← Chapters

👑 Chapter 188 👑 The Man Named Dong Xiao

Vol. 19 Ch. 188

👑 Chapter 188 👑 The Man Named Dong Xiao

Vol. 19 Ch. 188

မြို့တော်ပြင်ပတွင်…

တုံရှောင်း၏စစ်တပ် တခမ်းတနား ရောက်ရှိလာသောအခါ ရှဲ့ချန်းကလည်း စစ်ဗျူဟာကို အခိုင်အမာ တည်ဆောက်ပြီးနေပြီ ဖြစ်သည်။

ယွဲ့လင်း ကျန်းကျီမြောင်နှင့်အတူ ဗဟိုကွပ်ကဲမှု ရွက်ဖျင်တဲထဲသို့ ဝင်လာခဲ့ပါသည်။

“အရှင်မင်းကြီးတုံရှောင်းရဲ့ စစ်တပ်က လက်ရှိမှာ အနားယူပြီး အင်အားပြန်လည်ဖြည့်တင်းနေပါတယ် မကြာခင် တိုက်ခိုက်တော့မယ်လို့ ယူဆရတယ်”

ရှဲ့ချန်းတိုးညှင်းစွာ လျှောက်တင်လိုက်သည်။

“ဒီမှာ အန္တရာယ်များလို့ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ ပြန်လည်ကြွမြန်းသင့်ပါတယ်”

ယွဲ့လင်း လေးနက်စွာ မေးမြန်းလိုက်သည်။

“တုံရှောင်းစစ်တပ်ရဲ့ စိတ်ဓာတ်ရေးရာ အခြေအနေက ဘယ်လိုရှိလဲ”

ရှဲ့ချန်း အနည်းငယ်စိတ်ပျက်သွားပြီး လျှောက်တင်လိုက်သည်။

“အဲ့ဒီတုံရှောင်းက နှောင်းဧကရာဇ်မင်းကြီးရဲ့ သေတမ်းစာအမိန့်တော်ကို အသုံးချထားတာ၊ အဲ့တာကြောင့် တပ်သားတွေ အားလုံးသွေးကြွနေကြတယ်၊ စစ်ချီလာတဲ့ လမ်းတစ်လျှောက်လုံးမှာလည်း မင်းဆိုးမင်းညစ်ကို သုတ်သင်ဖို့၊ မင်းကောင်းမင်းမြတ်ကို ကြိုဆိုဖို့ ဆောင်ပုဒ်တွေ ကြွေးကြော်ခဲ့ကြတယ်၊အဲ့တာကြောင့် သူတို့ရဲ့ အရှိန်အ ဟုန်က အတော်လေးကြီးမားနေပါတယ်”

ရှဲ့ချန်း ဘယ်ညာ အကဲခတ်လိုက်ပြီး တိုးညှင်းစွာ လျှောက်တင်လိုက်သည်။

“အဲ့ဒီ သေတမ်းစာ အမိန့်တော်က ဒီငယ်သားတို့ရဲ့ လူတွေအပေါ်မှာပါ သက်ရောက်မှုတချို့ရှိနေတယ် အရှင်မင်းကြီး”

ဒါအံ့ဩစရာတော့မဟုတ်ပါ။

နှောင်းဧကရာဇ်မင်းကြီးက နှစ် ၃၀ ကြာအောင် ထီးနန်းကို ပိုင်ဆိုင်ခဲ့သူဖြစ်သည်။

ယွဲ့လင်းကမး နန်းတက်လာတာ တစ်နှစ်ပင်မပြည့်သေးပါ။

ဒီလိုအချိန်တိုအတွင်း ယွဲ့လင်းအောင်မြင်မှုတွေအများကြီး ရရှိခဲ့သော်လည်း တစ်ဖက်မှာ ယွဲ့ဟွာအင်အားစုများကို ဖိနှိပ်နေရသလို တစ်ဖက်မှာလည်း သူ့ကိုယ်ပိုင်အင်အားစုတွေကို တည်ဆောက်ရင်း အလုပ်များခဲ့ရသည်။

ယွဲ့လင်း ပြဌာန်းထားသည့် မူဝါဒများက ကောင်းမွန်သော် လည်း အချိန်တိုအတွင်း သက်ရောက်မှုရှိဖို့ဆိုတာကတော့ မဖြစ်နိုင်ပေ။

ရှဲ့ချန်းရင်ထဲ အနည်းငယ် ခါးသီးသွားခဲ့သည်။

နောက်ထပ် ၂ နှစ်လောက်၊ သို့မဟုတ် ၆ လ၊ ၁ နှစ်လောက်သာ အချိန်ထပ်ပေးလိုက်လျှင် အရှင်မင်းကြီး၏ အစွမ်း အစနှင့်သာဆို လူတိုင်းရဲ့ ယုံကြည်မှုကိုရရှိမှာ သေချာသည်။

ထိုအခါ တုံရှောင်း ဘယ်လိုသေတမ်းစာအမိန့်တော်မျိုးကိုပဲ ထုတ်ပြပါစေ မည်သူမှ နာခံကြတော့မည် မဟုတ်ပါ။

ယခု သူတို့အတွက် အားနည်းချက်သည် ယွဲ့လင်း နန်းသက် တိုတောင်းနေခြင်းဖြစ်သည်။

သို့သော် ယွဲ့လင်းကတော့ တည်ငြိမ်နေဆဲဖြစ်ကာ မိန့်လိုက်သည်။

“ကိစ္စမရှိပါဘူး”

ထို့နောက် နောက်လှည့်ကာ အမိန့်တစ်ခုပေးလိုက်သည်။

သိပ်မကြာလိုက်ဘဲ တပ်မှူးတုသည် မယ်တော်ကြီးနှင့် မင်းသားအန်းဟယ်တို့ကို ရွက်ဖျင်တဲထဲ ခေါ်လာခဲ့လေသည်။

မယ်တော်ကြီးက အတော်မှိုင်တွေနေဆဲဖြစ်ပြီး စိတ်နဲ့လူနဲ့မကပ် ဖြစ်နေပုံရသည်။

တစ်ဖက်မှာတော့ ယွဲ့ဟွာမှာ ဟန်ပင်မဆောင်နိုင်တော့ဘဲ ယွဲ့လင်းကို အဆိပ်ပြင်းစွာကြည့်နေသည်။

ရှဲ့ချန်း မယ်တော်ကြီးကို လျစ်လျူရှုလိုက်ပြီး ယွဲ့ဟွာကိုကြည့်ရင်း မျက်လုံးများအရောင်လက်သွားပါသည်။

“အရှင်မင်းကြီး! အခု… တုံရှောင်းတို့ရဲ့ ‘မင်းသစ်နန်းတင်ရေး’ ရည်မှန်းချက်ကို ဖျက်ဆီးဖို့အတွက် မင်းသားအန်းဟယ်ကို ကွပ်မျက်ပစ်တော့မှာလား”

ယွဲ့ဟွာ မျက်နှာပြောင်းလဲသွားခဲ့သည်။

မယ်တော်ကြီးလည်း အသိစိတ်ပြန်ကပ်လာပြီး အမြန်သတိပေးလိုက်သည်။

“အဲ့လိုလုပ်လို့ မရဘူးနော်!”

ယွဲ့ဟွာ အံကြိတ်လျက် ပြောလိုက်သည်။

“ဒီညီတော့်ကို အစ်ကိုတော်ကွပ်မျက်လိုက်ရင် ခမည်းတော်ရဲ့ သေတမ်းစာထဲမှာရေသားထားတဲ့ အချက်တွေကို အတည်ပြုလိုက်သလို ဖြစ်မသွားဘူးလာ၊ ဒီညီတော့်ကို ကြောက်ရွံ့တဲ့အတွက် အစ်ကိုတော် ကွပ်မျက်ပစ်လိုက်တာလို့ ထင်သွားကြလိမ့်မယ်!”

“အဲ့ဒီအခါ တုံရှောင်းရဲ့စစ်တပ်က စစ်သွေးပိုကြွသွားပြီး ပြည်နယ်အသီးသီးက စစ်သူကြီးတွေလည်း အခွင့်အရေးကို အရယူပြီး ပုန်ကန်ကြလိမ့်မယ်! ယုံမင်းဆက်တစ်ခုလုံး ဗရုတ်သုက္ခဖြစ်သွားတော့မှာနော်!”

ယွဲ့ဟွာ သိပ်ပြီးစိတ်မပူသေးပါ။

ယွဲ့လင်းလက်ထဲ ကျရောက်သွားပြီဖြစ်သော်လည်း သူ့မှာ အကြီးမားဆုံးအားသာချက်တစ်ခု ရှိနေပါသေးသည်။

ယုံမင်းဆက်မှာ နယ်စားစနစ်ကို ကျင့်သုံးရာတွင် တုံရှောင်းအပြင် အခြားနယ်စားစစ်သူကီုး ကိုးဦးတိတိကျန်ရှိနေပါသေးသည်။

လောလောဆယ်မှာတော့ တုံရှောင်းတစ်ဦးတည်းကသာ ပုန်ကန်နေခြင်းဖြစ်သည်။

သို့သော် တုံရှောင်းပုန်ကန်မှုမှ ရလဒ်ကောင်းတွေ ထွက်လာလျှင် အခြားတိုင်းမှူးတွေလည်း လှုပ်ရှားလာနိုင်သည်။

ထိုအခါ နှောင်းဧကရာဇ်မင်းကြီး၏သေတမ်းစာအမိန့်တော်ကို အသုံးချပြီး ဒုတိယတုံရှောင်းတွေ အချိန်မရွေး ထွက်ပေါ်လာနိုင်ပါသည်။

ယွဲ့ဟွာ သေတာရှင်တာက အဓိကအချက်မဟုတ်တော့ပါ။ အဓိကအချက်က နှောင်းဧကရာဇ်မင်းကြီး၏သေတမ်းစာ အမိန့်တော်ဖြစ်သည်။

ယွဲ့လင်း တည်တည်ငြိမ်ငြိမ် နားထောင်ရင်းရွဲ့ပြုံးပြုံးလိုက်မိသည်။

သူ့ခမည်းတော်ကတော့…

တစ်ကိုယ်ကောင်းဆန်သည့် အကျိုးအမြတ်အတွက် ဒီလိုအမိန့်မျိုး မဆိုင်းမတွပေးခဲ့သည်။

ထိုအမိန့်တော်ကြောင့် တစ်တိုင်းပြည်လုံး ဖရိုဖရဲဖြစ်ပြီး ယုံမင်းဆက်မှာ ပြည်တွင်းစစ်မီး ဟုန်းဟုန်းတောက်လောင်မှာကို ခမည်းတော်ထည့်တွက်ခဲ့ရဲ့လား။

ထည့်တွက်ခဲ့မှာ သေချာပါသည်။ သို့သော်…

ယွဲ့ဟွာ ထီးနန်းကို ပိုင်ဆိုင်ရဖို့အတွက်နဲ့ နှောင်းဧကရာဇ်မင်းကြီး ဘာမှအရေးမစိုက်ဘဲ လုပ်ခဲ့ခြင်းသာဖြစ်လိမ့် မည်။

တိုင်းပြည်၏အသက်ဝိညာဉ်ဖြစ်သော ယုံမင်းဆက် တိုင်း သူပြည်သားတွေက သူ့ ‘အချစ်စစ်’ရဲ့ ရင်သွေးလေးလောက် အရေးမပါခဲ့ပေ။

ခမည်းတော်၏ဆုံးဖြတ်ချက်ကတော့ ချီးကျူးထိုက်ပါပေသည်။

တစ်ချိန်တုန်းက နှောင်းဧကရာဇ်မင်းကြီး၏ အသိအမှတ် ပြုမှုကို ယွဲ့လင်း အသည်းအသန် မျှော်လင့်ခဲ့ဖူးသည်။ ယွဲ့ဟွာလိုပဲ နှောင်းဧကရာဇ်မင်းကြီးကိုယ်တိုင်ပညာသင်ကြားပေးမှုကို ခံယူချင်ခဲ့သည်။

သို့သော် ယခုသေချာပြန်စဉ်းစားကြည့်မှ နှောင်းဧကရာဇ်မင်းကြီး၏ပညာသင်ကြားပေးမှုကို မခံခဲ့ရတာ ကံကောင်း သည်ဟုပင် ဆိုနိုင်လေသည်။

“မင်းသားအန်းဟယ်ကို ကွပ်မျက်တာ မကွပ်မျက်တာက အရေးမကြီးပါဘူး”

ယွဲ့ဟွာကို လျစ်လျူရှုလိုက်ပြီး ရှဲ့ချန်းကို ယွဲ့လင်း မိန့်လိုက်သည်။

“သူ့ကို ကွပ်မျက်လိုက်ရင် တုံရှောင်းစစ်တပ်က ပုန်ကန်လိမ့်မယ်၊ မကွပ်မျက်ရင်လည်း ပုန်ကန်ကြဦးမှာပဲ”

ရှဲ့ချန်းခေါင်းညိတ်လိုက်သည်။

“ဒါဆို အရှင်မင်းကြီးက ဘယ်လိုရည်ရွယ်ထားလဲ”

ယွဲ့လင်းတည်ငြိမ်စွာ မိန့်လိုက်သည်။

“တုံရှောင်းရဲ့ စခန်းဆီ တမန်တော် စေလွှတ်လိုက်၊ ကျန်းကိုယ်တိုင် ဒီစစ်တပ်ကို ဦးဆောင်လာတာဖြစ်ပြီး အဲ့ဒီသေ တမ်းစာအမိန့်တော်ရဲ့ စစ်မှန်မှုကိုအတည်ပြုချင်တယ်လို့ ပြောလိုက်ပါ”

ဘေးမှ နားထောင်ရင်း ကျန်းကျီမြောင် မျက်လုံးများ အရောင်လက်သွားခဲ့သည်။

ပုံမှန်ဆို တိုင်းရေးပြည်ရေးတွေကို သူမ ဂရုမစိုက်သော် လည်း အခုတော့ နားလည်သွားတာတစ်ခု ရှိသည်။

ဒီပဋိပက္ခမှာ အဓိကသော့ချက်က ယွဲ့ဟွာမဟုတ်ဘဲ သေတမ်းစာအမိန့်တော်ဖြစ်သည်။ ထိုသေတမ်းစာအမိန့် တော်က အတုဖြစ်ကြောင်း သက်သေပြလိုက်လျှင် စစ်တပ်ထောက်ခံမှုကို တုံရှောင်း ဆုံးရှုံးရလိမ့်မည်။

တုံရှောင်းနဲ့အတူ မြို့တော်တံတိုင်းများရှေ့သို့ အတူ ချီတက်လာဖို့ ထိုတပ်သားတွေသဘောတူခဲ့ရသည့် အကြောင်းအရင်းက ဒီလုပ်ရပ်ကို ပုန်ကန်သည့်လုပ်ရပ်ဟု မခံစားရတာကြောင့်ဖြစ်သည်။ နှောင်းဧကရာဇ်မင်းကြီး၏ အမှားကို သူတို့က အမှန်ပြင်ပေးနေတာဖြစ်ည်ဟု ယုံကြည်ထားကြသည်။

အသေးစိတ်ကျသော စီမံမှုများကြောင့် ထိုတပ်သားများက နှောင်းဧကရာဇ်မင်းကြီးအပေါ်မှာ သစ္စာအရှိဆုံးဖြစ်ကြသည်။ ထို့ကြောင့် သေတမ်းစာအမိန့်တော်ကို အသုံးချပြီး ထိုတပ်သားများကို ကျိန်းသေပေါက် စည်းရုံးနိုင်လိမ့်မည်ဟု ယုံကြည်ခဲ့ခြင်းဖြစ်ပါလိမ့်မည်။

ထိုသေတမ်းစာအမိန့်တော်က…

ကျန်းကျီမြောင် နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာသည်။

သူမမ့ာ မယ်တော်ကြီးနှင့် တုံရှောင်းတို့အတွက် ပြင်ဆင်ထားသည့် ရုပ်ရှင်ကြည့်အဆောင် နှစ်ခုရှိနေပါသေးသည်။

နှစ်ယောက်စလုံးကို တုန်လှုပ်စရာအမှန်တရားတစ်ခု ပြချိန်တန်လေပြီ။

“အရှင်မင်းကြီး၊ ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ယွဲ့ဟွာက အရှင် မင်းကြီးရဲ့ ညီတော်အရင်းပါ! သူ့ကို အလွယ်တကူ ကွပ်မျက်လိုက်လို့ မဖြစ်ဘူး!”

မယ်တော်ကြီး စိုးရိမ်ပူပန်စွာ ပြောလိုက်သည်။

ယွဲ့လင်းကမူ မယ်တော်ကြီးကို တည်ငြိမ်စွာသာကြည့်လိုက်ပါသည်။

“မယ်တော်နဲ့ တုံရှောင်းတို့ အရင်တုန်းက ငယ်ချစ်ဦးတွေဖြစ်ခဲ့ကြဖူးတယ်ဆို၊ တစ်ယောက်ကိုတစ်ယောက် မတွေ့ရတာ နှစ်ပေါင်းများစွာကြာနေပြီမဟုတ်လား၊ ဒီနေ့ အချိန် အခါက မသင့်လျော်ဘူးလို့ ထင်ရပေမယ့် မယ်တော့်ရဲ့ ဆန္ဒကို ဖြည့်ဆည်းပေးပါ့မယ်၊ မယ်တော်လည်း ဒီသားတော်နဲ့အတူတူ ရှေ့တန်းကို လိုက်ခဲ့ပါ”

ထို့နောက် ယွဲ့ဟွာကိုပါ ယွဲ့လင်းလှည့်ကြည့်လိုက်သည်။ “မင်းသားအန်းဟယ်လည်း လိုက်ခဲ့သင့်တယ်၊ ဒီလူတွေက မင်းသားအန်းဟယ်အတွက် အသက်ကိုစတေးနေကြတာဆိုတော့ သူတို့မျက်နှာတွေကို သေသေချာချာ ရှုမြင်သင့်တာပေါ့”

ယွဲ့လင်းက သဘောထား မေးမြန်းနေသည့်ပုံစံပေါက်သော် လည်း တကယ်တော့ ငြင်းဆန်ခွင့်ပြုမည်မဟုတ်ပါ။

ထို့ကြောင့် မယ်တော်ကြီးနှင့် ယွဲ့ဟွာတို့ အကြည့်ချင်းဖလှယ်လိုက်ကြပြီး အမိန့်နာခံရုံသာ ရှိတော့သည်။

“မြောင်မြောင်…”။

ကျန်းကျီမြောင်ကို ယွဲ့လင်းကြည့်လိုက်သည်။

ကျန်းကျီမြောင်လည်း သူ့ကို မျှော်လင့်တကြီး ကြည့်နေသည်။

[ခေါ်သွားပေးပါ! ခေါ်သွားပါ!]

ယွဲ့လင်းမျက်လုံးများ နူးညံ့သိမ်မွေ့သွားခဲ့သည်။

“မြောင်မြောင်က စိတ်လှုပ်ရှားစရာတွေ ကြည့်ရတာ နှစ်သက်တယ်ဆိုတော့ ဆန္ဒရှိရင် လိုက်ခဲ့လို့ရပါတယ်”

ကျန်းကျီမြောင် ထပ်ခါထပ်ခါ ခေါင်းညိတ်လိုက်ပါသည်။

ယခု သူမ ဘာအန္တရာယ်မှ မရှိနိုင်ပါ။ မသေဆုံးခြင်းရောင်ဝါ၏အာနိသင်အောက်မှာ သူ အရဲတဝံ့လှုပ်ရှားသင့်သည်။

သိပ်မကြာလိုက်ဘဲ တုံရှောင်းပါးလိုက်သည့် သတင်းကို ယူဆောင်ပြီး တမန်တော်ပြန်လည်ရောက်ရှိလာခဲ့သည်။

သေတမ်းစာအမိန့်တော်ကို စစ်ဆေးဖို့ တောင်းဆိုချက်အား တုံရှောင်း မဆိုင်းမတွ သဘောတူခဲ့ပါသည်။

သေတမ်းစာအမိန့်တော်က အစစ်ဖြစ်တာသေချာသည်။ ထို့ကြောင့် စစ်ဆေးခံရမှာကို တုံရှောင်းမကြောက်ပါ။ အစစ်ဆေးမခံရမည်ကိုသာ စိုးရိမ်နေတာဖြစ်သည်။

လူသိရှင်ကြားဖြစ်အောင် စစ်ဆေးပြလေလေ ယွဲ့ဟွာနန်းတက်မှုက ပိုပြီးတရားဝင်လေလေ ဖြစ်လိမ့်မည်။

ထိုအခါ ယွဲ့လင်း၏ထီးနန်းလည်း မတည်မငြိမ်ဖြစ်သွားပါလိမ့်မည်။ ဒီယွဲ့လင်းက အတော်လေး ညံ့ဖျင်းသည်။ ကိုယ့်သေတွင်းကိုယ်တူးသည့် လုပ်ရပ်မျိုးလုပ်ဖို့ ကမ်းလှမ်းလာလေသည်။

ထို့ကြောင့် သူ့ကို အားလုံးရှေ့မှာ အရှက်တကွဲအကျိုးနည်းဖြစ်အောင်လုပ်ဖို့ တုံရှောင်း အခွင့်အရေးရလာခဲ့ပါသည်။

သိပ်မကြာလိုက်ဘဲ ယွဲ့လင်းနှင့် တုံရှောင်းတို့နှစ်ဖက်စလုံး တပ်သားများစွာကို ခေါ်ဆောင်လာလျက် ကွင်းပြင်ကျယ်တစ်ခုမှာ ထိပ်တိုက်တွေ့ဆုံခဲ့ကြသည်။

တုံရှောင်းဟူသည့် သမိုင်းဝင်လူကို ကျန်းကျီမြောင် ပထမဆုံးအကြိမ် မြင်ဖူးခြင်းဖြစ်သည်။ ထို့ကြောင့် တုံရှောင်းကို သူမ သေချာ အကဲခတ်လိုက်ပါသည်။

တုံရှောင်းဟူသည့်လူက ကိုယ်လုံးကိုယ်ပေါက် ကြံ့ခိုင်သန် မာမှုရှိသည်။ မျက်နှာက ဆွဲဆောင်မှုရှိလှသည် မဟုတ်သော်လည်း သိမ်းငှက်လိုမျက်လုံးများက မြင်ရသူတိုင်းကို ကြောက်ရွံ့သွားစေသည်။

မယ်တော်ကြီးကို ကျန်းကျီမြောင်ခိုးကြည့်လိုက်ပါသည်။

လက်ရှိမှာ မယ်တော်ကြီးလည်း စိတ်ခံစားချက်တွေကို ထိန်းသိမ်းနိုင်ပုံမပေါ်ဘဲ တုံရှောင်းကို ရီဝေစွာငေးကြည့်နေခဲ့သည်။

[ကျွတ် ကျွတ် ကျွတ် မယ်တော်ကြီး ကြိုက်တဲ့ type က ဒါမျိုးကိုး!]

All Chapters