← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

အားလုံးရဲ့အကြည့်တွေ လင်းချင်ချင်ထံ ရောက်ရှိသွားကြသည်။

ထိုအကြည့်များအတွက် လင်းချင်ချင် ကြိုတင်ပြင်ဆင်ထားပြီးသားဖြစ်သည်။ သူ့ နှုတ်ခမ်းထက် သိမ်မွေ့သော အပြုံးတစ်ခုပေါ်လာခဲ့သည်။ အရှင်မင်းကြီးထံမှ ဦးစား ပေးမှုကို ခံယူထားသူတစ်ယောက်အနေဖြင့် မနာလိုဖြစ်ခံရမည်မှာ ထုံးစံပင်။

လင်းချင်ချင် နူးညံ့သိမ်မွေ့စွာပြောလိုက်သည်။

“အရှင်မ၊ မနေ့ညက အရှင်မင်းကြီးကို ကျွန်တော်မျိုးမ တစ်ညတာလုံးပြုစုခဲ့ရတာကြောင့် ခြေကုန်လက်ပမ်းကျနေလို့ ဒီနေ့ ဂါဝရပြုချိန်နောက်ကျသွားရတာပါ၊ ခွင့်လွှတ်ပေးတော်မူပါ”

[ဝါး…! အရှင်မင်းကြီးကို တစ်ညလုံးပြုစုခဲ့ရတာတဲ့! ဘယ် လိုများပြုစုခဲ့တာလဲ ? လက်ဖက်ရည်တွေ၊ ရေပူရေအေးတွေ ငှဲ့ပေးရင်းနဲ့လား ? မဟုတ်သေးပါဘူး တစ်ခုခုတော့ လွဲနေပြီ၊ ကြင်ယာတော်လင်းက အရမ်းကြီးလှပကြော့ရှင်းနေတာ မဟုတ်ပေမယ့် ဆွဲဆောင်မှုတော့ရှိပါတယ်၊ အရှင် မင်းကြီးလည်း သူ့နန်းဆောင်ဆီ ညတိုင်းကြွမြန်းနေတာပဲ၊ ဒါပေမယ့် လက်ဖျားနဲ့တောင် မထိခဲ့ဘူးပေါ့လေ! ငါ အရှင်မ နားလည်သွားပါပြီ]

လင်းချင်ချင် ဒူးညွှတ်ဂါဝရပြုနေဆဲဖြစ်သော်လည်း သူမအား မည်သူမှအာရုံမစိုက်ကြတော့ပေ။

ကိုယ်လုပ်တော်အားလုံး နားရွက်တွေထောင်နေကြသည်။

အရှင်မက နားလည်တယ် ဟုတ်လား ?

ဘာကို နားလည်တာလဲ!

[အခုလက်ရှိဧကရာဇ်မှာ ထုတ်ပြောလို့မရတဲ့ ချွတ်ယွင်း ချက်တစ်ခုခုရှိနေတာပဲ ဖြစ်ရမယ်! တိုလွန်းတာ ဟုတ်ရင်ဟုတ် မဟုတ်ရင် ပန်းသေနေတာပဲ ဖြစ်မှာ! ပန်းသေနေတာ က ဖြစ်နိုင်ချေပိုမြင့်တယ်!]

ကျန်းကျီမြောင် ကောက်ချက်ချလိုက်တော့သည်။

ကိုယ်လုပ်တော်အားလုံး ချက်ချင်းမျက်နှာထားများပြောင်း လဲသွားကြသည်။

ဘုရားရေ…! ရှက်စရာကောင်းလိုက်တာ!

သို့သော် သေချာစဉ်းစားချင့်ချိန်ကြည့်ကြသောအခါ မိဖုရားကြီး၏အတွေးမှာ အဓိပ္ပာယ်ရှိနေပြန်သည်။

ညတိုင်း အရှင်မင်းကြီး သွားရောက်လည်ပတ်နေသည့် ကြင်ယာတော်လင်းသည် အပျိုရည်မပျက်သေးချေ။ ထို့ပြင် တခြား မည်သည့်ကိုယ်လုပ်တော်ထံသို့လည်း အရှင်မင်းကြီး ကြွချီစံမြန်းခဲ့ခြင်း မရှိဘူးမဟုတ်ပါလား ?

အရှင်မ ထင်ထားသလိုသာ မဟုတ်ရင် တခြား ဘာများဖြစ်နိုင်ဦးမှာလဲ…

“ဧကရာဇ်မင်းကြီး ကြွချီလာပါပြီ’

နန်းဆောင်အပြင်ဘက်မှ ကြေညာသံတစ်ခု ကျယ်လောင်စွာထွက်ပေါ်လာခဲ့သည်။

ကိုယ်လုပ်တော်များအားလုံးက အတင်းအဖျင်းပြောရင်း အလုပ်များနေသဖြင့် ဒူးညွှတ်ကာ ဂါဝရပြုနေဆဲဖြစ်သည့် လင်းချင်ချင်ကို မေ့လျော့သွားကြသည်။

ဧကရာဇ်မင်းကြီး ကြွမြန်းလာသည်ဟုကြားချိန် လင်းချင် ချင် မျက်လုံးများ ရုတ်တရက်အရောင်ပြောင်းသွားသည်။ ရုတ်ခြည်းဆိုသလို လင်းချင်ချင်ထံမှ တိုးညှင်းသောငြီးသံလေးတစ်ခုထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှာအလွန်ပျော့ခွေသွားကာ ကြမ်းပြင်ပေါ်သို့လဲကျသွားတော့သည်။

ထိုအချိန် ဧကရာဇ်ယွဲလင်းလည်း နန်းဆောင်ထဲဝင်လာခဲ့သည်။

ကျန်းကျီမြောင် လင်းချင်ချင်အား ဂရုပင်မစိုက်အားချေ။

သူ့အကြည့်သည် ယွဲလင်းထံသာကပ်ငြိနေပြီး စိတ်ထဲမှလည်း စိတ်လှုပ်ရှားစွာရေရွတ်လိုက်သေးသည်။

[သူ ရောက်လာပြီ ရောက်လာပြီဟေ့! ပန်းသေနေတဲ့လူကြီး ငါတို့ဆီ လျှောက်လာနေပြီ!]

အားလုံး နန်းဆောင်ဝင်ပေါက်ကို လှည့်ကြည့်လိုက်ကြသည်။

အရှင်မ၏စကားလုံးများမှာ ကြမ်းတမ်းသော်လည်း အဓိပ္ပာယ်ရှိလှသည်။

အရှင်မင်းကြီး တခြားကိုယ်လုပ်တော်များထံ မကြွမြန်းရသည့်အကြောင်းအရင်းမှာ ရက်စက်လှသည့် အမှန်တရားကိုဖုံးကွယ်ထားဖို့သာ ဖြစ်နိုင်သည်။

ရုတ်ခြည်းဆိုသလို ကိုယ်လုပ်တော်များစွာ စိတ်ပျက်အား လျော့သွားခဲ့ကြသည်။

အီး ဟီး ဟီး…

တစ်သက်လုံး ဘာပျော်စရာမှ မရှိတော့ဘူးပေါ့!

ယွဲလင်း၏ခြေလှမ်းများ ရပ်တန့်သွားပြီး မျက်နှာလည်း ချက်ချင်းအေးစက်တည်တံ့သွားခဲ့သည်။

ငါ နားကြားလွဲတာများလား…

တစ်ယောက်ယောက်က ငါ့ကို ‘ပန်းသေနေတယ်’လို့ ပြောလိုက်တဲ့အသံ ကြားမိသလိုပဲ!

“အရှင်မင်းကြီး…”

ကြမ်းပြင်ထက် လှဲလျောင်းနေသည့် လင်းချင်ချင်မှ ဆွဲဆွဲငင်ငင်နှင့်ပြောလာသည်။

“ကျေးဇူးပြုပြီး အရှင်မကို အပြစ်မတင်ပါနဲ့၊ ဂါဝရပြုဖို့ နောက်ကျသွားတာ ကျွန်တော်မျိုးမရဲ့အပြစ်ပါ၊ အရှင်မ ဆုံးမမယ်ဆိုလည်း ဆုံးမသင့်ပါတယ်”

[ဟမ် !! လင်းချင်ချင်က ဘာလို့ လဲကျသွားတာလဲ ? ဒီလက်ဘက်စိမ်းမကတော့ လှည့်ကွက်တွေ ထုတ်သုံးနေပြီ! ရှိတဲ့နတ်ဘုရားတွေအားလုံး ဒီလက်ဖက်စိမ်းမရဲ့ပါးစပ်ကို ဆွဲဖြဲပေးတော်မူပါ!]

ဒီအသံကို ထပ်ကြားရပြန်ပြီ!

ယွဲလင်း မျက်နှာထား ပိုမိုအေးစက်သွားခဲ့သည်။

လက်ဖက်စိမ်းမ ဟုတ်လား ? လက်ဖက်စိမ်းမ ဆိုတာ ဘာကို ပြောတာလဲ ??

သူ့ခေါင်းတွေ ကာလရှည်ကြာစွာကိုက်ခဲခဲ့တာကြောင့် ခံနိုင်ရည်မရှိတော့ဘဲ ရူးများ ရူးသွပ်သွားပြီလား ??

“အရှင်မင်းကြီး”

ကျန်းကျီမြောင် ကိုယ်လုပ်တော်များအား ဦးဆောင်ပြီး ယွဲလင်းအား ဂါဝရပြုခဲ့သည်။

ယွဲလင်း ကျန်းကျီမြောင်အား ရုတ်တရက် အံ့အားသင့်စွာ ကြည့်လိုက်သည်။

ဒီအသံနဲ့ ခုနက သူနားကြားမှားတယ်လို့ထင်ခဲ့တဲ့ အသံက တစ်ထပ်တည်းပဲ!

အဲ့ဒီစကားတွေကို ကျန်းကျီမြောင် ပြောခဲ့တာလား ? ဒါမှမဟုတ် သူပဲ ရူးပြီး ကြားချင်ရာ လျှောက်ကြားနေတာလား ?

ယွဲလင်း ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“ထိုင်ကြ”

ကျန်းကျီမြောင် ချက်ချင်းပြန်မတ်လိုက်ပြီး ထိုင်ခုံပေါ် ပျင်းရိပျင်းတွဲ ပြန်ထိုင်နေလိုက်သည်။

သူမ အမူအရာကိုကြည့်ရင်း ယွဲလင်း ဒေါသထွက်လွန်းသဖြင့် ရယ်ပင်ရယ်ချင်သွားမိသည်။

“မိဖုရားကြီး”

ယွဲလင်း ကျန်းကျီမြောင်အား အပြုံးဖြင့်ခေါ်လိုက်သည်။

“ဒီလထဲ နန်းတွင်းရေးရာကိစ္စတွေနဲ့ ကျန်း အလုပ်များနေတုန်း ကိုယ်လုပ်တော်တွေကို ကောင်းကောင်းစီမံနိုင်ခဲ့သားပဲ”

[စကားပြောတာကိုက မထိတထိနဲ့! လက်ဖက်စိမ်းမလေးအတွက် တရားမျှတမှု လိုချင်တယ်ပေါ့လေ ဟုတ်လား ? ထင်ထားပြီးသားပါ၊ ဒီကြင်ယာတော်လင်းလေးက သူ့ကို တစ်နေ့လုံး တစ်ညလုံးပြုစုနေရတာတောင် အခုထိ အပျို ရည်မပျက်သေးဘူး၊ အဲ့တာကြောင့် အရှင်မင်းကြီး ပန်းသေနေတဲ့အကြောင်း ကြင်ယာတော်လင်းထက် တခြား ဘယ်သူကများ ပိုသိနိုင်မှာလဲ ? ဒါပေမယ့် တခြားကိုယ်လုပ်တော်တွေဆီ မကြွမြန်းရတဲ့အကြောင်းအရင်းကို ဖုံးဖိဖို့အတွက် ကြင်ယာတော်လင်းကို ဒိုင်းအဖြစ် အသုံးချရမှာ မဟုတ်လား ? အဲ့တော့ သူ သေချာပေါက်ကာကွယ်ပေးရမှာပေါ့]

ယွဲလင်းမျက်နှာ ချက်ချင်းပြောင်းလဲသွားခဲ့သည်။

ထပ်ကြားရပြန်ပြီ!

ကျန်းကျီမြောင်အသံကို နောက်တစ်ခေါက်ထပ်ကြားခဲ့ရပြန်သည်။

ကျန်းကျီမြောင်၏နှုတ်ခမ်းအား ယွဲလင်း သေချာစောင့်ကြည့်နေခဲ့သည်။ ဒီတစ်ခါတော့ ကျန်းကျီမြောင် ပါးစပ် လုံးဝ မဟခဲ့မှန်း သေချာသွားရသည်။

သူတကယ် ရူးနေပြီဆိုရင်တောင် ကျန်းကျီမြောင်၏အသံတစ်သံတည်းကိုသာ ကြားနေရခြင်းမှာ ထူးဆန်းသည်။

ယွဲလင်းက အေးစက်စွာမေးလိုက်သည်။

“ကျန်းရဲ့မိဖုရားက ဘာပြောချင်လို့လဲ”

ကျန်းကျီမြောင် ခေါင်းလေးငုံ့လျက် တွန့်ဆုတ်စွာ မတ်တပ်ရပ်လိုက်သည်။

[ဒီအရှင်မက ဘာပြောချင်ရဦးမှာလဲ ? ရှင်က ရန်ဖြစ်ချင်နေတာ မဟုတ်ဘူးလား ? ဒီအရှင်မက နေ့တိုင်းမနက်တိုင်း စောစောအိပ်ရာထပြီး ဘဝကို ခက်ခက်ခဲခဲရှင်သန်နေရတာ၊ ပြီးတော့ ယောက်ျားတန်မဲ့ ရွဲ့စောင်းပြီး မထိတထိ ပြောတာတွေကိုလည်း နားထောင်ရသေးတယ်၊ ပြီးတော့ %#$!$%#$%$#...]

ကျန်းကျစ်မြောင် စိတ်ထဲမှ ဒေါသတကြီးပြောဆိုပစ်လိုက်သည်။

သို့သော် သူ့ နှုတ်မှထွက်ကျလာသည့် စကားမှာတော့ တစ်ကြောင်းတည်းသာ။

“ကျွန်တော်မျိုးမှ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တောင် ခွန်အားမဲ့လွန်းလှပါတယ်”

ယွဲလင်း နှုတ်ခမ်းများပင် တွန့်သွားရ၏။

ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တောင် ခွန်အားမဲ့လွန်းတယ် ဟုတ်စ ??

မင်းစိတ်ထဲမှာ မင်းကိုယ် မင်း အကြိမ် ၁,၀၀၀ လောက် ကာကွယ်ပြီးသွားပြီ မဟုတ်ဘူးလား!

ကျန်းကျီမြောင်၏ဆဲဆိုဝေဖန် ကြိမ်းမောင်းသံများကြောင့် ယွဲလင်း အာရုံထဲ မူးနောက်သွားခဲ့ရသည်။

“အရှင်မင်းကြီး! အရှင်မကို အပြစ်မတင်လိုက်ပါနဲ့! ကျွန် တော်မျိုးမ တကယ် ဘာမှမဖြစ်ပါဘူး”

လင်းချင်ချင် ရုတ်တရက် ဝင်ပြောလိုက်သည်။ စကား ပြောရင်း ချောင်းလေးလည်း တစ်ခါ နှစ်ခါလောက်ဆိုးပြလိုက်သေးသည်။

ယွဲလင်းက လင်းချင်ချင်အား ငုံ့ကြည့်လျက် တည်ငြိမ်သောလေသံဖြင့် ပြောလိုက်သည်။

“မင်းက ကျန်းမာရေးကောင်းနေတာ မဟုတ်ဘူး၊ ဒီကို နေ့တိုင်းလာပြီး ဂါဝရပြုစရာမလိုဘူး၊ နန်းဆောင်မှာ စောစော ပြန်နားလိုက်၊ ကြင်ယာတော်လင်းကို နန်းဆောင်ဆီ အမြန် ပြန်ပို့ပေးလိုက်ကြစမ်း!”

လင်းချင်ချင် မျက်နှာထက် ရှက်သွေးဖြာမှုအရိပ်အယောင် ပေါ်လာခဲ့သည်။ သူ့အား အခြွေအရံတစ်ပါးမှ လာထူပေးခဲ့သည်။ ထို့နောက် ကျန်းကျီမြောင်အား သရော်ပြုံးပြုံးကာ ကြည့်လိုက်ပြီး အင်အားချည့်နဲ့စွာ ထွက်ခွာသွားတော့ သည်။

ကျန်းကျီမြောင် မျက်လုံးလှန်လိုက်မိသည်။

[ဒီကြင်ယာတော်လင်းက သူ့ကိုယ် သူ အဟုတ်ကြီးမှတ်နေတာ ကြည့်ပါဦး၊ နင် သိပ်ဂုဏ်ယူနေတဲ့ ပန်းသေ ပန်းညိုးဧကရာဇ်မင်းကြီးကို ဘယ်ကိုယ်လုပ်တော်မှ စိတ်ဝင်စားမှာမဟုတ်တော့ဘူး၊ ကျွတ်~ ကျွတ်~ ကျွတ်~ ပန်းကလေးလိုလှတဲ့ ကိုယ်လုပ်တော်လေးတွေအတွက်တော့ သနားစရာပဲ]

ကိုယ်လုပ်တော်များအားလုံးလည်း ဝမ်းနည်းညှိုးငယ်စွာ ခေါင်းလိုက်ညိတ်လိုက်ကြသည်။

ပန်းသေတယ်တဲ့!

အဲ့အသံ ထပ်ကြားရပြန်ပြီ!

ယွဲလင်းမျက်နှာ အတော်လေးမှောင်မိုက်လာခဲ့သည်။

နားကြားမှားတာဖြစ်ဖြစ် အမှန်တကယ်ဖြစ်ဖြစ် သူ သည်းမခံနိုင်တော့ချေ။

“မိဖုရားကြီး!”

ယွဲလင်း သွေးအေးစွာခေါ်လိုက်သည်။

“မင်းက နန်းတော်ရဲ့ဧကရီမိဖုရားကြီးဆိုတာ သတိရဦး! စကားပြောတာ ဆင်ခြင်ပါ!”

ကျန်းကျီမြောင် ခေါင်းထက်မေးခွန်းသင်္ကေတတစ်ခု ပေါ် လာလေသည်။

[အချိန်အကြာကြီး ပန်းသေနေခဲ့လို့ ဒီဧကရာဇ်မင်းကြီး မိန်းမစိတ်များ ပေါက်သွားပြီလား ? ကတ်သီးကတ်ဖဲ့ ပြောနေလိုက်တာများ ကြည့်ပါဦး၊ ကျွန်တော်မျိုးမ နှုတ်က ထုတ်ပြောမိတာဆိုလို့ ကိုယ့်ကိုကိုယ် ကာကွယ်ဖို့တောင် ခွန်အားမဲ့နေပါတယ်ဆိုတဲ့ တစ်ခွန်းပဲ ပြောမိလိုက်တာပါ၊ အဲ့တာ စကားပြောဆင်ခြင်တာ မဟုတ်လို့ ဘာလဲ ? ထားလိုက်ပါတော့လေ၊ သူနဲ့ မငြင်းတာ အကောင်းဆုံးပဲ၊ ဘာပဲဖြစ်ဖြစ် သူက နဂိုကတည်းက အတွင်းထဲမှာ ခံစားနေရတဲ့လူပဲဥစ္စာ!]

ကျန်းကျီမြောင် စိတ်ထဲမှသက်ပြင်းချလိုက်ပြီး ဦးညွှတ်ဂါဝရပြုလိုက်သည်။

“အရှင်မင်းကြီးရဲ့ဆိုဆုံးမမှုကို ကျွန်တော်မျိုးမ တလေးတစားလိုက်နာပါ့မယ်”

ယဉ်ကျေးလိမ္မာနေသည့် ကျန်းကျီမြောင်၏အသွင်သဏ္ဌာန်ကို ကြည့်ရင်း ယွဲလင်း အေးစက်စွာပြုံးလိုက်ပါသည်။

“မိဖုရားကြီး နားလည်တယ်ဆိုရင် ကောင်းတာပေါ့၊ ဒီနေ့ည ဖုန့်ယီနန်းဆောင်မှာ ညစာသုံးဆောင်မယ်၊ မိဖုရားကြီး မသင့်တော်တာ ဘာမှ မလုပ်မိပါစေနဲ့”

ထိုအသံတွေကို ဘာကြောင့်ကြားနေရမှန်း ယွဲလင်း မသိပါ။ သို့သော် ကျန်းကျီမြောင် အသံဖြစ်တာတော့ သေချာသဖြင့် သူမနှင့် တစ်ခုခုပတ်သတ်နေပေလိမ့်မည်။

ဒီနေ့ညက ဒီမိန်းမရဲ့လျှို့ဝှက်ချက်တွေကို စုံစမ်းဖော်ထုတ်ဖို့အချိန်ကောင်းပဲ။

ထိုသို့ဖြင့် ယွဲလင်း လှည့်ထွက်သွားခဲ့သည်။

ကျန်းကျီမြောင်လည်း ခုံပေါ်မှာ ပျင်းရိပျင်းတွဲပြန်ထိုင်နေလိုက်သည်။ ထို့နောက် ကိုယ်လုပ်တော်များအား စိတ်မပါလက်မပါ မိန့်ကြားလိုက်သည်။

“နောက်ကျနေပြီ၊ လုပ်ချင်တာ သွားလုပ်ကြတော့လေ”

ကိုယ်လုပ်တော်များအားလုံး ဂါဝရပြုကာထွက်ခွာသွားကြတော့သည်။

အားလုံး၏မျက်နှာထားများမှာ ရှုပ်ထွေးနေကြသည်။

ဧကရီမိဖုရားကြီးထံ တစ်လကျော်လောက် အခစားဝင်ပြီးနောက် ကိုယ်လုပ်တော်တွေအားလုံးနီးပါး ဧကရီမိဖုရားကြီး၏အတွေးတွေကိုကြားနေရမှန်း အချင်းချင်းကောင်း ကောင်း သိနေကြပြီဖြစ်သည်။

သို့သော်… လူတစ်ယောက်ကတော့ ခြွင်းချက်ဖြစ်နေခဲ့သည်။

လင်းချင်ချင်၏အပြုအမူများနဲ့ တုန့်ပြန်မှုတွေကို အကဲ ခတ်ကြည့်ရသလောက် ဧကရီမိဖုရားကြီး၏အတွေးများကို သူမ ကြားရပုံမပေါ်ပေ။

လင်းချင်ချင် တစ်ယောက်တည်း ဘာကြောင့်ကွက်ပြီး မကြားရတာလဲဆိုတာကိုလည်း သူမတို့ မသိကြပါ။

ယနေ့ကြားခဲ့ရသည့် အတင်းအဖျင်းများအားလုံးအံ့အား သင့်စရာကောင်းလှသည်။ တုန်လှုပ်စရာအကောင်းဆုံးက နောက်ဆုံးသိလိုက်ရသော အတင်းအဖျင်းသာ။

လက်ရှိဧကရာဇ်မင်းကြီးက ပန်းသေနေတာတဲ့လား!

ထိုအကြောင်းကိုသာမသိခဲ့လျှင် ဒီနေ့ည ဧကရီမိဖုရားကြီး၏နန်းဆောင်ထံသို့ အရှင်မင်းကြီးကြွမြန်းမည်အား သူမတို့ အနည်းငယ်မနာလို ဖြစ်မိလောက်သည်။

သို့သော် ယခုမူ…

ရင်ထဲဝမ်းနည်းများသာ ကျန်ရှိတော့သည်။

အရှင်မင်းကြီး ပန်းသေနေမှတော့ တစ်ယောက်နဲ့ တစ်ယောက်ယှဉ်ပြိုင်နေလို့လည်း ဘာထူးတော့မှာလဲ…

သူတို့မှာ ဘာအနာဂတ် ရှိသေးလို့လဲ…

“ညီမလေး ငါတို့…”

ကြင်ယာတော်ချန်ရှုယိက ကြင်ယာတော် အန်းကျောက်ရီအား မျက်နှာလို မျက်နှာရလုပ်ကာကြည့်လိုက်သည်။

ကြင်ယာတော်အန်းကျောက်ရီကတော့ သူမအား လှောင် ပြုံးပြုံးပြကာ မျက်စောင်းထိုးလျက် ချက်ချင်းလှည့်ထွက်သွားခဲ့သည်။

ကြင်ယာတော်ချန်ရှုယိတစ်ယောက် စိတ်ပျက်အားလျော့စွာကျန်ရစ်ခဲ့ရတော့သည်။

သူမနှင့် အန်းကျောက်ရီတို့ကြားဆက်ဆံရေးမှာ အရင်လို ပြန်ဖြစ်နိုင်တော့မည်ဟုမထင်ပေ။

All Chapters