← Chapters

အခန်း ၃၉၉

Vol. 40 Ch. 399

အခန်း ၃၉၉

Vol. 40 Ch. 399

အပိုင်း (၃၉၉)

စကြာဝဠာပန်းရနံ့ဝိုင်ကို ဝိုင်ခွက် သုံးခွက်ထဲသို့ အပြည့်လောင်းထည့်လိုက်လျှင် ပန်းရောင်ဖျော့ဖျော့ ဝိုင်ရည်ထဲတွင် ကိန်းအောင်းနေသည့် ပန်းပေါင်း ကိုးထောင်ကိုးရာကိုးဆယ့်ကိုးမျိုး၏ မွှေးရနံ့များကို လူတိုင်း ခံစားလိုက်ရသည်။ ထိုဝိုင်သည်သောက်သုံးသူတိုင်းကို ဝိညာဉ်အာရုံ စွမ်းအား ကြီးမားစွာ တိုးတက်စေနိုင်စွမ်းရှိကာ ဝိညာဉ်ကို အားဖြည့်ပေးပြီး ဝိညာဉ်အာရုံ ပင်လယ်ကို ကြီးထွားစေသည်။ သို့ သော် နတ်ဘုရားအဆင့်အောက် ကျွမ်းကျင်သူများအတွက်သာ အကျိုးသက်ရောက်မှု ရှိခြင်း ဖြစ်ပြီး ယခု လက်ရှိ ကျုံးရှန်နှင့် ရွေ့ဝူတိ အတွက်မူ ကြီးမားသော အသုံးဝင်မှု မရှိတော့ချေ။နတ်ဘုရားအဆင့်သို့ မရောက်ရှိသေးသောရွေ့ဝူတိ၏ ဇနီးအတွက်သာ အနည်းငယ် အသုံးဝင်ခြင်း ဖြစ်သည်။ စကြဝဠာပန်းရနံ့ဝိုင်သည် ကျုံးရှန်အတွက်မူ ခံတွင်းမြိန်ရုံ သီးသန့်သာ ဖြစ်၏။ မိုသိမ်ထျန်းဟူသော ကလေးငယ်သည် ပန်းကန်လုံးငယ်ကို ကိုင်ကာ သူ၏ရှေ့မှနတ်ဘုရားအဆင့် ဟင်းလျာများကို အငမ်းမရ စားသောက်နေသည်။ ဟင်းလျာများတွင် ပါဝင်သော စွမ်းအင်များ ကြောင့် တစ်လုတ်စားလိုက်တိုင်းတွင် သူ၏ ပါးစပ်နှင့် နှာခေါင်းထဲမှ ပြင်းထန်သော အသက်ရှူသံများ ထွက်ပေါ်လာသည်။သာမန် ကလေးငယ်တစ်ဦးသာ အနှီနတ်ဘုရားဟင်းလျာများကို စားမည်ဆိုပါက တစ်လုတ်စားလိုက်သည်နှင့် ခန္ဓာကိုယ် ပေါက်ကွဲသွားမည်ဖြစ်သည်။ သို့သော် မိုသိမ်ထျန်းသည် ပြင်းထန် သောအသံရှုသံများသာထွက်ပေါ်နေခြင်းမှာ သူသည် စိတ်နှလုံးစွမ်းအားကို ကျွမ်းကျင်ထားသောကြောင့် ဖြစ်သည်။ သူသည် တစ်ဖက်မှ စားသောက်နေသော်လည်း တစ်ဖက်မှလည်း ကျုံးရှန်၏ ရင်ခွင်ထဲရှိ ရှန်းဝူရှန့်ကို စိုးရိမ်တကြီး ကြည့်နေသည်။ "ဆရာ... အစ်ကိုကြီး..." "အစ်ကိုလေးက ဘာလို့ မနိုးသေးတာလဲ..." သူသည် မနေနိုင်ဘဲ ထပ်မေးလိုက်ပြန်သည်။ ထိုစဉ် ကျုံးရှန်သည် ရှန်းဝူရှန့်၏ စိတ်ဆန္ဒ ပေါင်းစပ်မှု အလွန်ချောမွေ့လာကြောင်း ခံစားလိုက်ရသဖြင့် မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ထွက်ပေါ်လာသည်။ "စိတ်မပူနဲ့... မင်းရဲ့ အစ်ကိုလေး မကြာခင် နိုးလာတော့မှာပါ..." ကျုံးရှန်၏ စကားသံဆုံးသည်နှင့် သူ၏ ရင်ခွင်ထဲရှိ ရှန်းဝူရှန့် ၏ခန္ဓာကိုယ်သည် အနည်းငယ် လှုပ်ရှားလိုက်ကာ မျက်လုံးများပွင့်လာသည်။ "ဆရာ..." "မွှေးလိုက်တာ... ဘာတွေ စားနေကြတာလဲ..." ရှန်းဝူရှန့်သည် ကြည်လင်သောသူ၏ကလေးအသံလေးဖြင့် မေးလိုက်သည်။ သူ၏ စိတ်အစဉ်သည် ဝေဝါးထွေပြားမှုမရှိ တော့ဘဲ ရှင်းလင်းသွားပြီဖြစ်သည်။ သူသည် နှာခေါင်းလေးဖြင့် အားပါးတရ ထပ်မံ ရှူရှိုက်လိုက်ပြန်သည်။ "တကယ် မွှေးတာပဲ..." ရှန်းဝူရှန့်သည် ထိုသို့ပြောလိုက်ပြီးနောက် ကျုံးရှန်၏ ရင်ခွင်ထဲမှ ရုန်းထွက်လိုက်ကာ မိုသိမ်ထျန်း၏ ဘေးတွင် ဝင်ထိုင်လိုက်သည်။ ထိုအခါ သူ၏မျက်လုံးများ တောက်ပလာပြီး ပါးစပ်မှ သွားရည်များပင် ကျလာမတတ် ဖြစ်သွားရသည်။ ရှန်းဝူရှန့်နှင့် မိုသိမ်ထျန်းတို့နှစ်ဦးသည် ပုံမှန်အားဖြင့် သူတော်စင်နိုင်ငံထဲတွင် လေ့လာကျင့်ကြံကြခြင်း ဖြစ်ပြီး ကျုံးရှန်၏ ကိုယ်ပွားမှ ကိုယ်တိုင် သွန်သင်ပြသပေးခြင်းဖြစ်သည်။ထို့ကြောင့် သူတို့သည်အထူးဖန်တီးထားသော ဝိညာဉ်ဝိုင်နှင့် ဝိညာဉ်သစ်သီး အချို့မှလွဲ၍ အခြားကောင်းမွန်သော စားစရာများကိုမစားဘူးကြချေ။ နတ်ဘုရားအဆင့် ဟင်းလျာများဆိုသည်မှာ စိတ်ကူးထဲ၌ပင် မတွေးခဲ့ဖူးသောအရာများဖြစ်သည်။ ကလေးငယ်နှစ်ဦးသည် လျှာကိုပင် မျိုချမိမတတ် အငမ်းမရစား သောက်ကြတော့သည်။ မိုသိမ်ထျန်း၏ စိတ်နှလုံးကွန်ရက် လဲလှယ်ရေး လုပ်ဆောင်ချက်ကို ကျုံးရှန် ယာယီ ပိတ်ပင်ထားသဖြင့် သူသည် အရသာရှိသော ဟင်းလျာများကို လဲလှယ်နိုင်စွမ်း မရှိခဲ့ချေ။ ထို့ကြောင့် ယခုကဲ့သို့ ကောင်းမွန်စွာ စားသောက်ရခြင်းသည် ကလေးငယ်နှစ်ဦးအတွက် ကောင်းကင်လောက် ကြီးမားသော ကံကောင်းမှုကြီးသာ ဖြစ်သည်။ သူတို့၏ စိတ်နှလုံးထဲတွင် ပျော်ရွှင်ကြည်နူးခြင်းများဖြစ်ပေါ်လာလျှင်များပြားလှသောစိတ်နှလုံးစွမ်းအားများသည် စိတ်နှလုံးကွန်ရက်မှတစ်ဆင့် ကျုံးရှန်ဆီသို့ ဒီရေအလား အရှိန်အဟုန်ဖြင့် စီးဝင်လာတော့သည်။ပျော်ရွှင်မှု၏ စွမ်းအား။ ထိုစိတ်နှလုံးစွမ်းအားသည် ဘဝတွင်တစ်ခါမျှ မကြုံစဖူးကြုံ တွေ့ရသည့် စိတ်ပျော်ရွှင်ကြည်နူးမှု အခြေအနေကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်ကာ ကျင့်သားရသွားပါက ထိုမျှ ပြင်းထန်သော ပျော်ရွှင်မှုမျိုး ရှိတော့မည် မဟုတ်ပေ။ အထူးသဖြင့် ရှန်းဝူရှန့် ဖြစ်သည်။ ယခု သူ၏ စိတ်နှလုံးစွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းလောက်အောင် ကြီးမားနေပြီဖြစ်သဖြင့် သူတစ်ယောက်တည်းမှ ကျုံးရှန်စီသို့ စီးဝင်လာသော စိတ်နှလုံးစွမ်းအားသည် သောင်းချီသော မိစ္ဆာသားရဲ တပ်မတော်ကြီး၏ တစ်ပြိုင်နက်တည်း ပေးပို့သော စိတ်နှလုံးစွမ်းအားများနှင့် ညီမျှနေ၏။ ထိုအချက်မှ ရှန်းဝူရှန့်၏ အလားအလာသည် မည်မျှအထိ အစွမ်းထက်ကြောင်း ထင်ရှားလှသည်။ ထို့အပြင်ရှန်းဝူရှန့် တဖြည်းဖြည်း ကြီးပြင်းလာသည်နှင့်အမျှ စိတ်နှလုံးစွမ်းအားများလည်း ပို၍ ပွင့်လင်းလာမည် ဖြစ်သည်။ သူ၏ အခြေခံအုတ်မြစ်သည် မဟာကမ္ဘာ ကောင်းကင်တာအို၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်အဆင့်သို့ အလွယ်တကူ ကျင့်ကြံနိုင်စွမ်းရှိ နေကာ ထိုနေရာ၌ ကျုံးရှန်ပင် သူ့ကိုယှဉ်နိုင်စွမ်းမရှိချေ။လူအများ ဝိုင်းဖွဲ့စားသောက်ကြခြင်းဖြစ်သဖြင့် ခြံဝင်းငယ်လေးအတွင်းရှိ လေထုသည် အလွန်တရာ သဟဇာတဖြစ်နေသည်။ ရွေ့ဝူတိဖြစ်စေ၊ ရှန်းဝူရှန့်ဖြစ်စေ၊ မိုသိမ်ထျန်းဖြစ်စေ သူတို့အားလုံး၏ ရင်ထဲတွင် ကျုံးရှန်အပေါ် အတိုင်းအဆမဲ့ လေးစားကြည်ညိုမှုများ ရှိနေကြသည်။ ထိုသည်မှာ သူတို့၏ ရင်တွင်းမှ လာသော စစ်မှန်သည့် လေးစားမှု ဖြစ်သည်။ ကျုံးရှန်သည် သူတို့၏ဘဝတွင် ကိုယ်ပိုင်အသက်ထက်ပင် ပို၍ အရေးပါသူဖြစ်ကာ သူတို့အတွက် ကျုံးရှန်သည် ကျင့်ကြံခြင်း၊ အသက်ရှင်ခြင်းတို့ထက် ပို၍ သာလွန်သည်။ ထိုသည်မှာ နက်ရှိုင်းသော သံယောဇဉ်၏ စွမ်းအား ဖြစ်ကာ အားနည်းပုံရသော်လည်း လက်တွေ့တွင်မူ ဖျက်ဆီး၍မရနိုင်လောက်အောင် ခိုင်မာလှသည်။ လူအများ စားသောက်ပြီးစီးသွားကြလျှင် ရှန်းဝူရှန့်သည်လည်း အောင်မြင်စွာ အသွင်ပြောင်းလဲမှု ပြီးဆုံးသွားခဲ့ကာ မဟာကမ္ဘာ၏ သားတော်တစ်ပါးအသွင်ကို ပိုင်ဆိုင်လာသည်။ကျုံးရှန်၏ တာဝန်တစ်ခု တစ်ခန်းရပ်သွားပြီဖြစ်သည်။ ဆက်လက်၍ သူသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ အခြားနေရာများသို့ သွားရောက်ကာ အခွင့်အလမ်းများကို ရှာဖွေရန် ရည်ရွယ်ထားသည်။ ထိုအခွင့်အလမ်းများအားလုံးသည် ဝမ်ရှန့်ကမ္ဘာငယ်လေးထဲတွင် သူ ကြိုတင်၍ စုံစမ်းရှာဖွေထားခဲ့သည်များ ဖြစ်ပြီး တစ်ခုချင်းစီတိုင်းသည် သာမန်မဟုတ်ကြပေ။ ကျုံးရှန်သည် သူ၏ တပည့်များကို နှုတ်ဆက်ပြီးနောက် သူတော်စင်နိုင်ငံထဲမှ ထွက်ခွာလာကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးထဲသို့ ပြန်လည်ရောက်ရှိလာသည်။ ထို့နောက်သူသည် နတ်ဘုရားအာရုံကို အသုံးပြု၍ တည်နေရာတစ်ခုသတ်မှတ်လိုက်ကာ တောင်ဘက်သို့ ဦးတည်ထွက်ခွာသွားသည်။ သူ၏ ရည်မှန်းချက်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ တောင်ဘက်အစွန်အဖျားတွင် ရှိသည့် ကျိနန်စီရင်စု ဖြစ်သည်။ ထိုနေရာသည် ပင်လယ်နှင့် နီးကပ်နေသဖြင့် ဝမ်ရှန့်တောင်ပိုင်းပင်လယ် ဟုလည်း ခေါ်ဆိုသည်။ တောင်ပိုင်းပင်လယ်ထဲတွင် ကျွန်းစုများသည် ကြယ်များအလား ပြန့်ကျဲနေကာ နန်ယွီကျွန်းစုဟုခေါ်သော နေရာလည်းပါဝင်သည်။ ပင်လယ်ပြင်သည် ကျယ်ပြောလှပြီး တစ်နေရာနှင့်တစ်နေရာ မိုင်သန်းပေါင်းများစွာ ကွာဝေးကာ မကြာခဏဆိုသလို ပေသောင်းချီ မြင့်မားသော လှိုင်းလုံးကြီးများ ရိုက်ခတ် လေ့ရှိသည်။ ထိုလှိုင်းလုံးကြီးများသည် နတ်ဘုရားအဆင့်အောက်ရှိ ကျွမ်းကျင်သူများကို အလွယ်တကူ သေဆုံးသွားနိုင်၏။ ထို့အပြင် ပင်လယ်သမုဒ္ဒရာထဲတွင် နဂါးနှင့် ကျားများ ကဲ့သို့ အစွမ်းထက်ပုဂ္ဂိုလ်ကြီးများပုန်းကွယ်တည်ရှိနေပြီး ပင်လယ်ထဲရှိ ဧရာမ ပင်လယ်သားရဲ အရေအတွက်မှာ ရေတွက်၍ပင် မရနိုင်ချေ။ ပင်လယ်ထဲတွင် သူတော်စင်အဆင့်၊ နတ်ဘုရားအဆင့်ရှိသော ဧရာမ မိစ္ဆာပင်လယ်သားရဲများ မရေမတွက်နိုင် အောင်ရှိနေကာ အဆင့်တူ ပင်လယ်သားရဲများသည် အဆင့်တူ လူသားကျင့်ကြံသူများထက် များစွာ ပိုမို အစွမ်းထက်လေ့ရှိသည်။ ပထဝီဝင်အနေအထားအရ ကန့်သတ်ချက်များသည် ပင်လယ်ရပ်ခြား ကျွန်းစုများ၏ ကျင့်ကြံခြင်း ယဉ်ကျေးမှု တိုးတက်မှုကို အဟန့်အတား ဖြစ်စေခဲ့သည်။ ထို့ကြောင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ နန်ယွီကျွန်းစုဒေသ သည် ထူးခြားသော ပင်လယ်ရပ်ခြား ကျင့်ကြံခြင်း ယဉ်ကျေးမှု စနစ်တစ်ခုအဖြစ် ဖြစ်တည်ရှိနေ၏။ နန်ယွီသည် အလွန် ကြီးမားလှပြီး ပြည်နယ်ရာချီနှင့် ညီမျှကာ နေရာအများစုသည် ပင်လယ်သမုဒ္ဒရာ ရေပြင်သာဖြစ်သည်။ ကျုံးရှန်သည် ဖြည်းညင်းစွာ လျှောက်လှမ်းလာနေသော်လည်း ခြေလှမ်းအနည်းငယ်အတွင်း ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ ထက်ဝက်ကျော်ကို ဖြတ်သန်းခဲ့ပြီးဖြစ်သည်။ သူသည် တောင်ပိုင်းပင်လယ်ပေါ်တွင် လွတ်လပ်စွာ လမ်းလျှောက်နေကာ မကြာခဏ ကျွန်းတစ်ကျွန်းပေါ်တွင် ရပ်တန့်ပြီး နတ်ဘုရားအာရုံကို ထပ်ခါတလဲလဲ ဖြန့်ကြက်၍ တည်နေရာကို အတည်ပြုနေသည်။ ကျုံးရှန် မည်သည်ကို ရှာဖွေနေသည်ကို မည်သူမျှ မသိနိုင်ချေ။ အမှန်စင်စစ်တွင် ကျုံးရှန် ရှာဖွေနေသော ကောင်းကင်နှင့်မြေကြီး၏ ရတနာများသည် မဟာကမ္ဘာ မြေကြော၏ ဖိနှိပ်ခြင်းကို ခံထားရသော ထူးဆန်းသည့် ရတနာများ ဖြစ်ကြသည်။ ထို့ကြောင့် ယင်းတို့ကိုယ်တိုင် မဟာကမ္ဘာ၏ ဖိအားကိုရုန်းထွက်ကာအလိုအလျောက် ပေါ်ထွက်လာခြင်း မရှိပါက တည်နေရာ အတိအကျကို ရှာဖွေရန်မှာ အလွန်ခက်ခဲလှသောကိစ္စဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုရတနာများ၏ အငွေ့အသက်သည် ဝမ်ရှန့်ကုန်းမြေတိုက်ကြီးနှင့် တစ်သားတည်း ဖြစ်နေသောကြောင့် ဖြစ်သည်။ ယခုအခါ ကျုံးရှန်သည် ဝမ်ရှန့်ကမ္ဘာငယ်ပုံစံတူလေးထဲမှ မှတ်ဉာဏ်များကို အားကိုး၍ အဆက်မပြတ် နှိုင်းယှဉ်ကာ လေ့လာနေခြင်း ဖြစ်သည်။ သို့သော်လည်း ဝမ်ရှန့်ကမ္ဘာငယ်လေးသည် အတိတ် နှစ်သန်းပေါင်းများစွာမှ ဝမ်ရှန့်ကုန်းမြေတိုက်ကြီးကို ပုံတူကူးထားခြင်းသာ ဖြစ်သည်။ နှစ်သန်းပေါင်းများစွာအတွင်း လောကကြီးသည် အကြီးအကျယ် ပြောင်းလဲကာ မြေမျက်နှာသွင်ပြင်သည် အဆက်မပြတ် ပြောင်းလဲနေခဲ့သဖြင့် နန်ယွီ၏ တည်နေရာကို ရှာဖွေရသည်မှာ မလွယ်ကူလှချေ။

ထို့ကြောင့် ကျုံးရှန်သည် တည်နေရာအတိအကျရှာဖွေရန် အချိန်ယူရမည်ဖြစ်သည်။ ယခုတစ်ကြိမ် တောင်ပိုင်းပင်လယ်သို့ လာရောက်ရခြင်းသည် အစစ်အမှန် နဂါး နှင့် ဖီးနစ်ငှက်တို့၏ ဥများကို ရှာဖွေရန် ဖြစ်သည်။ ထိုအရာများသည် ကောင်းကင်နှင့်မြေကြီး၏ နတ်ဘုရားသားရဲ ဥများ ဖြစ်ကာ သာမန် နတ်ဘုရားသားရဲများနှင့် တူညီမှုမရှိပေ။စစ်မှန်သော ဖီးနစ်နှင့် နဂါးတို့သည် မွေးဖွားလာသည်နှင့် တစ်ပြိုင်နက် နတ်ဘုရားအဆင့် ကျင့်ကြံမှုကို ပိုင်ဆိုင်ထားမည်ဖြစ်ကာ အရွယ်ရောက်လာပြီးနောက်တွင် ထျန်းယွမ်အဆင့်သို့ ရောက်ရှိနိုင်စွမ်းရှိကြသည်။ အကယ်၍ ကျုံးရှန်သည် ဖီးနစ်ဥနှင့် နဂါးဥကို ရှာတွေ့ပါက ယင်းတို့ကို နှိုးထစေရန် ကြိုးစားနိုင်မည်ဖြစ်သည်။ ထို့နောက်တွင် ထိုကောင်းကင်နှင့်မြေကြီး နတ်ဘုရားသားရဲ နှစ်ကောင်လုံးကို သူ၏ သူတော်စင်နိုင်ငံထဲသို့ ထည့်သွင်းကာ အဆက်မပြတ်ပျိုးထောင်ပေးခြင်းဖြင့် သူတော်စင်နိုင်ငံ၏ နိယာမများကို ကြီးထွား ပြည့်စုံလာစေမည်။ကျုံးရှန်သည် ယခုအခါ မိမိ၏ သူတော်စင်နိုင်ငံကို ပျိုးထောင်ရန် စိတ်အားထက်သန်နေပြီဖြစ်၏။ သူသည် သူတော်စင်နိုင်ငံကို မဟာကမ္ဘာတစ်ခုအဖြစ် ဖွံ့ဖြိုးတိုးတက်လာစေရန် ပြင်ဆင်နေခြင်းဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးထက် မနိမ့်ကျသော မဟာကမ္ဘာတစ်ခုအဖြစ် ပြုလုပ်လိုသည်။ ကျုံးရှန်၏ နတ်ဘုရားအာရုံသည် သမုဒ္ဒရာတစ်ပြင်လုံးကို ဖြတ်သန်းသွားကာ အရာအားလုံးကို ဖောက်ထွင်းရှာဖွေနေသည်။ ထို့နောက်နောက်ဆုံး၌ သဲလွန်စအချို့ကို ရှာတွေ့သွားလေတော့သည်။

All Chapters