← Chapters

ဖမ်းဝရမ်း

Vol. 39 Ch. 448

ဖမ်းဝရမ်း

Vol. 39 Ch. 448

"ငါ မင်းကို ကိုင်တွယ်ဖို့ ဘာအကြောင်းပြချက်မှ ရှာမတွေ့ဖို့ ငါ မျှော်လင့်တယ်... မဟုတ်ရင် ငါတို့မြို့စောင့်တပ်ဖွဲ့ရဲ့ မြေအောက်အကျဉ်းထောင်ကို မင်းကို မြည်းစမ်းကြည့်ခိုင်းဖို့ ငါ ဝန်လေးနေမှာမဟုတ်ဘူး..."

ထိပ်တိုက်တွေ့ဆုံမှုကို ဆက်လက်လုပ်ဆောင်ခြင်းက သူ့အတွက် အကျိုးမရှိကြောင်း သိသဖြင့် တပ်မှူးပိုင်က ခြိမ်းခြောက်စကား ပြောဆိုပြီး နောက်သို့လှည့်ထွက်သွားသည်။

"သွားကြစို့"

သူ၏စကားနှင့်အတူ သူ၏နောက်မှလူများသည်လည်း လိုက်ပါသွားကြပြီး အချိန်တခဏအကြာတွင် သူတို့သည် မြင်ကွင်းအတွင်းမှ ပျောက်ကွယ်သွားကြသည်။

"ကောင်းပြီလေ... ပစ္စည်းတွေ အားလုံးကို သေချာ စစ်ဆေးကြစမ်း... ဒါတွေကို စာရင်းသွင်းပြီးတာနဲ့ ငါတို့လည်း သွားကြမယ်"

တပ်မှူးပိုင်တို့လူစု ထွက်ခွာသွားသည်ကို မြင်လိုက်ရသဖြင့် အကြီးအကဲချီထျန်းမင်သည် အေးစက်စက် နှာခေါင်းရှုံ့လိုက်ပြီး ညွှန်ကြားချက်များကို ထုတ်ပြန်လိုက်၏။

လူအုပ်ကြီးသည် လျင်မြန်စွာ လူစုခွဲသွားကြသည်။

သူတို့ အဝေးသို့ ရောက်သွားချိန်၌ အကြီးအကဲချီသည် ကျန်းရွှမ်၏အခန်းထဲသို့ ဝင်ရောက်လာသည်။ ထို့နောက် သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ခြင်းနှင့်အတူ စားပွဲပေါ်တွင် စာအုပ်တစ်အုပ် ထွက်ပေါ်လာပေ၏။

ထို့နောက် သူ နောက်သို့ ချာခနဲလှည့်ထွက်သွားသည်။ မကြာမီမှာပင် ခြံဝန်းတစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပြီး မည်သည့် လှုပ်ရှားမှုမျှ မရှိတော့ချေ။

ကျန်းရွှမ်က စူးစမ်းလိုစိတ်ဖြင့် ထိုစာအုပ်ကို ကောက်ယူလိုက်သည်။ အတွေးတစ်ချက်ဖြင့် သူသည် ထိုအရာကို ရွှမ်ကမ္ဘာထဲသို့ သိမ်းဆည်းလိုက်၏။

ရင်းမြစ်ကမ္ဘာတွင် သူ၏ကျင့်ကြံဆင့် အကန့်အသတ်များကြောင့် ဖုံးကွယ်ထားသော လှည့်ကွက်များကို သိရှိနိုင်ရန် ခက်ခဲသော်လည်း သူ၏ကိုယ်ပိုင်ကမ္ဘာထဲတွင်မူ မည်သည့်သဲလွန်စကိုမဆို မြင်တွေ့နိုင်သည်။

ဤစာအုပ်တွင် လျှို့ဝှက်သင်္ကေတများ သို့မဟုတ် ဖုံးကွယ်ထားသော သတင်းစကားများ မရှိပေ။ ထိုအရာသည် သူ၏ ယခင်ဘဝက သတင်းစာနှင့် တူညီသော အလုံးစုံသိမြင်ဂိုဏ်း၏ နောက်ဆုံးထုတ်ပြန်ချက်သာ ဖြစ်သည်။

အကယ်၍ ဤသတင်းအချက်အလက်များကို ဝယ်ယူလိုပါက အလွန်တန်ဖိုးရှိပြီး ချမ်းသာကြွယ်ဝသူများနှင့် ဩဇာအာဏာရှိသူများသာ တတ်နိုင်ပေသည်။ တစ်ဖက်လူသည် ထိုကဲ့သို့အ ရာမျိုးကို ပေါ့ပေါ့ပါးပါး ချန်ထားခဲ့သည်မှာ သူ မမျှော်လင့်ထားသော အရာပင်။

ကျန်းရွှမ်သည် ဇဝေဇဝါဖြင့် စာအုပ်တွင်ပါဝင်သော အကြောင်းအရာများအားလုံးကို သူ၏စိတ်ထဲ၌ မှတ်သားလိုက်ကာ နောက်ဆုံး၌ နားလည်သဘောပေါက်သွားသည်။

ဤစာအုပ်တွင် လွန်ခဲ့သောလဝက်အတွင်း ဖြစ်ပျက်ခဲ့သော အဓိကဖြစ်ရပ်များကို မှတ်တမ်းတင်ထားသည်။

ထိုဖြစ်ရပ်များအနက် အာရုံစိုက်ခံရဆုံးအချက်မှာ ကျန်းရွှမ်ဟု အမည်ရသော လူတစ်ဦး၏ ဇာတ်လမ်းပင်။ သူသည် အိမ်ရှေ့စံမင်းသား၏ နန်းတော်အတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ပြီး အစွမ်းထက်သော ကောင်းကင်ရတနာဖြစ်သည့် ကိုးကောင်းကင် တိမ်တိုက်နန်းတော်ကြေးမုံကို ခိုးယူခဲ့သည်။ ထို့ပြင် သူသည် ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာကို ကိုယ်စားပြုသော ပုံစံငါးမျိုးသူတော်စင်အရှင်များ ဖြစ်သည့် ယဉ်ကျေးမှုထုံးတမ်းစဥ်လာ ဈာပနထုံးတမ်းစဉ်လာ စစ်ရေးထုံးတမ်းစဉ်လာ ကျင့်ဝတ်ထုံးတမ်းစဥ်လာနှင့် အခမ်းအနားထုံးတမ်းစဥ်လာအရှင်များကို သတ်ဖြတ်ခဲ့လေ၏။

ကိုးကောင်းကင် တိမ်တိုက်နန်းတော်ကြေးမုံ၏ ရတနာအဆင့်ကို ဘေးဖယ်ထားလျှင်ပင် ထျန်းလီအင်ပါယာ၏ထုံးတမ်းစဉ်လာဆိုင်ရာ သခင်များကို သတ်ဖြတ်ခြင်းဟူသော လုပ်ရပ်တစ်ခုတည်းကပင် ပုန်ကန်မှုနှင့်တူညီသော အမြင့်ဆုံးသော သစ္စာဖောက်မှု ဖြစ်ပေ၏။

သူ့ကို ဖမ်းမိသူ မည်သူ့ကိုမဆို မြို့စားဘွဲ့နှင့် ကပ်ဘေးမျှဝေခြင်းဆေးလုံးတစ်လုံးကို ဆုချပေမည်။

ကျန်းရွှမ်အကြောင်း တိကျသော သတင်းအချက်အလက်အား ပေးနိုင်သူများကိုပင် အမတ်ဘွဲ့အဆင့်အတန်းဖြင့် ဆုချပေမည်။

ဤအကြောင်းအရင်းကြောင့် အင်ပါယာတစ်ခုလုံးတွင် ကြီးမားသော အုတ်အော်သောင်းတင်း မှုကြီးကို ဖြစ်စေခဲ့ပြီး မရေမတွက်နိုင်သော အစွမ်းထက်ပုဂ္ဂိုလ်များက ရှာဖွေမှုများကို စတင်ခဲ့ကြ၏။

ထုတ်ပြန်ကြေငြာချက်တွင် သူ၏ ရုပ်ရည်သွင်ပြင် အသေးစိတ် ဖော်ပြချက်အပြင် သူ၏စိတ်ဝိညာဉ်ကို ရှာဖွေနိုင်သည့် နည်းလမ်းလည်း ပါရှိသည်။ ဆိုလိုသည်မှာ သူ၏ရုပ်ရည်ကို ပြောင်းလဲလိုက်လျှင်ပင် သူ၏စိတ်ဝိညာဉ်ကို ခွဲခြားသိမြင်နိုင်ပေမည်။

"ပုံစံငါးမျိုးသူတော်စင်အရှင်တွေ... သူတို့အားလုံး သေသွားပြီလား"

သူသည် မင်းသားယွမ်ချင်း၏ ပြိုင်ဘက်ကင်းနတ်ဘုရားဆေးလုံးကို ခိုးယူပြီး ထာဝရနှလုံးသားရရှိမည့် အခွင့်အရေးကို လုယူခဲ့သည်။ ထိုအချိန်ကတည်းက ကျန်းရွှမ်သည် သွားပုပ်လေလွင့် ပြောဆိုမှုများနှင့် စွပ်စွဲချက်များကို မျှော်လင့်ထားပြီး ဖြစ်သည်။ သို့ရာတွင် ပုံစံငါးမျိုးသူတော်စင်အရှင်များကို သတ်ဖြတ်ခဲ့မှုဖြင့် သူ စွပ်စွဲခံရခြင်းမှာမူ ယုံကြည်နိုင်စရာ မရှိပေ။

ဤသည်မှာ ဖြစ်နိုင်ခြေတစ်ခုကို ညွှန်ပြနေသည်။ ခုန်းရှီကို ဖမ်းဆီးရန်နှင့် ဝင်ရောက်စွက်ဖက်ရန် အလွန်အမင်း စိတ်အားထက်သန်ခဲ့သော ထုံးတမ်းစဉ်လာငါးပါး၏ဆက်ခံသူများသည် အမှန်တကယ် သေဆုံးသွားခဲ့ခြင်းပင်။

ထိုသို့မဟုတ်ဘဲ သူတို့ အသက်ရှင်သန်နေပါက ဤစွပ်စွဲချက်များသည် မှားယွင်းနေပေလိမ့်မည်။

"ငါ့ကို အကွက်ဆင်ဖို့အတွက် အိမ်ရှေ့စံမင်းသားယွမ်ချင်းက ရှောက်မင်တို့လူစုကို သတ်လိုက်တာများ ဖြစ်နိုင်မလား... ဒါက အရမ်းရက်စက်လွန်းတယ်..."

ကျန်းရွှမ် ခန့်မှန်းလိုက်သည်။

ရှောက်မင်တို့လူစုသည် အိမ်ရှေ့စံမင်းသား၏ စွမ်းအားကို မယှဉ်နိုင်သော်လည်း သူတို့သည် အသက်ကယ်နည်းစနစ် အမြောက်အများကို ပိုင်ဆိုင်ထားသော အသက်ပင်လယ်နယ်ပယ် နဝမအဆင့် ထိပ်သီးကျင့်ကြံသူများပင်။ ယွမ်ချင်းထံ၌ သူတို့ကို သတ်ဖြတ်နိုင်စွမ်း ရှိလျှင်ပင် မည်သူမျှ မသိရှိစေဘဲ လျှို့ဝှက်၍လုပ်ဆောင်ရန်မှာ လွယ်ကူသော ကိစ္စတစ်ရပ် မဟုတ်ပေ။

သို့ရာတွင် ထိုကိစ္စသည် အမှန်တကယ်ကို ဤအတိုင်း ဖြစ်ပျက်ခဲ့ပုံရသည်။

တခြားကိစ္စတစ်ခုကလည်း ကျန်းရွှမ်ကို အံ့အားသင့်သွားစေခဲ့သည်။

"ငါ့ရဲ့နာမည်က ကျန်းရွှမ်ချင်း မဟုတ်ဘဲနဲ့ ကျန်းရွှမ်ဆိုတာကို သူတို့ ဘယ်လိုလုပ်ပြီး သိသွားကြတာလဲ"

ထျန်းလီမြို့သို့ ရောက်ရှိချိန်မှစ၍ သူသည် ကျန်းရွှမ်ချင်းဟူသော အမည်ကိုသာ အသုံးပြုခဲ့သည်။ သဘောတရားအရ သူတို့သည် သူ့ကို လိုက်လံရှာဖွေနေလျှင်ပင် သူ၏နာမည်တုကိုသာ ရှာဖွေသင့်သည်။ သို့ရာတွင် ယခုအချိန်၌ သူတို့သည် သူ၏နာမည်ရင်းကို ကြေညာထားပြီး သူ၏ စိတ်ဝိညာဉ်အရှိန်အဝါကိုပင် ပြီးပြည့်စုံစွာ ပုံတူကူးထားသည်မှာ ထူးဆန်းပေ၏။

ထျန်းလီမြို့သို့ ရောက်ရှိချိန်တွင် သူသည် စိတ်ဝိညာဉ်အရှိန်အဝါကို ဖုံးကွယ်ထားခဲ့သည်။ ဤကိစ္စကို ကျန်းလီနှင့်ယွမ်ချင်းပင်လျှင် မမြင်နိုင်ခဲ့သော်လည်း ယခုအချိန်တွင်မူ ရှင်းရှင်းလင်းလင်း ထုတ်ဖော်ပြသထားသည်။

သူ စာအုပ်ပါအကြောင်းအရာများကို ဆက်လက်၍ ဖတ်ရှုလိုက်သည်။

ဗုဒ္ဓဂိုဏ်းမှလည်း သူ့ကို နတ်ဆိုးဂိုဏ်းနှင့် မဟာမိတ်ပြုသည်ဟု စွဲချက်တင်ထားသည်။ သူသည် သံသရာအမွေအနှစ်မျှော်စင်နှင့် အရပ်ဆယ်မျက်နှာ ဗောဓိနတ်ဆိုးနှိမ်နင်းခြင်းကြိုးကို ခိုးယူရန် နှင်းနတ်ဆိုးအရှင်နှင့် ပူးပေါင်းကြံစည်သည်ဟု စွပ်စွဲကာ အသိပေးချက် ထုတ်ပြန်ထားသည်။ ထို့ပြင် သူသည် အပြာရောင်တိမ်တိုက်အရှင်ကို ဒဏ်ရာအပြင်းအထန်ရစေပြီး ကုသရန်အတွက် တံခါးပိတ်နေထိုင်စေခဲ့သည့်အတွက်လည်း သူ့ကို အပြစ်တင်ထားပေ၏။

ဗုဒ္ဓဂိုဏ်းသည် မင်းသားယွမ်ချင်းထက်ပင် ပို၍များပြားသော ဆုကြေးကို ကမ်းလှမ်းထားသည်။

ထိုဆုကြေးတွင် ဗုဒ္ဓဂိုဏ်းမှ ထိပ်တန်းအဆင့် ဆေးလုံးများကို ကမ်းလှမ်းခြင်းအပြင် နတ်ဆိုးအနှစ်သာရအမြူတေများကိုလည်း ပေးမည်ဟု ကတိပြုထားသည်။ ကျန်းရွှမ်အကြောင်း သတင်းအချက်အလက်များကို ပေးရုံမျှဖြင့် ထိုလူကို ဗောဓိသူတော်စင်သစ်သီးတစ်လုံးအား ဆုချပေမည်။

ဗောဓိသူတော်စင်သစ်သီးသည် ဉာဏ်အလင်းပွင့်စေသော အကျိုးသက်ရောက်မှုရှိပြီး စိတ်ကို တည်ငြိမ်စေသော စွမ်းအားရှိသည်။ ထိုသစ်သီးတစ်လုံးစီသည် အလွန်အဖိုးတန်ပြီး ထိုအရာ၏တန်ဖိုးသည် ယွမ်ချင်း၏ ကပ်ဘေးမျှဝေခြင်းဆေးလုံးနှင့်ပင် ယှဉ်နိုင်ပေ၏။

ထိပ်သီးအင်အားစုကြီးနှစ်ခုမှနေ၍ ဤမျှ ကြီးမားသော ဆုကြေးများ ထုတ်ပြန်ထားသဖြင့် ရင်းမြစ်ကမ္ဘာတစ်ခုလုံး ရှုပ်ထွေးသွားခဲ့သည်။ လူများအားလုံးသည် ဤမျှထိ မုန်တိုင်းထန်စေသောပုဂ္ဂိုလ်ကို မြင်တွေ့လိုကြသည်။

အမှန်အားဖြင့်တခြားသတင်းများလည်း ရှိနေသည်။ ဥပမာအနေဖြင့် စိတ်ဝိညာဉ်ခန်းမ အဆိပ်ကိုးပါးဂိုဏ်းနှင့် အချက်အပြုတ်နတ်ဘုရားခန်းမစသည့် အင်အားစုများမှ ထူးချွန်သော ပါရမီရှင်များ ထွက်ပေါ်လာခြင်းပင်။ ထိုပါရမီရှင်များအနက် အများစုသည် အချိန်တိုအတွင်းတွင် အထွတ်အထိပ် ကောင်းကင်ကံကြမ္မာကို နားလည်သဘောပေါက်ခဲ့ကြပြီး သူတို့၏ကျင့်ကြံမှုများကို သိသိသာသာ တိုးတက်စေခဲ့ကြသည်။ သာမန်အချိန်များတွင် ဤသတင်းများသည် အာရုံစိုက်ခံရမှုများကို ဖြစ်ပေါ်စေနိုင်သော်လည်း ယခုအချိန်၌ ကျန်းရွှမ်၏ ကိစ္စများနှင့် နှိုင်းယှဉ်လျှင် မှိန်ဖျော့သွားခဲ့သည်။

စာအုပ်တစ်အုပ်လုံးကို လှန်လှောကြည့်သော်လည်း ကျန်းရွှမ်သည် ခုန်းရှီနှင့်ပတ်သက်သော သတင်းအချက်အကြောင်းကို ရှာမတွေ့ခဲ့ချေ။

သဘောတရားအရ ထုံးတမ်းစဉ်လာ ကောင်းကင်ကံကြမ္မာ ဆက်ခံသူကို ဖမ်းဆီးခြင်းသည်လည်း အရေးကြီးသော ဖြစ်ရပ်တစ်ခုပင်။ သို့ရာတွင် ထိုကိစ္စနှင့်ပတ်သက်ပြီး မည်သည့်သတင်းအချက်အလက်မျှ မရှိခြင်းမှာ စိတ်ရှုပ်ထွေးဖွယ်ရာပင်။

သို့ရာတွင် သူ ဆက်လက်၍ ခန့်မှန်းနေလျှင်ပင် အဖြေထွက်လာမည် မဟုတ်သည့်အပြင် စဉ်းစားနေခြင်းကလည်း အကျိုးမရှိနိုင်ချေ။

"အကြီးအကဲချီထျန်းမင်က ဒီသတင်းထုတ်ပြန်ချက်ကို တမင်တကာ ထားခဲ့တာပဲ... ငါ ပြန်လာရင် ဒါကို တွေ့စေချင်လို့ပဲ ဖြစ်မယ်..."

တပ်မှူးပိုင်နှင့် ထိပ်တိုက်တွေ့ဆုံခြင်းနှင့် ခြံဝန်းကို ပြန်လည်ယူဆောင်ထားခြင်းတို့သည် အမှန်တကယ်ပင် သူ့အား ကူညီရာရောက်ခဲ့သည်။ တပ်မှူးပိုင်၏ စကားများအရ အိမ်ရှေ့စံမင်းသားယွမ်ချင်းသည် စွန်းချန်တို့လူစုကို ဖမ်းဆီးမထားကြောင်း သိသာထင်ရှားသည်။

ထျန်းလီမြို့တွင် တော်ဝင်မိသားစုဘက်မှလူများ သတိမပြုမိဘဲ သူတို့ကို တိတ်တဆိတ် ခေါ်ထုတ်သွားနိုင်သည်မှာ ဝမ်ရှန်းဂိုဏ်းတစ်ဂိုဏ်းတည်းသာ ရှိပေလိမ့်မည်။

"စွန်းချန်တို့ကို ရှာချင်ရင် ငါကိုယ်တိုင် စုံစမ်းရမယ်နဲ့ တူတယ်..."

ဤသတင်းထုတ်ပြန်ချက်ကို ထားခဲ့ရခြင်း၏ ရည်ရွယ်ချက်ကို နားလည်သဖြင့် ကျန်းရွှမ်က ဆက်လက်၍ မစဉ်းစားတော့ရန် ဆုံးဖြတ်လိုက်၏။ အတွေးတစ်ချက်ဖြင့် သူ၏ ရုပ်ရည်နှင့် စိတ်ဝိညာဉ်အရှိန်အဝါ လုံးလုံးလျားလျား ပြောင်းလဲသွားသည်။

ဤပုံပန်းသွင်ပြင်ကို သူ ပါမောက္ခကုန်းမြေရှိ လော့မျိုးနွယ်စုထံသို့ သွားရောက်လည်ပတ်စဉ်က အသုံးပြုခဲ့ဖူးသည်။ ထိုရုပ်ရည်သည် အလွန်ချောမောခန့်ညားသောကြောင့် လော့ထျန်းယဟူသော သူ၏နာမည်ကိုလည်း ပြောင်းလဲခြင်း မပြုရန် ရွေးချယ်လိုက်သည်။

ပြင်ဆင်မှုများကို ပြုလုပ်ပြီးနောက် ကျန်းရွှမ်သည် ပေါ့ပါးသောခြေလှမ်းများဖြင့် အခန်းထဲမှ ထွက်ခွာသွားလေ၏။

နာရီဝက်အကြာတွင် ကျန်းရွှမ်၏အိမ်တော်ကို ယခင်က ပိုင်ဆိုင်ခဲ့သော အလုံးစုံသိမြင်ဂိုဏ်းခွဲအတွင်းသို့ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားပြီး ယပ်တောင်ကိုင်ထားသော လော့ထျန်းယက ပေါ့ပါးစွာ လျှောက်လှမ်းဝင်ရောက်လာသည်။

မင်းသားယွမ်ချင်းနှင့်ဗုဒ္ဓဂိုဏ်း၏ ဆုကြေးများသည် အလွန်များပြားသောကြောင့် စွန်းချန်တို့လူစုကို ရှာဖွေရန်အတွက် သူ၏သရုပ်မှန်ကို ထုတ်ဖော်ခြင်းသည် အလွန်အန္တရာယ်များပေမည်။

အကယ်၍ အလုံးစုံသိမြင်ဂိုဏ်းက အကျိုးအမြတ်ရရှိရန် အခွင့်အလမ်းကို တွေ့မြင်ပြီး သူ့ကို ဖမ်းဆီးရန် ကြိုးစားပါက သူ ထွက်ပြေးရန်မှာ မဖြစ်နိုင်သလောက်နီးပါးပင်။

ထို့ကြောင့် သူသည် လျှို့ဝှက်စွာ စုံစမ်းရန်အတွက် အထောက်အထားအသစ်တစ်ခုကို လိုအပ်ပေ၏။

စွန်းချန်နှင့်တို့လူစု၏ ဘေးကင်းလုံခြုံမှုကို သူ အတည်ပြုနိုင်ရုံဖြင့် လုံလောက်လေပြီ။

သူတို့ကို သူ ကယ်တင်နိုင်ခြင်း ရှိမရှိဟူသည်မှာမူ အခြေအနေအပေါ် မူတည်ပေလိမ့်မည်။

အလုံးစုံသိမြင်ဂိုဏ်းခွဲ၏ အဓိကခန်းမသည် သူ ယခင်တစ်ကြိမ် လာရောက်ခဲ့စဥ်ကထက် ပို၍ပြည့်ကျပ်နေသည်။

ယခင်က ဤနေရာတွင် အသက်ပင်လယ်နယ်ပယ် ကျင့်ကြံသူများ ရှားပါးသော်လည်း ယခုအချိန်တွင်မူ ခန်းမထဲတွင် ပြည့်နှက်နေပေ၏။

လူအုပ်ကြီးနှင့်အတူ ရွေ့လျားရင်း ကျန်းရွှမ်က အကြီးအကဲချီထျန်းမင်ကို ရှာဖွေရန် ဟန်ပြင်လိုက်စဉ်မှာပင် အသံတစ်သံက သူ၏နားထဲသို့ ဝင်ရောက်လာသည်။

"မိတ်ဆွေ... ငါ့ဆီမှာ ကျန်းရွှမ်နဲ့ ပတ်သက်ပြီး အရမ်းလျှို့ဝှက်တဲ့ သတင်းအချက်အလက်တွေ ရှိတယ်... မင်း စိတ်ဝင်စားလား... ဒါက မှန်ကန်တယ်ဆိုတာ ငါ အာမခံတယ်.

All Chapters