← Chapters

👑 The Coming Storm

Vol. 18 Ch. 175

👑 The Coming Storm

Vol. 18 Ch. 175

ကျန်းကျီမြောင်မျက်နှာလည်း အနည်းငယ်လေးနက်သွားခဲ့သည်။

ယုံမင်းဆက်၌ သက်ဆိုင်ရာပြည်နယ်အသီးသီးမှာ စစ်တပ် အာဏာ ချုပ်ကိုင်ထားသည့် စစ်သူကြီးဆယ်ဦးကို ခန့်အပ်ထားသည်။ နှောင်းဧကရာဇ်မင်းကြီးသည် တုံရှောင်းကို ယုံကြည်သဖြင့် မြို့တော်နှင့် အနီးကပ်ဆုံး ဒေသတွေကို ကာကွယ်စောင့်ကြပ်ခိုင်းခဲ့သည်။ ထို့အပြင် တုံရှောင်းပိုင်ဆိုင်သည့် စစ်တပ်ကလည်း အားလုံးထဲမှာ အကြီးမားဆုံးဖြစ်သည်။

တုံရှောင်းထံကို ယွဲ့ဟွာ သတင်းပို့လိုက်ခြင်းက စိတ်ကူးပေါက်သည့် လုပ်ရပ်တစ်ခုမဟုတ်ဘဲ သူတို့နှစ်ယောက်အကြား ရေရှည်နားလည်မှု ယူထားတာတစ်ခုခု ရှိနေခြင်းကြောင့်ဖြစ်လိမ့်မည်။

အဆိုးဆုံးကို တွေးထားရမည်ဆိုလျှင် ယွဲ့ဟွာ ပုန်ကန်မှုကို စတင်တာနဲ့တစ်ပြိုင်နက် တုံရှောင်းကပါ မြို့တော်သို့ ချီတက်ကာ တိုက်ခိုက်သိမ်းပိုက်ဖို့ ကြံစည်ပါလိမ့်မည်။

[ဒါပေမယ့် တုံရှောင်းဆိုတဲ့လူက ယွဲ့ဟွာအမိန့်ကို ဘာလို့ နာခံနေတာလဲ ? အခုဆို ယွဲ့လင်းရဲ့ထီးနန်းက ခိုင်မြဲသထက် ခိုင်မြဲလာပြီ မဟုတ်ဘူးလား ? အခုလိုအချိန်မှာ ယွဲ့ဟွာနဲ့အတူ ပုန်ကန်လိုက်တာက အောင်မြင်နိုင်ချေ အရမ်းနည်းတယ်]

တုံရှောင်းနှင့် မယ်တော်ကြီးတို့ကြားက အတိတ်ရာဇဝင်တွေအကြောင်းကို ကျန်းကျီမြောင်မသိသဖြင့် အဓိက အချက်ကို ဆက်စပ်တွေးတောနိုင်ခြင်း မရှိသေးပါ။

သို့သော် ယွဲ့လင်းအပြင် ထိုကောလဟာလတွေကို ကြားဖူးသည့် ကိုယ်လုပ်တော်တချို့ကမူ မျက်နှာတွေ မတည်မငြိမ် ဖြစ်သွားခဲ့ကြသည်။

[နောက်ဆုံး အတင်းအဖျင်းကို အရင်ဖတ်ကြည့်ရအောင်]

ကျန်းကျီမြောင် ဆက်ဖတ်ကြည့်လိုက်သည်။

[ယွဲ့ဟွာဘက်တော်သားတစ်ယောက်ဖြစ်တဲ့ မန်ကျစ်က ရှို့အန်းနန်းဆောင်ထဲကို လျှို့ဝှက်ဝင်ရောက်လာခဲ့ပြီတဲ့၊ ရုပ်ပြောင်းရုပ်လွှဲအတတ်ပညာကို သုံးပြီး မယ်တော်ကြီးဘေးနားမှာ အခြွေအရံချိုးလီအဖြစ် နေထိုင်နေတာ…]

ကျန်းကျီမြောင် မျက်နှာအနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ထိုမန်ကျစ်အကြောင်းကို သူမ သိသည်။ အပေါ်ယံမှာတော့ ယွဲ့ဟွာ၏အခြွေအရံတစ်ယောက်ဟု ထင်ရသော်လည်း တကယ်တမ်း နှောင်းဧကရာဇ်မင်းကြီး ချန်ထားခဲ့သည့် လျှို့ဝှက်သတင်းအချက်အလက်ဌာန၏ ခေါင်းဆောင်ဖြစ်သည်။

မူရင်းဝတ္ထုဇာတ်လမ်းအရဆို မန်ကျစ်သိုင်းပညာစွမ်းရည်များက ယုံမင်းဆက်မှာ ပြိုင်ဘက်ကင်းဖြစ်သည်။ သိုင်းပညာ၏အထွတ်အထိပ်ကို ရောက်ရှိဖူးသူဆိုလို့ သူမတစ်ဦးတည်းသာရှိသည်ဟု ဆိုကြသည်။ နန်းတော်ထဲကို လူမသိသူမသိ တိတ်တဆိတ် ထိုးဖောက်ဝင်ရောက်နိုင်တာလည်း သူမ တစ်ဦးတည်းသာရှိပါသည်။

မူရင်းဝတ္ထုထဲမှာ ယွဲ့ဟွာဘေးမှ လူတွေအားလုံး အစွမ်းအ စရှိကြသည်။

ပြိုင်ဘက်ကင်း သိုင်းပညာရှင်၊ ပြိုင်ဘက်ကင်း အဆိပ်ပညာရှင်နဲ့ နောက်တော့ မင်းသမီးတစ်ပါးလည်းပါလာသေးသည်။ အားလုံးက ပါရမီပြည့်စုံကြသော်လည်း ယွဲ့ဟွာကိုမှ အရူးအမူးစွဲလမ်းမိကြလေသည်။

ယွဲ့ဟွာ ကျပန်းရွေးချယ်ခဲ့သည့် လက်အောက်ငယ်သားတွေကလည်း အထူးချွန်ဆုံး စစ်သူကြီးများ၊ အပြောင်မြောက်ဆုံးစီးပွားရေး ပါရမီရှင်များစသည်ဖြင့် အကောင်း တကာ့ အကောင်းဆုံးတွေသာဖြစ်နေတတ်သည်။ ယွဲ့ဟွာ ဘယ်လောက်ထိ ကံကောင်းသလဲဆိုတာကို ဇာတ်လမ်းထဲမှာ အသားပေးရေးသားထားခြင်းဖြစ်ပါသည်။

သို့သော် ကျန်းကျီမြောင် ယခုသိလိုက်ရတာတစ်ခုတော့ ရှိပါသည်။

ယွဲ့ဟွာ၏အမျိုးသမီးများက ချစ်စိတ်မွှန်ပြီး ဦးနှောက်လုံးဝပျက်နေကြတာတော့ မဟုတ်ပေ။

ဥပမာအားဖြင့် ယွဲ့ဟွာ၏သွေးအေးရက်စက်မှုကို မြင်သောအခါ စုစစ်ယောင်တစ်ယောက် ခွေးခွေးချင်းပြန်စားဖို့ ကြံခဲ့တာမျိုး၊ ယွဲ့ဟွာက သူမ မက်မောသည့် စာပေပညာ ရှင်မဟုတ်မှန်း သိလိုက်ရပြီးနောက် လက်ဆက်ထိန်းမြှားမှုကို ငြင်းဆန်ဖို့ ရှဲ့ချိုးပြတ်ပြတ်သားသား ဆုံးဖြတ်ခဲ့ခြင်းမျိုးစသည်တို့ဖြစ်သည်။

ထိုမိန်းကလေးတွေကို ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ် ဖြစ်ယွဲ့ဟွာနဲ့ ချစ်ကျွမ်းဝင်ဖို့ ဇာတ်လမ်းက ပရိုဂရမ်ဆွဲ ထားခြင်းဖြစ်သည်။ ထို့ကြောင့် ဇာတ်လမ်းပြောင်းလဲသွားတာနဲ့တစ်ပြိုင်နက် ထိုပရိုဂရမ်မှ လွတ်မြောက်သွားကြပြီး အတွေးအခေါ်အသစ်တွေ ဝင်ရောက်လာခဲ့ကြသည်။

သို့သော် မူရင်းဝတ္ထုအရဆို ယွဲ့ဟွာ၏အနောက်နန်းဆောင်မှာ မန်ကျစ်ကလွဲပြီး ကျန်သောသူတွေအားလုံး သူ့ကို သစ္စာဖောက်နိုင်ချေရှိခဲ့သည်။

မန်ကျစ်ကို ငယ်စဉ်ကတည်းက နှောင်းဧကရာဇ်မင်းကြီးကိုယ်တိုင် ပျိုးထောင်ပေးခဲ့တာဖြစ်သည်။ လျှို့ဝှက် သတင်းအချက်အလက်ဌာနထဲ ဝင်ရောက်လာသည့်အချိန်ကစလို့ အယူဝါဒရိုက်သွင်းခြင်းနှင့် ဦးနှောက်ကျင်းခြင်း နည်းလမ်းမျိုးစုံကို မန်ကျစ် ခံယူခဲ့ရပါသည်။ ဒါ့ကြောင့်လည်း ယွဲ့ဟွာအပေါ် သူမ အကြွင်းမဲ့သစ္စာရှိနေတာဖြစ်မည်။

နှစ်ပေါင်းများစွာ ဦးနှောက်ကျင်းခံရပြီးနောက် မန်ကျစ် ရှင်သန်နေရသည့် တစ်ခုတည်းသောအကြောင်းအရင်းက ယွဲ့ဟွာဖြစ်လာခဲ့သည်။

ကျန်းကျီမြောင် အမြန်ဆုံးဖြတ်လိုက်ပါသည်။

ယွဲ့ဟွာကို သစ္စာဖောက်ဖို့အတွက် တခြားသူတွေကိုသာ ဖြောင်းဖြချင် ဖြောင်းဖြနိုင်လိမ့်မည်။ ဒီမန်ကျစ်ကတော့ လုံးဝမဖြစ်နိုင်ပါ။

ရန်သူကို ကရုဏာသက်ခြင်းက မိမိကိုယ်ကိုယ် ရက်စက်လိုက်ခြင်းပင်။

မန်ကျစ်၏သိုင်းပညာစွမ်းရည်က မြင့်မားလွန်းသည်။ ထို့ကြောင့် ဒီတိုင်းလွှတ်ထားလိုက်ပါက ဆိုးရွားသည့် အကျိုးဆက်တွေ ရှိလာပါလိမ့်မည်။

ကံကောင်းစွာဖြင့် ကျန်းကျီမြောင်ဘက်မှာ စနစ်ရှိနေ သည်။

ယခု မန်ကျစ်က မယ်တော်ကြီးဘေးမှာ အခြွေအရံချိုးလီအဖြစ် လျှို့ဝှက်နေထိုင်နေမှန်း သူမ သိခဲ့ရပြီဖြစ်သည်။

ယွဲ့ဟွာက မန်ကျစ်ကို နန်းဆောင်ထဲပို့ဆောင်ပြီး ထင်မှတ်မထားသည့်အချိန်မျိုးမှာ ယွဲ့လင်းကိုလုပ်ကြံဖို့ စေခိုင်းထားခြင်းဖြစ်လိမ့်မည်။

ယွဲ့လင်းတိုင်းပြည်အေးချမ်းမှုကို ရှေးရှုပြီး ယွဲ့ဟွာ၏ အသက်ကို ယာယီချမ်းသာပေးထားနိုင်သော်လည်း ယွဲ့ဟွာမှာတော့ ဒီလို သက်ညှာမှုမျိုး မရှိပါ။

ထီးနန်းကို ပိုင်ဆိုင်ရဖို့အတွက် ဘယ်လိုနည်းလမ်းမျိုးကိုမဆို သူ အသုံးချလိမ့်မည်။

အတင်းအဖျင်းသုံးခုကို ဖတ်ရှုပြီးတာနဲ့တစ်ပြိုင်နက် ရှောင် လွှဲလို့မရသည့် မုန်တိုင်းကြီးတစ်ခု ချဉ်းကပ်လာသလို အားလုံး ခံစားလိုက်ရသည်။

ကျန်းကျီမြောင်တစ်ခုခု ပြောဖို့ ကြံလိုက်စဉ် ယွဲ့လင်းက ရုတ်တရက် မိန့်ကြားလိုက်ပါသည်။

“နန်းတွင်းမှာ ခုတလော အခြေအနေတွေ မတည်မငြိမ် ဖြစ်လာနိုင်တယ်၊ အဲ့တာကြောင့် ဖုန့်ယီနန်းဆောင်ဝန်းကျင်မှာ အစောင့်တပ်သားတွေချထားဖို့ ကျန်းစီစဉ်ထားတယ် မြောင်မြောင်၊ ပြီးတော့ အနောက်နန်းဆောင်က ကိုယ်လုပ် တော်တွေ အားလုံးကိုလည်း ဖုန့်ယီနန်းဆောင်မှာ ယာယီ ပြောင်းရွှေ့နေထိုင်စေချင်တယ်၊ ဒါမှ မြောင်မြောင် ပိုလုံခြုံနိုင်မှာ၊ ဘယ်လိုသဘောရလဲ”

“အရှင်မင်းကြီး”

ယွဲ့လင်းကို ကျန်းကျီမြောင် အံ့အားသင့်စွာ ကြည့်လိုက်သည်။

နောက်ဆုံးအတင်းအဖျင်းကို ဖတ်ရှုပြီးနောက် မကြာခင် ရင်ဆိုင်ရတော့မည့် ပြဿနာများက အလွန်ခက်ခဲနိုင်သည်ဟု သူ တွေးနေခဲ့တာဖြစ်သည်။ ယွဲ့လင်း ဒီလို တိုက်တိုက် ဆိုင်ဆိုင် မိန့်လိုက်ခြင်းက သူလည်း နိမိတ်မကောင်းမှုကို ကြိုတင်ခံစားနေရတာကြောင့် ဖြစ်ပါလိမ့်မည်။

အဓိပ္ပာယ်တော့ရှိပါသည်။ စုစစ်ယောင်နှင့် ချန်ကျင်းမင်တို့နှစ်ယောက်စလုံးက ယွဲ့ဟွာအတွက်အရေးအပါဆုံး ပုဂ္ဂိုလ်တွေဖြစ်ကြသည်။

ယခုနှစ်ယောက်စလုံး ပြိုင်တူအဖမ်းခံလိုက်ရပြီဖြစ်သဖြင့် တရားရေးရာဝန်ကြီးဌာန၏ စစ်ဆေးမေးမြန်းမှုအောက်မှာ ယွဲ့ဟွာအပေါ် သစ္စာဆက်ရှိနိုင်ဦးမလား ဘယ်သူမှမပြောနိုင်ပေ။

ယွဲ့ဟွာကို စုစစ်ယောင်သစ္စာဖောက်မှာ သေချာသလောက်ရှိနေတာကို မေ့ထားလျှင်တောင်၊ စုစစ်ယောင်နှင့် ချန်ကျင်းမင်တို့အသေခံပြီး ယွဲ့ဟွာအပေါ် သစ္စာရှိပေးခဲ့လျှင်တောင် ယွဲ့ဟွာ စိတ်အေးလက်အေးနေနိုင်မည်မဟုတ်ပါ။

နောက်ဆုံးတိုက်ပွဲက လက်တစ်ကမ်းအလိုကို ရောက်ရှိလာပြီဖြစ်သည်။

ကျန်းကျီမြောင် မျက်လုံးများ အရောင်လက်သွားပြီး အမြန်လျှောက်တင်လိုက်ပါသည်။

“အရှင်မင်းကြီးက အမြော်အမြင် ကြီးမားလှပါပေတယ်၊ အရှင်မင်းကြီးစီစဉ်တဲ့အတိုင်း နာခံပါ့မယ်”

ထို့နောက် ချန်ရှုယိကို ကြည့်ကာ ယွဲ့လင်းမိန့်လိုက်သည်။

“အခု ချန်ကျင်းမင်က အကျဉ်းထောင်ထဲကို ရောက်နေပြီဆိုတော့ ကြင်ယာတော်ချန်ရဲ့ မယ်တော်ကို တစ်စုံတစ် ယောက် တိုက်ခိုက်လာမှာ စိုးရိမ်ရတယ်။ ဒါကြောင့် အနောက်နန်းဆောင်မှာ ကြင်ယာတော်ချန်နဲ့အတူ မယ် တော်ဖြစ်သူကို ယာယီနေထိုင်ခွင့်ပြုဖို့ ကျန်းအမိန့်ချက် ချင်း ထုတ်ပြန်ပေးမယ်”

ချန်ရှုယိရင်ထဲ ဝမ်းသာပီတိဖြစ်သွားပြီး အမိန့်အမြန်နာခံလိုက်ပါသည်။

သူမလည်း ထိုအချက်ကို စိတ်ပူနေခဲ့တာဖြစ်သည်။ စုစစ်ယောင်နှင့် ချန်ကျင်းမင်တို့ အဖမ်းခံခဲ့ရသည့် အကြောင်းအရင်းက သူ့မယ်တော်နဲ့ တိုက်ရိုက်ဆက်နွယ်နေသည်။ ထိုကိစ္စကြောင့် သူ့မယ်တော်ကို ယွဲ့ဟွာဘက်တော်သားတွေ အငြှိုးထားသွားလျှင် ယခုဆက်ဆံရေးလည်းပျက်ပြားသွားပြီဖြစ်သဖြင့် အချိန်မရွေး ဒုက္ခပေးလာနိုင်သည်။

ထို့ကြောင့် မယ်တော့်ကို နန်းတော်ထဲခေါ်ဆောင်ပြီး ကာကွယ်ပေးထားမည်ဟု အရှင်မင်းကြီးက အမိန့်ထုတ်ပြန်လိုက်သဖြင့် သူ့ရင်ထဲရှိ အကြီးမားဆုံး စိုးရိမ်ပူပန်မှုတစ်ခု လျော့နည်းသွားခဲ့ရပါသည်။

“မြောင်မြောင်၊ ဒီရက်ပိုင်းထဲမှာ ဘယ်မှမကြွမြန်းဘဲ ဖုန့်ယီနန်းဆောင်ကိုပဲ သေသေချာချာစီမံပါ”

ကျန်းကျီမြောင်ကို ယွဲ့လင်း နူးညံ့သိမ်မွေ့စွာကြည့်လိုက်သည်။

“လာမယ့်ညတွေမှာ ဖုန့်ယီနန်းဆောင်ဆီ ကျန်းကြွမြန်းလာနိုင်မှာ မဟုတ်ဘူး၊ ရှေ့လျှောက်ပြောင်းလဲမှုတချို့ ရှိလာနိုင်တယ်၊ မြောင်မြောင် ဒီမှာပဲနေပြီး အပြင်က ကိစ္စတွေအတွက် ဘာမှစိတ်မပူပါနဲ့၊ ကျန်းဆောင်ရွက်စရာရှိတာ ဆောင်ရွက်ပြီးသွားရင် မြောင်မြောင့်ကို လာတွေ့မယ်နော်”

ကျန်းကျီမြောင်မှာ ကိုယ်ပိုင်အစီအစဉ်ရှိနေပြီးသားဖြစ်သော်လည်း လောလောဆယ်တော့အပြုံးဖြင့်သာ အမိန့်နာ ခံလိုက်ပါသည်

“ဒီမိဖုရား နားလည်ပါပြီ”

ညွှန်ကြားစရာရှိတာ ညွှန်ကြားပြီးနောက် ယွဲ့လင်း ပြန်လည်ကြွမြန်းသွားခဲ့သည်။

မြောင်မြောင် အတွေးသံကြောင့် အရေးကြီးအချက်အ လက်တချို့ သိလိုက်ရပြီဖြစ်သဖြင့် မူလအစီအစဉ်တချို့ကိုပြန်လည်စီမံရပါတော့မည်။

နောက်ဆုံးတိုက်ပွဲမတိုင်ခင် ယွဲ့ဟွာ၏အင်အားစုတွေကို တတ်နိုင်သလောက် ဖိနှိပ်ပစ်ခဲ့သော်လည်း ဒီအဆင့်ကို အမှန်တကယ်ရောက်ရှိလာသောအခါ ယွဲ့လင်း စိတ်မအေးနိုင်သေးပါ။

သူ့ဇာတ်သိမ်းက ဘာပဲဖြစ်နေပါစေ ကျန်းကျီမြောင်ကိုတော့ ကျိန်းသေပေါက်ကာကွယ်ပေးပါမည်။

အဆိုးဆုံးတွေသာ ဖြစ်လာခဲ့လျှင် ကျန်းကျီမြောင်နှင့်ကိုယ် လုပ်တော်တွေအားလုံးကို နန်းတော်ထဲမှ ခေါ်ထုတ်သွားဖို့ သူ့လူတွေကို အမိန့်ပေးထားလိုက်မည်။ သူမတို့တွေကို ယွဲ့ဟွာလက်တွင်း လုံးဝကျရောက်သွားခွင့်မပေးနိုင်ပါ။

ယွဲ့လင်း အသက်ဝဝ ရှူလိုက်ပြီး အမိန့်များစွာထုတ်ပြန်ခဲ့သည်။

သိပ်မကြာလိုက်ဘဲ ဖုန့်ယီနန်းဆောင်ကို အစောင့်တပ်သားများစွာရောက်ရှိလာပြီး အထပ်ထပ်အလွှာလွှာ နေရာယူ တပ်စွဲလိုက်ကြပါသည်။

အပြင်ဘက်က တော်ဝင်ကိုယ်စောင့်တပ်သားတွေကို ကြည့်ရင်း ကျန်းကျီမြောင် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

ယွဲ့လင်း လူတွေဘယ်လောက်တောင် လွှတ်ထားတာလဲ!

ထိုတပ်သားတွေက လက်ရွေးစင်တပ်သားတွေဖြစ်မှန်း ကျန်းကျီမြောင်သိသည်။

ဖုန့်ယီနန်းဆောင်ကိုကာကွယ်ပေးဖို့ ဒီလိုလူတွေကို လွှတ်ထားတာဆိုရင် ယွဲ့လင်းကိုယ်တိုင်အတွက်ကကော…

သူ့လုံခြုံရေးအတွက် သူ မစဉ်းစားဘူးလား ?

ဘာကြောင့်မှန်းမသိဘဲ ကျန်းကျီမြောင်ရင်ထဲ ထူးထူးဆန်းဆန်းခံစားချက်တစ်ခု ဖြစ်တည်လာခဲ့သည်။

သို့သော် ထိုခံစားချက်ကို အမြန်ဖိနှိပ်ပစ်လိုက်ပါသည်။

ယခုက ကြည်နူးနေရမည့်အချိန်မဟုတ်ပေ။ သူလည်း တစ်ခုခုလုပ်ပေးမှဖြစ်ပါမည်။

ကံကောင်းစွာဖြင့် သူမ စုဆောင်းထားသည့် အမှတ်တွေ အများကြီးရှိနေသေးသည်။

ယခုအချိန်မှာ ပေါ်မလာသေးသည့် ပြန်လည်မွေးဖွားလာသော ဇာတ်လိုက်မင်းသမီးကို ကျန်းကျီမြောင် ဂရုမစိုက်အားတော့ပါ။

ဒီအမှတ်တွေအားလုံး အသုံးပြုရမည်ဆိုလျှင်ပင် လက်ရှိအခက်အခဲကို ကျော်လွှားနိုင်ပါက သုံးရကျိုးနပ်ပါလိမ့် မည်။

All Chapters