← Chapters

ဆန္ဒရှိလို့မဟုတ်ဘဲ ရတနာတွေ ဖုန်တက်မှာစိုးလို့ပါ

Vol. 20 Ch. 290

ဆန္ဒရှိလို့မဟုတ်ဘဲ ရတနာတွေ ဖုန်တက်မှာစိုးလို့ပါ

Vol. 20 Ch. 290

ရှန်မို အရှေ့ဘက်ကိုလှမ်းကြည့်ရင်း တွေးမိ၏။

“ငါ မှတ်မိသလောက်တော့ ယဲ့ယန် ယုဒေသမှာ အခွင့်အရေးတွေ အများကြီး မသုံးလိုက်ရတာ ရှိတယ်”

အစက ယဲ့ယန် နတ်ဘုရားပြောင်းလဲအဆင့် မရောက်မီ ကျောက်စိမ်းဂိုဏ်းတွင် ရှိစဉ်က ခေါင်းဆောင်ငယ် နေရာအတွက် ရှန်မိုနှင့် လုခဲ့ရသည်။

ရှုံးနိမ့်သွားပြီးနောက် နတ်ဆိုးတစ်သောင်းနယ်မြေ၏ အင်အားကို သိကာ ကျောက်စိမ်းဂိုဏ်းကို သစ္စာဖောက်၍ ထွက်သွား၏။

ထိုအချိန်အတွင်း ယဲ့ယန်မှာ ယုဒေသရှိ သူ့အခွင့်အရေးများသူ လိုက်ရှာရင်း နေခဲ့သည်။

သို့သော် ယခုတော့ သူ့ကံကောင်းခြင်းများကို ရှန်မိုမှ ယူသွားလေပြီ။

သူထွက်သွားချိန်တွင် ရှန်မိုတစ်ယောက် ရတနာများကို အလဟဿ အဖြစ်မခံပါ။ ကြာလျှင် ဖုန်တက်၍ ပျောက်ကွယ်သွားလိမ့်မည်။

သူ အရမ်းလိုချင်လွန်း၍တော့ မဟုတ်ပေ။

“ဒါပေမဲ့ ဒီအခွင့်အရေးတွေက အချိန်ကျမှ ပေါ်လာတာ… အချိန်တစ်ခုတော့ စောင့်ရမယ်”

ရှန်မို တွေးရင်း သူ့အဆောင်သို့ပြန်လာပြီး သန့်စင်ခြင်း ခြေတည်ဝိညာဉ်ဆေးကို မွမ်းမံလေ၏။

တစ်နှစ်အကြာတွင်။

ရှန်မို ကျောက်စိမ်းဂိုဏ်းမှထွက်၍ ထိုက်ရှန်ဒေသ အရှေ့ဘက်ရှိ ချီရွန်ဒေသသို့ သွားလေ၏။

ချီရွန်ဒေသမှာ လှပသည့် ချီရွန်ရေကန်ကြီး ရှိသောကြောင့် နာမည်ကြီးသည်။

ရှန်မို မရောက်မီရက်ပိုင်းက ရေကန်၏ ရေနက်ပိုင်းတွင် အလင်းရောင်များ တောက်ပ၍ လှိုင်းထလာသောကြောင့် ရတနာရှာရန် ကျင့်ကြံသူများ ရောက်လာကြ၏။

ထိုထဲတွင် ဂိုဏ်းကြီး (၃) ခုမှ တပည့်များလည်း ပါဝင်သည်။

ရှန်မိုမှာ မျက်နှာဖုံးတပ်၍ လူအုပ်ကြားထဲ ဝင်ရောလိုက်သည်။

သူ့ကံကြမ္မာအရ ချီရွန်ရေကန် ရေနက်ပိုင်းသို့ အခြားသူများထက် စောလျင်စွာ သွားနိုင်ပြီး သန့်စင်သော ယန်သစ်သီးကို ရှာတွေ့မည်။

သာမာန်သစ်သီးဟု ထင်ရသော်လည်း စွမ်းအင် မြင့်လွန်း၍ နတ်ဘုရားပြောင်းလဲအဆင့် ကျင့်ကြံသူများပင် မွမ်းမံရန် ခက်ခဲ၏။

ရှန်မို ထိုအသီးကို ကိုယ်တိုင်သုံးရန် မတွေးထားပါ။

နေစွမ်းအင်မီးတောက် မွမ်းမံရာတွင် အကူအညီ ဖြစ်မည်ဟု ထင်၏။

လတ်တလောတွင် နေစွမ်းအင်မီးတောက်မှ နှစ်တစ်ထောင် မီးအမြုတေနှင့် နေစွမ်းအင်ကျောက်တုံးတို့ကို သုံးပြီးလေပြီ။

သူ့အရွယ်အစားလည်း အလွန်ကြီးလာပြီး အင်အား ပြည့်လာ၏။

ထိုကဲ့သို့ ရှားပါးရတနာများကိုသာ မသုံးလျှင် မီးတောက် တစ်ပွင့်ဖြစ်လာရန် အနည်းဆုံး နှစ် (၁၀၀) စောင့်ရနိုင်၏။

ယခုတော့ ရှန်မို့ပုံရိပ်ငယ်ထဲတွင် ငြိမ်သက်စွာ ရှိနေသည်။

သန့်စင်သော ယန်သစ်သီးမှာ လုပ်ငန်းစဉ်မြန်ဆန်စေသော ရတနာများထဲ ပါသော်လည်း အဆင့်နိမ့်၏။ သို့သော် ရှန်မို ဂရုမစိုက်ပေ။

ခြေလှမ်းငယ်များဖြင့်လည်း အဆင်ပြေနိုင်၏။

ထိုကဲ့သို့ အခွင့်အရေးများစွာရပြီး အောင်မြင်သွားနိုင်ပါသည်။

ရှန်မို ချီရွန်ရေကန်မှ တိတ်တဆိတ် ထွက်သွားပြီးနောက် လူတစ်ယောက် ရေအောက်ထဲ ရောက်လာသည်။

သို့သော် ယန်သစ်သီးမှာ ရှန်မို ယူသွားပြီး၍ မရှိတော့ပေ။

ထိုအခါမှာ အခြားကျင့်ကြံသူများလည်း စိတ်ပျက်လက်ပျက် ပြန်သွားကြတော့၏။

နောက်တစ်နှစ် ကုန်ဆုံးပြီးနောက်။

ရှန်မိုတစ်ယောက် ထိုက်ရှန်ဒေသ မြောက်ပိုင်းမှ တိမ်ပျံဒေသသို့ ထွက်လာသည်။

ထိုနေရာမှာ အရင်းအမြစ် အားနည်း၍ နတ်ဆိုးသားကောင်များလည်း အုပ်စိုးပြီး ဂိုဏ်းကြီး (၃) ခုလုံး ပစ်ထားသည့် ဥပဒေမရှိသည့်နယ်မြေ ဖြစ်၏။

အချိန်ကြာလာသည်နှင့်အမျှ အလွတ်တန်းကျင့််ကြံသူများအတွက် စုဝေးရာ ဖြစ်လာတော့သည်။

လွန်ခဲ့သောနှစ်က အင်အားကြီး ဝံပုလွေဘုရင်တစ်ကောင် ပေါ်လာကာ နယ်မြေတွင် အားပြိုင်သူများအားလုံး သတ်ပစ်ခဲ့သည်။

တိမ်ပျံဒေသထဲမှ အင်အားရှိသော ဂိုဏ်းတစ်ခုပင် ဝံပုလွေဘုရင်နှင့် အဖွဲ့ကြောင့် ပျက်စီးသွား၏။

ထို့ကြောင့် အနီးအနားပြည်သူများမှ ဂိုဏ်းကြီး (၃) ခုနှင့် ရုံးတော်ကို အကူအညီ တောင်းလေသည်။

သန့်စင်ခြင်းဂိုဏ်းနှင့် တန်ဟီဂိုဏ်းတို့မှ ဝင်ဖြေရှင်းရန် ကြိုးစားဖူးသော်လည်း ဝံပုလွေဘုရင်၏ ထက်မြက်မှုကြောင့် ကံကောင်းသူအချို့သာ အသက်ရှင်လျက် ပြန်နိုင်၏။

ထိုအချိန်မှစ၍ ဂိုဏ်းတပည့်များမှာ ထိုတာဝန်ကို လက်မခံရဲကြတော့ပေ။

ဆုလာဘ်နှင့် အန္တရာယ်မှာ မတန်ပေ။

ရှန်မိုသည် အရင်လိုပင် မျက်နှာဖုံးတပ်ကာ ကံကြမ္မာစနစ် အကူအညီဖြင့် ဝံပုလွေအဖွဲ့ရှိရာကို လွယ်လွယ်ကူကူ ရှာတွေ့သွားသည်။

ဝံပုလွေဘုရင်မှာ အင်အားကြီးသော်လည်း ရှန်မို အရှိန်နှင့် လှုပ်ရှားမှုကို မယှဉ်နိုင်ချေ။

တစ်ညတည်းဖြင့် ဝံပုလွေအဖွဲ့ကို ရှင်းပစ်လိုက်နိုင်သည်။

ထို့နောက် သူ့ခန္ဓာကိုယ်ထဲမှ အဆင့် (၅) နတ်ဆိုးကျောက်မျက် ရရှိ၏။

ထို့အပြင် အဖွဲ့သားများထဲမှ အဆင့် (၆) နတ်ဆိုးကျောက်မျက်နှင့် သိုလှောင်လက်စွပ်များပါ ထပ်ရလိုက်သည်။

သိုလှောင်လက်စွပ်များမှာ ကံမကောင်း၍ အစားခံလိုက်ရသော ကျင့်ကြံသူများ၏ ပိုင်ဆိုင်မှု ဖြစ်သည်။

ရှန်မို ရသမျှ ရတနာများအားလုံး သိမ်းလိုက်၏။

သူ မီးတောက်ဆေးတိုက်ထဲ ဝင်စဉ်က အဂ္ဂိရက် (၉) သွယ် ကျင့်စဉ်စာအုပ် ရထားပြီး ထိုထဲတွင် လက်နက်ပြုလုပ်နည်း၊ ကျောက်မျက် မွမ်းမံနည်းများလည်း ပါဝင်၏။

အဆင့် (၆) နတ်ဆိုးကျောက်မျက်မှာ သူ့ ရီစွမ်းအင်ဓားကို ပြုလုပ်ရန် အသင့်တော်ဆုံး ဖြစ်သည်။

ထိုအခါ လုံးဝဓားအသစ်အဖြစ် တိုးတက်သွားလိမ့်မည်။

ရှန်မို ပြန်သွားပြီး ရက်အနည်းငယ်အကြာတွင် အလွတ်တန်း ကျင့်ကြံသူအချို့ ရောက်လာကြသည်။

သို့သော် ထိုအချိန်တွင် ဝံပုလွေအဖွဲ့၏ အရိုးအကြွင်းအကျန်များသာ တွေ့ရ၏။ အခြားသားကောင်များ စားသောက်ထားပုံ ပေါ်ပါသည်။

ရတနာရှာမတွေ့၍ ကျင့်ကြံသူများ စိတ်ပျက်လက်ပျက် ပြန်သွားရပြန်သည်။

မြွေနဂါးတောင်။

ရှန်မိုတစ်ယောက် သူ့အဆောင်ထဲတွင် ကျင့်ကြံရင်း ပုံရိပ်ငယ်အား စစ်ဆေးကြည့်၏။

ထင်ထားသည့်အတိုင်း ယန်သစ်သီးကို အပြည့်အဝ မွမ်းမံပြီး၍ နေစွမ်းအင် မီးတောက်လည်း ပိုကြီးထွားကာ နေရာပိုယူလာသည်။

ကြာစိမ်းအမြုတေမီးတောက်ပင် မယှဉ်နိုင်ချေ။

ရှန်မို ပျော်နေသော်လည်း ခက်ခဲသည့်အပိုင်းလည်း ရှိ၏။

မီးတောက် (၂) ခုကို ညီမျှစေရန် ထိန်းညှိရသည်မှာ ပိုဂရုစိုက်ရပါသည်။

ကံကောင်းစွာဖြင့် အရင်အတွေ့အကြုံအရ စွမ်းအင် ညီမျှစေရန် ထိန်းချုပ်မှု ပိုမြန်လာ၏။

(၃) ရက်အကြာတွင်။

ရှန်မို သက်ပြင်းချ၍ သူ့အရှေ့မှ ရီစွမ်းအင်ဓားကို ကြည့်လိုက်သည်။

ကျောက်မျက်မွမ်းမံခြင်း လုပ်ငန်းစဉ် အောင်မြင်သွားလေပြီ။

ဓားမှာ အရင်ပုံစံအတိုင်းဖြစ်ပြီး အသားထဲတွင် ကျောက်မျက်ထည့်ထားခြင်းသာ ထူးခြားမှု ရှိသည်။

သို့သော် သူ့စိတ်ဝိညာဉ်စွမ်းအင်များ စီးဆင်းစေသောအချိန်မှ ပုံစံအမှန် ပေါ်လာ၏။

ထို့နောက် ကြီးမားသော စွမ်းအင်ကိုပါ ခံစားမိလေသည်။

ဓားချက်ကို လွှဲလိုက်ချိန်တွင် အင်အား (၃) ဆ ပိုနေ၏။

အချိန် (၂) နှစ်အတွင်း များစွာ ပြောင်းလဲသွားပါသည်။

All Chapters