← Chapters

အခန်း (၁၄)

Vol. 2 Ch. 14

အခန်း (၁၄)

Vol. 2 Ch. 14

ကျုံးထျန်းယွဲ့က ချန်ချန်၏ မျက်နှာသို့ လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ထိုလက်သီးချက်သည် အားပါလွန်းသည်အတွက် လေ‌လှိုင်းများပင် ထသွားသည်။

"ဟမ့်…"

ချန်ချန်က နှာခေါင်းရှုံ့ကာ ရှောင်တိမ်းလိုက်သည်။ သူမက ကိုယ်ကို ယိမ်းလိုက်ရုံသာ ဖြစ်သော်လည်း သူမ၏ပုံရိပ်က ဝေဝါးသွားတော့၏။ ကျုံးထျန်းယွဲ့၏ လက်သီးချက်မှာ လေဖြင့်သာ ထိမိသွားရသည်။

"နင်က ငါ့ကိုနိုင်မယ်ထင်တာလား ငယ်ပါသေးတယ် ကောင်မလေးရာ"

ချန်ချန်က ရယ်၍ ပြောလေသည်။

"ငါ့က အမြန်နှုန်း နိယာမကို သုံးနိုင်ပြီ နင့်ထက်ကို ပိုမြန်နေတာပေါ့ ငါ့ကို မြင်နေပေမယ့် ဖမ်းဖို့ဆိုရင်တော့ နှေးနေသေးတယ်"

သူမက ဝံ့ကြွားစွာဖြင့် ပြောလိုက်သည်။ ‌ထို့နောက်တွင် ခေါင်းယမ်းလိုက်ကာ ကိုယ်ပွားထောင်ချီ ပေါ်လာစေလေသည်။ တချို့က အစစ်အမှန်ဖြစ်ပြီး တချို့မှာ အတုအယောင်များပင်။ ခွဲခြားရန်က ခက်ခဲလှသည်။

နိယာမ အဆင့်ခြောက်အောက်ရှိ ကျင့်ကြံသူများက သူမ၏ လှုပ်ရှားမှုအား ရှင်းရှင်းလင်းလင်း မြင်နိုင်ကြမည် မဟုတ်ပေ။

ထိုနည်းစနစ်က ရှေးဟောင်းနည်းစနစ်တစ်ခု ဖြစ်ပြီး မိုးကောင်းကင်တာအိုလမ်းစဥ်တစ်သောင်း နည်းစနစ် ဖြ​စ်လေသည်။

လွန်ခဲ့သည့် ကာလများ၌ ရှေးဟောင်းတာအိုဧကရာဇ်က နတ်ဘုရားများနှင့် နတ်ဆိုးများစွာဖြင့် စစ်တိုက်ခဲ့သည်။ ထိုစဉ်က တပြိုင်တည်း တိုက်ခိုက်ရန် မရေမတွက်နိုင်သည့် ကိုယ်ပွားများအား ဖန်တီးခဲ့၏။ သူ၏ စွမ်းအားမှာ ကမ္ဘာများကိုပင် ဖျက်ဆီးနိုင်သည်အထိ ပြင်းထန်သည်။

ချန်ချန်မှာ ရှေးဟောင်းတာအိုဧကရာဇ်ဖြင့် ယှဉ်လျှင် ကလေးသာသာ ဖြစ်သည်။ သို့သော်လည်း စွမ်းအားကောင်းသူဖြစ်ပြီး ဉာဏ်ကြီးရှင်များစွာကို အနိုင်ယူထားနိုင်သည်။

"ဝုန်း ဝုန်း ဝုန်း…"

ကျုံးထျန်းယွဲ့၏ အဝတ်အစားများအား လေများတိုက်ခတ်သွားကာ အရေပြား၌ သွေးများ ထွက်ပေါ်လာကြသည်။

သို့ရာတွင် ကျုံးထျန်းယွဲ့က ခုခံမှုမပြုဘဲ တည်ငြိမ်စွာရပ်နေသေးသည်။

ဘေးတွင် ရပ်ကြည့်နေသည့် ကျုန်းဟုန်၏မျက်နှာက အေးစက်လာသည်။ သူ၏ ဝံ့ကြွားသော အပြုံးပင် ပျောက်ကွယ်သွားတော့သည်။

တစ်ချိန်တည်းတွင် ကျုံးထျန်ယွဲ့က ဖြေးညှင်းစွာဖြင့် ညာလက်အား ဝေ့ယမ်းလိုက်တော့သည်။

သူမ၏ လက်သီးချက်ကြောင့် ဆန်းကြယ်မှုများ ဖြစ်ပေါ်လာလေသည်။ ချန်ချန်၏ အမြန်နှုန်းကြောင့် ဖြစ်လာသည့် လေများသည်ပင် အရှိန်လျော့သွား၏ ။

ရုတ်တရက် လေထုက လေးလံလာကာ သ‌င်္ဘောပျံထက်၌ ပေါင်သောင်းချီ ဖိထားသကဲ့သို့ ဖြစ်နေသည်။

"ဟမ်… လေရပ်သွားတာလား"

ကျုံးဟုန်တစ်ယောက် မျက်မှောင်ကြုတ်သွားသည်။

"မဖြစ်ဘူး ဧကရီက အရှိန်လျော့နေပါလား"

သူ၏ စကားက အမှန်ပင်ဖြစ်၏။ ခဏအတွင်း၌ ကိုယ်ပွားထောင်ချီ ပျောက်ကွယ်သွားပြီး မူလကိုယ်က ပြန် ပေါ်လာသည်။

ချန်ချန်သည်လည်း အံ့ဩနေလေသည်။ သူမ၏ ယုံကြည်မှုလည်း ပျောက်ဆုံးသွားတော့သည်။

"မဖြစ်နိုင်ဘူး…"

ချန်ချန်က ရေရွတ်လိုက်လေသည်။

"ဘာလို့ လေထုက သိပ်သည်းလာတာလဲ ကော်နဲ့ ကပ်ထားသလိုတောင် ဖြစ်နေတာ လှုပ်ရှားဖို့လည်း ခက်တယ်"

"ငါ့ကို ဖိချေနေတဲ့ အားတခုလည်း ရှိသေးတယ်"

ချန်ချန်က ထိတ်လန့်မိနေတော့၏။

"ငါ့ကိုယ်သာ လုံ‌လုံလောက်လောက် အားမကောင်းရင် အခုလောက်ဆို ဆုတ်ဖြဲခံနေရပြီးပြီ"

သူမက ကျုံးထျန်းယွဲ့အား စိုက်ကြည့်ကာ တွေးလိုက်သည်။

"ဒါက ဘယ်လို လက်သီးချက်များလဲ"

သူမက နှေးကွေးသွားသော်လည်း ကြောက်လန့်မနေပေ။ သူမ၏ ကာယကိုယ်မှာ အမြန်နှုန်းတခုသာ ရှိသည် မဟုတ်ချေ။

"ဖျက်ဆီးခြင်းဆိုတာ ဘာလဲ သိအောင် ပြပေးရတာပေါ့"

"မြင့်မြတ် တာအို လက်သီးချက်"

ချန်ချန်က လက်သီးချက်ထုတ်လိုက်လေသည်။

သူမ၏ လက်သီး၌ ရွှေရောင် တောက်ပနေကာ ရှေးဟောင်းတာအိုဧကရာဇ်ကိုယ်တိုင် ရောက်လာသည့်အလား ထင်ရသည်။ ရှေးဟောင်းနည်းလမ်းမှာ အဆင့်မြင့် ထိပ်သီးများကို ရင်ထိတ်သွားစေလောက်သည်အထိ အားပြင်းလွန်း၏။

တချိန်တည်း၌ သူမ၏ ရင်ဘတ်မှ အဖြူရောင် အလင်းတန်း ထွက်လာပြီး ကျုံးထျန်းယွဲ့၏ နှလုံးသားဆီသို့ ဦးတည်သွားလေသည်။

ထိုတိုက်ကွက်က ရက်စက်လွန်းလှသည်။ သူမက ခိုးယူထားသည့် အရိုးဖြင့် ကျုံးထျန်ယွဲ့အား အနိုင်ယူရန် ကြိုးစားခြင်းဖြစ်ပေသည်။

ထိုတိုက်ကွက် နှစ်ခုက သူမ၏ အားအကောင်းဆုံးသော အကွက်များ ဖြစ်ကြသည်။ ထိုတိုက်ကွက်များဖြင့် သူမက ပြိုင်ဘက်ကင်းသည့် အလားပင်။

ကျုံးထျန်းယွဲ့၏ အမူအရာကလည်း လေးနက်လာကာ ညာလက်သီးချက်အား ထုတ်သုံးလိုက်သည်။

သူမ၏ ရင်ဘတ်မှ ရွှေရောင် အလင်းတန်းပေါ်လာကာ ချန်ချန်၏ ကောင်းကင်သန့်စင် အရိုးမှ ထွက်လာသည့် အလင်းတန်းဖြင့် ရင်ဆိုင်လိုက်လေ၏။

ရွှေရောင် အလင်းတန်းက သူတော်စင် အမှတ်အသားဖြစ်ပြီး စိုက်ကြည့်ရန်ပင် တောက်ပလွန်းလှသည်။

ထိုခဏ၌ ကြောက်မက်ဖွယ် ဖြစ်ရပ်တခု ပေါ်လာတော့၏။

ရွှေရောင် အလင်းက အဖြူရောင်အလင်းအား ဖျက်ဆီးလိုက်ခြင်းတည်း။ ရွှေရောင် အလင်းက ရပ်တန့် မနေဘဲ ချန်ချန်၏ ရင်ဘတ်သို့ ဦးတည်သွားပြန်သည်။

ချန်ချန်က တိမ်းရှောင်ရန် ကြိုးစားသော်လည်း အချိန်နှောင်းသွားပြီ ဖြစ်၏ ။

"ဘုန်း…"

အလင်းတန်းက ရင်ဘတ်အား ထိုးဖောက်လိုက်သည့်အတွက် ကြည်လင် သန့်စင်နေသည့် ကောင်းကင် သန့်စင်အရိုးကိုပင် မြင်လိုက်ရသည်။ နှလုံးသားကိုပင် မြင်နေရပြီ ဖြစ်၏ ။

ချန်ချန်က ရေရွတ်လိုက်သည်။

"နာတယ်ခွေးမရဲ့…"

နာကျင်မှုက ကာယကိုယ်တွင်သာမကဘဲ စိတ်ဝိညာဉ်ထိ ရှိနေသည်။

ထို့နောက်တွင် လက်သီးချက် နှစ်ခု ဆုံသွားပြန်သည်။

"အားးး"

"ဝေါ့"

ချန်ချန်က သွေးတပွက် အန်လိုက်ပြီး ကြိုးပြတ်သည့် စွန်ပမာ လွင့်ထွက်သွားတော့သည်။ အရိုးနှင့် ကြွက်သားများလည်း ပျက်စီးသွားလေသည်။

နှေးကွေးသည့် လက်သီးချက်က ဤမျှ အားကောင်းနေသည်လော။ သူမ၏ ကာယကိုယ်ကသာ ထူးခြားမနေပါက ပေါက်ကွဲသွားရပေလိမ့်မည်။ သို့သော်လည်း သူမက ထူးခြားသည့် ကာယကိုယ် ရှိနေသည့်တိုင် ကျုံးထျန်းယွဲ့၏ စွမ်းအားဖြင့် မယှဉ်နိုင်နေပေ။

ချန်ချန်က နာကျင်မှုကြောင့် သတိလစ်မတတ် ဖြစ်သွားရသည်။

"ဘယ်လို ဘယ်လို လက်သီးချက်များပါလိမ့်…"

ချန်ချန်က ရေရွတ်နေမိလေသည်။

"ဝူး…"

ကျုန်းဟုန် ရောက်လာကာ ချန်ချန်၏ ကိုယ်အား ဖမ်းယူလိုက်ပြီး အသက်ဘေးမှ ကယ်တင်ရန် စွမ်းအင်များ ထည့်သွင်းလိုက်သည်။

သူသည်လည်း ကျုံးထျန်းယွဲ့အား မင်သက်စွာဖြင့် စိုက်ကြည့်နေမိသည်။ ထိုခဏ၌ မည်သည့်အရာဖြစ်သည်ကိုလည်း နားလည်မိသွားသည်။

"မဖြစ်နိုင်တာ… ဒါက ဒဏ္ဍာရီလာ သူတော်စင်တာအို အရိုးလား အကောင်းဆုံး တာအိုအရိုး ငါးခုထဲက တခုလေ"

"ပြီးတော့ ဒီတိုက်ကွက်က သူတော်စင် လက်သီးချက်"

"အတိတ်တုန်းက ဟင်းလင်းပြင် သူတော်စင်က ဒီအရိုးနဲ့ နတ်ဘုရား နတ်ဆိုးတွေကို ခေါင်းဖြတ်ခဲ့တာ ရှေးဟောင်းတာအိုဧကရာဇ်နီးပါးလော​​​က် စွမ်းအားကြီးခဲ့တယ်"

ကျုံးဟုန်က ထိတ်လန့်နေရာမှ လောဘဇော ဖြစ်ပေါ်လာ၏။

"ငါသာ ဒီအရိုးရရင် သူတော်စင်ဖြစ်ပြီ နတ်ဘုရား မဖြစ်ရင်တောင် ငါလက်ရှိ စိတ်ကူးနိုင်တာထက် စွမ်းအားကြီးလာမှာ"

သူက မိန်းကလေးငယ်အား လူယုတ်မာ အကြည့်ဖြင့် ကြည့်နေလိုက်သည်။

"ကောင်မစုတ်လေး… မင်းက ငယ်ငယ်ရွယ်ရွယ်နဲ့ကို ဒီလောက်အထိ ရက်စက်တတ်နေပြီပေါ့"

ကျုံးဟုန်က ‌အရှက်မဲ့စွာ ပြောလိုက်သည်။

"မင်း အသက်ကြီးလာရင် ဒီ ကမ္ဘာကို မဖျက်ဆီးနိုင်အောင် ငါကပဲ အရိုးထုတ်ပြီး နင့်လိုမိစ္ဆာမကို နှိမ်နှင်းပြစ်ပြီး လောကကြီးကို ကောင်းကျိုးပြုပေးမယ်"

သူက ပြောပြောဆိုဆိုဖြင့် ပုဆိန်အား လွှဲရမ်းလိုက်ပြီး အဝေးလွင့်သွားစေသည်။

ထို့နောက်တွင် ကျုံးထျန်းယွဲ့၏ ရင်ဘတ်မှ အရိုးထုတ်ယူရန် လက်လှမ်းလိုက်တော့သည်။

All Chapters