← Chapters

အခန်း (၁၁၇)

Vol. 12 Ch. 117

အခန်း (၁၁၇)

Vol. 12 Ch. 117

ပုံမှန်ဆိုလျှင် ကမ္ဘာဦးအမြုတေတစ်ခုအတွင်း စစ်မှန်သောအတ္တအမှုန်အမွှား နတ်ဘုရားသန္ဓေသားမျိုးစေ့ အမြစ်တွယ်ရန်အတွက်လအတော်ကြာ အားထုတ်ကျိုးပမ်းရမည်ဖြစ်သည်။ သို့သော် ယခုမူ ငရဲဘုံ ကမ္ဘာ့ဗဟိုချက်သည် လှုံ့ဆော်ခံရသဖြင့် မူလစွမ်းအားဖြင့် စတင်တိုက်ခိုက်လာခဲ့သည်။ဟင်းလင်းပြင်နတ်ဘုရားတံဆိပ်သည် ထိုငရဲဘုံ မူလစွမ်းအားကို ဖမ်းယူပြီး ရှီးရွှယ်ငရဲဘုံပုံစံငယ်အဖြစ် ပြောင်းလဲပစ်လိုက်၏။ ဤအရာအားလုံး ဖြစ်ပျက်ရန် မျက်တောင်တစ်ခတ်စာ အချိန်သာ ကြာမြင့်ခဲ့ပြီး ပုံမှန် သမရိုးကျအမြစ်တွယ်ခြင်းဖြင့်နှိုင်းယှဥ်ကြည့်ပါလျှင် အဆတစ်ထောင်မက မြန်ဆန်လှ ပေသည်။

ကျုံရှန်အာရုံပြုလိုက်ပြီး သူ၏ စစ်မှန်သောအတ္တအမှုန်အမွှားများထဲမှ နတ်ဘုရားသန္ဓေသားမျိုးစေ့ တစ်စေ့ကို ပေါင်းစပ်ဖန်တီးလိုက်လျှင် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ရှီးရွှယ်ငရဲဘုံပုံစံငယ်အတွင်းသို့ ဝင်ရောက်သွားကာ အောင်မြင်စွာပင် အမြစ်တွယ်သွား၏။ ထို့နောက် အမြစ်တွယ်ပြီးသား ငရဲဘုံပုံစံငယ်ကို သူ၏ ခန္ဓာကိုယ်ပြင်ပသို့ ထုတ်ယူလိုက်ကာ ဧရာမ ကမ္ဘာဦးအမြုတေကြီးဆီသို့ ဦးတည် စေလွှတ်လိုက်သည်။ကမ္ဘာဦးအမြုတေ၏ မျက်နှာပြင်နှင့် ငရဲဘုံပုံစံငယ်ထိတွေ့မိသည်နှင့် တစ်ပြိုင်နက် မည်သည့်ခုခံမှုမျှဖြစ် ပေါ်လာခြင်းမရှိဘဲ တစ်သားတည်း ပေါင်းစည်းသွားလေသည်။

ကျုံးရှန် အာရုံခံကြည့်လိုက်ရာ နတ်ဘုရားသန္ဓေသားမျိုးစေ့သည် ကမ္ဘာအမြုတေ၏ အတွင်းပိုင်းသို့ အမြစ်တွယ်ဝင်ရောက်ပြီး ဆက်သွယ်မှု စတင်တည်ဆောက်နေသည်ကို တွေ့ရသည်။ ကမ္ဘာဦးအမြုတေ၏ အတွင်းပိုင်းမှာ ကျယ်ပြောလွန်းလှသဖြင့် ထိုမျိုးစေ့ အမြစ်တွယ်ပြန့်နှံ့ရန်အတွက် ရက်အနည်းငယ်မျှ ကြာမြင့်ဦးမည် ဖြစ်သည်။ ပျင်းစရာကောင်းသော စောင့်ဆိုင်းချိန်အတွင်း ကျုံးရှန်သည် မျက်လုံးမှိတ်ထိုင်လိုက်ပြီး ငရဲဘုံပုံစံငယ်ကို ပိုမိုနားလည်နိုင်ရန် အာရုံခံဖို့ကြိုးစားလိုက်၏။

....

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်။

နန်ယန်စီရင်စု အနောက်ဘက်နယ်စပ်။

အဆုံးမဲ့ သဲကန္တာရကြီးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသော နေရာ။

ထျန်းမြို့တော်၏ ကောင်းကင်ယံတွင် ယင်းထျန်းလှေပျံ ရာပေါင်းများစွာသည် တိမ်တိုက်ကြီးများအလား လွင့်မျောနေကြသည်။ လှေပျံပေါ်ရှိ သွေးနီရောင် ဝိညာဉ်စွမ်းအင် အမြောက်ကြီးများသည် ဖျက်ဆီးအားပြင်းသော အလင်းတန်းများကို သဲကန္တာရအတွင်းသို့ မရပ်မနားပစ်လွှတ်နေ၏။ ဂိုဏ်း၏ အဆင့်မြင့် အကြီးအကဲ တစ်ဒါဇင်ကျော်တို့သည် ဟင်းလင်းပြင်၌ ရပ်တန့်နေကြပြီး ကြောက်မက်ဖွယ်ကောင်းသော နတ်ဘုရားစွမ်းရည်များကို ထုတ်ဖော်နေကြသည်။ သူတို့အောက် မြေပြင်တွင် သန်းနှင့်ချီသည့်နိယာမနယ်ပယ်အဆင့်တပည့်များစွာသည် အကြီးအကဲများ၏ ဦးဆောင်မှုအောက်တွင် စစ်ဗျူဟာခင်းကျင်းကာ ထျန်းမြို့တော်ကို ဗဟိုပြု၍ ရှေ့သို့ ချီတက်နေကြသည်။

မြို့လယ်ရှိ ရင်ပြင်၌ ကျုံးချီထျန်း နှင့် ကျုံးချီမင်တို့ ညီအစ်ကို နှစ်ဦးသည် လိမ္မော်ရောင်ကြောင်တစ်ကောင်၏ ရှေ့တွင်ရိုသေစွာ ရပ်နေကြသည်။ ထိုကြောင်ကြီး၏ ရှေ့တွင်မူ ဆန်းကြယ်သော သိုလှောင်အိတ် အနည်းငယ် ချထားသည်။

"စီနီယာ... ဒီအဖိုးတန်တဲ့ အရင်းအမြစ်တွေကို ဘိုးဘေး ကိုယ်တိုင် ပေးခိုင်းလိုက်တာလား"

ကျုံးချီထျန်း ညီအစ်ကို နှစ်ဦးမှာ အံ့သြဝမ်းသာစွာဖြင့် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

ထိုအိတ်ငယ်များအတွင်း၌ ကျင့်ကြံခြင်းကို အထောက်အကူပြုမည့်ပါရမီချဲ့ထွင်ပေးသော ဝိညာဉ်ဆေးရည် ပုလင်းတစ်ရာ၊ သားရဲတစ်သောင်း နဂါးသွေးကန် ရေကန်တစ်ကန်စာနှင့် ခန္ဓာကိုယ်ကို သန့်စင်ပေးပြီး အရိုးအဆစ်များကို သန်မာစေနိုင်သော ဝက်ဝံခွန်အားဆေး ပုလင်းတစ်ရာတို့ ပါဝင်နေသည်။ ဤပစ္စည်းတစ်ခုချင်းစီမှာ တန်ဖိုးဖြတ်၍မရအောင် ရှားပါးလှသည်သာမက ပမာဏမှာလည်း အလွန်အမင်း များပြားလှသည်။ ဤသည်မှာ တုန်လှုပ်ဖွယ်ကောင်းသော ဂိုဏ်း၏ အထူးတပ်ဖွဲ့များကို မွေးထုတ်ရန် လုံလောက်သော အရင်းအနှီးပင် ဖြစ်၏။

ကျူးကျီက လေးနက်စွာ ခေါင်းညိတ်လိုက်သည်။ ဤကိစ္စကို ကျုံးရှန် ကိုယ်တိုင် အပ်နှံလိုက်ခြင်းဖြစ်၍ ပေါ့ပေါ့ဆဆ မလုပ်ရဲပေ။

"သခင် ကိုယ်တိုင် လာပို့ခိုင်းလိုက်တာ... ဒီနေ့ကစပြီး သခင်က လောကကြီးကို ရှောင်ဖယ်နေတော့မှာ မဟုတ်ဘူး... ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက တပည့်တွေနဲ့ ဆွေမျိုးသားချင်းတွေ အားလုံးကို စောင့်ရှောက်သွားလိမ့်မယ်"

ကျုံးချီထျန်းနှင့် ကျုံးချီမင်တို့ မျက်လုံးများ တောက်ပလာသည်။

ကျုံးချီထျန်းနှင့် ကျုံးချီမင်တို့၏ မျက်လုံးများတွင် ဖော်ပြမရနိုင်သော စိတ်လှုပ်ရှားမှုများ တောက်ပလာတော့သည်။

ဘိုးဘေး... ဘိုးဘေးက တောင်ပေါ်က ဆင်းလာတော့မယ်။

"ကဲ... အခု အရေးကြီးတာက မြို့ပြင်ကဟွမ်ရှားလူမျိုးစု တွေကို အရင်ရှင်းထုတ်ပြီး အခြေအနေကို တည်ငြိမ်အောင် လုပ်ဖို့ပဲ"

ကျူးကျီ ပြောပြီးနောက် သူတို့ကို ဂရုမစိုက်တော့ပေ။ ထျန်းဂိုဏ်းမြင့်မြတ်နယ်မြေက ဟွမ်ရှားလူမျိုးစုကို မယှဉ်နိုင်သည့် အခြေအနေရောက်မှသာ သူ ဝင်ကူညီမည်ဖြစ်သည်။ ညီအစ်ကိုနှစ်ယောက်လည်း ကျူးကျီကို ဦးညွှတ်နှုတ်ဆက်လိုက်ပြီးကျုံးချီထျန်းက အဖိုးတန် ကျင့်ကြံခြင်း အရင်းအမြစ်များကို သိမ်းဆည်းလိုက်သည်။

မြို့ပြင်၌ ကျင့်ကြံခြင်း အဆင့်မြင့်မားသော အကြီးအကဲများသည် ခိုင်ခံ့သော ချပ်ဝတ်တန်ဆာများကို ဝတ်ဆင်လျက်ထက်ရှသော လက်နက်များကို ကိုင်ဆောင်ကာ ဟွမ်ရှားစစ်တပ်အတွင်းသို့ ထိုးဖောက် တိုက်ခိုက်နေကြသည်။ သူတို့၏နောက်တွင်လည်း ဇွဲထက်သန်သော တပည့်ပေါင်းများစွာက ရဲရင့်စွာ တိုက်ပွဲဝင်နေကြသည်။ထျန်းမြို့တော်၏ ပတ်ပတ်လည် မိုင်တစ်ရာအတွင်းရှိ မြေပြင်မှာ ရန်သူတို့၏ အလောင်းများ၊ သွေးများနှင့် ပျက်စီးနေသော လက်နက်များဖြင့် ပြည့်နှက်နေပြီး စစ်မြေပြင်မှာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းလှပေသည်။ မြို့ကို ဝိုင်းရံထားသော ဟွမ်ရှားစစ်တပ်မှာ တစ်ဝက်ကျော်ခန့် သေဆုံးပျက်စီးသွားပြီ ဖြစ်သော်လည်း စစ်ကူများမှာ မြစ်ရေစီးသကဲ့သို့ အဆက်မပြတ် ရောက်ရှိလာနေဆဲပင် ဖြစ်သည်။

"ဂိုဏ်းချုပ်"

"မြို့ပြင် မိုင်တစ်ရာအကွာအဝေးကို ပြန်လည် သိမ်းပိုက်ပြီးပါပြီ... ဒါပေမဲ့ အရပ်လေးမျက်နှာလုံးကနေ ဟွမ်ရှားလူမျိုးစု စစ်ကူတွေ ရောက်လာနေပါတယ်... အကြမ်းဖျင်း ခန့်မှန်းချက်အရ စစ်သည်အင်အား ဆယ်သန်းကျော် လောက် ရှိပါတယ်"

“ဂိုဏ်းချုပ်အနေနဲ့ ဘယ်လို ဆက်လုပ်မလဲဆိုတာ ညွှန်ကြားပေးပါ”

ပညာရှိ ဝတ်စုံကို ဝတ်ဆင်ထားသော အကြီးအကဲတစ်ဦးက ကောင်းကင်ယံမှ ဆင်းသက်လာကာ စိုးရိမ်တကြီး တင်ပြလာလျှင် ကျုံးချီထျန်း မျက်မှောင်ကြုတ်လိုက်မိ၏။

"ရှေ့တန်းတပည့် တစ်သိန်းကို မြို့ပြင်မှာ ချန်ထားပြီး တိုက်ခိုက်ခိုင်းထား... ကျန်တဲ့သူတွေ အားလုံး မြို့ထဲပြန်ဝင်ပြီး အနားယူကြ"

“အဆင့်မြင့် အကြီးအကဲတွေ အားလုံးကိုလည်း အမြန်ဆုံး ပြန်လာဖို့ အကြောင်းကြားလိုက်...မြို့ကို ကာကွယ်နေတဲ့ အစီအရင်အတွက် စွမ်းအင်တွေကို အဆက်မပြတ် ထောက်ပံ့ပေးနိုင်ဖို့ ဝိညာဉ်စွမ်းအင် လည်ပတ်မှု အစီအရင် ကို တည်ဆောက်ရမယ်”

သူသည် အမိန့်များကို ပြတ်သားစွာ ထုတ်ပြန်လိုက်သည်။

ဘိုးဘေးက လောကထဲ ပြန်ဆင်းလာမည်ဖြစ်ပြီး သူတို့ကို ယုံကြည်မှု အပြည့်ဖြင့် အရင်းအမြစ်များစွာ ပေးအပ်ထားသည် မဟုတ်ပါလော။

သူတို့ကဲ့သို့သော နောက်မျိုးဆက်များအနေဖြင့် ဘိုးဘေး၏ မျက်နှာကို မပျက်စေရန် အစွမ်းကုန် ကြိုးစားရမည်ဖြစ်ကာထျန်းမြို့တော်ကိုလည်း လုံးဝ အကျခံ၍ မဖြစ်ပေ။

ညွှန်ကြားချက်များ ထွက်ပေါ်လာပြီးနောက် မကြာမီ တပည့်အများစုသည် သက်ဆိုင်ရာ အကြီးအကဲများ၏ ဦးဆောင်မှုဖြင့် မြို့ထဲသို့ ပြန်ဝင်လာကြပြီးဒဏ်ရာများကို ကုသကာ ဝိညာဉ်စွမ်းအင်များပြန်လည် ဖြည့်တင်းနေကြလေသည်။ အပြင်ဘက်တွင်မူ လူတစ်သိန်းပါဝင်သော တပ်ဖွဲ့တစ်ခုသာ ကျန်ရစ်ခဲ့ပြီး အဖွဲ့ငယ်များပြန်လည် ခွဲဖြန့်လိုက်ပြီး နဂါးပျံများသဖွယ် ဟွမ်ရှားလူမျိုးစု၏ အပြင်ဘက်စည်းကို ရံဖန်ရံခါ ဝင်ရောက်တိုက်ခိုက်နေကြသည်။

ဟွမ်ရှားစစ်တပ်၏ အနောက်ဘက်တွင်မူ ပေတစ်ထောင်ခန့် ကြီးမားလှသော ဧရာမ ပုတ်သင်ညိုကြီးနှစ်ကောင်မှာ အသတ်ခံလိုက်ရပြီး မည်းနက်နေသော အလောင်းကြီးများအဖြစ်ကျန်ရှိနေ၏။ ပတ်ဝန်းကျင် မိုင်တစ်ထောင်အတွင်းရှိ သဲကန္တာရမှာလည်း ပြင်းထန်သော လျှပ်စီးစွမ်းအားများကြောင့် ဖန်သားပြင်ကြီးတစ်ခုအလား အရည်ပျော်နေခဲ့သည်။

အကြီးအကဲဆွန် သည် ကောင်းကင်မိုးကြိုးဟိန်းသံဓားကို ကိုင်ဆောင်လျက် ကောင်းကင်ယံ၌ ခံ့ညားစွာ ရပ်နေပြီးသူ၏ အောက်ဘက်တွင် မျက်ကန်းပုရောဟိတ် နှင့် အရိုးစုခေါင်းဆောင်တို့သည် မောပန်းနွမ်းနယ်နေပြီး အခြေအနေ ဆိုးရွားနေသည်။ မျက်ကန်းပုရောဟိတ်၏ ကျောပေါ်ရှိ ဖာရိုဘုရင် သစ်သားရုပ်တုမှာလည်း ထက်ဝက်ခန့် ကျိုးပဲ့ ပျက်စီးနေပြီ ဖြစ်သည်။

“ဒီလူသားက... တကယ်ကို ကြောက်စရာကောင်းတာပဲ”

“သူ့လက်ထဲက ဓားက... အဆင့်မြင့် ဖန်ဆင်းခြင်း လက်နက် ဖြစ်ရမယ်”

မျက်ကန်းပုရောဟိတ်သည် တစ်ကိုယ်လုံး သွေးများဖြင့် ရွှဲနစ်နေပြီး သူ၏ ဟာလာဟင်းလင်းဖြစ်နေသော မျက်တွင်းကြီးများဖြင့် ကောင်းကင်ယံကို ကြည့်လိုက်သည်။

“ငါတို့ မျိုးနွယ်စုက စစ်သည်တွေ တစ်ဝက်ကျော် သေကုန်ပြီ... မျိုးနွယ်စုခေါင်းဆောင် ဆီကနေ စစ်ကူတောင်းမှ ဖြစ်မယ်... မဟုတ်ရင်... ငါတို့အားလုံး ဒီနေရာမှာပဲ မြေမြှုပ်ခံရလိမ့်မယ်...”

အရိုးစုခေါင်းဆောင်၏ အခြေအနေမှာ ပို၍ပင် ဆိုးရွားလှသည်။ သူ၏ မျက်နှာတစ်ခြမ်းမှာ ပျောက်ကွယ်နေပြီး ဒဏ်ရာများမှာ လောင်ကျွမ်းထားသည့် အစွန်းအထင်းများဖြင့် ပြည့်နေသည်။လက်တစ်ဖက်လည်း အမြစ်မှ ပြတ်ထွက်နေကာ သူတို့နှစ်ဦးသည် တစ်ဦးကိုတစ်ဦး ဖေးမရင်း ဆွန်အကြီးအကဲ၏ တိုက်ခိုက်မှုအောက်တွင် အသက်လုနေရ၏။

အရိုးစုခေါင်းဆောင် ဆုတ်ခွာချင်နေသည်ကိုသိသောအခါ မျက်ကန်းပုရောဟိတ်၏ မျက်နှာမှာ ရက်စက်ကြမ်းကြုတ်သွားလေသည်။

"စစ်မထွက်ခင်တုန်းက နတ်ဘုရားသားတော် နဲ့ မဟာခေါင်းဆောင်ကြီးတို့ သတိပေးထားတယ်လေ... သေတဲ့အထိ တိုက်ရမယ်... ဆုတ်ခွာခွင့် မရှိဘူး... မဟုတ်ရင် မျိုးနွယ်စု တစ်ခုလုံး ယဇ်ပူဇော်ခံရမယ်ဆိုပြီး"

"မင်း မေ့နေတာလား...ငါတို့ မျိုးနွယ်စုထဲက ကလေးတွေကို..."

"ဒီနေ့ ငါတို့ အသက်စွန့်ပြီး တိုက်ရမယ်... ယဇ်ပူဇော်ခြင်း နည်းစနစ် ကို သုံးပြီး သဲကန္တာရနတ်ဘုရားရဲ့ စိတ်ဆန္ဒကို ဆင့်ခေါ်ရမယ်"

ထိုစကားကြောင့် အရိုးစုခေါင်းဆောင် တိတ်ဆိတ်သွားပြီးနောက် သူ၏ မျက်လုံးများတွင် ပြတ်သားသော အရိပ်အယောင်များ ပေါ်လာတော့သည်။

“ဟေ့... မင်းတို့ ဟွမ်ရှားကောင်တွေ... သေခါနီးမှာ စကားပြောလို့ ပြီးကြပြီလား”

အကြီးအကဲဆွန်က လှောင်ပြောင်လိုက်သည်။

ထို့နောက် ကောင်းကင်မိုးကြိုးဟိန်းသံဓားကို မြှောက်လိုက်ပြီး ကိုးဆင့်ကောင်းကင်မိုးကြိုးစွမ်းအားများကို စုစည်းကာ သူတို့ကို တစ်ချက်တည်းဖြင့် အဆုံးသတ်ပေးရန် ပြင်ဆင်လိုက်သည်။ သို့သော် အောက်ဘက်ရှိ ဟွမ်ရှားခေါင်းဆောင် နှစ်ဦးမှာ လက်ချင်းချိတ်ကာ ဆန်းကြယ်သော မန္တန်များကို ရွတ်ဆိုနေသည်ကို တွေ့လိုက်ရသည်။ သူတို့၏ ခန္ဓာကိုယ်များနှင့် ပတ်ဝန်းကျင်၌ ကျန်ရှိနေသော ဟွမ်ရှားစစ်သည်များစွာ၏ ခန္ဓာကိုယ်များမှာ ရုတ်တရက် ဝေဝါးလာ‌၏။ မည်သည့် နတ်ဘုရားစွမ်းရည် သို့မဟုတ် လက်နက်များကမျှ သူတို့ကို ထိခိုက်စေနိုင်ခြင်း မရှိတော့ဘဲ ထူးခြားသော အငွေ့အသက်တစ်ခုမှာ ကောင်းကင်ယံ၌ စတင် စုစည်းလာလေသည်။

"ဟင်"

"ဘာမိစ္ဆာအတတ်လဲ"

"ကောင်းကင်မိုးကြိုး... ဆင်းသက်စမ်း"

အကြီးအကဲဆွန် ဒေါသတကြီး အော်ဟစ်လိုက်ပြီး လက်ထဲမှ မိုးကြိုးဓားကို ဝှေ့ယမ်းလိုက်ရာ မရေမတွက်နိုင်သော မိုးကြိုးများ တိုက်ရိုက် ကျဆင်းလာတော့သည်။

All Chapters