Back to Work Again
Vol. 11 Ch. 101
ယခင်တုန်းက မင်းသားအန်းဟယ်အတွက် ချန်ကျင်းမင် အမြဲတမ်း ကာကွယ်ပြောဆိုပေးလေ့ရှိသည်။
သို့သော်လည်း ထိုအချိန်တုန်းက မင်းသားအန်းဟယ်မှ ဖြောင့်မတ်သည့် မင်းသားတစ်ပါးဖြစ်ကာလက်ရှိ ဧကရာဇ်မင်းကြီးကမှ မင်းဆိုးမင်းညစ်ဆန်သည့် မင်းတစ်ပါးဖြစ် သည်ဟု လူတိုင်းတွေးထင်ခဲ့ကြခြင်းဖြစ်သည်။
ထို့ကြောင့် ဖြောင့်မတ်သည့် မင်းသားတစ်ပါးကို မင်းဆိုးမင်းညစ်တစ်ပါးမှ ဒုက္ခပေးမည်အား မလိုလားသည့်အ တွက် သူကူညီပေးခဲ့ရတာဖြစ်ကြောင်း ချန်ကျင်းမင် ဆင် ခြေပေးခဲ့သည်။
လွီယုလည်း သူ့ဆင်ခြေကို ယုံကြည်ပေးခဲ့ပါသည်။
ယခုမူ…
မင်းသားအန်းဟယ်၏သရုပ်မှန်ကို သူထင်ထင်ရှားရှား မြင်ခဲ့ရပြီဖြစ်သည်။
မင်းသားအန်းဟယ်အတွက် အမြဲတမ်း ကာကွယ်ပြောဆိုပေးခဲ့တဲ့ ချန်ကျင်းမင်ကကော…
သူလည်း မင်းသားအန်းဟယ်လှည့်စားတာကို ခံထားရတာလား…
ဒါမှမဟုတ် တစ်ကိုင်းတည်းနားတဲ့ ငှက်တွေဖြစ်နေတာလား!
လွီယု ရုတ်တရက် တိတ်ဆိတ်သွားခဲ့သည်။
လက်ရှိ ဧကရီမိဖုရားကြီး၏စွမ်းပကားက သာမန်လူတွေ နားမလည်နိုင်လောက်အောင် ထူးခြားလွန်းသည်။ သို့ သော်လည်း ဒီလိုလူမျိုးရဲ့အတွေးစကားတွေကို အားလုံးနဲ့မတူဘဲ မင်းသားအန်းဟယ်နှင့် ချန်ကျင်းမင်တို့ကမူမကြားနိုင်ခဲ့ကြပါ။
ဒါ မိဖုရားကြီး ရည်ရွယ်ချက်ရှိရှိ ခြွင်းချက်ပြုထားခြင်းဖြစ်ရမည်။ ဖြောင့်မတ်သူနဲ့ ကောက်ကျစ်သူတို့ကို ခွဲခြားနိုင်ဖို့အတွက် သူတို့အား သတိပေးနေတာဖြစ်ရပါမည်။
“ဘာမှမဟုတ်တော့ပါဘူး”
ချန်ကျင်းမင်ထံ လွီယုအဓိပ္ပာယ်ပါစွာ ကြည့်လိုက်သည်။
ရုတ်တရက် သေရည်တွေကိုလည်း ဆက်မသောက်ချင်တော့သလို ခံစားလိုက်ရသည်။
ထို့ကြောင့် ယွီလု မတ်တပ်ရပ်ကာ နက်ရှိုင်းသောအသံဖြင့် ပြောလိုက်၏။
“ညီတော်ကျင်းမင်၊ ငါနောက်ဆုံးတစ်ခါ သတိပေးခဲ့မယ်။ အရှင်မင်းကြီးက ဉာဏ်အမြော်အမြင်ရှိတဲ့ ဧကရာဇ်မင်းတစ်ပါးပဲ၊ ဒီတိုင်းပြည်ကို အရှင်မင်းကြီးသာ အုပ်စိုးနိုင်တယ်၊ မင်း အဲ့ဒီမင်းသားအန်းဟယ်နဲ့… သိပ်ပြီး ပူးပူးကပ်ကပ်မနေတာ ပိုကောင်းလိမ့်မယ်”
လွီယု အပြုအမူ အပြောအဆိုများ ရုတ်တရက်ပြောင်းလဲသွားခဲ့သည်။
ချန်ကျင်းမင် မျက်လုံးများဂနာမငြိမ်ဖြစ်သွားပြီး အမြန်ပြန်မေးလိုက်ပါသည်။
“အစ်ကိုလွီက ဘာလို့ ဒီလို ပြောရတာလဲ”
“ငါပြောသင့်တာကို ပြောပြီးသွားပြီ”
လွီယု လှည့်ထွက်သွားခဲ့သည်။ တံခါးဝကိုရောက်သော အခါ ခြေလှမ်းများ ခေတ္တရပ်တန့်သွားကာ ထပ်ပြောလိုက်သည်။
“ရှေ့လျှောက် ငါတို့နှစ်ယောက်တည်း သီးသန့်တွေ့တာမျိုး ရှောင်သင့်တယ်”
ထိုသို့ပြောပြီးနောက် လွီယု ပြန်လှည့်မကြည့်ဘဲ ထွက်သွားလေတော့သည်။
ချန်ကျင်းမင် မျက်မှောင်အလွန်ကြုတ်သွားခဲ့သည်။ ယနေ့ တွေ့ဆုံမှုမှာ ပဟေဠိတွေကို မဖြေရှင်းနိုင်ခဲ့သည့်အပြင် ပိုမို စိတ်ရှုပ်ထွေးစရာပင် ကောင်လာခဲ့သည်။ ထို့ကြောင့် သူ့ရင်ထဲ တဖြည်းဖြည်း လေးလံလာခဲ့ရသည်။
ဘာကြောင့်မှန်း မသိဘဲ…
မင်းသားအန်းဟယ်နှင့် သူတို့ဘက်တော်သားများအားလုံး အကြောင်းအရင်းမရှိ အရေးနိမ့်လာသလိုခံစားရသည်။ ယခင်တုန်းက ညီလာခံမှာကြားနေအဖြစ် ခံယူထားကြသည့် ပုဂ္ဂိုလ်များကလည်း အရှင်မင်းကြီးဘက်သို့ရောက်ရှိသွားသလို ခံစားနေရသည်။
ဘာကြောင့်လဲ…
ချန်ကျင်းမင် မျက်လုံးများကိုမှိတ်လိုက်ပြီး သေချာပြန်စဉ်းစားကြည့်လိုက်သည်။
ဒီနေ့ ညီလာခံမှာ သူစကားအများကြီးဝင်မပြောခဲ့သော် လည်း အာလုံးရဲ့အပြုအမူတွေကိုတော့ သေချာအကဲခတ်နိုင်ခဲ့သည်။
ညီလာခံထဲ မမြင်ရသည့် တံတိုင်းကြီးတစ်ခုရှိနေပြီး မင်းသားအန်းဟယ်ဘက်တော်သားများနှင့် တခြားသူတွေကို ပိုင်းခြားထားသလိုခံစားရသည်။
တကယ်ပဲလား…
ချန်ကျင်းမင် မျက်လုံးတွေ ရုတ်တရက်ပြန်ပွင့်လာခဲ့သည်။ လူတစ်ယောက်အား သူသတိရသွားခဲ့၏။
ဟန်လင်းကျောင်းတော်ရဲ့ စာတမ်းပြုစုသူ ယန်ဖု…
ယန်ဖုကို မင်းသားအန်းဟယ်ကိုယ်တိုင် ချီးမြှောက်ထားတာဖြစ်သည်။ သို့သော် ယန်ဖုလည်း ညီလာခံမှာရှိစဉ် တခြားအရာရှိများလို ထူးထူးဆန်းဆန်းပြုမူနေခဲ့သည်။
ဒီယန်ဖု တစ်ခုခု သိထားလိမ့်မယ်!
ချန်ကျင်းမင် အားတက်သွားပြီး ဝတ်ရုံတစ်ခုခြုံလျက် ယန်ဖုကို ညတွင်းချင်း လျှို့ဝှက်စွာသွားတွေ့ခဲ့သည်။
ချန်ကျင်းမင် ရောက်လာတာကို မြင်သောအခါ ယန်ဖုလည်း အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။
“ဒီနေ့ ညီလာခံမှာဘာတွေဖြစ်ခဲ့တာလဲ”
ချန်ကျင်းမင် ချက်ချင်း မေးလိုက်သည်။
ယန်ဖု ခေတ္တတွန့်ဆုတ်သွားသည်။ ထို့နောက်တစ်ခုခုပြောဖို့ကြိုးစားသော်လည်း ပါးစပ်ဟလိုက်တိုင်း ‘အ- အ’ ဟူသည့် အသံတွေကလွဲပြီး ဘာမှထွက်မလာခဲ့ပါ။
သူ တစ်ခွန်းမှ ပြောလို့မရခဲ့ပေ။
ယန်ဖုကို ချန်ကျင်းမင် ကြက်သေသေကာကြည့်နေခဲ့သည်။
ယန်ဖု စာရွက်နဲ့ စုတ်တံထုတ်လိုက်ပြီး တစ်ခုခုရေးပြဖို့ ကြိုးစားသည်။ သို့သော်လည်း စာရေးဖို့ကြံလိုက်တိုင်း ပြဿနာတစ်ခုမဟုတ်တစ်ခု တက်နေခဲ့သည်။
တစ်ခါတလေ စုတ်တံကျိုးသွားသလို တစ်ခါတလေ စာရွက်တစ်ရွက်လုံး မင်တွေစိုရွှဲသွားတတ်သည်။ ထို့ ကြောင့် ယန်ဖု မည်သို့ကြိုးစားစေကာမူ တစ်လုံးမှ ချမရေးနိုင်ခဲ့ပါ။
ချန်ကျင်းမင် ရောက်မလာခင်ကတည်းက ယန်ဖုအကြိမ် ကြိမ် ကြိုးစားခဲ့ပြီးပြီဖြစ်သည်။ သို့သော် မအောင်မြင်ဘဲ စိတ်သာ ပိုမိုရှုပ်ထွေးခဲ့ရသည်။
“ဘာတွေဖြစ်နေတာလဲ”
ချန်ကျင်းမင် မေးလိုက်သည်။
ယန်ဖုလည်း စိတ်ဓာတ်ကျသွားသည်။ သူ ထုတ်ပြောချင်သော်လည်း လုံးဝပြောလို့မရခဲ့ပါ။ မင်းသားအန်းဟယ်၏ ဘက်တော်သားများစွာထဲမှ သူတစ်ယောက်တည်း မိဖုရားကြီးအသံကို ဘာကြောင့်ကြားနေရတာလဲ ယန်ဖု နားမလည်နိုင်ပေ။
“ဝန်ကြီးချန်”
ယန်ဖု ခေါင်းကုတ်ကာ ပြောလိုက်သည်။
“မိဖုရားကြီး”
ယန်ဖု ကျန်တာဆက်ပြောမည့်အချိန်ကို ချန်ကျင်းမင် စိတ်ရှည်လက်ရှည်စောင့်နေခဲ့သည်။ ဒီနေ့မနက် ညီလာခံကို မိဖုရားကြီးတက်ရောက်လာတာလောက်ကိုတော့ သူသိပြီးသားဖြစ်သည်။
သို့သော် ယန်ဖု ဘာမှဆက်မပြောနိုင်တော့ပေ။
“ကျုပ်လည်း အဲ့လောက်ပဲ သိတယ်…”
ချန်ကျင်းမင် မှင်သက်သွားခဲ့သည်။ အချိန်တွေ ဒီလောက်ဖြုန်းပြီးတာတောင် ‘မိဖုရားကြီး’ဆိုသည့် စကားတစ်ခုသာ ကြားခဲ့ရသည်။
ချန်ကျင်းမင် ဆက်မေးကြည့်ဖို့ကြိုးစားသော်လည်း ဘာအဖြေမှ မရခဲ့ပါ။ ထို့ကြောင့် ရွေးချယ်စရာမရှိဘဲ လက် လျှော့လိုက်ရတော့သည်။ မပြန်ခင် ရှင်းပြစရာတစ်ခုခုရှိသည့်အခါ သူ့ကို ချက်ချင်းဆက်သွယ်ဖို့ ယန်ဖုအားမှာ ကြားခဲ့သည်။
ချန်ကျင်းမင် ထွက်သွားသည်ကို ငေးကြည့်ရင်း ယန်ဖု ကြက်သီးမွေးညှင်းများ ထသွားခဲ့၏။
သူ မင်းသားအန်းဟယ်၏ဘက်တော်သားတစ်ယောက် ဖြစ်တာတော့ မှန်သည်။ သို့သော် မင်းသားအန်းဟယ်၏ အရေးကိစ္စတွေထဲ ပါဝင်ပက်သတ်မှုသိပ်မရှိခဲ့ပေ။
ယနေ့မတိုင်ခင်တုန်းက မိဖုရားကြီးကျန်းကျီမြောင်ကိုတောင် ယန်ဖု အရေးသိပ်မစိုက်ခဲ့ချေ။
သို့သော်လည်း ယနေ့တော့ မိဖုရားကြီး၏နတ်ဘုရားတမျှ စွမ်းရည်များကို ယန်ဖု ကိုယ်တိုင်မျက်မြင်ကြုံတွေ့ခဲ့ရသည်။
ယန်ဖု အနည်းငယ် စိတ်ချောက်ချားမိပါသည်။ အရှင်မင်း ကြီးဘေးမှာ ဒီလိုမိဖုရားမျိုးရှိနေပါက မင်းသားအန်းဟယ် ဒီတိုင်ပွဲမှာ အနိုင်ရနိုင်ဦးမည်တဲ့လား…
သို့သော် မင်းသားအန်းဟယ်ချီးမြှင့်ထားသည့် စည်းစိမ်တွေကို သူ လက်ခံထားပြီးဖြစ်သည်။ သူ့အား မင်းသားအန်းဟယ် နောက်ပြန်ဆုတ်ခွင့်ပေးမည် မဟုတ်တော့ပါ။
ယန်ဖု တစ်ညလုံး အိပ်မပျော်ခဲ့ဘဲ အိပ်ရာထဲ ဟိုလှည့်ဒီလှည့်သာ လုပ်နေခဲ့မိသည်။
-
နောက်တစ်နေ့မနက် ညီလာခံအစည်းအဝေးတွင်…
အရာရှိအမတ်များ၏နောက်ဆုံးတွင် ယန်ဖု အားအင်ပြတ်လပ်စွာ ပုန်းနေခဲ့သည်။
ထို့နောက် ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ အရှင် မင်းကြီးနဲ့ မိဖုရားကြီးတို့လက်ချင်းတွဲပြီး ထပ်မံကြွမြန်းလာခဲ့တာကို ယန်ဖု မြင်လိုက်ရသည်။
ယန်ဖု နားရွက်ထောင်ကာ ကျန်းကျီမြောင်၏အတွေးသံကို သေသေချာချာ နားထောင်ကြည့်လိုက်ပါသည်။ သို့သော် ဘယ်လောက်ပဲ အာရုံစိုက်ထားပါစေ ယန်ဖု ဘာမှမကြားရတော့ဘဲ စိတ်ထဲဗလာကျင်းသာ ဖြစ်နေတော့သည်။
ယန်ဖု မျက်နှာဖြူဖပ်သွားခဲ့သည်။ တခြားသူများအားကြောက်လန့်တကြား လှည့်ကြည့်လိုက်သည်။
တခြားအရာရှိအမတ်များကမူ ပျော်ရွှင်စိတ်လှုပ်ရှားသည့် မျက်နှာများဖြစ်နေကြပါပြီ။ သူတို့ကြည့်ရသည်မှာ တစ်ခု ခုကိုကြားနေရသည့် ပုံစံပင်။
သို့သော်… သူကတော့ ခြွင်းချက်ပြုခံလိုက်ရပါပြီ။
မနေ့ညက ကြုံတွေ့ခဲ့ရသည့် မှော်ဆန်သည့် ကမ္ဘာကို ယန်ဖု ညတွင်းချင်းဆုံးရှုံးလိုက်ရသည်။
ယန်ဖု ရင်ထဲ ရုတ်တရက်စူးရှနာကျင်သွားပြီး နောင်တတရားတွေ တလိပ်လိပ်တက်လာခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်တုန်းက သူ လုပ်ခဲ့မိသည့်အပြစ်တွေ ပြန်အ ကျိုးပေးနေပြီဖြစ်သည်။
သူ ဘာကို ဆုံးရှုံးလိုက်သလဲ ? အပြည့်အဝ နားမလည်သော်လည်း ထိုမှော်ဆန်သည့် ကမ္ဘာကိုထပ်မံရှာတွေ့တော့မည်မဟုတ်မှန်းတော့ နားလည်နေခဲ့သည်။
[အိပ်ငိုက်လိုက်တာ…]
အောက်က မုန်လာဥတွေကို ကျန်းကျီမြောင် သုန်သုန်မှုန်မှုန် ငုံ့ကြည့်လိုက်ပါသည်။
[ဒီအမတ်တွေက ဘာတွေလား…? မနေ့က တော်ဝင်စာ ကြည့်ဆောင်မှာ ယွဲ့လင်းဆီ အကုန်လုံးအခစားဝင်ပြီး ငါ့ကို နေ့တိုင်း ညီလာခံတက်ရောက်ခိုင်းဖို့ တောင်းဆိုခဲ့ကြတယ်တဲ့]
[ငါ အိပ်ရေးဝမှာကို တော်တော်မကြည့်ရက်နိုင်ဖြစ်နေကြတာလား!]
ကျန်းကျီမြောင် စိတ်ထဲမှ အားရပါးရကြိမ်းမောင်းလိုက်ပါသည်။
[ငါ့အလုပ်ချိန်တွေ တဖြည်းဖြည်း ပိုပိုများလာသလိုပဲ၊ ဒီလို ဖြစ်လို့မရဘူး!]
စိတ်ထဲ စောဒကတက်နေသော်လည်း ကျန်းကျီမြောင် နားလည်ပါသည်။
ဒီအမတ်တွေ ယွဲ့လင်း အမျက်ဒေါသတွေထိန်းမရဖြစ်ပြီး ညီလာခံအတွင်း အန္တရာယ်တစ်ခုခုပြုမှာကို စိုးရိမ်သည့် အတွက် သူမကို အနားမှာရှိနေစေချင်တာ ဖြစ်နိုင်သည်။
ယွဲ့လင်း၏ဘေးကင်းလုံခြုံမှုနှင့် သူ့ ဘေးကင်းလုံခြုံမှုတို့အတွက် စောစောထပြီး အလုပ်လာရမည့် ကံကြမ္မာကို ကျန်းကျီမြောင် လက်မခံချင်သော်လည်း လက်ခံလိုက်ရပါတော့သည်။
သူ ထိုင်လိုက်သည်နှင့် တစ်ခုခုခြားနားနေသည်ကို သတိ ထားမိသည်။ ထိုင်ခုံသည် မနေ့ကထက် အတော်လေးပျော့ပြောင်းနေခဲ့သည်။ ကူရှင်ပေါ်မှာ အလွှာတစ်ခုထပ်ခံထားပြီး အနက်ရောင်ခေါင်းအုံးတစ်လုံးကိုလည်း ပြင်ဆင်ပေးထားသည်။
ထို့အပြင် ယွဲ့လင်းကလည်း သူ့အား ဖရုံစေ့တစ်ထုပ်လျှို့ ဝှက်စွာ ကမ်းပေးခဲ့သည်။
ကျန်းကျီမြောင် မျက်လုံးများ အရောင်လက်သွားသော် လည်း တိုးညှင်းသောအသံဖြင့် လျှောက်တင်လိုက်သည်။
“အရှင်မင်းကြီး… မနက်ခင်း ညီလာခံမှာ ဖရုံစေ့စားတာ မသင့်တော်ဘူးထင်တယ်နော်”
ယွဲ့လင်းလည်း တီးတိုးပြန်မိန့်လိုက်ပါသည်။
“အရာရှိအမတ်တွေက ကျန်းတို့နဲ့ အဝေးကြီးပါ၊ မြောင်မြောင် ယပ်တောင်နဲ့ ကာပြီးစားလို့ရတယ်၊ ဘယ်သူမှ မြင်မှာမဟုတ်ဘူး”
ကျန်းကျီမြောင်လည်း အမိန့်နာခံလိုက်ပြီး ဖရုံစေ့ကိုပျော်ပျော်ကြီးလက်ခံလိုက်သည်။ ထို့နောက် ထိုင်ခုံမှာ ကျောမှီကာ သက်တောင့်သက်သာထိုင်လျက် ဇာတ်လမ်းတွဲကို ဆက်ဖွင့်ကြည့်နေလိုက်တော့သည်။
နန်းတွင်းအရာရှိအမတ်များလည်း ထုတ်ပြောစရာမလိုဘဲ နားလည်ကာ ယွဲ့လင်းကို နန်းတွင်းအရေးကိစ္စများ အစီ ရင်ခံရင်း အာရုံထဲမှာလည်း ဇာတ်လမ်းတွဲကိုကြည့်ရှုနေခဲ့ကြသည်။
ထို့အပြင် ချန်အချိန်တွင်ကြားရမည့် အတင်းအဖျင်းများကိုလည်း စောင့်မျှော်နေခဲ့ကြသည်။