← Chapters

👑 The Three-Gossip Queen

Vol. 14 Ch. 134

👑 The Three-Gossip Queen

Vol. 14 Ch. 134

ထိုအတင်းအဖျင်းကို ဖတ်ပြီးသွားသည်နှင့် ချန်ကျင်းမင်၏လျှို့ဝှက်ချက် ဘားတန်းက ၁ ရာခိုင်နှုန်း ထပ်တိုးသွားပြီး ယခု ၉၆ ရာခိုင်နှုန်း ဖြစ်နေပါပြီ။

ကျန်းကျီမြောင် မျက်မှောင်ကြုတ်လိုက်မိသည်။

ဝမ့်ဝမ်ရုန် အဆိပ်ခတ်ခံရသည့် ကိစ္စကို သူမ ခန့်မှန်းမိတာ ကြာပါပြီ။ သို့သော်လည်း အတင်းအဖျင်းစနစ်၏ အတည် ပြုချက် သို့မဟုတ် လက်ဆုပ်လက်ကိုင်ပြနိုင်သည့် သက် သေခိုင်ခိုင်လုံလုံမရရှိပါက ခန့်မှန်းချက်သာသာမျှပင်။

ယခု အတင်းအဖျင်းစနစ်မှ အတည်ပြုပေးလိုက်ပြီဖြစ်သဖြင့် ဒီလို ၁ ရာခိုင်နှုန်း တက်သွားရခြင်းဖြစ်နိုင်သည်။

ဝမ့်ဝမ်ရုန်နှင့် ပတ်သတ်သည့် အတင်းအဖျင်းက ၁ ရာ ခိုင်နှုန်းနဲ့ ညီမျှသဖြင့် ချန်ကျင်းမင်အတွက် အသေးအဖွဲကိစ္စ မဟုတ်ကြောင်းမြင်နိုင်ပါသည်။

ဒီကိစ္စကိုသာ ဖော်ထုတ်လိုက်နိုင်ပါက ဝမ့်မျိုးနွယ်စု၏ အထောက်အပံ့ကို ချန်ကျင်းမင် ဆုံးရှုံးရလိမ့်မည်။

ယုံမင်းဆက်တွင် မျိုးနွယ်စုများ၏အာဏာပါဝါက မင်း ဆက်သုံးဆက်တိုင်အောင် ခိုင်မြဲခဲ့သည်။ ယခုမင်းဆက်မှာမူ ယခင်မင်းဆက်တွေတုန်းကလောက် နန်းတွင်းရေးရာ ကိစ္စတွေကို ဝင်ရောက် စွက်ဖက်နိုင်ခြင်းမရှိတော့ချေ။ သို့သော် ဝမ့်မိသားစုမှ ဦးဆောင်သည့် တော်ဝင်မိသားစုကြီးလေးစုမှာ တိုင်းသူပြည်သားတွေနဲ့ နန်းတွင်းအရာရှိတွေထဲ လျှို့ဝှက်မွေးမြူထားသော အင်အားစုများစွာရှိနေ သည်။

ဝမ့်မိသားစု အထောက်အပံ့ကို ဆုံးရှုံးလိုက်သည်ကတော် ဝင်မျိုးနွယ်စုများ၏အထောက်အပံ့အား ဆုံးရှုံးလိုက်ခြင်းနှင့် အတူတူပင်။

ချန်ကျင်းမင်အတွက် နောက်ဆုံးနေ့ရက်တွေကို ရောက်ရှိနေပါပြီ။

ဝမ့်ဝမ်ရုန်ကို ကယ်တင်ဖို့ပဲဖြစ်ဖြစ် ချန်ကျင်းမင်ကို ဖိနှိပ်ဖို့ပဲဖြစ်ဖြစ် ဝမ့်ဝမ်ရုန် အဆိပ်ခတ်ခံထားရသည့် ကိစ္စကို အမြန်ဆုံးဖော်ထုတ်ရမည်။

ကျန်းကျီမြောင် အာရုံထဲ အတွေးပေါင်းစုံဝင်ရောက်လာပြီး နောက်အတင်းအဖျင်းကို ဆက်ဖတ်ကြည့်လိုက်သည်။

ဒီတစ်ခေါက်အတင်းအဖျင်းကလည်း စုစစ်ယောင်နဲ့ ပတ်သတ်နေပါသည်။

[စုစစ်ယောင်က ဆေးပါရမီရှင်ကြီး ရှန်းကွမ့်ပေါ်လက် အောက်မှာ ပညာသင်ယူခဲ့တာတဲ့၊ ရှန်းကွမ့်ပေါ်မှာ တခြား တပည့်နှစ်ယောက်လည်း ရှိသေးတယ်၊ စုစစ်ယောင်က အငယ်ဆုံးတပည့်ပဲ၊ ဆေးပညာသင်ယူနေတုန်းမှာ ရှန်းကွမ့်ပေါ်ရဲ့ တပည့်နှစ်ယောက်က စုစစ်ယောင်ကို ချစ်မိသွားကြပြီး မနာလိုဝန်တိုမှုတွေ ဖြစ်လာခဲ့တယ်၊ ရှန်းကွမ့်ပေါ် ကိုယ်တိုင်တောင် တပည့်ဖြစ်သူအပေါ်မှာ မထားသင့်တဲ့စိတ်‌တွေ ထားမိလာတယ်၊ စုစစ်ယောင်ကို တပည့်ဖြစ်သူ နှစ်ယောက် ခံစားချက်ရှိနေတာကို သိသွားတော့ အဲ့ဒီတပည့်နှစ်ယောက်ကို ရှန်းကွမ့်ပေါ် ပညာဆက်သင်မပေးတော့ဘဲ ထုတ်ပယ်ခဲ့တယ်၊ စုစစ်ယောင်အပေါ် ရှန်းကွမ့်ပေါ် မေတ္တာရှိနေတာကို သိသွားပြီး သူ့မိန်းမကလည်း စုစစ်ယောင်ကို ဒေါသတကြီးမောင်းထုတ်လိုက်တယ်၊ အဲ့တာကို သိသွားတော့ ရှန်းကွမ့်ပေါ် သူ့မိန်းမနဲ့ အကြီးအကျယ်ရန် ဖြစ်ပြီး စွေ့ယွင်တောင်မှာ တစ်ယောက်တည်းသွားနေတော့တယ်၊ အဲ့ဒီအချိန်ကစပြီး လင်မယားနှစ်ယောက် တစ်ယောက်နဲ့ တစ်ယောက် မတွေ့ကြရတော့တာပဲ]

ကျန်းကျီမြောင်: “…”

ချန်ကျင်းမင်၏ ဇာတ်လမ်းကအလွန်မှင်သက်စရာ ကောင်းသလို စုစစ်ယောင်၏ဇာတ်လမ်းကလည်း မခေလှပေ။

ဒါချန်ကျင်းမင် မိန်းမ ဗားရှင်းများလား…

မဖြစ်နိုင်ဘူး မဖြစ်နိုင်ဘူး။

ခြားနားချက်တစ်ခုတော့ ရှိနေသည်။ စုစစ်ယောင်မှာ ဇာတ်လိုက်မင်းသားဗဟိုပြုဝတ္ထုထဲရှိ ဇာတ်လိုက်မင်းသား၏ အနောက်နန်းဆောင် အဖွဲ့ဝင်ဖြစ်သည်။

သူမကို ပိုးပန်းနေသူတွေအား စုစစ်ယောင် အထင်အမြင်သေးခဲ့ပြီး ယွဲ့ဟွာတစ်ယောက်တည်းကိုသာ မေတ္တာရှိခဲ့သည်။ ဒါက ဝတ္ထုရဲ့ အဓိက အချက်ပဲ ဖြစ်ပါသည်။

[ဒီအဖြစ်အပျက်မှာ ရှန်းကွမ့်ပေါ်ရဲ့မိန်းမကမှ တကယ်ကံဆိုးတာ]

ကျန်းကျီမြောင် ညည်းညူလိုက်သည်။

စုကျဲယွီလည်း ရီဝေသွားခဲ့သည်။ သူ့ညီမတော် အိမ်ပြန်ရောက်လာကတည်းက အနိုင်ကျင့်ခံထားရသည့် သနားစရာ သတ္တဝါလေးတစ်ကောင်သဖွယ်ပြုမူခဲ့သည်။ ထို့ ကြောင့် စုကျဲယွီကလည်း သူ့ကို ကရုဏာသက်ကာအလွန်ဂရုစိုက်ပေးခဲ့ပါသည်။

ယခုလိုတွေဖြစ်နေလိမ့်မည်ဟု ထင်မထားခဲ့ပေ။

စုစစ်ယောင်က အဆိပ်ဖော်စပ်သည့်နေရာမှာ ကျွမ်းကျင်ရုံသာမဟုတ်ဘဲ ဆွဲဆောင်မှုလည်း အလွန်ရှိနေပါသည်။

ယခင်ချန်ကျင်းမင်နှင့် ပတ်သတ်သည့် အတင်းအဖျင်းကို ကြားတုန်းက ချန်ရှုယိနှင့် အန်းကျောက်ရီတို့အတွက်သာ သူ စိတ်ပူခဲ့မိတာဖြစ်သည်။

ယခုမူ စုစစ်ယောင်နှင့် ပတ်သတ်သည့် အတင်းအဖျင်းကို ကြားလိုက်ရမှ စုကျဲယွီကိုယ်တိုင် ကြက်သီးမွေးညှင်းများ ထလာမိပါပြီ။

မိဖုရားကြီး၏အတင်းအဖျင်းသံကိုသာ မကြားရလျှင် သူမဘေးမှာ ဒီလိုအဆိပ်ပြင်းသည့် မြွေဟောက်တစ်ကောင်ရှိနေတာကို တစ်သက်လုံး သိနိုင်မည်မဟုတ်ပါ။

ထိုအတွေးဖြင့် စုကျဲယွီ စိတ်ချောက်ချားသွားခဲ့လေတော့ သည်။

ကျန်းကျီမြောင် နောက်ဆုံးအတင်းအဖျင်းကို ဖတ်ကြည့်လိုက်ပါသည်။

ထိုအတင်းအဖျင်းကိုမြင်တာနဲ့ ကျန်းကျီမြောင် ရယ်ချင်သွားသည်။

ဒီစုစစ်ယောင်ကတော့ တစ်ခုခုပဲ…

ဒီနေ့အတင်းအဖျင်းတွေအားလုံးကို စနစ်မှ စုစစ်ယောင်အထူးအစီအစဉ်အဖြစ် ပြောင်းလဲပေးထားပုံရသည်။ အတင်းအဖျင်း သုံးခုစလုံးက စုစစ်ယောင်နဲ့ ပတ်သတ်နေပါသည်။ ယခင်တုန်းက အထိန်းတော်ဖန့်ပင် အလွန်ဆုံး အတင်းအဖျင်းနှစ်ခုသာ ရှိခဲ့ဖူးသည်။

သုံးထပ်ကွမ်း အတင်းအဖျင်း ဘုရင်မဟုပင် ခေါ်ဆိုသင့်သည်။

[ရှန်းကွမ့်ပေါ်ရဲ့ ဆေးပညာတွေကို အစတုန်းက ဘယ်သူ့ကိုမှ လက်ဆင့်ကမ်းပေးဖို့မရည်ရွယ်ခဲ့ဘူး၊ စုစစ်ယောင်က လှည့်ကွက်တွေသုံးပြီး ရှန်းကွမ့်ပေါ်ဆီမှာ သစ္စာဆိုခဲ့တာ အဲ့ဒီအခါကျမှ ရှန်းကွမ့်ပေါ်က သူတတ်သမျှ ပညာတွေ အကုန်လုံးကို စုစစ်ယောင်ကို သင်ပေးခဲ့တာ၊ ရှန်းကွမ့်ပေါ်မိန်းမနှင်ထုတ်တာကို ခံလိုက်ရတော့ စုမိသားစုဆီ စုစစ်ယောင်ပြန်လာဖို့ အခွင့်အရေးရသွားတယ်၊ ရှန်းကွမ့်ပေါ်လည်း အနောက်ကလိုက်လာခဲ့တယ်၊ ဒါပေမယ့် စုစစ်ယောင်က သူ့ဆရာကို အလိုမရှိတော့ဘူးလေ၊ အဲ့တာကြောင့် ရှန်းကွမ့်ပေါ် သတိလက်လွတ်ဖြစ်နေတဲ့အချိန် အဆိပ်တစ်မျိုးကို အသုံးပြုပြီး သူ့ကို သတိလစ်သွားအောင် လုပ်ခဲ့တယ်၊ ပြီးတော့ ခြေတွေလက်တွေကို ဖြတ်ပစ်ပြီး ကုတင်အောက်က လျှို့ဝှက်မြေအောက်ခန်းတစ်ခုထဲမှာပိတ်လှောင်ထားခဲ့တယ်၊ ရှန်းကွမ့်ပေါ်ကို စုစစ်ယောင် အရမ်းမုန်းတီးလို့ သူ့ကို မကြာခဏ သွားသွားပြီး နှိပ်စက်လေ့ရှိတယ်တဲ့]

ကျန်းကျီမြောင် စုတ်သပ်ရင်း တွေးမိလိုက်သည်။

[ဇာတ်လိုက်မင်းသား ဗဟိုပြုဝတ္ထုထဲက ဇာတ်လိုက်မင်း သမီးဆိုရင် စုစစ်ယောင်ရဲ့ဇာတ်ကောင်က မိစ္ဆာဆန်တဲ့ ဇာတ်လိုက်မင်းသမီးမျိုးပဲ ဖြစ်မှာ၊ ပြဿနာတော့ မရှိပါဘူး၊ သူ ဇာတ်လိုက်မင်းသားကိုချစ်နေသရွေ့ လူ ၁၀ သန်းလောက် သွေးအေးအေးသတ်ဖြတ်ပစ်တဲ့ မိစ္ဆာဖြစ်နေရင် တောင် အနောက်နန်းဆောင်ထဲကို ခေါ်သွားပြီး ပြောင်းလဲပေးလိုက်လို့ ရတယ်၊ စုစစ်ယောင်လုပ်ထားတဲ့ အပြစ်ကလည်း သိပ်မကြီးလှပါဘူး]

ထို့နောက် နောက်ဆက်တွဲ ဝတ္ထုအကြောင်းကို ပြန်စဉ်းစားမိပြီး ကျန်းကျီမြောင် ရယ်ချင်သွားရသည်။

[နောက်စာအုပ်က ‘ပြန်လည်မွေးဖွားခြင်း: အချစ်ကြီးတဲ့ဧကရာဇ်ရဲ့တစ်ဦးတည်းသော အချစ်ခံလေး’တဲ့၊ ကြည့်ရတာ အဲ့ဒီမင်းသမီးရယ်၊ ယွဲ့ဟွာနဲ့ တခြားသူတွေရယ်ကြားက မေတ္တာလွန်ဆွဲမှုအကြောင်းကို ရေးသားထားတာထင်တယ်၊ မင်းသမီးက ပြန်လည်မွေးဖွားလာတဲ့သူတောင် ဖြစ်နေတာ၊ ပြီးတော့ ‘တစ်ဦးတည်းသော အချစ်ခံလေး’ဘွဲ့ကိုပါ ရလိုက်သေးတယ်၊ အဲ့တာဆို… ယွဲ့ဟွာရဲ့ အနောက်နန်းဆောင်ထဲက ကိုယ်လုပ်တော်တွေအားလုံး အမြှောက်စာ ဇာတ်ကောင်တွေ ဖြစ်သွားတော့မှာပဲ မဟုတ်ဘူးလား]

ပြန်လည်မွေးဖွားလာသည့် ဇာတ်လိုက်မင်းသမီးကို ကျန်းကျီမြောင် လေးစားမိသလိုလိုပင် ရှိလာသည်။

ပြန်လည်မွေးဖွားလာသည့် စွမ်းရည်ကို အသုံးချပြီး အနောက်နန်းဆောင်ထဲမှာ တိုက်ပွဲဝင်ခဲ့ကာ ‘တစ်ဦးတည်းသော အချစ်ခံလေး’ဘွဲ့ကို ရယူနိုင်ခဲ့တာဖြစ်မည်။

[နားကိုမလည်နိုင်ဘူး၊ ပြန်လည်မွေးဖွားလာတဲ့သူဖြစ်ပြီး အဲ့ဒီ သခွားသီးပုပ်အတွက်နဲ့များ တိုက်ပွဲဝင်နေရတယ်လို့]

ယွဲ့လင်း အနည်းငယ် တုန်ယင်သွားသည်။

မြောင်မြောင်၏အတွေးသံတွေကို သူ သိပ်နားမလည်ပါ။

‘ပြန်လည်မွေးဖွားလာတယ်’ဆိုတာ ဘာလဲ ?

‘သခွားသီးပုပ်’ဆိုတာကကော ဘာလဲ ?

သူအမှောင်ထဲမှာ တစ်ယောက်တည်း ပိတ်မိနေသလို ခံစားချက်ကြီးရနေသည်။ သို့သော်… အမြဲတမ်း လက်ညှိုးထိုးခံနေရသကဲ့သို့ ကြက်သီးထစရာ ခံစားချက်ကြီးကပိုဆိုး ရွားသည်။

ကျန်းကျီမြောင် အတင်းအဖျင်းတွေ ဖတ်ပြီးသွားသော အခါ အသိစိတ်ပြန်ကပ်သွားခဲ့သည်။

ထို့နောက်… သူမတို့ နေ့လယ်စာစားနေတာ တစ်နာရီ နှစ်နာရီလောက် ရှိပြီဖြစ်မှန်းသိလိုက်ရလေသည်။

သူ တစ်ယောက်တည်း ရီဝေနေချိန် တခြားသူတွေကပါ လိုက်ရီဝေနေကြသည်။

ရှက်စရာကောင်းလိုက်တာ!

ကျန်းကျီမြောင်၏မျက်နှာထားကို မြင်သောအခါ ကိုယ် လုပ်တော်များအားလုံး စားစရာရှိတာတွေကို သုတ်သုတ်ပျာပျာ စားသောက်ရင်း ဟန်ဆောင်လိုက်ကြပါသည်။

ကျန်းကျီမြောင်: “???”

ကျန်းကျီမြော်င အမြန်ပြောလိုက်သည်။

“ဟင်းပွဲတွေ အေးနေပြီ ညီအစ်မတို့၊ ဗိုက်မဝသေးဘူးဆိုရင် ကျွေ့ယွဲ့ကို မုန့်ပဲသရေစာတွေ ယူဆောင်လာခိုင်းလိုက်ပါ့မယ်”

ဟိုဟာနည်းနည်း ဒီဟာနည်းနည်းစားရင်း လမ်းပင်ကောင်းကောင်း မလျှောက်နိုင်တော့လောက်အောင် ဗိုက်ပြည့်သွားကြသည့် ကိုယ်လုပ်တော်များ လက်အမြန်ခါရမ်း ပြလိုက်ကြရသည်။ သူမတို့ ဝလင်နေပြီ ဖြစ်ကြောင်း တစ်ယောက်ပြီးတစ်ယောက် လျှောက်တင်ခဲ့ကြသည်။

ကျန်းကျီမြောင်ကတော့ မယုံပေ။ သစ်ပင်အောက်မှာ အရိပ်ရသသည့် နေရာလေးတစ်နေရာကို ရှာဖွေပြီး နေ့လယ်ခင်း မုန့်ပဲသရေစာစားရင်း အခါးရည်သောက်ဖို့အတွက် စီစဉ်ခိုင်းလိုက်သည်။

ဗိုက်အလွန်ပူနေပြီဖြစ်သည့် ကိုယ်လုပ်တော်တွေအားလုံး မျက်နှာတွေ ခက်ခက်ခဲခဲ ဖြစ်သွားကြလေသည်။

[ဟုတ်ပြီ၊ Meteor Garden မကြည့်ရတာ တော်တော်တောင်ကြာပြီ၊ မုန့်စားရင်း ၂ ပိုင်းလောက် ကြည့်လိုက်လို့ကတော့ ဇိမ်ပဲ]

အားလုံးတစ်ပြိုင်တည်း လျှောက်တင်လိုက်ကြသည်။ “အရှင်မရဲ့ အမိန့်တော်အတိုင်းပါ!”

အနည်းငယ် ပြည့်ပြည့်ဖြိုးဖြိုးဖြစ်လာကြသည့် ကိုယ် လုပ်တော်များကိုကြည့်ရင်း ကျန်းကျီမြောင် ပီတိဖြာသွားသည်။

အနောက်နန်းဆောင် ညီအစ်မတွေက အစားကြီးမှန်း သူမ သိသည်။ ထုတ်ပြောရမှာ ရှက်နေတာကြောင့်သာ ဖြစ်မည်။

[လခွမ်းပဲ၊ သူတို့ အိမ်မှာတုန်းက ဝဝလင်လင် မစားခဲ့ရလောက်ဘူး၊ အကုန်လုံး ပိန်ပါးနေကြတာပဲ၊ သာမန်ခန္ဓာကိုယ်လို့တောင် ပြောလို့မရဘူး၊ ဪ ဟုတ်သားပဲ၊ အန်းကျောက်ရီကတော့ ခြွင်းချက်ပေါ့၊ အန်းကျောက်ရီက အနောက်နန်းဆောင်ထဲ စရောက်လာကတည်းက ကိုယ် လုံးကိုယ်ပေါက်လှတာ]

အန်းကျောက်ရီ: “???”

သူမ စွပ်ပြုတ် နောက်ဆုံးနှစ်ငုံကို အလျှင်အမြန်သောက်နေတာဖြစ်သည်။ ထိုအတွေးသံကိုကြားပြီး ပန်းကန်ကိုအမြန်ပြန်ချလိုက်ပါသည်။

အရှင်မက… သူ့ကို ချီးကျူးနေတာလား ?

ဒါချီးကျူးစကားးပဲ ဖြစ်မယ်!

လက်ရှိမှာ တော်ဝင်စာကြည့်ဆောင်ကို ပြန်လည် ပြုပြင်နေတာဖြစ်သည်။ ထို့ကြောင့် ကျန်းကျီမြောင်က ဒီအခွင့်အ ရေးကို အရယူပြီး ယွဲ့လင်းအား အချက်အလက်တချို့ အရိပ်အမြွက်ပေးဖို့ ကြံရွယ်ထားသည်။

အထူးသဖြင့် ဝမ့်ဝမ်ရုန်နှင့် ပတ်သတ်သည့်ကိစ္စမှာ အရေး ကြီးပြီး အချိန်ဆွဲလို့ သိပ်မရပါ။

ယွဲ့လင်းကို နှစ်ယောက်တည်း စကားပြောဖို့ ကျန်းကျီမြောင် ဖိတ်ကြားရန်ပြင်လိုက်သည်။

ကျန်းကျီမြောင်၏ရည်ရွယ်ချက်ကို ချန်ရှုယိ ရိပ်မိသွားပုံပေါ်ပါသည်။ သူ ချက်ချင်း မတ်တပ်ရပ်လိုက်ပြီး ယွဲ့လင်းရှေ့မှောက်ကို လျှောက်လာခဲ့သည်။

“အရှင်မင်းကြီး၊ ဒီကြင်ယာတော် တောင်းဆိုစရာရှိလို့ပါ”

All Chapters