ကံကောင်းခြင်းများနှင့် ပါရမီရှင်
Vol. 20 Ch. 293
ရှန်မိုတစ်ယောက် သူ့နှစ်ရောင်စပ်ဓားကို သိမ်း၍ အနောက်ကို လှည့်ကြည့်လိုက်၏။
မိုင်ဟေးဟီဖြစ်သည်။
“မိုင် ဘာကိစ္စရှိလို့လဲ”
ရှန်မို စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ချွေးများ ခြောက်အောင် ပြုလုပ်ရင်း မေး၏။
မိုင်ဟေးဟီမှ
“အဆောင်သခင်ဟီ အဖမ်းခံလိုက်ရရာကနေ ကံကောင်းပြီး လွတ်လာပါတယ်… အဲ့ဒါ အရေးကြီးစာကို ဆက်သွယ်ရေးကျောက်စိမ်းပြားကနေ ပို့လိုက်ပါတယ်… အခု ဂိုဏ်းတစ်ခုလုံး သိသွားကြပါပြီ”
“ယဲ့ယန်ကလေ… ဂိုဏ်းကို သစ္စာဖောက်ပြီး နတ်ဆိုးတစ်သောင်းနယ်မြေ ရောက်သွားတာတဲ့”
ရှန်မိုမှာ တည်ငြိမ်စွာဖြင့်
“ဪ အဲ့ဒါလား… ကျွန်တော် ထင်ပြီးသားပါ”
“သူ့စိတ်ဓာတ်နဲ့ နတ်ဆိုးတစ်သောင်းနယ်မြေရဲ့ အင်အားကို သိတာနဲ့ သေချာပေါက် ရွေးမှာလေ”
မိုင်ဟေးဟီ မှင်တက်နေသည်။
ရှန်မို ထိုသို့ မအံ့ဩဘဲရှိမည်ဟု မထင်ထားချေ။
သူ ခဏငြိမ်နေပြီးမှ ဆက်၍
“နောက်တစ်ခုလည်း ရှိပါသေးတယ်… ဒီတစ်လော နတ်ဆိုးမျိုးနွယ်တွေ ငြိမ်နေရင်းနဲ့ ရုတ်တရက် ခြင်္သေ့နတ်ဆိုး တစ်သောင်းက ဗျိုင်းဖြူဒေသကို ဝင်တိုက်လာပါတယ်”
“အားလုံးက လူသားအနေနဲ့ဆိုရင် ခြေတည်အဆင့်လောက်တော့ ရှိကြတဲ့ အင်အားကြီးတွေပဲတဲ့”
“ဗျိုင်းဖြူဒေသက ဂိုဏ်းတွေလည်း လုံးဝ ခံနိုင်ရည်မရှိဘဲ တော်တော် ပျက်စီးကုန်တယ်”
“အဲ့ဒါပြီးတော့ ကျန်းတီကိုပါ ဝင်တိုက်သေးတယ်တဲ့”
“ဒါပေမဲ့ ကျွန်တော်တို့အဖွဲ့ မကြာခင် ထိန်းနိုင်မှာပါ”
ရှန်မို မျက်ခုံးပင့်မိ၏။
ဗျိုင်းဖြူဒေသ…
ထိုနယ်စပ်တွင် ဗျိုင်းဖြူဒေသ၊ ကျန်းတီဒေသနှင့် ရွှမ်ကျန်းဒေသတို့ ပါဝင်ကြောင်း သတိရသွားသည်။
ဗျိုင်းဖြူနှင့် ကျန်းတီဒေသတို့ တိုက်ခိုက်ခံရလျှင် ရွှမ်ကျန်းဒေသလည်း အန္တရာယ်ရှိပါသည်။
မိုင်ဟေးဟီ သူ့အတွေးကို ခန့်မှန်းမိကာ
“ခေါင်းဆောင်ငယ် ရွှမ်ကျန်းဒေသနဲ့ ပတ်သက်ပြီးတော့တော့ ဘာသတင်းမှ မကြားသေးပါဘူး… အခု ဘေးကင်းမှာပါ… နောက်ပြီး အကြီးအကဲဝူယန်ဝေ့နဲ့ တခြားအကြီးအကဲတွေလည်း ချင်းရွှမ်ဂိုဏ်းကို ကာကွယ်ပေးဖို့ သွားပါတယ်”
ရှန်မိုတစ်ယောက် အရင်ဂိုဏ်းအပေါ် သံယောဇဉ်ရှိနေသေးကြောင်း အားလုံး သိကြသည်။
ရှန်မိို ခေါင်းယမ်း၍
“ဘေးကင်းမှာပါဆိုတာက ဘေးကင်းတာ မဟုတ်ဘူးလေ… ကျွန်တော် အဲ့လို စွန့်စားမှုမျိုး မကြိုက်ဘူး”
“မိုင်… မြွေနဂါးတောင်က ကိစ္စတွေ အပ်ပါတယ်နော်… ကျွန်တော် ရွှမ်ကျန်းဒေသ သွားလိုက်ဦးမယ်”
မိုင်ဟေးဟီ ခေါင်းငြိမ့်ပြ၍
“နားလည်ပါပြီ”
ရှန်မို သေချာတွေးကာ သူ့ကံကြမ္မာစနစ်ကို ကြည့်လိုက်၏။
သူ အရေးကြီးဆုံးဖြတ်ချက်မချမီတိုင်း ကံကြမ္မာကို စစ်ဆေးတတ်သည်။
[လတ်တလော အပြောင်းအလဲ:
ယနေ့ ရွှမ်ကျန်းဒေသ၏ အန္တရာယ်ကိုသိကာ လိုက်သွားရန် ဆုံးဖြတ်ခဲ့သည်။ ရွှမ်ကျန်း ရောက်သောအခါ နတ်ဆိုးတစ်သောင်းနယ်မြေမှ မင်းသား (၉) ၏ထောင်ချောက်ဝင်ကာ တိုက်ခိုက်ခံရမည်။
မူယုံးယွဲ့နှင့် ဝူယန်ဝေ့တို့ သူတို့၏ ခြေတည်ဝိညာဉ်များကို ရင်းကာ ကာကွယ်ပေးမည်။ သင် ဒဏ်ရာများဖြင့် ထွက်ပြေးနိုင်မည်။
သို့သော် စိတ်ဒဏ်ရာရကာ အချိန်ကြာသည်အထိ မကျင့်ကြံနိုင်တော့ဘဲ ပျက်စီးသွားမည်]
ရှန်မို မျက်ခုံးပင့်မိသည်။
မင်းသား (၉) လား။
သူ ထိုအကြောင်းကို သိထားပါသည်။
စာအုပ်များဖတ်ရင်း နတ်ဆိုးဧကရာဇ်၌ သားများစွာ ရှိကြောင်းလည်း သိ၏။
နတ်ဆိုးဧကရာဇ်၏ သွေးခြင်ဆီကို ရသူတိုင်း မင်းသားအဖြစ် ခံယူနိုင်ပါသည်။
ထိုထဲတွင် (၃) ယောက်မှာ အတော်လေး နာမည်ကြီး၏။ မင်းသား (၁) ဆင်နတ်ဆိုးသည် အင်အားကြီးပြီး စစ်ရေးအောင်မြင်မှု များ၏။ သူ့ကြမ်းတမ်းသော အသွင်အပြင်ကြောင့် ကြောက်စရာကောင်းပြီး နတ်ဆိုးဧကရာဇ်၏ ယုံကြည်မှုလည်း ရထားသည်။
မင်းသား (၄) မျောက်ဝံနတ်ဆိုးမှာ ဉာဏ်ရည်အလွန်မြင့်ပြီး နတ်ဆိုးဧကရာဇ်အတွက် အစီအစဉ်ကောင်းများ ဆွဲပေးတတ်၏။
မင်းသား (၉) ခြင်္သေ့နတ်ဆိုးသည် အရည်အချင်းကောင်းများရှိ၍ နတ်ဆိုးဧကရာဇ်ကိုယ်တိုင် ချီးမွမ်းရသော်လည်း စိတ်မရှည်ခြင်း၊ ရလဒ်အလျင်လိုခြင်းတို့ကြောင့် နာမည်ကြီးသည်။
ထို့ကြောင့် ယခု ရွှမ်ကျန်းကို တိုက်ခိုက်သည်မှာ မင်းသား (၉) ဖြစ်မည်။
“သိပြီ… ဗျိုင်းဖြူဒေသနဲ့ ကျန်းတီဒေသကို တိုက်ခိုက်တာက ဟန်ပြပဲ”
“မင်းသား (၉) ရဲ့ တကယ့်ပစ်မှတ်က ရွှမ်ကျန်းဒေသ၊ ချင်းရွှမ်ဂိုဏ်းက… ငါ”
“သတင်းထွက်တာနဲ့ ငါ ချက်ချင်း ရောက်လာမယ်လို့ တွက်ထားတာပဲ”
ရှန်မို ရယ်မောမိသည်။
စိတ်ဝင်စားစရာပဲ။
ကံကြမ္မာစနစ်သာ မရှိလျှင် သူသေချာပေါက် ထောင်ချောက်မိနိုင်၏။
သို့သော် ယခုတော့ အစီအစဉ်ကို ကြိုသိနေ၍ ပြင်ဆင်နိုင်ပါသည်။
“မူယုံးယွဲ့လည်း ခြေတည်ဝိညာဉ်အဆင့် ရောက်နေမယ်တော့ မထင်ထားဘူး”
“အခုလေးတင် အဆင့်တက်လို့ ကျောက်စိမ်းဂိုဏ်းကို အကြောင်းမကြားရသေးတာ ထင်တယ်”
သူတို့မတွေ့ရသည်မှာ အတော်လေး ကြာလေပြီ။
မင်းသား (၉) သည်လည်း အရည်အချင်း ထူးချွန်သောကြောင့် ကံလည်း ကောင်းနိုင်၏။
ထို့ကြောင့် အခွင့်အရေးများ လုယူနိုင်ပါသည်။
“ယဲ့ယန် ထွက်ပြေးသွားတာ နှမျောစရာပဲ… ကံအရမ်းကောင်းခဲ့တဲ့ကောင် ထွက်သွားတော့ မနေတတ်တော့ဘူး”
ရှန်မို ရေရွတ်ရင်း ခရီးစတင်လေသည်။
ရွှမ်ကျန်းဒေသ၊ ချင်းရွှမ်ဂိုဏ်း။
လေ့ကျင့်ရေးကွင်းထဲတွင် စားပွဲရှည်များချထားပြီး စားသောက်ဖွယ်ရာများ၊ ဝိုင်ပုလင်းများ တည်ခင်းထား၏။
ကျင့်ကြံသူများလည်း စုဝေးလျက် စင်မြင့်ပေါ်တွင် ခရမ်းရောင်ဂါဝန်ရှည် ဝတ်ထားသည့် မိန်းမချောတစ်ဦး ရပ်နေ၏။
မူယုံးယွဲ့ ဖြစ်လေသည်။
သူ လွန်ခဲ့သည့် (၂) ရက်ကမှ ခြေတည်ဝိညာဉ် တည်ဆောက်နိုင်ပြီး အဆင့်တက်သွား၏။
“ဂုဏ်ယူပါတယ် ခေါင်းဆောင်”
ဗလတောင့်တောင့်လူတစ်ဦးမှ ဝိုင် (၂) ခွက် ကိုင်လာပြီး ပြုံး၍ပြောသည်။
မူယုံးယွဲ့ လှည့်ကြည့်ပြီးနောက် ပြန်ပြုံးပြ၏။
“ကျေးဇူးပါရှင်”
“ခေါင်းဆောင်မူယုံး ကျောက်စိမ်းဂိုဏ်းသွားရင် ချင်းရွှမ် ကျွန်တော့်လက်သာ စိတ်ချလက်ချ အပ်ခဲ့”
သူ့ရင်ဘက်ကိုပုတ်ကာ ပြောလေသည်။
“ဘာမှမစိုးရိမ်နဲ့… ကျွန်တော် ဂရုစိုက်ထားလိုက်မယ်”
“တစ်နေ့နေ့ ကျွန်တော်လည်း အဆင့်တက်ရင် ကျောက်စိမ်းဂိုဏ်းမှာ ပြန်တွေ့နိုင်တာပဲ”
မူယုံးယွဲ့ ရယ်မော၍
“ကောင်းပါပြီ… ကျောက်စိမ်းဂိုဏ်းမှာ စောင့်နေမယ်နော်”
“ကျွန်တော့်ကိုရော”
ဝေ့ရှောင်းထီမှလည်း ဝိုင်ခွက်မြှောက်၍ ဝင်ပြော၏။
“ကျောက်စိမ်းဂိုဏ်းရောက်ရင် ကျွန်မကိုလည်း မေ့မသွားနဲ့နော်”
အကြီးအကဲလီ စိတ်လှုပ်ရှားစွာ ပြောသည်။
မူယုံးယွဲ့လည်း ရင်ထဲနွေးထွေးလျက်
“အားလုံး ဘာမှစိတ်မပူနဲ့နော်… ကျွန်မ ဘယ်သူ့ကိုမှ မမေ့ပါဘူး”
ထိုစဉ် အရပ်ရှည်ရှည်လူတစ်ယောက် ဝိုင်ခွက်ကိုင်လျက် ရောက်လာသည်။
လူအုပ်ကြီး တိတ်ဆိတ်သွားပြီးနောက် ရိုသေစွာ နှုတ်ဆက်ကြသည်။
“မင်္ဂလာပါ အကြီးအကဲဝူယန်”
လီကျန်ထောင်းအမိန့်ဖြင့် ကျောက်စိမ်းဂိုဏ်းမှ ရောက်နေသည့် ဝူယန်ဝေ့ဖြစ်၏။
သူ အားရပါးရ ရယ်မော၍
“ကျွန်တော်တို့ အတူတူရှိနေကြတာ ကြာပြီပဲကို… အဲ့လိုတွေ နှုတ်ဆက်စရာ မလိုပါဘူး”
ထိုစကားကြောင့် အားလုံး ဖိအားများ လျော့သွား၏။
ဝေ့ရှောင်းထီ အရက်တစ်ကျိုက်မော့၍
“ရှန်မိုရော ကျောက်စိမ်းဂိုဏ်းမှာ အဆင်ပြေလား… အဲ့မှာပါ ခေါင်းဆောင်ငယ် ဖြစ်သွားမယ်လို့ ဘယ်ထင်မှာလဲ”
“ဟုတ်ပါ့ မယုံနိုင်စရာပဲ”
အခြားအကြီးအကဲများလည်း မှတ်ချက်ပြုကြသည်။
ဝူယန်ဝေ့ ရယ်မောကာ
“ခင်ဗျားတို့ မပြောနဲ့ ကျွန်တော်လည်း မထင်ပါဘူးဗျာ”
“သူ ကျောက်စိမ်းဂိုဏ်းကိုရောက်တာ ဘယ်နှစ်နှစ် ရှိသေးလို့လဲ… ချက်ချင်း အဆင့်တွေ မြန်မြန်တက်ပြီး ခေါင်းဆောင်ငယ် ဖြစ်သွားတာပဲ”
မူယုံးယွဲ့ သက်ပြင်းချမိပြီး
“ရှန်မို အခု ဘာတွေများ လုပ်နေမလဲ မသိဘူးနော်”
ဝေ့ရှောင်းထီတို့မှလည်း
“အဲ့ဒါတော့ ကျွန်တော်တို့လည်း သိချင်တာပါပဲ”
“အထူးသဖြင့် ခေါင်းဆောင်ငယ် တင်မြှောက်ခံရတဲ့ အခမ်းအနားကြီးကို မတွေ့ရတာ နာတယ်ဗျာ”