချိန် နည်းနည်းပေးပြီး သင်ကြားပေးပါဦး...”

ချန်ဟွိုက်အန်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။

အခွင့်အရေး ရောက်လာပြီ။

သူက စဉ်းစားဟန်ပြုပြီး ပြန်ပြောလိုက်သည်။

[ ကောင်းပြီလေ။ ပထမတွဲကနေ စရအောင်။ မင်းရဲ့ ကျင့်ကြံမှု အတွေ့အကြုံတွေကို ပြောပြ။ ဘယ်နေရာမှာ ပြဿနာရှိလဲဆိုတာ ငါ ကြည့်ပေးမယ် ]

လီချင်းရန် အသက်ပြင်းပြင်းရှူလိုက်သည်။

သူ ထိုအခွင့်အရေးကို အရယူရမည် ဖြစ်သည်။

အမှန်တကယ်တော့ သူက ပထမတွဲကို အပြည့်အဝ နားလည်ပြီးသားဖြစ်သည်။

အကယ်၍ သူက အားလုံးကို အမှန်အတိုင်း ရှင်းပြလိုက်လျှင် ဆရာက ပြင်ပေးစရာ ရှိတော့မည် မဟုတ်။

ထို့ကြောင့် သူက အနည်းငယ် လိုအပ်ချက်ရှိနေသယောင် ဟန်ဆောင်ရမည်။

သို့သော် အရမ်းရိုးရှင်းလွန်းလျှင်လည်း တုံးအသလို ဖြစ်နေပေလိမ့်မည်။

“တပည့်... တပည့် အခုပဲ ဆရာ့ကို သရုပ်ပြပါ့မယ်။”

သူက ကုတင်ပေါ်တွင် တင်ပလ္လင်ခွေထိုင်ကာ ကျင့်စဉ်၏ တရားထိုင်ပုံစံကို ယူလိုက်သည်။

သူက တမင်တကာ နှေးနှေးကွေးကွေးနှင့် ဝေခွဲမရဖြစ်နေသည့် ဟန်ပန်ဖြင့် လုပ်ဆောင်ပြနေသည်။

စခရင်အပြင်တွင်မူ ချန်ဟွိုက်အန်က သူ၏ ပုံစံများကို ဗီဒီယိုမှတ်တမ်း တင်နေကြောင်း လုံးဝ မသိရှာပေ။

“ဪ... ဒီလို ထိုင်ရတာကိုး... ငါ ထိုင်နေတဲ့ပုံစံနဲ့ တခြားစီပဲ...”

“ငါ့ရဲ့ လက်ပုံစံက လုံးဝ မှားနေတာပဲ... အဲဒါကြောင့် ငါ့ဆီမှာ ဘာမှ မဖြစ်လာတာပေါ့... လခွီး...”

“ငါက ပင်လယ်လှိုင်းတွေ၊ မြစ်တွေနဲ့ ရေသန့်ဘူးတွေကိုပဲ စိတ်ကူးယဉ်နေတာ၊ တကယ်က နေနဲ့လကို စိတ်ကူးယဉ်ရမှာပါလား... သောက်ကျိုးနည်း...”

အခြေခံအဆင့်တွေကို နားလည်သွားပြီးနောက် ချန်ဟွိုက်အန်က ဆက်မေးသည်။

[ မင်းရဲ့ အခြေခံက မခိုင်မာသေးဘူး။ အဲဒါကို ပြန်ဖြည့်ရမယ်။ ကဲ...အခု စိတ်စိတ်ဝိညာဉ်ချီစွမ်းအင်စွမ်းအင်ကို ခန္ဓာကိုယ်ထဲ ဘယ်လိုသွင်းလဲဆိုတာပြ ]

လီချင်းရန် စိတ်ထဲမှ အံ့သြသွားသည်။

သူ၏ ဆရာက သူ ဟန်ဆောင်နေသည်ကို ချက်ချင်း သိမြင်သွားသည်လား...

“စိတ်ကို ကြည်လင်တဲ့ အခြေအနေမှာ ထားတဲ့အခါ ကောင်းကင်နဲ့ မြေကြီးကြားက စွမ်းအင်တွေကို ခံစားရပါတယ်... တစ်ခါတလေ အဖြူရောင်၊ တစ်ခါတလေ အပြာရောင်တွေပေါ့... အဲဒီအချိန်မှာ ကျွန်မရဲ့ စိတ်အာရုံကို သုံးပြီး စိတ်ဝိညာဉ်ချီစွမ်းအင်ကို ဆွဲယူလိုက်ပါတယ်... ပြီးတော့ ပိုင်ဟွေ့သွေးကြောကနေတစ်ဆင့် အေးမြတဲ့ စွမ်းအင်တွေ စိမ့်ဝင်လာတာကို ခံစားရပါတယ်...”

“စိတ်ဝိညာဉ်ချီစွမ်းအင်တွေက ရင်းနဲ့ တုသွေးကြောတွေတစ်လျှောက် လည်ပတ်ပြီး ဒန်တျန်ထဲမှာ နွေးထွေးတဲ့ ခံစားချက် ဖြစ်ပေါ်လာတဲ့အခါ စိတ်ဝိညာဉ်ချီစွမ်းအင် စုပ်ယူမှု ပထမစက်ဝန်း ပြီးဆုံးပါတယ်...”

လီချင်းရန် ရှင်းပြပြီးနောက် မျက်နှာလေး နီမြန်းလျက် လေဟာနယ်ထဲသို့ ဦးညွှတ်လိုက်သည်။

“တပည့် ဉာဏ်နည်းလို့ ဆရာ့ရဲ့ နားလည်မှု တစ်သောင်းပုံ တစ်ပုံကိုတောင် မမီပါဘူး... ဆရာ လမ်းညွှန်ပေးပါဦး။”

ချန်ဟွိုက်အန် - “……”

ခုနက လီချင်းရန် ရှင်းပြသွားခဲ့သည်က ကျင့်စဉ် ပထမတွဲတစ်ခုလုံးကို ဝါးစားပြီး သူ့ပါးစပ်ထဲ ထည့်ပေး လိုက်သလိုပင်။

အဲဒါကိုတောင် သူက ဉာဏ်နည်းတယ်လို့ ပြောနေသေးတယ်။

ဒါဆို ငါ့ရဲ့ နားလည်မှုက အမှိုက်ပုံးထဲ ထည့်ရမှာလား...

အခု လီချင်းရန်က လမ်းညွှန်မှု တောင်းနေလေပြီ။

ဘာပြန်ပြောရမလဲ။

ချန်ဟွိုက်အန် အခက်တွေ့နေလေပြီ။

သူက သိပ္ပံကျောင်းသားဖြစ်ရာ စာပေပိုင်းမှာ အလွန် အားနည်းသည်။

တစ်စုံတစ်ယောက်က သူ့ကို ငှက်ပျောသီးက မည်ကဲ့သို့ အရသာရှိကြောင်း မေးခဲ့လျှင် သူက “ငှက်ပျောသီးအရသာ” ဟူ၍သာ ဖြေနိုင်ပေလိမ့်မည်။

သို့သော် ယခုတွင် လီချင်းရန်က သူ့ကို မျှော်လင့်တကြီး ကြည့်နေ၏။

သူ လျှောက်ပြော၍ မရနိုင်ဘူး မဟုတ်ပေလား။

သို့သော် သူက ကျောင်းသားဘဝက ဖတ်ခဲ့ဖူးသည့် ဝတ္ထုများထဲက စကားလုံးများကို ပြန်တွေးလိုက်သည်။

ထို့ကြောင့် သူက စိတ်ထဲရှိသမျှ စတင်ပြောလိုက်တော့သည်။

“မြစ်ရဲ့အရှေ့ အနှစ်၃၀၊ မြစ်ရဲ့အနောက် အနှစ်၃၀၊ ငယ်ရွယ်မှုကို လုံးဝ လျှော့မတွက်နဲ့...”

“ယင်နဲ့ယန် ပြောင်းပြန်ဖြစ်ရင် ကောင်းကင်ကို ငါရဲ့သွေး စွန်းထင်စေရမယ်...”

“ဘာလာ...ဘလာ..ဘလာ....”

တိတ်ဆိတ်သွား၏။

လီချင်းရန်က အချိန်အတော်ကြာ အားတက်သရော စောင့်နေခဲ့သည်။

ရုတ်တရက် ဟိန်းထွက်နေသော အသံကြီးတစ်ခု လေထုထဲတွင် ပဲ့တင်ထပ်သွား၏။

“အရာခပ်သိမ်းမှာ ယင်နဲ့ယန် ရှိတယ်။ အင်အားစုတွေရဲ့ တိုက်ခိုက်မှုက ဟန်ချက်ညီမှုကို ဆောင်ကြဉ်းပေးတယ်။ ယင်က အတွင်းမှာ ရှိပြီးတော့ ယန်က အပြင်မှာ ထင်ရှားတယ်။ သူတို့ကို ခွဲခြားလို့ မရဘူး။ ဒီရေလှိုင်းတက်တာက ယန်၊ ဒီရေလှိုင်းကျတာက ယင်၊ နေက ယန်၊ လက ယင်။ ဒါက ကောင်းကင်နဲ့ မြေကြီးရဲ့ အခြေခံ အစီအစဉ်ပဲ။ ဒီရေလှိုင်း ကျင့်စဉ်ကို ကျင့်ကြံဖို့ဆိုရင် ဒီသဘောတရားကို နားလည်ရမယ်။ စိတ်ဝိညာဉ်ချီစွမ်းအင်ကို ဒီအတိုင်း စုပ်ယူရုံတင် မဟုတ်ဘဲနဲ့ ကောင်းကင်နဲ့ မြေကြီးရဲ့ ဟန်ချက်ညီမှုကို ခန္ဓာကိုယ်ထဲ သွင်းပြီး ပုံဖော်ရမယ်။ အဲဒါမှ တာအိုနဲ့ တစ်သားတည်း ဖြစ်ပြီး တကယ့်အထွတ်အထိပ်ကို ရောက်နိုင်မှာ...”

လီချင်းရန်က နားထောင်နေရင်း မျက်လုံးများ ပိုမိုတောက်ပလာသည်။

ရုတ်တရက် သူ၏ ခန္ဓာကိုယ်မှ ဝိညာဉ်အလင်းတရားများ ပေါက်ကွဲထွက်လာသည်။

စိတ်ဝိညာဉ်ချီစွမ်းအင်များ အရပ်မျက်နှာအသီးသီးမှ သူ့ထံသို့ ဒီရေလှိုင်းလုံးကြီးများကဲ့သို့ စုပြုံတိုးဝင်လာ၏။

သူ ချက်ချင်းပင် နက်ရှိုင်းသော တရားထိုင်ခြင်းထဲသို့ ဝင်ရောက်သွားသည်။

မနေ့ကမှ သူသည် အခြေခံအုတ်မြစ် အဆင့်ကို ရောက်ရှိခဲ့သဖြင့် အခြေခံ မခိုင်မာသေးပေ။

သို့သော် ဆရာ၏ သင်ပြမှုကို နားထောင်အပြီးတွင် သူ၏ အခြေခံ ချက်ချင်း ခိုင်မာသွားရုံသာမက...

သူသည် အခြေခံတည်ဆောက်ခြင်းအဆင့် အလယ်အလတ်ပိုင်းသို့ တစ်ဟုန်ထိုး တက်လှမ်းသွားတော့သည်...

သူ မျက်လုံးဖွင့်လိုက်ပြီး တုန်ရင်နေသော အသံဖြင့် ပြောလိုက်သည်။

“ဆရာ့ရဲ့ သင်ကြားမှုတွေက ကောင်းကင်နဲ့ မြေကြီးလို ကျယ်ပြောလှပါတယ်။ တပည့် အစွမ်းကုန် ကြိုးစားပြီး ဆရာ့ရဲ့ မျှော်လင့်ချက်တွေကို မပျက်စီးစေရပါဘူး...”

သူက ဆရာကို သုံးကြိမ်တိုင်တိုင် အရိုအသေပြု ဦးညွှတ်လိုက်သည်။

သူ၏ ဆရာသည် သာမန် လမ်းညွှန်ချက်တွေကို ပေးနေခြင်း မဟုတ်ဘဲ ဟင်းလင်းပြင်ထွင်းဖောက်အဆင့်မှ နားလည်မှုကို ဒီရေလှိုင်းကျင့်စဉ်နှင့် ပေါင်းစပ်ပြီး ခွံ့ကျွေးနေခြင်းပင်။

လီချင်းရန်၏ နှလုံးသားထဲတွင် လေးစားစိတ်နှင့် ကျေးဇူးတင်စိတ်တို့ဖြင့် လောက်ကျွမ်းသွား၏။

ဒီလိုခေတ်မှာ တပည့်ကို ဒီလောက် ဂရုစိုက်တဲ့ ဆရာကို နောက်ထပ် ဘယ်လို ရှာတွေ့နိုင်မှာလဲ။

သူက ဆရာဆီမှာ စွဲကပ်နေတဲ့ အဆိပ်ကို ဖယ်ရှားပေးရမယ်။

အသက်သေရင် သေပါစေ...

ဘေးနားတွင်ရှိသော ယွဲ့ချန်ချီမှာ လီချင်းရန်၏ အရှိန်အဝါကြောင့် နိုးလာပြီး ပါးစပ်အဟောင်းသား ဖြစ်နေ၏။

“ဘုရားသိကြား ကယ်ပါဦး...”

“ချင်းရန်က မနေ့ကမှ အဆင့်တက်တာကို ဒီနေ့ အလယ်အလတ်အဆင့်ကို ထပ်ရောက်သွားပြန်ပြီလား...”

ဒီလိုမျိုး ကျင့်ကြံခြင်း အမြန်နှုန်းက ကြောက်စရာထက် ကျော်လွန်နေတယ်။

သို့သော် မနာလို ဖြစ်ရမည့်အစား ယွဲ့ချန်ချီက ပျော်ရွှင်နေခဲ့သည်။

သူက ချက်ချင်းပင် အစောင့်အရှောက် နေရာကို ယူလိုက်ပြီး လီချင်းရန်ကို ကာကွယ်ပေးကာ ဆက်လက်၍ တရားထိုင်နေ‌တော့သည်။

ထိုသူမှာ ဓားကျောင်းတော်က သူ၏ ဂျူနီယာညီမပင်...

ဒါပဲလေ...

မိုးပျံလှေနှင့် ဆက်လက် ခရီးနှင်လာရင်း...

ဓားကျောင်းတော်ကို လှမ်းမြင်လိုက်ရပြီ ဖြစ်သည်။

ဂိုဏ်းချုပ်၏ ခန်းမဆောင်...

“သတင်းပို့ပါတယ်... ဂိုဏ်းချုပ်၊ ကျွန်တော်တို့ ဂိုဏ်းဆီကို မိုးပျံလှေတစ်စင်း ချဉ်းကပ်လာနေပါတယ်...”

“မိုးပျံလှေ ဟုတ်လား...”

ဓားပျံကို တိုက်ချွတ်နေသော ဂိုဏ်းချုပ် စုချီနျန် ရုတ်တရက် ရပ်တန့်လိုက်ပြီး အေးစက်စွာ အမိန့်ပေးလိုက်သည်။

“ဒါဆို ဘာကို စောင့်နေကြတာလဲ။ ပစ်ချလိုက်လေ...”

All Chapters