← Chapters

အခန်း (၁၂)

Vol. 2 Ch. 12

အခန်း (၁၂)

Vol. 2 Ch. 12

​ကျုံးချီမင်သည် နိယာမနယ်ပယ်၏ အဆင့် ၂၄ ဟင်းလင်းပြင်ပျက်သုဥ်းခြင်းအဆင့်သို့ ရောက်ရှိထားသော်လည်း တစ်ဖက်လူနှစ်ဦး ချဉ်းကပ်လာသည်ကို အချိန်နှောင်းမှသာ သတိပြုမိလိုက်သည်။

​"လာတဲ့သူက ရန်သူပဲ"

သူ စိုးရိမ်တကြီး တွေးလိုက်မိသည်။

"ပြီးတော့ သူတို့က အရမ်းသန်မာတယ် အနည်းဆုံးတော့ ငါနဲ့ လက်ရည်တူလောက်ပဲ"

​သူက တွန့်ဆုတ်မနေတော့ပေ။ လက်ကို ဝှေ့ယမ်းလိုက်ရာ "ဝုန်း" ခနဲအသံနှင့်အတူ သူ၏ ဝိညာဉ်စွမ်းအားများ ပေါက်ကွဲထွက်ပေါ်လာပြီး လေထုကြီးကိုပင် အက်ကွဲသွားစေသည်။

ဟင်းလင်းပြင်ပျက်သုဥ်းခြင်းအဆင့် ကျွမ်းကျင်သူတစ်ဦးအနေဖြင့် သူသည် ဟင်းလင်းပြင်ကို ဆုတ်ဖြဲနိုင်သည့် စွမ်းအားရှိလေသည်။

​"ရပ်စမ်း"

ကျုံးချီမင်က အလျင်အမြန် အော်ဟစ်တားဆီးလိုက်သည်။ သူသည် အစွမ်းကုန် အားကိုအသုံးပြုကာ ပေတစ်ထောင်ရှည်လျားသည့် ယင်ထျန်းလှေကြီးကို လေထဲတွင် အတင်းအဓမ္မ ရပ်တန့်လိုက်သည်။

​ထို့နောက် တုန်လှုပ်နေကြသော သူ၏ အစောင့်များကို ကြည့်ကာ အမိန့်ပေးလိုက်သည်။

"မင်းတို့အားလုံး နောက်ဆုတ်နေကြ"

​ကျုံးချီမင်၏ မျက်နှာမှာ ဖြူဖျော့နေပြီး လက်ကိုဝှေ့ယမ်းကာ ကျုံးထျန်းယွဲ့ကို ယင်ထျန်းလှေ၏ ကာကွယ်ရေး စည်းအတွင်းသို့ ထည့်လိုက်သည်။ ထို့နောက် သူတစ်ယောက်တည်း ရှေ့သို့ပျံသန်းသွား၏။

​ရန်သူက အလွန်သန်မာလွန်းလှသည်။ နိယာမနယ်ပယ်၏ အဆင့် ၁၀ သာရှိသေးသော သူ၏ အစောင့်များသာ ဝင်တိုက်ပါက ချက်ချင်း သေဆုံးသွားလိမ့်မည်ဖြစ်သည်။

​သူသည် တစ်ဖက်လူနှင့် ပေအနည်းငယ်အကွာတွင် ပေါ့ပါးစွာ ဆင်းသက်လိုက်သည်။ သူတို့သည် မြေပြင်ပေါ်တွင်မဟုတ်ပဲ လေထဲတွင် မျက်နှာချင်းဆိုင် ရပ်နေကြခြင်းဖြစ်သည်။

​ကျုံးချီမင်သည် သူ့ရှေ့မှ မောက်မာသော မိန်းကလေးကို စိုက်ကြည့်လိုက်သည်။ သူ၏ မျက်လုံးများသည် သူမ၏ ရင်ဘတ်ထဲမှ တောက်ပနေသော ရွှေရောင် ဆန်းကြယ်ကောင်းကင်အရိုး ဆီသို့ ရောက်သွားသည်။

ထိုအရိုးသည် သူနှင့် ရင်းနှီးသော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်နေသည်။ ကျုံးချီမင်က ချက်ချင်းပင် သဘောပေါက်လိုက်သည်။

သူ၏မျက်လုံးများက နီရဲလာရာ ကျုံးချီမင်၏ အံကြိတ်လိုက်သည့်အသံကိုပင် ကျယ်လောင်စွာကြားလိုက်ရသည်။

​"မင်းက.... ချန်ချန်ပဲ ဖြစ်ရမယ်"

"ငါ့မြေးမလေးဆီက ဆန်းကြယ်ကောင်းကင်အရိုးကို လုယူသွားတဲ့ အထွတ်အထိပ်တာအိုခန္ဓာနဲ့ သူခိုးမ"

​"တိရိစ္ဆာန်မ…"

ကျုံးချီမင်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

"ငါ့မြေးမလေးရဲ့ အရိုးကို လုယူရဲတဲ့အပြင် ဒီနေ့ ငါတို့ကိုပါ လိုက်သတ်ရဲတယ်ပေါ့ မင်းက ငါ့ရဲ့ ကောင်းကင်ဘုံဂိုဏ်း မြင့်မြတ်နယ်မြေကို အထင်သေးလွန်းအားကြီးနေပြီပဲ"

​ကျုံးချီမင်သည် ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ့ရှေ့က အရာအားလုံးကို ဖျက်ဆီးပြစ်ချင်သွားသည်။ သူ၏ မျက်လုံးများသည် ရူးသွပ်မတတ် ပြူးကျယ်လာပြီး သူ့ခန္ဓာကိုယ်မှ အနီရောင်ရင့်ရင့် မီးတောက်ကြီးကိုးခု ကောင်းကင်သို့ ထိုးတက်သွားသည်။

​ထိုမီးတောက်များသည် ကောင်းကင်ကို အရည်ပျော်စေပြီး ကမ္ဘာလောကကို ပြာချနိုင်လောက်သည်အထိ ပူပြင်းလှသည်။

​မီးတောက်ကြီးများသည် ချန်ချန်ရှိရာသို့ တန်းတန်းမတ်မတ် ပျံသန်းသွားကြသည်။ ဤသည်မှာ ရှေးဟောင်း ကိုးသွယ်ယန် ကောင်းကင်မီးတောက် နည်းစနစ် ပင်ဖြစ်သည်။

​ထိုမီးတောက်များသည် ကောင်းကင်ကို အရည်ပျော်စေပြီး ကမ္ဘာလောကကို ပြာချနိုင်လောက်သည်အထိ ပူပြင်းလှသည်။

ထိုနည်းစနစ်သည် ကျုံးရှန်တည်ထောင်ခဲ့သော ကောင်းကင်ဘုံဂိုဏ်း၏ လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပြီး ငရဲမီး၊ နိဗ္ဗာန်မီး၊ ကြာနီမီး၊ ကောင်းကင်ကိုးထပ်မီး၊ ခရမ်းရောင်ကြယ်တာရာမီး၊ ထိုက်ယင်မီး၊ ဆစ်ဒင်းမီး၊ နေမင်းမီး၊ တောင်ဘက်အရပ် ယန်မီး နှင့် သမာဓိမီး တို့ကို ပေါင်းစပ်ထားခြင်းဖြစ်သည်။

​ထိုကောင်းကင်မီးတောက်ကိုးမျိုးကို ကျွမ်းကျင်ပိုင်နိုင်ပါက အကန့်အသတ်မရှိသော စွမ်းအားကို ရရှိမည်ဖြစ်သည်။ ကောင်းကင်မီးတောက်ကိုးမျိုးတို့ကို ကိုးသွယ်ယန် နတ်ဘုရားမီးတောက် အဖြစ် ပေါင်းစပ်လိုက်သောအခါ မည်သည့်အရာကိုမဆို လောင်ကျွမ်းစေနိုင်ပြီး သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများပင် ကြောက်ရွံ့ရလေသည်။

မီးတောက်များသည် ချန်ချန်ထံသို့ ရောက်သောအခါ ပေပေါင်းများစွာ ကြီးမားလာသည်။ တိုက်ရိုက်မထိတွေ့လျှင်ပင် အပူချိန်တစ်ခုတည်းဖြင့်ပင် နိယာမနယ်ပယ် ဒုတိယအဆင့်သာရှိသော သူမကို ပြာမှုန့်ဖြစ်သွားစေနိုင်သည်။

သူမ၏ပါရမီအရ အနာဂါတ်တွင် အလွန်သန်မာလာမည်ဖြစ်သော်လည်းပဲ လက်ရှိအချိန်တွင် သူမသည် အလွန်အားနည်းနေသေးသည်။ သူမ၏ပါရမီက မည်မျှပင် အားကောင်းနေပါစေ ယခုလက်ရှိ သူမကို ကယ်တင်နိုင်မည်မဟုတ်ချေ။

"ဟမ့်…"

​သူမဘေးတွင် ရပ်နေသော မုတ်ဆိတ်မွှေးထူထူနှင့် ကျုန်းဟုန်က အေးစက်စွာ နှာမှုတ်လိုက်သည်။

​"ကျုံးချီမင်.. မင်းက ဂိုဏ်းချုပ်တစ်ယောက်ဖြစ်ပြီးတော့ ဂျူနီယာတစ်ယောက်ကို တိုက်ခိုက်တာ မရှက်ဘူးလား"

​ကျုန်းဟုန်က သူ၏ လက်ကောက်ဝတ်ကို လှုပ်ရှားလိုက်ရာ ရှေးဟောင်းကြေးပုဆိန်ကြီးတစ်ခု ဖြတ်ကနဲ ပေါ်ထွက်လာသည်။ ပြီးနောက်တွင် သူသည် ပုဆိန်ကို မြှောက်လိုက်ပြီး ယင်ကောင်မောင်းသကဲ့သို့ ပေါ့ပါးစွာ ဝှေ့ယမ်းလိုက်သည်။

ဝုန်း…

ချက်ချင်းပင် ကြောက်မက်ဖွယ်ကောင်းသော မီးတောက်ကိုးခုစလုံးသည် ရေနွေးပူထဲ ရောက်သွားသော ရေခဲတုံးများအလား ချက်ချင်းပဲ ပျောက်ကွယ်သွားကြတော့သည်။

​ကျုန်းဟုန်က ရပ်မနေပေ။ သူက ချက်ချင်းပင် တန်ပြန်တိုက်စစ်ဆင်လိုက်သည်။ ရှေးဟောင်းကြေးပုဆိန်ကြီးကို ဝှေ့ယမ်းလိုက်ရာ ကောင်းကင်ပေါ်တွင် ကြီးမားသော ပုဆိန်ပုံရိပ်ကြီးတစ်ခု ပေါ်လာသည်။

​ထိုနည်းစနစ်သည် ရှေးဟောင်းတာအိုဧကရာဇ်၏ အထွတ်အထိပ်နည်းစနစ်များထဲမှ တစ်ခုဖြစ်သော တိမ်ခွင်းနေမင်းပုဆိန် ပင်ဖြစ်သည်။

ပုဆိန်ပုံရိပ်ကြီးသည် ကြီးမားလွန်းလှသဖြင့် ယင်ထျန်းလှေတစ်စင်းလုံးကို ဖုံးလွှမ်းသွားသည်။ သူသည် လှေပေါ်ရှိ လူအားလုံးကို အမှုန့်ကြိတ်ပြစ်ရန် ရည်ရွယ်ထားပုံရသည်။

​"ယုတ်မာလွန်းတဲ့ မိစ္ဆာ သေစမ်း"

ကျုံးချီမင်ကလည်း ခန္ဓာကိုယ်ရှိ ကြွက်သားများကိုတင်းလိုက်ပြီး အားကုန်အော်ဟစ်လိုက်သည်။

​သူ့ခန္ဓာကိုယ်က ထပ်မံ တုန်ခါသွားပြီး မီးတောက်ထောင်ပေါင်းများစွာ ထပ်မံပေါက်ကွဲထွက်ပေါ်လာကာ ကိုးသွယ်ယန်မီးတောက်အသစ်များ ဖွဲ့စည်းလိုက်သည်။ ဤတစ်ကြိမ်တွင် မီးတောက်များက ပိုမိုပြီးကြီးမားလာသည်။

​ကျုံးချီမင်သည် တတ်နိုင်သမျှစွမ်းအားအကုန်လုံးကို အသုံးပြုထားသဖြင့် မီးတောက်တစ်ခုချင်းစီသည် ပေတစ်ရာခန့် ကြီးမားလှသည်။ မီးတောက်ကိုးခုတို့ ပေါင်းစပ်လိုက်သောအခါ ကောင်းကင်ပေါ်မှ ပုဆိန်ကြီးနှင့်အပြိုင် ကြီးမားလာသည်။

​"ဝုန်း…"

​ကျုံးချီမင်နှင့် ကျုန်းဟုန်တို့၏ တိုက်ခိုက်ချက်များ ထိသွားသည့် အခါတွင် ကမ္ဘာပျက်သွားတော့မတတ် ပေါက်ကွဲသံကြီး ကိုးခုက ဆက်တိုက် ထွက်ပေါ်လာသည်။

သူတို့ နှစ်ဦးစလုံး၏ စွမ်းအားသည် နတ်ဘုရားများအလား အားကောင်းကြသည်။ တိုက်ခိုက်မှု၏ အကျိုးဆက်ကြောင့် မိုင်ပေါင်းသောင်းချီအတွင်းရှိ တိမ်တိုက်များအားလုံး ကင်းစင်သွားသည်။ မြေပြင်ပေါ်တွင်လည်း ကြီးမားသော လေဆင်နှာမောင်းကြီးများ ဖြစ်ပေါ်လာပြီး ကုန်းမြေကို စုတ်ဖြဲပြစ်လိုက်သည်။

နတ်ဘုရားအလား အစွမ်းထက်ကြသည့် ကျင့်ကြံသူကြီးနှစ်ယောက်၏ တိုက်ခိုက်ချက်များမှ ဘေးထွက်စွမ်းအင်တို့သည် အလွန်အားကောင်းလှရာ ကြီးမားလှသော ယင်ထျန်းလှေကြီးပင် မှောက်လုနီးပါး ဖြစ်သွားသည်။

ကာကွယ်ရေးစည်းသာ မရှိခဲ့လျှင် လှေပေါ်ရှိလူအများစုမှာ ဘေးထွက်စွမ်းအင်များကြောင့် အသားစများအဖြစ်သို့ ပြောင်းလဲသွားလောက်ပြီ ဖြစ်သည်။

ဤသည်မှာ နတ်ဘုရားများတိုက်ခိုက်လျှင် သေမျိုးများက အကျိုးဆက်ကို ခံစားရသည်နှင့် တူညီလှသည်။

ဘေးထွက်စွမ်းအင်မဟုတ်ပဲ ကျုန်းဟုန်၏တိုက်ခိုက်ချက်ကို တိုက်ရိုက်ခုခံနေရသည့် ​ကျုံးချီမင်သည် ထိုစွမ်းအား၏ ရိုက်ခတ်မှုကို အပြည့်အဝ ခံစားလိုက်ရသည်။

ဝုန်းးး

သူသည် ရင်ဘတ်ကိုဖိကာ ခြေလှမ်းတစ်ရာခန့် နောက်ဆုတ်သွားရပြီး သွေးတစ်လုပ် အန်လိုက်ရသည်။

သူ ပြင်းထန်စွာ ဒဏ်ရာရသွားပြီဖြစ်သည်။

​"အရမ်းသန်မာတာပဲ"

ကျုံးချီမင် ထိတ်လန့်သွားသည်။

"ငါ့ရဲ့ အစွမ်းကုန်တိုက်ကွက် ကိုးသွယ်ယန်မီးတောက်ကို ဒီလောက်လွယ်လွယ် ဖျက်ဆီးနိုင်တာ သူက အနည်းဆုံး နိယာမနယ်ပယ် အဆင့် ၂၅ အတိတ်ကိုပြောင်းပြန်လှန်နိုင်စွမ်းရှိတဲ့ အဆင့်ပဲ ဖြစ်ရမယ်"

​"ဒါကဒီမိစ္ဆာမရဲ့ အစောင့်အရှောက်လား"

​သူ့ရင်ထဲတွင် ထိတ်လန့်မှုများ ပြည့်နှက်သွားသည်။ ဤမိန်းကလေး၏ နောက်ခံက သူထင်ထားသည်ထက် ပိုပြီးကြောက်စရာကောင်းနေသည်။

​အဆင့် ၂၅ ရှိသော ကျင့်ကြံ​သူတစ်ယောက်သည် အတိတ်သို့ပြန်သွားနိုင်ပြီး ကံဆိုးမှုများကို ရှောင်ရှားရန် အနာဂတ်ကို ကြိုမြင်နိုင်သည်။ ကျုံးချီမင်သည် နိယာမနယ်ပယ်၏ အဆင့် ၂၄ ကျင့်ကြံသူသာဖြစ်ပြီး အနာဂတ်ကို မမြင်နိုင်ပေ။ အကယ်၍ ဤအန္တရာယ်ကို သူသာကြိုသိခဲ့လျှင် ဤသဲကန္တာရကို လာခဲ့မည် မဟုတ်ပေ။

​"ဟီးဟီး… ငါ့ရဲ့ပုဆိန်ချက်ကို တားနိုင်တယ်ပေါ့ မဆိုးဘူးပဲ" ကျုန်းဟုန်သည် ကြောင်က ကြွက်ကို ကစားသကဲ့သို့ ရက်စက်စွာ ပြုံးလိုက်သည်။

​"ဒါဆိုရင် ဒီတစ်ချက်ကိုရော ခံနိုင်မလား"

​ကျုန်းဟုန်က တိမ်ခွင်းနေမင်းပုဆိန်ကို နောက်တစ်ကြိမ် ထပ်မံဝှေ့ယမ်းလိုက်သည်။ ဒီတစ်ကြိမ်တွင် သူက ပို၍အားထည့်လိုက်သည်။

ချက်ချင်းပင် ပေတစ်သောင်းခန့်ကြီးမားသော ပုဆိန်သွားပုံရိပ်ကြီးသည် ကောင်းကင်မှ ကျဆင်းလာတော့သည်။ ထိုပုဆိန်သွားပုံရိပ်ကြီး၏ အရှိန်အဝါသည် အလွန်အားကောင်းလှရာ ကျုံးချီမင်ကို ပြင်းထန်သည့် အန္တရာယ်အငွေ့အသက်များအား ခံစားမိစေလိုက်သည်။

ပုဆိန်သွားပုံရိပ်ကြီးသည် ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းသွားပြီး လေထုကို ဖိသိပ်ထားသဖြင့် လေလှိုင်းများပင် ဖြစ်ပေါ်နေသည်။

ယင်ထျန်းလှေကြီးမှာ မုန်တိုင်းထဲရောက်နေသော အရုပ်လှေကလေးတစ်စင်းကဲ့သို့ ဖြစ်နေပြီး အစိတ်စိတ်အမွှာမွှာ ဖြစ်သွားတော့မည့်အလား ခံစားနေရသည်။

​"ကောင်းပြီလေ လာစမ်း…"

ကျုံးချီမင်ကလည်း သွေးရူးသွေးတန်းဖြင့် အော်ဟစ်လိုက်သည်။

​သူသည် ထွက်ပြေးမည့်အစား ကောင်းကင်ပေါ်သို့ ပျံတက်သွားလိုက်ပြီး သူ၏ အဇူရာနဂါးဝတ်ရုံသည် လေထဲတွင် တလွင့်လွင့် ဖြစ်နေသည်။

သူ့နောက်တွင်မူ ပေပေါင်းသောင်းချီမြင့်မားသော ရွှေရောင်ဓမ္မပုံရိပ်ကြီးတစ်ခု ထွက်ပေါ်လာသည်။

​ထိုရွှေရောင်ပုံရိပ်ကြီးသည် ကျုံးချီမင်နှင့် တစ်ပုံစံတည်းတူပြီး ကြီးမားသော ဓားကြီးနှစ်လက်ကို ကိုင်ဆောင်ထားသည်။ ဓားနှစ်လက်ကို ကြက်ခြေခတ်ပုံစံထားပြီး ကောင်းကင်သို့ ချိန်ရွယ်လိုက်သည်။

​ထိုပုံရိပ်ကြီး၏ အတွင်းမှ ကိုးသွယ်ယန်မီးတောက်များ ထပ်မံထွက်ပေါ်လာသည်။

​"ငရဲမီး၊ နိဗ္ဗာန်မီး၊ ကြာနီမီး၊ ကောင်းကင်ကိုးထပ်မီး၊ ခရမ်းရောင်ကြယ်တာရာမီး၊ ထိုက်ယင်မီး၊ ဆစ်ဒင်းမီး၊ နေမင်းမီး၊ တောင်ဘက်အရပ် ယန်မီး၊ သမာဓိမီး.... ကိုးသွယ်ယန် ကောင်းကင်မီးတောက်... ပေါင်းစပ်စမ်း"

​မီးတောက်ကိုးခုသည် ဓမ္မပုံရိပ်ကြီး၏ ခေါင်းပတ်လည်တွင် လကမ္ဘာကို ကြယ်များဝန်းရံထားသကဲ့သို့ လှည့်ပတ်နေကြသည်။ ဧရာမပုံရိပ်ကြီးသည် ကျဆင်းလာသော ပုဆိန်ကြီးကို ရင်ဆိုင်ရန် အပေါ်သို့ ထိုးတက်သွားသည်။

"ခရက်..."

ကြွပ်ဆတ်သော အသံတစ်ခုနှင့်အတူ ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသကဲ့သို့ ခံစားလိုက်ရသည်။ ကျုံးချီမင်၏ ခန္ဓာကိုယ်တစ်ခုလုံး စွမ်းအင်များ ကုန်ခမ်းသွားကာ ဟာလာဟင်းလင်းဖြစ်သွားသည်။

သူသည် စွမ်းအင်ကုန်ခမ်းသွားပြီဖြစ်၍ ဆက်လက်မပျံသန်းနိုင်တော့ဘဲ တိမ်တိုက်များကြားမှ ယင်ထျန်းလှေ ကုန်းပတ်ပေါ်သို့ ပြုတ်ကျလာပြီး ပြင်းထန်စွာ ရိုက်မိလေသည်။

​သူ့အထက် ကောင်းကင်ယံတွင်တော့ ဓမ္မပုံရိပ်မီးတောက်များနှင့် ပေတစ်သောင်းပုဆိန်ရာကြီးတို့သည် ထိတွေ့မိချိန်တွင် ပျောက်ကွယ်သွားကြပြီဖြစ်သည်။

​ကျုန်းဟုန်က အေးဆေးစွာဖြင့် အောက်သို့ငုံ့ကြည့်ကာ ခေါင်းညိတ်လိုက်သည်။ သူ၏ ရန်သူ အသက်ရှင်နေသေးသည်ကို ဂရုစိုက်ပုံမရပေ။

​"မင်း.. တော်တော်သန်မာတာပဲ ငါ့ရဲ့ပုဆိန်ချက်ကို နှစ်ချက်တောင် တောင့်ခံနိုင်တယ်ပေါ့"

ကျုန်းဟုန်၏ စကားက အထင်ကြီးနေသည့် ပုံပေါက်နေသော်လည်း လှော​​င်ပြောင်လိုဟန်များကို အထင်းသားမြင်နေရသည်။

All Chapters