← Chapters

ဒီတစ်ခါတော့ ရှင်းနိုင်ပြီ

Vol. 20 Ch. 300

ဒီတစ်ခါတော့ ရှင်းနိုင်ပြီ

Vol. 20 Ch. 300

ရှန်မို လက်ဖျောက်တီးလိုက်သောအခါ စိတ်ဝိညာဉ်စွမ်းအင်စီးကြောင်း (၂) ခု ပေါ်လာပြီး မူယုံးယွဲ့နှင့် ဝူယန်ဝေ့တို့အား ချည်နှောင်ထားသော ကြိုးများကို ပြေစေ၏။

ထိုကြိုးများမှာ အထူးပြုလုပ်ထားသောကြောင့် မူယုံးယွဲ့တို့ အလွယ်တကူ မလွတ်မြောက်နိုင်ချေ။

“ခေါင်းဆောင်နဲ့ အကြီးအကဲဝူယန် ဒီနတ်ဆိုးတွေကို ရှင်းပေးပါ… ကျွန်တော် ဟိုငကြောက်နောက် လိုက်သွားလိုက်ဦးမယ်”

ရှန်မို ထိုသို့ပြော၍ မင်းသား (၉) နောက် ပြေးလိုက်သွားသည်။

“နားလည်ပါပြီ”

မူယုံးယွဲ့တို့ အလွန်ဝမ်းသာစွာဖြင့် အခြားကျင့်ကြံသူများကိုလည်း ကြိုးလိုက်ဖြည်ပေး၏။

ခြင်္သေ့နတ်ဆိုးများမှာ အင်အားကြီးကြသော်လည်း ယခုအချိန်တွင် စိတ်ဓာတ်ပျက်ပြားသွား၍ တုန်လှုပ်နေကြသည်။

သူတို့ကို ဖမ်းဆီးရှင်းလင်းရန်မှာ ကိစ္စကြီး မဟုတ်တော့ချေ။

“ခေါင်းဆောင်ငယ်က မင်းသား (၉) ကို သတ်ချင်ပေမဲ့ မလွယ်လောက်ဘူးနော်… ဒီမှာ ငါတို့ပြီးရင် မြန်မြန် လိုက်သွားပြီး ကူမှပဲ”

ဝူယန်ဝေ့မှ စိုးရိမ်စွာ ပြော၏။

“ဒါပေါ့ နားလည်ပါတယ်”

မူယုံးယွဲ့လည်း ထောက်ခံလေသည်။

မင်းသား (၉) နှင့် ရှန်မိုတို့ နှစ်ဦးမှာတော့ တောနက်ထဲသို့ ဝင်ရောက်သွားကြ၏။

ရှန်မို့လက်ဖဝါးမှ မီးတောက်များ အဆက်မပြတ် ထွက်၍ တိုက်ခိုက်နေသည်။

အချက်တိုင်းမီးတောက်၍ သစ်ပင်များပင် ပြာကျသွားစေ၏။

မင်းသား (၉) မှာ တတ်နိုင်သလောက် ရှောင်ရှားနေသော်လည်း ဓားတစ်ချက်တွင် ခေါင်းကို ရှပ်ထိ၍ ရွှေရောင်လည်ဆံမွေးမျာ ပြောင်သွားသည်။

“ချီးပဲ… သူ့စိတ်ဝိညာဉ်စွမ်းအင်က မကုန်နိုင်တော့ဘူး ထင်တယ်… သိုင်းကို အဆက်မပြတ် တိုက်ခိုက်နေတော့မှာလား… သူက အားမကုန်တော့ဘူးလား”

မင်းသား (၉) အံကြိတ်ကာ သူ့အနားနီးလာသော ထိုလူကို ကြည့်နေသည်။

သူ ဝိညာဉ်ဖျက်ဆီးသွေးလှံသိုင်းကို (၂) ကြိမ်သုံး၍ သွေးစွမ်းအင် ကုန်သလောက် ဖြစ်သွားသောကြောင့် ထွက်ပြေးရန် အားကို ချန်ထားရသည်။

သို့သော် လူသားရှန်မိုမှာတော့ စိတ်ဝိညာဉ်စွမ်းအင် များစွာဖြင့် ဆက်လက်တိုက်ခိုက်နေဆဲပင်။

“ဒုက္ခပါပဲ… တကယ်ပဲ”

“ငါ့ကို ဘယ်သူမှ လာမကူတော့ဘူးလား”

“ဒီအတိုင်းဆို ငါ့ကို ဖမ်းမိသွားတော့မယ်”

မင်းသား (၉) အလွန်ကြောက်လာ၏။

သူ့အိပ်မက်ထဲတွင်ပင် ယခုလို ရှက်စရာအဖြစ်မျိုး ထည့်မမက်ဖူးချေ။

ယခုတော့ သူကိုယ်တိုင် မဖမ်းနိုင်သည့်အပြင် တပည့်များလည်း အဖမ်းခံ၊ အသတ်ခံရလေ၏။

ဆိုးရွားလှသော အခြေအနေပင်။

ရှန်မို မျက်မှောင်ကြုတ်၍ ကြည့်မိသည်။

သူနှင့် မင်းသား (၉) ကြား နီးကပ်လာသော်လည်း တစ်ချက်တည်း တိုက်ခိုက်ရန် ခက်နေသေး၏။

ထိုစဉ် သွေးစွမ်းအင်တစ္ဆေချီကို ခံစားမိလိုက်သည်။

မင်းသား (၉) မျက်နှာ ဝင်းလက်သွား၏။

သွေးစွမ်းအင်။

တပ်ကူတွေ ရောက်လာပြီ။

ခံစားမိသလောက် သွေးစွမ်းအင်မှာ နဂါးသွေးသောက် တပ်မျှ အင်အားကြီးသည်။

ရှန်မိုလည်း ထိုချီစွမ်းအင်ကို ခံစားမိပြီး မှင်တက်သွား၏။

ဒီအရှိန်အဝါကို ထူးထူးဆန်းဆန်း ရင်းနှီးနေတယ်။

ဧကန္တ… ကျောက်ယောင်လုလား။

“ငါ့အကူအညီတွေ ရောက်လာပြီ”

“ဒါ နဂါးသွေးသောက်တပ်ပဲ… ငါ့အဖေ လွှတ်လိုက်တာကွ”

“ရှန်မို… မင်း ငါ့ကို ထိရဲထိကြည့်… အသေဆိုးနဲ့ သေလိမ့်မယ်”

မင်းသား (၉) မှာ ပျော်မြူးရယ်မော၍ အော်ပြောလေသည်။

ရှန်မိုမှာ မသိချင်ယောင်ဆောင်၍ အရှိန်ပိုမြှင့်ကာ တိုက်ခိုက်ရန် ပြင်၏။

မင်းသား (၉) လည်း တစ်ခုခုလွဲနေကြောင်း သတိထားမိပြီး တပ်ကူရှိရာဘက်သို့ လှည့်ကြည့်လိုက်သည်။

ထိုအခါ ပျက်စီးနေသော သစ်ပင်များကြား အရပ်ရှည်ရှည် လူတစ်ယောက်နဲ့ လူသေးသေး တစ်ယောက်တို့ အပြင်းအထန် တိုက်ခိုက်နေသည်ကို တွေ့ရ၏။

သူတို့ချင်း ဝင်တိုက်လိုက်၊ ပြန်ခွါလိုက်ဖြင့် ဆက်တိုက် တိုက်ခိုက်နေသည်။

သူတို့လည်း ရှန်မိုနှင့် မင်းသား (၉) ၏ အရှိန်အဝါကို ခံစားမိပြီး လှည့်ကြည့်ကြ၏။

“တစ္ဆေမျိုးနွယ် ငါ့ရှေ့က ဖယ်စမ်း… ငါ့တာဝန်ကို လာမရှုပ်နဲ့”

နဂါးသွေးသောက် စစ်သည်မှာ လူသေးသေးလေးကို ပြောသည်။

သူ့အရှေ့တွင် အမည်းရောင်ဝတ်ရုံဖြင့် တစ်ကိုယ်လုံး မည်းနက်ကာ (၄) ပေမျှမြင့်သော ကလေးမကို တွေ့ရ၏။

အသားအရည်မှအစ မည်းနက်နေသော်လည်း မျက်ဖြူလန်နေ၍ ပိုကြောက်စရာကောင်းသည်။

ခေါင်းပေါ်တွင်မူ ဦးချိုအသေးလေး ပေါက်ကာ အင်အားများ စုနေသကဲ့သို့ပင်။

“နတ်ဆိုးဧကရာဇ်က ငါ့တစ်မျိုးလုံးကို ရှင်းလိုက်တာလေ… ငါ ပြန်လာတာ ဖြစ်သင့်တာပဲ”

“အခု လာရှုပ်ရုံတင်မကဘူး… မင်းကိုပါ သတ်မှာ”

ကျောက်ယောင်လု ဒေါသတကြီး ချိုဖြင့် ထိုးရန် ပြေးလာသည်။

“ရဲဘော် ငါ့ကိုကယ်ဦး… မြန်မြန် လာကယ်ဦး”

မင်းသား (၉) မှ လှမ်းအော်၏။

ထိုစစ်သည်ကိုတွေ့ပြီး ဝမ်းသာလွန်း၍ မျက်ရည်များပင် စီးကျလာသည်။

ထိူအခါ စစ်သည်လေးလည်း ကျောက်ယောင်လုကို ထားခဲ့၍ မင်းသား (၉) ထံ ပြေးလာလေ၏။

ဧကရာဇ်၏အမိန့်မှာ မင်းသား (၉) ကို ဘေးကင်းကင်း ခေါ်လာရန် ဖြစ်သည်။

“စီနီယာ သူ့ကို (၁၀) စက္ကန့်လောက်ပဲ ထိန်းထားပေးပါ”

ရှန်မိုလည်း တစ်ဖက်မှ လှမ်းပြော၏။

ကျောက်ယောင်လု သူ့ကိုကြည့်၍

“ဒီကောင်လေးကတော့… ငါက အချိန်ဆွဲပေးနိုင်ပေမဲ့ မင်း သူတို့ကို သတ်နိုင်လို့လား”

“ဒါပေါ့ဗျာ”

ကျောက်ယောင်လု မျက်နှာလေး လေးနက်သွားပြီး

“ဟုတ်ပြီလေ… နဂါးသွေးသောက်စစ်သည် ဟုတ်လား… မင်းကိုယ်မင်း အင်အားကြီးတယ် ထင်နေလား”

“တစ္ဆေမျိုးနွယ်ရဲ့ တကယ့်အင်အားက ခန္ဓာကိုယ်မှာ မဟုတ်ဘူး… ကျိန်စာထဲမှာဟဲ့”

ထို့နောက် သူ့လက်လေးဖြင့် လှုပ်ရှားလိုက်သောအခါ အနက်ရောင်အပြားများ ပေါ်လာပြီး စစ်သည်နှင့် မင်းသား (၉) တို့ထံ ပစ်လိုက်သည်။

နတ်ဆိုး (၂) ဦး မတုံ့ပြန်နိုင်မီပင် အင်းပြားများ သူတို့နဖူး၌ ကပ်သွား၏။

ကျောက်ယောင်လု လက်သီးဆုပ်ကာ သူ့ကိုယ်သူ နဖူးအား ထိုးချလိုက်သည်။ ထိုအခါ အနောက်လန်၍ မူးဝေသွားလေ၏။

ထိုအချိန်တွင် စစ်သည်နှင့် မင်းသား (၉) တို့လည်း ထိုပုံစံအတိုင်း ခံစားရလေသည်။

အတော်ကြာအောင် ပြန်မထနိုင်ပေ။

ပစ်မှတ်လည်း ပျောက်ဆုံး၍ မတတ်သာဘဲ ငြိမ်နေကြရသည်။

ရှန်မို ထိုမြင်ကွင်းကြောင့် စွံ့အနေမိ၏။

တစ္ဆေမျိုးနွယ်၏ သွေးကျင့်စဉ်မှာ ရန်သူကို တိုက်ခိုက်ရန် ကိုယ်တိုင် ထိခိုက်အောင် ပြုလုပ်ရမည်ဟု မထင်ထားချေ။

“ဒီလောက်ဆို ရပြီ”

ရှန်မို သက်ပြင်းချလိုက်၏။

လက်များမှ မီးတောက် (၂) ခု ပေါ်လာသည်။

ဘယ်ဘက်တွင် ရွှေရောင် နေမီးတောက်နှင့် ညာဘက်၌ ကြာနီမီးတောက်တို့ ဖြစ်သည်။

ထိုအချိန်တွင် ရှန်မို့ပုံစံမှာ နတ်ဘုရားသဖွယ် ထင်ရသည်။

မီးတောက်များမှာ အလိုလို သပ်ရပ်စွာ ပေါင်းစည်းသွားပြီး ရွှေရောင် မီးဘောလုံးကြီးကဲ့သို့ ဖြစ်နေသည်။

ထိုစဉ် ကောင်းကင်မှ မီတာ (၆၀) ကျော်သော လှံရှည်ကြီး ပေါ်ထွက်လာသည်။

“ကြယ်ကြွေသိုင်း စမယ်”

ရှန်မို မင်းသား (၉) နှင့် စစ်သည်အား လက်ညှိုးထိုး၍ ပြောလိုက်သည်။

မီးတောက်လှံ၏ လှုပ်ရှားမှုမှာ နှေးသော်လည်း ဖြတ်သွားသည့် လမ်းတစ်လျှောက် အရာအားလုံး အရည်ပျော်ကုန်၏။

All Chapters