← Chapters

အခန်း (၆၁)

Vol. 7 Ch. 61

အခန်း (၆၁)

Vol. 7 Ch. 61

လင်ချန်သည် ကျုံးကျဲ၏ လက်ထဲမှ ပန်းကန်လုံးအကြီးကြီးကို ကြည့်ရင်း စိတ်ထဲတွင် အလွန်သံသယဖြစ်နေမိလေသည်။

သူ ကိုင်ဆောင်ထားသော စစ်မင်းဓားကျိုး၏ မူလဇာစ်မြစ်မှာ အမြဲတမ်း ပဟေဠိတစ်ခု ဖြစ်ခဲ့သည်။

နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သော်လည်း မည်သည့်အရာမဆို ဖျက်ဆီးနိုင်ခဲ့ပြီး စွမ်းအား အလွန်ကြီးမားခဲ့သည်။

ထို့အပြင် ကျင့်ကြံခြင်းအဆင့် နိမ့်ပါးသည့်အချိန်မှာပင် ဤဓား၏ စွမ်းအားအချို့ကို ထုတ်ဖော်အသုံးပြုနိုင်ခဲ့သည်။

စစ်သူကြီးစစ်မာကျောင်းက ဤဓားသည် ရှေးဟောင်းနတ်ဘုရားလက်နက်များထက် မနိမ့်ကျကြောင်း နတ်ဘုရားလက်နက်များနှင့် ထိပ်တိုက်တွေ့လျှင်ပင် အရေးနိမ့်မည် မဟုတ်ကြောင်း ပြောကြားခဲ့ဖူးသည်။

စစ်မင်းဓားကျိုးသာ ပြီးပြည့်စုံသွားလျှင် မည်မျှအစွမ်းထက်မည်ကို တွေးကြည့်ရန်ပင် ခက်ခဲလှသည်။

သေချာပေါက် အထွတ်အထိပ် စွမ်းအားများ ပိုင်ဆိုင်နိုင်လိမ့်မည်ပင်။

သို့သော် ဤကဲ့သို့ ထူးဆန်းသော လက်နက်မျိုး ဖြစ်နေပါလျက် အခုတစ်ဖက်လူ၏ အဖြူရောင် ပန်းကန်လုံးကြီးနှင့် ထိပ်တိုက်တွေ့သည့်အခါတွင် အသာစီးမရဘဲ ဖြစ်နေရသည်။

ယခုအချိန်တွင် လင်ချန်သည် လက်တစ်ဖက်၌ စစ်မင်းဓားကျိုး ကျန်လက်တစ်ဖက်၌ ယမမင်းတောင်ဝှေးကို ကိုင်ဆောင်ထားလေသည်။

ယမမင်းတောင်ဝှေးသည်လည်း တစ်ချိန်က အနူးဘစ်နတ်ဘုရားနှင့်အတူ နှစ်ပေါင်းများစွာ လိုက်ပါခဲ့ဖူးသော ကိုယ်ပိုင်အသုံးအဆောင် ပစ္စည်းလေးတစ်ခုပင်။

နတ်ဘုရားစွမ်းအားဖြင့် နှစ်ပေါင်းများစွာအားဖြည့်တင်းမှုအောက်တွင်တဖြည်းဖြည်းနှင့် နတ်ဘုရားစွမ်းအား အနည်းငယ် ကိန်းအောင်းလာခဲ့ပြီး နတ်ဘုရားလက်နက်ဟု ခေါ်ဆိုရန် မဖြစ်နိုင်သေးသော်လည်း ဝိညာဉ်အသိဉာဏ် အတော်အသင့် ရှိနေပြီဖြစ်သည်။

ထို့အပြင် ယမမင်းစွမ်းအားများကိုပါ အလိုအလျောက် စုပ်ယူနိုင်စွမ်းရှိရာ အလွန်ထူးဆန်း အံ့သြဖွယ် ကောင်းလှပေသည်။

စစ်မင်းဓားကျိုးပေါ်တွင် ယမမင်းဓားသွား တစ်ဖန် ပြန်လည် ပေါ်ပေါက်လာပြီး အခြားလက်တစ်ဖက်ရှိ ယမမင်းတောင်ဝှေးမှာလည်း ရွှေရောင်အလင်းများ တောက်ပနေ၏။

သူသည် ငရဲတာအိုအမှတ်အသားကို ပေါင်းစပ်ပြီးနောက် ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင်နှင့် ယမင်းအငွေ့အသက်များမှာ ကောင်းကင်နှင့်မြေကြီး စစ်ဘုရင်မင်းခန္ဓာကဲ့သို့ အဆုံးမဲ့ ထွက်ပေါ်နေခြင်း မရှိသော်လည်း မြစ်ရေကဲ့သို့ စီးဆင်းနေသည်အထိ ပြည့်ဝနေပေသည်။

သို့ဖြစ်၍လက်နက်မှော်ရတနာ နှစ်ခုကို တစ်ပြိုင်နက်တည်း ထိန်းချုပ်အသုံးပြုရန် လုံလောက်နေပြီ ဖြစ်သည်။

သို့သော် ကျုံးကျဲက ထိုမျှလောက် တွေးတောမနေပေ။

လင်ချန်ကို နောက်ထပ် ကျင့်စဉ်အသစ်များ ထုတ်သုံးရန် ပြင်ဆင်ချိန် လုံးဝ မပေးချေ။

ခန္ဓာကိုယ်ကို လှုပ်ရှားကာ ရှေ့သို့ တိုးဝင်သွားလိုက်ပြီးလက်ထဲမှ အဖြူရောင် ကြွေပန်းကန်လုံးကြီးကို ရူးသွပ်စွာ ဝှေ့ယမ်းလိုက်ကာ လင်ချန်၏ ခေါင်းပေါ်သို့ အကြိမ်ကြိမ် ရိုက်ချလိုက်လေသည်။

မည်သည့် သိုင်းကွက် နည်းစနစ်မျှ မသုံးဘဲပန်းကန်လုံးဖြင့် အားရပါးရရိုက်ချ နေခြင်းပင်။ ထိုသည်က လင်ချန်ကို ပြောင်ပြောင်တင်းတင်း စော်ကားနေခြင်း သက်သက်သာ ဖြစ်‌လေသည်။

"သောက်ကျိုးနည်း... မင်းလိုကောင်ကများ ငါ့ကို ဒီလို အနိုင်ကျင့်ရဲတယ်ပေါ့..."

"မင်းရဲ့ စစ်ဘုရင်ခန္ဓာက ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းနေပြီလို့ ထင်နေတာလား..."

လင်ချန်၏ ခန္ဓာကိုယ်ပတ်လည်ရှိ ယမမင်းအငွေ့အသက်များ ရုတ်တရက် ပေါက်ကွဲထွက်ပေါ်လာသည်။

ထို့နောက် ထောင်သောင်းချီသော ယမမင်းစွမ်းအားများ ကောင်းကင်သို့ ပျံတက်သွားပြီး ပေပေါင်းများစွာ ရှည်လျားသော ငရဲမြစ်တစ်စင်း အဖြစ် ပြောင်းလဲသွားလေသည်။

ဤသည်ကား ရှေးဟောင်းသဲကန္တာရ နတ်ဘုရားထံမှ ဆင်းသက်လာသော အထွတ်အထိပ် တာအိုနည်းစနစ်တစ်ခု ဖြစ်သည်။

စစ်မှန်သော တိတ်ဆိတ်ဝိဉာဉ်ရဲ့ငရဲဘုံ လူဝင်စားခြင်း ကျင့်စဉ်....

သူ ဆက်ခံရရှိထားသော မသေမျိုးမြင့်မြတ်ခန္ဓာသည် အနူးဘစ်၏ အမွေအနှစ်ကို ဖွင့်လှစ်နိုင်သော သော့ချက် ဖြစ်ရုံသာမက သဲကန္တာရသေမင်း၏ မရေမတွက်နိုင်သော မှတ်တမ်းများလည်း ပါဝင်နေသည်။

ထိုမှတ်တမ်းထဲမှ ကြုံရာကျပန်းကျင့်စဉ်တစ်ခုကို ထုတ်သုံးလိုက်ရုံဖြင့် ကမ္ဘာမြေကို တုန်လှုပ်စေနိုင်‌ပေသည်။

တစ်ချိန်တည်းမှာပင် သူ့ခန္ဓာကိုယ်ပေါ်၌ ငရဲအမှတ်အသား တစ်ခုပြီးတစ်ခု ပေါ်လာသည်။

ကြေးပြားအရွယ်အစားခန့် သာရှိသော ထိုအမှတ်အသားများသည် သက်ရှိများကဲ့သို့ လှုပ်ရှားနေကြပြီး သူ့ခန္ဓာကိုယ်ပေါ်တွင် နေရာအနှံ့ လျှောက်သွားနေကြကာနောက်ဆုံးတွင် သူ့ခန္ဓာကိုယ် အပြင်ဘက်ရှိ ထူထဲသော ယမမင်းစွမ်းအားများကို ဝေလငါးက ရေကို မျိုချသကဲ့သို့အကုန်အစင် စုပ်ယူပစ်လိုက်‌လေသည်။

သို့ဖြင့်သူ့ခန္ဓာကိုယ်ပေါ်၌ တံဆိပ်ရိုက်နှိပ်ထားသကဲ့သို့ ငရဲအမှတ်အသား အလင်းရောင်များဖြင့် ဖုံးလွှမ်းသွားလေသည်။

သေချာအနီးကပ်ကြည့်လိုက်ပါက အမှတ်အသားတစ်ခုချင်းစီသည် သေခြင်း ဟူသော စာလုံးနှင့် ဆင်တူသယောင်ဖြစ်နေသည်ကို တွေ့ရမည်ဖြစ်ပြီး အလွန်ထူးဆန်းသော ခံစားမှုမျိုးပေးစွမ်း‌ နေသည်။

ကောင်းကင်ယံရှိ ပေပေါင်းများစွာ ရှည်လျားသော ငရဲမြစ်ကြီးသည် ရုတ်တရက်ဆိုသလိုပင် မူလထက် အဆပေါင်းများစွာ ကြီးထွားလာပြီး ငရဲအမှတ်အသားများက မြစ်ရေထဲတွင် စီးဆင်းနေသည်။

"ဟမ့်... ငါ့ရဲ့ မသေမျိုးမြင့်မြတ်ခန္ဓာက ကျွမ်းကျင်အဆင့် ရောက်နေပြီ... မွေးရာပါ နတ်ဘုရားစွမ်းရည်တွေ အကုန်လုံးကို ထုတ်သုံးနိုင်နေပြီ... မင်းလိုတောသားက ငါ့ကို ယှဉ်နိုင်မှာတဲ့လား..."

လင်ချန်က မောက်မာစွာ ပြောဆိုလိုက်ပြီး လက်ဖြင့် ကျုံးကျဲကို ညွှန်လိုက်လျှင် ကောင်းကင်ယံရှိ ပေပေါင်းများစွာ ရှည်လျားသော ငရဲမြစ်ကြီးသည် ကောင်းကင်ရေတံခွန်ကြီးအလားပြိုကျလာသည်။

ထို့နောက်သေဆုံးသူများ၏ ရုန်းကန်အော်ဟစ်သံများ ထွက်ပေါ်လာပြီး ကျုံးကျဲကို ရိုက်ချလိုက်သည်။

အစစ်မှန်နတ်ဘုရား ကျင့်စဉ်နှင့် သူ့၏မွေးရာပါ နတ်ဘုရားစွမ်းရည် ပေါင်းစပ်လိုက်ခြင်းကြောင့် ဖြစ်ပေါ်လာသော စွမ်းအားမှာ နှိုင်းယှဉ်၍မရအောင်ပင် ကြီးမားလှ‌ပေသည်။

တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်မှ နိယာမနယ်ပယ် ဒသမအဆင့် ရှိသော စစ်ဗိုလ်ချုပ်များပင် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်သွားကြပြီး ချွေးများ ပြန်လာကြရသည်။

ဤကဲ့သို့ တိုက်ခိုက်မှုမျိုးကို သူတို့သာ ရင်ဆိုင်ရပါက ခုခံကာကွယ်နိုင်ရန် ခဲယဉ်းလှပေသည်။ လင်ချန်၏တိုက်ကွက်သည် အရေအတွက်ကို အသုံးပြုပြီး အရည်အသွေးကို အစားထိုးလိုက်ခြင်းပင်။

သာမန် ယမမင်းစွမ်းအားများကို ငရဲအမှတ်အသားများအဖြစ် ကျုံ့သွားအောင် ပြုလုပ်လိုက်ခြင်းမျိုးဖြစ်သည်။

ဤအမှတ်အသားများ၏စွမ်းအင်သည် အရည်အသွေးပိုင်းအရ အဆင့်မြင့် ငရဲချီစွမ်းအင်များ ငရဲနတ်ဘုရားစွမ်းအားများနှင့် မယှဉ်နိုင်သော်လည်း အရေအတွက်အားဖြင့်မူ အလွန်များပြားလှသည်။

ကျင့်ကြံခြင်းအဆင့် နိမ့်ပါးမှုကို ဖြည့်ဆည်းပေးရန် လုံလောက်ပေသည်။ ဤတိုက်ကွက်သည် သူ့ထက် အဆင့်များစွာ မြင့်မားသော ကျွမ်းကျင်သူများကိုပင် ကျော်ဖြတ်သတ်ဖြတ်နိုင်စွမ်း ရှိသည်။

"ဗိုလ်မှူးလင်ချန်ရဲ့ ပါရမီက တကယ်ကို ကြောက်စရာကောင်းလွန်းတယ်... နောက်ထပ် နှစ်နှစ် သုံးနှစ်လောက်ကြာရင် ငါတို့ရဲ့ ဗိုလ်ချုပ်တွေတောင် သူ့ပြိုင်ဘက် ဖြစ်တော့မှာ မဟုတ်ဘူး..."

ရှေ့တန်းတပ်စခန်းမှ ဒုဗိုလ်ချုပ်တစ်ဦးက သက်ပြင်းချရင်း ဆိုလိုက်သည်။

တောင်ဘက်ကောင်းကင် အင်မော်တယ်မင်းဆက်တွင် နိယာမနယ်ပယ် ၁၄ ဆင့် သို့ရောက်ရှိလျှင် စစ်တပ်ထဲ၌ ဒုဗိုလ်ချုပ် ရာထူးကို ရွေးချယ်ခွင့် နှင့်အင်မော်တယ်မင်းဆက်၏ အရေးပါသူဖြစ်လာနိုင်ခွင့်ရှိသည်။

သို့သော်လည်း စီရင်စု တစ်ခုလုံးတွင် လူဦးရေ သန်းပေါင်းများစွာရှိသည့်တိုင် ပါရမီထူးချွန်သူ လူနည်းစုသာထွက်ပေါ်လာလေသည်။

လူအများစုမှာ သိုင်းပညာရှင်အဆင့်တွင်သာ ရပ်တန့်သွားကြပြီး ရှေ့ဆက်တိုးတက်ရန် ခက်ခဲကာ သေမျိုးအဖြစ်သာ ကျန်ရှိသည့်ဘဝတစ်လျှောက်ကိုဖြတ်သန်းရသည်ပင်။

သို့ဖြစ်၍သေမျိုးအဆင့်မှ နိယာမအဆင့်သို့ ကူးပြောင်းရန်ပင် အလွန်ခက်ခဲလှပြီး နိယာမနယ်ပယ် ၁၄ ဆင့်အထိ ကျင့်ကြံနိုင်သူများမှာ အဆင့်တူ ပြိုင်ဘက်ပေါင်းများစွာကို အနိုင်ယူကျော်ဖြတ်လာခဲ့ကြသူများပင်ဖြစ်လေသည်။

ထိုစစ်ဗိုလ်ချုပ်များ အံ့သြတကြီး ဖြစ်နေကြချိန်တွင် လင်ချန်၏ မြောက်မြားစွာ‌သောငရဲအမှတ်အသားများပါဝင်‌နေသည့်မြစ်ကြီးသည် ကျုံးကျဲကို လှိုင်းလုံးများဖြင့်အဆက်မပြတ်ရိုက်ခတ်ကာနောက်သို့ ဆက်တိုက် ဆုတ်ခွာသွားစေသည်။

ထို့နောက်ငရဲမြစ်ကြီးသည် အနက်ရောင် ပိုးသားစကဲ့သို့တွန့်လိမ်လျက် ကျုံးကျဲကို လုံးဝ လွှမ်းခြုံလိုက်တော့သည်။

မြစ်အတွင်းရှိငရဲအမှတ်အသားများသည်အဆက်မပြတ် လည်ပတ်စီးဆင်းနေပြီး ကျုံးကျဲခန္ဓာကိုယ်ပေါ်မှ သတ်ဖြတ်ခြင်းစွမ်းအား ဒိုင်းကာကို တိုက်စားဖျက်ဆီးနေသည်။

ကောင်းကင်နှင့်မြေကြီး စစ်ဘုရင်ခန္ဓာမှာ အလွန် ကြံ့ခိုင်သန်မာသည်။

သို့သော်လည်းအစစ်အမှန် ပြိုင်ဘက်ကင်း ခန္ဓာကိုယ်တော့ မဟုတ်သေးပေ။

ရှေးဟောင်းသဲကန္တာရ နတ်ဘုရား အနူးဘစ်ဆိုသူမှာ လူမျိုးခြား နတ်ဘုရား ဖြစ်ပါလျက်ပင် နတ်ဘုရားအမြုတေနှင့် ယုံကြည်ကိုးကွယ်သူများ ပိုင်ဆိုင်ထားသော နတ်ဘုရားအစစ် တစ်ပါး ဖြစ်သည်။

သို့ဖြစ်၍အနောက်ဘက်ခြမ်း ချူစစ်ဘုရင်မင်းလောက် အားမကောင်းသော်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ထိပ်တန်း အစွမ်းထက်သူများထဲတွင် ပါဝင်သည်။

သူ၏အမွေအနှစ် ကျင့်စဉ်များကို မည်သို့ အထင်သေး၍ ရမည်နည်း။

မသေမျိုးမြင့်မြတ်ခန္ဓာ၏ မွေးရာပါ နတ်ဘုရားစွမ်းရည်ဖြစ်သည့် ငရဲဘုံ သေသူများ၏ အမှတ်အသားမြစ်ကြီး၏စွမ်းအားနှင့် ရင်ဆိုင်ရသည့်အခါ ကျုံးကျဲအတွက် ခုခံကာကွယ်ရန် အလွန် ခက်ခဲသွားသည်။

အကာအကွယ် သတ်ဖြတ်ခြင်း စွမ်းအားများမှာ တဖြည်းဖြည်းအားနည်းလာပြီး အချိန်မရွေး ပျောက်ကွယ်သွားနိုင်မည့် အခြေအနေ ဖြစ်နေသည်။

သူ၏အဖြူရောင် ဝတ်စုံစွန်းများမှာလည်း မည်းနက်လာပြီး တိုက်စားခံနေရပြီ ဖြစ်သည်။

သူ့အသားအရေကို တိုက်စားဖို့ဆံခြည်မျှင်တစ်မျှင်စာ အကွာအဝေးသာ လိုတော့‌ ပေသည်။

သို့သော် ကျုံးကျဲ၏မျက်နှာထားမှာမူ အမြဲတမ်း တည်ငြိမ်နေပြီး မည်သည့် စိတ်ခံစားမှု အပြောင်းအလဲမျှ မရှိပေ။

ယမမင်းစွမ်းအားများပါဝင်သည့် ငရဲအမှတ်အသားမြစ်‌ရေဖြင့် လွှမ်းခြုံခံထားရသူမှာ သူမဟုတ်သကဲ့သို့ပင်။

စစ်ဘုရင်ခန္ဓာ၏ ထူးခြားဆန်းကြယ်မှုသာ မရှိပါက သူသည် စောစောစီးစီးကတည်းက အသက်စွမ်းအားများ စုပ်ယူခံလိုက်ရပြီး ကောင်းကင်နှင့်မြေကြီးကြားမှ လေလွှင့်ဝိညာဉ်တစ်ကောင် ဖြစ်သွားရပေလိမ့်မည်။

"ဒီလောက်ဖြစ်နေတာတောင် တောင့်ခံရဲသေးတယ်...ကြည့်ရတာ မင်းက စစ်ဘုရင်ခန္ဓာကိုယ်ပိုင်ထားတာ မဟုတ်ဘဲ အခွံမာလိပ်ခန္ဓာကိုယ်ပိုင်ဆိုင်ထားတာမလား..."

"ငါ လင်ချန်ကမှ ကံတရားအထောက်အပံ့ အကြီးကြီး ရထားတဲ့သူပဲ...နောက်ဆုံးကျရင် မင်းက အနင်းချေခံရမှာ....မင်းက ကောင်းကင်အလိုကျ အခွင့်အရေး ရထားရင်တောင် ငါ့ရဲ့ခြေနင်းတုံး သာသာပါဘဲကွာ ..."

လင်ချန်သည် ငရဲမြစ်ထဲတွင် နစ်မြုပ်နေပြီး ပြန်လည်တိုက်ခိုက်နိုင်စွမ်း မရှိတော့ဟု ထင်ရသော ကျုံးကျဲကို ကြည့်ကာ မောက်မာစွာ ပြောလိုက်သည်။

"နောက်ဆုံးတော့ မင်း ရောက်လာပြီပဲ..."

ပလွေသံကဲ့သို့ ကြည်လင်ပြတ်သားသော ကျုံးကျဲ၏ အသံသည် အထပ်ထပ် ဝိုင်းရံထားသော ငရဲမြစ်ကြီးကို ဖောက်ထွက်ပြီး ထွက်ပေါ်လာသည်။

လင်ချန် နားမလည်နိုင် ဖြစ်သွားလေ၏။

"ကြောက်လွန်းလို့ ရူးသွားတာလား... အသနားခံနေတာလား..."

လင်ချန် ကျေနပ်အားရနေချိန်တွင် လူအုပ်ကြီး၏ ခေါင်းပေါ်တွင် အနီရောင် ကြယ်တံခွန်တစ်ခု အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာနေသည်။

အစပိုင်းတွင် နှမ်းစေ့အရွယ်အစားသာ ရှိသော်လည်း တဖြည်းဖြည်း ကြီးမားလာကာ ကမ္ဘာပျက်မတတ် အရှိန်အဝါများ သယ်ဆောင်လာလေ၏။

သို့ဖြင့် လူတိုင်း၏ အာရုံကို ဖမ်းစားမိသွားသည်။

အမတ်ချုပ်ကြီးချန် မျက်မှောင်ကြုတ်လိုက်သည်။

"ကြယ်ကြွေတာလား..."

လူအုပ်ကြီးကို မြို့စောင့်အစီအရင်ထဲ ဝင်ပုန်းရန် ပြောတော့မည့်အချိန်တွင် ကျုံးကျဲသည် ငရဲမြစ်ကြီးကို ထိုးဖောက်ပြီး လေပေါ်သို့ ပျံတက်သွားကာ မီးတောက်လောင်နေတဲ့ အနီ‌ရောင်ကြယ်တံခွန်ဆီသို့ ဦးတည်ပျံသန်းသွားသည်ကို တွေ့လိုက်ရသည်။

All Chapters