← Chapters

သူ့ကို အရှင်ဖမ်းလိုက်

Vol. 20 Ch. 297

သူ့ကို အရှင်ဖမ်းလိုက်

Vol. 20 Ch. 297

ချင်းရွှမ်ဂိုဏ်း လေ့ကျင့်ရေးကွင်းတွင် ဆီပူအိုးကြီးတစ်ခု ချထား၏။

မီးတောက်များ အလျှံပယ်တောက်၍ ဆီပွက်ပွက်ဆူနေသည်။

ခြင်္သေ့နတ်ဆိုးများသည် ဝိုင်းဖွဲ့၍ သွားရည်တမြားမြား ငေးကြည့်နေလေ၏။

တပည့်တစ်ဦးမှ

“အရှင်… ကျွန်တော်တို့အကုန် စောင့်ရတာ စိတ်မရှည်တော့ဘူး… လူသား တစ်ယောက်လောက် ဆွဲပြီး ကြော်လိုက်ရတော့မလား”

နတ်ဆိုးများအတွက်တော့ လူသားဟူသော အသုံးအနှုန်းမှာ နိမ့်ကျ၍ ချက်ပြုတ်စားစရာ၊ ခိုင်းစေစရာဟုသာ ထင်မြင်ကြသည်။

မင်းသား (၉) ခေါင်းငြိမ့်ပြ၍

“ခန္ဓာကိုယ်မွမ်းမံခြင်းအဆင့် နည်းနည်းလောက် ခေါ်လာပြီး ထည့်လိုက်… အဲ့အဆင့်လောက် လူသားတွေက အားနည်းလွန်းလို့ ငါလိုလူ ခိုင်းရမှာတောင် မတန်ဘူး”

“ဟုတ်ကဲ့ပါ… အရမ်းကောင်းတဲ့ အကြံပါပဲ”

ခြင်္သေ့နတ်ဆိုးများ စိတ်လှုပ်ရှားစွာ အော်ဟစ်၍ ချင်းရွှမ်တပည့်များရှိရာ လှောင်အိမ်ထံ အကြည့်ရောက်သွားသည်။

တပည့်များမှာ နတ်ဆိုးများ၏ ဓားကဲ့သို့ ထက်မြက်သော စကားလုံးများကို နားထောင်ရင်း ကြောက်လန့်နေကြ၏။

သူတို့အတွက် အားကိုးရာလည်း မရှိဘဲ သေမည့်အချိန်ကိုသာ စောင့်နေရတော့သည်။

အချိန်မရွေး အဆုံးသတ်သွားနိုင်လေ၏။

သို့သော် အဆုံးသတ်မှာလည်း ရှက်စရာကောင်းလွန်းသည်။

နတ်ဆိုးများ သေချာလာကြည့်ပြီးနောက် မျက်ရည်များ ရွှဲ၍ တရှုံ့ရှုံ့ငိုနေသော မိန်းကလေးတစ်ဦးကို ဆွဲထုတ်လိုက်၏။

“မင်းဆိုရင် အဆင်ပြေမယ်… မိန်းမတွေရဲ့ အသားက အရမ်းနူးညံ့ပြီး ကြော်လို့ပိုကောင်းတယ်တဲ့”

တပည့်တစ်ဦး အတင်းဆွဲခေါ်လာပြီး ဆီပူအိုးထဲထည့်ရန် ပြင်လေသည်။

မိန်းကလေးမှာ အော်ဟစ်၍ မျက်ရည်များ စီးကျရင်း အလွန်ထိတ်လန့်နေ၏။

အခြားကျင့်ကြံသူများမှာ လက်သီးများ ဆုပ်လျက် မကျေနပ်ကြသော်လည်း ဘာမှမတတ်နိုင်ပေ။

အားလုံး မလှုပ်ရှားနိုင်အောင်ပင် အဖမ်းခံထားရ၏။

အင်အားအကြီးဆုံး ဝူယန်ဝေ့နှင့် မူယုံးယွဲ့တို့လည်း ဒဏ်ရာအပြင်းအထန်ရထားပြီး အစောင့်များ ဘေးတွင် ရှိနေ၍ မတိုက်ခိုက်နိုင်ချေ။

ရုတ်တရက် တပ်ကူများရောက်လာသည့် အံ့ဖွယ်ကိစ္စမှတစ်ပါး အခြားမျှော်လင့်ချက် မရှိတော့။

မည်သို့ပင်ဖြစ်စေ ကျောက်စိမ်းဂိုဏ်းမှ အကူအညီ လွှတ်လျှင်ပင် အနည်းဆုံး (၁၀) ရက်မျှ ကြာလိမ့်မည်။

ယခုလို အခြေအနေကြီး ပြီးဆုံးလိမ့်မည် မဟုတ်။

ငရဲအခြေအနေပင်။

“ချင်းရွှမ်တပည့်တွေကို ဒုက္ခမပေးခင် ငါ့ကို ခွင့်ပြုချက် တောင်းပြီးပြီလား”

ကောင်းကင်မှ အေးစက်သောအသံတစ်ခု ထွက်လာ၏။

အသံမှာ အချက်ပေးခေါင်းလောင်းကဲ့သို့ အားလုံး နိုးနိုးကြားကြား ဖြစ်သွားစေသည်။

တပည့်မလေးကို ဆီပူအိုးထဲ ထည့်ရန် ပြင်နေသည့် နတ်ဆိုးလည်း တန့်သွား၏။

သူတင်မက မင်းသား (၉) နှင့် တပ်ဖွဲ့တစ်ခုလုံး၊ ချင်းရွှမ်ဂိုဏ်းသားများအားလုံး အပေါ်ကို မော့ကြည့်မိ၏။

ကောင်းကင်ယံမှ ထိုလူကိုတွေ့သောအခါ ချင်းရွှမ်ဂိုဏ်းသားများ ဝမ်းသာလုံးဆို့၍ မျက်ရည်များပင် စီးကျကုန်ကြသည်။

“ခေါင်းဆောင်ငယ်ပဲ”

“ရှန်မိုပဲ.. ရှန်မို ရောက်လာပြီ”

“ဘုရားသခင်ကို ကျေးဇူးတင်ပါတယ်… ခေါင်းဆောင်ငယ် ပြန်လာကယ်ပြီ”

စိတ်အေး၍ အော်ဟစ်သံများ ဆူညံသွား၏။

မူယုံးယွဲ့လည်း အပြာရောင်ဝတ်ရုံနှင့် ထိုလူကို ငေးကြည့်ကာ ရင်ထဲနွေးထွေးနေသည်။

နှစ်အနည်းငယ် ခွဲခွါပြီးနောက် ထိုလူငယ်မှာ သူထင်ထားသည်ထက် များစွာ တိုးတက်ဖွဲ့ဖြိုးနေလေပြီ။

သူ့ထံမှ အရှိန်အဝါကြီးတစ်ခုကို ခံစားရပြီး အသက်ရှူပင် ကြပ်စေလောက်၏။

မူယုံးယွဲ့ ခဏဝမ်းသာပြီးနောက် စိုးရိမ်စိတ်ကြီး ကြီးစိုးလာပြန်သည်။

ရှန်မို မည်မျှအင်အားကြီးပါစေ နတ်ဆိုးဧကရာဇ်၏ မင်းသား (၉) ကိုတော့ မယှဉ်နိုင်လောက်ပေ။

ဤနေရာကို ရောက်လာခြင်းသည် သူ့အသက်ကို စတေးခြင်း ဖြစ်လိမ့်မည်။

ဝူယန်ဝေ့လည်း မျက်ရည်များ စီးကျ၍

“ခေါင်းဆောင်ငယ်… မလာသင့်ဘူးဗျာ…”

မင်းသား (၉) နှင့်အဖွဲ့မှာ အားရပါးရ ရယ်မောကြလေ၏။

“ကောင်းတယ်ကွာ”

“ရှန်မိုရယ် ငါက (၁၀) ရက်လောက် စောင့်ရဦးမယ် ထင်နေတာ… ထင်ထားတာထက် စောသားပဲ”

“ကောင်းတယ်… ငါ့အစီအစဉ် တန်သွားပြီ”

ရှန်မိုမှာတော့ အမူအရာမပျက် တည်ငြိမ်စွာပင်။

သို့သော် စိတ်ထဲမှ ရန်သူ၏ ကံကြမ္မာကို ဖတ်ကြည့်နေ၏။

[အမည်: ရှီအန်]

[အဆင့်: ရွှေအဆင့် နတ်ဆိုးဘုရင်]

[ကံကြမ္မာ: တော်ဝင်ခြင်္သေ့မျိုးနွယ်၊ မွေးရာပါ အင်အားကြီးခြင်း၊ ကံကောင်းခြင်း၊ နတ်ဆိုးဧကရာဇ် သွေးသား၊ လရောင်ဒေါသသွေး]

[အနာဂတ်: (၁၅) နှစ်အကြာတွင် ကျင်းနိုင်ငံတော်ကို တိုက်ခိုက်ရင်း မင်းသား (၁) ၏ ထောင်ချောက်မိကာ လူသားများထံ အဖမ်းခံရပြီး အသေဆိုးဖြင့် သေမည်]

[လတ်တလော အခွင့်အရေး: ရှန်မို့ကို အရှင်ဖမ်းပြီးနောက် တပ်ရင်းပြန်သည့်လမ်းတွင် ရွှေရှာကြွက်ကိုတွေ့၍ လိုက်ရင်း တိုင်တန်၏ အင်အား ပထမစာရွက် အပိုင်းအစ (၃) ရွက် ရရှိမည်]

သူ့ကံကြမ္မာများကို ကြည့်ပြီးနောက် ရှန်မို ခေါင်းတငြိမ့်ငြိမ့်ဖြင့် ကျေနပ်သွားသည်။

သူ့တွင် နတ်ဆိုးမျိုးနွယ်၏ အဓိက အထင်ကရဖြစ်နိုင်သည့် “အသက်ဘေးမှ ကပ်လွတ်ခြင်း”၊ “အသက် (၉) ခု”၊ “အခက်အခဲမှ အခွင့်အရေးပြောင်းခြင်း”၊ “အခက်အခဲကြားမှ ရှင်သန်ခြင်း” စသဖြင့် အခြေအနေများ မပါပေ။

ထို့ကြောင့် အလွယ်တကူ သတ်နိုင်လောက်သည်။

သို့သော် လတ်တလောအခွင့်အရေးကိုတွေ့ကာ ရှန်မို မျက်ခုံးပင့်မိ၏။

တိုင်တန်အင်အားလား။

ဒါ အဓိကပဲ။

ထိုကျင့်စဉ်မှာ နတ်ဆိုးမျိုးနွယ်ထဲတွင် အတော်ကြာအောင် ပျောက်နေခဲ့တဲ့ သွေးစွမ်းအင် ကျင့်စဉ်ဖြစ်သည်။

လက်ရှိ နတ်ဆိုးဧကရာဇ်မှာ အဆင့်နိမ့် ဝံပုလွေနတ်ဆိုးဘဝမှ ယခုလို အင်အားကြီးလာခြင်းသည် ထိုကျင့်စဉ်ကျေးဇူးကြောင့် ဖြစ်၏။

ရှန်မို ထိုကျင့်စဉ်များကို ကြားဖူးထားသည်မှာ ကြာလေပြီ။

ပထမတစ်ခုမှာ လူသားများ စိတ်ဝိညာဉ်စွမ်းအင်ဖြင့် ကျင့်ကြံခြင်းဖြစ်ပြီး ဒုတိယမှာ နတ်ဆိုးများ သွေးစွမ်းအင်ဖြင့် ကျင့်ကြံခြင်း ဖြစ်၏။

လူသားများ သွေးစွမ်းအင်ကျင့်စဉ်ကို ကျင့်ကြံရာတွင် အခက်အခဲများစွာ ရင်ဆိုင်ရလေသည်။

မူလသဘာဝနတ်ဆိုးသွေး မရှိသောကြောင့် ခန္ဓာကိုယ် စွမ်းအင်ပြောင်းလဲမှုများကို ခံနိုင်ရည်မရှိကြပေ။

ထို့အတူ နတ်ဆိုးများ စိတ်ဝိညာဉ်စွမ်းအင် ကျင့်စဉ်များ ကျင့်ကြံရာတွင်လည်း စိန်ခေါ်မှုများစွာ ရှိ၏။

သူတို့၏ ဉာဏ်ရည်နှင့် နားလည်နိုင်စွမ်းမှာ နဂို နိမ့်ကျသောကြောင့် လောက၏ စိတ်ဝိညာဉ်စွမ်းအင်များနှင့် မချိတ်ဆက်နိုင်ပေ။

မျိုးနွယ် (၂) ခုလုံးမှ အင်အားကြီးများ ထိုကဲ့သို့ ကျင့်စဉ် (၂) ခုလုံး ကျင့်ကြံနိုင်သည့်နည်းလမ်း ဖန်တီးရန် ကြိုးစားသော်လည်း အားလုံး ကျရှုံးခဲ့သည်။

ရှန်မို့အမြင်တွင် တိုင်တန်အင်အားကျင့်စဉ်မှာ ထူးခြား၏။

ဒီအင်အားသာရရင် ဒီသွေးစွမ်းအင်ကျင့်စဉ်ပါ ကျင့်ကြံနိုင်လောက်တယ်။

ရှန်မိုတွေးရင်း ဝမ်းသာစိတ်လှုပ်ရှားသွားသည်။

အင်အားပိုကြီးလာစေရန်မှာ အမြဲတမ်းပန်းတိုင် ဖြစ်ပြီး ထိုကျင့်စဉ်သည် အကျိုးရှိစေ၏။

ထို့အပြင် သူ့တွင် ရှိပြီးသော အခွင့်အရေးများ၊ ဆေးနည်းများဖြင့် ပိုသက်ရောက်နိုင်ပါသည်။

“သွားကြ… သူ့ကို အရှင်ဖမ်းလာခဲ့”

မင်းသား (၉) မှ အေးစက်စက် ရယ်မောရင်း ရှန်မို့ကို လက်ညှိုးလှမ်းထိုးပြသည်။

သူ့အနောက်မှ နတ်ဆိုးဘုရင် (၄) ဦးပြေး၍ ရှန်မိုအား တိုက်ခိုက်လေသည်။

သူတို့၏ သွေးစွမ်းအင်များကြောင့် မြေကြီးပင် တုန်ခါသွားစေ၏။ စောင့်ကြည့်နေကြသော တပည့်များ ယိုင်ကျကုန်လေသည်။

All Chapters