ကျန်းကျီမြောင်သည် ယုံမင်းဆက်သို့ အတင်းအဖျင်းစနစ်အားယူဆောင်လာပြီး လက်ရှိဧကရီမိဖုရားကြီးဖြစ်လာခဲ့သည်။ အရှင်မင်းကြီး၏နန်းတော်ထဲရှိ ကိုယ်လုပ်တော်များသည်အမှောင်ထုထဲ၌ ရှုပ်ထွေးနေသည်။ “ဘာ… ချန်ရှုယိနဲ့ အန်းကျောက်ရီတို့က ညီအစ်မတွေလိုပဲဆိုပြီး တကယ့်ညီအစ်မတွေ ဖြစ်နေတာလား ? စစ်သူကြီးအန်းခေါင်းပေါ်မှာ ဧရာမဦးထုပ်စိမ်းကြီး ဆောင်းထားရပြီပေါ့!” “ကြင်ယာတော်သဲ့က တကယ်တမ်းကျတော့ အနံ့ဆိုးထွက်တဲ့ ခြေအိတ်နံ့တွေကို ရှူရကိုတာ သဘောကျတာ!” “အရှင်မင်းကြီးက အလေးအနက်ထားမြတ်နိုးနေတဲ့ ကြင်ယာတော်လင်းက သူ့ရင်ထဲမှာ တစ်ခြားချစ်ရသူတစ်ယောက် ရှိနေတာတဲ့!" “ဂုဏ်သိက္ခာကြီးမားပြီးတည်ကြည်လှပေ့ဆိုတဲ့ ဧကရီမယ် တော်ကြီးတောင်မှ တိတ်တိတ်ပုန်းချစ်သူတစ်ယောက်ရှိနေသတဲ့!” နန်းတော်တစ်ခွင်လုံး အတင်းအဖျင်းများပျံ့နှံ့နေပြီး အရှင် မင်းကြီး၏ကိုယ်လုပ်တော်များသည် စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ပျော်ရွှင်နေကြသည်။ ထိုအတင်းအဖျင်းစနစ်နှင့်အတူ စွဲမက်ဖွယ်ကောင်းသော ရုပ်သံဇာတ်လမ်းတွဲများလည်းပါလာခဲ့သည်။ ဧကရာဇ်ယွဲ့လင်းသည် ပထမဆုံးည၌ ဧကရီမိဖုရားကြီး၏ နန်းဆောင်ထဲသို့ ကြွရောက်လာခဲ့သည်။ ဖယောင်းတိုင်မီးရောင်သည် နူးညံ့ညင်သာပြီး အခြေအနေမှာအလွန်ကောင်း မွန်နေသည်။ ကျန်းကျီမြောင် Horror ဇာတ်လမ်းအားဖွင့်ချလိုက်သည်။ ထိုရုပ်ရှင်သည် တိုက်ရိုက်ထုတ်လွှင့်နေသည့်အတွက် ဧကရာဇ်ယွဲ့လင်း တစ်ကိုယ်လုံး ချွေးတွေရွှဲကာ တောင့်တင်းသွားပြီး ကာမစိတ်ဆန္ဒများ ချက်ချင်းဆိုသလိုပျောက်ကွယ်သွားခဲ့ရသည်။ ကျန်းကျီမြောင် နှစ်သိမ့်လိုက်သည်။ “စိတ်မပူပါနဲ့၊ အရှင်မင်းကြီး၊ ကျွန်မက ဒီကိစ္စတွေကိုဂရုမစိုက်ပါဘူး၊ စောင်လေးခြုံပြီး အတူတူစကားပြောတာ ပိုကောင်းပါတယ်” အင်ပါယာယွဲ့လင်းသည် သွားများကိုကြိတ်လိုက်သည်။ သူ့ အတွက်တော့ လုံးဝ မကောင်းဘူး! ကျန်းကျီမြောင် ရုပ်သံဇာတ်လမ်းတွဲများကြည့်ရင်း အတင်း အဖျင်းများပြောနေလေသည်။ * Dream of the Red Chamber * New Three Kingdoms * Legend of Zhen Huan * Nirvana in Fire ကိုယ်လုပ်တော်များအားလုံးသည်လည်း ထိုရုပ်သံဇာတ်လမ်းတွဲများနှင့် ရူးသွပ်နေကြသည်။ ကြင်ယာတော်လင်းမှ “ကြင်ယာတော်သဲ့၊ ရှင်ကသာ နန်းဆောင်ကို အုပ်စိုးသင့်တယ်လို့ ကျွန်မ ထင်တယ်” ကြင်ယာတော်သဲ့က ဒေါသတကြီးအော်ဟစ်လိုက်သည်။ “ထွက်သွားစမ်း!” ရုပ်သံဇာတ်လမ်းတွဲကြည့်နေခြင်းအား မည်သူမှလာမတားရဲကြချေ။ တစ်နေ့တွင် ဧကရာဇ်ယွဲ့လင်းသည် ကိုယ်လုပ်တော်အန်း၏ နန်းဆောင်သို့ရောက်ရှိလာသည်။ ကိုယ်လုပ်တော်အန်း “အရှင်မင်းကြီး၊ နောက်တစ်ခါ မကြွချီလာပါနဲ့တော့၊ အရှင်မ အထင်လွဲမှာကို ကျွန်မ စိတ်ပူမိပါတယ်” ဧကရာဇ်ယွဲ့လင်း: “???” ဒါ ငါ့ နန်းတော်လား ? ဧကရီမိဖုရားကြီးရဲ့နန်းတော်လား! နန်းတော်တစ်ခွင်လုံးသည် ဖရဲသီးစားခြင်းနှင့် ရုပ်သံဇာတ် လမ်းတွဲများ ကြည့်ရှုခြင်းတို့ဖြင့်ပြည့်နှက်နေသည်။ ပျင်းရိ ပျင်းတွဲနေသောဧကရီမိဖုရားကြီးသည် အဆုံးတွင် အနိုင်ရရှိသူဖြစ်သွားခဲ့လေသည်။

