အခန်း ၃၈၁
Vol. 39 Ch. 381
အပိုင်း (၃၈၁)
အတိတ်ကာလတွင် ကောင်းကင်နန်းတော်သည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်တစ်ခုလုံး၏ ကံတရား အထွတ်အထိပ်သို့ ရောက်ရှိခဲ့သော နေရာ ဖြစ်သည်။ ယခုအခါတွင် ကာလသစ်တစ်ခု၏ အလှည့်အပြောင်းအချိန်သို့ ထပ်မံ ရောက်ရှိလာပြန်ပြီဖြစ်သဖြင့် ကျုံးရှန်သည် ကောင်းကင်နန်းတော်ကို ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်အတွင်း တဖန်ပြန်လည် ပေါ်ပေါက်လာစေရန်ကြံရွယ်ထားသည်။ လက်ရှိ အခြေအနေများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ကမ္ဘာ့အသိစိတ် မတည်မငြိမ်ဖြစ်မှုနှင့်အတူ အလွန်ပင်ရှုပ်ထွေးလှ၏။အလှည့်ပြောင်းဆိုသည်မှာ ကြီးမားသော ဘေးဒုက္ခကြီးများ ရောက်ရှိလာခြင်းကို ညွှန်းဆိုခြင်း ဖြစ်သည်။ ဘေးဒုက္ခများ ပြီးဆုံးသွားမှသာ လွတ်မြောက်မှုအသစ်ကို ရရှိနိုင်မည် ဖြစ်သည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ ယခုတစ်ကြိမ် အလှည့်အပြောင်းတွင် အစွမ်းထက်ပုဂ္ဂိုလ် မည်မျှ သေဆုံးရမည်ကို မည်သူမျှ မသိနိုင်ချေ။ထို့အပြင် နှစ်ပေါင်းများစွာ ပုန်းကွယ်နေခဲ့သော ရှေးဟောင်း မိစ္ဆာအိုကြီး မည်မျှ လောကထဲသို့ ပြန်လည် ထွက်ပေါ်လာမည်ကိုလည်း မသိရသေးကာ ကမ္ဘာ့ပြင်ပမှ ဟင်းလင်းပြင် မိစ္ဆာနတ်ဘုရားများနှင့် မဟာကမ္ဘာ၏ ပြင်ပရှိ အစွမ်းထက်ပုဂ္ဂိုလ်များ၏ ရန်ကိုလည်းစိုးရိမ် နေရသည်။ ထိုကဲ့သို့သော ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် အခွင့်အရေးများ ၊ စိန်ခေါ်မှုများဖြင့် ပြည့်နှက်နေသည့် တိုက်ပွဲကွင်းပြင်တစ်ခုဖြစ်လာနေပြီဖြစ်သည်။ ကျုံးရှန်သည် သူ၏အတွေးများကိုပြန်လည်စုစည်းကာ ရှေ့မှ အလောင်းကောင်ကိုကြည့်လိုက်သည်။ ထိုအခါ အနှီခေါင်းသုံးလုံးငရဲမိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်ပေါ်တွင်လည်း ထူးခြားသော ခန္ဓာကိုယ်ဖွဲ့စည်းပုံတစ်ခု ရှိနေသည်ကို သတိထားမိလိုက်သည်။ ထိုခန္ဓာကိုယ်သည် ခြောက်ထပ်ငရဲ မိစ္ဆာခန္ဓာကိုယ် ဖြစ်ကာ ခြောက်ထပ်ငရဲ ကျင့်စဉ်ကို ကျင့်ကြံနေသည့် ကျုံးချီထျန်းနှင့် အလွန်ပင် ကိုက်ညီလှသည်။ ကျုံးချီထျန်းသာ ထိုကျင့်စဉ်ကို အဆင့်မြင့်ဆုံးအထိ ကျင့်ကြံနိုင်ပါက သူတော်စင်နိုင်ငံ ခြောက်ခုကို တည်ဆောက်နိုင်မည် ဖြစ်သည်။ ထို့နောက် ကမ္ဘာငယ် ခြောက်ခုအသွင်သို့ ပြောင်းလဲကာ အနှိုင်းမဲ့ အစွမ်းထက်လာပေလိမ့်မည်။ ကျုံးရှန်သည် လက်ကို ဆန့်ထုတ်ကာ ဆွဲငင်အားတစ်ခုကိုအသုံးပြုပြီး ခြောက်ထပ်ငရဲ မိစ္ဆာခန္ဓာကိုယ်၏မူလအရင်းအမြစ်ကို ဆွဲထုတ်လိုက်ပြန်သည်။ ထိုအရာသည် အမည်းရောင် အလင်းလုံးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားလျှင် ခေါင်းသုံးလုံးနှင့် မိစ္ဆာအရှင်သခင်၏ ခန္ဓာကိုယ်သည် ခြောက်ထပ်ငရဲ မိစ္ဆာခန္ဓာကိုယ်ကို ဆုံးရှုံးသွားသဖြင့် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲကာ လေထဲတွင်ပင် လွင့်ပါးပျောက်ကွယ်သွားလေသည်။ ထိုသည်ကပင် နတ်ဘုရားအဆင့်မိစ္ဆာအရှင်သခင်၏ အကောင်းဆုံးသော အဆုံးသတ် ဖြစ်ပေသည်။ ဤကဲ့သို့များပြားလှသောကျင့်ကြံခြင်းဆိုင်ရာတိုးတက်နိုင်မည့် အခွင့်အရေးများ၊ ထူးခြားခန္ဓာကိုယ်များနှင့် ရတနာပစ္စည်းများသည် ကောင်းကင်နန်းတော် ကမ္ဘာငယ်တစ်ခုလုံးတွင် မြောက်မြားစွာ ကျန်ရှိနေသေး၏။ ယင်းတို့အထဲတွင် ရှေးဟောင်းဧကရာဇ်များ၏ ရတနာသိုက်များနှင့် နန်းတော်အကြွင်းအကျန်များလည်း ပါဝင်နေကာ မည်သည့်အရာကိုမဆို ပြင်ပလောကသို့ ယူဆောင်သွားပါက ကျော်ကြားလှသော ရှေးဟောင်းရတနာများ ဖြစ်လာကြ ပေလိမ့်မည်။ သို့သော်လည်း ထိုအရာများသည် ကျုံးရှန်အတွက်မူ ပြင်ပပစ္စည်းများ မျှသာဖြစ်သည်။ သူသည် ထိုပစ္စည်းများကို အလွန်အမင်းစိတ်ဝင်စားခြင်းမရှိတော့ပေ။ အဘယ်ကြောင့်ဆိုသော် ယခုအချိန်တွင် ကျုံးရှန်သည် ပြင်ပပစ္စည်းများကို အလွန်အကျွံ အားကိုးခြင်း မရှိလျှင်ပင် ကမ္ဘာပျက်စီးလုနီးပါး စွမ်းအားများကို ထုတ်ဖော်နိုင်သွားပြီ ဖြစ်သည်။ သူသည် သာမန်အစွမ်းထက်ပုဂ္ဂိုလ်များနှင့် လုံးဝ မတူညီသော လမ်းကြောင်းပေါ်သို့ လျှောက်လှမ်းနေသဖြင့် သာမန်စံနှုန်းများဖြင့် တိုင်းတာ၍ မရနိုင်ပါချေ။ သို့သော်လည်း အနှီရတနာပစ္စည်းများသည် မျိုးဆက်သစ်များအား ဆုလာဘ်အဖြစ် ပေးအပ်ရန် သို့မဟုတ် သူ၏ သူတော်စင်နိုင်ငံကို သန့်စင်ရန်အတွက် အလွန် ကောင်းမွန်သော ရွေးချယ်မှုဖြစ်နေဆဲပင် ဖြစ်သည်။ ကျုံးရှန်သည် သူတော်စင်အဆင့် ၃သို့ ရောက်ရှိနေပြီ ဖြစ်သဖြင့် ကိုယ်ပိုင်သူတော်စင်နိုင်ငံကို စတင် တည်ဆောက်နိုင်ပြီ ဖြစ်ကာ မြင့်မြတ်သော တံခါးမကြီးကိုလည်း ဖွင့်လှစ်နိုင်ပြီ ဖြစ်သည်။ သို့သော်လည်း လက်ရှိအချိန်အထိ ကျုံးရှန်သည် ထိုကိစ္စနှင့်ပတ်သက်၍ မည်သည့် လှုပ်ရှားမှုမျှ မပြုလုပ်ရသေးပေ။ ယခုအခါတွင်မူ ကောင်းကင်နန်းတော် ကမ္ဘာငယ်ကိုရရှိလိုက်ပြီဖြစ်သဖြင့် ယင်းကို သူ၏ သူတော်စင်နိုင်ငံအဖြစ် သန့်စင်ရန်တွေးမိသွားသည်။ ကောင်းကင်နန်းတော် ကမ္ဘာငယ်သည် အတိတ်ကာလ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ အကောင်းမွန်ဆုံးသော ကံတရားများ စုစည်းတည်ရှိရာနေရာ ဖြစ်သဖြင့် ဆန်းပြားမှုများစွာ ရှိနေကာ ကမ္ဘာ တစ်ခုလုံး၏ခိုင်ခံ့မှုအဆင့်သည်လည်း သာမန် အလယ်အလတ်ကမ္ဘာတစ်ခုနှင့်ပင် နှိုင်းယှဉ်နိုင်စွမ်း ရှိနေသည်။ ထိုကဲ့သို့ကမ္ဘာမျိုးသည်သာ သူ၏ အခြေခံအဖြစ် အသုံးပြုရန် ထိုက်တန်သောအရာဖြစ်သည်။
ထို့အပြင် ကျုံးရှန်သည် ကောင်းကင်နန်းတော် ကမ္ဘာငယ်အတွင်းရှိ အဖိုးတန်ရတနာများကို သူ၏သူတော်စင်နိုင်ငံအတွင်းသို့ ထည့်သွင်း သန့်စင်ခြင်းဖြင့် သူတော်စင်နိုင်ငံ၏ စွမ်းအားကို မြင့်တင်နိုင်ပေလိမ့်မည်။ ကောင်းကင်နန်းတော်တွင် စုဆောင်းထားသော ရတနာများသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ရှိ ရှေးဟောင်းအင်အားစုများ၏ နှစ်ပေါင်း သန်းချီ စုဆောင်းထားသော ရတနာများထက်ပင် ပို၍ များပြားနိုင်သည်။ ထို့ကြောင့် တစ်ကြိမ် သန့်စင်ရုံဖြင့်ပင် ကျုံးရှန်သည် သူ၏ သူတော်စင်နိုင်ငံကို မယုံကြည်နိုင်စရာ အဆင့်တစ်ခုအထိ မြှင့်တင်နိုင်မည် ဖြစ်သည်။ ကျုံးရှန်၏ ကောင်းကင်နန်းတော်ကို မိမိ၏ သူတော်စင်နိုင်ငံအဖြစ်ပြောင်းလဲပစ်မည့် အစီအစဉ်သည် အလွန်ပင် ရဲတင်းလွန်းလှသည်။ သို့သော်လည်း သူ့တွင် ထိုသို့ ပြုလုပ်နိုင်စွမ်း ရှိနေပြီ ဖြစ်ကာ ရတနာပစ္စည်းများဆိုသည်မှာလည်း ထည့်ပြောရန်ပင် မလိုအပ်ပါချေ။ သူတော်စင်နိုင်ငံကို တည်ဆောက်ပြီးသွားပါက ရတနာပစ္စည်း မြောက်မြားစွာကို အလွယ်တကူ ဖန်တီးနိုင်လာ ပေလိမ့်မည်။ ထိုအခါ ကျုံးရှန်ဖန်တီးလိုက်သော ရတနာများသည် ပြင်ပလောကရှိ ရတနာများထက်ပင် ပို၍ အစွမ်းထက်လာမည်ဖြစ်သည်။ အတိတ်တွင် နဂါးမဲ့နတ်ဘုရားဘုရင်ဝူလုံ၏ ကျင့်ရှန်းဌာနသည် လူသားနဂါးဝတ်စုံများကို ဖန်တီးနိုင်သကဲ့သို့ ကျုံးရှန်သည်လည်း မိမိ၏ ကိုယ်ပိုင် သူတော်စင်နိုင်ငံကို တည်ဆောက်ကာ ထိုနိုင်ငံ၏ စွမ်းအားကို အသုံးပြု၍ အနှိုင်းမဲ့ လက်နက်များနှင့် ရတနာများကို ဖန်တီးနိုင်လာပေမည်။ "ကဲ... ကောင်းကင်နန်းတော်ကို စူးစမ်းတာ ဒီမှာတင် အဆုံးသတ်တာပေါ့...""ဒီနေရာက သူတော်စင်နိုင်ငံကို သန့်စင်ဖို့အတွက် နေရာကောင်းတော့ မဟုတ်သေးဘူး..."ကျုံးရှန်သည် အေးဆေးစွာ ပြောဆိုလိုက်သည်။ ထို့နောက်သူသည် ခေါင်းကိုမော့ကာ ကောင်းကင်ယံသို့ လှမ်းကြည့်လိုက်လျှင် သူ၏ အကြည့်များသည် ခိုင်ခံ့လှသော ကမ္ဘာ့အတားအဆီးကို ဖြတ်သန်းသွားပြီးကမ္ဘာ့ပြင်ပရှိ တစ်နေရာကို ကျရောက်သွားသည်။ "အပြင်ဘက်မှာ ငါ့ကို စောင့်နေတဲ့ ကောင်တစ်ကောင် ရှိသေးတာပဲ..." "ငါ သွားပြီးတော့ သူ့ရဲ့ မာန်မာနကို ချိုးနှိမ်ပစ်ရမယ်..." ကျုံးရှန်သည် တစ်ဦးတည်း ရေရွတ်လိုက်ကာ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်လျှင် နောက်တစ်စက္ကန့်တွင် ကောင်းကင်နန်းတော် ကမ္ဘာငယ်အတွင်းမှ ထွက်ခွာသွား သည်။ သူသည် ကောင်းကင်နန်းတော်၏ကမ္ဘာ့ပြင်ပသို့ ပြန်လည်ရောက်ရှိလာခြင်း ဖြစ်သည်။ ကျုံးရှန်သည် အပြင်သို့ရောက်သည်နှင့်တစ်ပြိုင်နက်တည်းတွင် ကောင်းကင်နန်းတော် ကမ္ဘာငယ်ကို သူ၏ ကိုယ်တွင်းဟင်းလင်းပြင်အတွင်းသို့ သိမ်းဆည်းလိုက်သည်။ သူ၏ ဦးခေါင်းအထက်တွင်မူ ငရဲမဟာကမ္ဘာကြီးတစ်ခုလုံးသည် ကြီးမားလှသော စကြာဘီးကြီးတစ်ခုအသွင်သို့ ပြောင်းလဲတည်ရှိနေ၏။ ထိုစကြာကြီးသည် မူလတွင်ကောင်းကင်နန်းတော်ကိုအဆက်မပြတ် ကြိတ်ခြေရန် ကြိုးစားနေခြင်းဖြစ်သည်။ ယခုအချိန်တွင် ကျုံးရှန် ပေါ်လာသဖြင့် ပစ်မှတ်အသစ်ကို ရှာဖွေတွေ့ရှိသွားသကဲ့သို့ ပြင်းထန်သောဖိအားဖြင့်စတင်ဖိနှိပ်လာလေသည်။ ယွမ်စွမ်းအားယူနစ် ရာဂဏန်းမျှရှိသော မဟာကမ္ဘာ၏ ဖိအားများသည် ကျုံးရှန်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာကာ သူ၏ ခန္ဓာကိုယ်ပေါ်၌ ကွဲအက်ကြောင်းများ စတင်ပေါ်လာသည်။ သို့သော်လည်း ကျုံးရှန်သည် ထိုအခြင်းအရာများကိုဂရုစိုက်ခြင်းမရှိဘဲ တည်ငြိမ်စွာဖြင့် လက်တစ်ချကသာ ဝှေ့ယမ်းလိုက်သည်။ သူ၏ စိတ်နှလုံး မပျက်စီးသရွေ့ သူ၏ ခန္ဓာကိုယ်သည်လည်း ပျက်စီးသွားမည် မဟုတ်ချေ။ ကျုံးရှန်၏ လက်အတွင်းမှ မြောက်မြားစွာသော စိတ်နှလုံးစွမ်းအားများထွက် ပေါ်လာသည်။ယင်းတို့သည် စိတ်နှလုံးကွန်ရက်မှတစ်ဆင့် ပြင်ပလောကသို့ စီးဆင်းလာခြင်းဖြစ်သည်။ ကျုံးရှန်၏စိတ်နှလုံးစွမ်းအားများထွက်ပေါ်လာလျှင် ငရဲစကြာဘီး၏ ကြိတ်ခြေမှုနှုန်းသည် ကျုံးရှန်၏စိတ်နှလုံးစွမ်းအားများ တိုးပွားလာမှုနှုန်းကို မမီတော့ဘဲ ကျုံးရှန်၏ စိတ်နှလုံးသည် စတင် ကျယ်ပြန့်လာသည်။ သူ၏စိတ်နှလုံးစွမ်းအားများသည် ကြီးမားသော ပါးစပ်ကြီးတစ်ခုကို ဖွင့်ဟလိုက်သကဲ့သို့ အဆမတန်တိုးပွားမြင့်တက်လာခြင်းဖြစ်သည်။ စိတ်နှလုံးသည် ကောင်းကင်ကို မြိုချနိုင်စွမ်းရှိ၏။ ထိုသည်မှာ ကောင်းကင်ဝါးမြိုခြင်းမိစ္ဆာသားရဲ၏ ကောင်းကင်ဝါးမြိုတိုက်ခိုက်မှုမှတစ်ဆင့် ကျုံးရှန်နားလည်သဘောပေါက်ခဲ့သော နတ်ဘုရားစွမ်းရည် တစ်မျိုးကို အသုံးပြုလိုက်ခြင်းဖြစ်သည်။ စိတ်နှလုံး၏ သီအိုရီသည် အကန့်အသတ်မရှိ ၊ အဆုံးမဲ့ ကျယ်ပြန့်ခြင်းကိုကိုယ်စားပြုသည်။ ထို့ကြောင့် အရာခပ်သိမ်းကို ဝါးမြိုနိုင်စွမ်းရှိကာ ယခုအချိန်တွင် စိတ်နှလုံးစွမ်းအားကို ကြီးမားသော ပါးစပ်ကြီးတစ်ခုအသွင်သို့ ပြောင်းလဲဖြစ်တည်စေလိုက်ခြင်းဖြစ်သည်။ ယင်းနောက် စိတ်နှလုံးစွမ်းအားများဖြင့်ဖွဲ့စည်းထားသောဝါးမြိုခြင်းပါးစပ်ကြီးသည် ငရဲမဟာကမ္ဘာကြီးကို အပြည့်အဝလွှမ်းခြုံပစ်ရန် ကြိုးစားလာသည်။ လက်ရှိအချိန်တွင် ကျုံးရှန်သည် ငရဲမဟာကမ္ဘာကို တိုက်ရိုက် သန့်စင်ပစ်ရန် မဖြစ်နိုင်သေးချေ။
သို့သော်လည်း သူ၏စိတ်နှလုံးစွမ်းအားဖြင့် ငရဲကမ္ဘာကို လွှမ်းခြုံထားရန်အတွက်မူ ပြဿနာမရှိပေ။ ကျုံးရှန်သည် ငရဲကမ္ဘာ၏ဖြစ်တည်မှုကိုဖိနှိပ်ရန်ကြိုးပမ်းလာသောအခါ ဟွာထျန်းသည်လည်း အစွမ်းကုန် ပြန်လည် ရုန်းကန်လာလေသည်။ သူသည် ငရဲကမ္ဘာ၏ ယွမ်စွမ်းအားယူနစ်များကိုထိန်းချုပ်ကာ ကျုံးရှန်၏ ဝါးမြိုခြင်းစွမ်းအင်ပါးစပ်ကြီးကို ဆုတ်ဖြဲပစ်လိုက်သည်။ ထိုအခါ သူတို့နှစ်ဦး၏ပြင်းထန်သောမဟာကမ္ဘာအဆင့် တိုက်ခိုက်မှုမှလွင့်စဉ်လာသော စွမ်းအားများကြောင့် ငရဲမဟာကမ္ဘာ၏ဟင်းလင်းပြင် လှုပ်ခတ်သွားကာ ကမ္ဘာတစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။ နောက်ဆုံးတွင်မူ ဟွာထျန်းသည် ငရဲစကြာဘီးကို ထိန်းချုပ်ကာ ကျုံးရှန်၏ စိတ်နှလုံးစွမ်းအင်ဖြင့် ဖွဲ့စည်းထားသည့်ဝါးမြိုခြင်းပါးစပ်ကြီးအတွင်းမှ ရုန်းထွက်နိုင်သွားသည်။"မင်းက ဘယ်လို မိစ္ဆာကောင်လဲ..." "နဂါးမဲ့နတ်ဘုရားဘုရင် ဝူလုံရဲ့ကိုယ်ပွားလား... ဒါမှမဟုတ် သူ့ရဲ့လူဝင်စားများ ဖြစ်နေတာလား..." "စိတ်နှလုံးရဲ့ စွမ်းအားက ဒီလောက်အထိ ထူးခြားဆန်းပြားနိုင်လို့လား..." ဟွာထျန်းသည် အံ့ဩသင့်မယုံနိုင်ခြင်းများစွာဖြင့် မေးခွန်းများကို အဆက်မပြတ် မေးမြန်းလိုက်သည်။ ကျုံးရှန် ထုတ်ဖော်ပြသခဲ့သော စွမ်းအားများသည် သူ၏ ကမ္ဘာ့အမြင်ကို ပျက်ပြားစေခဲ့သောကြောင့်ဖြစ်သည်။ သို့သော်လည်း အမေးခံလိုက်ရသည့်တဖက်ရှိ ကျုံးရှန်၏ မျက်နှာသည် တည်ငြိမ်နေဆဲ ဖြစ်သည်။ "ငါ့ရဲ့ စွမ်းအားအစစ်အမှန်လား..." "မင်းက ငါ့စွမ်းအားအစစ်အမှန်ကိုသိနိုင်ဖို့ အဆင့်မမှီတော့ဘူး...." "ဝုန်း..." ကျုံးရှန်၏စကားသံအဆုံးတွင် ဟင်းလင်းပြင်အတွင်း၌ စွမ်းအားမုန်တိုင်းများ ရုတ်တရက်တိုက်ခတ်လာသည်။သူ၏စကားများကြောင့် ဟွာထျန်းတစ်ယောက် ဒေါသထွက်သွားခြင်း ဖြစ်သည်။ ထို့နောက် ငရဲမဟာကမ္ဘာကြီးတစ်ခုလုံး၏ယွမ်စွမ်းအားယူနစ်များသည် ထက်မြက်လှသော ဓားမြှောင်တစ်စင်းအသွင်သို့ ပြောင်းလဲကာ ကျုံးရှန်ဆီသို့ ပြင်းထန်စွာ ထိုးစိုက်ချလာသည်။ ထိုတိုက်ခိုက်မှုသည် ငရဲကမ္ဘာတစ်ခုလုံး၏ စွမ်းအားအမြောက်အမြားကို စုစည်းထားခြင်း ဖြစ်သည်။ အကယ်၍ ထိမှန်သွားပါက ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ပင် ဖြစ်လင့်ကစား ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်သွားနိုင်လေသည်။ ယခုတစ်ကြိမ်တွင်မူ ကျုံးရှန်သည် ထိပ်တိုက် ရင်ဆိုင်ခြင်းမရှိချေ။ သူ၏ ခန္ဓာကိုယ်သည် လျင်မြန်စွာ လှုပ်ရှားသွားကာ အလင်းတန်းတစ်ခုအသွင်ဖြင့် ဘေးဘက်သို့ တစ်ချက်ယိမ်း၍ရှောင်တိမ်းလိုက်သည်။ ရှောင်တိမ်းနေသည့်အချိန်အတွင်း၌ပင် သူသည် စိတ်နှလုံးမြှားတစ်စင်းကို ဖန်တီးကာ ဟွာထျန်းဆီသို့ ပြန်၍ပစ်လွှတ်လိုက်၏။ စိတ်နှလုံးမြှားသည် အလွှာအထပ်ထပ်ဖြစ်နေသော ကမ္ဘာ့ပုံရိပ်ယောင်များကို ထိုးဖောက်ကာ ဟွာထျန်းဆီသို့ ပျံသန်းဝင်ရောက်သွား လေတော့သည်။