← Chapters

အခန်း (၅၃၈-၅၃၉)

Vol. 34 Ch. 538-539

အခန်း (၅၃၈-၅၃၉)

Vol. 34 Ch. 538-539

Chapter 538

မိုင်ပေါင်း ကိုးသောင်းဆီသို့ ပျံသန်းခြင်း ၃

အစောက ခန့်ညားမှုများ ပျောက်ကွယ်သွားပြီးနောက် သူက တည်တည်ငြိမ်ငြိမ်ဖြင့် -

“ရှေ့မှာ လမ်းရှင်းပါတယ်”

“အစ်ကိုလင်း.. ပတ်ဝန်းကျင်က တည်ငြိမ်နေပြီး ကျွန်တော်တို့ရဲ့ အနန္တရထားသံချပ်ကာကလည်း အရင်လိုပဲ ခိုင်ခံ့နေပါတယ်”

သူသည် ဘာမှ မဖြစ်ခဲ့သလို ဟန်ဆောင်နေလေသည်၊၊

အားလုံး - “...”

“ဝါး”

ရှားရှားက မျက်နှာကို လက်ဖြင့်အုပ်ကာ

“အစ်ကိုလင်း.. သူ့ကို ဝေးဝေးမှာ သွားပျံခိုင်းလိုက်လား၊၊ ညီမ အိပ်ချင်ပြီ”

“သွားတော့လေ”

လင်းရှန်က ရယ်လျက် သူမ၏ ခေါင်းကို ပုတ်လိုက်သည်၊၊

ရှားရှားက သမ်းဝေရင်း ထွက်သွားသည်၊၊

တင်းကျန်းရီကလည်း တိတ်တဆိတ် ထွက်သွားသည်၊၊

ရှုချင်းနှင့် တာလို့တို့ကတော့ တစ်ယောက်ကိုတစ်ယောက် အနေရခက်စွာ ကြည့်လိုက်ကြသည်၊၊

“ခေါင်းဆောင်လင်း.. ကျွန်မ တာဝန်လဲဖို့ သွားတော့မယ်”

“အစ်ကိုလင်း.. ကျွန်တော် သေနတ်ပြင်လို့ မပြီးသေးဘူး”

နှစ်ယောက်လုံး ဆင်ခြေပေးကာ ထွက်သွားကြသည်၊၊

ချန်ဆီရွှမ် တစ်ယောက်သာ ကောင်းကင်ကို စိုးရိမ်တကြီးကြည့်ရင်း ကျန်ခဲ့သည်၊၊ သူမက လင်းရှန်ဘက် လှည့်ကာ

“ဒီကောင်က တကယ်ပဲ စိတ်ချရရဲ့လား”

“သူ အဆင်ပြေမှာပါ” လင်းရှန်က လက်ပိုက်လျက် ပြောသည်၊၊

“သူက ငါတို့ရဲ့ မီးနတ်ဘုရားပဲလေ၊၊ ဒီထက်ဆိုးတာတွေတောင် ကြုံဖူးတာပဲ၊၊ သူ အသက်ရှင်မှာပါ”

“သူ့ကို တစ်ယောက်တည်း ထားလိုက်ပါ၊၊ ကီကီကိုလည်း ခေါ်လိုက်တော့”

“ဘာလို့လဲ” ချန်ဆီရွှမ်က မေးသည်၊၊

“ငါတို့ ဒီမှာ ရှိနေရင်.. သူ ဘယ်လိုလုပ် သိက္ခာရှိရှိပြန်ဝင်လာတော့မလဲ”

ချန်ဆီရွှမ်လည်း ရယ်ချင်စိတ်ကို အောင့်ထားရင်း ပါးစပ်ကို ပိတ်ကာ အနားယူရန် ထွက်သွားသည်၊၊

အခြားသူများ ထွက်သွားပြီးနောက် လင်းရှန်လည်း ဆက်သွယ်ရေးစက်မှတစ်ဆင့်

“မီးတောက်… ဝင်ရိုးစွန်းညမှာ မီးတွေ အများကြီး ထုတ်နေရင် မလိုလားအပ်တဲ့ အာရုံစိုက်မှုတွေ ရလာနိုင်တယ်၊၊ မြန်မြန် ပြန်လာခဲ့တော့”

“နားလည်ပါပြီ အစ်ကိုလင်း”

လုရှင်းချန်က ချက်ချင်း ပြန်ဖြေသည်၊၊

လင်းရှန်က နောက်တွဲဆီသို့ ထွက်သွားသည်၊၊

လမ်းရှင်းသွားပြီဖြစ်သဖြင့် လုရှင်းချန်သည် နံပါတ် ၅ ရထားတွဲထဲသို့ ပြန်လည် ဆင်းသက်လိုက်သည်၊၊

မြေပြင်ပေါ် ရောက်သောအခါ သူက ဖုန်များကို ခါလိုက်သည်၊၊ သူ၏ အဝတ်အစားများမှာ စုတ်ပြတ်နေသည်ကို တွေ့လိုက်ရသည်၊၊ အစောပိုင်းက တိုက်မိသည့်ဒဏ်က မသေးလှချေ၊၊

“ဟူးးး.. သိပ်တော့ စတိုင်မကျသေးဘူး”

ပျံသန်းရတာ ပျော်စရာကောင်းသော်လည်း သူအပြည့်အဝ မထိန်းချုပ်နိုင်သေးချေ၊၊ လေ့ကျင့်မှုအချို့ လုပ်ပြီးပါက တိုးတက်လာမည်မှာ သေချာသည်၊၊

သူသည် လင်းရှန် ပေးထားသည့် ဝတ်စုံကို ကြည့်လိုက်သည်၊၊ အရင်က မီးတောက်စွမ်းအားကြောင့် မဝတ်ခဲ့သော်လည်း ယခုအခါ ပျံသန်းသည့်အခါ အဝတ်အစားများကို အကာအကွယ်ရရန်အတွက် လိုအပ်လာပြီဖြစ်သည်၊၊

လုရှင်းချန်သည် စိတ်လှုပ်ရှားစွာဖြင့် လက်ကောက်အကြောင်းကို ဆက်လက်လေ့လာရန် ပြင်ဆင်လိုက်သည်၊၊ ထိုလက်ကောက်မှ ထွက်ပေါ်လာသည့် အပူရှိန်မှာ သူ၏ ကောင်းကင်မီးလျှံဓားထက်ပင် ပို၍ အားကောင်းသည်ကို သူ သတိထားမိသည်၊၊

သူသည် အဝတ်အစားလဲကာ လက်ဖက်ရည်တစ်အိုးဖျော်ပြီး ထိုင်လိုက်သည်၊၊

“တားမြစ်ပစ္စည်း ဟုတ်လား၊၊ ဒီလောက် အံ့သြဖို့ကောင်းတဲ့ အရာက ဘာလို့ တားမြစ်ခံရမှာလဲ၊၊ ငါ့ကို ပျံစေနိုင်တယ်၊၊ မီးတွေ ထုတ်ပေးနိုင်တယ်..”

လေနှင့် မီးတောက်က အချိုးကျကျ လည်ပတ်နေသည်၊၊

သူသည် အနန္တသင်္ကေတ (∞) ပုံသဏ္ဌာန် ဖြစ်နေသည့် လက်ကောက်ကို ကြည့်လိုက်သည်၊၊

“မင်းကို.. အနန္တ လက်‌စွပ်လို့ပဲ ခေါ်တော့မယ်”

သူ ပြုံးလိုက်သည်၊၊

“ပြီးပြည့်စုံတယ်၊၊ တကယ်ကို ပြီးပြည့်စုံတယ်”

…

လင်းရှန်သည် သိုလှောင်ရုံနှင့် လူနေတွဲများဆီသို့ လျှောက်လာရင်း အပိုင်းတစ်ခုချင်းစီ၏ အခြေအနေကို စစ်ဆေးနေသည်၊၊ ကီကီက နောက်မှ လိုက်လာရင်း မေးသည်၊၊

“လင်းရှန်… ရှင်တကယ်ပဲ အဲဒီအရာကို ဒီအတိုင်း ယုံကြည်လိုက်တော့မှာလား”

“မယုံလို့ကော ဘာတတ်နိုင်မှာလဲ”

လင်းရှန်က ပြန်ဖြေသည်၊၊

“ငါတို့ အဲဒါကို လွှင့်ပစ်လို့ရတာမှ မဟုတ်တာ… အခု အကျိုးကျေးဇူးတွေ ရှိနေတာပဲ… သုံးရမှာပေါ့၊၊ မသိသေးတဲ့အရာတစ်ခုကို ကြောက်နေရုံနဲ့ ငါတို့ရဲ့ ဆုံးဖြတ်ချက်တွေကို အမှားမခံနိုင်ဘူး”

အစောပိုင်းက ဖြစ်ရပ်ပြီးနောက် တားမြစ်ပစ္စည်းသည် မတော်တဆ ထိန်းချုပ်ပြီးသား ဖြစ်သွားသည်ဟု လင်းရှန် နားလည်လိုက်သည်၊၊ ကီကီ သတိပေးခဲ့သလို ထိန်းချုပ်မှုလွတ်သွားခြင်းကြောင့် ဖြစ်တတ်သည့် ကြောက်မက်ဖွယ် အခြေအနေများ မဖြစ်ပေါ်ခဲ့ခြင်းကပင် သူ့ကို ဤသို့ တွေးမိစေခြင်းဖြစ်သည်၊၊

“ရှင်ပြောတာလည်း ဟုတ်ပါတယ်”

ကီကီက ခဏစဉ်းစားပြီး ခေါင်းငြိမ့်သည်၊၊

“အဲဒီအရာက မီးတောက်ထုတ်နိုင်တာဆိုရင် လုရှင်းချန်ကပဲ ထိန်းချုပ်လိုက်နိုင်တာဖြစ်မယ်၊၊ ဒါပဲ ဖြစ်နိုင်တဲ့ အဖြေပဲရှိတယ်”

လင်းရှန်သည် လမ်းလျှောက်နေရင်း ရုတ်တရက် ရပ်တန့်ကာ ခါးသက်သက် ပြုံးလိုက်သည်၊၊

“ငါတို့က အရင်တုန်းက လှည့်စားမှုတွေ ခဏခဏမိခဲ့ဖူးလို့နေမှာပါ၊၊ အခုလို ကံကောင်းတာမျိုး ကြုံရတော့ တကယ်မဟုတ်သလို ခံစားနေရတယ်၊၊ တကယ်တော့ အဲဒီဖုတ်ကောင်သိုးထိန်းဆီကနေ ငါတို့ အကောင်းအတိုင်း လွတ်လာခဲ့တာကို အခုထိမယုံနိုင်သေးဘူး”

ယိကျင်းမြို့အပြင်ဘက် တောင်တန်းတွေပေါ်မှာ ဖုတ်ကောင်သိုးထိန်းနဲ့ ထူးဆန်းသည့် သတ္တဝါများကို စတွေ့တုန်းက လင်းရှန်၏ စိတ်ထဲ ဘာမှမရှိတော့ဘဲ ဗလာဖြစ်သွားခဲ့သည်၊၊ ထိုမွန်းကျပ်ဖွယ်ကောင်းလှသည့် မျှော်လင့်ချက်မဲ့မှုကို သူဘယ်တော့မှ မေ့နိုင်မည်မဟုတ်ချေ၊၊

“မီးတောက်က ပေါ့ပေါ့ပါးပါးအမူယာနဲ့ စကားပြောတတ်ပေမဲ့ သူက တကယ်တော့ အသေးစိတ်သတိရှိတဲ့လူပဲ၊၊ ပြဿနာရှိရင် သူ ချက်ချင်း ကိုင်တွယ်နိုင်လိမ့်မယ်လို့ ငါယုံတယ်”

ထိုသို့ပြောလိုက်ခြင်းက လင်းရှန်အတွက် စိတ်သက်သာရာ ရစေသည်၊၊ သူသည် အရာအားလုံးကို တစ်ယောက်တည်း ထမ်းမထားတော့ဘဲ အဖွဲ့သားများကို ယုံကြည်တတ်လာခြင်းမှာ သူ၏ ရင့်ကျက်လာမှုတစ်ခုပင် ဖြစ်သည်၊၊

ပြန်စဉ်းစားကြည့်လျှင် မီးတောက်သာ မှိုမျှင်များ၏ ကူးစက်မှုကို တကယ်ခံခဲ့ရပါက သူ၏ လုပ်ဆောင်ချက်များမှာ ယာဉ်တန်းကို ကာကွယ်ရန်ဖြစ်သည်မှာ ထင်ရှားသည်၊၊ ဤကမ္ဘာပျက်ကပ်ထဲတွင် သူငယ်ချင်းများအတွက် အသေခံရဲသည့် အသင်းဖော်မျိုးကို လင်းရှန်အနေဖြင့် မယုံကြည်ဘဲ မည်သို့နေနိုင်မည်နည်း၊၊ တားမြစ်ပစ္စည်းကို သူ့အား ပေးအပ်လိုက်ခြင်းမှာ လုံးဝတရားမျှတပေသည်၊၊

ဒါ့အပြင် အဲဒီအရာကို မီးတောက်က ကံကောင်းလို့ ရှာတွေ့ခဲ့တာပဲ… အခုကြည့်ရတာတော့ အဲဒီကောင်က ကံတရားရဲ့ စောင့်ရှောက်မှုကို အပြည့်အဝရထားသလိုပဲ၊၊

ထိုစကားကို ကြားသောအခါ ကီကီက ချိုသာစွာ ပြုံးလိုက်သည်၊၊

“အင်း.. ရှင့်ကြည့်ရတာ အရာတိုင်းကို စိုးရိမ်မနေတော့ဘဲ ကြည့်ရတာ ပိုပြီး လန်းဆန်းလာသလိုပဲ”

လင်းရှန်က မျက်ခုံးပင့်လိုက်ရင်း

“ငါ့မျက်နှာက ဖြူဖျော့နေတယ်လို့ မင်းပြောချင်တာလား”

“... ဟုတ်တယ်လေ”

အချိန်ကို စစ်ဆေးပြီးနောက် လင်းရှန်က စိတ်အေးသွားသည့် လေသံဖြင့်

“ငါတို့ ဝင်ရိုးစွန်းည ဇုန်ကနေ ထွက်ခါနီးပြီ၊၊ ဒါပေမဲ့ အခုက ညဘက်ဆိုတော့ သတိမလွတ်နဲ့ဦး၊၊ မင်းသွားနားလိုက်တော့၊၊ ရေဒါကို အပြည့်ဖွင့်ထား၊၊ ငါတို့ မီးမသုံးဘူးဆိုတော့ ရေဒါပဲ အားကိုးစရာရှိတယ်”

“ဟုတ်ကဲ့ပါ”

ကီကီက အကြောဆန့်လိုက်သည်၊၊

“ဒါဆို ကျွန်မအိပ်တော့မယ်… လာမနှိုးနဲ့နော်”

“မနှိုးပါဘူး”

“မဟုတ်ဘူး.. မဟုတ်ဘူး၊ တစ်ခုခုဖြစ်ရင်တော့ နှိုးရမှာပေါ့”

ကီကီက ရုတ်တရက် ပြန်စိုးရိမ်သွားဟန်ဖြင့် လင်းရှန်၏ လည်ပင်းကို ဖက်လိုက်ပြီး သူမ၏ မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ကာ

“ဒါမှမဟုတ်.. ကျွန်မက ရှင့်အနားမှာပဲ နေပေးရမလား”

လင်းရှန်က နောက်တွဲဘက်ကို လှမ်းကြည့်ရင်း ခေါင်းခါလိုက်သည်၊၊

“မလိုပါဘူး၊၊ မင်း ကောင်းကောင်းနားဖို့ လိုတယ်၊၊ ကောင်းကင်မှိုမျှော်စင် ပေါက်ကွဲမှုက မင်းကို အတော်လေး ထိခိုက်စေခဲ့တယ်၊၊ အခု ရထားပေါ်မှာ လူတွေအများကြီးရှိနေပြီဆိုတော့ ငါ့အတွက် စိုးရိမ်မနေနဲ့၊၊ အိပ်လိုက်တော့”

ဘေးဒုက္ခများကြားတွင် အသက်ရှင်ရန်အတွက် အနားယူခြင်းမှာ အရေးကြီးသည်ကို လင်းရှန် နားလည်ထားသည်၊၊ ပို၍ အရေးကြီးသည်မှာ အမှောင်စွမ်းအင်များကို ပြောင်းလဲနေချိန်တွင် အနားယူခြင်းသည် ခန္ဓာကိုယ်ဆင့်ကဲပြောင်းလဲရန် အကောင်းဆုံးအချိန် ဖြစ်သည်၊၊

အနားယူရန် မလိုသည့် လင်းရှန်မှလွဲ၍ပေါ့၊၊ ထူးဆန်းသည့် ကုဗတုံးကြောင့် ထိုစွမ်းအင်အားလုံးသည် ယန္တရားရင်းမြစ်အမှတ်များအဖြစ် တိုက်ရိုက်ပြောင်းလဲသွားသဖြင့် ထိရောက်ပြီး ရိုးရှင်းလှသည်၊၊

“ဒါဆိုလည်း ပြီးရောလေ”

ကီကီက သူစိတ်ပူသည်ကို နားလည်သဖြင့် ဆက်မပြောတော့ဘဲ

“သတိထားဦးနော်၊၊ ကျွန်မနဲ့ အစ်မချန် နိုးလာရင် ရှင်အိပ်ရမယ်”

“အင်းပါ”

ထို့နောက် သူမသည် လင်းရှန်ကို တစ်ချက်စိုက်ကြည့်ပြီး ထွက်သွားလေသည်၊၊

လင်းရှန်သည် ပြတင်းပေါက်အပြင်ဘက်မှ တိတ်ဆိတ်နေသော ဂိုဘီသဲကန္တာရကို ကြည့်နေသည်၊၊ သူသည် ယန္တရားနှလုံးသားကို အသက်သွင်းကာ ရထားတွဲများနှင့် ကိုယ်ထည်များကို စစ်ဆေးမှု အဆုံးသတ်လိုက်သည်၊၊ မကြာမီ သူသည် နံပါတ် ၁၂ ရထားတွဲသို့ ရောက်ရှိလာရာ ထိုနေရာတွင် ဂရေ့စ်သည် အမှောင်ရိပ်ထဲ၌ တိတ်ဆိတ်စွာ ရပ်နေသည်၊၊ သူမ၏ စက်ရုပ်မျက်နှာမှာ ထူးဆန်းသော်လည်း လှပနေပြီး ငွေဖြူရောင် သတ္တုအရေပြားမှာ မှိန်ပျပျတောက်ပနေသည်၊၊

လင်းရှန်လည်း အနားသို့ လျှောက်သွားကာ ထိလိုက်သည်၊၊ ထူးဆန်းသည့် တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာပြီး သူ၏ ယန္တရားနှလုံးသားက တုံ့ပြန်သည့်အနေဖြင့် လှုပ်ရှားသွားသည်၊၊

နံပါတ် ၁၂ ရထားတွဲအတွင်း၌ လင်းရှန်သည် တိတ်ဆိတ်စွာ ရပ်နေသည်၊၊ ထိုစဉ် ရှေ့ဆုံးရှိ နျူကလီးယားစွမ်းအင်သုံး တွဲအတွင်းရှိ အထူးအေးခဲသေတ္တာထဲမှ အရည်များမှာ ရုတ်တရက် အနီရောင် တောက်ပလာသည်၊၊ ဖြူဖျော့ဖျော့ အရာတစ်ခု ပေါ်လာပြီးနောက် ချက်ချင်းပင် ပြန်လည် ပျောက်ကွယ်သွားသည်၊၊

Chapter 539

ဝင်ရိုးစွန်းညမှ ရုန်းထွက်၍ မီးများထွန်းညှိခြင်း ၁

လင်းရှန်၏ မျက်နှာအနည်းငယ်ပြောင်းလဲသွားသည်၊၊ သူ လက်ကို ပြန်ရုတ်လိုက်ပြီး ဂရေ့စ်၏ မျက်နှာကို စိုက်ကြည့်လိုက်သည်၊၊

“ထူးဆန်းတယ်.. ဖွင့်ထားတာလည်း မဟုတ်ဘဲနဲ့.. ဘာလို့ ငါ့ကို စောင့်ကြည့်နေသလို ခံစားရတာလဲ”

ခဏအကြာတွင် လင်းရှန်က အကြည့်လွှဲလိုက်သည်၊၊ သူသည် ထူးဆန်းသည့် စိတ်မလုံခြုံမှုကို ခံစားလိုက်ရသည်၊၊

နောက်တွဲဘက်တွင် မူလအနန္တ ရထားမှ ကိရိယာတန်ဆာပလာအားလုံးကို ပြောင်းရွှေ့ထားပြီး ဖြစ်သည်၊၊ ပစ္စည်းကိရိယာ အစုံအလင်ဖြင့် ပြုပြင်ထိန်းသိမ်းရေး ဧရိယာအကျယ်ကြီးကို ပြုလုပ်ထားသည်၊၊ ကိရိယာအများစုမှာ လင်းရှန် စကင်ဖတ်ကာ ထုတ်လုပ်ထားခြင်း ဖြစ်သည်၊၊ လုချန်နှင့် ပြုပြင်ရေးအတွေ့ကြုံရှိသူများက ယခုအခါ ရထားထိန်းသိမ်းရေးတွင် ကူညီပေးနေကြပြီ ဖြစ်သည်၊၊

လော့ယန်နှင့် လီယီတို့အဖွဲ့များ ပူးပေါင်းလာသောအခါ ထိန်းသိမ်းရေးအင်အားမှာ ပို၍ တောင့်တင်းလာသည်၊၊ လော့ယန်၏ အဖွဲ့တွင် တက္ကသိုလ်မှ နည်းပညာကျောင်းသားများ ပါဝင်ပြီး လက်တွေ့စွမ်းရည် ကောင်းမွန်ကြသည်၊၊ လီယီ၏ အဖွဲ့ဝင်များမှာမူ ကြံ့ခိုင်သည့် အလုပ်သမားများဖြစ်ကြပြီး နည်းပညာရော တိုက်ခိုက်ရေးပါ ကျွမ်းကျင်ကြသည်၊၊ သူတို့ တည်ဆောက်ရေးယာဉ်များကို စစ်ကားများအဖြစ် ပြောင်းလဲထားပုံကို ကြည့်ရုံဖြင့် သိနိုင်သည်၊၊

၎င်းအပြင် AI ဂရေ့စ်၊ PX-05 ပြုပြင်ရေး စက်ရုပ်များနှင့် လင်းရှန် တည်ဆောက်ထားသည့် အလိုအလျောက် ကျည်ခွံထုတ်စက်တို့ကြောင့် လင်းရှန်၏ ဝန်ထုပ်ဝန်ပိုးမှာ ၆၀ ရာခိုင်နှုန်းခန့် လျော့ကျသွားသည်၊၊ ယခုအခါ သူသည် ယာဉ်တန်း၏ တိုက်ခိုက်ရေးစွမ်းရည် မြှင့်တင်ရန်၊ ဖီးနစ်နှင့် ဆက်ဆံရေး ခိုင်မြဲရန်နှင့် ရထားတွဲများကို အဆင့်မြှင့်တင်ရန် ပိုမို အာရုံစိုက်နိုင်ပြီဖြစ်ရာ အနန္တရထားကို ရွှေ့လျားနေသည့် သံမဏိခံတပ်ကြီးအဖြစ် ပြောင်းလဲနိုင်တော့မည် ဖြစ်သည်၊၊

ထိုအချက်ကို စဉ်းစားရင်း လင်းရှန်သည် ထောင့်တစ်နေရာတွင် ထိုင်ကာ သူ့အတွက် Black Hwak - အသံတိတ်မုဆိုး စွမ်းအားမြှင့်ဝတ်စုံကို စတင်ထုတ်လုပ်လိုက်သည်၊၊ သူသည် ၎င်းကို တိုက်ခိုက်ရေးစွမ်းရည် အမြင့်ဆုံးရရှိရန် စိတ်ကြိုက်ပြုပြင်မည်ဖြစ်သည်၊၊

သူသည် နောက်ပိုင်းတွင် ရထားတွဲများ ပြန်လည် ပြင်ဆင်သည့်အခါ အသုံးပြုရန် PX-05 စက်ရုပ်နှစ်ရုပ်ကိုလည်း အပို ထုတ်လုပ်ထားဦးမည် ဖြစ်သည်၊၊

ကလန်.. ကလန်..

သူ စတင် အလုပ်လုပ်နေသည်၊၊ ယန္တရားထုတ်လုပ်မှု စနစ်မြင်ကွင်း ပွင့်လာပြီး အခြေခံအစိတ်အပိုင်းများကို စတင်ပုံဖော်လိုက်သည်၊၊

ပေါင်းစည်းယာဉ်တန်းကြီးသည် ဂိုဘီသဲကန္တာရတစ်လျှောက် အရှိန်ဖြင့် ပြေးလွှားနေသည်၊၊ လေပြင်းများ တိုက်ခတ်နေသလို သံမဏိဘီးများ၏ ပွတ်ကြိတ်သံမှာလည်း အဆက်မပြတ် ထွက်ပေါ်နေသည်၊၊ နေ့လယ် ၂ နာရီမှ ည ၇ နာရီအထိ သူတို့ ဆက်တိုက် မောင်းနှင်ခဲ့ကြသည်၊၊ ကောင်းကင်ယံမှာမူ ဘယ်တော့မှ ပွင့်မလာမည့် အနက်ရောင်လိုက်ကာကြီးကဲ့သို့ မှောင်မိုက်နေဆဲပင် ဖြစ်သည်၊၊

အဆုံးမဲ့ မှောင်မိုက်နေသော မြေရိုင်းပြင်ကြီးကို ကြည့်နေရသည်မှာ ကမ္ဘာကြီး၏ စွန့်ပစ်ခြင်းကို ခံလိုက်ရသလို ခံစားရသည်၊၊ ထိုစဉ် ရုတ်တရက် ယာဉ်တန်းတစ်ခုလုံး၏ ဆက်သွယ်ရေးစက်များ၌ လင်းရှန်၏အသံက ထွက်ပေါ်လာသည်၊၊

“ယာဉ်တန်းများအားလုံး သတိပြုရန်၊ ငါတို့ အခု နံပါတ် ၅ တွင်းနက်ဇုန်ရဲ့ ဝင်ရိုးစွန်းည ဧရိယာကနေ တရားဝင်ထွက်ခွာခဲ့ပါပြီ၊၊ ဒါပေမဲ့ ငါတို့က အမှောင်ဒီရေတွေရဲ့ အောက်မှာ ရှိနေသေးတယ်၊၊ သူတို့ရဲ့ အရှိန်အရဆိုရင် မနက်ဖြန် မနက် ၉ နာရီကနေ ၁၀ နာရီဝန်းကျင်မှာ အာရုဏ်တက်လိမ့်မယ်၊၊ လောလောဆယ် ငါတို့ဆီမှာ အမှောင်အမှတ်အသားတွေ မရှိတော့ဘူး၊၊ ဒါကြောင့် ငါတို့က တိတ်ဆိတ်ခြင်းပုံစံနဲ့ သွားနေတယ်၊၊ ယာဉ်မီးတွေကို ဖွင့်ပြီး ပုံမှန်အလုပ်တွေကို ဆက်လုပ်နိုင်ပါပြီ၊၊ ဒါပေမဲ့ သတိတော့ ထားကြပါ”

လင်းရှန်သည် သူ၏ လက်ကိုင်ဖုန်းမှတစ်ဆင့် ခရီးစဉ်မှတ်တမ်းများကို စစ်ဆေးရင်း ကြေညာလိုက်ခြင်း ဖြစ်သည်၊၊

“ဟူးးး”

သူ နောက်ဆုံးတော့ အသက်ကို ဝဝရှူလိုက်နိုင်သည်၊၊ ဝင်ရိုးစွန်းညဇုန်ထဲကို သူ ပထမဆုံးအကြိမ် ဝင်ခဲ့ရခြင်းဖြစ်ပြီး အလွန်ပင်ပန်းလှသည်၊၊ ပျက်စီးနေသော ရထားလမ်းများ၊ မှိုမျှင်များ၊ သံမဏိကို ချေဖျက်နိုင်သည့် မှိုအလွှာများ၊ မျှော်စင်၊ အနီရောင်ကမ္ဘာနှင့် ဖုတ်ကောင်သိုးထိန်းစသည့် ဘေးအန္တရာယ်တစ်ခုပြီးတစ်ခုကို ကြုံတွေ့ခဲ့ရသည်၊၊

ဤတစ်ကြိမ်တွင် လွတ်မြောက်ခဲ့ခြင်းမှာ ခွန်အား သို့မဟုတ် ဗျူဟာကြောင့် မဟုတ်ဘဲ အံ့ဖွယ်ဖြစ်ရပ်တစ်ခုကြောင့်သာ ဖြစ်သည်၊၊

“ဘေးအန္တရာယ်ကြီးကနေ လွတ်မြောက်ရင် ကံကောင်းခြင်းတွေ ရောက်လာတတ်တယ်ဆိုတဲ့ စကားက မှန်ပုံရတယ်”

စီလန်မြို့ ပျက်စီးပြီးနောက် ယိကျင်းမြို့မှာ သူတို့ မျှော်လင့်ချက် ဆုံးရှုံးလုနီးပါးဖြစ်ခဲ့ရသည်၊၊ အကယ်၍ ခိုင်မာသည့် စိတ်ဓာတ်သာ မရှိပါက သူတို့ ရှေ့ဆက်သွားရန် သတ္တိရှိကြမည် မဟုတ်ပေ၊၊

ထန်ယွမ်က သက်သေပင် ဖြစ်သည်၊၊ သူမ၏ ခင်ပွန်းဆုံးရှုံးသွားသောအခါ သူမသည် ကမ္ဘာပျက်ကပ်ကို ရင်မဆိုင်လိုတော့ဘဲ ထွက်ပြေးမည့်အစား မှိုမျှင်များ၏ ဝါးမြိုမှုကိုသာ ခံယူချင်ခဲ့သည်၊၊ လူတစ်ယောက်သည် အသက်ရှင်လိုစိတ် မရှိတော့လျှင် အမှောင်ထု၏ ဝါးမြိုခြင်းကို ခံရပြီး ဖုတ်ကောင်များ သို့မဟုတ် ထူးဆန်းသည့် သတ္တဝါများအဖြစ် ပြောင်းလဲသွားကြရသည်၊၊

လင်းရှန်၏ ကြေညာချက်ကြောင့် ယာဉ်တန်းခေါင်းဆောင်များထံမှ ဝမ်းသာအားရ အော်ဟစ်သံများ ထွက်ပေါ်လာသည်၊၊

“သိပ်ကောင်းတယ်”

“ဝင်ရိုးစွန်းညဇုန်ကနေ လွတ်ပြီလား”

“ဘုရားသခင်ရေ ကျေးဇူးတင်ပါတယ်”

“လင်းရှန်.. မင်းတို့ တကယ်တော်ကြတယ်”

“ဟုတ်တယ်၊၊ အာရုဏ်တက်တာကို မမြင်ရမချင်း စိတ်မချရသေးပေမဲ့ ဒါက တော်တော်လေး စိတ်သက်သာရာ ရစေတယ်”

“ဒဏ်ရာရတဲ့သူတွေနဲ့ အမျိုးသမီး၊ ကလေးတွေကို အရင်အနားယူခိုင်းလိုက်၊၊ ကျန်တဲ့သူတွေကတော့ အလှည့်ကျ ကင်းစောင့်ကြ... မျက်စိရော ရေဒါရော ဖွင့်ထားကြဦး”

“ကောင်းပါပြီ.. စိတ်မပူကြနဲ့၊၊ ငါတို့ အတူတူ အာရုဏ်ဦးကို ရောက်အောင် သွားကြမယ်”

“နားလည်ပါပြီ”

နဂါးတောင် ၁ ရထား၏ ရှေ့ခန်းတွင် နန်ကျင်းသည် သက်ပြင်းချလိုက်သည်၊၊ သူမသည် အဖွဲ့သားများကို အမိန့်ပေးပြီးနောက် အနားယူဆောင်သို့ ပြန်လာခဲ့သည်၊၊

အတွင်းတွင် ရှီတိယွမ်၏ ပတ်တီးများကို တစ်ဝက်ခန့် ဖြည်ထားပြီး ဖြစ်သည်၊၊ ပခုံးနှင့် နံဘေးတွင်သာ ပတ်တီးများ ကျန်တော့သည်၊၊ ထိုဒဏ်ရာများမှာ ကြောက်စရာကောင်းလှပြီး နှင်းတစ္ဆေနှင့် တောင်ပံပါသော သတ္တဝါဆိုးများ၏ တိုက်ခိုက်မှုကြောင့် ဖြစ်သည်၊၊ သူ၏ သန္ဓေပြောင်းစွမ်းအားနှင့် အနာကျက်နှုန်းမှာ မြန်ဆန်လှသော်လည်း အပြည့်အဝ ပြန်မကောင်းသေးချေ၊၊

“.. ငါတို့ တော်တော်ပင်ပန်းနေပြီ၊၊ မနက်လင်းရင် လိုဘူအနားက မြို့ငယ်လေးတွေကို ရောက်လိမ့်မယ်၊၊ အဲဒီမှာ ခဏလောက် နားလို့ရမယ် ထင်တယ်”

နန်ကျင်းသည် ရှီတိယွမ်က အခြားခေါင်းဆောင်များနှင့် စကားပြောနေသည်ကို ကြားလိုက်ရသည်၊၊ သူမက ခေါင်းငြိမ့်ရင်း

“ကျွန်မတို့ ဝင်ရိုးစွန်းညကနေ လွတ်လာတာ ခေါင်းဆောင်လင်း ကျေးဇူးကြောင့်ပဲ၊၊ သူက ကျွမ်းကျင်ရုံတင် မကဘူး၊ သူ့ရဲ့ အာရုံခံစားမှုကလည်း တကယ်ထူးခြားတယ်၊၊ သူက ခေါင်းဆောင်လုပ်ဖို့ မွေးဖွားလာသလိုပဲ”

ရှီတိယွမ်က ရယ်မောလိုက်ပြီး

“သူက သာမန်လူမဟုတ်ဘူးလို့ ငါပြောသားပဲ၊၊ ယူပေမှာတုန်းက ဒီလူက လူ ၅ ယောက်၊ ၆ ယောက်တည်းနဲ့ ဖုတ်ကောင်အုပ်ကြီးထဲကို ရဲရဲဝံ့ဝံ့ ‌တိုးဝင်ခဲ့တာကြောင့် ဖင်းဂါးအုပ်စုက မိန်းကလေးကျန်းတောင် သူ့ကို အထင်ကြီးခဲ့တယ်… ငါလူရွေးမမှားပါဘူး”

နန်ကျင်းက ခေါင်းငြိမ့်ကာ

“ဒါဆို နောက် ဘာဆက်လုပ်ကြမလဲ၊၊ ယိကျင်းမြို့ထဲ မဝင်ခင်တုန်းက သူက ကျင်းဟိုင်ကို သွားပြီး ဂြိုဟ်ပတ်ရထားလမ်းကို ပြန်တက်မယ်လို့ ပြောသံကြားတယ်၊၊ သူက အာရုဏ်ဦးမြို့တော်ကို ဖြတ်သွားဖို့ စီစဉ်ထားပုံရတယ်၊၊ အဲဒီနေရာက လူဦးရေများသလို အရင် ဖက်ဒရယ်ပိုင်နက်လည်း ဖြစ်တော့ အခြေအနေက ရှုပ်ထွေးနိုင်တယ်”

ရှီတိယွမ်သည် သူမ ဆိုလိုသည်ကို နားလည်သွားကာ မျက်နှာက ပို၍ လေးနက်သွားသည်၊၊

အကယ်၍ သူတို့သည် နေ့ဘက်တွင် အရှိန်အပြည့်ဖြင့် မနားတမ်းမောင်းနှင်ပါက တစ်ပတ်အတွင်း အာရုဏ်ဦးစင်တာသို့ ရောက်ရှိနိုင်သည်၊၊ အတားအဆီးများရှိလျှင်ပင် နှစ်ပတ်အတွင်း ချူံးကုရေလက်ကြားသို့ ရောက်နိုင်သည်၊၊ အဲဒီက တံတားက ကျိုးနေပြီဖြစ်ရာ လူပေါင်း ၆ သန်းကို ကူးတို့သင်္ဘောဖြင့် ပို့ဆောင်ရန်မှာ မလွယ်ကူလှချေ၊၊

ယခုအခါ အရှေ့ပင်လယ်နှင့် ထျန်းကျိကဲ့သို့သော မြို့များတွင်လည်း ဖီးနစ်အဖွဲ့ဝင်အများအပြားရှိနေသည်၊၊

“အာရုဏ်ဦးစင်တာနောက်ကို လိုက်တာက ပိုပြီး လွယ်ကူလိမ့်မယ်”

ရှီတိယွမ်က ပြောသည်၊၊

အာရုဏ်ဦးစင်တာသို့ ဝင်ရောက်ခြင်းသည် ဗဟိုအခြေစိုက်စခန်းတစ်ခု ရှာဖွေတွေ့ရှိခြင်းဖြစ်သည် - ရွေ့လျားနိုင်သော်လည်း စုဝေးရန် နေရာတစ်ခုဖြစ်သည်။

နော့ဧ်ကဲ့သို့သော အာကာသမြို့တော်များနှင့်မတူဘဲ၊ အာရုဏ်ဦးစင်တာ၏ ရည်မှန်းချက်မှာ ရှင်သန်ရပ်တည်ရေးတစ်ခုတည်းမဟုတ်ဘဲ ကမ္ဘာတစ်ဝှမ်းမှ အသက်ရှင်ကျန်ရစ်သူအားလုံးကို စုဆောင်းပြီး ဝင်ရိုးစွန်းအခြေစိုက်စခန်းသို့ ခေါ်ဆောင်လာရန် ရည်ရွယ်သည်။ ထို့ကြောင့် ၎င်းသည် ဖြည်းဖြည်းချင်း ရွေ့လျားခဲ့ပြီး ဒေသတစ်ခုစီတွင် ရက်ပေါင်း ၂၀ မှ ၃၀ အထိ စောင့်နေခဲ့သည်၊၊

နဂါးနိုင်ငံရဲ့ လူဦးရေများပြားမှုနဲ့ ချူံးကုတွင် ဖြစ်ပွားခဲ့တဲ့ ကူးတို့အကျပ်အတည်းကြောင့် အာရုဏ်ဦးစင်တာသည် လပေါင်းများစွာ ထိုနေရာတွင် ရှိနေပေဦးမည်။ တစ်ချိန်တည်းမှာပဲ ဖီးနစ်၊ စတားဖလိ့နှင့်ဆက်စပ်နေတဲ့ ယာဉ်တန်းများသည် ဝင်ရိုးစွန်းကာကွယ်ရေးလိုင်းများ—မြို့များ၊ ဆိပ်ကမ်းများ၊ ခံတပ်များအားလုံးထဲကို အရင်းအမြစ်တွေ အကုန်သုံးနေကြသည်၊၊

All Chapters