← Chapters

Harvesting Shock Values

Vol. 13 Ch. 127

Harvesting Shock Values

Vol. 13 Ch. 127

ရှစ်ယိုချန်းထံ မို့ရွှယ်ယင်း သိမ်မွေ့စွာကြည့်လိုက်သည်။

“အဲ့တာကြောင့် လဲ့အာလေးက နင့်သားအရင်းပါ”

ရှစ်ယိုချန်း နှုတ်ခမ်းများ တုန်ယင်သွားပြီး အချိန်အတော်ကြာသည်အထိ စကားပြန်မပြောနိုင်ခဲ့ပေ။

“မြွေပွေးလို မိန်းမ! ငါ့ကို လာခြိမ်းခြောက်နေတာလား!!”

ရှစ်ယိုချန်းအံကြိတ်ကာ ဟိန်းဟောက်လိုက်သည်။

မို့ရွှယ်ယင်းကတော့ သိမ်သိမ်မွေ့မွေ့ပဲ ပြန်ပြောလိုက်ပါသည်။

“လဲ့အာလေးကို နင့်အဖေနဲ့ အမေတို့က နှစ်နှစ်ကာကာချစ်မြတ်နိုးကြတယ်၊ လဲ့အာလေးရှိနေသေးသရွေ့ ရှစ်မိသားစုအတွင်း နင်အခြေယိုင်လဲသွားစရာ အကြောင်းမရှိဘူး၊ ငါသာ နင့်နေရာမှာဆို အရေးမပါတဲ့အရာတွေကို ဆက်ပြီး စွဲလန်းနေမှာမဟုတ်ဘူး၊ ဒီနေ့ဘာမှမဖြစ်ခဲ့သလို ဟန်ဆောင်ပြီး လဲ့အာလေးကို သေသေချာချာပြုစုပျိုးထောင်ပေးသင့်တယ်၊ ဒါမှ ရှစ်မိသားစုထဲ နင် အခြေခိုင်နိုင်မှာပေါ့၊ ဘယ် လိုသဘောရလဲ”

မို့ရွှယ်ယင်းအသံက အလွန်သိမ်မွေ့သော်လည်း စကားလုံးတိုင်းက ရှစ်ယိုချန်း၏အရှိုက်ကို ထိနေသည်။

“ဟုတ်တယ် ငါအမှားလုပ်မိတာ ဝန်ခံတယ်၊ နင်နဲ့ ငါနဲ့ ကွာရှင်းပြတ်စဲရမှာတော့ သေချာတယ်၊ နောင်တစ်ချိန် လဲ့အာလေး လက်ဆက်ထိန်းမြှားတဲ့အခါ အသုံးပြုဖို့ ငါ့ခန်း ဝင်ပစ္စည်း အများစုကိုထားခဲ့ပေးမယ်”

မို့ရွှယ်ယင်း နားလည်မှုဖြင့် ဆက်ပြောလိုက်သည်။

ရှစ်ယိုချန်း၏တင်းမာနေသော မျက်နှာ အနည်းငယ် ပြေလျော့သွားခဲ့သည်။ မို့ရွှယ်ယင်း၏ခန်းဝင်ပစ္စည်းများက တန်ဖိုးအလွန်ကြီးမားသည်ပင်။

“နင်က အနည်းဆုံးတော့ မိခင်စိတ်ရှိသေးသားပဲ! ဒီလိုဖြစ်လာမယ်မှန်းသိရင် ဘာလို့ အစကတည်းက အဲ့လို အပြစ်တွေ ကျူးလွန်ခဲ့တာလဲ! အခုတော့ အကုန်လူသိရှင် ကြားဖြစ်ကုန်ပြီ၊ လဲ့အာလေးက ငါ့သားအရင်းဖြစ်နေရင်တောင် ဘယ်လိုရှင်းပြရတော့မလဲ ? ဘယ်သူက ယုံကြည်မှာလဲ!”

ရှစ်ယိုချန်းရင်ထဲ ဒေါသတချို့ ကျန်ရှိနေဆဲ ဖြစ်သည်။

မို့ရွှယ်ယင်း သက်ပြင်းချလိုက်သည်။ သူ့ မျက်နှာပေါ်မှာလည်း ဝမ်းနည်းမှု အရိပ်အယောင်တချို့ရှိနေခဲ့သည်။ အစောပိုင်း အဆင်အခြင်မဲ့ပြောခဲ့မိသည့် စကားတွေအတွက်လည်း နောင်တရမိသည်။

ထိုအချိန်တုန်းက တန့်ရွှေ့လန်ကို အနိုင်ယူချင်စိတ်သာ ရှိခဲ့တာဖြစ်သည်။ ထိုစိတ်တစ်ခုတည်းကြောင့် သူမ မပြောသင့်သည့် စကားတွေကိုပြောခဲ့မိပါသည်။

သို့သော် ယခုအချိန်က နောင်တရနေရမည့် အချိန်မဟုတ်ပေ။ အန်းကျောက်ရီအတွက် အန်းယွီ ဘယ်လိုကာကွယ်ပေးခဲ့သလဲဆိုတာကို ပြန်မြင်ယောင်ရင်း မို့ရွှယ်ယင်း ဆုံးဖြတ်ချက် ခိုင်မာပြတ်သားသွားခဲ့သည်။

ရှစ်ယိုချန်းကို ကြည့်လျက် သူမ ပြတ်ပြတ်သားသား ပြောလိုက်သည်။

“အရှင်မင်းကြီးရဲ့ ဘုန်းတန်ခိုး အရှိန်အဝါက တစ်နေ့ထက်တစ်နေ့ ပိုကြီးမားလာနေပြီ၊ ဝန်ကြီးမှူးမတ်တွေကလည်း လေးစား ကြည်ညိုကြတယ်၊ ဒါပေမယ့် ရှင်အမှုထမ်းခဲ့တဲ့ မင်းသားအန်းဟယ်ကတော့ အခုချိန်မှာ ဘာမှပြောရေး ဆိုခွင့်မရှိတော့ဘူး၊ ပြီးတော့ဒီနေ့ ချန်ကျင်းမင်ကို ရှင်တိုက် ခိုက်ခဲ့တဲ့အတွက် မင်းသားအန်းဟယ်ကို ရန်သူအဖြစ် သတ်မှတ်လိုက်တာနဲ့ အတူတူပဲ၊ တစ်ချိန်တုန်းက ဇနီး မောင်နှံတွေဖြစ်ခဲ့တာကြောင့်ရယ်၊ လဲ့အာလေးရဲ့မျက်နှာကိုထောက်ထားတာကြောင့်ရယ် ရှင့်ကို ကျွန်မ နောက်ဆုံးတစ်ခါ သတိပေးခဲ့မယ်၊ ဖြတ်သင့်တဲ့ နှောင်ကြိုးတွေကို အချိန်မှီမဖြတ်ရင် အရာရာပျက်စီးပြိုလဲရလိမ့်မယ်နော်”

ရှစ်ယိုချန်း အေးစက်စွာပြောလိုက်သည်။

“မိန်းမဖြစ်ပြီး နန်းတွင်းရေးရာ ကိစ္စတွေ ဝင်စွက်ဖက်ရဲတယ်ပေါ့”

သို့သော် သူ့မျက်လုံးတွေထဲ မသေချာ မရေရာမှုတွေရှိလာတာကိုတော့ ငြင်းဆန်လို့မရပါ။ မို့ရွှယ်ယင်း ပြောခဲ့သလိုပဲ ဒီနေ့ သူ့လုပ်ရပ်တွေကြောင့် မင်းသားအန်းဟယ်ကိုစော် ကားမိသလို ဖြစ်သွားလေပြီ။ ထို့ကြောင့် မင်းသားအန်းဟယ်ထံမှာ အမှုဆက်ထမ်းရင်တောင် ဘာမှကောင်းတာ ရလာနိုင်မှာ မဟုတ်တော့ပေ။

“အခုအချိန်မှီ နောက်ဆုတ်ပြီး အရှင်မင်းကြီးဆီမှာသာ မယိမ်းယိုင်တဲ့ သစ္စာနဲ့ အမှုထမ်းမယ်ဆိုရင် အရှင်မင်းကြီးရဲ့ အမိန့်ထုတ်ပြန်ချက်တစ်ခုတည်းနဲ့ ဒီနေ့ဖြစ်ခဲ့တဲ့ အဖြစ် အပျက်တွေကို ဘယ်သူမှထုတ်ပြောရဲမှာ မဟုတ်တော့ဘူး၊ လဲ့အာလေးအကြောင်းကိုလည်း ဘယ်သူမှ ရှုတ်ချပြော ဆိုရဲမှာ မဟုတ်ဘူး၊ အခုက နောက်မကျသေးဘူးနော် ရှစ်ယိုချန်း ရှင်တွန့်ဆုတ်နေဦးမယ်ဆိုရင်တော့ မျိုးဆက်ကိုးဆက်အတိ ကွပ်မျက်ခံရတဲ့အခါ လဲ့အာလေးလည်းလွတ် မြောက်နိုင်မှာ မဟုတ်ဘူး”

မို့ရွှယ်ယင်း လေးနက်စွာ သတိပေးလိုက်သည်။

ထိုစကားလုံးတွေကို ရှစ်ယိုချန်း နှလုံးသွင်းခဲ့သော်လည်း မျက်နှာကတော့ တင်းမာနေဆဲဖြစ်ပါသည်။

“အဲ့တာတွေ ငါမသိဘူးလို့ ထင်နေလား ? နင့်လို မိန်းမမျိုးက ပြောပြမှ ငါ သိမယ်ထင်နေတာလား!”

သို့သော်လည်း မို့ရွှယ်ယင်း စိတ်ရင်းဖြင့်မှာကြားခဲ့သည့် စကားလုံးများကြောင့် သူ့စိတ်အနည်းငယ် ပြေလျော့နေပြီ ဖြစ်ပါသည်။

“ဒီကိစ္စကို ရှင်သေချာ စဉ်းစားဆုံးဖြတ်ပြီး လဲ့အာလေးအတွက် ကောင်းမွန်တဲ့အနာဂတ်တစ်ခု တည်ဆောက်နိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်”

မို့ရွှယ်ယင်း တည်ငြိမ်စွာ ပြောလိုက်သည်။

“ကျွန်မ မရှိတော့ရင်တောင် မို့မိသားစုက လဲ့အာလေးကို ဆက်ပြီး ထောက်ပံ့ပေးကြလိမ့်မယ်၊ ရှင်ဒီကိစ္စကို လူသိ ရှင်ကြား ဖြစ်အောင် ပြဿနာဆက်ရှာနေဦးမယ်ဆိုရင် လဲ့အာလေး လူတွေကြားထဲ မျက်နှာ ဘယ်ထားရတော့မလဲ၊ ရှင့်အပေါ် ကျွန်မအပြစ်လုပ်ခဲ့မိတယ်လို့ပဲ ရှိပါစေတော့၊ လဲ့အာလေးအတွက် ငြိမ်းငြိမ်းချမ်းချမ်းလမ်းခွဲကြရ အောင်”

မို့ရွှယ်ယင်း ယခင်ကလို ကြမ်းတမ်း ရူးသွပ်သည့် အသွင်မျိုး မရှိတော့ပါ။ အန်းယွီ၏နွေးထွေးသည့် ဖခင်စိတ်ကို မြင်လိုက်ရသဖြင့် သူမလည်း စိတ်ပြောင်းသွားခဲ့တာ ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။ သူ ထွက်မသွားခင် လုပ်ပေးနိုင်တာဆိုလို့ လဲ့အာလေး၏အနာဂတ်ကို အေးချမ်းတည်ငြိမ်အောင် လမ်းခင်းပေးခဲ့ဖို့သာ။

ရှစ်ယိုချန်းလည်း ပါးစပ်ပိတ်သွားခဲ့သည်။ သူ လူကောင်း မဟုတ်သလို ခင်ပွန်းကောင်းလည်း မဟုတ်ပါ။ သို့သော် ရှစ်လဲ့လေးကိုတော့ အရိုးထဲထိစွဲအောင် ချစ်မြတ်နိုးသည်။ အခုလို စိတ်ရူးပေါက်သွားခဲ့ရခြင်းကလည်း ရှစ်လဲ့လေးက သူ့သားအရင်းမဟုတ်ဘူးဟု မို့ရွှယ်ယင်း ပြောခဲ့ခြင်းကြောင့်သာဖြစ်သည်။

ယခု မို့ရွှယ်ယင်းက အားလုံး သေချာရှင်းပြလိုက်ပြီဖြစ်သဖြင့် ရှစ်ယိုချန်း စိတ်တည်ငြိမ်သွားခဲ့ပါသည်။

ရှစ်ယိုချန်း ပြောလိုက်သည်။

“ပြီးတာပဲ၊ အရှင်မင်းကြီးရဲ့ အမိန့်တော်အတိုင်း နာခံကြမယ်၊ ငါ ဘာမှမပြောတော့ဘူး”

မို့ရွှယ်ယင်း ခေါင်းညိတ်လိုက်ပြီး လှည့်ထွက်လာခဲ့သည်။ သူတို့နှစ်ယောက် စကားပြောပြီးသွားသောအခါ ရှစ်ယိုချန်း ဘာကိုမှ မေးခွန်းဆက်မထုတ်တော့ဘဲ ကွာရှင်းပြတ်စဲသည့်ကိစ္စကို အေးအေးလူလူလက်ခံခဲ့သည်။

နောက်ဆုံးတော့ တန့်ရွှေ့လန်ကို ယွဲ့လင်း ကြည့်လိုက်သည်။ တန့်ရွှေ့လန်က ချန်ကျင်းမင်အား စွန့်မလွှတ်နိုင်သေးသည့် မျက်လုံးများဖြင့် စိုးရိမ်ပူပန်စွာ ကြည့်နေပါသေးသည်။

“ဘယ်လိုဖြစ်စေချင်လဲ အန်းယွီ”

ယွဲ့လင်း မေးလိုက်သည်။

အန်းယွီ ခါးသီးစွာ ရယ်မောလိုက်ပြီး ဒူးထောက်ဂါဝရပြုလိုက်ပါသည်။

“ဒီငယ်သားနဲ့ တန့်အမျိုးသမီးတို့ရဲ့အိမ်ထောင်ရေးက အဆုံးသတ်သွားပါပြီ အရှင်မင်းကြီး၊ ဒီငယ်သားတို့ကိုလည်း ကွာရှင်းပြတ်စဲခွင့်ပြုဖို့ အရှင်မင်းကြီးကို တောင်းဆိုပါတယ်၊ ရှေ့လျှောက် တန့်အမျိုးသမီး ဘာတွေပဲလုပ်လုပ် ဒီငယ်သားနဲ့သက်ဆိုင်ခြင်း မရှိစေရပါဘူး”

ဒါကိုကြားတော့ တန့်ရွှေ့လန်လည်း မျှော်လင့်တကြီး ဖြစ်သွားမိသည်။ သူမ အစကတည်းက ချစ်မြတ်နိုးခဲ့သူက ချန်ကျင်းမင်သာ။

အန်းယွီကို သူမ လက်ဆက်ခဲ့ခြင်းကလည်း ချန်ကျင်းမင်၏တိုက်တွန်းမှုကြောင့်သာဖြစ်သည်။ ယခုလို အမှန်တရားတွေ ပေါ်လာတာကလည်း ကောင်းမွန်သည့်ကိစ္စဟု သူ ထင်မိသည်။ အန်းယွီသာ ဝင်မရှုပ်တော့လျှင် သူနှင့် အစ်ကိုကျင်းမင်တို့ လွတ်လွတ်လပ်လပ် ပေါင်းစည်းနိုင်ပါပြီ။

တန့်ရွှေ့လန်၏ဖြစ်ပျက်နေသော မျက်နှာကို ကြည့်ရင်း ယွဲ့လင်း ဆွံ့အသွားလေသည်။ ထို့နောက် သူတို့နှစ်ယောက်ကိုလည်း ယွဲ့လင်း ကွာရှင်းပြတ်စဲခွင့် ပြုလိုက်ပါသည်။

ယွဲ့လင်းနှုတ်မှ အမိန့်တော်ထွက်လာတာနဲ့တစ်ပြိုင်နက် တန့်ရွှေ့လန် တစ်စက္ကန့်လေးတောင် မစောင့်နိုင်တော့ဘဲ ချန်ကျင်းမင်ဘေးသို့ ပြေးသွားကာ စိတ်ပူပန်စွာဖြင့် ပွစိပွစိ ပြောနေခဲ့ပါသည်။ ချန်ကျင်းမင် မျက်နှာကလည်း အလွန်မသာမယာဖြစ်နေလေသည်။ သို့သော် လူတွေအများကြီး ရှိနေသဖြင့် သူဘာမှ ထုတ်ပြောလို့မရပါ။

တန့်ရွှေ့လန် တုံးအတာကို သူ သိသည်။ သို့သော် ဒီလောက်ထိ တုံးအလိမ့်မည်ဟု ထင်မထားခဲ့ပေ။ သူ့ဖာသာသူတောင် ဒီဇာတ်ရှုပ်မှလွတ်မြောက်ဖို့ ဝမ့်ဝမ်ရုန်ကိုပဲ အားကိုးရတော့မှာဖြစ်သည်။

တန့်ရွှေ့လန် ဒီလို လာဖြစ်ပျက်ပြနေတာ သူ့ကို သေစေချင်လို့လား!!

ထိုစကားတွေကို နှုတ်မှထုတ်ပြောချင်သော်လည်း မပြောနိုင်ခဲ့ပါ။ ထို့ကြောင့် ချန်ကျင်းမင် စကားကိုတည်တည်ငြိမ်ငြိမ်နှင့် ဝတ်ကျေတန်းကျေ ပြန်ပြောနိုင်ခဲ့ပါသည်။

“ဒီနေ့ ပြဿနာတွေ ဒီမှာပဲ အဆုံးသတ်စေတော့၊ ဒါတွေက ပြောဆိုလို့ကောင်းတဲ့အရာတွေ မဟုတ်လို့ နန်းတော်ကို ပြန်ရောက်တာနဲ့ ဘယ်သူမှ သတင်းမဖြန့်ကြဖို့ မျှော်လင့်တယ်၊ တိုင်းသူပြည်သားတွေရဲ့ နှုတ်ဖျားကို ဒီအရေးကိစ္စ ရောက်သွားတာနဲ့ ဖြစ်လာမယ့် အကျိုးဆက်ကိုကာယကံ ရှင်တွေပဲ ခံစားရမှာမဟုတ်ဘူး”

ယွဲ့လင်း သတိပေးလိုက်သည်။

အားလုံး အနည်းငယ် ထိတ်လန့်သွားခဲ့ကြပါသည်။ တိုင်း သူပြည်သားတွေရဲ့ စိတ်ကူးယဉ်နိုင်စွမ်းက ကြောက်စရာကောင်းမှန်း အားလုံးသိကြသည်။ ချန်ကျင်းမင်၏ဖောက် ပြားမှုအကြောင်းတွေ ပေါက်ကြားသွားပါက ရှစ်မိသားစုနှင့် အန်းမိသားစုတို့သာမကဘဲ တခြားသူများပါတံတွေးခွက်ထဲ ပက်လက်မျောသွားပါလိမ့်မည်။

ထို့အပြင် တချို့တွေကလည်း နဂိုကတည်းက အပြစ်ကင်းစင်သူတွေ မဟုတ်ကြသဖြင့် တကယ်တမ်း စုံစမ်းစစ်ဆေးလိုက်လျှင်…

အားလုံး ဂုတ်တိုသွားကြပြီး ဒီအရေးကိစ္စ မပေါက်ကြားစေရပါဟု တစ်ယောက်ပြီးတစ်ယောက် ကတိသစ္စာ ပြုခဲ့ကြပါသည်။

ကျန်းကျီမြောင်လည်း ကန့်ကွက်စရာမရှိပါ။ တိုင်းသူပြည် သားများထံမှ အံ့ဩတုန်လှုပ်မှုရလဒ်တွေ လိုချင်မိသော် လည်း ဒီကိစ္စက အန်းကျောက်ရီ၏အရှက်သိက္ခာနဲ့ ပတ်သတ်နေတာဖြစ်သည်။

တိုင်းသူပြည်သားတွေအကြား သတင်းပြန့်သွားပါက အန်းယွီ ဘယ်လောက်ပဲ ထွက်ဆိုပေးပါစေ အန်းကျောက်ရီ၏ မျိုးရိုးကို လူတွေ ရှုတ်ချပြောဆိုကြလိမ့်မည်။ ကျန်းကျီမြောင် ဒါမျိုးမဖြစ်စေချင်ပါ။

ထို့အပြင် ယခု သူမရရှိလိုက်သည့် အံ့ဩတုန်လှုပ်မှုရလဒ်တွေကအတော်လေးများနေပြီဖြစ်သည်။ တော်ဝင် အစောင့်တပ်သားများ၊ နန်းတွင်းအရာရှိအမတ်များနှင့် ၎င်းတို့၏ မိသားစုဝင်များ စသည်ဖြင့် အားလုံးကို ပေါင်းလိုက်သောအခါ ရာဂဏန်းထောင်ဂဏန်းအထိ ရှိသည်။

ထို့ပြင် ချန်ကျင်းမင်၏သရုပ်မှန်ကို အားလုံးမျက်လုံးနှင့် တပ်အပ် မြင်ခဲ့ရတာကြောင့် တစ်ယောက်ချင်းဆီတိုင်းမှ ရရှိသည့် အံ့ဩတုန်လှုပ်မှုရမှတ်များက မယုံနိုင်လောက်အောင် များပြားပါသည်။ ဒီတစ်သုတ်တည်းနဲ့ သူမ ရည် မှန်းထားသည့် ပမာဏကိုရရှိနိုင်လိမ့်မည်ဟု ကျန်းကျီမြောင် ခန့်မှန်းမိသည်။

မနက်ဖြန် အံ့ဩတုန်လှုပ်မှုရမှတ်တွေကို စာရင်းရှင်းပြီးတာနဲ့ ပမာဏအတိအကျကို သိနိုင်ပါလိမ့်မည်။ လိုအပ် ချက် ရှိနေသေးလျှင်ပင် အများကြီးမဟုတ်လောက်ပါ။

All Chapters