← Chapters

အခန်း (၉)

Vol. 1 Ch. 9

အခန်း (၉)

Vol. 1 Ch. 9

နာရီဝက်ခန့် ကြာပြီးနောက် သူတို့သုံးယောက်သား အပြာရောင်ကျောက်စားပွဲဝိုင်းကြီးတစ်ခုမှာ ဝိုင်းထိုင်လိုက်ကြသည်။

ထိုစားပွဲပေါ်တွင်တော့ မွှေးပျံ့နေသော ကြက်စွပ်ပြုတ်အိုးကြီး ရှိနေလေသည်။ ဤသည်မှာ သာမန်ကြ​က်စွပ်ပြုတ်တစ်အိုး မဟုတ်လေပဲ နှစ်တစ်သောင်းသက်တမ်းရှိ ရွှမ်ဟွမ်ကြက်သားကိုအသုံးပြုပြီး ချက်ပြုတ်ထားသည့် စွပ်ပြုတ်ဖြစ်ကာ တစ်အိုးလုံးထံတွင် သန့်စင်သော စိတ်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေလေသည်။

အိုးတစ်လုံးလုံးသည် တောက်ပသော အလင်းရောင်များဖြင့် လင်းလက်နေပြီး အံ့မခန်းမွှေးပျံ့နေသော အနံ့ကြောင့် ကျုံးထျန်းယွဲ့၏ ဗိုက်ထဲမှ မထိန်းထားနိုင်တော့အောင် ဆာလောင်နေသည့် အသံများ ထွက်ပေါ်လာတော့သည်။

"ဂွီးး… ဂွီးး…"

"အင်း ချီမင်… မင်းရဲ့လက်ရာက မဆိုးဘူးပဲ ဒီဘိုးဘေးကျေနပ်တယ် ကောင်းပြီ ထိုင်ပဲထိုင်မနေကြနဲ့ စားတော့"

​ယွဲ့အာ၏ ဗိုက်ထဲမှ ဆန္ဒပြသံကို ကြားလိုက်ရသောကြောင့် ကျုံးရှန်က အားနာမနေတော့ဘဲ ဦးဆောင်ကာ အားရပါးရ စားသောက်လိုက်တော့သည်။ သူသည် အစားစားနေချိန်တွင် သိက္ခာရှိသော ဘိုးဘေးကြီးတစ်ယောက်နှင့်ပင် မတူတော့ချေ။

ထိုအရာကိုမြင်မှ ကျုံးချီမင်နှင့် ကျုံးထျန်းယွဲ့တို့လည်း စိတ်လက်ပေါ့ပါးသွားပြီး စိတ်လှုပ်ရှားစွာဖြင့် စတင်စားသောက်ကြလေသည်။

​ကျုံးရှန်အတွက်မူ ရွှမ်ဟွမ်ကြက်သည် ဗိုက်ပြည့်ရုံသာ ရှိသော်လည်း ကျုံးချီမင်နှင့် သူ့မြေးမလေးအတွက်မူ ဤအရာသည် ဘဝတစ်ဆစ်ချိုး ပြောင်းလဲသွားစေမည့် အခွင့်အရေးတစ်ခု​ပင်ဖြစ်သည်။

​အသားတစ်ဖတ်ကို စားလိုက်တိုင်း ကျုံးချီမင်သည် နွေးထွေးသော စွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်ကို ခံစားလိုက်ရသည်။

ထိုစွမ်းအင်များက သူ၏ ကျင့်ကြံခြင်းကို အဆက်မပြတ် အားဖြည့်ပေးနေပြီး သူအသစ်ရောက်ရှိထားသည့် နိယာမနယ်ပယ် အဆင့် ၂၄ ၏အုတ်မြစ်ကို ပိုမိုပြီး ခိုင်မာလာ​စေသည်။

ကျုံးချီမင်အပေါ်ကိုပင် ကြက်သားဖတ်က အတော်လေး အကျိုးသက်ရောက်မှုရှိနေကာ ကျုံးထျန်းယွဲ့ထံတွင် အကျိုးသက်ရောက်မှုက ပို၍ပင် အားကောင်းနေသည်။

သူမ၏ တစ်ကိုယ်လုံးတွင် အရောင်ငါးမျိုးရှိသော နတ်ဘုရားအလင်းတန်းများ ထွက်ပေါ်လာနေပြီး သူမ စားလိုက်ပြီး အသက်ရှူလိုက်တိုင်းတွင် သူမ၏ ပါးစပ်နှင့် နှာခေါင်းမှ တောက်ပသော အလင်းများ လျှံကျလာသည်။

စွပ်ပြုတ်သည် သူမကို အံ့မခန်းစွမ်းအားများဖြင့် အဆက်မပြတ်အားဖြည့်ပေးနေခြင်းဖြစ်ကာ ကျုံးထျန်းယွဲ့သည် အချိန်နှင့် အမျှ ပိုမိုပြီးသန်မာနေသည်။

​စားသောက်နေရင်း တစ်ဝက်လောက်အရောက်တွင် ကျုံးချီမင်သည် ကြီးမားသော ကျောက်ပြာစားပွဲကြီးကို ကြည့်ကာ ရုတ်တရက် ဇဝေဇဝါဖြင့် ရပ်တန့်လိုက်မိသည်။

​ဤကျောက်ပြာကြီးသည် ထူးဆန်းလှပြီး ​ကျောက်၏ အတွင်းပိုင်းတွင် ခပ်မှိန်မှိန် အသက်စွမ်းအင်တစ်ခု ကြီးထွားနေသကဲ့သို့ ခံစားရသည်။ ကျောက်ပြားရောင် မျက်နှာပြင်ပေါ်ရှိ ရှေးဟောင်း သင်္ကေတများသည်လည်း နှလုံးခုန်သံကဲ့သို့ ထူးဆန်းစွာဖြင့် စည်းချက်ချကာ ခပ်မှန်မှန် တုန်ခါနေကြသည်။

ကျုံးချီမင်တစ်ယောက် စက္ကန့်အနည်းငယ်လောက် စိုက်ကြည့်နေရုံမျှဖြင့် ကျောက်ပြာကြီးက သူ၏ဝိညာဉ်ကို စုပ်ယူရန် ကြိုးစားနေသလိုမျိုး ခံစားလိုက်ရသည်။

ထိုသည်သာမက ကျောက်ပြားကြီ၏ သေးငယ်သော အက်ကွဲကြောင်းလေးမှတစ်ဆင့် အသက်စွမ်းအင်များ အဆက်မပြတ်စီးထွက်လာနေသည်ကို ကျုံးချီမင်သတိထားလိုက်မိသည်။

ကျုံးချီမင်က ခဏ​တာလောက် တုန့်ဆိုင်းသွားပြီးနောက် ကျုံးရှန်အား ကြည့်လိုက်၏။

"ဘိုးဘေး.. စားနေတုန်း ပြောမိလို့ ခွင့်လွတ်ပါ.. ဒါပေမဲ့ ဒီအပြာရောင်ကျော​က်စားပွဲကြီးက နည်းနည်းတော့... မူမမှန်ဘူးနော်..."

"အင်း.. အဲကျောက်က ဖန်ဆင်းရှင်သန္ဓေသားကျောက်လို့ခေါ်တယ်"

ကျုံးရှန်က တစ်ချက်ကြည့်လိုက်ပြီး ပုံမှန်မျက်နှာအမူအရာဖြင့်သာ ပြန်ဖြေလိုက်သည်။ ဤကျောက်ပြာရောင် စားပွဲကို ကျုံးရှန်တစ်ယောက် လွန်ခဲ့သည့် နှစ်ပေါင်းခြောက်သောင်းတုန်းက စနစ်တွင် လတ်မှတ်ထိုးဝင်ရင်း ရခဲ့ခြင်းဖြစ်သည်။

စနစ်၏ ရှင်းပြချက်အရဆိုလျှင် ဖန်ဆင်းရှင်သန္ဓေသားကျောက်သည် ကမ္ဘာကြီးဖြစ်တည်လာကတည်းက မွေးဖွားလာခြင်းဖြစ်ပြီး ကျောက်ပြာ၏ အထဲတွင် ဘာရှိသနည်းကို မည်သူကမှ မသိဟူ၍ စနစ်ကပြောခဲ့သည်။

စနစ်မှပေးသည့် လက်နက်များတွင် အဆင့်အမျိုးမျိုးရှိလေပြီး နိမ့်ရာမှ မြင့်ရာသို့စီရလျှင် ​သေမျိုးအဆင့်၊ သာလွန်အဆင့်၊ တာအိုအဆင့်၊ နိယာမအဆင့်၊ သူတော်စင်တစ်ပိုင်းအဆင့်၊ သူတော်စင်အဆင့်၊ နတ်ဘုရားအဆင့် နှင့် ကြီးမြတ်သောတာအိုအဆင့်တို့ဖြစ်သည်။

ယခုလောလောဆယ်တွင် ကျုံးရှန်ရနိုင်သည့် အဆင့်အမြင့်ဆုံးသော ရတနာသည် ကြီးမြတ်သောတာအိုအဆင့်ဖြစ်သည်။

​နှစ်ထောင်ပေါင်းများစွာ ကြာအောင် ကျုံးရှန်သည် ကျောက်ပြာကြီး၏ အထဲမှ အရာတစ်ခုခုထွက်လာမည်ဟူသော မျှော်လင့်ချက်ဖြင့် ရတနာများစွာကို အသုံးပြုကာ ကျောက်တုံးကို အားဖြည့်ပေးခဲ့သည်။ သို့သော် သူ၏ ကြိုးပမ်းမှုအားလုံး အရာမထင်ခဲ့ပေ။

​နောက်ဆုံးတွင် သူလက်လျော့လိုက်ပြီး စားပွဲအဖြစ်သာ အသုံးပြုလိုက်တော့သည်။ ထို့နောက် လွန်ခဲ့သော နှစ်တစ်သောင်းက ကျောက်ပေါ်တွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့သည်။

သို့သော် သူ၏ အံ့မခန်းတန်ခိုးစွမ်းအားဖြင့် စစ်ဆေးကြည့်သောအခါ သာမန်ကျောက်တုံးတစ်ခုသာ ဖြစ်နေပြန်သည်။

'ဟူး… အခုထက်ထိ ငါ့ရဲ့အကျိုးနည်းကျိန်စာကို တိုက်ထုတ်နိုင်မဲ့ ရတနာကိုမတွေ့သေးဘူး'

ကျုံးရှန်က ဝမ်းနည်းမှုများနှင့် အတူ စိတ်အလိုမကျစွာဖြင့် တွေးတောလိုက်သည်။

ကျိန်စာသာမရှိလျှင် သူသည် လွန်ခဲ့သည့် နှစ်တစ်သိန်းကတည်းက သူတော်စင်တစ်ပိုင်းအဆင့်ကို ကျော်ဖြတ်ကာ နတ်ဘုရားတစ်ပါးဖြစ်နေလောက်ပြီဖြစ်သည်။

သို့သော် ယခုအခါတွင်တော့ နိယာမနယ်ပယ်တွင်သာ ပိတ်မိနေသေးသည်။

စားပွဲအဆုံးသတ်သွားသောသောအခါ ကျုံးရှန်က စိတ်ကျေနပ်မှုအပြည့်ဖြင့် ပါးစပ်ကိုသုတ်လိုက်ပြီး ထလာလိုက်သည်။

"ကဲ ကလေးတို့… မြင့်မြတ်နယ်မြေကို ပြန်ကြတော့"

သူက ညင်သာစွာဖြင့် ပြောလိုက်သည်။

​"ယွဲ့အာ… မင်းက ပြန်လည်မွေးဖွားလာပြီ သူတော်စင်တာအိုအရိုးရဲ့ အကူအညီနဲ့အတူ မင်းရဲ့ ခန္ဓာကိုယ်ကို ပြန်လည်တည်ဆောက်ပြီးပြီ ဒါကြောင့် ရွေးချယ်ခံရသူက မင်းကို အာရုံခံမိလိမ့်မယ်"

​သူက သူမကို လေးနက်စွာ ကြည့်လိုက်သည်။

​"မင်းတို့နှစ်ယောက်ကြားက ဆက်နွယ်မှုက သတ်မှတ်ပြီးသားပဲ ကောင်းကင်တာအိုရဲ့အောက်မှာ သေခြင်းရှင်ခြင်းဆိုတာ ရှောင်လွှဲလို့မရဘူး… သူမက မင်းရဲ့စွမ်းအားတွေကို ခိုးယူဖို့ မကြာခင် လာလိမ့်မယ်… မင်းအနေနဲ့ ရွေးချယ်ခံရသူကို အနိုင်ယူပြီး ကံကြမ္မာကို ပြောင်းလဲနိုင်မလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တယ်"

​ကျုံးရှန်က လည်ပင်းကို ဘယ်ညာလှည့်ကာ ညောင်းညာဖြေလိုက်ပြီး သူ့ကုလားထိုင်ဆီသို့ ပြန်လျှောက်သွားကာ ပျင်းရိစွာဖြင့် လှဲချလိုက်သည်။

​ကျုံးထျန်းယွဲ့က အံကိုတင်းတင်းကြိတ်လိုက်ကာ လက်စားချေလိုစိတ်ဖြင့် မျက်လုံးများကို ကျဉ်းမြောင်းလိုက်သည်။

​"စိတ်မပူပါနဲ့ ဘိုးဘေး"

သူမက ပြတ်သားသောလေသံဖြင့် ပြောလိုက်သည်။

"ယွဲ့အာက ဘိုးဘေး စိတ်ပျက်အောင် လုပ်မှာမဟုတ်ပါဘူး… အဲဒီမိစ္ဆာမ ချန်ချန်က နိယာမအဆင့်နှစ်မှာပဲ ရှိသေးတာ သူ့ကို ယွဲ့အာက ပုရွက်ဆိတ်နင်းသတ်သလို သတ်ပြမယ်"

ကျုံးချီမင်ကမူ စကားတစ်ခွန်းမှ မပြောလေပဲ အလှုပ်ရှုပ်နေလေသည်။ သူက လက်ကျန်ကြက်စွပ်ပြုတ်များကို သူ၏သိုလှောင်အိတ်ထဲသို့ ဂရုတစ်စိုက်ဖြင့် တစ်စက်ကလေးမှ မဖိတ်ကျအောင် လောင်းထည့်နေသည်။

သူတို့ စားပြီး ထွေးထုတ်ထားသော ကြက်ရိုးများကိုပင် ကောင်းကင်နှင့် မြေကြီးကြားမှ အလွန်အဖိုးတန်သည့် ရတနာတစ်ခုအလား သဘောထားပြီး သိမ်းဆည်းလိုက်သေးသည်။ နောက်ဆုံးတွင် သူက ကျောက်စားပွဲကို ပြောင်စင်နေအောင် သုတ်လိုက်သည်။

​ထို့နောက် ခြင်းတောင်းကြီးတစ်ခုကို သယ်လျက် တောင်နောက်ကျောရှိ ဝိညာဉ်ဥယျာဉ်ထဲတွင် မက်မွန်သီးသွားခူးရန် ကျုံးထျန်းယွဲ့ကို ဆွဲခေါ်သွားတော့သည်။

​ကျုံးရှန်သည် ကုလားထိုင်ပေါ်တွင် လှဲလျောင်းရင်း ပျင်းရိစွာ သမ်းဝေလိုက်ကာ လေထဲသို့ ပေါ့ပေါ့ပါးပါး လှမ်းပြောလိုက်သည်။

"ကျူးကျီ… ငါ့ရဲ့ မြေးနှစ်ယောက်ကို ထိခိုက်အောင်လုပ်ရင် နုတ်နုတ်စင်းပြီး ထမင်းကြော်ထဲရောပြီးတော့ ကြော်ပြစ်မယ်လို့ တောင်နောက်ကျောက မျောက်တွေကိုသွားပြောလိုက်"

"မြောင်…"

--------------

​နာရီဝက်ခန့် ကြာပြီးနောက် ကျုံးချီမင်သည် မက်မွန်သီးများ အပြည့်ပါသော ခြင်းတောင်းကို သယ်လျက် ကျုံးထျန်းယွဲ့၏ လက်ကိုဆွဲကာ ပြန်ရောက်လာသည်။

သူက ကျုံးရှန်ကို ကျေးဇူးတင်ကြောင်း ထပ်ခါတလဲလဲ ပြောဆိုပြီးနောက် မက်မွန်သီးများကို သေချာထုပ်ပိုးကာ မြေးမလေးကို ခေါ်ပြီး ထွက်ခွာသွားကြတော့သည်။

​ကျုံးရှန်က အနားယူရန် မျက်လုံးများကို မှိတ်ထားလိုက်သော်လည်း သူတို့ ထွက်ခွာသွားသည်ကို သူ၏ နတ်ဘုရားအာရုံဖြင့် တိတ်တဆိတ် စောင့်ကြည့်နေဆဲဖြစ်သည်။

​"ယွဲ့အာက ကံတရားက ရွေးချယ်ထားတဲ့ သမီးပျိုပဲ သူ့ရဲ့ ဇာတ်လမ်းက ဘယ်လိုလုပ် ဒီမှာတင် ပြီးဆုံးနိုင်မှာလဲ ငါမင်းကို မျှတတဲ့ အခွင့်အရေးတစ်ခု ပေးခဲ့ပြီးပြီ ဆုပ်ကိုင်နိုင်မလား ဆိုတာကတော့ မင်းအပေါ်မှာပဲ မူတည်တော့တယ်"

ကောင်းကင်ကြီးက ရ​က်စက်၏။ လူသားတွေမည်မျှပင် ယဥ်ကျေးနေပါပြီဆိုသော် တရားမျှတမှုဆိုသည်မှာ မရှိပေ။ ခွန်အားရှိသူကသာ အုပ်ချုပ်ပြီး ခွန်အားရှိသူကသာ ရှင်သန်နိုင်သည်။

ရုတ်တရက် ကျူးကျီသည် ကောင်းကင်ပေါ်မှ ခုန်ဆင်းလာပြီး ကျုံးရှန်၏ ရှေ့သို့ ဖတ်ကနဲကျလာသည်။

ကြောင်ကြီးသည် သူ၏ ပျင်းရိသော ပုံစံကို ဖျောက်လိုက်ပြီး ကျုံးရှန်ကို လူသားတစ်ယောက်ကဲ့သို့ လေးနက်သော အမူအရာဖြင့် ကြည့်ကာ ပြောလိုက်သည်။

​"သခင်ကြီး… ဥသြငှက်ဆီက သတင်းရထားပါတယ် ရှေးဟောင်းသူတော်စင်ကျော့ဖန့်ရဲ့ ဗိမာန် ပေါ်လာတော့မယ်တဲ့"

"ကျွန်တော်တို့ သွားပြီး ပျော်ပါးကြမလား အဲဒီမှာ သခင်ကြီးရဲ့ ကျိန်စာကို တိုက်ထုတ်နိုင်မယ့် ရတနာတွေ ရှိနေနိုင်တယ်လေ"

"ရှေဟောင်းသူတော်စင်ကျော့ဖန့်.."

ကျုံးရှန် မျက်လုံးပွင့်လာပြီး ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။ ​ရှေးဟောင်း သမိုင်းစာအုပ်များအရ ထိုသူတော်စင်သည် ဒဏ္ဍာရီလာ ပုဂ္ဂိုလ်ကြီးတစ်ပါး ဖြစ်ပြီး ရှေးဟောင်းဧကရာဇ် မော့ရွှီ လက်ထက်တွင် ဟင်းချက်ခြင်းဖြင့် အစွမ်းထက်လာသူ ဖြစ်သည်။

ထိုသူသည် အလွန်အစွမ်းထက်သော ကောင်းကင်ပညာရှိတစ်ပါးဖြစ်လေပြီး နတ်ဘုရားအဆင့်တစ်ပိုင်းပင်ဖြစ်ခဲ့သည်။

ရှေးဟောင်းသူတော်စင်ကျော့ဖန့်ထံတွင် အလွန်အစွမ်းထက်သည့် ဟင်းချက်ပစ္စည်းရတနာများစွာရှိလေပြီး သဘာဝ၏ နိယာမတရားများကို သူ၏ ဟင်းပွဲများထဲတွင် ထည့်သွင်းချက်ပြုတ်နိုင်သည်။

​သူ၏ ဟင်းပွဲများကို ကျော့ဖန့်၏လက်ရာဟု ခေါ်ဆိုကြပြီး အချို့မှာ ကမ္ဘာပေါ်ရှိ မည်သည့်ကျိန်စာကိုမဆို ဖြေဖျက်ပေးနိုင်စွမ်း ရှိသည်ဟု မှတ်တမ်းများထဲတွင် ရေးသားထားကြသည်။

​ကျုံးရှန်က လက်ချောင်းများကို တွက်ချက်လိုက်ပြီး နက်နဲသော နတ်ဘုရားအာရုံဖြင့် အနာဂတ်ကို တွက်ဆလိုက်သည်။

ခဏအကြာတွင် ကျုံးရှန်က ကောင်းကင်ကြီးကို တစ်ချက်ကြည့်လိုက်ပြီး ပြောလိုက်၏။

"အင်း… ဟုတ်တယ် ရှေးဟောင်းသူတော်စင်ကျော့ဖန့်ရဲ့ ဗိမာန်ပေါ်လာတာက ကောင်းကင်ရဲ့အလိုတော်အတိုင်းပဲ"

"ကောင်းကင်က ရွှေးချယ်ထားတဲ့ ကံကောင်းသူတစ်ယောက်က နတ်​တစ်ရာယောက်ချို ကိုရသွားလိမ့်မယ် အခြားကျန်တဲ့ ပါရမီရှင်တွေနဲ့ သူရဲကောင်းတွေအကုန်လုံး​က အဲဒီရွှေးချယ်ခံ ပိုပြီးနာမည်ကျော်ကြားလာဖို့ ခြေနင်းခံကျောက်တုံးတစ်ခုထက် ပိုမှာ မဟုတ်ဘူး"

​သူက ကြောင်ကြီးကို ကြည့်လိုက်သည်။

"ကျူးကျီ… စောင့်ကြည့်နေလိုက် အနာဂတ်မှာ ရှေးဟောင်းရတနာတွေ အများကြီး မသေမျိုးနတ်ဘုရားတိုက်ကြီးပေါ်မှာ ပေါ်လာလိမ့်မယ်"

​ကျုံးရှန်က အိပ်ချင်မူးတူးဖြင့် အကြောဆန့်ရင်း ညီးတွားလိုက်သည်။

"ရှေဟောင်းသူတော်စင်ကျော့ဖန့်ရဲ့ ဗိမာန်တော်က တစ်နှစ်အတွင်းပွင့်လာလိမ့်မယ်"

"ပြီးကြရင် ငါ့ရဲ့ တစ်ရေးအိပ်ချိန်တောင် ပြီးပြီပဲ"

ကျုံးရှန်က ခဏတာတိတ်ဆိတ်သွားပြီးနောက် ကျူးကျီကို နောက်ပြောင်လိုသည့် အပြုံးဖြင့်ကြည့်ကာ ဆက်ပြောလိုက်သည်။

"ဒါနဲ့ ကျူးကျီ.. ဟို အမြီးသုံးချောင်း မြေခွေးမလေးက လူလို ဉာဏ်ရည်ရခါစပဲ ရှိသေးတာ သူက အပြစ်ကင်းစင်သေးတယ် လူလိုပြောရင် သူက အခုမှ ၈ နှစ်သမီးလောက်ပဲ ရှိတယ် ကလေးမလေးကို သွားပြီး ပိုးပန်းဖို့ မကြိုးစားနဲ့ဦးနော်"

"မြောင်…"

ကြောင်ကြီးက ရှက်ရမ်းရမ်းကာ ကို့ယိုးကားယားဖြင့် အော်ဟစ်လိုက်သည်။

All Chapters