← Chapters

အခန်း (၃၅၃-၃၅၄)

Vol. 36 Ch. 353-354

အခန်း (၃၅၃-၃၅၄)

Vol. 36 Ch. 353-354

အပိုင်း (၃၅၃)

ကျူးရုမိစ္ဆာမျိုးနွယ်သည် အလွန်ပင် အရပ်ပုကာ ကျူးရုမိစ္ဆာတစ်‌ကောင်ချင်းစီ၏ ခွန်အားသည် လူသားများလောက်ပင် စွမ်းဆောင်နိုင်စွမ်းမရှိဘဲ ရုပ်ရည်မှာလည်း အကျည်းတန် အရုပ်ဆိုးလှသည်။ မိစ္ဆာနယ်မြေအတွင်းပင်လျှင် တစ်ချိန်က ကျူးရုမိစ္ဆာများသည် ကျေးကျွန်များသဖွယ်ဆက်ဆံခံခဲ့ရလေသည်။ အစွမ်းထက်သော မိစ္ဆာမျိုးနွယ်များစွာသည် မိစ္ဆာကျင့်စဉ်များ ကျင့်ကြံရန်အတွက် ကျူးရုမိစ္ဆာများကို သတ်ဖြတ်ရသည်ကို နှစ်သက်ကြကာ သူတို့ကို တိရစ္ဆာန်များသကဲ့သို့ လှောင်အိမ်များဖြင့် မွေးမြူထားလေ့ရှိကြသည်။

ကျူးရုမိစ္ဆာမျိုးနွယ်စုတစ်ခုလုံးသည် အခြေခံအားဖြင့် မည်သည့်အဆင့်အတန်းမှ မရှိခဲ့ချေ။ သို့သော်လည်း လွန်ခဲ့သော နှစ်ရာပေါင်းများစွာက ကျူးရုမျိုးနွယ်စုမှ ကျူးရုတစ်ဦးသည် မိုဟယ်နတ်ဘုရား ချန်ရစ်ခဲ့သော ငရဲထိန်းချုပ်မှု ကျောက်တိုင်နက်ကို ရရှိသွားခဲ့သည်။ ထိုသူသည် ငရဲထိန်းချုပ်မှု မိစ္ဆာကျမ်းစာကို အောင်မြင်စွာ ကျင့်ကြံနိုင်ခဲ့ရုံသာမက သူ၏ကျင့်ကြံခြင်း အဆင့်သည်လည်း တဟုန်ထိုး မြင့်တက်လာကာ မိစ္ဆာသူတော်စင်အဆင့်သို့ တိုက်ရိုက်ရောက်ရှိသွားပြီး ကျူးရုမိစ္ဆာမျိုးနွယ်စုတစ်ခုလုံးကို စုစည်းခဲ့သည်။

ထိုအချိန်မှစ၍ ယခင်ကအားနည်းခဲ့သောကျူးရုမိစ္ဆာမျိုးနွယ်စု၏ အခြေအနေများကို ပြောင်းလဲပစ်ကာ အင်အားကြီး မိစ္ဆာမျိုးနွယ်စုများနှင့် ပခုံးချင်းယှဉ်နိုင်သည်အထိ အဆင့်အတန်းမြှင့်တက်လာခဲ့သည်။ ထိုသည်က ယခင်က နဂါးတံဆိပ် ဟုခေါ်သော မှတ်တမ်းစာအုပ်ထဲတွင် ရေးသားထားသော အခြေအနေများ ဖြစ်သည်။ သိသာထင်ရှားစွာပင်ယခုမိစ္ဆာနယ်မြေအသေးစားလေးအတွင်း၌လည်း အလားတူအခြေအနေမျိုးကို ပုံတူကူးချထားခဲ့သဖြင့် ကျုံးရှန်တို့ရင်ဆိုင်ရမည့် ကျူးရုမိစ္ဆာများသည် သာမန်မဟုတ်သော အစွမ်းအစများ ရှိနေသည်။

သူတို့သည် သာမန် မိစ္ဆာမျိုးနွယ်စုများထက် များစွာ သာလွန်နေခဲ့သောကြောင့်သာ ယခုကဲ့သို့ အထပ်တစ်ရာကျော်ရှိသော မိစ္ဆာနယ်မြေအတွင်း ရှင်သန်နေနိုင်ခြင်းဖြစ်သည်။ မိစ္ဆာနယ်မြေသည် အဆုံးအစမရှိဘဲ မြောက်မြားစွာသော အထပ်အလွှာများ ရှိသည်ဟု ကျော်ကြားသော်လည်း ယခုမိစ္ဆာနယ်မြေအသေးစားမှာမူ ထိုသို့ မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ယင်းသည် ပုံတူကမ္ဘာတစ်ခုသာ ဖြစ်ခြင်းကြောင့် ဖြစ်သည်။

ကျုံးရှန်သည် သူ၏ နတ်ဘုရားအာရုံဖြင့် ဖြန့်ကျက်စစ်ဆေးကြည့်လိုက်သောအခါ မိစ္ဆာနယ်မြေအသေးစားလေးတွင် စုစုပေါင်း အထပ်ကိုးထောင့်ကိုးရာကိုးဆယ့်ကိုးထပ် ရှိကြောင်း တွေ့လိုက်ရသည်။ ယင်းသည် အထပ်ပေါင်း တစ်သောင်းသို့ မရောက်ရှိသေးပေ။ သို့သော်လည်း ထိုမျှသည်ပင် အထပ်လတ်တစ်ထောင်ကမ္ဘာ(အလယ်အလတ်ကမ္ဘာ)တစ်ခု၏ ပမာဏနှင့် ညီမျှနေ၏။

ကောင်းကင်တက်လှမ်းခြင်းမျှော်စင်အတွင်းရှိ အထပ်တစ်ထောင်တိုင်းတွင် ရှိသောဟင်းလင်းပြင်ကမ္ဘာများ၏ အရွယ်အစားမှာ တစ်ခုနှင့်တစ်ခုတူညီခြင်းမရှိချေ။ ဂူမုံမြက်ခင်းပြင်ကမ္ဘာ၏ အကျယ်အဝန်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းရှိ ပြည်နယ်တစ်ခုနှင့်ပင် နှိုင်းယှဉ်၍ မရဘဲ သာမန် မြေမှုန့်ကမ္ဘာငယ်လေးတစ်ခု၏ အရွယ်အစားခန့်သာ ရှိသည်။ ထို့အပြင် နှစ် ဆယ်သန်းကြာတိုင်းတွင် သက်ရှိအားလုံးကိုဖျက်စီးပစ်ကာ အသစ်တစ်ဖန် ပြန်လည်စတင်လေ့ရှိလေသည်။

အထက် လှေကားထစ်များစီသို့ တက်လှမ်းလိုက်တိုင်းတွင် ထိုပိုမြင့်သောအထပ်များတွင်ရှိသည့် အထပ်တစ်ထောင်ကမ္ဘာများသည်လည်း ပိုမို ကြီးမားကျယ်ပြန့်လာသည်။ ရှန့်ကျိုးအသေးစားကမ္ဘာကို ကြည့်မည်ဆိုပါက ယင်းသည် ကမ္ဘာငယ်တစ်ခုဖြစ်သော်လည်း အကျယ်အဝန်းသည် အလယ်အလတ်ကမ္ဘာတစ်ခုနှင့် တူညီလုနီးပါးဖြစ်နေသည်။ ထို့ကြောင့် ယခု မိစ္ဆာနယ်မြေအသေးစားလေးသည်လည်း ထိုသဘောတရားအတိုင်းပင် ဖြစ်သည်။

အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ခုနှင့်တူညီသော နယ်မြေနှစ်ခုဖြင့်ဖွဲ့စည်းထားခြင်းဖြစ်သည်။ ယခုကဲ့သို့ ကမ္ဘာသစ်ဖန်တီးမှုအနုပညာသည် ကြီးမားသော ဖန်ဆင်းခြင်းလက်ရာတစ်ခုဖြစ်သည်။ အဘယ်ကြောင့်ဆိုသော်ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းတွင်ပင် အလယ်အလတ်ကမ္ဘာတစ်ခုကို ပိုင်ဆိုင်နိုင်သော အင်အားစုဆိုသည်မှာ အလွန် အစွမ်းထက်လှသော တည်ရှိမှုများ ဖြစ်၏။

အလယ်အလတ်ကမ္ဘာတစ်ခု၏ စွမ်းအားကို အသုံးပြုလိုက်ပါက အစစ်အမှန်နတ်ဘုရားနယ်ပယ် အဆင့် ၃ကျင့်ကြံသူတစ်ဦးပင် ဆုတ်ခွာသွားရပေမည်။ ထိုအချက်သည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ရှန့်ကျိုးကမ္ဘာငယ်ကို ပုံတူကူးချရန်အတွက်အားထုတ်မှုမြောက်မြားစွာ ပြုလုပ်ခဲ့ကြောင်း သက်သေပြနေသည်။ ထို့အပြင် ယခုကမ္ဘာသည် အဋ္ဌမမြောက် အထပ်တစ်ထောင်ကမ္ဘာသာ ဖြစ်သည်။

အထက်သို့ ဆက်သွားလျှင် နဝမမြောက် အထပ်တစ်ထောင်ကမ္ဘာ ရှိသေးပြီး လှေကားအထပ်တစ်သောင်း ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏အထွတ်အထိပ်တွင်လည်း နောက်ထပ်ကမ္ဘာတစ်ခု ရှိနေဦးမည် ဖြစ်သည်။ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ အထွတ်အထိပ်သည် ဒဏ္ဍာရီလာ ကောင်းကင်ဘုံနှင့် ဆက်သွယ်ထားသည်ဟု ငရဲပြည်အတွင်း၌ ကောလာဟလများ ထွက်ပေါ်နေခြင်းမှာ အံ့ဩစရာ မရှိတော့ချေ။

မျှော်စင် အထွတ်အထိပ်ရှိ နောက်ဆုံး အထပ်တစ်ထောင်ကမ္ဘာတွင် ယခုအထပ်ထက်ပိုမိုထူးခြားသော ဆန်းကြယ်မှုများ ရှိနေနိုင်သည်။ ကျူးရုမိစ္ဆာမျိုးနွယ်စုအတွင်း အားအနည်းဆုံးသူသည်ပင်လျှင် နိယာမနယ်ပယ် အဆင့် ၇ သို့မဟုတ် အဆင့် ၈ အစွမ်းအစ ရှိနေကြကာ သေမျိုးကျူးရုမိစ္ဆာများသည်ပင် အိုမင်းမစွမ်းသူများနှင့် နာမကျန်းဖြစ် နေသူများ လုံးဝမရှိကြပေ။

သို့မဟုတ်ပါက အထပ်တစ်ရာကျော်ရှိသော ဤနေရာတွင် ရှင်သန်နိုင်မည်မဟုတ်သောကြောင့်ဖြစ်သည်။ မျိုးနွယ်စုအတွင်း၌ နိယာမနယ်ပယ် အဆင့် ၂၄ ဟင်းလင်းပြင် ဖြတ်ကျော်ခြင်းအဆင့်ရှိ အစွမ်းထက်သူများ ရှိနေကြသည်။ ထိုအဆင့်သည် ကျုံးရှန် တောင်ပေါ်မှ ဆင်းမလာမီတွင်ရှိသည့် ကျုံးချီထျန်းနှင့် ကျုံးချီမင် ညီအစ်ကိုနှစ်ဦး၏ ကျင့်စဉ်အဆင့်နှင့်အတူတူပင်ဖြစ်သည်။

သူတို့သည် အထပ်တစ်ရာကျော်ရှိသည့် မိစ္ဆာနယ်မြေအသေးစားတွင် အစွမ်းထက်လှသော ခေါင်းဆောင်ကြီးများဟု ဆိုနိုင်သော်လည်း ကျုံးရှန်အတွက်မူ လွယ်ကူလွန်းသောပစ်မှတ်များသာဖြစ်သည်။ သို့သော်လည်း ကျန်းရှောင်နှင့် ယွမ်ရှုံတို့အတွက်မူ ထိုအဆင့်ရှိမိစ္ဆာမျိုးနွယ်များနှင့်သွားရောက်တိုက်ခိုက်ခြင်းသည် ကိုယ့်ကိုကိုယ်သတ်သေခြင်းနှင့်မခြားနားချေ။

"အစ်ကိုကျုံးကျန်း... ကျွန်တော်တို့ တကယ်ပဲ ဒီလောက်အစွမ်းထက်တဲ့ မိစ္ဆာမျိုးနွယ်စုကို ရင်ဆိုင်ကြရမှာလား..."

ကျန်းရှောင်သည်အနည်းငယ် စိုးရိမ်နေသောလေသံဖြင့် မေးလိုက်သည်။ အကြောက်အရွံ့ကင်းသော ယွမ်ရှုံပင်လျှင် အနည်းငယ် စိုးရိမ်ပူပန်နေခြင်းဖြစ်သည်။

"ညီအစ်ကိုတို့ မစိုးရိမ်ကြနဲ့... မင်းတို့က ဘေးကနေ ထောက်ပံ့ပေးရုံပဲ... အားလုံး ငါ့ကိုသာ လွှဲထားလိုက်..."

ကျုံးရှန်၏ ကိုယ်ပိုင်ကျင့်ကြံမှုအစစ်အမှန်သည် သူတော်စင်အဆင့် အဆင့် ၃ သို့ ရောက်ရှိနေပြီဖြစ်သည်။ ခွန်အားခြင်းယှဥ်မည်ဆိုလျှင် ထာဝရအရှင်အဆင့်မှ မိစ္ဆာအိုကြီးများနှင့်ပင် အကြိတ်အနယ် ယှဉ်ပြိုင်နိုင်စွမ်း ရှိလေသည်။ သို့ဖြစ်ရာ ကျူးရုမိစ္ဆာမျိုးနွယ်စုကို သတ်ဖြတ်ခြင်းသည် ပုရွက်ဆိတ်တစ်အုပ်ကို ဖိသတ်လိုက်ခြင်းနှင့် ခြားနားမှုမရှိချေ။

ကျုံးရှန်၏စကားများကိုကြားလျှင် ကျန်းရှောင်နှင့် ယွမ်ရှုံတို့လည်း ကိုးကွင်းပါ ဆေဘာဓားကြီးများကို ကိုင်ဆောင်ထားလိုက်ကြကာ သူ၏ အမိန့်အတိုင်းသာ နာခံရန် ဆုံးဖြတ်လိုက်ကြသည်။

"အာ့ဆိုရင် ကျွန်တော်တို့ အနောက်တန်းကနေ ထောက်ပံ့ပေးမယ်..."

ထိုသို့ပြောပြီးနောက်တွင် ခန္ဓာကိုယ်အတွင်း၌ကျင့်စဉ်လည်ပတ်လိုက်ပြီး ဓားများအတွင်းသို့ စွမ်းအင်များထိုးသွင်းကာ တိုက်ခိုက်မှုစတင်လိုက်ကြသည်။ ကျန်းရှောင်နှင့် ယွမ်ရှုံတို့နှစ်ဦးထံမှ ပေတစ်ရာခန့် ရှည်လျားသော ဓားအလင်းတန်းများထွက်ပေါ်လာကာ ကြယ်တံခွန်များကဲ့သို့ ကျူးရုမိစ္ဆာမျိုးနွယ်စုအတွင်းသို့ ကျဆင်းသွားသည်။ မျက်စိတစ်မှိတ်အတွင်းပင် ဓားအလင်းတန်း ရာပေါင်းများစွာကို ဝှေ့ယမ်းလိုက်ကြခြင်းဖြစ်သည်။

ဓားအလင်းတန်း တစ်ခုစီသည် နိယာမ နယ်ပယ်အဆင့် ၁၈ရှိသော ရွှေအမြုတေအဆင့် ကျင့်ကြံသူတစ်ဦး၏ အစွမ်းကုန် တိုက်ခိုက်မှုနှင့် ညီမျှလေသည်။ ယင်းတို့သည် မျိုးနွယ်စုအတွင်းသို့ ကျရောက်သွားကာ ကျယ်လောင်သော ပေါက်ကွဲသံကြီးများဆက်တိုက် ဖြစ်ပေါ်လာသည်။ ထိုဓားအလင်းမိုးများ အောက်တွင်နိယာမနယ်ပယ် အဆင့် ၁၄ အောက် ကျူးရုမိစ္ဆာများအားလုံး ပွဲချင်းပြီး သေသွားကြသည်။

အဆင့် ၁၄ မှ အဆင့် ၁၈ အထိရှိသော မိစ္ဆာများသည်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိသွားကာ အသက်ငင်နေကြသည်။

"တကယ်ကိုအားရစရာပဲ... ဒီဓားတွေကတကယ်မိုက်လိုက်တာ..."

ထိုကဲ့သို့သော ပြင်းထန်သည့် တိုက်ခိုက်မှုသည် ကျန်းရှောင်နှင့် ယွမ်ရှုံတို့ကို အဆင့်ကျော်လွန်၍ သတ်ဖြတ်ရသော အရသာကို ခံစားလိုက်ရစေသည်။ ကိုးကွင်းပါ ဆေဘာဓားများသည် အလွန်ကောင်းမွန်သော ထိပ်တန်းအဆင့်ရတနာ ဖြစ်သည်မှာ အသေအချာပင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူတို့နှစ်ဦး၏ နိယာမ အဆင့် ၉ ကျင့်ကြံမှုဖြင့်ပင် ချီစွမ်းအင်အနည်းငယ် အသုံးပြုရုံဖြင့် ဓားအလင်းတန်းများကို ထုတ်လွှတ်နိုင်သောကြောင့်ဖြစ်သည်။

သူတို့နှစ်ဦး အနည်းငယ် ဂုဏ်ယူဝင့်ကြွားနေချိန်တွင် ကျူးရုမိစ္ဆာမျိုးနွယ်စုအတွင်းမှ အနက်ရောင် အလင်းတန်းအချို့ ကောင်းကင်သို့ ထိုးတက်လာကာ အလွန်ပြင်းထန်လှသော မိစ္ဆာစွမ်းအင်များနှင့်အတူ မည်းနက်နေသော လက်ကြီးတစ်ဖက်ထွက် ပေါ်လာသည်။

"မိုက်မဲတဲ့ လူသားတွေ... နိယာမနယ်ပယ် အဆင့် ၉ လောက်လေးနဲ့ ငါတို့ ကျူးရုမိစ္ဆာမျိုးနွယ်စုကို လာပြီး တိုက်ခိုက်ရဲတယ်ပေါ့..."

"ဟမ်... မင်းတို့ လက်ထဲက ဓားနှစ်လက်က တော်တော်ကောင်းတာပဲ..."

"မင်းတို့ရဲ့အပြစ်ကြွေးဆပ်တဲ့ အနေနဲ့ ဒီဓားတွေကို ထားခဲ့လိုက်..."

"ငါ့ဘက်ကကျေးဇူးတုန့်ပြန်တဲ့အနေနဲ့ မင်းတို့ရဲ့ ဝိညာဉ်တွေကို မိစ္ဆာမီးတောက်ပေါ်မှာ နှစ်တစ်ရာလောက် ကင်ပေးပြီး မီးလောင်တဲ့ ဒုက္ခကို နှစ်တစ်ရာလောက် ခံစားခိုင်းမယ်..."

မိစ္ဆာနယ်မြေ၏ ကောင်းကင်ယံတွင် အေးစက်စက် အသံတစ်သံ ထွက်ပေါ်လာသည်။

ထို့နောက် မည်းနက်နေသော မိစ္ဆာလက်ကြီးနှင့် မိစ္ဆာစွမ်းအင်များသည် ကျန်းရှောင်နှင့် ယွမ်ရှုံတို့နှစ်ဦး၏ ဦးခေါင်းပေါ်သို့ အရှိန်ဖြင့်ကျဆင်းလာသည်။

"အစ်ကိုကြီး..."

သူတို့နှစ်ဦးသည် အလန့်တကြား အော်ဟစ်လိုက်ကြသည်။ သူတို့၏စကားသံမဆုံးသေးခင်အချိန်တွင်ပင် ဖြူစင်လှသည့်လက်ကြီးတစ်ဖက်သည် ကောင်းကင်မှ ကျဆင်းလာကာ မည်းနက်နေသော လက်ကြီးနှင့် မိစ္ဆာစွမ်းအင်များကို ရိုက်ချလိုက်သည်။ "ဒါက..."

"ဘယ်က အစွမ်းထက်ပုဂ္ဂိုလ် ရောက်လာတာလဲ..."

"ငါတို့က ကျူးရု ဟေးယန့် ရဲ့ လက်အောက်ငယ်သားတွေပါ..."

"မလုပ်ပါနဲ့..."

နောက်တစ်ခဏတွင် ထိုဖြူစင်သော လက်ဝါးကြီးသည် ကျူးရုမိစ္ဆာမျိုးနွယ်စုတစ်ခုလုံးကို ဖိချလိုက်သဖြင့် မျိုးနွယ်စုတစ်ခုလုံး ထိုလက်ဝါးအောက်တွင် ပျောက်ကွယ်သွား လေတော့သည်။ ထိုနေရာတွင် ကျူးရုမိစ္ဆာများ ချန်ရစ်ခဲ့သော မိစ္ဆာလက်နက် အစိတ်အပိုင်းအချို့သာ ကျန်ရှိနေခဲ့၏။ ထိုသည်မှာ ကျုံးရှန် တမင်တကာ ပြုလုပ်ခဲ့ခြင်းဖြစ်ကာ ကျန်းရှောင်နှင့် ယွမ်ရှုံတို့နှစ်ဦးအတွက် ချန်ထားပေးခြင်း ဖြစ်သည်။

သူတို့နှစ်ဦးသည် သူ့ကိုအစ်ကိုကြီး ဟုခေါ်ဆိုနေကြသဖြင့် ကျုံးရှန်သည်အကျိုးအမြတ်အချို့ပေးရန် ဆုံးဖြတ်ခဲ့လေသည်။

"အစ်ကိုကျုံးကျန်း... အစ်ကို့ရဲ့ ကျင့်ကြံမှုက..."

ကျန်းရှောင်နှင့် ယွမ်ရှုံတို့နှစ်ဦးလုံး လုံးဝ အံ့ဩသွားကြက နောက်သို့လှည့်ကြည့်လိုက်လျှင် မျက်နှာပေါ်တွင် အပြုံးတစ်ခုနှင့် မူလနေရာတွင်ပင် မတ်တပ်ရပ်နေသေးသော ကျုံးရှန်ကို တွေ့လိုက်ရသည်။ ယခုလေးတင် တိုက်ခိုက်ခဲ့သူမှာ သူမဟုတ်သကဲ့သို့ပင် ဖြစ်၏။ ထိုလက်ဝါးရိုက်ချက်သည် မည်သည့် စွမ်းအင်လှိုင်းမျှ ဖြာထွက်ခြင်းမရှိဘဲ ကျူးရုမိစ္ဆာမျိုးနွယ်စု တစ်ခုလုံးကို ဖျက်ဆီးပစ်လိုက်ခြင်းဖြစ်သည်။

"ကြောင်ပြီးရပ်မနေကြနဲ့.."

"လက်နက်တွေနဲ့ ရတနာတွေကို မြန်မြန် သိမ်းလိုက်... ငါတို့ နောက်မျိုးနွယ်စုတစ်ခုကို ဆက်သွားကြမယ်..."

သူ၏ စကားကို ကြားသောအခါမှသာ သူတို့နှစ်ဦး သတိဝင်လာကြပြီး ခေါင်းကို အဆက်မပြတ် ညိတ်ကာ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော အကြွင်းအကျန်မိစ္ဆာလက်နက်များနှင့် မှော်ရတနာများကို အလျင်အမြန် စတင် သိမ်းဆည်းကြသည်။ သူတို့နှစ်ဦးအတွက် ထိုအရာများသည် တန်ဖိုးမဖြတ်နိုင်သော စည်းစိမ်တစ်ခု ဖြစ်သည်။ ကျုံးရှန်သည် အလွန် စိတ်ရှည်စွာဖြင့် သူတို့နှစ်ဦး သိမ်းဆည်းပြီးသည်အထိ စောင့်ဆိုင်းနေခဲ့ပြီးနောက်မှသာ နောက်ထပ်နေရာတစ်ခုသို့ ဦးတည်ထွက်ခွာခဲ့လေသည်။

သူတော်စင်လက်နက်အဆင့်သို့ပင် မရောက်ရှိသေးသော ထိုမိစ္ဆာလက်နက်များကို သူ အနည်းငယ်မျှ ဂရုမစိုက်ချေ။ ယခုအချိန်တွင် ဖန်ဆင်းခြင်းအဆင့်ရှိသော ရတနာများသာလျှင် သူ့ကို အနည်းငယ်မျှ စိတ်ဝင်စားမှု ဖြစ်ပေါ်နိုင်စေတော့သည်။ ထိုရတနာများသည်ပင် သူကိုယ်တိုင် အသုံးပြုရန်မဟုတ်ဘဲ သူ၏ မျိုးဆက်သစ် လူငယ်များအတွက်သာ ဖြစ်သည်။

အပိုင်း (၃၅၄)

အထပ်တစ်ထပ်ချင်းစီရှိ မိစ္ဆာနယ်မြေ၏ အကျယ်အဝန်းသည် အလွန်ကြီးမားလှခြင်းမရှိဘဲ မိုင်ပေါင်း သန်းနှင့်ချီ၍သာ ရှိသည်။ ထိုပမာဏသည် ကြောက်စရာကောင်းသည်ဟု ထင်ရလေသည်။ သို့သော်လည်း ပြင်ပလောကရှိ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးအတွင်းမှ မည်သည့် ပြည်နယ်တစ်ခုမဆို မိုင်ပေါင်း သန်းနှင့်ချီ၍ ကျယ်ဝန်းလှသဖြင့် ထိုအကျယ်အဝန်းသည် ကြောက်စရာကောင်းသည်ဟု မဆိုသာတော့ချေ။

ကျုံးရှန်သည် ကျန်းရှောင်နှင့်ယွမ်ရှုံတို့နှစ်ဦးကို ခေါ်ဆောင်ကာ တစ်ထပ်လုံးရှိ မိစ္ဆာမျိုးနွယ်စုများကို ရှင်းလင်းပစ်ခဲ့သည်။ သူသည် အကြိမ်တိုင်းတွင် ကျန်းရှောင် နှင့် ယွမ်ရှုံ တို့ကို အရင် တိုက်ခိုက်ခိုင်းပြီး မျိုးနွယ်စုအတွင်းရှိ အစွမ်းအထက်ဆုံးသူ ထွက်လာမှသာ လက်ဝါးတစ်ချက်ဖြင့် အရာအားလုံးကို ဖျက်ဆီးပစ်ခြင်း ဖြစ်သည်။ ထိုသို့ အသတ်ခံလိုက်ရသော မိစ္ဆာမျိုးနွယ်စုများသည် အကူအညီတောင်းခံသည့် အချက်ပြမှုပင် ပို့ဆောင်နိုင်ခြင်း မရှိခဲ့ကြပေ။

ထိုအထပ်အတွင်းသို့ ဝင်ရောက်စွန့်စားနေကြသော လူသား အစွမ်းထက်သူ အများအပြားသည်လည်း ကျုံးရှန်၏ကြီးမားလှသော နတ်ဘုရားစွမ်းအင်များကို မြင်တွေ့ခဲ့ကြရသည်။

ဖြူစင်လှသော လက်ဝါးကြီးတစ်ဖက် ကောင်းကင်မှ ကျဆင်းလာကာ တစ်ချက်တည်းဖြင့် မျိုးနွယ်စုများကို ဖျက်ဆီးပစ်ခြင်း။

ထိုဖြစ်စဉ်တစ်ခုလုံးတွင် မည်သည့် ရပ်တန့်မှု သို့မဟုတ် ခုခံမှုမျှ မရှိခဲ့ချေ။ သို့သော်လည်း သူတို့သည် ကျုံးရှန်၏ တိုက်ခိုက်မှုများကို မမြင်တွေ့ရဘဲ ကျန်းရှောင်နှင့် ယွမ်ရှုံတို့နှစ်ဦးသည်သာ အဓိကတိုက်ခိုက်မှုများကိုလုပ်ဆောင်သဖြင့် သူတို့နှစ်ဦးပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟုသာ ထင်မှတ်နေသည်။ ထို့ကြောင့်ပင် ထိုလူနှစ်ဦးသည် အစွမ်းကို ဖုံးကွယ်ထားသော ထိပ်တန်းပညာရှင်များ ဖြစ်မည်ဟု တွေးတောမိသွားကြသည်။

"နောက်တစ်ထပ်ကို...သွားကြစို့... "

ကျုံးရှန်သည် အလွန်ပင်တည်ငြိမ်နေသည်။ သူသည် မိစ္ဆာမျိုးနွယ်များအပေါ် အနည်းငယ်မျှပင် သနားညှာတာမှု မရှိဘဲကြက်ကလေး၊ ငှက်ကလေးများကို သတ်ဖြတ်နေသကဲ့သို့ အလွယ်တကူဖျက်ဆီးပစ်ခဲ့သည်။ ကျန်းရှောင်နှင့် ယွမ်ရှုံတို့သည် အိပ်မက်မက်နေသကဲ့သို့ပင် ဖြစ်ကာ သိုလှောင်အိတ် နှစ်အိတ်လုံး ပြည့်လျှံ နေပြီဖြစ်သည်။

ထိုသည်မှာ ယခင်က သူတို့ တွေးပင် မတွေးရဲခဲ့သော ချမ်းသာကြွယ်ဝမှု ဖြစ်သည်။ မိစ္ဆာနယ်မြေအပြင်သို့ ယူဆောင်သွားပါက အကောင်းဆုံးသော လူသားနဂါး သံချပ်ကာ၊ လူသားနဂါးဓား၊ လူသားနဂါးဆေးလုံးတို့ကို ဝယ်ယူနိုင်ပြီး ကျင့်ကြံမှုကို အလျင်အမြန် တိုးတက်စေနိုင်မည် ဖြစ်သည်။ ထိုရတနာများကို အသုံးပြု၍ မိသားစုကြီးတစ်ခု သို့မဟုတ် ဂိုဏ်းတစ်ခုကိုပင် တည်ထောင်နိုင်ကာ ဂိုဏ်းတည်ထောင်သူ ဘိုးဘေးကြီးများပင် ဖြစ်လာနိုင်ပေသည်။

သူတို့သည် မူလက ရှန့်ကျိုးနယ်မြေအတွင်းရှိ သာမန် လူငယ်လေးများသာ ဖြစ်ကြပြီးမည်သည့် ဂိုဏ်း သို့မဟုတ် မိသားစုကြီးများမှ မဟုတ်ကြချေ။ လူသားနဂါး လက်သီးသိုင်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာသောကြောင့်သာ ကျင့်ကြံခြင်းလမ်းစဉ်သို့ဝင်ရောက်ခွင့်ရခဲ့ကြပြီး နိယာမနယ်ပယ်သို့ ရောက်ရှိလာခြင်းဖြစ်သည်။ ယခုအခါတွင်မူ ကြီးမားလှသော ကံကောင်းမှုကို ရရှိလိုက်သဖြင့် အဆင့်မြင့် ကျင့်ကြံသူများသာ ရရှိနိုင်သည့် အရင်းအမြစ်များကို ပိုင်ဆိုင်သွားကြပြီဖြစ်သည်။

ကျုံးရှန်တို့အဖွဲ့သည် မိစ္ဆာနယ်မြေအတွင်းသို့ ဆက်လက် ဝင်ရောက်ခဲ့ကာ ရက်စက်စွာ သတ်ဖြတ်နေခဲ့သည်။ အထပ်ပေါင်းငါးရာအထိ သတ်ဖြတ်ခဲ့ကာနောက်ဆုံးတွင် ပထမဆုံးသော သူတော်စင်အဆင့် မိစ္ဆာတစ်ကောင်နှင့် တွေ့ဆုံခဲ့သော်လည်း ကံမကောင်းစွာဖြင့် ထိုမိစ္ဆာသည် ကျုံးရှန်၏ တိုက်ခိုက်မှု တစ်ချက်ကိုပင် တောင့်ခံနိုင်ခြင်းမရှိခဲ့ချေ။ ကျုံးရှန်သည် အလွယ်တကူပင် ရိုက်သတ်လိုက်ခြင်းဖြစ်သည်။

သို့သော်လည်း သူ၏ သတ်ဖြတ်မှုများသည် မိစ္ဆာနယ်မြေ နှင့် ရှန့်ကျိုး၏ အင်အားကြီးပုဂ္ဂိုလ်များ၏ အာရုံစိုက်မှုကို ရရှိသွားလေသည်။

ထိုအချိန်တွင် မိစ္ဆာနယ်မြေ၏ နက်ရှိုင်းသော နေရာတစ်ခုရှိ မရေမတွက်နိုင်သော မည်းနက်နေသည့် ကျောက်တိုင်များ စိုက်ထူထားသော နေရာ၌ မိစ္ဆာပေါင်းများစွာ စုဝေးနေကြသည်။

"မိစ္ဆာနယ်မြေရဲ့ အထပ် ၅၀၀ မှာ မတည်ငြိမ်မှုတွေ ဖြစ်နေတယ်... မိစ္ဆာတွေ အများကြီး သေဆုံးနေတာကို ငါ ခံစားနေရတယ်..."

"ခုနလေးတင် အခြေအနေကို စုံစမ်းဖို့ စေလွှတ်လိုက်တဲ့ သိုးမိစ္ဆာ ဟူဝမ် လည်း သတ်ဖြတ်ခံလိုက်ရပြီ... သူက သူတော်စင်အဆင့် အစွမ်းထက်သူ တစ်ယောက်ပဲ..."

ထိပ်ဆုံးနေရာတွင် ထိုင်နေသော ကျူးရုမိစ္ဆာတစ်ကောင်၏ အငွေ့အသက်သည် အလွန် ပြင်းထန်နေကာ မိစ္ဆာနတ်ဘုရားနယ်ပယ် အဆင့် ၃ အထွတ်အထိပ်သို့ပင် ရောက်ရှိနေပြီဖြစ်သည်။ ထိုအဆင့်သည် မိစ္ဆာနယ်မြေအသေးစားလေးနှင့် ရှန့်ကျိုးကမ္ဘာငယ်တို့တွင် ကျင့်ကြံသူတစ်ဦး ရောက်ရှိနိုင်သော အမြင့်ဆုံး ကန့်သတ်ချက် ဖြစ်သည်။ လွတ်မြောက်ခြင်းအဆင့်ရှိ အစွမ်းထက်သူများမှာမူ ကမ္ဘာကြီး၏ ပတ်ဝန်းကျင် ကန့်သတ်ချက်များကြောင့် လုံးဝ ပေါ်ထွက်လာမည် မဟုတ်ချေ။

တစ်စုံတစ်ယောက်သည် အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာ၏ ဟင်းလင်းပြင် အတားအဆီးများကို ချိုးဖျက်နိုင်ပြီး ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ စည်းမျဉ်းနိယာမ ဖိနှိပ်မှုများကို ကျော်လွှားနိုင်မှသာလျှင် ဖြစ်ကောင်းဖြစ်နိုင်ပေမည်။ ထိုသည်မှာလည်း ပုံတူကူးချထားသော အထပ်တစ်ထောင်ကမ္ဘာများရှိ သက်ရှိများအတွက် လုံးဝ မဖြစ်နိုင်သလောက်ပင် ဖြစ်သည်။ ကံကောင်းထောက်မစွာဖြင့် ဤကမ္ဘာမှ ထွက်ခွာနိုင်မည့် အက်ကြောင်းတစ်ခုကို ရှာတွေ့ခဲ့လျှင်ပင် အပြင်သို့ ရောက်သွားသောအခါ ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ဖိနှိပ်မှုကို ခံရမည် ဖြစ်သည်။

ပုံတူဂူချန်ရှာတစ်ယောက် ပြီးပြည့်စုံသော နဂါးမဲ့နှလုံးသားကျင့်စဉ်ကို နားလည်သဘောပေါက်လျှင်လည်း ဖြစ်နိုင်ပေမည်။ အဘယ်ကြောင့်ဆို‌သော် ဂူချန်ရှာသည်မိမိ၏ စိတ်နှလုံးစွမ်းအားကို အသုံးချကာ အကန့်အသတ်မရှိသော စွမ်းအားများကို ထုတ်ဖော်နိုင်လျှင် အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာ၏ အချုပ်အနှောင်ကို ကျော်လွန်နိုင်စွမ်းရှိလာမည် ဖြစ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း ထိုအဆင့်သို့ ရောက်ရှိရန် ခက်ခဲမှုသည် ကောင်းကင်တက်လှမ်းခြင်းမျှော်စင်၏ ဖိနှိပ်မှုကို ကျော်ဖြတ်ရသည်ထက် အဆပေါင်းများစွာ ပိုမို ခက်ခဲလှသည်။

နဂါးတံဆိပ်မှတ်တမ်းစာအုပ်ထဲတွင် ပြီးပြည့်စုံသော နဂါးမဲ့နှလုံးသားကျင့်စဉ်ကို ဖန်တီးနိုင်ရန်အတွက် ဂူချန်ရှာသည် စိတ်ကူးယဉ်ဆန်သော တာ့ယွီကျုံး ယဉ်ကျေးမှုကို ခက်ခဲစွာ ဖန်တီးခဲ့ရသည်။ အသင်္ချေသော သက်ရှိများကို လေ့လာစောင့်ကြည့်ကာ ဂင်္ဂါမြစ်သဲပွင့်များကဲ့သို့ များပြားလှသော ကံကြမ္မာများကို လေ့လာမှတ်သားခဲ့ရသည်။ ကမ္ဘာအသီးသီးမှ ကံတရားသားတော်များစွာကိုပင် လေ့လာစောင့်ကြည့်ခဲ့ပြီးမှသာ နဂါးမဲ့နှလုံးသားကျင့်စဉ်ကို ပြီးပြည့်စုံအောင် ပြုလုပ်နိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချက်သည် ရှန့်ကျိုးနယ်မြေအသေးစားလေးအတွင်း၌ ပုံတူကူးချထားသော ဂူချန်ရှာ၏ ဖန်တီးနိုင်စွမ်း မည်မျှပင် ကြီးမားစေကာမူ နဂါးမဲ့နှလုံးသားကျင့်စဉ်၏ အနှစ်သာရကို နားလည်သဘောပေါက်ရန် လုံးဝ မဖြစ်နိုင်ဟု ညွှန်းဆိုနေခြင်းဖြစ်သည်။

"ကျူးရု စစ်ချီ... ဂူချန်ရှာက ငါတို့ မိစ္ဆာနယ်မြေကို လာတိုက်တာများလား..."

"အဲဒီကောင်က မကြာသေးခင်ကမှ ဟုန်မွန်သစ်ပင်ငယ်လေးကို ဖန်တီးထားတာ... အဲ့သစ်ပင်က အထပ်ငယ်တစ်ထောင်ကမ္ဘာတစ်ခုရဲ့အစွမ်းကိုပိုင်ဆိုင်ထားတယ်လေ"

"အဲဒါကြောင့် မိသားစုကြီးတွေတောင် ခေါင်းမထောင်ရဲကြတော့ဘူး..."

"ဖြစ်နိုင်တယ်... အဲဒီ အားသာချက်ကို သုံးပြီး ငါတို့ မိစ္ဆာနယ်မြေကို လာတိုက်တာပဲ ဖြစ်ရမယ်..."

နတ်ဘုရားအဆင့် ကျင့်ကြံမှုရှိသော နွားခေါင်းနှင့် လူကိုယ်ခန္ဓာရှိသည့် မိစ္ဆာကြီးတစ်ကောင်က အသံဩဩဖြင့် ပြောလိုက်သည်။

"မင်း ပြောတာဖြစ်နိုင်တယ်...နွားမိစ္ဆာ အားဝူ..."

"ဂူချန်ရှာ ကို မိစ္ဆာနယ်မြေထဲမှာ ထင်တိုင်းကျဲခွင့်ပေးလို့ မဖြစ်တော့ဘူး..."

ကျောဘက်တွင် အတောင်ပံနှစ်ဖက်နှင့် ခေါင်းပေါ်တွင် ဦးချိုချွန်တစ်ခု ပါရှိသော မိစ္ဆာကြီးတစ်ကောင်က ကျယ်လောင်စွာ ပြောလိုက်သည်။ သူ၏ မျက်လုံးနှစ်လုံးတွင် ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများ တောက်ပနေ၏။

အဋ္ဌမအထပ်တစ်ထောင်ကမ္ဘာသည် မူလ ရှန့်ကျိုးနယ်မြေနှင့် တူညီမှုမရှိချေ။ ဤကမ္ဘာရှိ သက်ရှိများအတွက် ကမ္ဘာငယ်တစ်ခုကို ဖန်တီးနိုင်ခြင်းသည်ပင် ပထမတန်းစား တည်ရှိမှုတစ်ခု ဖြစ်နေပြီ ဖြစ်သည်။ ထို့ကြောင့် ယခင်က ကျန်းရှောင်နှင့် ယွမ်ရှုံတို့သည် ကျုံးရှန်တစ်ယောက် ကမ္ဘာငယ်တစ်ခုအတွင်းမှ တံခါးပိတ်ကျင့်ကြံမှု ပြီးဆုံး၍ ထွက်လာခဲ့သည်ဟု ပြောသောအခါ အံ့ဩသွားခဲ့ကြခြင်း ဖြစ်သည်။

"ငါတို့ဆီမှာ နတ်ဘုရားအဆင့် မိစ္ဆာ စုစုပေါင်း ၆၈ ကောင် ရှိတယ်... အားလုံး ပူးပေါင်းပြီး ဂူချန်ရှာကို တစ်ခါတည်း နှိမ်နင်းကြရအောင်..."

ကျူးရု စစ်ချီ သည် ရုတ်တရက် ထရပ်လိုက်ကာ ပြန်လည်တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။

သူတို့သည် ကျုံးရှန်အကြောင်းကို သိရှိခြင်းမရှိဘဲ သူတို့၏ အစွမ်းအစများမှာလည်း အထပ်ကိုးထောင်ကို ကျော်ဖြတ်၍ ထိုနေရာအထိ စုံစမ်းရန် လုံလောက်မှုမရှိကြချေ။ သူတို့သည် မိစ္ဆာနယ်မြေ၏ စွမ်းအင် အငွေ့အသက်မတည်ငြိမ်မှုနှင့် အခြေအနေအပြောင်းအလဲအချို့ကိုသာ ခံစားသိရှိနိုင်ကြခြင်းဖြစ်သည်။ ထို့အပြင် ကျုံးရှန်သည်လည်း သူ၏ အငွေ့အသက်များကို တစ်ချိန်လုံး ဖုံးကွယ်ထားခဲ့သည်။

ထို့ကြောင့် အနှီမိစ္ဆာများသည် မိစ္ဆာနယ်မြေ၏မငြိမ်မသက်မှုများမှာ ဂူချန်ရှာကြောင့်ဟုသာ သတ်မှတ်လိုက်ကြသည်။ သူတို့၏ အမြင်အရ ဂူချန်ရှာတစ်ယောက်သည်သာ ရှန့်ကျိုးနယ်မြေအတွင်း မိစ္ဆာနယ်မြေအတွက် အကြီးမားဆုံးသော ခြိမ်းခြောက်မှုကြီး ဖြစ်သည်။ ကျုံးရှန်ကဲ့သို့ နောက်ထပ်အင်အားကြီး ပုဂ္ဂိုလ်တစ်ဦး ရှိနေမည်ဟု လုံးဝ ထင်မှတ်မထားခဲ့ကြပေ။

ထိုသို့ဖြင့် နတ်ဘုရားအဆင့်ရှိသော မိစ္ဆာ ၆၈ ကောင် ပူးပေါင်းကာ မိစ္ဆာနယ်မြေ အထပ်များကို ချိုးဖျက်၍ ပစ်မှတ်ရှိရာသို့ ဦးတည် ထွက်ခွာသွားကြသည်။

တစ်ချိန်တည်း၌ပင် ရှန့်ကျိုးနယ်မြေအသေးစားလေးအတွင်း၌။

ဟင်းလင်းပြင်အတွင်းတွင် အလင်းတန်းများဖြင့်တောက်ပနေသော ထူးခြားသည့် ကမ္ဘာတစ်ခု ရှိနေသည်။ ထိုကမ္ဘာသည် မှော်ရတနာတစ်ခု၏ လက္ခဏာရပ်များ ပါရှိနေကာ အပြင်ပန်းပုံစံသည် ဟုန်မွန်သစ်ပင်နှင့် အနည်းငယ် ဆင်တူ၏။ ယင်းသည် ကျင့်ရှန်းဌာန၏ ဌာနချုပ်ဖြစ်သော ဟုန်မွန်သစ်ပင်ငယ် ဖြစ်သည်။

ဟုန်မွန်သစ်ပင်ငယ်ပေါ်တွင် မြေမှုန်ကမ္ဘာငယ်အချို့ ချိတ်ဆွဲထားရှိသဖြင့် ယင်း၏ အစွမ်းအစသည် သာမန်မဟုတ်ကြောင်း ထင်ရှားလှသည်။ ထိုအချိန်တွင် သစ်ပင်အောက်၌ လူအချို့ တင်ပျဉ်ခွေ ထိုင်နေကြသည်။ အလယ်တွင် ထိုင်နေသူသည် သာမန် ရုပ်ရည်သာရှိသော လူငယ်တစ်ဦးဖြစ်ကာ ပုံတူကူးချထားသော ဂူချန်ရှာ ဖြစ်သည်။

"ချန်ရှာ... မိစ္ဆာနယ်မြေမှာ ဇစ်မြစ်သေချာမသိရသေးတဲ့ မတည်ငြိမ်မှုတွေ ဖြစ်နေတယ်..."

"သတင်းအချက်အလက်တွေအရဆိုရင်...တစ်ယောက်ယောက်က မိစ္ဆာနယ်မြေ အထပ် ၅၀၀ ကို ဆက်တိုက် ချိုးဖျက်သွားတယ်ဆိုပဲ..."

ဘေးဘက်မှ ပုံတူကူးချထားသော လိုပိုင်ယွဲ့ က ရုတ်တရက်စကားပြောလိုက်ခြင်းဖြစ်သည်။

ထိုအခါ ဂူချန်ရှာသည် မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်ကာ တွက်ချက်မှုအချို့ပြုလုပ်ကြည့်လိုက်သည်။ ထို့နောက်တွင် သူ၏မျက်နှာပေါ်၌အပြုံးတစ်ခု ထွက်ပေါ်လာကာ ရုတ်တရက်ထရပ်လိုက်သည်။

"ကိစ္စမရှိဘူး... ဒီကိစ္စကို ငါ တွက်ချက်ထားပြီးသား..."

"အားလုံး ငါ့ကိုသာ လွှဲထားလိုက်..."

"စိတ်ဝင်စားစရာပဲ... စိတ်ဝင်စားစရာပဲ..." နောက်တစ်ခဏတွင် ဂူချန်ရှာသည် ဟင်းလင်းပြင်ကို စုတ်ဖြဲကာ မိစ္ဆာနယ်မြေဆီသို့ ထွက်ခွာသွားလေတော့သည်။

All Chapters