← Chapters

အခန်း (၅၃၆-၅၃၇)

Vol. 34 Ch. 536-537

အခန်း (၅၃၆-၅၃၇)

Vol. 34 Ch. 536-537

Chapter 536

မိုင်ပေါင်း ကိုးသောင်းဆီသို့ ပျံသန်းခြင်း ၁

“တားမြစ်ပစ္စည်း ဟုတ်လား”

ရှုချင်းက ဇဝေဇဝါဖြစ်နေသော မျက်နှာအမူယာဖြင့် ကြည့်လိုက်သည်၊၊

“တားမြစ်ပစ္စည်းတွေနဲ့ ပတ်သက်ပြီး ကောလာဟလတွေရော… သုတေသနတွေရော ရှိခဲ့ဖူးတယ်၊၊ အရင်ဖက်ဒရယ်ခေတ်တုန်းက အထူးပစ္စည်း စုံစမ်းစစ်ဆေးရေးဌာနဆိုတာ ရှိခဲ့တယ်၊၊ သူတို့က ထူးဆန်းတဲ့သတ္တဝါတွေကို စုံစမ်းတာမဟုတ်ဘဲ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို ဖြစ်ပေါ်စေနိုင်တဲ့ ပစ္စည်းတွေကို စုံစမ်းတယ်၊၊ ဒီပစ္စည်းတွေက မူလက ကမ္ဘာဂြိုဟ်ပေါ်မှာ ရှိနေခဲ့တာပဲ၊၊ ဒါပေမဲ့ ကမ္ဘာပျက်ကပ် ရောက်ပြီးနောက်မှာတော့ ဆန်းကြယ်တဲ့ စွမ်းအားတစ်ခုရဲ့ ကူးစက်မှုကို ခံရပြီး ထူးခြားတဲ့ အရာဝတ္ထုတွေ ဖြစ်လာကြတယ်၊၊ အိန်ဂျယ်စီမံကိန်းမှာတော့ အဲဒီလို ပစ္စည်းတွေကို တားမြစ်ပစ္စည်းလို့ သတ်မှတ်ခဲ့တယ်၊၊ အဲဒါက ဒေသအလိုက်ဖြစ်ဖြစ် ဒါမှမဟုတ် ကူးစက်တတ်တဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တွေကို ဖြစ်စေနိုင်တဲ့ သီးခြားပစ္စည်းတွေကို ခေါ်တာပါ”

တင်းကျန်းရီက ရှင်းပြသည်၊၊

“ဒါတွေကို ကျွန်မတို့ သိပြီးသားပါ”

ကီကီက ဖြတ်ပြောလိုက်သည်၊၊

“ရှင်တို့ ရထားပေါ်မရောက်ခင်တုန်းက ယူ‌ပေမြို့နားက တာ့လိုတောင်မှာ ၁၅၄၂ အမှောင်ရေဒီယိုနဲ့ ကျွန်မတို့ တွေ့ခဲ့သေးတယ်၊၊ အဲဒါက တားမြစ်ပစ္စည်းကြောင့်ဖြစ်တဲ့ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခုပဲ”

“ဟုတ်တယ်... ဟုတ်တယ်၊၊ အဲတုန်းက တော်တော်လေး ကြောက်ဖို့ကောင်းတယ်၊၊ သရဲခြောက်နေတယ်တောင် ထင်ရတယ်”

ရှားရှား က ခေါင်းကို အဆက်မပြတ်ညိတ်လျက် ပြောသည်၊၊

ရှုချင်း၏ မျက်လုံးများ ဝိုင်းသွားသည်၊၊ သူမသည် လင်းရှန်နှင့်အတူ ချူကွမ်းရှိ မီးပုံပွဲသို့ တက်ရောက်ခဲ့စဉ်က ၁၅၄၂ ရေဒီယိုအကြောင်း ကြားဖူးသော်လည်း ယခုမှသာ အနန္တရထားသည် ထိုအရာနှင့် တကယ်တမ်း ရင်ဆိုင်တွေ့ခဲ့ရကြောင်း သိလိုက်သည်၊၊ ထိုစဉ်က ညဘက်တွင် အချက်ပြလှိုင်းများ လက်ခံရရှိကြောင်းနှင့် လူအချို့ပျောက်ဆုံးသွားကြောင်း ယာဉ်တန်းသုံးခုက သတင်းပို့ခဲ့ဖူးသည်၊၊

“အဲဒီတော့ ရှင်တို့အဖွဲ့က အဲဒီထူးဆန်းတဲ့ ရေဒီယိုနဲ့ တကယ်တွေ့ခဲ့တာပေါ့၊၊ လူတွေရော ပျောက်သွားသေးလား”

ရှုချင်းက မေးသည်၊၊

လင်းရှန်က ခေါင်းခါလိုက်ပြီး ဖြစ်ပျက်ခဲ့သည်များကို အကျဉ်းချုပ် ပြောပြလိုက်သည်၊၊

“သရဲခြောက်တာတော့ မဟုတ်ပါဘူး၊၊ ဒါပေမဲ့ အဲဒီအရာက တကယ်ကို အန္တရာယ်များတယ်၊၊ သူက လူတွေကို ရေဒီယိုလှိုင်းတစ်ခုထဲ ဆွဲသွင်းပြီး စိတ်ပိုင်းဆိုင်ရာကြောက်ရွံ့မှုတွေနဲ့ တိုက်ခိုက်တာပဲ... ကိုယ်အကြောက်ဆုံး အိပ်မက်ဆိုးတွေကို မြင်လာအောင် လုပ်တာပဲ”

“အဲဒါကြောင့် ဒီလိုပစ္စည်းမျိုးတွေကို ပုံမှန်ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ သဘောတရားနဲ့ တိုင်းတာလို့ မရဘူး၊၊ ငါတို့ လက်ရှိသိထားတဲ့ စွမ်းရည်စနစ်တွေထက် အများကြီးကျော်လွန်နေတယ်”

တင်းကျန်းရီက “အဲဒါက ကောင်းကင်မှိုမျှော်စင်က မှိုမျှင်တွေကြောင့် ဖြစ်တဲ့ စိတ်ချောက်ချားမှုနဲ့ ဆင်တူတယ်၊၊ တစ်ခုက ကြောက်စရာကောင်းပြီး တစ်ခုကတော့ ပျော်ရွှင်စရာ ကောင်းနေတာပဲ”

“အဲဒီလိုဆိုရင် ဝင်ရိုးစွန်းညရဲ့ စွမ်းအားက သာမန်ပစ္စည်းတွေကို တားမြစ်ပစ္စည်းတွေအဖြစ် ပြောင်းလဲပစ်နိုင်တယ်လို့ ဆိုလိုတာလား”

တာလို့က မေးသည်၊၊

“လောလောဆယ်တော့ အဲဒါက အနီးစပ်ဆုံး ယူဆချက်ပဲ”

“တော်ပြီ ဒီလောက်ပဲ”

လင်းရှန်က လေသံတိုးတိုးဖြင့် ပြောလိုက်ရင်း လေထဲတွင် လွင့်မျောကာ လည်ပတ်နေသည့် ရွှေလက်ကောက်ကို မျက်မှောင်ကြုတ်ကြည့်လိုက်သည်၊၊

တားမြစ်ပစ္စည်းဟူသည့် စကားလုံးကို ကြားရရုံနှင့် သူ ခေါင်းကိုက်နေပြီ ဖြစ်သည်၊၊ ပြီးခဲ့သည့်အကြိမ်က ထိုအရာများကြောင့် သူဒုက္ခရောက်လုနီးပါး ဖြစ်ခဲ့ဖူးသည်၊၊ သို့သော် ယခုအခါ ထူးဆန်းသည့် ကုဗတုံးသည် အနန္တရထား၏ ကာကွယ်ရေးပစ္စည်း ဖြစ်နေပြီး အမှောင်စွမ်းအင်များကိုပင် ယန္တရားရင်းမြစ်အမှတ်များအဖြစ် ပြောင်းလဲပေးနေသည်၊၊ သူသည် ထိုအရာအပေါ် မနှစ်မြို့ခြင်းနှင့် သဘောကျခြင်းတို့ ရောထွေးနေ၏၊၊

ယခုလည်း မမျှော်လင့်ဘဲ နောက်ထပ်တစ်ခုက သူ၏ ရထားပေါ် ရောက်လာပြန်ပြီ၊၊ ၎င်းက မည်သို့သော ခြိမ်းခြောက်မှုမျိုး ပေးလာမည်ကို မည်သူမျှမခန့်မှန်းနိုင်ကြချေ၊၊

သူသည် အားလုံးကို နောက်သို့ ဆုတ်ခိုင်းလိုက်ပြီးနောက် သူ၏ လက်ကို မြှောက်ကာ စက်ရုပ်လက်တံတစ်ခု ဖန်တီးလိုက်ပြီး ရွှေလက်ကောက်ဆီသို့ ဦးတည်လိုက်သည်၊၊

သို့သော် စက်ရုပ်လက်တံက အနားသို့ ကပ်သွားရုံဖြင့် လွင့်မျောနေသော လက်ကောက်ထံမှ အလွန်နုနယ်သည့် အပြာရောင်မီးတောက်များ ထွက်ပေါ်လာသည်၊၊ ထိုမီးတောက်များမှာ ကြည်လင်နေပြီး လေထုကဲ့သို့ပင် မြင်နေရသည်၊၊ ထိုခဏချင်းမှာပင် ရထားတွဲတစ်ခုလုံး ပူပြင်းလာပြီး အပူချိန်မှာလည်း ရုတ်တရက် မြင့်တက်သွားသည်၊၊

သူ၏ စက်ရုပ်လက်တံမှာ ချက်ချင်းပင် အရည်ပျော်သွားပြီး အောက်ရှိ အိုးထဲသို့ သံရည်ပူများအဖြစ် ကျဆင်းသွားသည်၊၊ စက်ရုပ်လက်တံသာမက အိုးကိုယ်တိုင်လည်း အပူရှိန်ကြောင့် ရဲရဲတောက်လာပြီး ပုံပျက်လာသည်၊၊

အလွန်ပူပြင်းသည့် လေများက နံပါတ် ၅ ရထားတွဲအတွင်း ဖြတ်သန်းသွားသဖြင့် အားလုံး နောက်သို့ ဆုတ်လိုက်ကြရသည်၊၊ အပူရှိန်မှာ ရှေ့တွဲနှင့် နောက်တွဲများဆီသို့ ရိုက်ခတ်သွားသည်၊၊

လင်းရှန်သည် ချက်ချင်းပင် သူ၏ အကာအကွယ်ကို အသက်သွင်းလိုက်သည်၊၊ သူ၏ ကျောပြင်တွင် ချွေးစေးများ ထွက်လာ၏၊၊ ကံကောင်းသည်မှာ ထိုမီးတောက်များက စက္ကန့်အနည်းငယ်သာ ကြာမြင့်ခြင်းဖြစ်သည်၊၊ အကယ်၍ ဆက်ပြီး တောက်လောင်နေပါက သူ လက်ကောက်ကို အဝေးသို့ မပစ်ထုတ်နိုင်ခင်မှာပင် ရထားတွဲတစ်ခုလုံး အရည်ပျော်သွားနိုင်သည်၊၊

“ဒီအရာက ဒီလောက် အပူရှိန်မျိုး ထုတ်ပေးနိုင်တာလား”

“ဖာ့ခ်.. ကြောက်ဖို့ကောင်းလိုက်တာ”

“ရှုချင်း.. သတိထားဦး”

“ခေါင်းဆောင်လင်း.. သတိမလွတ်နဲ့ဦး”

“ကီကီ”

လင်းရှန်က လှမ်းခေါ်လိုက်သည်၊၊

“ကျွန်မ ကိုင်တွယ်လိုက်မယ်”

ကီကီက ပျံသန်းလာရင်း ပြန်ဖြေသည်၊၊

“ကီကီ... အဲဒါကို အပြင်ပစ်ထုတ်လိုက်တော့”

“မြန်မြန်”

ကီကီက သူမ၏ စိတ်စွမ်းအားကို အသုံးပြုတော့မည့်အချိန်မှာပင် အိုးအနား၌ ဘောင်းဘီတစ်ဝက် မီးလောင်နေသည့် လုရှင်းချန်က မယုံကြည်နိုင်သလို ကြည့်နေသည်၊၊ လက်ကောက်၏ အရောင်မှာ လုံးဝ မမှိန်သွားသေးဘဲ မတည်မငြိမ်ဖြစ်ကာ လွင့်မျောနေသည်၊၊

လုရှင်းချန်က ရုတ်တရက် သူ၏ မီးတောက်စွမ်းအားကို အသက်သွင်းလိုက်ပြီး

“ငါ သိပြီ၊၊ ဒါက မီးဒြင်စင်ရှိတဲ့ ရတနာပဲ၊၊ အဲဒါက ပိုင်ရှင်အဖြစ် အသိမှတ်ပြုဖို့ သွေးတစ်စက် လိုအပ်တယ်”

“သွေးတစ်စက် ဟုတ်လား... အဓိပ္ပာယ်မရှိတာတွေ”

ကီကီက အမှိုက်ပုံးထဲမှ ဘူးခွံတစ်ခုဖြင့် မီးတောက်၏ ခေါင်းဆီသို့ လှမ်းပေါက်ရင်း အော်လိုက်သည်၊၊

“အခုက အဲဒါလုပ်ရမယ့် အချိန်မဟုတ်ဘူး၊၊ ဒီအရာက ရထားကို မီးလောင်သွားအောင် လုပ်ရင် ဘယ်လိုလုပ်မလဲ”

လုရှင်းချန် ရှက်ကိုးရှက်ကန်း ဖြစ်သွားပြီးနောက် လေးနက်သော အမူယာဖြင့် ပြောလိုက်သည်၊၊ “ဆိုလိုတာက.. အဲဒီအပူရှိန်က မီးသက်သက်မဟုတ်ဘူး၊၊ အစောပိုင်းက ငါ့ရဲ့ မီးတွေကို စုပ်ယူလိုက်တယ်ပဲ”

လင်းရှန်က မျက်မှောင်ကြုတ်လိုက်ပြီး

“မင်း သေချာလား”

“ကျွန်တော်...”

လုရှင်းချန် သည် တုံ့ဆိုင်းနေပြီးမှ သတ္တိမွေးကာ ဆုံးဖြတ်ချက် ချလိုက်ပြီး ရွှေလက်ကောက်ကို လက်ဖြင့် လှမ်းဖမ်းလိုက်သည်၊၊

အားလုံး အသက်ရှူမှားသွားကြသည်၊၊ လင်းရှန်ပင်လျှင် ရင်ထိတ်သွားသည်၊၊ သို့သော် ဘာမှ ဖြစ်မလာချေ၊၊ လက်ကောက်က မီးမတောက်လာဘဲ သူ၏ လက်ဖဝါးပေါ်တွင် သာမန်တန်ဆာပလာတစ်ခုကဲ့သို့ ငြိမ်သက်စွာ ရှိနေသည်၊၊

အားလုံး အသက်ရှူအောင့်ကာ စောင့်ကြည့်နေကြသည်၊၊

လုရှင်းချန်၏ ရင်ဘတ်ထဲတွင် တဒိန်းဒိန်း ခုန်နေသော်လည်း အားလုံးက သူ့ကို စိုက်ကြည့်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ဆရာကြီးတစ်ယောက်ကဲ့သို့ စတိုင်ဖမ်းလိုက်သည်၊၊

“တွေ့လား.. ငါ ပြောသားပဲ”

သူက လက်ဖဝါးကို ဖြန့်ပြလိုက်သည်၊၊ လက်ကောက်က ထိုနေရာတွင် ဝဲနေသည်၊၊

အားလုံး စိတ်အေးသွားမည်ဟု သူထင်နေသော်လည်း လူတိုင်း၏ မျက်နှာမှာ ပို၍ အံ့အားသင့်သွားကြသည်၊၊

ရှားရှား၏ မျက်လုံးများ ပြူးထွက်မတတ် ဖြစ်သွားကာ “မီးတောက်.. ရှင်...”

“အမ်”

လုရှင်းချန်လည်း တစ်ခုခုမှားနေပြီဟု ခံစားလိုက်ရသဖြင့် ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်၊၊

ဘာလို့ အားလုံးက ရုတ်တရက် ပုသွားကြတာလဲ၊၊

သူ အောက်ကို ငုံ့ကြည့်လိုက်သည့်အခါမှ သိလိုက်ရသည်မှာ..

သူသည် ကြမ်းပြင်ပေါ်မှ ပျံတက်နေခြင်းဖြစ်သည်၊၊

“မီးတောက်က ပျံနေပြီ”

ချန်ဆီရွှမ်က အော်လိုက်သည်၊၊

လင်းရှန်နှင့် ကီကီအပါအဝင် အားလုံးက အံ့အားသင့်စွာကြည့်နေကြသည်၊၊ လုရှင်းချန်သည် ယခုအခါ အာကာသထဲမှ အာကာသယာဉ်မှူးတစ်ယောက်ကဲ့သို့ အလေးချိန်မရှိဘဲ လွင့်မျောနေသည်၊၊

“ဟမ်.. ဘာဖြစ်တာလဲ”

လုရှင်းချန်က လေထဲတွင် လက်ပစ်ကူးသလို လှုပ်ရှားနေသော်လည်း အောက်သို့ ပြန်မဆင်းနိုင်ဖြစ်နေသည်၊၊ မျက်နှာကျက်ကို တွန်းကန်လိုက်သည့် အခါမှသာ အောက်သို့ ပြန်ရောက်လာသည်၊၊

အားလုံး ပါးစပ်အဟောင်းသားဖြင့် ကြည့်နေကြသည်၊၊

တင်းကျန်းရီပင်လျှင် လေးနက်သွားကာ ရေရွတ်လိုက်သည်၊၊

“ဆွဲငင်အား ဆန့်ကျင်ခြင်းလား”

သိပ္ပံပညာအရ အနှုတ်သဘောဆောင်သော ဒြပ်ထုကို ပယ်ဖျက်၍ မရသော်လည်း ဆွဲငင်အား ဆန့်ကျင်ခြင်းကို ထောက်ခံသည့် အထောက်အထားမျိုး မရှိခဲ့ဖူးချေ၊၊ ယခုမှသာ မြင်ဖူးခြင်းဖြစ်သည်၊၊

လင်းရှန်လည်း တစ်ဝက်လောက် စိတ်အေးသွားကာ “အဆင်မပြေတာ တစ်ခုခုရှိလား”

လုရှင်းချန်က လက်ကိုင်တစ်ခုကို ကိုင်ထားရင်း “အစ်ကိုလင်း.. ကျွန်တော် ဘာမှမဖြစ်ဘူး”

ထို့နောက် သူက လက်ကောက်ကို ကမ်းပေးကာ

“အစ်ကို စစ်ဆေးကြည့်ချင်လား”

လင်းရှန်က လက်လှမ်းလိုက်ပြီးမှ ရပ်လိုက်သည်၊၊ မဟုတ်သေးဘူး… လုရှင်းချန်မှာ မီးဓာတ်စွမ်းအား ရှိသောကြောင့်သာ ဘာမှမဖြစ်ခြင်း ဖြစ်နိုင်သည်၊၊ ထို့ကြောင့် လင်းရှန်သည် ယန္တရားစကင်ဖတ်မှုကို အသုံးပြုလိုက်သည်၊၊

Chapter 537

မိုင်ပေါင်း ကိုးသောင်းဆီသို့ ပျံသန်းခြင်း ၂

[စကင်ဖတ်မှု မအောင်မြင်ပါ - ယန္တရားမဟုတ်သော စွမ်းအင်ကို တွေ့ရှိရသည်]

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်၊၊ ၎င်းက တားမြစ်ပစ္စည်း ဟုတ်မဟုတ် သေချာစေရန် သူသည် ယန္တရားဝါးမျိုမှု ကို စမ်းကြည့်သည်၊၊

လုပ်ဆောင်ချက်ဘား ပေါ်လာသည် -

[ဝါးမျိုမှု - ၁၀%... ၃၀%... ၅၀%... ၈၀%...]

[ဝါးမျိုမှု ပြီးဆုံးသည်၊၊ ခွဲခြမ်းစိတ်ဖြာ၍ မရပါ၊၊ ကုန်ကြမ်းအဖြစ် ပြောင်းလဲမည်လား - ရွှေ x ၀.၀၅]

ပြီးခါနီးအချိန်မှာပင် ဟိုလိုဂရမ် စာတန်းတစ်ခု ပေါ်လာသည်၊၊ လင်းရှန်က မျက်မှောင်ကြုတ်ကာ ဝါးမျိုမှုကို ရပ်တန့်လိုက်သည်၊၊

သူက လုရှင်းချန်ဘက် လှည့်ကာ

“မီးတောက်.. ထပ်စမ်းကြည့်ပါဦး၊၊ ဒီလက်ကောက်က တခြားဘေးထွက်ဆိုးကျိုးမရှိဘဲ မင်းကို ပျံခိုင်းနိုင်တယ်ဆိုရင် မင်းရဲ့ မီးတောက်စွမ်းအားတွေနဲ့ ပေါင်းပြီး တကယ် ပျံသန်းနိုင်လိမ့်မယ်”

ထိုအကြံဉာဏ်က လင်းရှန်၏ ခေါင်းထဲသို့ ချက်ချင်း ဝင်လာခြင်းဖြစ်သည်၊၊ သူသည် ၁၅၄၂ ရေဒီယိုကို ဝါးမျိုရန် စမ်းသပ်ခဲ့သော်လည်း ကြောက်ရွံ့မှုစွမ်းအင်ကို မထိန်းချုပ်နိုင်ခဲ့ချေ၊၊ ယန္တရားနှလုံးသား၏ တုံ့ပြန်မှုကြောင့်သာ ထူးဆန်းသည့် ကုဗတုံးဖြစ်လာခဲ့ခြင်းဖြစ်သည်၊၊

သို့သော် ဤလက်ကောက်၏ မီးတောက်နှင့် ဆွဲငင်အားဆန့်ကျင်သည့် အာနိသင်ကို လုရှင်းချန် ထိန်းချုပ်နိုင်ကောင်း ထိန်းချုပ်နိုင်လိမ့်မည်၊၊ အပိုင်းအစများအဖြစ် အသုံးပြုပစ်ပါက နှမြောစရာကောင်းပေလိမ့်မည်၊၊

လုရှင်းချန်၏ မျက်လုံးများက ဉာဏ်အလင်းတစ်ခုရသွားသလို လင်းလက်လာသည်၊၊ သူက လက်ကောက်ကို ပြန်ယူကာ ပြတ်သားသည့် အကြည့်ဖြင့် ကြည့်လိုက်သည်၊၊

အကယ်၍ ဤအရာက သူ့ကို ဆွဲငင်အားမဲ့အနေအထားမှာ ရှိနေစေမည်ဆိုပါက မီးတောက်တစ်ခုကို ထုတ်လွှတ်လိုက်ရုံဖြင့် သူပျံသန်းနိုင်မည် မဟုတ်ပါလား၊၊

သူ တကယ်ပဲ မီးနတ်ဘုရားဖြစ်လာတော့မည်၊၊

သူ့ကိုယ်သူ ကောင်းကင်မှာ နတ်ဘုရားတစ်ပါးလို ပျံသန်းနေသည့် ပုံရိပ်ကို စိတ်ကူးကြည့်မိကာ စိတ်လှုပ်ရှားလာသည်၊၊

“အစ်ကိုလင်း.. အစ်ကိုပြောတာ တကယ်မှန်တယ်၊၊ ငါ စမ်းကြည့်လိုက်ဦးမယ်”

ထိုသို့ ပြောပြီးနောက် သူသည် တံခါးလက်ကိုင်ကို ဆွဲကာ နံပါတ် ၅ ရထားတွဲ၏ အလိုအလျောက်တံခါးဆီသို့ လွင့်မျောသွားသည်၊၊ အားလုံးက ဘေးသို့ ဖယ်ပေးလိုက်ကြပြီး စိုးရိမ်တကြီးကြည့်နေကြသည်၊၊

“ဟေး.. နင် တကယ်သေချာရဲ့လား”

ကီကီက မျက်မှောင်ကြုတ်ကာ မေးသည်၊၊

“လင်းရှန် ပြောတာလည်း အဓိပ္ပာယ်ရှိပါတယ်” ချန်ဆီရွှမ်က ပြောသည်၊၊

ရှားရှားက လက်ပိုက်လိုက်ရင်း

“ကြည့်ရတာတော့ သူ စမ်းမကြည့်ရမချင်း ရပ်မှာမဟုတ်ဘူး”

“သတိထားရမယ်၊၊ တားမြစ်ပစ္စည်းတွေအကြောင်း ကျွန်မတို့ သိထားတာ နည်းလွန်းသေးတယ်”

တင်းကျန်းရီက သတိပေးသည်၊၊

တာလို့နှင့် ရှုချင်းကလည်း ခေါင်းငြိမ့်ကြသည်၊၊

“သတိထားဦး မီးတောက်”

“ရထားက မြန်နေတယ်နော်၊၊ ဇွတ်မလုပ်နဲ့ဦး”

ရှုချင်းက သတိပေးသည်၊၊

လင်းရှန်က ကီကီဘက် လှည့်ကာ

“ကလေးမ.. သူနဲ့အတူ လိုက်သွားပေးပါဦး၊၊ ဒီအရာရဲ့ စွမ်းရည်တွေကို ငါတို့ သေချာသိဖို့ လိုတယ်၊၊ ရထားပေါ်မှာ ဒီအတိုင်း မစစ်ဆေးပဲ ထားတာက မလုံခြုံဘူး”

ကီကီက သက်ပြင်းချလိုက်ပြီး

“ကောင်းပြီလေ”

….

နံပါတ် ၅ ရထားတွဲ၏ အလိုအလျောက်တံခါးပွင့်သွားသည်နှင့် အေးစက်လှသော ဂိုဘီသဲကန္တာရလေပြင်းများ တိုးဝင်လာပြီး ရထားထဲမှ အပူရှိန်များကို ပျောက်ကွယ်သွားစေသည်၊၊

“သွားကြစို့”

ကီကီက အေးအေးဆေးဆေး ပြောလိုက်ရင်း တံခါးဝတွင် လက်ပိုက်ကာ လွင့်မျောနေပြီး လုရှင်းချန်ကို လှမ်းကြည့်လိုက်သည်၊၊

သို့သော် လုရှင်းချန်သည် တည်ငြိမ်မနေချေ၊၊ သူသည် လက်ကောက်ကို လက်တွင် ဝတ်လိုက်ပြီး ညာလက်ကို ရှေ့သို့ ဆန့်လိုက်သည်၊၊ နီရဲသော မီးတောက်များ ထွက်ပေါ်လာကာ သူ၏ မီးတောက်စွမ်းအားကို အပြည့်အဝပြသလိုက်သည်၊၊ ထိုမီးတောက်၏ တွန်းကန်အားကြောင့် သူမသည် ရထားအပြင်ဘက်သို့ ဖြည်းညင်းစွာ လွင့်ထွက်သွားသည်၊၊

အားလုံး တံခါးဝသို့ ပြေးကြည့်ကြသည်၊၊

သူ ပြောခဲ့သလိုပင် သူသည် မီးတောက်များကို အသုံးပြု၍ လေထဲတွင် ကိုယ့်ကိုယ်ကိုယ် တွန်းတင်လိုက်သည်၊၊ ပျံသန်းသည့် အတွေ့အကြုံမရှိသေးသောကြောင့် ဝေဝါးနေပြီး အထက်အောက်ကိုပင် ခွဲခြားရန် ခက်ခဲနေသည်၊၊

သို့သော် အခြားယာဉ်တန်းများအပါအဝင် အားလုံးက သူ့ကို စောင့်ကြည့်နေနိုင်သည်ကို သူသိပေသည်၊၊ ကီကီကလည်း အနောက်ကနေ လိုက်လာနေသည်၊၊ သူကဲ့သို့ ကိုယ့်ကိုယ်ကိုယ် မီးနတ်ဘုရားဟု ကြေညာထားသူတစ်ယောက်အနေဖြင့် အရှုံးပေး၍ မဖြစ်ချေ၊၊

လုရှင်းချန်လည်း စိတ်ကို တင်းထားပြီး သူ၏ ကြောက်ရွံ့မှုကို ကျော်လွှားလိုက်သည်၊၊ ဖြည်းဖြည်းချင်းပင် သူသည် မီးတောက်များနှင့် ခန္ဓာကိုယ်ဟန်ချက်ကို ထိန်းချုပ်နိုင်လာသည်၊၊ သူသည် တည်ငြိမ်စွာ ပျံသန်းနိုင်လာပြီး အရှိန်မြှင့်လိုက်သည်၊၊

ဂိုဘီကန္တာရ၏ ညကောင်းကင်တွင် သူ၏ နောက်မှ မီးတောက်တန်းမှာ ရဲရဲတောက်နေပြီး သူသည် လေထုကို ဖြတ်သန်းကာ တိမ်တိုက်များထဲသို့ တိုးဝင်သွားသည်၊၊

“ဝင်ရိုးစွန်းညက အန္တရာယ်များတာ မှန်ပေမဲ့ လူသားတွေ မရှာဖွေရသေးတဲ့ အရာတွေ အများကြီး ရှိနေသေးတာပဲ”

တင်းကျန်းရီက ကောင်းကင်ကို ကြည့်ရင်း ရေရွတ်လိုက်သည်၊၊

ဆွဲငင်အား ဆန့်ကျင်ခြင်းစွမ်းအင်၊ စိတ်နှင့် ဆက်နွှယ်နေသည့် အပင်များ၊ ကောင်းကင်မှိုမျှော်စင်နှင့် ဖုတ်ကောင်သိုးထိန်း… ဤအရာအားလုံးကို သူတို့ ဝင်ရိုးစွန်းညထဲ ရောက်ပြီး တစ်ရက်မပြည့်ခင်မှာပင် တွေ့ကြုံခဲ့ရခြင်းဖြစ်သည်၊၊ ဤတွေ့ရှိချက်အများစုမှာ ရူပဗေဒနှင့် ဇီဝဗေဒသဘောတရားများကို ဆန့်ကျင်နေကြသည်၊၊

လင်းရှန်၏ မျက်နှာအမူယာမှာ ရှုပ်ထွေးနေသည်၊၊ ဝင်ရိုးစွန်းညထဲသို့ ဝင်လာရခြင်းမှာ ကံဆိုးခြင်းဖြစ်သလို ကံကောင်းခြင်းလည်း ဖြစ်သည်၊၊ ဖီးနစ်နှင့် ညလမ်းလျှောက်သူအဖွဲ့စည်းတို့သည် အမှောင်ထုမှ လွတ်မြောက်ရန်နှင့် အာရုဏ်ဦးသို့ ရောက်ရန် ကြိုးစားနေကြသည်၊၊

သို့သော် တစ်နေ့တွင် လူသားမျိုးနွယ်တစ်ခုလုံးကို ဝင်ရိုးစွန်းညက ဝါးမျိုသွားလိမ့်မည်၊၊

ထိုအခါ အသက်ရှင်ကျန်ရစ်သူများသည် အရာအားလုံးကို ရင်ဆိုင်ကြရမည်ဖြစ်သည်၊၊

“တားမြစ်ပစ္စည်းတွေ.. ကပ်ဘေးပန်းတွေ..”

ချန်ဆီရွှမ်က သက်ပြင်းချသည်၊၊

“ကျွန်မတို့ အမှောင်ထုအကြောင်း သိတာ နည်းသေးတယ်၊၊ ဒါပေမဲ့ မျှော်စင်မှာ တွေ့ခဲ့တာတွေကို ကြည့်ရင်တော့ အမှောင်ထုထဲက သတ္တဝါတွေက ကျွန်မတို့အကြောင်းကို ပိုသိနေသလိုပဲ”

သူမ၏ စကားကြောင့် အားလုံး တိတ်ဆိတ်သွားကြသည်၊၊

သို့သော် လင်းရှန်၏ မျက်လုံးများက တောက်ပလာကာ “ကောင်းတဲ့ဘက်က ကြည့်ရင်တော့ မီးတောက်က အခုပျံနိုင်ပြီလေ၊၊ အဲဒါက ငါတို့ အနန္တယာဉ်တန်းကို ပိုပြီး အားကောင်းလာစေတယ်”

“အမှောင်ထုက လူသားတွေကို ဆင့်ကဲပြောင်းလဲလာအောင် ဖိအားပေးနေတာပဲ၊၊ ဒီအန္တရာယ်ရှိတဲ့ တားမြစ်ပစ္စည်းတွေကို ငါတို့ အသုံးချနိုင်တဲ့ ကိရိယာတွေအဖြစ် ပြောင်းလဲနိုင်ကောင်း ပြောင်းလဲနိုင်လိမ့်မယ်”

တင်းကျန်းရီဘက် လှည့်ကာ မေးလိုက်သည်၊၊

“အဲဒါက အထူးပစ္စည်း စုံစမ်းစစ်ဆေးရေးဌာနရဲ့ ရည်ရွယ်ချက် မဟုတ်ဘူးလား”

တင်းကျန်းရီက ခေါင်းငြိမ့်ကာ

“အတိအကျပဲ၊၊ ကျွန်မတို့ အမှောင်ထုကို လေ့လာတာက အသက်ရှင်ဖို့တင် မဟုတ်ဘူး၊၊ တစ်နေ့မှာ အနိုင်ယူဖို့အတွက်လည်း ပါတယ်”

ရဟူးးးးး

စိတ်လှုပ်ရှားနေသည့် အော်ဟစ်သံတစ်ခုက မှောင်မိုက်နေသော တောရိုင်းမြေပြင်ထက်တွင် ပဲ့တင်ထပ်သွားသည်၊၊

၎င်းသည် လုရှင်းချန်ဖြစ်သည်၊၊

သူ့မျက်နှာမှာ ပျော်ရွှင်မှုကြောင့် နီမြန်းနေသည်၊၊ သူအရင်ထဲက လိုချင်ခဲ့ရသည့် ပျံသန်းခြင်းအိပ်မက်မှာ ယခု တကယ်ဖြစ်လာပြီဖြစ်သည်၊၊

လူသားတွေဟာ ပျံသန်းဖို့ အမြဲတမ်း တောင့်တခဲ့ကြတာပဲ၊၊ အဲဒါက ငါတို့ရဲ့ သွေးထဲမှာ ပါပြီးသားပဲ…

ကျယ်ပြောလှသော ဂိုဘီညတွင် လုရှင်းချန်သည် နတ်ဘုရားတစ်ပါးမှ ပစ်လွှတ်လိုက်သည့် ငွေရောင်မြှားတစ်စင်းကဲ့သို့ ကောင်းကင်ကို ဖြတ်သန်းနေသည်၊၊ လေတိုးသံမှာ ပိုးထည်ကို ဆွဲဖြဲလိုက်သလို နားထဲတွင် ကြားနေရသည်၊၊ အောက်သို့ ထိုးဆင်းလိုက်တိုင်း မီးတောက်များဖြင့် လေထုကို ခွဲထွက်သွားပြီး အထက်သို့ ပျံတက်လိုက်တိုင်း ကြယ်ပွင့်များဆီသို့ တက်လှမ်းနေသလို ခံစားရသည်၊၊

သူသည် ဥက္ကာခဲတစ်ခုကဲ့သို့ အမြင့်မှ ထိုးဆင်းလာပြီး အရှိန်ပြင်းစွာ မောင်းနှင်နေသော အနန္တရထားနှင့် အပြိုင် ပျံသန်းလိုက်သည်၊၊

“အစ်ကိုလင်း” သူက ကောင်းကင်မှ လှမ်းအော်သည်၊၊

“အကြံပေးတာ ကျေးဇူးပဲ၊၊ ဒီအရာက တကယ်ကို မိုက်တယ်”

လုရှင်းချန်တစ်ယောက် ရထားနှင့် အပြိုင်ပျံသန်းနေရင်း အောက်ရှိ အဖွဲ့သားများနှင့် ဘေးတွင် လွင့်မျောနေသည့် ကီကီကို ဂုဏ်ယူစွာ ကြည့်လိုက်သည်၊၊

သူက ပြုံးလျက် ကဗျာတစ်ပုဒ်ကို ရွတ်ဆိုလိုက်သည် -

“လူကြီးမင်းတို့.. ငှက်ကြီးဟာ လေဟုန်ကိုစီးပြီး မိုင်ပေါင်း ကိုးသောင်းဆီသို့ ပျံသန်းနေ...”

“ဘုန်း”

သူ၏ ကဗျာမဆုံးခင်မှာပင် လမ်းဘေးရှိ ကျောက်တောင်နံရံတစ်ခုကို ဝင်တိုက်မိပြီး ပျောက်ကွယ်သွားလေသည်၊၊

“မီးတောက်”

အားလုံးက လန့်ဖျပ်ကာ အော်ဟစ်ရင်း သူ့ကို လိုက်ရှာကြသည်၊၊

လင်းရှန်က ထဆဲချင်စိတ် ပေါက်သွားကာ ရေရွတ်လိုက်မိသည်၊၊

“ကျွတ်.. ဒီကောင်ကတော့…. ရှေ့ကိုမကြည့်ဘဲ ဘယ်လို ပျံနေတာလဲ၊၊ ဒီအရှိန်နဲ့ဆို သေတော့မှာပဲ”

ထိုစဉ် အထက်မှ အသံတစ်ခု ထွက်ပေါ်လာသည်၊၊

“ဘာမှမဖြစ်ဘူး၊၊ ကျွန််မ ဖမ်းထားလိုက်ပြီ”

ကီကီက မျက်လုံးလှန်ကြည့်ရင်း ပြောသည်၊၊

သူမက လက်တစ်ဖက်ကို မြှောက်လိုက်ရာ ခဏအကြာတွင် မီးတောက်က ပြန်ပေါ်လာသည်၊၊ သူသည် သဲနံရံကို ဖြတ်ကျော်ကာ မြေပြင်ပေါ်တွင် လူးလိမ့်သွားပြီးမှ ပြန်၍ အပေါ်တက်လာသည်၊၊

All Chapters