← Chapters

👑 Beating the Drum

Vol. 14 Ch. 139

👑 Beating the Drum

Vol. 14 Ch. 139

ချန်ရှုယိအား စောင့်ကြည့်နေသည်မှာ ယွဲ့ဟွာတစ်ဦးတည်းမဟုတ်ဘဲ အခြားသူတွေ အများကြီးရှိနေပါသေးသည်။

ထို့ကြောင့် မနက်ခင်းညီလာခံပြီးဆုံးသွားသည်နှင့်တစ်ပြိုင် နက် နန်းတော်ဂိတ်ပေါက်မှာ လူတွေအများကြီး စုပြုံလာခဲ့လေသည်။ အရာရှိအမတ်များ ကိုယ်တိုင်လာစောင့်နေတာ မဟုတ်သော်လည်း ၎င်းတို့၏အိမ်တော်များမှ အစေခံတွေကို တာဝန်ပေးထားခြင်းဖြစ်သည်။

သိပ်မကြာလိုက်ဘဲ နန်းတော်ဂိတ်ပေါက်သို့ ချန်ရှုယိ၏ မြင်းလှည်းရောက်ရှိလာသည်။ သူမနှင့်အတူ အခြွေအရံတစ်ယောက်သာ ခေါ်လာခဲ့ပါသည်။ ထိုအခြွေအရံက မြင်း လှည်းအပြင်ဘက်ကို ခေါင်းပြူထွက်ပြီး အခြေအနေတွေ အကဲခတ်နေသည်။ ယွဲ့လင်းကလည်း သူမကိုကာကွယ်ပေးဖို့အတွက် တော်ဝင်အစောင့်တပ်ဖွဲ့တစ်ဖွဲ့ စေလွှတ်ပေးထားသည်။

နန်းတော်မှထွက်လာပြီးနောက် မြင်းလှည်းက ချန်အိမ်တော်ထံ တန်းတန်းမတ်မတ် ဦးတည်သွားခဲ့ပါသည်။ ထိုသတင်းကို အားလုံးကြားခဲ့ကြရသည်။

ယွဲ့ဟွာလည်း ထိုအခါမှ စိတ်သက်သာရာရသွားပြီး သက် ပြင်းချမိလေတော့သည်။ သူ့တောင်းဆိုချက်ကို ယွဲ့လင်း သဘောတူလိုက်တာ မြန်ဆန်လွန်းသဖြင့် လှည့်ကွက်တစ် ခုခု ရှိနေမလား စိတ်ပူနေခဲ့တာဖြစ်သည်။ ယခုမူ အားလုံး အဆင်ပြေသွားပြီဖြစ်ကာ သူအတွေးလွန်ခဲ့ခြင်းသာဖြစ်ပါလိမ့်မည်။

လမ်းတစ်လျှောက်လုံးမှာလည်း ထိုမြင်းလှည်းကို လူပေါင်းများစွာက စောင့်ကြည့်နေခဲ့ကြသည်။ နောက်ဆုံးတော့ ချန်အိမ်တော်ရှေ့သို့ ထိုမြင်းလှည်းရောက်ရှိလာခဲ့ပါပြီ။

ချန်ကျင်းမင် ဝင်ပေါက်မှာ ကြိုစောင့်နေသည်။ ချန်ရှုယိက သူ့သမီးဖြစ်သော်လည်း အနောက်နန်းဆောင်ထဲ ဝင်ရောက်သွားကတည်းက တော်ဝင်မိသားစု၏တစ်စိတ်တစ်ပိုင်းဖြစ်သွားပြီ ဖြစ်သည်။ ထို့ကြောင့် ချန်ကျင်းမင် ဦးညွှတ်လျက် တလေးတစားကြိုဆိုခဲ့ရပါသည်။ အပြင်လူတွေရဲ့ ဝေဖန်မှုကို သူ မခံချင်ပါ။

ခဏကြာတော့ မြင်းလှည်း၏ခန်းဆီးကို မ,တင်လိုက်လေသည်။

ထို့နောက် ချန်ရှုယိ၏အခြွေအရံခေါင်းဆောင် မြင်းလှည်းပေါ်မှ ဆင်းလာခဲ့ပါသည်။

“ဒီငယ်သား-…”

ချန်ကျင်းမင် တစ်ခုခုပြောဖို့ကြံလိုက်ပြီး ခေါင်းမော့ကြည့်လိုက်ရာ ကြက်သေသေသွားခဲ့ရသည်။

ချန်ရွှမ်းယွီ ဘယ်မှာလဲ!

မ,တင်ထားသည့် ခန်းဆီးမှတဆင့် အထဲက အခြေအနေကို သူထင်ထင်ရှားရှား မြင်နေရပါသည်။ မြင်းလှည်းထဲမှ ဘယ်သူမှရှိမနေပါ။

“လင်းရွှယ်! နင့်သခင်မလေး ဘယ်မှာလဲ!”

ချန်ကျင်းမင် မျက်နှာအကျည်းတန်သွားပြီး ချက်ချင်း မေးမြန်းလိုက်သည်။

လင်းရွှယ် ခေါင်းခါကာ ပြန်ဖြေလိုက်ပါသည်။

“သခင်မလေး…အဲ ကြင်ယာတော်ချန်ရှုယိ မကြာခင် လိုက်လာခဲ့ပါမယ်လို့ ပြောကြားခိုင်းလိုက်ပါတယ်”

ချန်ကျင်းမင် မျက်နှာ ချက်ချင်းအေးစက်သွားခဲ့သည်။ လင်းရွှယ်မှာ ချန်ရွှမ်းယွီ ချန်အိမ်တော်မှ ခေါ်ဆောင်သွားသည့် အခြွေအရံတစ်ယောက်ဖြစ်သည်။ သူမကို ချန်ရွှမ်းယွီ အလွန်ယုံကြည်ခဲ့ပါသည်။ လျှို့ဝှက်ချက်မှန်သမျှကိုလည်း မျှဝေတတ်သည်။

သို့သော်ယခုမူ…

လင်းရွှယ်ပင် ဘာမှ မသိရတော့ပေ။

ချန်ကျင်းမင်ရင်ထဲ နိမိတ်မကောင်းသည့် ခံစားချက်ကြီးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။ ထိုစဉ် အစေခံတစ်ယောက် အပြေးအလွှားရောက်ရှိလာပြီး ချန်ကျင်းမင်နားကပ်ကာ တစ်ခုခု တီးတိုးပြောလိုက်သည်။

ချန်ကျင်းမင် မျက်နှာ အလွန်ပျက်သွားလေသည်။

ဂုဏ်သိက္ခာကိုတောင် မဆည်နိုင်တော့ဘဲ ဂယောင်ချောက် ချားဖြစ်လျက် ပြေးထွက်သွားလေသည်။ ခဏကြာတော့ မြင်းတစ်ကောင်ပေါ် အမြန်တက်ကာ ထွက်ခွာသွားခဲ့သည်။

မြို့တော်တရားစီရင်ရေးရုံးတွင်…

တန့်ဝမ်စည်တော်ကြီးရှေ့မှာ မိန်းကလေးတစ်ယောက် ခိုင်မာပြတ်သားသော မျက်နှာဖြင့်ရပ်နေခဲ့သည်။ ပထမတော့ သူမကို ဘယ်သူမှအရေးမစိုက်ခဲ့ကြပါ။ သို့သော် စည်တီးတံများကို ထိုမိန်းကလေးကောက်ယူလိုက်သော အခါ အားလုံးတုန်လှုပ်ချောက်ချားသွားကြပြီး ဝိုင်းကြည့်ကုန်ကြလေသည်။

တန့်ဝမ်စည်တော်ကို တီးခတ်လိုက်ပါက ပေးဆပ်ရမည့်တန်ဖိုးမှာ မသေးပါ။ ဒီမိန်းကလေးပုံစံက အလွန်ပျော့ညံ့မည့်ပုံစံလည်းပေါက်သည်။ ထို့ကြောင့် ကြိမ်ဒဏ် ၁၀ ချက် သင့်ခံရပါက သက်တမ်းတစ်ဝက်လောက်ပင် လျော့သွားနိုင်ပါသည်။

သဘောကောင်းသည့် လူတချို့က သူမကိုလာဖြောင်းဖြဖို့ ကြိုးစားကြသည်။ သို့သော် သူမနား ဘယ်သူမှ မကပ်နိုင်ခင် တန့်ဝမ်စည်တော်ကို ထိုမိန်းကလေး ပထမဆုံးအကြိမ်အဖြစ် အားပြင်းပြင်းတီးခတ်လိုက်တော့သည်။

ပထမတော့ စည်တီးရတာ အသားမကျသေးဘဲ တစ်ကိုယ်လုံး တောင့်တင်းနေခဲ့သည်။ သို့သော် လူတွေဝိုင်းအုံလာသောအခါ သူမ စိတ်ဓာတ် ပိုမိုခိုင်မာသွားခဲ့ပါသည်။

“ဗြုန်း! ဗြုန်း! ဗြုန်း!”

တန့်ဝမ်စည်တော် တီးခတ်သံက ဝေးလံသည့် နေရာများအထိ ပဲ့တင်သံထပ်သွားခဲ့သည်။ အရပ်သားပြည်သူတွေ အားလုံးလည်း စိတ်ဝင်စားသွားကြပြီး ဝိုင်းအုံလာကြသည်။ အစောင့်တပ်သားများက ဒါကိုမြင်ကာ တရားစီရင်ရေးရုံးထဲ အပြေးဝင်ပြီး အစီရင်ခံလိုက်ကြသည်။

ဒီနှစ်အတွင်း တန့်ဝမ်စည်တော်ကို တစ်စုံတစ်ယောက် ပထမဆုံးအကြိမ် လာရောက်တီးခတ်ခြင်းဖြစ်သည်။

ရုံးတော်အရာရှိချုပ်လည်း အနည်းငယ် စိတ်ဝင်စားသွားခဲ့သည်။ ဒီတစ်ခေါက် စည်တော်တီးခတ်နေသူက ပျော့တိပျော့ညံ့ မိန်းကလေးတစ်ဦးဖြစ်ကြောင်း သိခဲ့ရသည်။

ဧကန္တ မတရားမှုတစ်ခုကို ကြီးကြီးမားမား ကြုံတွေ့ခဲ့ရလို့များလား…

လမ်းဆုံးရောက်နေသူမဟုတ်ပါက သက်သေခိုင်ခိုင်လုံလုံမရှိဘဲ ဘယ်သူမှ အခုလို တိုင်ကြားရဲမည်မဟုတ်ပါ။

“ရုံးတော်ဖွင့်လှစ်စေ!”

ရုံးတော်အရာရှိချုပ်က အမိန့်ပေးလိုက်သည်။

ထို့နောက် ထိုမိန်းကလေးကို မြို့တော်တရားစီရင်ရေးရုံးထဲသို့ ဆင့်ခေါ်ခဲ့ပါသည်။ ဝင်ပေါက်မှာလည်း အရပ်သားပြည်သူများဖြင့် ပြည့်နှက်သွားခဲ့လေသည်။

“တိုင်ကြားလိုသူက ဘယ်သူလဲ ? ခေါင်းမော့စေ”။

ရုံးတော်အရာရှိချုပ် ပြောလိုက်သည်။

ထိုမိန်းကလေးမှာ တည်တည်ငြိမ်ငြိမ်ခေါင်းမော့လာခဲ့သည်။

ထိုမိန်းကလေး၏ဝတ်စားဆင်ယင်ပုံများက သာမန်အရပ် သားတစ်ဦးနဲ့ မတူသည်ကို ရုံးတော်အရာရှိချုပ် သတိထားမိသည်။ ထို့အပြင် သူ့ရှေ့မှောက်ကို ရောက်လာတော့လည်း ဒူးထောက်ဂါဝရပြုခြင်းအလျင်းမရှိခဲ့ပါ။

အရာရှိချုပ် တွန့်ဆုတ်နေစဉ် ထိုမိန်းကလေးကပြောလိုက်သည်။

“အရာရှိမင်းကို ချန်ရွှမ်းယွီ ဂါဝရပြုပါတယ်”

ချန်ရွှမ်းယွီ…

ထိုအမည်ကို ကြားဖူးနေသလိုလို ရှိသည်။

ရုံးတော်အရာရှိချုပ်က ဆက်လက်မေးမြန်းလိုက်သည်။

“ဘယ်လိုဒုက္ခမျိုး ကြုံတွေ့လာရလို့လဲ’

ချန်ရွှမ်းယွီ တွန့်ဆုတ်မှုမရှိဘဲ ပြန်ဖြေလိုက်သည်။

"ကျွန်မရဲ့မိခင် နာမကျန်းဖြစ်ပြီး အိပ်ရာထဲလဲနေခဲ့တာ ရက်ပေါင်းများစွာ ကြာပါပြီ၊ အခုချိန်ထိ သက်သာလာခြင်း မရှိဘူး၊ နန်းတော်အတွင်းက တော်ဝင်သမားတော်ကြီးတွေတောင် မိခင်ဖြစ်သူရဲ့ အဖျားရောဂါအကြောင်းကို နားမလည်နိုင်ခဲ့ကြပါဘူး၊ ဒီကိစ္စမှာ လျှို့ဝှက်ချက်တစ်ခုခု ရှိနေမယ်လို့ ကျွန်မ သံသယဖြစ်မိတယ်၊ ဒါ့ကြောင့် လာရောက်တိုင်ကြားရခြင်းဖြစ်ပါတယ်၊ မြို့တော်တရားစီရင်ရေးရုံး၊ တရားရေးရာဝန်ကြီးဌာနနဲ့ စိစစ်ကွပ်ကဲရေးဝန်ကြီးဌာနတို့ကို အကူအညီတောင်းခံပါတယ်”

ရုံးတော်အရာရှိချုပ် မှင်သက်သွားရသည်။

သူ့ မိခင် နာမကျန်းဖြစ်တာနဲ့ အဆိပ်ခတ်ခံရတယ်လို့ သံသယဝင်နေတာလား…

ပြီးတော့ တော်ဝင်သမားတော်ကြီးတွေကိုတောင် ပင့်ခဲ့တယ်တဲ့…

တော်ဝင်သမားတော်ကြီးတွေကိုပင့်ဖို့ အဲ့လောက် လွယ်ကူတာလား ?

မြို့တော်အရာရှိချုပ်တစ်ခုခု ပြောဖို့ ကြံလိုက်စဉ် ရုတ်တ ရက် သဘောပေါက်နားလည်သွားခဲ့သည်။

သူ့တစ်ကိုယ်လုံး လဲကျမတတ် တုန်ယင်သွားခဲ့လေသည်။ မုတ်ဆိတ်မွေးတွေ တုန်တုန်ယင်ယင်ဖြင့် သူပြောလိုက်သည်။

“မင်း… မင်းက… ကြင်ယာတော်ချန်ရှုယိ မဟုတ်လား!”

ယနေ့ အရှင်မင်းကြီး၏ကြင်ယာတော်တစ်ပါးဖြစ်သော ချန်ရှုယိကို အထူးအမိန့်ဖြင့် နန်းတော်ပြင်ပသို့ထွက်ခွင့်ပေးထားမှန်း အားလုံးသိထားကြသည်။ သို့တိုင် ချန်ရှုယိသည် ချန်အိမ်တော်သို့မသွားဘဲ ဒီကိုရောက်ရှိလာလိမ့်မည်ဟု မည်သူမှ ထင်မထားခဲ့ကြပေ။

သူ့ မိခင်၏အဖျားရောဂါအတွက် စုံစမ်းစစ်ဆေးပေးဖို့ တန့်ဝမ်စည်တော်ကိုပင် တီးခတ်ခဲ့သေးသည်။

ဒါ… ဒါ ဘယ်လိုဖြစ်တာလဲ…

ရုံးတော်အရာရှိချုပ် ဇောချွေးများပြန်လာသည်။ သူ့ခေါင်းထဲ အတွေးတစ်ခုသာ ရှိတော့သည်။

ဒါ အရှင်မင်းကြီးရဲ့ ရည်ရွယ်ချက်များလား…

ဒီနေ့ ချန်ရှုယိကို နန်းတော်ပြင်ပထွက်ခွင့်ပေးခဲ့တာ ဒါ့ကြောင့်လား…

သူ ဘာဆက်လုပ်ရမလဲ…

အပြင်မှာ စောင့်ကြည့်နေကြသည့် လူအုပ်ကြီးလည်း ဆူညံပွက်လောရိုက်သွားခဲ့သည်။

ဘုရားရေ!

ဒီမိန်းကလေးက အနောက်နန်းဆောင်ရဲ့ကြင်ယာတော်တစ်ပါးတဲ့!

အနောက်နန်းဆောင် ကြင်ယာတော်တစ်ပါးဖြစ်သော် လည်း သူတို့ အရပ်သားတွေလိုမျိုး တန့်ဝမ်စည်တော်ကို လာရောက်တီးခတ်ခဲ့ရလေသည်။ ထို့ပြင် သူမ စုံစမ်းစစ် ဆေးချင်သည့် အကြောင်းကိစ္စကလည်း မိခင်ဖြစ်သူ၏ အဖျားရောဂါကိစ္စဖြစ်သည်။ တစ်ဆိတ်ကိုတစ်အိတ်လုပ်နေခြင်း ဟုတ်သည်ဖြစ်စေ မဟုတ်သည်ဖြစ်စေ မိဘအ ပေါ်အလွန်သိတတ်တာတော့ သေချာသည်။

စီစီညံနေသည့် လူအုပ်ကြားထဲမှ စူးစူးဝါးဝါးအော်သံတစ်သံ ထွက်ပေါ်လာခဲ့သည်။

“အဓိပ္ပာယ်မရှိတာ!”

ချန်ကျင်းမင် ချွေးတွေသုတ်ရင်း ပြေးဝင်လာလေသည်။

ချန်ရှုယိ လက်ကိုဆွဲကာ သူပြောလိုက်သည်။

“ဒီမှာ ဘာအဓိပ္ပာယ်မရှိတာတွေ လာပြောနေတာလဲ! နင့်အမေက ဒီတိုင်း သာမန်ဖျားနာနေတာလေ! ဘာလျှို့ဝှက်ချက် ရှိရမှာလဲ ? ဒီလိုတွေလုပ်ပြီး နင့်အမေ့ကို လန့်သေအောင် လုပ်နေတာလား!”

ချန်ကျင်းမင်ကို ချန်ရွှမ်းယွီ ခံစားချက်မဲ့စွာကြည့်လိုက်ပြီး လက်ကို ခါထုတ်ပစ်လိုက်သည်။

“အဖေ နန်းမြို့တော်ကနေ ထွက်သွားဖို့ အစီအစဉ်မရှိသေးသရွေ့တော့ အမေ အသက်အန္တရာယ်ရှိမှာ မဟုတ်ပါဘူး”

ချန်ကျင်းမင် မျက်နှာဖြူရော်သွားခဲ့ရသည်။

လူအုပ်ကြီး၏တစ်ယောက်တစ်ပေါက် ပြောသံတွေကလည်း ပိုမိုကျယ်လောင်လာခဲ့သည်။ ထိုလူအုပ်ကြီးထဲမှာ အဖွဲ့ပေါင်းစုံမှ စေလွှတ်ထားသည့် သူလျှိုတွေလည်း ပါနေသည်။ မြို့တော်တစ်ခုလုံး၏မျက်လုံးတွေ ဒီကိုရောက်ရှိနေပါပြီ။

“ကြင်ယာတော်ချန် ပြောတဲ့စကားအရဆို သူ့ အဖေကို သံသယဝင်နေတာပဲ”

“ပြောရခက်တယ်… တကယ် ပြောရခက်တယ်”

“အဲ့တာ အရင်တုန်းက ဝန်ကြီးချန်မဟုတ်လား ? သူ့ကို အရှင်မင်းကြီးက ရာထူးကနေ ဖြုတ်ချပစ်ခဲ့တာလို့ ကြားမိတယ်၊ သူ မလုပ်သင့်တာတစ်ခုခု လုပ်ခဲ့မိလို့များလား”

ထိုစကားသံတွေကြောင့် ချန်ကျင်းမင် မျက်နှာ ဇီးရွက်လောက်သာ ရှိတော့ပြီး ချန်ရှုယိကို ထပ်ပြောလိုက်သည်။

“အဲ့ဒီကောလဟာလတွေ နင်ဘယ်ကကြားလာတာလဲတော့ ငါ မသိဘူး၊ အခု နင့် အမေ ပြင်းပြင်းထန်ထန်ဖျားနေတယ်၊ ငါသူ့ကို နေ့နေ့ညည အနားကမခွာဘဲ အမြဲပြုစုစောင့်ရှောက်ပေးခဲ့ရတာ၊ တစ်ရက်လောက် လျစ်လျူရှုမိတာမျိုး ဘယ်တုန်းက ရှိဖူးလို့လဲ၊ နင်သာ နန်းတော်ထဲမှာ ရှိနေတုန်းက နင့်မယ်တော် နာမကျန်းဖြစ်နေတာကို စာတစ်စောင်တောင် ပို့ပေးဖူးရဲ့လား၊ အခု နန်းတော်ကနေထွက်လာတော့လည်း ကိုယ့်အမေ အနားကို ချက်ချင်းမသွားဘဲ ဒီမှာပြဿနာ လာရှာနေတယ်ပေါ့! နင့်အမေကို စိတ်ထိခိုက်ပြီး သေအောင်လုပ်ချင်လို့လား ? ဒါမှမဟုတ် အရှင်မင်း ကြီးက ငါ့ကို သေတဲ့အထိ ဒုက္ခပေးချင်နေတာလား!”

ချန်ကျင်းမင် မျက်လုံးများသိမ်ငယ်သွားပြီး အလွန်နာကျင်နေသည့်ပုံစံ ဖြစ်သွားသည်။

အရပ်သားတွေကလည်း ပွစိပွစိသုံးသပ်ကြပြန်သည်။

“ဒါအရှင်မင်းကြီးရဲ့ အကြံအစည်လား”

“ရှူး! အသံတိုးတိုးပြောဟ၊ အရင်တုန်းကလည်း အရှင်မင်း ကြီး မဆင်မခြင်လုပ်ရပ်တွေ လုပ်ဖူးတာပဲ၊ ဒီတစ်ခေါက် ထပ်လုပ်လည်း အံ့ဩစရာမရှိပါဘူး”

“အဲ့တာဆို ဝန်ကြီးချန်က နစ်နာသူလား”

“ချန်ရွှမ်းယွီလည်း တော်တော် မသိတတ်တဲ့ သမီးပဲ၊ အရှင် မင်းကြီးနဲ့ပူးပေါင်းပြီး ကိုယ့်အဖေကို စွပ်စွဲရတယ်လို့”

ချန်ရွှမ်းယွီ အေးစက်ခြောက်သွေ့စွာ ရယ်မောလိုက်ပြီး တစ်ခုခုပြောဖို့ ကြံလိုက်စဉ် ကြေညာသံတစ်ခုထွက်ပေါ် လာခဲ့သည်။

“မင်းသားအန်းဟယ် ရောက်ရှိလာပါပြီ”

လူအုပ်ကြီး လမ်းဖယ်ပေးလိုက်သောအခါ ယွဲ့ဟွာ သုတ် သုတ်ပျာပျာ ရောက်ရှိလာခဲ့သည်။ ထို့နောက် ချန်ရှုယိကို လှည့်ကြည့်ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်သည်။

“ကြင်ယာတော်ချန်ကို နန်းတော်ထဲကနေ ထွက်နိုင်အောင် အရှင်မင်းကြီးက သက်ညှာပေးထားတာ၊ ဒီမှာ ပြဿနာ လာမရှာဘဲ သခင်မချန်ကို သွားတွေ့သင့်တယ်နော်၊ ကြင်ယာတော်ချန် စွပ်စွဲနေတဲ့ အရာတွေအားလုံးကလည်း အခြေအမြစ် မရှိဘူး၊ သခင်မချန်ရဲ့ အဖျားရောဂါမှာ လျှို့ဝှက်ချက်တွေ ရှိနေတယ်ဆိုတာကို အတည်ပြုဖို့ ဘာသက်သေမှလည်းမရှိဘူး၊ ဒီလိုမျိုး လာတိုင်ကြားတာက ရုံးတော်အရာရှိချုပ်ကို ဒုက္ခလာပေးနေတာနဲ့ အတူတူပဲ မဟုတ်ဘူးလား ? ကဲကဲ အားလုံး လူစုခွဲကြ၊ ဒီကိစ္စ ဒီလောက်နဲ့ ပြီးစေတော့”

ထို့နောက် အားလုံးကို လူစုခွဲဖို့ ယွဲ့ဟွာပြင်လိုက်လေသည်။

ချန်ရှုယိကမူ နည်းနည်းလေးမှ မလှုပ်ရှားဘဲ ခိုင်မာစွာ ဆက်လက်ရပ်တည်ခဲ့သည်။

“ဟုတ်ပါတယ်၊ ဘာသက်သေမှ မရှိပါဘူး၊ အဲ့တာကြောင့်လည်း တန့်ဝမ်စည်တော်ကို တီးခတ်ခဲ့တာလေ”

ချန်ကျင်းမင် ကြက်သေသေသွားခဲ့ပြီး မျက်လုံးသူငယ် အိမ်များပါ ကျုံ့ဝင်သွားတော့လေသည်။

All Chapters