← Chapters

လူငယ်တာအိုဆရာ (အပိုင်း ၂)

Vol. 24 Ch. 355

လူငယ်တာအိုဆရာ (အပိုင်း ၂)

Vol. 24 Ch. 355

~“သိုင်းသူတော်စင်ကြီး ဆိုဆုံးမတာကို နာယူပါတယ်”

တာအိုဆရာ လုံရှန်း ခေါင်းငုံ့လိုက်သည်။

သူ့စရိုက်က ပွင့်လင်းပြတ်သားပြီး ခေါင်းမငုံ့တတ်သူ။ တစ်ယောက်တည်းသာ ဆိုလျှင် သိုင်းသူတော်စင် တစ်ပါးကိုတောင် အညံ့ခံမှာ မဟုတ်။ သို့ရာတွင်၊ အခု သူ့နောက်မှာ တပည့်တွေ အများကြီး ပါလာပါသည်။

ယဲ့ချင်းဟယ်နှင့် ဟဲယန်တို့၏ မျက်လုံးများ နီရဲနေကြပြီး၊ အံကိုတင်းတင်းကြိတ်ကာ သည်းခံနေကြရသည်။ တတိယမျိုးဆက် တပည့်များအားလုံး၏ ရင်ထဲတွင် သွေးများ ဆူပွက်နေကြသည်။

လော့ဖူ ဓားသခင်၏ ပါးစပ်က နားရွက်တက်ချိတ်မတတ် ပြုံးနေ၏။

သေမင်းနက် ဓားသခင်နှင့် မျက်ခုံးဖြူ အဘိုးအိုတို့လည်း လိုက်ပြုံးနေကြသည်။ သူတပါး ဒုက္ခရောက်တာကို ကြည့်ပြီး ကျေနပ်နေကြသလို၊ စိတ်ထဲမှာလည်း အကြံအစည်တွေ ရှိနေကြသည်။ ဒီ နေနီ သိုင်းသူတော်စင်၏ အောက်မှာ ခိုလှုံလိုက်လျှင်၊ အနာဂတ်မှာ သိုင်းသူတော်စင် ဖြစ်လာနိုင်မည့် အခွင့်အရေး ရကောင်း ရနိုင်သည် မဟုတ်ပါလော။

သေမင်းနက် ဓားသခင်က အချိန်ကိုက် ဝင်ပြောလိုက်သည်။

“သိုင်းသူတော်စင်ကြီးကို သတင်းပို့စရာ ရှိပါတယ်... အစစ်အမှန်သိုင်းဂိုဏ်းက လူတစ်ယောက် အထဲကနေ ပြန်မထွက်လာသေးပါဘူး”

နေနီ သိုင်းသူတော်စင် တစ်ချက် လှမ်းကြည့်လိုက်ပြီး၊ ပြောင်းလဲနေသော မြူခိုးများကို အကဲခတ်လိုက်သည်။ သူ့မျက်လုံးထဲတွင် အံ့သြမှု အရိပ်အယောင်များ တဖြည်းဖြည်း ပေါ်လာသည်။

“တကယ်လား”

ပထမဆုံးအကြိမ် အနေဖြင့် နေနီ သိုင်းသူတော်စင် ခန္ဓာကိုယ်ကို မတ်မတ်ထိုင်လိုက်သည်။ ဘေးနားမှ အလှပဂေးလေးများလည်း အလိုက်တသိဖြင့် နောက်ဆုတ်သွားကြသည်။

သေမင်းနက် ဓားသခင် စိတ်လှုပ်ရှားသွား၏။ မူလက မျက်နှာလိုမျက်နှာရ လုပ်ချင်ရုံ သက်သက်သာ ဖြစ်သော်လည်း၊ ယခု ကြည့်ရသည်မှာ ဒီသတင်းအချက်အလက်က တော်တော်လေး အရေးပါမည့်ပုံ ပေါက်နေ၏။

သူ အလျင်အမြန် ဆက်ပြောလိုက်သည်။

“သိုင်းသူတော်စင်ကြီးကို ဘယ်လိုလုပ် လိမ်ရဲပါ့မလဲ... အသက် (၂၀) ကျော်ကျော်လောက်ပဲ ရှိမယ့် လူငယ် တာအိုဆရာလေး တစ်ယောက် ဝင်သွားပြီး ပြန်ထွက်မလာသေးတာပါ... ဒီမြူခိုးတွေ ပြောင်းလဲသွားတာက အဲ့ဒီကောင်လေးနဲ့ ဆက်စပ်နေလောက်ပါတယ်”

ထိုစကားကို ကြားလိုက်ရသောအခါ...

အစစ်အမှန်သိုင်းဂိုဏ်းသားများ အားလုံး ဒေါသအိုး ပေါက်ကွဲသွားကြတော့သည်။

အထူးသဖြင့် တာအိုဆရာ လုံရှန်း။ သေမင်းနက် ဓားသခင်ကို အကြည့်နှင့်တင် သတ်ပစ်ချင်နေလေ၏။

သေမင်းနက် ဓားသခင်က နင်ချီကို ရည်ရွယ်ပြောနေမှန်း သူတို့ သိနေကြသည်လေ။

နေနီ သိုင်းသူတော်စင်က လျှာကို သပ်လိုက်ပြီး၊ သူ့အကြည့်များက ပို၍ စိတ်ဝင်စားလာသည်။

“မင်းတို့ အစစ်အမှန်သိုင်းဂိုဏ်းမှာ ဒီလောက် ထူးချွန်တဲ့ ပါရမီရှင် ရှိနေမှန်း ငါ မသိခဲ့ဘူး”

သူ ဤနေရာသို့ ရောက်ရှိလာခြင်းမှာ အစစ်အမှန်သိုင်းခန်းမဆောင်ကြီးသည် ယခင်မူလအတိုင်း ရှိနေသေးသည်လောဟူ၍ လာရောက်ကြည့်ရှုရင်း၊ အတိတ်မှ အငြိုးအတေးများကို ဖြေဖျောက်ရန် ရည်ရွယ်ခဲ့ခြင်း ဖြစ်လေသည်။

ထို့အပြင် နောက်ဆုံးစမ်းသပ်မှုကို ထပ်မံ၍ ကြိုးစားကြည့်ရှုရန် အခွင့်အရေး ရရှိနိုင်မည်လောဟူ၍လည်း စောင့်ကြည့်လိုသောကြောင့် ဖြစ်၏။

မည်သို့ပင်ဆိုစေကာမူ အစစ်အမှန်သိုင်းခန်းမဆောင်ဆိုသည်မှာ အလွန်တရာ နက်နဲဆန်းကြယ်ပြီး ရှေးကျလှသည်ဟု အများက အသိအမှတ်ပြုထားကြသည် မဟုတ်ပါလော။ ဤအမွေအနှစ်သည် မည်သည့်အချိန်ကာလကတည်းက စတင်မြစ်ဖျားခံခဲ့သည်ကိုကား မည်သူမျှ အတိအကျ မသိရှိကြချေ။

သို့သော်ငြားလည်း မထင်မှတ်ထားဘဲ မမျှော်လင့်သော အကျိုးအမြတ်တစ်ခုကို ရရှိလိုက်လေသည်။

အစစ်အမှန်သိုင်းခန်းမဆောင်ကို ဤမျှလောက်အထိ ပြောင်းလဲသွားစေရန် စွမ်းဆောင်နိုင်သူ ဖြစ်ရာ၊ ထိုသူသည် ဧကန်မုချပင် ကြီးမားသော အကျိုးအမြတ်များကို ရရှိထားပေလိမ့်မည်။

‘ဒါဆိုရင်တော့... စောင့်လိုက်တာပေါ့။

နောက်ဆုံး စမ်းသပ်မှုကို တစ်ချက်လောက် ချောင်းကြည့်ခွင့် ရကောင်း ရနိုင်မလား။’

တွေးမိသည်နှင့် နေနီ သိုင်းသူတော်စင် စိတ်လှုပ်ရှားလာသည်။

အခြားသော ရှေးဟောင်းသိုင်းသူတော်စင်ကြီးများနှင့် နှိုင်းယှဉ်လိုက်မည်ဆိုပါက သူ၏ ကျင့်ကြံခြင်းအုတ်မြစ်မှာ အတော်အတန် အားနည်းနေသေးသည်ဟု ဆိုရပေမည်။

အကယ်၍သာ အစစ်အမှန်သိုင်းခန်းမဆောင်မှ အမွေအနှစ် တစ်စုံတစ်ရာကိုသာ ရယူပိုင်ဆိုင်နိုင်ခဲ့မည်ဆိုလျှင်၊ နောင်တစ်ချိန်တွင် မဟာအခွင့်အရေးကြီးများ ပေါ်ပေါက်လာသည့်အခါ၌ သူလည်း ဝင်ရောက်ယှဉ်ပြိုင်နိုင်စွမ်း ရှိလာပေလိမ့်မည်။

“မင်းတို့ ဂိုဏ်းမှာ 'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ဆိုတဲ့ လူ ရှိတယ်လို့ ကြားတယ်... သူ မပါလာဘူးလား”

နေနီ သိုင်းသူတော်စင်က ပေါ့ပေါ့ပါးပါး မေးလိုက်သည်။

တာအိုဆရာ လုံရှန်းက မျက်နှာသေဖြင့် ပြန်ဖြေသည်။

“စီနီယာ ထျန်းကျန့်ရဲ့ သွားလာလှုပ်ရှားမှုတွေကို ခန့်မှန်းလို့ မရပါဘူး... ကျွန်တော် မသိပါဘူး”

နေနီ သိုင်းသူတော်စင်က လျှာကို ထပ်သပ်လိုက်ပြန်သည်။

“သူ့ရဲ့ ကောင်းကင်ဓားသိုင်းက တော်တော် မိုက်တယ်လို့ ကြားဖူးတယ်... ဒီလိုလုပ်ကွာ... သူ့ကို ဒီရောက်လာအောင် သွားခေါ်လိုက်... သူသာ ငါ့ကို ကျေနပ်အောင် လုပ်ပေးနိုင်ရင်... ဒီနေ့ကိစ္စကို ငါ ခွင့်လွှတ်ပေးလိုက်မယ်”

တာအိုဆရာ လုံရှန်း၏ မျက်လုံးအိမ်များ ကျုံ့ဝင်သွား၏။ သို့သော် သူ မလှုပ်ရှားပေ။

'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ၏ အထောက်အထားကို သိနေသူများ အားလုံး ဒေါသကြောင့် မျက်လုံးများ မီးတောက်လာကြသည်။

‘နင်ချီက မြူခိုးတွေထဲမှာ ရောက်နေသည်လေ။

ဘယ်ကနေသွားပြီး 'စစ်မှန်သူ ကောင်းကင်ဘုံ ဓားသခင်' ကို ရှာပေးရမှာလဲ။

ပြီးတော့ ဒီ နေနီ သိုင်းသူတော်စင်ရဲ့ ရည်ရွယ်ချက်က သိသာလွန်းနေ၏။ ခေါ်လာရင်တောင်မှ အရှက်ခွဲခံရဖို့ပဲ ရှိမှာ။’

“မသွားချင်ဘူးလား”

နေနီ သိုင်းသူတော်စင် မျက်လုံးကို မှေးစင်းလိုက်ရာ၊ မကောင်းဆိုးဝါး အရှိန်အဝါများ တဖြည်းဖြည်း မြင့်တက်လာသည်။

တာအိုဆရာ လုံရှန်း လူတိုင်း၏ ရှေ့တွင် မားမားမတ်မတ် ရပ်လိုက်ပြီး၊ ဖိအားအားလုံးကို တစ်ယောက်တည်း ခါးစည်းခံလိုက်သည်။

ပါးစပ်ထောင့်စွန်းမှ သွေးများ မရပ်မနား စီးကျလာပြီး၊ ကြီးမားလှသော ဖိအားအောက်တွင် သူ့ခန္ဓာကိုယ် အတွင်းရှိ အရိုးအဆစ်များ ကျိုးပဲ့လုမတတ် တဂျွတ်ဂျွတ် မြည်သံများ ထွက်ပေါ်လာနေ၏။ နောက်တစ်စက္ကန့်တွင် လဲကျသွားတော့မည်လား။

တာအိုဆရာ လုံရှန်း ခေါင်းကို မော့လိုက်သည်။ သူ့အကြည့်များက မာကျောခိုင်မြဲနေ၏။

“ကျုပ်တို့ အသက်ကို လိုချင်ရင်... ယူလိုက်ပါ... ကြီးမြတ်လှပါတယ် ဆိုတဲ့ သိုင်းသူတော်စင်ကြီးက အားနည်းသူတွေကို အနိုင်ကျင့်နေတာ... ကမ္ဘာလောကရဲ့ ရယ်စရာ ဖြစ်လာမှာကို မကြောက်ဘူးလား”

နေနီ သိုင်းသူတော်စင် ရယ်မောလိုက်သည်။

“ကျောရိုး ရှိသေးသားပဲ... စိတ်ဝင်စားစရာပဲ... ငါ စိတ်ပြောင်းသွားပြီ... မင်းက သေမှာ မကြောက်ဘူး မဟုတ်လား... ဒါဆိုရင် မင်းရဲ့ တပည့်တွေ ပုရွက်ဆိတ်လေးတွေလို အသတ်ခံရတာကို မင်းမျက်စိနဲ့တပ်အပ် မြင်ရအောင် လုပ်ပေးမယ်”

သူ့စကားလုံးများက ပေါ့ပါးသော်လည်း၊ အေးစက်ရက်စက်မှုများ ပြည့်နှက်နေ၏။

စကားသံ ဆုံးသွားသည်နှင့်...

ဧရာမ လက်ဝါးနီကြီး တစ်ခု ပေါ်ထွက်လာပြီး၊ တာအိုဆရာ လုံရှန်းနှင့် အဖွဲ့သားများဆီသို့ အရှိန်အဟုန်ဖြင့် ရိုက်ချလိုက်လေတော့သည်။ ဘီလူးကြီးက ပုရွက်ဆိတ်လေးတွေကို သတ်သလိုမျိုး။ အဆင့်အတန်းချင်း ယှဉ်၍ပင် မရ။

လူတိုင်းက သိုင်းသူတော်စင်၏ စွမ်းအားကို အံ့သြထိတ်လန့်နေကြပြီး၊ အစစ်အမှန်သိုင်းဂိုဏ်းသားများကတော့ မျှော်လင့်ချက်မဲ့နေကြပြီ ဖြစ်လေ၏။

သို့တိုင်၊... မည်သူမှ မကြောက်ကြပေ။

သွေးတွေ အဆက်မပြတ် အန်နေသော တာအိုဆရာ လုံရှန်းကို ကြည့်ပြီး၊ သူတို့ အားနည်းနေတာကိုပဲ နောင်တရနေမိကြသည်။

“နေနီ ခွေးအိုကြီး... နောက်ဘဝ ဆိုတာ ရှိရင်...နင့်ကို ငါ သေချာပေါက် သတ်မယ်”

ယဲ့ချင်းဟယ် အေးစက်စွာ အော်ဟစ်လိုက်သည်။ သူမ မျက်လုံးများ သွေးရောင် လွှမ်းနေ၏။

“ပုရွက်ဆိတ်က လမင်းကြီးကို စိန်ခေါ်ရဲတယ်ပေါ့”

နေနီ သိုင်းသူတော်စင် နှာခေါင်းရှုံ့လိုက်သည်။

တဆက်တည်း၌၊ လက်ဝါးကြီး ဖိချလာပြီ ဖြစ်လေ၏။

လူတိုင်း အသက်ရှူရပ်လုမတတ် ဖြစ်သွားကြသည်။

တာအိုဆရာ လုံရှန်း တိုးတိုးလေး သက်ပြင်းချလိုက်သည်။

အစစ်အမှန်သိုင်းဂိုဏ်း ပြန်လည်ဦးမော့လာတော့မည့် ဆဲဆဲအချိန်တွင်မှ ဤသို့သော အဖြစ်ဆိုးဖြင့် နိဂုံးချုပ်သွားရလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့မိပေ။

သူ၏ ရှိသမျှ အစွမ်းကုန်ကို ထုတ်ဖော်၍ ကြိုးစားခဲ့ပါသော်လည်း၊ နှစ်ဖက်အကြားရှိ ကွာဟချက်ကား နှိုင်းယှဉ်၍ မရနိုင်လောက်အောင် ကြီးမားကျယ်ပြန့်လွန်းနေခဲ့သည်သာ ဖြစ်လေသည်။

ထိုအခိုက်အတန့်တွင်...

နဂါးဟိန်းသံကြီး တစ်ခု ကောင်းကင်ယံတွင် ပဲ့တင်ထပ်သွားပြီး၊ လူတိုင်း၏ စိတ်ဝိညာဉ်ကို တုန်လှုပ်သွားစေ၏။ ထို အသံထဲတွင် ကြီးမားသော ဒေါသတရားများကို သူတို့ ကြားလိုက်ရသည်။

အလိုလိုပင်... အားလုံး လှမ်းကြည့်လိုက်ကြသည်။

အဖြူရောင် အစစ်အမှန် နဂါးကြီး တစ်ကောင် မြူခိုးများကြားမှ တိုးထွက်လာသည်။ ပြိုင်ဘက်ကင်း အရှိန်အဝါများနှင့် အတူ အသက်ရှူကြပ်စေလောက်သော ဖိအားများကို သယ်ဆောင်လာ၏။ အစစ်အမှန် နဂါးကြီး ရောက်လာသည်နှင့် လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး၊ ပင်လယ်ပြင်ကြီး ပြောင်းပြန်လှန်သွားကာ စစ်သင်္ဘော အများအပြား ယိမ်းထိုးသွားကြသည်။ ကောင်းကင်ဘုံလူသား အဆင့်များ အံ့သြမှင်သက် သွားကြသည်။

အစစ်အမှန် နဂါးကြီးက လေတစ်ချက် မှုတ်ထုတ်လိုက်ရာ၊ အဖြူရောင် အလင်းတန်း တစ်ခု ပျံထွက်သွားပြီး အစစ်အမှန်သိုင်းဂိုဏ်းအပေါ်သို့ ကျရောက်နေသော လက်ဝါးနီကြီးကို အစိတ်စိတ်အမွှာမွှာ ဖြိုခွင်းပစ်လိုက်လေတော့သည်။

“အူး...”

နဂါးစစ်ကြီး၏ ဟိန်းဟောက်သံက လူတိုင်း၏ ရင်ထဲအထိ တုန်ခါသွားစေ၏။

သို့သော်ငြားလည်း လူတိုင်း၏ အာရုံကို အဖမ်းစားနိုင်ဆုံး အရာကား... နဂါးစစ်သည်တော်ကြီး၏ ဦးခေါင်းထက်တွင် မားမားမတ်မတ် ရပ်တန့်နေသော တာအိုဆရာ လူငယ်လေးတစ်ဦးပင် ဖြစ်လေသည်။

ဖြူဖွေးသန့်စင်သော ဝတ်ရုံရှည်ကို ဆင်မြန်းထားပြီး၊ လောကီရေးရာ အဖြာဖြာကို လွန်မြောက်ထားသကဲ့သို့ အရှိန်အဝါတို့ ကင်းရှင်းသန့်စင်နေလေ၏။

သူ စကားတစ်ခွန်းမှ မပြော။ နေနီ သိုင်းသူတော်စင်ကိုသာ အေးစက်စွာ စူးစိုက်ကြည့်နေ၏။ သို့သော် လူတိုင်း၏ အရိုးထဲအထိ စိမ့်ခနဲ အေးသွားသလို ခံစားလိုက်ရပြီး၊ ကပ်ဘေးဆိုးကြီး ကျရောက်တော့မည့်အလား ထိတ်လန့်သွားကြသည်။

နောက်ထပ် ရှေးဟောင်း သူတော်စင် တစ်ပါးလော။

သို့ရာတွင်၊ လူတချို့ကတော့ အသစ်ရောက်လာသူကို မှတ်မိသွားကြပြီး၊ မျက်လုံးထဲတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်သွားကြသည်။

အစစ်အမှန်သိုင်းဂိုဏ်းက ပျောက်ဆုံးနေသော လူငယ် တာအိုဆရာလေးက လွဲပြီး ဘယ်သူ ဖြစ်နိုင်

All Chapters