← Chapters

ဖုန်းကူချန်

Vol. 39 Ch. 453

ဖုန်းကူချန်

Vol. 39 Ch. 453

အလုံးစုံသိမြင်ဂိုဏ်းအတွင်း၌ ကျန်းရွှမ်က မတ်တတ်ထရပ်လိုက်ပြီး သူ၏စိတ်အတွင်းမှနေ၍ သက်ပြင်းချလိုက်သည်။

စိတ်ဝိညာဉ်ဖန်တီးခြင်းနည်းစနစ်ဖြင့် ကုလားထိုင်ကို အသက်သွင်းရန် လွယ်ကူသော်လည်း နိုးထလာသော စိတ်ဝိညာဉ်သည် အစိတ်အပိုင်းတစ်ခု လိုအပ်နေပုံရသည်။ ထိုအရာသည် သူ၏အမိန့်ကိုနာခံမှုမရှိဘဲ အလွန်ပုန်ကန်တတ်ပေ၏။

ထိုကုလားထိုင်မှ တပ်မှူးပိုင်ကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခြင်းသည် သူ၏အမိန့် မဟုတ်ချေ။ ထိုအစား ဤသည်မှာ ကုလားထိုင်၏ကိုယ်ပိုင်စိတ်ခံစားမှု ဖြစ်ပြီး အမှန်တကယ် ဒေါသထွက်သည့်အလားပင်။ ထိုအရာသည် တစ်ဖက်လူကို ရိုက်နှက်ပြီး သင်ခန်းစာ ပေးရန်အတွက် ကိုယ့်ကိုယ်ကိုယ် အစိတ်စိတ်အမွှာမွှာ ကြေမွှပျက်စီးသွားရန်ပင် ဆန္ဒရှိနေသည်။

"ဒါက ငါ့ရဲ့စိတ်ခံစားချက်ကံကြမ္မာကို နားလည်သဘောပေါက်မှုနဲ့ ဆက်စပ်နေတာပဲ ဖြစ်မယ်"

အချိန်တခဏကြာ စဉ်းစားပြီးနောက် ကျန်းရွှမ်သည် သူ၏စိတ်ထဲမှနေ၍ သုံးသပ်လိုက်သည်။

စိတ်ခံစားချက်ကံကြမ္မာသည် ပျော်ရွှင်မှု ဒေါသ ဝမ်းနည်းမှုနှင့်ပျော်ရွှင်မှု စသည့် စိတ်ခံစားချက် အမြောက်အများကို လွှမ်းခြုံထားသည်။ စိတ်ခံစားချက်များ ရှိနေသရွေ့ ဒေါသလည်း ရှိလာမည်ဖြစ်ပြီး ထိန်းချုပ်၍မရသာ အကျိုးဆက်များဆီသို့ မလွဲမသွေ ဦးတည်သွားပေလိမ့်မည်။

ကျန်းရွှမ်သည် တပ်မှူးပိုင်နှင့်ချီထျန်းမင်တို့၏ တိုက်ပွဲကို ထပ်မံ၍ စောင့်ကြည့်ခြင်း မပြုတော့ဘဲ အလုံးစုံသိမြင်ဂိုဏ်းမှ ထွက်လာကာ တိတ်ဆိတ်သော လမ်းကြားတစ်ခုသို့ ဝင်ရောက်သွားသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်ကို ဖျတ်ခနဲလှုပ်ရှားလိုက်ပြီး ထိုနေရာမှ ပျောက်ကွယ်သွားကာ အချိန်တခဏအကြာတွင် ရွှမ်ကမ္ဘာအတွင်း၌ ပြန်လည်၍ ထွက်ပေါ်လာသည်။

"သခင်လေး..."

"ဆရာ..."

စွန်းချန် ယုရှောက်ယွီနှင့် တခြားလူများသည် သူ့ကို နှုတ်ဆက်ရန် အလျင်အမြန် ပြေးလာကြ၏။

ကျန်းရွှမ်သည် ချီထျန်းမင်အား ခြံဝန်း၏ဝင်္ကပါ လည်ပတ်မှုကို ရပ်တန့်စေခဲ့ခြင်းမှာ သူတို့ကို ရွှမ်ကမ္ဘာထဲသို့ ခေါ်ဆောင်ရန်ပင်။ ဤနေရာတွင်သာ သူတို့သည် အမှန်တကယ် ဘေးကင်းလုံခြုံပြီး ဖမ်းဆီးခြင်းမခံရအောင် နေနိုင်ပေလိမ့်မည်။

"အင်း"

ကျန်းရွှမ် ခေါင်းညိတ်လိုက်သည်။ သူ စကားပြောဆိုရန် ဟန်ပြင်လိုက်စဉ်မှာပင် သူ၏ အကြည့်သည် ဟုန်ရီပေါ်သို့ ကျရောက်သွားပြီး သူ နေရာမှာပင် ကြက်သေသေသွားသည်။

"မင်းက ငါ့ရဲ့ကံကြမ္မာကို နားလည်သဘောပေါက်သွားတာလား"

ထိုလူငယ်သည် ယခုအချိန်တွင် တလိမ့်လိမ့်ထသော အရှိန်အဝါကို ထုတ်လွှတ်ထားပြီး ကြယ်စင်နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်ခဲ့သည်မှာ သိသာထင်ရှားသည်။ ဟုန်ရီ၏ခန္ဓာကိုယ်အတွင်း၌ သူနှင့်ရင်းနှီးသော စွမ်းအားတစ်ရပ် ထွက်ပေါ်လာပြီး သူ၏ကံကြမ္မာမြစ်နှင့် ချိတ်ဆက်ထားကာ ယုရှောင်ယွီနှင့်လျှူမင်ယွဲ့တို့ကဲ့သို့ အာရုံခံစားမှုမျိုးကို သူ့အား ပေးစွမ်းနိုင်သည်။

"ဟုတ်ကဲ့.."

ဟုန်ရီ၏မျက်နှာ နီမြန်းသွားပြီး သူက ချက်ချင်း ရှင်းပြလေ၏။

"ဆရာ ထွက်သွားပြီးတဲ့နောက်မှာ....အဲဒီနေ့ကစပြီးတော့ ကျွန်တော်က ဒီကံကြံမ္မာကို နားလည်သဘောပေါက်နိုင်မှာ မဟုတ်ဘဲနဲ့ ဆရာရဲ့ မျှော်လင့်ချက်တွေကို ဖျက်ဆီးမိမှာကို စိုးရိမ်နေခဲ့တယ်... နောက်ပိုင်းမှာ အကြီးအကဲချီက တစ်ယောက်ယောက်က ကျွန်တော်တို့ကို ဖမ်းဆီးဖို့ ရည်ရွယ်ထားတယ်လို့ အသိပေးခဲ့တယ်... တပ်မှူးပိုင်က စစ်သားတွေအများကြီးနဲ့ ခြံဝန်းထဲကို ဝင်လာပြီးတော့ လူတွေကို သတ်ဖြတ်နေတာကို တွေ့လိုက်တဲ့အချိန်မှာ ကျွန်တော် အကြောက်လွန်သွားတယ်... အဲ့ဒီ ကြောက်ရွံ့နေတဲ့ အချိန်အခိုက်အတန့်မှာ ကျွန်တော်က ဒီကံကြမ္မာကို အမှတ်မထင် နားလည်သဘောပေါက်သွားခဲ့တယ်..."

ကျန်းရွှမ်က ခေါင်းညိတ်လိုက်သည်။

စိတ်ခံစားချက်ကံကြမ္မာ၏ ထိန်းချုပ်သူအနေဖြင့် ဟုန်ရီသည် အတက်အလက်တစ်ခုဖြစ်သည့် "ကြောက်ရွံ့မှုကံကြမ္မာ" ကို နားလည်သဘောပေါက်သွားပြီဖြစ်ကြောင်း သူ သိရှိသွားသည်။

ကြောက်ရွံ့မှုသည် ထူးခြားသော စိတ်ခံစားမှုတစ်ခုအနေဖြင့် ထိတ်လန့်မှုနှင့်အတူ ထွက်ပေါ်လာပြီး စိတ်ခံစားချက်စွမ်းအင်မြစ်၏ မြစ်လက်တက်တစ်ခုကို ဖွဲ့စည်းထားသည်။ သူသည် အိပ်မောကျနေစဥ် အတောအတွင်း၌ ကြယ်စင်မြစ်နယ်ပယ် အဋ္ဌမအဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ပြီး နဝမအဆင့် အထွတ်အထိပ်သို့ပင် ရောက်ရှိနိုင်ခဲ့သည်မှာ အံ့အားသင့်စရာ မရှိတော့ချေ။ ယခင်တိုက်ပွဲများ၏တုံ့ပြန်မှုသည် သူ့၏တိုးတက်လာမှုအတွက် တစ်စိတ်တစ်ပိုင်းသာ ပါဝင်သည်။ စိတ်ခံစားချက်ကံကြမ္မာများကို နားလည်သဘောပေါက်သော သူ၏တပည့်များမှ ပေးအပ်သောစွမ်းအားသည် သူ့အတွက် သိသာထင်ရှားသော ကူညီထောက်ပံ့မှုကို ပေးစွမ်းနိုင်ပေ၏။

ယုရှောင်ယွီနှင့်လျူမင်ယွဲ့တို့၏ ထိုးထွင်းသိမြင်မှုများက သူ့ကို စိတ်ခံစားချက်ကံကြမ္မာ၏ စတုတ္ထအဆင့်ကို နားလည်သဘောပေါက်ရန် ကူညီပေးခဲ့ပြီး ကြယ်စင်မြစ်နယ်ပယ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်နိုင်ခဲ့သည်။

သို့ရာတွင် ဟုန်ရီ၏နားလည်မှုမှာ အလွန် အပေါ်ယံဆန်သေးသဖြင့် ထိုအချိန်က ကျန်းရွှမ်သည် အိမ်ရှေ့စံမင်းသားယွမ်ချင်းတို့နှင့် တိုက်ခိုက်နေသောကြောင့် ကံကြမ္မာမြစ်၏ မငြိမ်မသက်ဖြစ်မှုကို သတိမထားမိခဲ့ချေ။

"မင်း နားလည်သဘောပေါက်တာနဲ့တင် ငါ့ရဲ့ မျှော်လင့်ချက်တွေကို ဖြည့်ဆည်းပေးပြီးသားပဲ... အခု မင်းတို့ကို ဘယ်လို ကျင့်ကြံရမယ်ဆိုတာ ငါ သင်ပေးမယ်"

ကျန်းရွှမ်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး သူ၏တပည့်သုံးဦးကို ကြည့်ကာ စတင်၍ အသေးစိတ် ရှင်းပြခဲ့သည်။

ပထမတန်းစား ကံကြမ္မာတစ်ခုအနေဖြင့် စိတ်ခံစားချက်ကံကြမ္မာ၏ အရိုးရှင်းဆုံး အတက်အလက်ပင်လျှင် ဒုတိယတန်းစားစွမ်းရည်များကို ပိုင်ဆိုင်ထားသည်။ ထိုသို့ဆိုသည့်တိုင် သူတို့၏ရိုးရှင်းစွာ နားလည်သဘောပေါက်မှုများဖြင့် အလျင်အမြန် တိုးတက်လာရန်မှာ အလှမ်းကွာဟနေဆဲပင်။

သို့ရာတွင် ကျန်းရွှမ်၏အကူအညီဖြင့် ထိုအရာသည် ပြဿနာတစ်ရပ် မဟုတ်တော့ပေ။

သူ၏စကားလုံးများနှင့်အတူ ထူးခြားသော စွမ်းအင်စည်းချက်များသည် တပည့်များ၏ ခေါင်းပေါ်တွင် ထပ်ခါတလဲလဲ လည်ပတ်နေသည်။ မကြာမီမှာပင် စိတ်ခံစားချက်ကံကြမ္မာအပေါ် သူတို့၏နားလည်သဘောပေါက်မှုသည် သိသိသာသာ နက်ရှိုင်းလာပေ၏။

"သွားစမ်း...."

သူ၏လက်ချောင်းများကို လှုပ်ခတ်လိုက်ရာ သန့်စင်သော ကောင်းကင်ကံကြမ္မာ စွမ်းအင် လှိုင်းများက သူ၏တပည့်သုံးဦးကို လွှမ်းခြုံသွားသည်။ ထိုစွမ်းအင်လှိုင်းသည် သူတို့၏ ခန္ဓာကိုယ်များထဲသို့ ဝင်ရောက်သွားသည်နှင့် သူတို့၏ကံကြမ္မာများအပေါ် နားလည်သဘောပေါက်မှုသည် ပို၍ပို၍ နက်ရှိုင်းလာသည်။

သူတို့သုံးယောက်သား အကြည့်ချင်း ဖလှယ်လိုက်ကြပြီး သူတို့၏မျက်နှာများပေါ်တွင် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေပေ၏။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် သူတို့၏ ဆရာထံမှ ထိုးထွင်းသိမြင်နိုင်စွမ်းကို ယခင်ကတည်းက ရရှိထားခဲ့သည်။ ထိုအရာမရှိပါက သူတို့အား ရိုက်သတ်လျှင်ပင် သူတို့၏တိုးတက်မှု ဤမျှထိ လျှင်မြန်မည်မဟုတ်ချေ။

"ငါက ဒီနေရာမှာ အချိန်ဝင်္ကပါတစ်ခုကို တည်ဆောက်ပြီးတော့ အချိန်စီးဆင်းမှုကို အဆတစ်သောင်း မြှင့်တင်ထားမယ်... မင်းတို့က မြန်မြန်ဆန်ဆန် တိုးတက်လာဖို့အတွက် ကျင့်ကြံတဲ့နေရာမှာ အာရုံစိုက်ဖို့ပဲ လိုတယ်"

ကျန်းရွှမ်သည် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး သူတို့၏ရှေ့တွင် အိမ်တော်တစ်လုံးကို ဖန်တီးလိုက်သည်။ နောက်ထပ်အချိန်တခဏတွင် ထိုနေရာ၌ ထူထပ်သိပ်သည်းသော ရင်းမြစ်စွမ်းအင်များ ကောင်းကင်ကံကြမ္မာစွမ်းအားများဖြင့် ပြည့်နှက်သွားပေ၏။ တစ်ချိန်တည်းမှာပင် အချိန်သည်လည်း ပြောင်းလဲသွားသည်။

ရွှမ်ကမ္ဘာကို ကမ္ဘာသစ်နှင့် ပေါင်းစည်းပြီးနောက် အချိန်ကို ကိုင်တွယ်ခြင်းသည် ကမ္ဘာတစ်ခု၏ အရှင်သခင်အတွက် သာမန်ကိစ္စတစ်ခု ဖြစ်လာသည်။

သာမန်အခြေအနေများအောက်တွင် သူ၏ အကူအညီရှိနေလျှင်ပင် သူ့တပည့်များ၏ ကံကြမ္မာကို နားလည်သဘောပေါက်မှုဖြင့် ကြယ်စင်မြစ်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် သို့မဟုတ် အသက်ပင်လယ်နယ်ပယ်သို့ တက်လှမ်းရန် နှစ်ပေါင်း မရေမတွက်နိုင်အောင် လိုအပ်ပေလိမ့်မည်။

ထို့ကြောင့် ဖြေရှင်းချက်မှာ ဤနေရာတွင် ကျင့်ကြံရန်ပင်။

အရှိန်မြှင့်ထားသော အချိန်ဖြင့် ကျန်းရွှမ်အတွက် တစ်လသာ ကြာမြင့်မည်ဖြစ်ပြီး သူတို့အတွက်မူ နှစ်ပေါင်း ခုနစ်ရာ သို့မဟုတ် ရှစ်ရာနှင့် ညီမျှသွားပေမည်။ အချိန်ကြာလာသည်နှင့်အမျှ သူတို့သည် စွမ်းအားများ စုဆောင်းနိုင်ပြီး သူ့ကို အမီလိုက်နိုင်ကာ သူ့အတွက် ဝန်ထုပ်ဝန်ပိုးများ မဖြစ်အောင် ရှောင်ရှားနိုင်ပေမည်။

"မင်းလည်း ဒီနေရာမှာ စိတ်အေးလက်အေး ကျင့်ကြံတော့... မင်းအတွက် လိုအပ်တဲ့ ဆေးလုံးတွေလည်း အများကြီးရှိတယ်... မင်းရဲ့ ကျင့်ကြံဆင့်တိုးတက်မှု ရပ်တန့်နေတာကိုတွေ့ရင် မင်းက ဆေးလုံးတွေကို သောက်လိုက်တော့..."

ကျန်းရွှမ်က ဆေးလုံး အမြောက်အများကို ထုတ်ယူကာ စွန်းချန်ထံသို့ ပစ်ပေးပြီး ညွှန်ကြားလိုက်သည်။

"နားလည်ပါပြီ"

စွန်းချန်သည် ခေါင်းညိတ်ပြရင်း အလျင်အမြန် တုံ့ပြန်အဖြေပေးလေ၏။

...

ကျန်းရွှမ်သည် သူ့တပည့်များ၏ ကျင့်ကြံမှုကို ကမ္ဘာသစ်အတွင်းတွင် လမ်းညွှန်နေစဉ် ရင်းမြစ်ကမ္ဘာတခွင်လုံး၌ အုတ်အော်သောင်းတင်းဖြစ်နေသည်။

အလုံးစုံသိမြင်ဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာရှိ ခြံဝင်းထဲတွင် ဓားချီအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး ပေါ့ပေါ့ပါးပါး ဆင်းသက်လာသည်။ ထိုဓားချီသည် မြေပြင်ကို မထိမီမှာပင် ရယ်မောသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာပေ၏။

"ဂိုဏ်းခွဲသခင်လဲ့...မင်းက ဘာစိတ်ကူးပေါက်ပြီးတော့ ဒီနေ့ ငါ့ကို ဝိုင်အရက်သောက်ဖို့ ဖိတ်ခေါ်တာလဲ... အဲ့ဒီ အေးစက်ကြည်လင်ဝိုင်အရက်တစ်အိုးကို မင်းက နှစ်တွေအများကြီးကြာအောင် သိမ်းဆည်းထားပြီးတော့ ဘယ်သူ့ကိုမှ မြည်းစမ်းခွင့် မပေးခဲ့ဘူး..."

ထိုစကားကို ပြောဆိုလိုက်သူမှာ အသက်လေးဆယ်အရွယ်ခန့်ရှိသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဝတ်ရုံရှည်တစ်ထည်ကို ဝတ်ဆင်ထားကာ သူ၏ဆံပင်များ ဖြူဖွေးနေသည်။ ဝိုင်အရက်ဘူးတစ်ဘူးကို သူ၏ နောက်ကျောတွင် လွယ်ထားပြီး သူ၏ဖရိုဖရဲမုတ်ဆိတ်မွှေးများနှင့် ရှုပ်ပွနေသော ဆံပင်များကြောင့် သူ့ကိုကြည့်ရသည်မှာ ဖိုသီဖတ်သီဖြစ်နေသည်။

သူသည် ဝိုင်ဓားအင်မော်တယ်ဟု လူသိများကာ ဓားဂိုဏ်း၏ဂိုဏ်းချုပ်ဖုန်းကူချန်ပင်။

သဘောတရားအရ သူ၏အဆင့်ဖြင့် ဂိုဏ်းခွဲသခင်လဲ့ချန်ယီသည် အလုံးစုံသိမြင်ဂိုဏ်းခွဲ၏ ဂိုဏ်းချုပ်အဖြစ် အလေးထားဆက်ဆံခံရသော်လည်း သူ့နှင့် ရင်းနှီးစွာပေါင်းသင်းရန် အရည်အချင်း မမီချေ။ သို့ရာတွင် ကံကြမ္မာသည် အလှည့်အပြောင်းများ ရှိနေပေ၏။ ဖုန်းကူချန်သည် လူငယ်ဘဝတွင် ဒဏ်ရာအပြင်းအထန် ရရှိခဲ့ပြီး လဲ့ချန်ယီက ကယ်တင်ခဲ့သည်။ ထိုတွေ့ဆုံမှုအတွင်း သူတို့နှစ်ယောက်သား ရင်းနှီးကျွမ်းဝင်ခဲ့ကြပြီး မိတ်ဆွေများ ဖြစ်လာခဲ့ကြသည်။

ဖုန်းကူချန်သည် ဓားဂိုဏ်းကို အမွေဆက်ခံပြီးနောက်တွင်ပင် သူတို့၏ဆက်ဆံရေးသည် ညီအစ်ကိုများကဲ့သို့ ခိုင်မာနေဆဲပင်။

"တကယ်လို့ ငါ မအားရင် မင်းကို ဖိတ်ခေါ်လို့မရဘူးလား... အပိုစကားတွေ လျှောက်ပြောမနေဘဲနဲ့ အမြန်လာခဲ့တော့... မဟုတ်ရင် မင်းအတွက် ခွက်နည်းနည်းစာလောက် လျော့သွားလိမ့်မယ်..."

လဲ့ချန်ယီက သူ၏ခွက်ထဲရှိ ဝိုင်အရက်ကို တစ်ကျိုက်တည်း မော့ချလိုက်၏။

"မင်း ငါ့ကို ဝိုင်အရက်တိုက်မယ်လို့ ကတိပေးပြီးမှ လျော့သွားမယ်လို့ ခြိမ်းခြောက်တာလား...အဲ့ဒီလိုလုပ်လို့ မရဘူး"

ဖုန်းကူချန်က လက်ဝှေ့ယမ်းလိုက်ပြီး ရှေ့သို့ အလျင်အမြန် ပြေးလာကာ သူ၏ရှေ့မှ ဝိုင်အရက်ကို သောက်လိုက်သည်။ ထို့နောက် သူက ကျယ်လောင်စွာအော်ဟစ်ပြီး ချီးမွမ်းလိုက်သည်။

"ကောင်းလိုက်တဲ့ ဝိုင်အရက်...."

ဤအေးစက်ကြည်လင်ဝိုင်အရက်သည် အလွန်စျေးကြီးလွန်းခြင်း မရှိသော်လည်း ချက်လုပ်ရန် ခက်ခဲသောကြောင့် နာမည်ကြီးသည်။ ဖုန်းကူချန်သည် ထိုဝိုင်အရက်ကို မြည်းစမ်းနိုင်ရန် တောင့်တနေခဲ့ပြီး ယနေ့တွင်မူ သူ၏ဆန္ဒကို ဖြည့်ဆည်းနိုင်ခဲ့သည်။

ဝိုင်အရက်အနည်းငယ် သောက်ပြီးနောက် သူ၏ နားများ နီမြန်းသွားပြီး လဲ့ချန်ယီကို အပြုံးနှင့် ကြည့်လိုက်၏။

"ဒါဆို ပြောပါအုံး... ဒီတစ်ခါက ဘာကိစ္စလဲ... မင်းက သောက်ဖို့သက်သက်အတွက်နဲ့ ငါ့ကို ရှာမှာတော့ မဟုတ်ဘူး မဟုတ်လား"

"ဒါက ဝိုင်အရက် သောက်ဖို့ပါပဲ... တခြားဘာကိစ္စမှ မရှိဘူး"

လဲ့ချန်ယီက တုံ့ပြန်အဖြေပေးသည်။

ဖုန်းကူချန်က မျက်မှောင်ကြုတ်ပြီး သူ၏စကားကို ကြားဖြတ်ပြောဆိုသည်။

"မင်း ဟန်ဆောင်နေတာကို ရပ်ပြီးတော့ ထုတ်ပြောစမ်း.. မဟုတ်ရင် ငါက အခုချက်ချင်း ထွက်သွားမယ်"

ထို့နောက် သူသည် လက်ဆန့်တန်းလိုက်ပြီး လဲ့ချန်ယီ အလွန်တန်ဖိုးထားသော ကြည်လင်အေးစက်ဝိုင်အရက်အိုးကို ဆွဲယူလိုက်၏။

"ဒါ့ပြင် ဒီဝိုင်အရက်တစ်အိုးလုံးကို ငါ ယူသွားမယ်... မင်းအတွက် တစ်စက်တောင် မချန်ခဲ့ဘူး"

"ဟူး... မင်းကို ဘာမှဖုံးကွယ်ထားလို့ မရဘူးပဲ..."

ဖုန်းကူချန်၏အပြုအမူကို မြင်လိုက်ရချိန်၌ လဲ့ချန်ယီသည် ခါးသည်းစွာ ပြုံးလိုက်ပြီး ခေါင်းခါယမ်းကာ စာရွက်တစ်ရွက်ကို ပစ်ပေးလိုက်သည်။

"မင်း တစ်ချက်ကြည့်လိုက်အုံး"

ဖုန်းကူချန်သည် အံ့အားသင့်စွာဖြင့် ထိုစာရွက်ကို ဖမ်းယူလိုက်ပြီး တဖြည်းဖြည်း ဖွင့်ဖတ်လိုက်သည်။ သူ၏မျက်လုံးအကြည့် ထိုစာရွက်ပေါ်သို့ ကျရောက်သွားသည်နှင့် သူ၏ခန္ဓာကိုယ် တောင့်တင်းသွားသည်။

"ဒါ... ဒါက တကယ်ကြီးလား"

"အမှန်ပဲ"

လဲ့ချန်ယီက ခေါင်းညိတ်ပြပြီး အတည်ပြုလိုက်၏။

"ဒါဆို ဒီလောကကြီး..."

ဖုန်းကူချန်၏အသံ တုန်ရီသွားသည်။

"ရှုပ်ထွေးသွားဖို့ ကံကြမ္မာ ပါနေပြီ"

All Chapters