← Chapters

The Great Yong’s Best Tongue

Vol. 16 Ch. 156

The Great Yong’s Best Tongue

Vol. 16 Ch. 156

“ဒါပေမယ့် ဒီနေ့ ကျန်းကို မြောင်မြောင် အာရုံသိပ်စိုက်ချင်တဲ့ပုံမပေါ်ဘူးနော်”

ယွဲ့လင်း သက်ပြင်းချလိုက်သည်။

“မနက်ဖြန်ကျရင်လည်း ကျန်းနဲ့အတူ ညီလာခံတက်ရောက်ချင်မှာ မဟုတ်လောက်ပါဘူး၊ ကျန်းဘာမှ မမေးခဲ့သလိုပဲ မြောင်မြောင် သဘောထားလိုက်ပါ”

ကျန်းကျီမြောင် မျက်လုံးများ ဝိုင်းစက်သွားခဲ့သည်။

ဘာမှမမေးခဲ့သလို သဘောထားရမယ်ဟုတ်လား!

အဲ့လို လုပ်လို့ရမလား!

“အရှင်မင်းကြီး ဘာလို့ အဲ့လိုပြောရတာလဲ!”

ကျန်းကျီမြောင် စိတ်ဖိစီးစွာ လျှောက်တင်လိုက်သည်။

“ဒီမိဖုရား ခုနက အစားများသွားလို့ အစာမကြေဘဲ စိတ်နဲ့လူနဲ့မကပ်ဖြစ်နေခဲ့တာပါ၊ အရှင်မင်းကြီးကို လျစ်လျူရှုထားတာ မဟုတ်ရပါဘူး!”

ယွဲ့လင်း အံ့အားသင့်ချင်ယောင် ဆောင်လိုက်သည်။

“အမှန်ပဲလား ? ဒါဆို ကျန်းနားလည်မှုလွဲသွားတာပေါ့၊ မနေ့ညက ကျန်းပြောခဲ့တဲ့ စကားတွေကြောင့် ကျန်းကို မြောင်မြောင် လျစ်လျူရှုထားတာလို့ ထင်နေတာ”

ကျန်းကျီမြောင် ဟန်ဆောင်ပန်ဆောင် ချောင်းဆိုးလိုက်ပြီး အားတက်သရော လျှောက်တင်လိုက်ပါသည်။

“အဲ့သလို လုံးဝ မဟုတ်ရပါဘူး အရှင်မင်းကြီး! အဲ့လို အတွေးမျိုး လုံးဝ မရှိပါဘူး! အရှင်မင်းကြီးအပေါ်ထားတဲ့ ဒီမိဖုရားရဲ့ စေတနာကို ကောင်းကင်ဘုံနဲ့ ကမ္ဘာမြေက သက်သေပါပဲ! မနေ့ညက အရှင်မင်းကြီး ဘာပြောခဲ့မှန်းတောင် ဒီမိဖုရား မမှတ်မိတော့ဘူး!”

ယွဲ့လင်း မျက်မှောင်ကြုတ်သွားပါသည်။

“မမှတ်မိဘူးဟုတ်လား၊ ဒါဆို ကျန်းပြန်ပြောပြရတာပေါ့ မြောင်မြောင်…”

ကျန်းကျီမြောင် ကြက်သေသေသွားပြီး ယွဲ့လင်း ပါးစပ်ကို လက်ဖြင့် လှမ်းပိတ်လိုက်ရသည်။

ကျန်းကျီမြောင်ကို ယွဲ့လင်း ကြောင်စီစီအကြည့်ဖြင့် ကြည့်လိုက်သည်။

ကျန်းကျီမြောင် အမြန်ပြောလိုက်ပါသည်။

“မှတ်မိပါပြီ! ဒီမိဖုရားမှတ်မိပါပြီ! အရှင်မင်းကြီး ပြန်ပြောပြစရာ မလိုတော့ဘူးနော်”

ယွဲ့လင်း ခေါင်းညိတ်ပြခါမှ ကျန်းကျီမြောင် လက်ပြန်ဖယ်ပေးခဲ့ပါသည်။

ယွဲ့လင်း နွေးထွေးစွာ မိန့်လိုက်သည်။

“ဒါဆို မနေ့ညက ကိစ္စကြောင့် မြောင်မြောင် စိတ်ခုနေတာ မဟုတ်ဘူးပေါ့”

“ဘယ်ဟုတ်ပါ့မလဲ! အရှင်မင်းကြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိစမ်းပါ!”

ကျန်းကျီမြောင် အမြန်လျှောက်တင်လိုက်သည်။

“ဒါဆို ရှေ့လျှောက်လည်း ကျန်းကို မြောင်မြောင် ရည်ရွယ် ချက်ရှိရှိ လျစ်လျူရှုဦးမှာလား”

ယွဲ့လင်း ထပ်မေးလိုက်သည်။

ကျန်းကျီမြောင် ရင်ဘတ်ကို လက်ဖြင့်ထုလျက် အာမခံလိုက်သည်။

“နားလည်မှုလွဲနေတာ၊ ဒါတွေအားလုံး နားလည်မှုလွဲနေတာပါ! အရှင်မင်းကြီးကို ဘယ်တုန်းကမှ ရည်ရွယ်ချက်ရှိရှိ လျစ်လျူမရှုခဲ့ပါဘူး!”

“ဒါဖြင့်ရင် မနက်ဖြန်…”

ယွဲ့လင်း မျက်ခုံးပင့်လိုက်သည်။

“ညီလာခံ အတူတူတက်ရောက်ကြမယ်!”

ကျန်းကျီမြောင် မတွန့်မဆုတ် သဘောတူလိုက်လေသည်။

ဒီလောက်ကြီးမားသည့် ဖရဲသီးကြီးကို မစားနိုင်ပါက ကျန်းကျီမြောင် တစ်ညလုံး အိပ်ပျော်တော့မည် မဟုတ်ပါ။

ကျန်းကျီမြောင်၏ တောက်ပနေသော မျက်လုံးများကို ကြည့်ပြီး ယွဲ့လင်း နှုတ်ခမ်းထက် အပြုံးတစ်ခုပေါ်လာခဲ့သည်။ မနေ့ညက ကိစ္စက မတော်တဆမှုတစ်ခုဖြစ်သော် လည်း ယွဲ့လင်း နည်းနည်းလေးတောင် နောင်တမရမိပါ။ အနည်းဆုံးတော့ သူ့ရင်ထဲမှာ ရှိနေတာတွေကို ထုတ်ပြောနိုင်ခဲ့သည်။

သူ့ခံစားချက်တွေကို မြောင်မြောင် သိလိုက်ရပြီဖြစ်သည်။ လောလောဆယ် မြောင်မြောင် လက်ခံဖို့ အစီအစဉ်ရှိပုံ မပေါ်သေးသော်လည်း အနည်းဆုံးတော့ စမှတ်တစ်ခု ဖန်တီးနိုင်ခဲ့ပြီဖြစ်သည်။ ထိုစမှတ်ကို အခြေပြုလျက် ဆက်ကြိုးစားရပါမည်။

-

ညအချိန်တွင်…

ကုတင်ပေါ်က စောင်နှစ်ထည်ကို ကြည့်ရင်း ယွဲ့လင်း မျက် ခုံးပင့်သွားသည်။

ကျန်းကျီမြောင် ချောင်းဟပ်လျက် ရှင်းပြလိုက်ပါသည်။

“ဒီမိဖုရား အအိပ်ကြမ်းလို့ အရှင်မင်းကြီး အိပ်ရေးပျက်မှာ စိတ်ပူလို့ပါ…”

ကျန်းကျီမြောင်ကို ယွဲ့လင်း အဓိပ္ပာယ်ပါပါ ကြည့်လိုက်သော်လည်း ဘာမှမပြောတော့ဘဲ စေတနာကိုလက်ခံခဲ့ပါသည်။

မနေ့ညကလို အနေခက်စရာတွေ ဖြစ်လာနိုင်သည်ဟု ကျန်းကျီမြောင် ခန့်မှန်းထားသော်လည်း ယွဲ့လင်း စည်းထပ်ကျော်ဖို့ စိတ်ကူးမရှိခဲ့ပါ။ ထို့ကြောင့် ကျန်းကျီမြောင်လည်း အနည်းငယ် စိတ်အေးသွားခဲ့ပြီး ယခင်တုန်းကလိုပဲ သက်တောင့်သက်သာ အိပ်စက်နိုင်ခဲ့သည်။

မနက်မိုးလင်းသောအခါ…

ဖရဲသီးအကြီးကြီး စားရတော့မည်ဟူသည့် အတွေးဖြင့် ကျန်းကျီမြောင် ညက ကောင်းကောင်းပင် အိပ်မပျော်ခဲ့ပါ။ ထို့ကြောင့် သူမဘေးက လှုပ်ရှားမှုတစ်ခုကို ခံစားလိုက်ရတာနဲ့တစ်ပြိုင်နက် သူလည်း အိပ်ရာထဲ ဒေါင်ကနဲမြည်အောင် ထထိုင်လိုက်ပါသည်။

ကျန်းကျီမြောင်ကို အိပ်ရာနှိုးဖို့ ကြံရွယ်ထားသည့် ယွဲ့လင်းလည်း ပုံမှန်ဆို အိပ်ချင်မူးတူးဖြစ်နေတတ်သည့် ကျန်းကျီမြောင်၏မျက်လုံးများ ဒီနေ့ကျမှထူးထူးခြားခြားတောက်ပ နေတာကို မြင်လိုက်ရသည်။

“ကြွမယ် ကြွမယ် ညီလာခံကို ကြွကြမယ်!”

ယွဲ့လင်းကို ကျန်းကျီမြောင် မရပ်မနား နားပူနားဆာလုပ်နေခဲ့သည်။

ယွဲ့လင်း ရယ်ချင်စိတ်ဖြစ်မိပြီး ကျန်းကျီမြောင်၏ တိုက် တွန်းမှုကြောင့် ခပ်သုတ်သုတ် ပြင်ဆင်ရလေတော့သည်။

နန်းတော်ထဲတွင်…

ဝန်ကြီးမှူးမတ်ပေါင်းစုံ နန်းတော် ဂိတ်တံခါးပေါက်သို့ ရောက်လာခါစဖြစ်သော်လည်း မိန်းမစိုးတစ်သိုက်က ချွေးတွေနဲ့ သုတ်သုတ်ပျာပျာပြေးလာကြပြီး အမြန်အကြောင်း ကြားလိုက်ပါသည်။

“သခင်ကြီးတို့ မြန်မြန်လုပ်ကြပါ! အရှင်မင်းကြီး… အရှင်မင်းကြီး ထိုက်ကျီခန်းမထဲကိုတောင် ရောက်နေပါပြီ!”

မိုးပင်စင်စင်မလင်းသေးသည့် ကောင်းကင်ကြီးကို မော့ ကြည့်လိုက်ရင်း အားလုံးကြက်သေသေသွားကြသည်။

အရှင်မင်းကြီးက ဝန်ကြီးတွေကို စောင့်နေရတယ်ဆိုတဲ့ အခြေအနေမျိုး ဘယ်တုန်းက ရှိဖူးလို့လဲ!

အမြဲတမ်းလိုလို သူတို့ကပဲ အစောကြီး ရောက်နေကြရတာဖြစ်သည်။ ဒီနေ့လည်း ပုံမှန်အချိန်အတိုင်း ထွက်လာခဲ့ကြတာ ဖြစ်သဖြင့် သူတို့နောက်ကျနေတာတော့ မဖြစ်နိုင်ပါ။

အရှင်မင်းကြီး ဘယ်လိုဖြစ်တာလဲ!

ညီလာခံကို အစောကြီး ကြွမြန်းလာတာပါလား!

အားလုံး ခြေလှမ်းတွေ သွက်လာခဲ့ကြသည်။

“မိဖုရားကြီး… မိဖုရားကြီးလည်း ကြွမြန်းလာပါတယ်”

မိန်းမစိုးလေးက ဟောဟဲဆိုက်ရင်း ထပ်အကြောင်းကြားလိုက်သည်။

ဝန်ကြီးမှူးမတ်များ: “!!!!”

နဂိုကတည်းက သွက်နေသည့် ခြေလှမ်းများကို အရှိန်ပိုတင်လိုက်ပြီး အားလုံး သိက္ခာပင်မဆည်နိုင်တော့ဘဲ တဟုန်ထိုး ပြေးကြလေတော့သည်။ မိဖုရားကြီး ညီလာခံကို တက်ရောက်မလာတာ ကြာပြီဖြစ်သည်။ တစ်ခါတလေ အလုပ်ကို အာရုံမစိုက်နိုင်လောက်သည့်အထိပင် မိဖုရားကြီးကို သူတို့ သတိရနေမိကြသည်။

ဝန်ကြီးမှူးမတ်တွေအားလုံး သုတ်ခြေတင် ပြေးနေကြတာကိုမြင်သောအခါ မိန်းမစိုးလေးလည်း အနည်းငယ် ကြောင်စီစီဖြစ်သွားခဲ့ရသည်။

ဘယ်လိုဖြစ်တာလဲ…

ဒီအရာရှိအမတ်တွေက အရှင်မင်းကြီးထက် မိဖုရားကြီးကို ပိုတွေ့ချင်နေကြတဲ့ပုံပဲ!

-

ထိုက်ကျီခန်းမတွင်…

ညီလာခံစတင်ရမည့်အချိန် မဟုတ်သေးသော်လည်း အရှင်မင်းကြီးနှင့် မိဖုရားကြီးတို့ နှစ်ပါးစလုံးရောက်ရှိနေကြပါပြီ။ ဝန်ကြီးမှူးမတ်တွေအားလုံးလည်း အပြေးအ လွှားလာခဲ့ရသဖြင့် မောဟိုက်နေကြလေပြီ။

ဘာတွေ စောင့်နေကြတာလဲ! ညီလာခံ စတင်တော့လေ!

မကြာခင် ညီလာခံကိုစတင်ခဲ့ပြီး အစီရင်ခံမှုများကို ယွဲ့လင်း ပုံမှန်အတိုင်းနားထောင်ခဲ့ပါသည်။

နန်းတွင်းရေးရာကိစ္စတွေကို အစီရင်ခံရင်းနဲ့ အရာရှိအမတ်တချို့က ကျန်းကျီမြောင်ကို မျှော်လင့်တကြီးလှမ်းကြည့်မိကြသည်။ ဒီလိုအလုပ်တွေက မိဖုရားကြီးအတွက် ပျင်းစ ရာကောင်းလိမ့်မည်ဆိုတာကို သူတို့အားလုံး နားလည်ကြသည်။

မိဖုရားကြီး ပျင်းသွားလျှင်…

[ပွဲစဖို့ နည်းနည်းလိုဦးမယ်ထင်တယ်၊ ဝန်ကြီးတွေ အစီရင် ခံနေတာလည်း ငါ့ကို ချော့သိပ်နေသလိုပဲ၊ စိတ်ကို နည်းနည်းလောက် လန်းဆန်းသွားအောင်လုပ်မှဖြစ်မယ်၊ ကျန်းဟွမ်ရာဇဝင်ကြည့်ရင် ကောင်းမလား… မဟုတ်သေးဘူး။ အဲ့တာက ငါ့ညီအစ်မတွေနဲ့ အတူရှိမှကြည့်လို့ကောင်းတာ၊ အခု ယောက်ျားကြီးတစ်သိုက်နဲ့ဆိုတော့… သုံးပြည်ထောင်ရာဇဝင်ပဲ ဆက်ကြည့်လိုက်တာ ကောင်းပါတယ်]

ကျန်းကျီမြောင် ယခင်ရပ်တန့်ထားသည့် နေရာမှ သုံးပြည် ထောင်ရာဇဝင်ကို ဆက်လက်ကြည့်ရှုခဲ့ပါသည်။

အရာရှိအမတ်တွေအားလုံး ပြည့်စုံသွားသလို ခံစားလိုက်ရသည်။ သူတို့ဘဝကြီး ပြည့်စုံသွားပါပြီ။

ဇာတ်လမ်းတွဲတစ်ခုကို စွဲလမ်းသွားမိကြသော်လည်း လဝက်လောက် ပြတ်တောက်သွားခဲ့သဖြင့် သူတို့အားလုံး မနေနိုင် မထိုင်နိုင်ဖြစ်ခဲ့ကြသည်။ ကံကောင်းစွာဖြင့် သူတို့ကို မိဖုရားကြီးက မေ့မထားခဲ့ပါ။ အားလုံး စိတ်ဓာတ်တွေ ပြန်တက်ကြွသွားခဲ့ကြပါသည်။

အရာရှိအမတ်တွေအားလုံး စိတ်ကျေနပ်နေကြချိန် ကျန်းကျီမြောင်ကမူ ဇာတ်လမ်းတွဲထဲကို စိတ်သိပ်မရောက်ခဲ့ပေ။

[ဒါနဲ့… ပွဲကြီးပွဲကောင်းက ဘယ်အချိန်မှ စမှာလဲ! မင်းသားအန်းဟယ်နဲ့ ရံရွေတော်လင်းတို့ဖောက်ပြန်နေတာကို အရှင် မင်းကြီး ဖော်ထုတ်မယ့်အချိန်ကို စောင့်နေတာ! ကယ်ကြပါဦး… မစောင့်နိုင်တော့ဘူး!]

လက်ရှိအစီရင်ခံနေသည့် တရားရေးရာဝန်ကြီး ကျန်းကျီမြောင်၏အသံကိုကြားကာ တစ်ကိုယ်လုံး တုန်ယင်သွားခဲ့ပါသည်။

အိုး… ရံရွေတော်လင်းဟုတ်လား…

အဲ့တာ အနောက်နန်းဆောင် ကိုယ်လုပ်တော်တစ်ယောက် မဟုတ်လား ?

မင်းသားအန်းဟယ်နဲ့ အနောက်နန်းဆောင် ကိုယ်လုပ်တော်တစ်ယောက်က ဖောက်ပြန်နေတာပေါ့!

တရားရေးရာဝန်ကြီး ရုတ်တရက် စိတ်အားထက်သန်သွားသည်။ ယခု အစီရင်ခံနေသည့် အကြောင်းအရာကိုပင် ဆက်ပြီး မတင်ပြလိုတော့ပါ။

တရားရေးရာဝန်ကြီး၏စကားပြောသံတွေ ရုတ်တရက် မြန်ဆန်သွားခဲ့သည်။ ပုံမှန်ဆို တရားရေးရာဝန်ကြီးက စကားပြေတာ အလွန်နှေးကွေးတတ်သော်လည်း ယခုတော့ အမြန်နှုန်း ၈ ဆ လောက် တိုးသွားခဲ့သည်။

အားလုံးကြက်သေသေသွားခဲ့ကြပါသည်။ သူတို့ ဒါမျိုး တစ်ခါမှ မမြင်ဖူးကြပါ။

တရားရေးရာဝန်ကြီး စကားပြောတာ ဒီလောက်မြန်ဆန်တာလား!

အံ့ဩစရာပဲ! တကယ် အံ့ဩစရာပဲ!

ကံကောင်းစွာဖြင့် ယွဲ့လင်းကနားကောင်းပါသည်။ ဒီ့ထက် ၁၀ ဆလောက် မြန်ရင်တောင် သူကောင်းကောင်းနား လည်ပြီး တိတိကျကျ တုန့်ပြန်နိုင်သည််။

ယွဲ့ဟွာကမူ မျက်မှောင်ကြုတ်နေပါပြီ။ သူ့ဦးနှောက်ထဲ ခြင်အကောင်တစ်ထောင်လောက် ပျံသန်းနေသလို တဝီဝီ မြည်နေလေသည်။

တရားရေးရာဝန်ကြီး ရူးသွားပြီလား!

စကားကို ဘာလို့ အဲ့လောက်မြန်မြန် ပြောနေတာလဲ!

ယွဲ့လင်းလည်း ရူးချင်စရာပဲ!

အဲ့လောက်မြန်နေတာကို နားလည်နိုင်တယ်လား!

တရားရေးရာဝန်ကြီးက အစချီပေးလိုက်သဖြင့် နောက် ထပ် အစီရင်ခံရမည့် အရာရှိအမတ်တွေလည်း တစ်ယောက်ထက် တစ်ယောက် ပိုမြန်အောင် အပြိုင်အဆိုင် လျှောက်တင်ကြလေတော့သည်။

ပထမတော့ ကျန်းကျီမြောင် ဇာတ်လမ်းတွဲကြည့်နေခဲ့သော် လည်း အရာရှိအမတ်များ၏ထူးထူးခြားခြား အပြုအမူတွေကို သတိထားမိသွားသည်။ နောက်တော့ ဇာတ်လမ်းတွဲကိုပင် စိတ်မဝင်စားတော့ဘဲ ယုံမင်းဆက်၏ ရပ်ပ်တိုက် ပွဲဆီ လုံးဝအာရုံရောက်သွားခဲ့ပါသည်။

[??? ရုတ်တရက်ကြီး ဘာတွေလုပ်နေကြတာလဲ ? ယုံမင်း ဆက်ရဲ့ အမြန်ဆုံး လျှာပိုင်ရှင် ပြိုင်ပွဲလား]

ကျန်းကျီမြောင်် ဇာတ်လမ်းတွဲကို ခဏပိတ်ထားလိုက်ပြီး အရာရှိအမတ်များ၏စကားပြောအမြန်နှုန်းကို တွက်ချက်ဖို့ စနစ်အားတာဝန်ပေးလိုက်ပါသည်။

[တရားရေးရာဝန်ကြီး၊ အမြင့်ဆုံး အမြန်နှုန်း: တစ်မိနစ် ၃၆၀ လုံး၊ တော်တော် ကြောက်စရာကောင်းတဲ့ အစ်ကိုကြီးပဲ! လူသားလို့တောင် ခေါ်လို့ရသေးရဲ့လား!]

[စိစစ်ကွပ်ကဲရေးဝန်ကြီး: အမြင့်ဆုံး အမြန်နှုန်း: တစ်မိနစ် ၃၅၀ လုံး၊ မဆိုးပါဘူး ဒါပေမယ့် တရားရေးရာဝန်ကြီးလောက် မမြန်ဘူး!]

All Chapters