← Chapters

အခန်း (၃)

Vol. 1 Ch. 3

အခန်း (၃)

Vol. 1 Ch. 3

ကိုယ်လုပ်တော်များ သက်ဆိုင်ရာနန်းဆောင်ထံ ပြန်လည်ရောက်ရှိသွားကြပြီး လုပ်စရာရှိတာချက်ချင်းလုပ်ခဲ့ကြသည်။

ကြင်ယာတော်သဲ့ကမူ အိမ်တော်သို့ စာတစ်စောင်ရေးပို့ဖို့ ကြိုးစားခဲ့သည်။ သို့သော် သူမ ဘယ်လောက်ပဲကြိုးစားပါစေ အရှင်မင်းကြီးပန်းသေနေသည့်အကြောင်း စာထဲထည့် မပေးနိုင်ခဲ့ပေ။

ဘေးနားမှ အခြွေအရံများအားပြောပြဖို့ ကြိုးစားသော် လည်း ဧကရာဇ်မင်းကြီးပန်းသေသည့် ကိစ္စနှင့် ပတ်သတ်သည့် စကားလုံးတိုင်း နှုတ်ခမ်းဖျားမှမထွက်နိုင်ခဲ့ချေ။

ကြင်ယာတော်သဲ့ နားလည်သွားသည်။

အရင်တုန်းကလိုပင် အရှင်မထံမှကြားခဲ့ရသည့် အတင်း အဖျင်းများအား အပြင်၌လျှောက်ပြောလို့မရချေ။ အစောပိုင်း ကိုယ်လုပ်တော်အချင်းချင်း ထိုအကြောင်းပြောဖို့ရာကြိုးစားကြည့်ခဲ့သော်လည်း ဘာစကားလုံးမှထွက်မလာခဲ့ပေ။

ကြင်ယာတော်သဲ့ ထုတ်မပြောနိုင်သဖြင့် တခြားကိုယ်လုပ် တော်များလည်း ပြောနိုင်မည်မဟုတ်လောက်‌ချေ။ ထို့ ကြောင့် အရှင်မင်းကြီးပန်းသေသည့် ကိစ္စနဲ့အတူ သူမရဲ့ ထူးခြားဆန်းပြားသောအမူအကျင့်သည်လည်း အပြင်လောကသို့ ပြန့်နှံ့သွားမည်မဟုတ်ဘဲ ကိုယ်လုပ်တော်တွေ ကြားထဲမှာသာ လျှို့ဝှက်ချက်တစ်ခုအဖြစ်ရှိနေပါလိမ့် မည်။

--- --- ---

ဖုန့်ယီနန်းဆောင်…

ယနေ့ဖုန့်ယီနန်းဆောင်၌ ယွဲလင်း ညစာသုံးဆောင်မည်ဟု ပြောထားသဖြင့် ကျန်းကျီမြောင် အသင့်ပြင်ဆင်ထားရသည်။

မိန်းမစိုးခေါင်းဆောင်ကြီး လီသဲဟွိုက် ချွေးတွေစိုရွှဲလျက် ရုတ်တရက်ရောက်ချလာသည်။

“အရှင်မ၊ ကြင်ယာတော်လင်း ရုတ်တရက် နာမကျန်းဖြစ် လာလို့ အဖော်ပြုပေးဖို့အတွက် အရှင်မင်းကြီး ချူရှို့နန်းဆောင်ကိုကြွချီသွားပါတယ်၊ အဲ့အတွက် ဖုန့်ယီနန်းဆောင်မှာ ညစာသုံးဆောင်ဖို့ကြွချီလာတော့မှာ မဟုတ်တဲ့အ ကြောင်း ကျွန်တော်မျိုး အစီရင်လာခံတာပါ”

အစီရင်ခံပြီးနောက် ကျန်းကျီမြောင် ဒေါသပေါက်ကွဲသွားလိမ့်မည်ဟု လီသဲဟွိုက် ထင်ထားခဲ့သည်။

“ဧကရာဇ်မင်းကြီး မကြွလာဘူးပေါ့ ဟုတ်လား ?”

ကျန်းကျီမြောင် မျက်လုံးများအရောက်လက်သွားရသည်။

“ကျွေ့ယွဲနဲ့ ယွင်ရှန်းတို့ မြန်မြန် မြန်မြန်လုပ်ကြစမ်း! အဲ့ဒီ ဝက်ခေါက်ပေါင်းကို ဒီအရှင်မအတွက် အမြန်ဆက်သကြစမ်း! အရှင်မင်းကြီးက ဆီများတဲ့အစာတွေဆို မကြိုက်တတ်ဘူးလို့ကြားတယ်၊ အဲ့ဒါကြောင့် စားချင်စဖွယ်ကောင်းတဲ့ ဒီဝက်ခေါက်ပေါင်းကို-…”

ကျန်းကျီမြောင် ပြောရင်းဆိုရင်း အူကြောင်ကြောင်ဖြစ်‌ နေသော လီသဲဟွိုက်အားကြည့်လိုက်သည်။

“မိန်းမစိုးကြီးလီ ? ဘာလို့ မသွားသေးဘဲ ကြောင်ကြည့်နေတာလဲ”

လီသဲဟွိုက် “…”

ဒါဆို… အရှင်မင်းကြီးက ဝက်ခေါက်ပေါင်းဟင်းတစ်ခွက်လောက်တောင် အရေးမပါဘူးလား…

ဒီအကြောင်းကို သေချာလျှို့ဝှက်ထားမှ ဖြစ်မယ်!

“သွားပါတော့မယ် ကျွန်တော်မျိုး သွားပါတော့မယ်!”

လီသဲဟွိုက် ချွေးတွေသုတ်လိုက်ပြီး ခပ်မြန်မြန်လစ်ထွက်သွားတော့သည်။

မကြာမီ မှောင်ရီပျိုးစပြုခဲ့သည်။

ကျန်းကျီမြောင် နန်းဆောင်ထဲ ဝတ္ထုစာအုပ်တစ်အုပ်အားစိတ်ဝင်တစားဖတ်ရှုနေခဲ့သည်။

ထိုစဉ် ရုတ်တရက်…

“ဧကရာဇ်မင်းကြီး ကြွချီလာပါပြီ”

ကျန်းကျီမြောင် အနည်းငယ်ကြက်သေသေသွားခဲ့သည်။

ကြင်ယာတော်လင်းက တော်တော်အသုံးမကျတာပါလား ?

ယွဲ့လင်းကို မူရာမာယာတွေသုံးပြီး မဆွဲထားနိုင်ဘူးလား ?

ဖြစ်တော့ ဖြစ်နိုင်ပါတယ်လေ! အရှင်မင်းကြီးက ပန်းသေ နေတာဆိုတော့ မိန်းမတွေကို စိတ်ဝင်စားမှာလည်းမဟုတ်ပါဘူး!

ထိုအတွေးဖြင့် ကျန်းကျီမြောင် ပြန်လည်တည်ငြိမ်သွားခဲ့သည်။

[ဧကရာဇ်မင်းကြီးက ပန်းသေနေတာဆိုတော့ အလွန်ဆုံး ဒီတိုင်းစောင်လေးခြုံပြီး ဖြူဖြူစင်စင် စကားပြောကြရုံပေါ့၊ ဘာကြောက်စရာရှိလို့လဲ]

ယွဲလင်း နန်းဆောင်ထဲ ဝင်လာသည်နှင့်တစ်ပြိုင်နက် ထိုအသံကိုကြားလိုက်ရပြန်သည်။ ထို့ကြောင့် ကျန်းကျီမြောင်အား အေးတိအေးစက်လှမ်းကြည့်လိုက်သည်။

မနက်ပိုင်း ဖုန့်ယီနန်းဆောင်မှ ပြန်သွားပြီးနောက် ထိုအသံများပျောက်ကွယ်သွားခဲ့သည်။ ယခု ဖုန့်ယီနန်းဆောင်ထဲ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် ထိုအသံများကိုကြားလာရပြန်သည်။

ဒါသွေးရိုးသားရိုး နားကြားလွဲခြင်း မဖြစ်နိုင်ချေ။

သေချာတာတစ်ခုတော့ ရှိသွားပြီ!

ထိုအသံမှာ ကျန်းကျီမြောင် စိတ်ထဲမှ မကျေမနပ်အတင်းတုပ်နေသော အသံသာဖြစ်လိမ့်မည်။

သူကြားနေတာက ဒီမိန်းမရဲ့စိတ်ထဲက စကားသံတွေပေါ့!

“အရှင်မင်းကြီးကို ကျွန်တော်မျိုးမ ရိုသေကျိုးနွံစွာကြိုဆိုပါတယ်”

ကျန်းကျီမြောင် လိမ္မာယဉ်ကျေးစွာ ဂါဝရပြုလိုက်လေသည်။

အခြွေအရံခေါင်းဆောင်ကျွေ့ယွဲကလည်း သေရည်အိုးတစ်လုံးကို သယ်လျက်ဝင်လာခဲ့သည်။

“အရှင်မင်းကြီးနဲ့ အရှင်မတို့၊ ဒီသေရည်နီကို မယ်တော်ကြီး ပေးအပ်လာတာပါ၊ အရှင်မင်းကြီးနဲ့ မိဖုရားကြီးတို့ တစ် သက်တာလုံး ပျော်ရွှင်ဝမ်းမြောက်စွာပေါင်းဖက်နိုင်စေဖို့လည်း မယ်တော်ကြီးကဆုတောင်းပေးလိုက်ပါသေးတယ်”

သေရည်နီတဲ့…

စိတ်ဝင်စားစရာတော့ ကောင်းလာပြီ။

လက်ဆက်ထိန်းမြားမှု အထမမြောက်မှာစိုးသဖြင့် မယ်တော်ကြီးမှ သေရည်နီအား ပို့ဆောင်ပေးလိုက်ခြင်း ဖြစ်ပါလိမ့်မည်။

ကျန်းကျီမြောင် မျက်တောင်တဖျပ်ဖျပ် ခတ်လိုက်မိသည်။

[သေရည်နီတွေ ဘာတွေ ဂရုမစိုက်ပါဘူး၊ ဒါပေမယ့် အရှင် မင်းကြီးရဲ့ ပန်းသေပန်းညှိုးရောဂါက သေရည်တစ်မျိုးနဲ့ ကုလို့ရတဲ့ ရောဂါမှမဟုတ်တာ၊ အချိန်တန်မှ သူ့ကိုနှစ်သိမ့်ပေးဖို့ နည်းလမ်းတစ်ခုခုရှာရမှာပေါ့]

ယွဲ့လင်း ကျန်းကျီမြောင်အားကြည့်ရင်း ခံစားချက်မဲ့စွာ ပြောလိုက်သည်။

“မယ်တော်ကြီးရဲ့ စေတနာဆိုတော့လည်း အသိအမှတ်ပြုရတာပေါ့၊ သေရည်ငှဲ့လိုက်ပါ”

အခြွေအရံကျွေ့ယွဲ့မျက်နှာရွှင်လန်းသွားပြီး သေရည်ကို အမြန်ငှဲ့ပေးလိုက်သည်။

သေရည်ခွက်အားကြည့်ရင်း ယွဲ့လင်းမျက်လုံးထဲ လှောင် ပြောင်သရော်မှု အရိပ်အယောင်တစ်ခုပေါ်လာခဲ့သည်။

မယ်တော်ကြီးကတော့ ဘာမဟုတ်တဲ့ ကိစ္စတွေအထိ လိုက်ဝင်ပါနေတော့တာပဲ…

ကျန်းကျီမြောင်လည်း သေရည်ကို အနံ့ခံကြည့်လိုက်သည်။ အနံ့က အတော်လေးမွှေးသဖြင့် ကျန်းကျီမြောင် သေရည်ခွက်အားကိုင်လျက် မြည်းစမ်းဖို့ပြင်လိုက်သည်။

ရုတ်တရက် ယွဲလင်းအား သူ အူတူတူနျင့်ကြည့်လိုက်ပြီး ပြောလိုက်မိသည်မှာ “အရှင်မင်းကြီး မစွမ်းဆောင်နိုင်…”

ယွဲ့လင်းမှလည်း ကျန်းကျီမြောင်အား အံ့အားသင့်စွာကြည့်လိုက်သည်။

ဘာ စကားပြောလိုက်တာ!

“… သေရည်ခွက်ကို ကိုယ်တိုင်ကိုင်ဖို့ မစွမ်းဆောင်နိုင်ဘူးလား”

ကျန်းကျီမြောင် စကားကိုအမြန်ပြန်ပြင်ပြောလိုက်ရသည်။

လည်ချောင်းဝသို့ ရောက်နေပြီဖြစ်သည့် စကားလုံးများအား ယွဲလင်း ပြန်ချလိုက်ရသည်။

၎င်းတို့ သေရည်သုံးဆောင်ပြီးသည့်အချိန်အထိ ကျွေ့ယွဲစောင့်နေခဲ့ပြီးနောက် သိမ်းစရာရှိတာ သိမ်းဆည်းကာ ထွက်ခွာသွားခဲ့သည်။

တံခါးအားပိတ်ရင်း အခြွေအရံယွင်ရှန်းအား အဓိပ္ပာယ်ပါစွာပြုံးပြလိုက်သည်။

“ကြည့်ရတာ ဒီညတော့ အလုပ်ဖြစ်ပြီထင်တယ်”

ယွင်ရှန်းလည်း စိတ်လှုပ်ရှားသွားသည်။ အရှင်မင်းကြီးနှင့် အရှင်မတို့ လက်ဆက်ထိန်းမြားပြီးသည်မှာ တစ်လကျော်ကြာပြီဖြစ်သည်။ မင်္ဂလာဦးညကလွဲပြီး ဖုန့်ယီနန်းဆောင်ငို့ မင်းကြီးကြွချီလာသည်မှာ ဒါပထမဆုံးအကြိမ်ဖြစ်သည်။

အရှင်မသည် အပေါ်ယံမှာ ဂရုမစိုက်ချင်ယောင်ဆောင်နေပါသော်လည်း ရင်ထဲမှာတော့ ဝမ်းနည်းကြေကွဲနေလောက်သည်ဟု သူမတို့ အခြွေအရံတစ်စုတွေးမိကြသည်။ သို့သော်လည်း ယနေ့ညတော့ အရာရာပြောင်းလဲသွားနိုင် လောက်သည်။

ကျန်းကျီမြောင် သေရည်ကို ပျော်ပျော်ကြီးသောက်ရင်း ဝေဖန်သုံးသပ်ဖို့ပြင်လိုက်သည်။

ရုတ်တရက်…

သူမ အာရုံထဲ အသံတစ်ခုမြည်ဟည်းလာခဲ့သည်။

“မစ်ရှင်စနစ် တရားဝင် ပွင့်သွားပါပြီ၊ ယခု စနစ်စတိုးဆိုင်အား စတင်အသုံးပြုနိုင်ပါပြီ”

“အတင်းအဖျင်းစနစ်မှ ယာယီမစ်ရှင်တစ်ခု ပေးအပ်လိုက်သည်။

ယာယီမစ်ရှင် : ယွဲလင်းအား ဖုန့်ယီနန်းဆောင်မှာတစ်ည တာနေထိုင်အောင် ဖန်တီးပါ!

မစ်ရှင် အောင်မြင်မှုရလဒ် : ၅ မှတ်”

ကျန်းကျီမြောင် မျက်လုံးများအရောင်လက်သွားခဲ့သည်။

နေ့တိုင်းအတင်းအဖျင်းများ ဖတ်နေရသော်လည်း အတင်း အဖျင်းစနစ်မှ မစ်ရှင်တစ်ခုတရားဝင်ပေးအပ်လာသည်မှာ ဒါပထမဆုံးအကြိမ် ဖြစ်သည်။

အသစ်ပွင့်လာသည့် စနစ်စတိုးဆိုင်ဆိုသည်ကိုလည်း ကျန်းကျီမြောင် ဝင်ရောက်ကြည့်ရှုလိုက်သေးသည်။

ယွဲလင်းအမြင်မှာတော့ ကျန်းကျီမြောင် သေရည်သောက်ပြီးနောက် ရှေ့သို့ အူကြောင်ကြောင်ငေးကြည့်နေခြင်းသာ။

ယွဲလင်း မျက်မှောင်ကြုတ်သွားခဲ့၏။

လင်းချင်ချင်ကိုသာ စွဲစွဲမြဲမြဲချစ်မြတ်နိုးနေသူတစ်ယောက် အဖြစ် တစ်လကျော်ကြာအောင် သူ သရုပ်ဆောင်ခဲ့သည်။ တခြားသူတွေအားလုံးက သူ့ဟန်ဆောင်မှုကိုယုံကြည်နေကြသည်။ ကြင်ယာတော်လင်းကပင် သူ့ကိုယ် သူ ဘုရင်မင်းမြတ်၏တစ်ဦးတည်းသော အချစ်စစ်ဟုယုံကြည်နေလေသည်။

ထို့ကြောင့် ယနေ့ညမှစတင်ပြီး တခြားကြင်ယာတော်များအား အခွင့်ရေးပေးဖို့အချိန်ရောက်ရှိလာခဲ့ပြီဖြစ်သည်။

ကျန်းကျီမြောင်၏အတွေးများကို ကြားနေရခြင်းမှာ ထင်မထားသည့်ဖြစ်ရပ်ဖြစ်သည်။ သို့သော် သူ့အတွက်ကောင်း မွန်သည့်ကိစ္စဖြစ်လင့်ကစား ကျန်းကျီမြောင်၏အတွေးများကို သူလိုအပ်သလို အသုံးချနိုင်လိမ့်မည်။

နားလည်ရလွယ်သော လူတစ်ယောက်သည် ထိန်းချုပ်ဖို့ရာ အလွယ်ကူဆုံးဖြစ်ပေလိမ့်မည်။

ယွဲလင်း မျက်မှောင်ကြုတ်လျက် ကျန်းကျီမြောင် စတင်လှုပ်ရှားမည့်အချိန်ကို စိတ်ရှည်ရှည်စောင့်နေသည်။ ကျန်းကျီမြောင် စတင်လှုပ်ရှားမှ သူ ပန်းသေပန်းညှိုးဖြစ်နေတာ တကယ်ဟုတ်၊ မဟုတ် ပြသလိုက်မည်သာ။

ကျန်းကျီမြောင် စနစ်စတိုးဆိုင်အား မရပ်မနား လှန်လှော ကြည့်ရှုနေလေသည်။

“အလှအပ ဆေးလုံး”

“ခွန်အားတိုး ဆေးရည်”

“သူများစကားပြောတာ ခိုးနားထောင်လို့ရတဲ့ အဆောင်တွေ”

ထူးထူးဆန်းဆန်းပစ္စည်းပေါင်းစုံကို သူ မြင်နေရသည်။ သို့ သော် အရေးအကြီးဆုံးက ဒါတွေမဟုတ်ပါ။

အရေးအကြီးဆုံးက စတိုင်းဆိုင်မှာ စိတ်ပိုင်းဆိုင်ရာဖျော် ဖြေမှု အမျိုးအမယ်ပေါင်းစုံကိုလဲလှယ်ဝယ်ယူနိုင်သည်။

ရုပ်ရှင်တွေနှင့် ရုပ်သံဇာတ်လမ်းတွေ ထောင်သောင်းမက ရှိနေလေသည်။

The Legend of Zhen Huan

The Story of Minglan

Nirvana in Fire

Meteor Garden Ancient Remix Edition စသဖြင့်…

သူမ စားသောက်ရင်း ကြည့်ရတာအကြိုက်ဆုံးသော ရုပ်သံဇာတ်လမ်းများအားလုံးကို ပြန်မြင်နေရပြီဖြစ်သည်။ ထိုရုပ်သံ ဇာတ်လမ်းတွေသာမရှိပါက အစားအသောက်တွေလည်း ထင်သလောက်အရသာ ရှိခဲ့မည်မဟုတ်ချေ။

“စနစ်စတိုင်းဆိုင် ဖွင့်လှစ်ခြင်း အထိန်းအမှတ်အနေဖြင့် စနစ်ပိုင်ရှင်မှ ရုပ်ရှင်တစ်ခုအား မိနစ်သုံးဆယ်အစမ်းကြည့်ရှုခွင့်ရရှိမှာဖြစ်ပါတယ်”

စနစ်မှ ကမ်းလှမ်းချက်တစ်ခုထပ်လုပ်လာသည်။

“စနစ်ပိုင်ရှင် အမှတ်တွေထပ်ရလာတာနဲ့ တခြားဆုတွေကို လဲလှယ်ရယူနိုင်ပါတယ်”

တကယ်ကြီး အစမ်းကြည့်လို့ရတာလား!

ကျန်းကျီမြောင် ပျော်လွန်းသဖြင့် မျက်ရည်များပင်ဝဲသွားခဲ့သည်။

ရုပ်ရှင်စုဆောင်းမှုတွေထဲ သူမ စတင်လှန်လှောရှာဖွေလေတော့သည်။

မိနစ် သုံးဆယ်သာကြည့်ရှုခွင့်ရှိသဖြင့် အရမ်းကြီးမရှည်သည့် ရုပ်ရှင်ကိုရှာဖွေရမည်ပင်။ ထို့ပြင် တိုးလို့တန်းလန်းနှင့်ထပ်ပြီး ကြည့်ချင်စိတ်ဖြစ်စေမည့် ရုင်ရှင်မျိုးကိုလည်းမရွေးမိဖို့ရာ သတိထားရမည်။

ကျန်းကျီမြောင် ရှာဖွေနေရင်းနှင့် မျက်လုံးများအရောင်လက်သွားခဲ့သည်။

ဟုတ်ပြီ ဒီဟာ အကောင်းဆုံးပဲ!

ယွဲလင်း အချိန်အတော်ကြာစောင့်နေခဲ့သော်လည်း ကျန်းကျီမြောင်က ရီဝေစွာထိုင်နေဆဲဖြစ်သည်။ ထို့ကြောင့် ယွဲလင်း မျက်မှောင်ကြုတ်လိုက်ပြီး ခံစားချက်မဲ့စွာပြောလိုက်သည်။

“မိဖုရားကြီး၊ အချိန်တွေ နောက်ကျနေပြီ၊ ငါတို့…”

ထိုစဉ် ယွဲလင်း ချက်ချင်းဆိုသလို ထိတ်လန့်သွားခဲ့သည်။

သူ့အာရုံထဲ အလွန်ထူးခြားဆန်းပြားသည့် ပုံရိပ်ကြီးတစ်ခု ပေါ်လာခဲ့သည်။

ဧရာမထိုက်ကျီပါ့ကွား သင်္ကေတကြီးတစ်ခုပေါ်လာခဲ့ပြီးနောက် စာတန်းကြီးတစ်ခုလည်းပေါ်လာခဲ့သည်။

“ချင်းမင်းဆက်ဖုတ်ကောင်များရဲ့ လျှို့ဝှက်အချစ်ရာဇဝင်”

ယွဲလင်း လုံးဝကြက်သေသေသွားခဲ့သည်။

ချင်းမင်းဆက်က ဘာကြီးလဲ ?

ဖုတ်ကောင်ဆိုတာကကော ဘာကြီးလဲ ?

သူဘာမှမတုန့်ပြန်နိုင်ခင် ထူးဆန်းချောက်ချားစရာကောင်းသည့် သံစဉ်တစ်ခု စတင်ထွက်ပေါ်လာခဲ့သည်။

ယွဲလင်း တစ်ကိုယ်လုံးတုန်ယင်သွားပြီး သေရည်နီကြောင့် ဖြစ်ပေါ်နေသည့် ကာမဆန္ဒများပင် ပျောက်ခြင်းမလှ ပျောက်သွားခဲ့ရသည်။ ကြက်သီးမွေးညှင်းများလည်း ထလာသလို ခံစားလိုက်ရသည်။

ကူးပြောင်းလာသူ တစ်ယောက်ဖြစ်သည့်အတွက် ထိုမြင် ကွင်းသည် ကျန်းကျီမြောင်အတွက် ဘာမှမပြောပလောက်ပေ။ နည်းနည်းလေးပင် မကြောက်မိဟုဆိုရမည်။ နန်း တော်ထဲ ဒုတိယအာဏာအရှိဆုံးဖြစ်သည့် ဧကရီမိဖုရားကြီးအဖြစ်ကူးပြောင်းလာသည့်အတွက် ဒီရှေးခေတ် လူ့အဖွဲ့ အစည်းမှာ ကျန်းကျီမြောင်နေပျော်သည်။ သူမ၏ တစ်ခုတည်းသော လိုအပ်ချက်ဆိုသည်မှာ ဖျော်ဖြေမှုများသာ။

ယခုမူ သူမ စိတ်အပန်းဖြေဖို့ဖျော်ဖြေမှုများလည်း ရောက်ရှိလာလေပြီ။

All Chapters