← Chapters

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အခန်း (၃၂၉-၃၃၀)

Vol. 33 Ch. 329-330

အပိုင်း (၃၂၉)

ထိုအချိန်တွင် ငရဲမဟာကမ္ဘာကြီး၌။

ဟာမိုမိစ္ဆာ သွေးပင်လယ်၏ ထက်ဝက်မျှသောစွမ်းအင်များသည် ကျုံးရှန် အဆင့်တက်စဉ်အခါတွင် စုပ်ယူခံလိုက်ရသဖြင့် ငရဲမိစ္ဆာမဟာအရှင်သခင်ကြီးများ၏ အစီအစဉ်ကို ပျက်စီးသွားစေခဲ့သည်။ သို့သော် သူတို့သည် ထိုသို့စွမ်းအင်တစ်ဝက်မျှ စုပ်ယူခြင်းခံလိုက်ရသော်လည်း သန့်စင်ခြင်းအခမ်းအနားကို ရပ်တန့်ခြင်းမရှိခဲ့ချေ။အဘယ်ကြောင့်ဆိုသော် သန့်စင်ခြင်း အခမ်းအနားအောင်မြင်သွားပါက ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်၏ အစွမ်းသည် သာမန် မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်များကို ကျော်လွန်နိုင်စွမ်း ရှိနေဆဲပင် ဖြစ်သည်။

ထို့အပြင် ဟာမိုမိစ္ဆာ သွေးပင်လယ်အတွင်းရှိ ဖိအားသည် များစွာ လျော့ကျသွားသဖြင့် သန့်စင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများသည်လည်း လျော့ကျသွားခဲ့၏။ ယခုအခါ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်များစွာ၏ ပူးပေါင်းကြိုးပမ်းမှုအောက်တွင် သန့်စင်ခြင်းအခမ်းအနား အောင်မြင်သွားလေသည်။ ငရဲပြည်၏ တားမြစ်နယ်မြေ လေးခုအနက် တစ်ခုဖြစ်သော ဟာမိုမိစ္ဆာ သွေးပင်လယ်သည် လုံးဝ ပျောက်ကွယ်သွား၏။

မဟာမိစ္ဆာအရှင်သခင်များအားလုံး၏ အလယ်တွင် ခန္ဓာကိုယ် ပေသောင်းချီ မြင့်မားပြီး သွေးချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသော ခိုင်မာပြတ်သားသည့် အမူအရာရှိသည့် အမျိုးသားတစ်ဦး ထပ်တိုးလာသည်။ ယင်းသည် ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်ပင် ဖြစ်သည်။ ထိုရုပ်သေးရုပ်၏ မူလခန္ဓာကိုယ်သည် ပေသောင်းချီ မြင့်မားကာ သူ၏ အစွမ်းသည် အချို့သော အဆင့် ၃ အထွတ်အထိပ် မိစ္ဆာနတ်ဘုရားများထက်ပင် သာလွန်နေသေး၏။

သူသည် မည်သည့် လက်နက်ရတနာ သို့မဟုတ် အံ့ဖွယ်ကျင့်စဉ်မျိုးကိုမျှ မလိုအပ်ချေ။ သူ၏ ကိုယ်ပိုင်စွမ်းအားသက်သက်ဖြင့်ပင် ထိုနေရာရှိ မဟာမိစ္ဆာအရှင်သခင် အများစုကို အနိုင်ယူရန် လုံလောက်နေပြီ ဖြစ်သည်။ ဟာမိုမိစ္ဆာသွေးပင်လယ်၏စွမ်းအားများသာ ထက်ဝက်မျှ စုပ်ယူမခံရပါလျှင် အဆုံးသတ်တွင် သန့်စင်ခြင်းခံရမည့် ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်သည် ထာဝရအရှင် အဆင့်သို့ ပင် ရောက်ရှိနေနိုင်လေသည်။

ထိုအချိန်ရောက်လျှင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို ကျူးကျော်မည့် ရှေ့တန်းတပ်သားအဖြစ် အသုံးပြုပါက လုံးဝ အနိုင်ယူ၍မရသော ဖြစ်တည်မှုတစ်ခု ဖြစ်လာပေလိမ့်မည်။ သို့သော်လည်း ကံဆိုးစွာဖြင့် အဆုံးသတ်တွင် အနည်းငယ် လိုအပ်သွားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ လုံးဝမအောင်မြင်သည်ထက်စာလျှင် ပိုကောင်းသည်မဟုတ်ပါလော။

ယခုအခါ ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်သည် ပုံစံပေါ်လာပြီဖြစ်ကာ အပြည့်အဝ အသုံးပြုနိုင်ရန် နောက်ဆုံးအဆင့်တစ်ဆင့်သာ လိုအပ်တော့သည်။

ထိုသည်မှာ သန့်စင်ခြင်းအခမ်းအနားတွင်ပါဝင်ခဲ့သည့် မိစ္ဆာနတ်ဘုရား အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်များအားလုံးသည် မိမိတို့၏ မိစ္ဆာဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ခွဲထုတ်ပေးရန်ဖြစ်၏။

ထိုမိစ္ဆာဝိညာဉ်များ ပေါင်းစပ်သွားပါက ဟာမိုမိစ္ဆာ သွေးပင်လယ်၏ ရုပ်သေးဝိညာဉ် အဖြစ်ပြောင်းလဲသွားပေလိမ့်မည်။ ထို့ကြောင့် အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်အားလုံးသည် မိမိတို့၏ မိစ္ဆာဝိညာဉ် တစ်စိတ်တစ်ပိုင်းကို ထုတ်ယူလိုက်ကြသည်။ သို့သော်လည်း ယင်းမိစ္ဆာဝိညာဉ်များအတွင်း၌ ပါဝင်နေသော ဆန္ဒများသည် တစ်ခုနှင့်တစ်ခု တူညီနေခြင်းမရှိချေ။

မဟာမိစ္ဆာအရှင်သခင်တစ်ဦးတစ်ယောက်စီသည် ကိုယ်ပိုင်နားလည်သဘောပေါက်မှုများနှင့် ကိုယ်ပိုင်နိယာမများ ရှိနေသဖြင့် မိစ္ဆာဝိညာဉ်အပိုင်းအစများသည် တစ်ခုနှင့်တစ်ခု ဆန့်ကျင် တိုက်ခိုက်လာကြလေသည်။ သို့သော်လည်း ထိုကိစ္စအတွက် သူတို့သည် ကြိုတင်ပြင်ဆင်ထားပြီးဖြစ်သည်။ချောက်နက်မိစ္ဆာအရှင်သခင်သည် သူ၏လက်ကို တစ်ချက်ဖြန့်လိုက်လျှင် နဂါးပုံ ရေးဆွဲထားသော အဆောင်တစ်ခုပေါ်လာသည်။

ထိုအဆောင် ပေါ်ထွက်လာသည်နှင့်တစ်ပြိုင်နက် အတ္တမဲ့ခြင်း၊ နဂါးမဲ့ခြင်း၊ နိယာမတရားမရှိခြင်းနှင့် ကောင်းကင်မရှိခြင်း အရှိန်အဝါများ ထွက်ပေါ်လာ၏။ကောင်းကင်တာအိုပင် ဖိနှိပ်ထားနိုင်စွမ်းမရှိသော အစွမ်းထက်မြက်သည့် အရှိန်အဝါများဖြစ်ပေသည်။

ယင်းသည် နတ်ဘုရားဘုရင်၏ စွမ်းအားများဖြင့် ရေးထိုးထားသော အထွတ်အထိပ် ကောင်းကင်အဆောင်၏ တစ်ဝက်ဖြစ်သည့် နတ်ဘုရားဘုရင် တံဆိပ်တော်ပင် ဖြစ်သည်။

ချောက်နက်မိစ္ဆာအရှင်သခင်သည် နတ်ဘုရားဘုရင် တံဆိပ်တော်ကို ထုတ်ယူပြီးနောက် များပြားလှသော မိစ္ဆာဝိညာဉ်များ စုစည်းနေသည့်နေရာသို့ ပစ်ထည့်လိုက်လေသည်။ နတ်ဘုရားဘုရင် တံဆိပ်တော်သည် မိစ္ဆာဝိညာဉ်များစုစည်းနေသည့်နေရာသို့ ကျရောက်သွားပြီးနောက် လျင်မြန်စွာ လည်ပတ်လာကာ နဂါးမဲ့ နှလုံးသားကျင့်စဉ်၏ နက်နဲသော သဘောတရားများကို ထုတ်လွှတ်လာသည်။ ထိုနက်နဲသော သဘောတရားများသည် မူလက တစ်ခုနှင့်တစ်ခု ဆန့်ကျင်နေကြသော မိစ္ဆာဝိညာဉ်စွမ်းအားများကို တစ်ခုတည်းအဖြစ် ပေါင်းစပ်သွားစေ၏။

မိစ္ဆာဝိညာဉ်အပိုင်းအစတိုင်းသည် မူလအရင်းအမြစ်တူညီသော အမှုန်အမွှားလေးများအဖြစ် ပြောင်းလဲသွားကြခြင်းဖြစ်သည်။

ထို့နောက် အမှုန်အမွှားငယ်များအားလုံးသည် ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်၏ ပုံသဏ္ဌာန်အဖြစ် ဖွဲ့စည်းသွားကာ အမှုန်အမွှားပုံစံဖြင့် တည်ရှိနေသော မိစ္ဆာဝိညာဉ်အသွင်ပြောင်းလဲသွားပြီး ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်၏ ဦးခေါင်းအတွင်းသို့ ဝင်ရောက်သွားလေသည်။

ချောက်နက်မိစ္ဆာအရှင်သခင်သည် လက်တစ်ချက်ဝှေ့ယမ်းကာ နတ်ဘုရားဘုရင် တံဆိပ်တော်ကို ပြန်လည်သိမ်းဆည်းလိုက်သည်။ နှမြောစရာကောင်းသည်မှာ သူသည် နဂါးမဲ့ နှလုံးသားကျင့်စဉ်၏ နက်နဲသော သဘောတရားများကို မရရှိခဲ့သဖြင့် ယခုအခါတွင် နတ်ဘုရားဘုရင် တံဆိပ်တော်၏ စွမ်းအားကိုသာ အသုံးပြုနိုင်သည်။ အကယ်၍ နဂါးမဲ့ နှလုံးသားကျင့်စဉ်ကို ရရှိပြီး အဆင့်မြင့်မားသော နယ်ပယ်တစ်ခုအထိ ကျင့်ကြံနိုင်ခဲ့မည်ဆိုပါက နတ်ဘုရားဘုရင် တံဆိပ်တော်၏ စွမ်းအားများကို အပြည့်အဝ ထုတ်ဖော်နိုင်မည်ဖြစ်ကာ အတိတ်က နဂါးမဲ့ နတ်ဘုရားဘုရင် ချန်ရစ်ခဲ့သော စွမ်းအားတစ်စိတ်တစ်ပိုင်းကိုပါ ပိုင်ဆိုင်နိုင်ပေလိမ့်မည်။

နဂါးမဲ့ မိစ္ဆာဝိညာဉ်နှင့် ပေါင်းစည်းသွားပြီးနောက်တွင် ရုပ်သေးအဖြစ်သန့်စင်ထားသော ဟာမိုမိစ္ဆာ သွေးပင်လယ်သည် အသက်ဝင်လာကာ အသိဉာဏ်ရှိသောသက်ရှိတစ်ဦးသဖွယ်ဖြစ်လာသည်။ သူ၏မျက်လုံးနှစ်လုံးသည် အဆက်မပြတ် လှည့်ပတ်နေကာ မရေမတွက်နိုင်သော အတွေးများနှင့် တွက်ချက်မှုများ လည်ပတ်နေသကဲ့သို့ပင် ဖြစ်၏။ တစ်ချိန်တည်း၌ပင် ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်သည် ထိုနေရာတွင်ရှိနေသော အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်များနှင့် ချိတ်ဆက်မှုတစ်ခု ဖြစ်ပေါ်လာလေသည်။

ထိုသည်က သန့်စင်ခြင်းအခမ်းအနားမတိုင်မီတွင်ပြုလုပ်ထားခဲ့သော အခြေအနေ တစ်ခုဖြစ်၏။

ထိုသို့လုပ်ခြင်းဖြင့် သန့်စင်ခြင်းအခမ်းအနားတွင် အားကြိုးမာန်တက်ပါဝင်ခဲ့ကြသော မဟာမိစ္ဆာအရှင်သခင်တိုင်းသည် ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်အပေါ်တွင် တူညီသော ထိန်းချုပ်ခွင့်ကို ရရှိသွားကြလေသည်။

.....

အပိုင်း (၃၃၀)

ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ်သည် ပြီးပြည့်စုံသွားပြီဖြစ်သည်။ ယင်းကို ထာဝရအရှင်အဆင့်ရှိသည့် ဖြစ်တည်မှုတစ်ခုအဖြစ် မသန့်စင်နိုင်ခဲ့သော်လည်း သာမန် မိစ္ဆာနတ်ဘုရား အဆင့် ၃ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်များထက် များစွာ သာလွန်နေသေးကာ ကောင်းကင်အရှင်အဆင့် ကျွမ်းကျင်သူများနှင့်ပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိပေသည်။ အလွန်အစွမ်းထက်သော အကူအညီတစ်ခု ဖြစ်လာသည်ဟု ဆိုနိုင်သည်။

မဟာမိစ္ဆာအရှင်သခင်များအားလုံးသည် ဟာမိုမိစ္ဆာသွေးပင်လယ်ရုပ်သေးရုပ်ကို တိတ်ဆိတ်စွာအကဲဖြတ်‌စစ်ဆေးနေသည့်အချိန်တွင် ငရဲမဟာကမ္ဘာအတွင်း နာမည်ကျော်ကြားသည့် အခြား အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင်များဖြစ်သည့် ယမမင်း၊ ပင်လယ်မိစ္ဆာ ဧကရာဇ်၊ အရိပ်မိစ္ဆာအရှင်သခင်၊ ရွှံ့နွံမိစ္ဆာအရှင်သခင်၊ လျန့်ယွီမိစ္ဆာအရှင်နှင့် ချောက်နက်မိစ္ဆာအရှင်သခင်တို့သည် တစ်နေရာတည်းတွင် စုရုံးနေကြလေသည်။

''ချောက်နက်မိစ္ဆာအရှင်... ငါတို့ရဲ့ အစီအစဉ် မှာအပြောင်းအလဲရှိလာပြီ"

''ကြည့်ရတာ နတ်ဘုရားဘုရင် အမိန့်တော်ကို အပြည့်အဝ စုစည်းနိုင်ဖို့ဆိုတာ မဖြစ်နိုင်လောက်တော့ဘူး"

''ကိုးထပ်ငရဲဘုံမှာ ကျန်ခဲ့တဲ့သူတွေရဲ့ သတင်းအရဆိုရင်... ကောင်းကင်တက်လှမ်းခြင်းမျှော်စင်ကို အခုထက်ထိတက်နေတဲ့သူက မင်းအရင်က တွေ့ခဲ့ဖူးတဲ့ နဂါးမဲ့ နှလုံးသားကျင့်စဉ်ရဲ့ အငွေ့အသက်အရှိန်အဝါတွေ ရှိနေတဲ့ လူသားပဲတဲ့''

''မကြာခင်က ကောင်းကင်တက်လှမ်းခြင်းမျှော်စင် ကြီးကြီးမားမား တုန်ခါသွားတာ၊ကောင်းကင်ယံမှာ ကမ္ဘာလောကကြီးတစ်ခုလုံးကို လင်းထိန်သွားစေတဲ့ နတ်ဘုရားအလင်းတန်း ထွက်ပေါ်လာတာနဲ့ ကောင်းကင်နဲ့မြေကြီးရဲ့ စွမ်းအင်တွေ အပြောင်းအလဲဖြစ်ပြီး ထူးခြားဖြစ်စဉ်တွေဖြစ်လာတာ...အရာအားလုံးက အဲ့ဒီလူသားနဲ့ သက်ဆိုင်နေတယ်''

ရွှံ့နွံမိစ္ဆာအရှင်သခင်သည် လေးနက်သော မျက်နှာထားဖြင့် ပြောလိုက်၏။

ထိုစကားများကြားသော်လည်း ချောက်နက်မိစ္ဆာအရှင်သခင်၏ မျက်နှာပေါ်တွင် တည်ငြိမ်အေးဆေးမှုများ ရှိနေဆဲဖြစ်သည်။

''စိတ်မပူပါနဲ့... အဲ့ဒီလူက ထူးဆန်းတယ်ဆိုပေမဲ့ ထွက်ပေါ်လာတဲ့ ထူးခြားဖြစ်စဉ်တွေအရ သူက သူတော်စင်အဆင့်ကို အခုမှ တက်လှမ်းနိုင်ရုံလေးပဲရှိသေးတာပါ''

''ငါက နတ်ဘုရားဘုရင် တံဆိပ်တော်ရဲ့ လျှို့ဝှက်ချက် တစ်စိတ်တစ်ပိုင်းကို နားလည်ထားပြီး နဂါးမဲ့ နှလုံးသားကျင့်စဉ် တစ်စိတ်တစ်ပိုင်းကိုလည်း ရရှိထားပြီးလေ..."

"နဂါးမဲ့ နှလုံးသားကျင့်စဉ်ကို အသုံးပြုပြီး တံဆိပ်တော်ကို ဆက်တိုက် သန့်စင်သွားမယ်ဆိုရင် ပိုကြီးမားတဲ့ လျှို့ဝှက်ချက်တွေကို တဖြည်းဖြည်း ဖော်ထုတ်လာနိုင်လိမ့်မယ်''

"အဲ့ဒီအချိန်ကျရင် နောက်ထပ်တစ်ဝက်ဖြစ်တဲ့ ကောင်းကင်တာအို တံဆိပ်တော်ကို သူ့အလိုလို ဆွဲဆောင်နိုင်သွားမှာဖြစ်တယ်"

"တံဆိပ်တော်နှစ်ခုက နှစ်ခုပေါင်းမှ ပြီးပြည့်စုံတာမလို့ တစ်ခုနဲ့တစ်ခုကြား ဆွဲငင်မှုက မလွဲမသေဖြစ်လာမယ့်အရာပဲ"

"ဒါ့အပြင် ငါတို့က ပိုင်ရွှီနယ်မြေထဲမှာ လှည့်လည်သွားလာနေကြတဲ့ စီနီယာကြီး တချို့နဲ့လည်း အဆက်အသွယ်ရထားပြီးပြီ မဟုတ်ဘူးလား''

"ဒီလောက် နည်းလမ်းတွေ ရှိနေမှတော့ အဲ့ဒီလူသားရဲ့ ပါရမီက အတိတ်က နဂါးမဲ့ နတ်ဘုရားဘုရင်နဲ့ ယှဉ်နိုင်တယ်ဆိုရင်တောင်မှ အခုအချိန်မှာ သူက..သူတော်စင်အဆင့်လေးပဲ ရှိသေးတာလေ..."

"သူ့ကို အလွယ်တကူ သတ်ပစ်နိုင်ပါသေးတယ်"

ချောက်နက်မိစ္ဆာအရှင်သခင်သည် အရာအားလုံးကို ထိန်းချုပ်ထားသည့်အလား ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

သူ၏ဘေးနားရှိ ယမမင်းသည် မျက်မှောင်ကြုတ်သွားသည်။ အတွေ့အကြုံနှင့် သက်တမ်းကို ယှဉ်မည်ဆိုပါက သူသည် ချောက်နက်မိစ္ဆာအရှင်သခင်ထက် ပို၍ ရှေးကျသေး၏။ သူသည် တစ်ချိန်က ငရဲပြည်၏ သေခြင်း နှင့် ရှင်ခြင်း အကြားရှိသံသရာလည်ပတ်မှု စွမ်းအားကိုပင် ထိန်းချုပ်နိုင်ခဲ့ဖူးလေသည်။

ထိုသည်က ကောင်းကင်တာအို၏ စစ်မှန်သော အာဏာ ဖြစ်သည့် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား ဖြစ်ပေသည်။ အထူးသဖြင့် သေခြင်းရှင်ခြင်းစာအုပ်နှင့် စီရင်ချက်စုတ်တံ ဟူသော ရတနာနှစ်ပါးဖြင့် ပေါင်းစပ်လိုက်သောအခါ ငရဲယမမင်းသည် ငရဲပြည်တွင် ပြိုင်ဘက်ကင်းလုနီးပါးဖြစ်သော အဆင့်အတန်းနှင့် အချုပ်အချာအာဏာကို ပိုင်ဆိုင်ခဲ့ဖူးလေသည်။ သို့သော် ဝမ်းနည်းစရာကောင်းသည်မှာ ထိုအချိန်ကာလများသည် ကြာရှည်မခံခဲ့ချေ။

နဂါးမဲ့ နတ်ဘုရားဘုရင်သည် ငရဲပြည်ကို ချိတ်ပိတ်လိုက်သောအခါ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ သေဆုံးသွားသော ဝိညာဉ်များသည် ငရဲပြည်နှင့် ဆက်သွယ်နိုင်ခြင်း မရှိတော့ပေ။ ငရဲပြည်သည်လည်း သံသရာလည်ပတ်ခြင်းနှင့် ဝင်စားခြင်းဟူသော ဖန်ဆင်းခြင်းတာဝန်များကို ဆုံးရှုံးသွားခဲ့ရ၏။ ထိုသည်က ငရဲယမမင်း၏ သေခြင်းနှင့် ရှင်သန်ခြင်းအကြား သံသရာလည်ပတ်မှု စွမ်းအားကို ထိခိုက်စေခဲ့ကာ စီရင်ချက်စုတ်တံနှင့် သေခြင်းရှင်ခြင်းစာအုပ်တို့၏ စွမ်းအားသည် မဟာတာအိုအဆင့်အထိ ကျဆင်းသွားခဲ့ရသည်။

ထို့အပြင် ငရဲယမမင်းအပေါ်တွင်လည်း များစွာသော ဆိုးကျိုးများ သက်ရောက်ခဲ့ကာ သူ၏ ခန္ဓာကိုယ်အတွင်းရှိ တာအိုနိယာမများ၏ တစ်စိတ်တစ်ပိုင်းကိုပါ ဆုံးရှုံးသွားသဖြင့် သူသည် သွေဖည်ခြင်းလမ်းစဉ်ကို နားလည်သဘောပေါက်နိုင်ခြင်း မရှိတော့ဘဲ အဆင့်သစ်တစ်ခုသို့ တက်လှမ်းနိုင်ရန် မဖြစ်နိုင်တော့ချေ။ နှစ်သန်းပေါင်းများစွာတိုင်အောင်

မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃အထွတ်အထိပ်အဆင့်၌သာ ပိတ်မိနေခဲ့ရလေသည်။ ထိုသို့သာမဟုတ်ပါက ယမမင်း၏ အတိတ်က အစွမ်းအစများဖြင့်ဆိုလျှင် နတ်ဘုရားနယ်ပယ်ကို ဖောက်ထွက်ကာ လွတ်မြောက်ခြင်းအဆင့်ရှိ ကောင်းကင်အရှင် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာနိုင်မည်မှာ သေချာလှသည်။

ယခုအချိန်ဆိုလျှင် ထာဝရအရှင် အဆင့်သို့ပင် ရောက်ရှိနေလောက်ပြီ ဖြစ်၏။

လျန့်ယွီမိစ္ဆာအရှင်သည်လည်း ထိုနည်းတူပင် ဖြစ်သည်။ သူသည် ငရဲပြည်ရှိ အပြစ်သားများကို အပြစ်ပေးခြင်း၌ ဩဇာအာဏာရှိခဲ့သည်။ အပြစ်ကြီးမားပြီး ကောင်းကင်နိယာမများကို ချိုးဖောက်ခဲ့သော အပြစ်သားများသည် သေဆုံးပြီးနောက် ငရဲမီးအတွင်းသို့ ဝင်ရောက်ကာ ညှဉ်းပန်းနှိပ်စက်မှုများကို ခံစားကြရသည်။

ယင်းသည် အပြစ်ပေးခြင်း၏ အချုပ်အချာအာဏာ ဖြစ်ကာ အလွန်ပင် အစွမ်းထက်လှသည်။ ဝမ်းနည်းစရာကောင်းစွာဖြင့် ငရဲပြည် ချိတ်ပိတ်ခံလိုက်ရသောကြောင့် ထိုအာဏာကို ဆုံးရှုံးသွားခဲ့ရပြန်သည်။

အမှောင်နတ်ဘုရား သည်လည်း ထိုကဲ့သို့ပင် ဖြစ်လေသည်။ သို့သော်လည်း သူသည် နဂါးမဲ့ နတ်ဘုရားဘုရင် ငရဲပြည်ကို ချိတ်ပိတ်လိုက်သောအခါတွင် လွတ်မြောက်ခြင်းလမ်းစဉ်ကို ရှာဖွေရန် စွန့်လွှတ်လိုက်ကာ ငရဲကမ္ဘာ၏ကောင်းကင်တာအိုနှင့် မိမိသဘောဆန္ဒအလျောက် ပေါင်းစည်းသွားခဲ့သည်။ ထို့နောက် သူ၏ အမှောင်ထုအပေါ် နားလည်သဘောပေါက်မှုများကို ကောင်းကင်နှင့်မြေကြီး၏ အမှောင်တာအိုနိယာမများထဲသို့ ပေါင်းစည်းလိုက်၏။

တာအိုနိယာမများကို ဖြည့်ဆည်းပေးကာ ကောင်းကင်တာအို၏ တစ်စိတ်တစ်ပိုင်းအဖြစ် ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။

သူသည် လွတ်လပ်ခွင့် ဆုံးရှုံးသွားကာ လွယ်ကူစွာ ကိုယ်ထင်ပြနိုင်စွမ်း မရှိတော့သော်လည်း သွယ်ဝိုက်သောနည်းဖြင့် ထာဝရအသက်ရှင်ခြင်းကို ရရှိသွားခဲ့သည်။ ထို့အပြင် အနာဂတ်တစ်ချိန်၌ကောင်းကင်တာအိုတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာပါက သူသည် ပြန်လည်နိုးထလာနိုင်မည့် အခွင့်အရေးများ ရှိနေဆဲပင် ဖြစ်သည်။ ထို့အပြင် တစ်စုံတစ်ယောက်သည် များပြားလှသော ယဇ်ပူဇော်ခြင်းစွမ်းအားများကို စုဆောင်းကာ သူ့အား

ဆုတောင်းခြင်း ပြုလုပ်လာပါကလည်း ကိုယ်ထင်ပြလာနိုင်ပေမည်။

သူတို့သုံးဦးလုပ်ဆောင်သမျှ အရာအားလုံးသည် လွတ်မြောက်ခြင်းအတွက်သာ ဖြစ်၏။ ငရဲပြည် ချိတ်ပိတ်မခံရမီအချိန်တွင် ငရဲမဟာကမ္ဘာနှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးသည် အလွန်နီးကပ်သော ဆက်နွှယ်မှုများ ရှိခဲ့ကာ သူတို့ ပိုင်ဆိုင်ထားသော အာဏာစက်အများစုသည်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်မှ လာခြင်း ဖြစ်သည်။ ထို့ကြောင့် ယခုအခါ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သို့ သွားရောက်နိုင်မည့် လမ်းကြောင်းကို ပြန်လည်ဖွင့်လှစ်နိုင်ရန် အစွမ်းကုန် ကြိုးစားနေကြလေသည်။

ကျူးကျော်တိုက်ခိုက်သည့် နည်းလမ်းကို အသုံးပြုကာ ငရဲကောင်းကင်တာအို၏ ထောက်ခံမှုကို ရယူပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ စွမ်းအားများကို လုယူချင်ကြသည်။ ထိုသို့ပြုလုပ်မှသာ လွတ်မြောက်ခြင်းအတွက် အခွင့်အရေးကို ရှာဖွေတွေ့ရှိနိုင်မည်ဟု ယူဆထားခြင်းဖြစ်သည်။

သွေဖည်ခြင်းလမ်းစဥ်ဆိုသည်မှာ ကောင်းကင်တာအိုကို ပုန်ကန်လွန်ဆန်ခြင်း ဖြစ်သည်။ တစ်ချိန်က ငရဲပြည်နှင့် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တို့သည် စွယ်‌ တော်ရွက်များကဲ့သို့ နှစ်ခုပေါင်းမှတစ်ခုဖြစ်ခဲ့သော်လည်း ငရဲပြည် ချိတ်ပိတ်ခံထားရသည့် အချိန်သည် ကြာမြင့်နေပြီဖြစ်သည်။ ထို့ကြောင့် မဟာကမ္ဘာနှစ်ခု၏ကောင်းကင်တာအိုများသည် သီးခြား လွတ်လပ်စွာ တည်ရှိနေခဲ့ကာ ကိုယ်ပိုင်အသိစိတ်များပင် ဖြစ်ပေါ်နေကြလေသည်။

မဟာကမ္ဘာနှစ်ခုသည် အိမ်ခွဲနေကြသော ညီအစ်ကိုနှစ်ဦးကဲ့သို့ပင် ဖြစ်သည်။

ယမမင်းတို့အုပ်စုသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးကို ကျူးကျော်ကာ ထိုမဟာကမ္ဘာ၏ ကောင်းကင်တာအိုကို ဖျက်ဆီးခြင်းသည် ပုန်ကန်လွန်ဆန်ခြင်းနှင့် ကွာခြားမှုမရှိ‌ချေ။ သို့သော် သူတို့၏အကြံအစည်သည် သွယ်ဝိုက်သောနည်းဖြင့် ငရဲမဟာကမ္ဘာ၏ကောင်းကင်တာအိုကို ကူညီပေးနေခြင်းလည်းဖြစ်လေသည်။ အဖွဲ့နှစ်ဖွဲ့မှ ကောင်းကင်တာအိုများ အချင်းချင်း တိုက်ခိုက်ကြသောအခါတွင် သူတို့သည် ငရဲဘုံ၏ကောင်းကင်တာအိုဘက်မှ အဖွဲ့ဝင်များ ဖြစ်ကြ၏။

အကယ်၍ သူတို့၏ အကြံအစည်သာအောင်မြင်သွားပါက မလွဲဧကန်ပင် ငရဲဘုံ၏ကောင်းကင်တာအိုထံမှ အကျိုးကျေးဇူးများ ရရှိပေမည်။ ထိုရှုထောင့်မှ ကြည့်မည်ဆိုပါက သူတို့နှင့် ကျုံးရှန်၏ ရည်ရွယ်ချက်သည် တူညီလုနီးပါး ဖြစ်ကာ သူတို့အားလုံး၏ကြိုးပမ်းအားထုတ်မှုသည် ကောင်းကင်တာအိုကို ရင်ဆိုင်ရန်အတွက် ဖြစ်သည်။

သို့သော် သူတို့သည် ဖျက်ဆီးခြင်းနှင့် ကျူးကျော်ခြင်းများကို အသုံးပြုကာ အကျိုးအမြတ်များကိုသာ လုယူချင်ကြခြင်း ဖြစ်၏။ ကျုံးရှန်၏ ရည်ရွယ်ချက်သည် ယုံကြည်ကိုးကွယ်မှုများကို စုဆောင်းကာ မျိုးဆက်သစ်တပည့်များကို ပြုစုပျိုးထောင်ပြီး အဆုံးတွင် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးတစ်ခုလုံးကို ထိန်းချုပ်နိုင်သည့် အဆင့်အထိ ရောက်ရှိရန် ဖြစ်လေသည်။ တစ်ဖက်သည် အောက်ခြေမှစတင်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ကောင်းကင်တာအို တစ်ခုလုံးကို အပြည့်အဝ အစားထိုးရန်ဖြစ်ပြီး တစ်ဖက်မှအခြားအဖွဲ့သည် အကြွင်းမဲ့ဖျက်ဆီးပစ်ရန် ဖြစ်သည်။

မတူညီသော အတွေးအမြင်များအကြားခြားနားချက်။

ထိုနှစ်ခုသည် တူညီသော အဆင့်အတန်းတစ်ခုတည်းတွင် ယှဉ်ပြိုင်၍ မရနိုင်ဘဲ ပိုးစုန်းကြူးနှင့် လမင်းကြီးတို့ကြားရှိ ကွာဟချက်ကဲ့သို့ပင် ဖြစ်သည်။

''ဒီကောင်လေးကို လျှော့တွက်လို့ မရဘူးလို့ ငါ ထင်တယ်''

''သူတော်စင်အဆင့်ကို တက်လှမ်းတာနဲ့တင် မဟာကမ္ဘာကြီး နှစ်ခုလုံးကို တစ်ပြိုင်နက်တည်း တုန်ခါသွားစေရုံသာမက ကမ္ဘာကြီး နှစ်ခုဆီက စွမ်းအင်တွေကို ဆွဲယူပြီး သူ့ရဲ့ခန္ဓာကိုယ်ထဲကို တိုက်ရိုက်စုပ်ယူနိုင်တယ်ဆိုတာ သာမန်ယုတ္တိတွေနဲ့ တွေးတောလို့ လုံးဝမရနိုင်ဘူး''

''နောက်တစ်ချက် ငါ သတိထားမိလိုက်တာက... အဲ့ဒီ စီးဝင်သွားတဲ့ စွမ်းအင်တွေက နတ်ဘုရားအဆင့် ကျွမ်းကျင်သူ သန်းတစ်ရာရဲ့ စွမ်းအားတွေနဲ့ ညီမျှနေတာပဲ''

''ဒီလောက် ကြီးမားတဲ့ စွမ်းအားတွေ ကို စုပ်ယူနိုင်ခဲ့မှတော့ ကျင့်ကြံခြင်းအဆင့်ကသူ့အတွက် အရေးမကြီးလောက်တော့ဘူး... အဲ့ကောင်လေးရဲ့ သာမန်ကာလျှံကာ တိုက်ခိုက်လိုက်မှုတောင်မှ ကမ္ဘာတစ်ခုကိုဖျက်စီးနိုင်နေလိမ့်မယ်"

ယမမင်းသည် စိုးရိမ်ပူပန်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"ယမမင်းပြောတာ မှန်တယ်လို့ ငါ ထင်တယ်"

"ဒီလူသားနဲ့ ငါ သေချာဆွေးနွေးစကားပြော ဖူးတယ်လေ"

"သူက ငရဲမိစ္ဆာအရှင်သခင် တစ်ယောက်ရဲ့ ခန္ဓာကိုယ်ထဲကို ဝင်ရောက်ပြီး ငါနဲ့အတူ ပင်လယ်မိစ္ဆာကမ္ဘာထဲကို ဝင်လာခဲ့တာဆိုပေမဲ့...သူက သာမန်လူမဟုတ်ဘူးဆိုတာကို ငါ ခံစားမိနေတုန်းပဲ"

"ငါ့အပေါ်ကိုလည်း အရမ်း သတိထားနေခဲ့တယ်... ပြီးတော့ သူ နားလည်ထားတဲ့ နဂါးမဲ့ နှလုံးသားကျင့်စဉ်က ချောက်နက်မိစ္ဆာအရှင်ထက် အများကြီး သာလွန်နေတယ်"

"ဘာလို့လဲဆိုတော့ မူလနတ်ဘုရားသန္ဓေသား ရဲ့ အငွေ့အသက်ကို ခံစားမိလိုက်လို့ပဲ... ငါ့ရဲ့ ပင်လယ်မိစ္ဆာကမ္ဘာကလည်း အတိတ်တုန်းက မူလနတ်ဘုရားသန္ဓေသား တစ်ခုကို ထည့်သွင်းခံရခဲ့ဖူးတယ်လေ"

"ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ငါ့ရဲ့ အာရုံခံနိုင်စွမ်းကို ယုံကြည်တယ်''

''မူလနတ်ဘုရားသန္ဓေသားကို ဖန်တီးနိုင်တာကတင် သူ့ဆီမှာ နဂါးမဲ့ နှလုံးသားကျင့်စဉ် အပြည့်အစုံ ရှိတယ်ဆိုတာကို သက်သေပြဖို့ လုံလောက်နေပြီ"

ပင်လယ်မိစ္ဆာ ဧကရာဇ်သည် အချိန်ကိုက်ပင် ဝင်ရောက်ဖြည့်စွက်ပြောဆိုလိုက်သည်။

ထိုနှစ်ဦး၏ စကားများကို ကြားပြီးနောက်တွင် ချောက်နက်မိစ္ဆာအရှင်သခင်၏ မျက်နှာသည် အနည်းငယ် လေးနက်သွားကာ ခေါင်းညိတ်လိုက်၏။

"ဒီကိစ္စကိုလည်း တွေးထားပြီးသားပါ"

"ဒါကြောင့်ပိုင်ရွှီနယ်မြေက စီနီယာကြီးတွေအပြင် ငါတို့ကလည်း ငရဲပြည်ရဲ့ အင်အားစုတွေကို တတ်နိုင်သမျှစည်းလုံးနိုင်ဖို့ လိုအပ်တယ်"

"ဒီနှစ်တွေတစ်လျှောက်လုံး ငရဲပြည်က အမြဲတမ်း တိကျတဲ့ ဆုံးဖြတ်ချက်မျိုး မရှိဘဲ အရမ်းကို ရှုပ်ထွေးနေခဲ့တာ"

"ငါတို့ မဟာမိတ်အဖွဲ့တစ်ခု ဖွဲ့စည်းသင့်တယ်လို့ အကြံပြုချင်တယ်... နာမည်ကို ယွီထျန်း မဟာမိတ်အဖွဲ့လို့ ပေးမယ်"

"ငရဲပြည်ရဲ့ အင်အားစုအားလုံး...အစစ်အမှန် မိစ္ဆာနတ်ဘုရားတွေနဲ့ အထွတ်အထိပ် မဟာမိစ္ဆာအရှင်သခင် အားလုံးကို စည်းလုံးကြမယ်"

"ဒီလိုဆိုရင် အတိတ်တုန်းက အစစ်အမှန်မိစ္ဆာကမ္ဘာကလာတဲ့ ပုဂ္ဂိုလ်ကို ဖိနှိပ်ခဲ့တဲ့ ကောင်းကင်တာအို မဟာအစီအရင်ကို ပြန်လည်ဖန်တီးနိုင်လိမ့်မယ်"

"ဒါ့အပြင် အရှင်သခင်ကြီး ခုနစ်ပါးကလည်း လျှော့တွက်လို့မရတဲ့ အင်အားစုတစ်ခုပဲ"

"သူတို့ တစ်ယောက်စီတိုင်းက ကောင်းကင်အရှင်အဆင့် ကျွမ်းကျင်သူတွေဖြစ်ပြီး ဒီနှစ်တွေထဲမှာ ငရဲကောင်းကင်တာအိုနဲ့ သဘောတူညီမှုတွေတောင် ရရှိထားကြတာ"

"ကောင်းကင်တာအိုရဲ့ ကိုယ်စားလှယ်တွေလို့တောင် ဆိုနိုင်တယ်လေ"

"အထက်က အင်အားကြီးပုဂ္ဂိုလ်တွေကိုသာ စည်းရုံးသိမ်းသွင်းမှု အောင်မြင်မယ်ဆိုရင် ဟာမိုမိစ္ဆာ သွေးပင်လယ် ရုပ်သေးရုပ် သန့်စင်တာ ကျရှုံးသွားတာက ဘာမှမဟုတ်တော့ဘူး"

"တားမြစ်နယ်မြေ လေးခုထဲမှာ ကျန်နေသေးတဲ့ တားမြစ်နယ်မြေ သုံးခုကို သိမ်းပိုက်နိုင်မယ့် အင်အားတွေ ငါတို့ဆီမှာ အပြည့်အဝ ရှိလာလိမ့်မယ်"

ချောက်နက်မိစ္ဆာအရှင်သခင်သည် ငရဲပြည်၏ ဉာဏ်ကြီးရှင်ဟု ခေါ်ဆိုထိုက်ပေသည်။

သူသည်စကားအနည်းငယ်ဖြင့်ပင် အဓိကအချက်များကို ထောက်ပြနိုင်ခဲ့၏။ သို့သော် သူ၏အကြံအစည်များသည် လုံးဝ လွယ်ကူသော အရာမဟုတ်ချေ။ ကောင်းကင်နှင့်မြေပြင်ကို ငြိမ်းချမ်းအောင် ပြုလုပ်ရန် လွယ်ကူသော်လည်း လူတို့၏ စိတ်နှလုံးကို စည်းလုံးရန်သည် ခက်ခဲလှသောအလုပ်တစ်ခုဖြစ်သည်။

သို့ဖြစ်ရာ ငရဲမဟာကမ္ဘာတစ်ခုလုံး၏ အင်အားစုများကို စုစည်းနိုင်ရန်သည် အလွန်ခက်ခဲပေလိမ့်မည်။ အကယ်၍ ယွီထျန်း မဟာမိတ်အဖွဲ့ကို အောင်မြင်စွာဖွဲ့စည်းနိုင်ခဲ့ပါက ကျုံးရှန်ကို ခြိမ်းခြောက်နိုင်မည့် အရည်အချင်း ရှိလာမည်ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကိုပင် သိမ်းပိုက်နိုင်မည့် အခွင့်အရေးများ ရှိလာပေလိမ့်မည်။

Thank For Reading.

All Chapters