← Chapters

အခန်း (၇၅)

Vol. 8 Ch. 75

အခန်း (၇၅)

Vol. 8 Ch. 75

"ဝုန်း... ဝုန်း... ဝုန်း... ဝုန်း..."

သူတော်စင်အဆင့်ကျင့်ကြံသူတစ်ယောက်၏ မိမိကိုယ်ကို ဖောက်ခွဲလိုက်သည့် စွမ်းအားများသည် ဟာသမဟုတ်ပေ။

မိုင်ပေါင်းတစ်သန်းပတ်လည်ရှိ မြေပြင်တစ်ခုလုံးတုန်ခါသွားပြီး မြေကြီးများ အဆက်မပြတ် ကွဲအက်ကုန်ကာ ပင်လယ်ကြမ်းပြင်ရှိ လှိုင်းလုံးများသဖွယ်နိမ့်ချည်မြင့်ချည် ဖြစ်ပေါ်နေတော့သည်။

မိုင်တစ်သန်းပတ်လည်အတွင်းရှိရှိသမျှအရာအားလုံး ဤစွမ်းအင်လှိုင်း၏ ရိုက်ခတ်မှုအောက်တွင်ပရမ်းပတာဖြစ်သွားပြီး မရေမတွက်နိုင်သော လေဆင်နှာမောင်းများကလည်း မြေပြင်တစ်ခုလုံးကို မွှေနှောက်ဖျက်ဆီးလေသည်။

ပေါက်ကွဲမှုစတင်သည့် အခိုက်အတန့်မှာပင် ကျုံးကျဲသည် စီနီယာကျူးကျီ ၏ အချိန်နှင့် နေရာလွတ် တာအိုနိယာမ စွမ်းအားကို အသုံးပြုကာ ပတ်ဝန်းကျင်ရှိ နေရာလွတ်ကို အဆက်မပြတ် အေးခဲစေရန် ကြိုးစားလိုက်သည်။ သို့တိုင်အောင် ပေါက်ကွဲမှုလှိုင်း၏ ဖျက်ဆီးမှုအရှိန်ကို လိုက်မမှီခဲ့ပေ။

သူတော်စင်အဆင့်ကျင့်ကြံသူ၏ ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်စီးမှုစွမ်းအင်လှိုင်း သူ့ကို လွှမ်းခြုံတော့မည့်အချိန်တွင် ဟင်းလင်းပြင်ကွဲထွက်သွားပြီး ဝေဝါးသော နတ်ဘုရားအလင်းတန်းတစ်ခုဆင်းသက်လာကာ သူ့ကို လွှမ်းခြုံသွား လေ၏။

ပေါက်ကွဲမှုလှိုင်းများ မည်မျှပင် ပြင်းထန်စွာ ရိုက်ခတ်နေပါစေ သူ့အား အနည်းငယ်မျှပင် ထိခိုက်အောင် မလုပ်နိုင်တော့ပေ။ ထို့နောက်လက်တစ်ဖက်သူ့ပခုံးကို လာပုတ်လိုက်သောအခါ ကျုံးကျဲတစ်ယောက်လုံခြုံသွားသကဲ့သို့ခံစားလိုက်ရ၏။

ထိုလက်ဖဝါးသည် ပေါက်ကွဲမှုဆုံချက်အလယ်ရှိရာသို့ ဆုပ်ကိုင်ဟန်ပြုလိုက်စဉ်တွင် ပြန့်ကားထွက်လာနေသော စွမ်းအင်လှိုင်းများနှင့် လေဆင်နှာမောင်း အားလုံး အချိန်နောက်ပြန်ရစ်လိုက်သကဲ့သို့ဖြစ်သွားကာ ပေါက်ကွဲမှု မစတင်ခင်အချိန်သို့ ပြန်လည်ရောက်ရှိသွား၏။

ကောင်းကင်နှင့်မြေကြီးသည် ကြည်လင်သန့်ရှင်းသော အခြေအနေသို့ရောက်ရှိသွားပြီး နန်ယန်စီရင်စုနယ်မြေ တစ်ဝက်နီးပါးကို ဖျက်ဆီးပစ်မည့် ပေါက်ကွဲမှုကြီးသည် တားဆီးခံလိုက်ရကာ အစအနမကျန်ပျောက်ကွယ်သွား လေသည်။

ကျုံးကျဲ သူ၏ခေါင်းကိုလှည့်ကြည့်လိုက်လျှင် သူ၏ ဘိုးဘေးကိုမြင်လိုက်ရပြီး အလွန် စိတ်လှုပ်ရှား ဝမ်းသာသွားရပြီးအလျင်အမြန်ပင် ဒူးထောက်၍ ဂါရဝပြုလိုက်သည်။

"ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ဘိုးဘေး..."

"ဘိုးဘေးက အလွန်စွမ်းအားကြီးလွန်းလှပါတယ်"

ကျုံးကျဲသည် ကျုံးရှန်၏ ဘေးတွင် ရပ်နေရင်း အလွန် လုံခြုံသည်ဟု ခံစားနေရ၏။ ပတ်ဝန်းကျင်ရှိ မည်သည့်အရာကမျှ သူ့ကို ကြောက်ရွံ့အောင် မလုပ်နိုင်တော့သလိုပင်။ ကျုံးရှန်သည် ထိုကောင်လေး၏ခေါင်းကို ဖွဖွလေး ပုတ်လိုက်၏။

ပေါက်ကွဲမှု အရှိန်အဝါများ ပျောက်ကွယ်သွားပြီးနောက်တွင် ပတ်ဝန်းကျင်တစ်ခုလုံးသည် အပျက်အစီးများဖြင့်ရှုပ်ပွနေလေပြီ။

ကျုံးရှန်သည် နတ်ဘုရားအလင်းတန်းဖြင့် ကျုံးကျဲကို ကာကွယ်ပေးလျက် သေခြင်းစွမ်းအင်များ ပွက်ပွက်ဆူနေသော မြေပြင်ပေါ်သို့ အေးဆေးတည်ငြိမ်စွာဆင်းသက်လိုက်၏။

ထို့နောက် လေထဲရှိ ဟင်းလင်းပြင်ကိုလှမ်းဆွဲလိုက်ရင်း လင်ချန် ပျောက်ကွယ်သွားသောနေရာရှိ နေရာလွတ်လမ်းကြောင်း၏ ခြေရာအစအနကို ဖမ်းဆုပ်လိုက်၏။

"အင်း... အဆုံးမဲ့သဲကန္တာရရဲ့ အတွင်းပိုင်း ပေတစ်သိန်းအမြင့်ရှိတဲ့ ရွှေမျှော်စင်ဘုရားကျောင်းတစ်ခုထဲကို ဝင်သွားတာပဲ... လောလောဆယ်တော့ ပြန်ထွက်လာဦးမယ့်ပုံမပေါ် ဘူး..."

"ကလေး... ဘာဆက်လုပ်သင့်လဲဆိုတာ သိတယ်မလား..."

ကျုံးရှန်သည် တည်ငြိမ်သောမျက်လုံးများဖြင့် ကျုံးကျဲကို စိုက်ကြည့်လိုက်သည်။

"ဟုတ်ကဲ့...သိပါတယ် ဘိုးဘေး..."

"အဆုံးမဲ့သဲကန္တာရကို သွားပြီး...ကျူပင်ခုတ်ကျူငုတ်မကျန်အောင် အမြစ်ကအစအပြတ်ရှင်းပြစ်ရမှာပါ ဘိုးဘေး....."

ကျုံးကျဲ၏ မျက်လုံးထဲတွင် ရက်စက်အေးစက်မှုများနှင့် သတ်ဖြတ်လိုစိတ်များ အပြည့်ပင်။

လင်ချန် ရောက်ရှိသွားသော ရွှေမျှော်စင်ဘုရားကျောင်းသည် ဖာရိုဘုရင်၏ နတ်ဘုရားနယ်မြေ မဟုတ်သော်လည်း အဆုံးမဲ့သဲကန္တာရ၏ အတွင်းပိုင်းတွင် တည်ရှိပေသည်။

ပေတစ်သိန်းအဆင့် ရှိသည်ဆိုကတည်းက အမြင့်ဆုံးအဆင့် သတ်မှတ်ချက်ရှိသော ရွှေမျှော်စင်ဘုရားကျောင်းဖြစ်ရမည်ပင်။ ဟွမ်ရှားလူမျိုးစုများအတွက် ထိုနေရာ၏ အရေးပါမှုသည် အင်မော်တယ်မင်းဆက်တစ်ခု၏ ဧကရာဇ်မြို့တော်ကဲ့သို့ပင်ဖြစ်၏။

အဆုံးမဲ့သဲကန္တာရတစ်ခုလုံးကို ခြုံငုံကြည့်လျှင်ပင် ကိုင်တွယ်ရခက်ခဲသော နေရာတစ်ခုဖြစ်ရာ ထိုရွှေမျှော်စင်ဘုရားကျောင်းဆိုလျှင် သေချာပေါက် သူတော်စင်အဆင့် ကျွမ်းကျင်သူ အများအပြား စောင့်ကြပ်နေပေမည်။

ကျုံးကျဲ၏ စကားကို ကြားသောအခါ ကျုံးရှန် သဘောကျသွားပြီး ခေါင်းညိတ်လိုက်သည်။

"ကောင်းတယ်... မင်းမှတ်ထားရမှာက... ဘယ်အချိန်ပဲဖြစ်ဖြစ် သနားတတ်တဲ့ စိတ်ထားမျိုး မရှိစေနဲ့... လုပ်စရာရှိရင် ပြတ်ပြတ်သားသား လုပ်..."

"ကိုယ့်အတွက် အန္တရာယ်ဖြစ်စေမဲ့အရာ ဘယ်တော့မှ ချန်မထားနဲ့..."

"ဘိုးဘေးရဲ့ အဆုံးမစကားကို နာခံပါ့မယ်..."

ကျုံးကျဲသည် နာခံမှုရှိစွာ ခေါင်းညိတ်ရင်းပြောလိုက်၏။

ကျုံးရှန်သည် လက်ကို ဝှေ့ယမ်းလိုက်ပြီး သူ့ကို မလိုက်သည်။

"ကောင်းပြီ...လင်ချန်ရှိတဲ့နေရာကို အခုပဲ သွားကြ တာ‌ပေါ့..."

"အဆုံးမဲ့သဲကန္တာရမှာ အခုနောက်ပိုင်း လှုပ်ရှားမှုတွေ အရမ်းများလာတယ်... သူသာ အာရုံခံမိသွားပြီး နောက်တစ်ကြိမ်ထွက်ပြေးသွားရင် ဖမ်းရတာအချိန်ပိုကြာသွားလိမ့်မယ်..."

"အဆုံးမဲ့သဲကန္တာရရဲ့ အတွင်းပိုင်းက ဖာရိုဘုရင်ရဲ့ နတ်ဘုရားနယ်မြေ လွှမ်းမိုးမှုရှိနေတော့ ဟင်းလင်းပြင်လမ်းကြောင်း ဖွင့်လို့မရဘူး... သဲကန္တာရ အလယ်ပိုင်းလောက်အထိပဲ သွားလို့ရမယ်... ပြီးရင် ပျံသန်းပြီး သွားကြတာပေါ့..."

"အင်မော်တယ်မင်းဆက်ကိစ္စကတော့... နောက်မှ ပြောကြတာပေါ့..."

ကျုံးရှန်သည် ဝိညာဉ်စွမ်းအင် စီးကြောင်းတစ်ခုကို ဖန်တီးလိုက်ပြီး ကျုံးကျဲကို ရစ်ပတ်လိုက်ကာ လက်ညိုးဖြင့် လေထဲသို့မျဥ်း‌ ဖြောင့်တိုင်းဆွဲချလိုက်လျှင် ဟင်းလင်းပြင်လမ်းကြောင်းတစ်ခုပွင့်လာပြီး ကျုံးကျဲနှင့်အတူ ဝင်ရောက်သွားတော့၏။

--------------

"ဘိုးဘေး... ရှေ့ကို မိုင် ၂ သန်းလောက် ဆက်ပျံသွားရင် ရွှေမျှော်စင်ဘုရားကျောင်းကို ရောက်ပါပြီ..."

ကျုံးကျဲသည် ဘိုးဘေး၏ ဘေးတွင် ရပ်နေပြီး လက်ထဲတွင် သဲကျောက်ဖြင့် ပြုလုပ်ထားသော မြေပုံကို ကိုင်ထား၏။

အဝေးတစ်နေရာတွင် ပေတစ်သိန်းခန့် မြင့်မားသော ဧရာမ ရွှေမျှော်စင်ဘုရားကျောင်းကြီး တစ်ခုကို ဝေဝါးစွာ မြင်တွေ့နေရပြီး မျှော်စင်၏ထိပ်ဖျားတွင် ယမမင်း အနူးဘစ်၏ ပုံရိပ်ယောင်သည် ထင်တစ်လှည့် ပျောက်တစ်လှည့်ပေါ်နေ၏။

"ဒီဘုရားကျောင်းက တကယ်ကို ထူးခြားတာပဲ..."

ကျုကျဲတစ်ယောက် အံ့သြတကြီး ရေရွတ်လိုက်သည်။

"ဒီလင်ချန်က ရှေးဟောင်းနတ်ဘုရားရဲ့ အမွေဆက်ခံသူလည်း ဖြစ်သလို ကံတရားရဲ့သားတော်လည်း ဖြစ်တယ်လေ... သူ့ရဲ့ ကံတရားက သူ့ရဲ့ စွမ်းအင်အရင်းအမြစ်လည်းဖြစ်တယ်ဆိုရမှာပေါ့..."

"တစ်ယောက်ကောင်းစားရင် တစ်ဆွေလုံး တစ်မျိုးလုံး ကောင်းစားတယ် ဆိုတာ ဒါမျိုးကို ပြောတာပဲ..."

ကျုံးရှန်သည် ဘုရားကျောင်းရှိ ထူးခြားဖြစ်စဉ်ကို ကြည့်လိုက်သော်လည်း သိပ်ပြီး အရေးစိုက်မနေပါချေ။

'ဒီလောက် ထူးခြားဖြစ်စဉ်လေးက စကားထဲထည့်ပြောစရာလား'

အကယ်၍ သူသာ နတ်ဘုရားယန္တရား ရွှေ့ပြောင်းခြင်း တာအိုစည်း ကို အသုံးပြုပြီး ချင်ထျန်းတောင်ထွတ်က သူ့၏ နတ်ဘုရား ထူးခြားဖြစ်စဉ်ကို ဖုံးကွယ်မထားလျှင် ကောင်းကင်ကိုးထပ်ကိုပင် ထိုးဖောက်သွားပေလိမ့်မည်ဖြစ်ပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ မည်သည့်ထောင့်ကမဆို လှမ်းမြင် နေရမည်ပင်။

ထိုအရာမှသာ စစ်မှန်သော နတ်ဘုရားနယ်မြေဟု ခေါ်ဆိုထိုက်သည် မဟုတ်ပါလော။

"ရွှစ်..."

ကျုံးရှန်၏ ပျံသန်းနှုန်းသည် အလွန် မြန်ဆန်လှပြီး နိယာမနယ်ပယ် အဆင့် ၂၄ ဟင်းလင်းပြင်ပျက်သုဉ်းခြင်းအဆင့် ကျွမ်းကျင်သူများ၏ ဟင်းလင်းပြင်ခရီးသွားခြင်းထက်ပင် အဆများစွာပို၍ မြန်ဆန်သေးသည်။

ဟင်းလင်းပြင်နှင့် တစ်သားတည်း ပေါင်းစပ်သွားသကဲ့သို့ ဖြစ်နေပြီး အလွန် ချောမွေ့စွာဖြင့် မြန်ဆန်စွာ ပျံသန်းသွားကြရာ မိုင် ၂ သန်းခရီးကို အသက်ရှူချိန် အနည်းငယ်အတွင်း ရောက်ရှိသွားကြတော့သည်။

ရွှေမျှော်စင်ဘုရားကျောင်း၏ ကောင်းကင်အထက် တည့်တည့်တွင်ဖြစ်၏။

"လူသားတွေ... ရာရာစစ ဘုရားကျောင်းရဲ့ အထက်မှာ ပျံသန်းရဲတယ်..."

"မောက်မာလိုက်တာ..."

"ဆင်းခဲ့စမ်း..."

အောက်ဘက်မှ အော်ဟစ်သံများ ထွက်ပေါ်လာကာ သေမင်းတံစဉ်များ၊ သံဆူးချွန်လုံးများပါသည့် လက်ကိုင်တုတ်များ ကိုင်ဆောင်ထားသော ဟွမ်ရှားလူမျိုးစုများ လေပေါ်သို့ ပျံတက်လာကြသည်။

အရှိန်အဝါအရ နိယာမနယ်ပယ် အဆင့် ၁၄ ယွမ်ရှန်ဝိညာဉ်ခွဲထွက်ခြင်းအဆင့်ရှိ ကျွမ်းကျင်သူများဖြစ်ကြသည်။

"ပျံတော့ ဘာဖြစ်လဲ..."

ကျုံးရှန်က မျက်လုံးပြူးများဖြင့်သာ ကြည့်ပြလိုက်သည်။

ရုတ်တရက်ဆိုသလို လေပေါ်သို့ ပျံတက်လာသော ဟွမ်ရှားကျွမ်းကျင်သူများ တောင့်ခဲသွားကြပြီး မျက်လုံးခွံပင် လှုပ်၍ မရတော့ချေ။

ကျုံးရှန်သည် သူ၏ နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ကာ ရွှေမျှော်စင်အပြင်ဘက်ရှိ ရွာတစ်ခုလုံးကို စစ်ဆေးလိုက်၏။

ရွာထဲတွင် ဟွမ်ရှားလူဦးရေ သိပ်မများလှပေ။ ထိုအထဲမှ ကျင့်ကြံခြင်းအဆင့် အမြင့်ဆုံးမှာ နိယာမနယ်ပယ် အဆင့် ၂၂ စိတ်ဝိညာဉ်နတ်ဘုရား ပြည့်စုံခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးသာ ဖြစ်ပြီး ရွာ၏ အလယ်ဗဟိုတွင် ထိုင်နေ၏။

ယခုအချိန်တွင် သူ၏ ပတ်ဝန်းကျင်၌ အနက်ရောင် တိုတမ်အရှိန်အဝါများ လှည့်ပတ်နေပြီးအဆင့်တက်ရန် ကြိုးစားနေပုံရ၏။ မကြာမီတွင် နိယာမနယ်ပယ် အဆင့် ၂၃ ကောင်းကင်နှင့်မြေကြီးကို သိမြင်ခြင်းအဆင့် သို့ ရောက်ရှိတော့မည့်ပုံပင်။

ထိုအနက်ရောင် တိုတမ်အရှိန်အဝါသည် နတ်ဘုရားစိတ်အာရုံမှ ပုံသဏ္ဌာန်ယူတော့မည့်အခြေအနေပင်။ ဤကဲ့သို့သော စွမ်းအားမျိုးသည် ဂိုဏ်းကြီးတစ်ခု သို့မဟုတ် မြင့်မြတ်နယ်မြေတစ်ခု၏ ဂိုဏ်းချုပ် ဖြစ်ရန် လုံလောက်ပေသည်။ သို့သော် ကျုံးရှန်၏ မျက်လုံးထဲတွင်မူ နည်းနည်းပိုကြီးသွားသောပုရွက်ဆိတ်သာဖြစ်ပြီး ဘာမှထူးခြားမှုမရှိပေ။ ပုရွက်ဆိတ်သည် မည်မျှပင် အားကောင်းလာပါစေ ပုရွက်ဆိတ်တစ်ကောင်ထက် ပိုမည်မဟုတ်ချေ။

"အဆင့်တက်ဖို့ လုပ်နေတာပဲ..."

ကျုံးရှန်သည် ခြေတစ်လှမ်း လှမ်းလိုက်လျှင် ဝိညာဉ်စွမ်းအင်များ စုစည်းလာပြီး ဧရာမခြေထောက်ကြီး ဖြစ်ပေါ်လာကာ အောက်သို့ ဖိနင်းလိုက်သည်။

ကောင်းကင်ယံတွင် ရွာကို ကာကွယ်ပေးထားသော အစီအရင်သည် ကျုံးရှန်၏ တိုက်ခိုက်မှုကို အာရုံခံမိကာ ရွာ၏ အရပ် ၈ မျက်နှာတွင် တိုတမ်တိုင် ၈ တိုင် တစ်ပြိုင်နက် ထိုးထွက်လာပြီး ကာကွယ်ပေးလိုက်သည်။

တိုတမ်တိုင်တစ်တိုင်စီတွင် မတူညီသော သဲကန္တာရ တိုတမ်ပုံများ ထွင်းထုထားပြီး

အလယ်တွင်ရှိသော မဲမှောင်သောအစီအရင်ဖုံးလွှမ်း‌ နေသည့်ဒိုင်းကို ပံ့ပေးလိုက်ကြသည်။

All Chapters