ကျုံးရှန်သည် မမျှော်လင့်ဘဲ အခြားကမ္ဘာတစ်ခုသို ကူးပြောင်းရောက်ရှိလာခဲ့သည်။ နေ့စဉ်မှတ်တမ်းတင်စနစ် တစ်ခုကို ရရှိခဲ့ပြီး ကြိုးကြိုးစားစား ကျင့်ကြံကာ ကိုယ်ပိုင်ဂိုဏ်းတစ်ခုကို တည်ထောင်ခဲ့သည်။ သူသည် ကုန်းမြေတိုက်ကြီးအနှံ မြင့်မြတ်နယ်မြေအတွက် တိုက်ပွဲဝင်ခဲ့သည်။ သိုသော် သူ၏စွမ်းအားများ အထွတ်အထိပ်ရောက်နေချိန်တွင် ကောင်းချီးမင်္ဂလာနယ်မြေတစ်ခု၌ အနားယူရန် ရွေးချယ်ခဲ့သည်။ သူသည် နေ့စဉ်မှတ်တမ်းတင်ခြင်းကို မှန်မှန်ပြုလုပ်ပြီး ကြောင်လေးများကို ပွတ်သပ်ကာ ဝက်စာကျွေးရင်း အေးအေးလူလူ နေထိုင်ခဲ့သည်။ နှစ်ပေါင်း တစ်သိန်းတိတိ တံခါးပိတ်အောင်းနေခဲ့ပြီး အပြင်လောကသို့ လုံးဝထွက်မလာခဲ့ချေ။ သိုသော် မကြာသေးမီက ဤကမ္ဘာလောကထဲတွင် ဇာတ်လိုက်ဆန်သော ကံတရားပိုင်ရှင်များ ရုတ်တရက် ပေါ်ပေါက်လာခဲ့သည်။ ဇာစ်မြစ်မသိရသော ကမ္ဘာကူးပြောင်းရောက်ရှိလာသူတချို့ကိုပင် တွေ့ရှိလာရပြီး ကုန်းမြေတိုက်ကြီးတစ်ခုလုံး ပရမ်းပတာ ဖြစ်လာခဲ့သည်။ တစ်နေ့တွင် မြင့်မြတ်နယ်မြေ၏ ဂိုဏ်းချုပ်သည် သွေးများရွှဲနစ်လျက် ဒဏ်ရာအပြင်းအထန်ရထားသော မြင့်မြတ်သမီးတော် တစ်ဦးကို ပွေ့ချီကာ ရောက်ရှိလာခဲ့သည်။ "ဘိုးဘေး… ကျေးဇူးပြုပြီး တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပေးပါတော့ မြင့်မြတ်သမီးတော်ရဲ့ ဆန်းကြယ်ကောင်းကင်အရိုး အလုခံလိုက်ရပါပြီ" သူသည် လက်ကို ပေါ့ပေါ့ပါးပါး ဝှေ့ယမ်းလိုက်ပြီး ပြောလိုက်သည်။ "ဟမ်… ဆန်းကြယ်ကောင်းကင်အရိုးကို ဘာလုပ်မှာ ရော့ဒီ သူတော်စင်တာအိုအရိုးကို ယူပြီး သူမဆီမှာ တပ်ပေးလိုက်" "ဘိုးဘေး… ပြိုင်ဘက်ကင်း ကျွမ်းကျင်သူတစ်ယောက်က မြင့်မြတ်နယ်မြေရဲ့ တံခါးပေါက်ကို ဖျက်ဆီးနင်းချေပြီး ကျူးကျော်လာပါတယ်" "ကောင်းပြီလေ… ဘယ်က မြေးလေးကများ ဒီလောက် ဆော့ချင်နေတာလဲဆိုတာ ကြည့်ရသေးတာပေါ့" "မင်း ကျောက်စိမ်းဧကရာဇ်ဘာဖြစ်သွားလဲသိလား" "ဟမ်… ဘာဖြစ်လိုလဲ" "ကျုံးမျိုးနွယ်ဝင်တွေကို သွားအနိုင်ကျင့်မိလို ဟိုက သူတိုရဲ့ ဘိုးဘေးကို သွားတိုင်တာတဲ့လေ အဲမာ ကျုံးဘိုးဘေးကိုယ်တိုင်လာပြီး လျော်ကြေးတောင်းသွားတာ ဘစ်ပါမကျန်ဘူး အကုန်မသွားတာတဲ့" ထိုသိုဖြင့် ကျုံးမျိုးနွယ်ဝင်များကို မည်သူကမှ အနိုင်မကျင့်ရဲတော့ချေ။

