← Chapters

အခန်း (၅၄၀-၅၄၁)

Vol. 34 Ch. 540-541

အခန်း (၅၄၀-၅၄၁)

Vol. 34 Ch. 540-541

Chapter 540

ဝင်ရိုးစွန်းညမှ ရုန်းထွက်၍ မီးများထွန်းညှိခြင်း ၂

ထိုတည်ဆောက်ရေးလုပ်ငန်းများကို ရှင်းဟွာ၏ ကြီးမားသောစက်မှုလုပ်ငန်းစုများက ဦးဆောင်နေပြီး ရွှမ်းဝူနှင့် ခွန်လွန်းကြယ်ဗဟိုချက်ကဲ့သို့ လူသန်းပေါင်းများစွာ ဆန့်သည့် ခံတပ်ကြီးများကို တည်ဆောက်နေသည်၊၊ ထိုနေရာမှာ လူသားတို့၏ နောက်ဆုံးခံတပ်နှင့် ကမ္ဘာမြေမှ ထွက်ပြေးရန် နောက်ဆုံး အာကာသစခန်းဖြစ်လာလိမ့်မည်၊၊

ထို့ကြောင့် သူတို့၏ ရထားများမှာ အလွန် အရေးကြီးသည်၊၊ သူတို့သည် အာရုဏ်ဦးစင်တာ၏ နှေးကွေးသောလမ်းကြောင်းကို အားကိုးစရာမလိုဘဲ ပင်လယ်ဖြတ်ကျော်ရထားလမ်းမှတစ်ဆင့် ဝင်ရိုးစွန်းသို့ တိုက်ရိုက်သွားနိုင်သည်၊၊

နဂါးတောင် ၁ နှင့် ငွေကြယ်ရထားတို့မှာလည်း ဤရည်မှန်းချက်အတိုင်း သွားနေကြခြင်း ဖြစ်သည်၊၊ အကယ်၍ ဝင်ရိုးစွန်းညကို မတားဆီးနိုင်ပါက ကမ္ဘာမြေမှ ထွက်ပြေးရန်မှာ လူသားတို့၏ တစ်ခုတည်းသောမျှော်လင့်ချက်ဖြစ်လာလိမ့်မည်၊၊

သို့သော် ရင်းမြစ်များမှာ ကန့်သတ်ချက်ရှိပေသည်၊၊ လူတိုင်း အာကာသယာဉ်ပေါ် မတက်နိုင်ကြဘဲ အချို့မှာ အမှောင်ထဲတွင် သေဆုံးကြရလိမ့်မည်၊၊

ထို့ကြောင့် ဖီးနစ်သည် အသက်ရှင်သန်ရေးစီမံကိန်းများကို တစ်ဆင့်ပြီးတစ်ဆင့် ဆောင်ရွက်နေခြင်း ဖြစ်သည်၊၊ အာကာသယာဉ်စီမံကိန်းမှာ နောက်ဆုံးအရန်အစီအစဉ်ဖြစ်ပြီး လူများကို မျှော်လင့်ချက်ပေးရန်နှင့် ဆက်လက်တိုက်ပွဲဝင်ရန်ဖြစ်သည်၊၊

“ငါတို့ ကျင်းဟိုင်ကို သွားဖို့ လိုလိမ့်မယ်”

ရှီတိယွမ်က နောက်ဆုံးတွင် ပြောလိုက်သည်၊၊

“နဂါးတောင် ၁ ကို ဘယ်လိုမြေပြင်မျိုးမှာမဆို မောင်းနိုင်အောင် ပြုပြင်ဖို့ လိုတယ်”

“ဟုတ်တယ်” နန်ကျင်းက ထောက်ခံသည်၊၊

“ကျွန်မတို့ အာရုဏ်ဦးစင်တာကို ရောက်ရင်တောင် ရထားပေါ်မှာပဲ နေကြရမှာ… ရထားလမ်းတွေက ကျွန်မတို့အတွက် ကန့်သတ်ချက်ပဲ၊၊ တစ်ခုခုမှားယွင်းသွားရင် ကျွန်မတို့ နဂါးတောင် ၁ ကို စွန့်ပစ်လိုက်ကြရမှာလား… မဖြစ်နိုင်ဘူး”

“ကျွန်မ နားလည်ပြီ၊၊ ခေါင်းဆောင်လင်းတို့နဲ့အတူ ခရီးဆက်ကြတာပေါ့၊၊ တစ်ယောက်ကိုတစ်ယောက် ကူညီလို့ရတာပေါ့”

နဂါးတောင် ၁ နှင့် အနန္တ ရထားပေါ်တွင် မီးများတစ်ခုပြီးတစ်ခု လင်းလာသည်၊၊ နွေးထွေးသော အဝါရောင် အလင်းတန်းများမှာ သံချပ်ကာပြတင်းပေါက်များမှတစ်ဆင့် ဂိုဘီသဲကန္တာရ၏ ကျောက်ခဲများနှင့် ချုံပုတ်များပေါ်သို့ ကျရောက်သွားသည်၊၊

ရထား ၂၂ စီး၊ ရထားတွဲပေါင်း ၅၀၀ နီးပါးမှာ မီးများ လင်းထိန်လာသည်၊၊ ၁၅ ကီလိုမီတာ ရှည်လျားသော သံမဏိတန်းကြီးမှာ ကြယ်စင်တန်းတစ်ခုကဲ့သို့ တောက်ပနေပြီး ရှေ့သို့ ဆက်လက်ချီတက်နေသည်၊၊

…

နဂါးတောင် ၁ ၏ လူနေတွဲအတွင်း၌ ရှောင်ချင်းသည် ဝတ်စုံပြည့်နှင့် သူမ၏ ဓားကို သွေးနေသည်၊၊ မီးများ လင်းလာသောအခါ သူမ ဖြည်းဖြည်းချင်း ခေါင်းမော့ကြည့်လိုက်သည်၊၊ သူမ၏ အေးစက်သော မျက်လုံးများ အနည်းငယ် နူးညံ့သွားသည်၊၊ တစ်ဖက်ကုတင်တွင် အိပ်ပျော်နေသော အားဖေးကို ကြည့်လိုက်ပြီး ဘူးခွံအလွတ်တစ်ခုဖြင့် လှမ်းပေါက်လိုက်သည်၊၊

ဖတ်

အားဖေး လန့်နိုးလာသည်၊၊

“ဘာဖြစ်တာလဲ”

“မီးတွေ.. လင်းလာပြီ”

ရှောင်ချင်းက တိုးတိုးလေး ပြောသည်၊၊

အားဖေး မော့ကြည့်လိုက်သည်၊၊ သူ၏ နေကာမျက်မှန်ကြားမှနေ၍ အမှောင်ထုကို ဖြတ်ကျော်နေသော အလင်းတန်းကို ကြည့်ရင်း သူ၏ နုနယ်သော မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာသည်၊၊

“ငါတို့ နောက်ဆုံးတော့ ဝင်ရိုးစွန်းညကနေ လွတ်လာပြီပဲ”

လူနေတွဲများအတွင်းတွင် ဆူညံသံများ ထွက်ပေါ်လာသည်၊၊

အလင်းရောင်သည် ဘေးကင်းမှုကို ဆိုလိုပေသည်၊၊ အဆိုးဆုံးအချိန်များ ကျော်လွန်သွားပြီ ဖြစ်သည်၊၊

လူများက ဝမ်းသာအားရ အော်ဟစ်ကာ စကားပြောကြသည်၊၊ ထောက်ပံ့ရေးအဖွဲ့သားများက ပစ္စည်းများကို သယ်ယူလာကြသည်၊၊ မီးဖိုချောင်များမှလည်း အပူရှိန်နှင့်အတူ ဟင်းနံ့များ ထွက်ပေါ်လာသည်၊၊

အချို့ ရထားတွဲများတွင် သီချင်းသံများပင် ထွက်ပေါ်နေသည်၊၊

ဖိစီးနေသော အမှောင်ထုကြီးမှာ နောက်ဆုံးတော့ ပျောက်ကွယ်သွားပြီ ဖြစ်သည်၊၊ ဤရထားသည် ကမ္ဘာပျက်ကပ်အတွင်းရှိ သူတို့၏ အိမ်ဖြစ်ပြီး သူတို့၏ ဘေးကင်းမှုမှာ ဤသံမဏိလမ်းများပေါ်တွင် ရှိနေသည်၊၊

…

ဂျိုကာယာဉ်တန်းဘက်တွင် ချီလီသည် အဝတ်အစားလဲလိုက်ပြီး ပန်းရောင်ကုတ်အင်္ကျီဖြင့် နောက်တွဲသို့ လျှောက်လာသည်၊၊ အဖွဲ့သားများက သူ့ကို တိတ်ဆိတ်စွာကြည့်နေကြသည်၊၊ သူတို့မှာ ရထားပေါ်တွင် နေထိုင်သည့် အတွေ့အကြုံ မရှိကြသေးသော်လည်း ရထားက ပေးသည့် လုံခြုံမှုကိုတော့ ခံစားနေကြရသည်၊၊

ချီလီက သူတို့ကို ကြည့်ကာ ရယ်မောလိုက်သည်၊၊

“ဘာလို့ ငါ့ကို စိုက်ကြည့်နေကြတာလဲ၊၊ အခုက အစားအသောက်တွေ ပြင်ဆင်ပြီး အိပ်စင်တွေ လုပ်ရမယ့် အချိန်လေ၊၊ သွားကြလေ”

“ဟဲဟဲ… ခေါင်းဆောင်ချီ”

သေနတ်တစ်လက်ကို လွယ်ထားပြီး စားဖိုမှူးဝတ်စုံ ဝတ်ဆင်ထားသော ထွားကျိုင်းသည့် အမျိုးသားတစ်ဦးသည် ရှက်ကိုးရှက်ကန်းပြုံးလျက် ထရပ်လိုက်သည်၊၊

“ဒီတစ်ခေါက်တော့ ကျွန်တော်တို့ အမဲသားလွှာတွေ ရထားတယ်လို့ အားလုံးက ပြောနေကြတယ် အဲဒါ...”

ချီလီသည် သူတို့ကို အကဲခတ်သလို ကြည့်လိုက်သည်၊၊ သူ၏ လူများသည် မျှော်လင့်ချက်များဖြင့် မျက်လုံးများ အရောင်တောက်နေကြသည်၊၊ သူသည် ရယ်မောကာ လက်တစ်ဖက်ကို ဝေ့ယမ်းလိုက်သည်၊၊

“ငါ့ကို ဘာလို့ လာမေးနေတာလဲ အမဲသားရှိရင်လည်း စားကြလေ… အမဲသားက ကောင်းလေလေ အအေးခံမထားသင့်လေပဲ… ဘဝကို ပျော်ပျော်နေစမ်းပါ… မနက်ဖြန် ငါတို့ အသက်ရှင်ဦးမလားဆိုတာ ဘယ်သူမှ သိတာမဟုတ်ဘူး လောင်ကျိုး— ကင်မလား၊ ပြုတ်မလား၊ ဖုတ်မလား၊ ကြော်မလား… အဖွဲ့သားတွေ ဘာစားချင်လဲဆိုတာ… အကုန်လုပ်ပေးလိုက်… အရက်တွေလည်း ထုတ်ခဲ့… ဒီလိုကိစ္စမျိုးကို ငါ့ကို လာမေးနေရသေးလား”

သူ စကားဆုံးသည်နှင့် အဖွဲ့ဆစ်ခုလုံး စိတ်လှုပ်ရှားစွာဖြင့် ဆူညံသွားကြသည်၊၊

“ရေး…. ဟုတ်ပြီကွ… မီးမွှေးကြတော့… ဆန်လည်းရှိတယ်… ပင်လယ်စာနဲ့ အမဲသားလည်း ရှိပြီ”

“ဖယ်ကြ ဖယ်ကြ”

“ရှောင်မုန့်”

ချီလီသည် သူမဘက်သို့ လှည့်ကာ

“ငါ့အတွက် တစ်ခုခု စီစဉ်ပေးဦး ငါကတော့ ပေါ့ပေါ့ပါးပါးပဲ စားချင်တယ်”

ထို့နောက် သူသည် ဆိုဖာပေါ်တွင် ထိုင်ကာ ပြုံးလျက် သူ၏ လူများ အလုပ်ရှုပ်နေသည်ကို ကြည့်နေသည်၊၊

ရှောင်မုန့်သည် သူမ၏ ခေါင်းဆောင်ကို ကြည့်လိုက်သည်၊၊ သူသည် ဂျီကျတတ်ပြီး စကားတတ်ကာ ယောကျ်ားပီသမှု သိပ်မရှိသလို ထင်ရသော်လည်း ချီလီသည် ပွင့်လင်းရိုးသားပြီး အမှန်တကယ် လွတ်လပ်သူဖြစ်ကြောင်း သူမ အသိဆုံးဖြစ်သည်၊၊ သူသည် အဖွဲ့သားများအပေါ် ဘာတစ်ခုမျှ ဖုံးကွယ်ထားခြင်း မရှိပေ၊၊ ‌ယဥ်တန်းပေါ်ရှိ လူတိုင်းသည် “ဒီနေ့ သောက်မယ်၊ မနက်ဖြန် တိုက်မယ်” ဆိုသည့် စိတ်ဓာတ်ဖြင့် နေထိုင်ကြသည်၊၊ အကယ်၍ သူမသာ ရိက္ခာပိုင်းကို ကိုယ်တိုင်မစီမံပေးပါက တစ်ဖွဲ့လုံးသည် တစ်ခါတလေ နတ်သုဒ္ဓါစားရပြီး တစ်ခါတလေ ငတ်ပြတ်နေကြမည်မှာ သေချာလှသည်၊၊

တစ်ဖက်တွင်မူ ဘုရင်မ မိုနီကာအမည်ရှိ ရထားပေါ်တွင် အခြေအနေမှာ လုံးဝ ကွဲပြားနေသည် အလိုအလျောက် ရထားတွဲအတွင်း၌ အရာအားလုံးမှာ တိတ်ဆိတ်ငြိမ်သက်နေသည်၊၊

ရထားတွဲ အမှတ် ၁ ၏ တံခါးများ ပွင့်လာချိန်တွင် မီးရောင်များ လင်းထိန်လာသည်၊၊

မိုနီကာသည် မီးလောင်ဒဏ်ခံနိုင်ပြီး လှုပ်ရှားရလွယ်ကူသော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်လျက် ဖြည်းညှင်းစွာ ထွက်လာသည်၊၊ ထိုဝတ်စုံမှာ စတားဖလိ့တပ်ဖွဲ့၏ အထူးတပ်ဖွဲ့ဝင်များနှင့် ပိုင်းလော့များသာ ဝတ်ဆင်ရသည့် အဆင့်မြင့်ဝတ်စုံ ဖြစ်သည်၊၊

သူမသည် စွမ်းအားဝတ်စုံကို ချွတ်ထားပြီး ခန္ဓာကိုယ်နှင့် ကပ်နေသော အတွင်းခံဝတ်စုံမှာ သူမ၏ ခန္ဓာကိုယ်အချိုးအစားကို အထင်းသားပေါ်လွင်စေသဖြင့် အခန်းအတွင်းရှိ လူအားလုံး၏ အကြည့်ကို ဖမ်းစားထားသည်၊၊

ဘုရင်မ မိုနီပေါ်ရှိ အမျိုးသားများသည် သူမ၏ ထူးခြားသော ဝတ်စားဆင်ယင်မှုကို ယဉ်ပါးနေကြသော်လည်း ယခုအခါတွင်မူ ခဏတာ ငေးမောမိသွားကြသည်၊၊

မိုနီကာသည် သူမ၏ ရထားတွဲကို အမြဲသန့်ရှင်းနေစေရန် ဂရုစိုက်သည်၊၊ ရထားတွဲ အမှတ် ၁ တွင် သူမ၏ အဝတ်ခန်းတစ်ခုတည်းကပင် နေရာလွတ် ငါးပုံတစ်ပုံခန့် ယူထားသည်၊၊ ကမ္ဘာပျက်ကပ်ကာလအတွင်းမှာပင် သူမ၏ လှပသောပုံစံကို ထိန်းသိမ်းထားနိုင်သည်၊၊

သူမ ထွက်လာစဉ် အမျိုးသားအချို့မှာ မျက်လုံးအဝိုင်းသားဖြင့် ငေးကြည့်နေကြသည်၊၊ သူမသည် သူတို့၏ ခေါင်းဆောင်ဖြစ်ပြီး ယောကျ်ားများလွှမ်းမိုးထားသည့် ဤလောကတွင် သူမသည် ရုပ်ရည်နှင့် အရှိန်အဝါကြောင့်သာမက သူမ၏ အစွမ်းထက်မှုကြောင့်ပါ လေးစားခံရသူဖြစ်သည်၊၊

သာမန် ကမ္ဘာပျက်ကပ်နောက်ခံတွင် အမျိုးသမီးတစ်ဦးအနေဖြင့် တိုက်ပွဲဝင်စစ်သည်များကြား ဤကဲ့သို့ အရှိန်အဝါမျိုး ထိန်းထားနိုင်ရန် မလွယ်ကူပေ၊၊ သို့သော် မိုနီကာသည် အခြားသူများနှင့် မတူပေ၊၊

သူမ၏ စွမ်းရည်မှာ ရူးသွပ်သူအဆင့်လောက် အစွမ်းထက်ပြီး ခံတပ်သဖွယ် ခိုင်ခံ့သော အလိုအလျောက်စနစ်သုံး ကမ္ဘာပျက်ကပ်ရထားကိုလည်း ပိုင်ဆိုင်ထားသည်၊၊ သူမတွင် အရင်းအမြစ်များစွာ ရှိသည်၊၊ ပြတ်သားသော်လည်း နူးညံ့သော သူမ၏ ခေါင်းဆောင်မှုပုံစံကြောင့် သူမအတွက် အသက်ပေးဝံ့သည့် စစ်သည်များစွာ၏ သစ္စာစောင့်သိမှုကို ရရှိထားသည်၊၊

ရထားပေါ်ရှိ ယောကျ်ားအချို့မှာ သူမကို မနှစ်သက်ခြင်း သို့မဟုတ် သူမ၏ ရာထူးကို မေးခွန်းထုတ်ခြင်းများ ရှိနိုင်သော်လည်း မည်သူမျှ သူမ၏ အာဏာကို စိန်မခေါ်ရဲကြပေ၊၊

ကမ္ဘာပျက်ကပ်အတွင်း ယောကျ်ားဖြစ်စေ၊ မိန်းမဖြစ်စေ… စွမ်းအား၊ ရိက္ခာနှင့် ခိုလှုံရာ နေရာများကသာ တန်ဖိုးကို ဆုံးဖြတ်ခြင်း ဖြစ်သည်၊၊

မိုနီကာသည် သူမ၏ လူများကို ထိုအရာအားလုံး ပေးစွမ်းထားသည့်အပြင် အလှအပဆိုင်ရာ မြင်ကွင်းများကိုလည်း ပေးစွမ်းနိုင်သည်၊၊ သူတို့အနေဖြင့် လက်ဖျားနှင့်ပင် မထိနိုင်သော်လည်း ပုပ်ပွနေသော ဖုတ်ကောင်များကို နေ့တိုင်း ကြည့်နေရသည်ထက်စာလျှင် ပို၍ သာယာပေသည်၊၊ ထို့ကြောင့် မည်သူကမျှ မကျေမနပ် မဖြစ်ကြပေ၊၊

မိုနီကာသည် အခန်းအတွင်းကို တည်ငြိမ်စွာ အကဲခတ်လိုက်ပြီး လက်တစ်ဖက်ကို မြှောက်လိုက်သည်၊၊ နံရံမှ စနစ်ထိန်းချုပ်သည့် ခလုတ်တစ်ခု ထွက်လာသည် ၎င်းကို နှိပ်လိုက်သောအခါ ရိက္ခာတွဲရှိ စက်ရုပ်လက်တံများသည် စားဖိုမှူးများနှင့် စနစ်များက ပြင်ဆင်ထားသော လတ်ဆတ်သည့် အစားအစာများကို ပို့ဆောင်ပေးလေသည်၊၊

အမဲသားတုံးများ၊ ဟင်းသီးဟင်းရွက်ဖျော်ရည်၊ သစ်သီးများ၊ ဝိုင်နှင့် စီးကရက်တစ်လိပ်ပင် ပါဝင်သော လင်ဗန်းများ ရောက်ရှိလာသည်၊၊

လူတိုင်းမှာ အံ့အားသင့်လွန်းသဖြင့် ပါးစပ်အဟောင်းသား ဖြစ်သွားကြသည်၊၊

မိုနီကာ၏ နှုတ်ခမ်းတွင် အပြုံးတစ်ခု ပေါ်လာပြီး ဝိုင်ခွက်ကို မြှောက်ကာ ကြည်လင်သောအသံဖြင့် ပြောလိုက်သည်၊၊

“အားလုံးပဲ ပင်ပန်းခဲ့ကြတယ်… ဝင်ရိုးစွန်းညကနေ လွတ်မြောက်လာတာဟာ သာမန်ကိစ္စ မဟုတ်ဘူး ဒီဝိုင်ခွက်ကတော့ မင်းတို့အတွက်ပဲ”

“မိုနီကာ— ဘုရင်မ မိုနီကာ— ကျွန်တော်တို့ကသာ ခင်ဗျားကို ဂုဏ်ပြုသင့်တာပါ”

အမျိုးသားတစ်ဦးသည် ဝိုင်ခွက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း စကားထစ်ငေါ့စွာ ပြောလိုက်သည်၊၊

“ဟုတ်ပါတယ်”

“ကျွန်တော်တို့ အသက်ရှင်နေတာ ခင်ဗျားကြောင့်ပါ”

“ခင်ဗျားနောက်ကို လိုက်ခဲ့တာ ကျွန်တော့်ဘဝရဲ့ အမှန်ကန်ဆုံး ဆုံးဖြတ်ချက်ပဲ”

သူတို့အားလုံးသည် မျက်နှာတွင် အပြုံးများဖြင့် ထရပ်လိုက်ကြပြီး ကြည်ညိုလေးစားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ကြည့်နေကြသည်၊၊

ထိုအချိန်တွင် မိုနီကာသည် သေခြင်းတရားများ လွှမ်းမိုးနေသော ကမ္ဘာကြီး၌ တောက်ပနေသည့် ကယ်တင်ရှင်ဘုရင်မတစ်ပါးနှင့် တူနေသည်၊၊ သူမ၏ ကိုယ်လုံးကိုယ်ပေါက်မှာ မီးရောင်အောက်တွင် တောက်ပနေပြီး ရမ္မက်ဆန္ဒကို နှိုးဆွနေသော်လည်း တစ်ဖက်တွင်မူ လေးစားမှုကိုလည်း တောင်းဆိုနေသကဲ့သို့ ရှိသည်၊၊

စုန့်ဟောင်နှင့် ဖက်တီးတို့ပင်လျှင် သူတို့မျက်လုံးထဲမှ တပ်မက်မှုကို မဖုံးကွယ်နိုင်ကြပေ၊၊

မိုနီကာသည် သူတို့၏ စူးရှသောအကြည့်များကို ခံစားမိပေသည်၊၊ သူမသည် အောင်နိုင်သူတစ်ဦးကဲ့သို့ ထိုအခြေအနေကို သဘောကျကာ ပြုံးလိုက်သည်၊၊

“ချီးယားစ်”

သူမသည် အဖွဲ့သားများနှင့် ဝိုင်ခွက်ချင်း တိုက်လိုက်ပြီးနောက် ထုံးစံအတိုင်း ကျော့ရှင်းစွာဖြင့် အခန်းထဲမှ ထွက်ခွာသွားသည်၊၊

Chapter 541

တိုက်ပွဲဝင်ဝတ်စုံသစ် ၁

တိတ်ဆိတ်နေသော ညကောင်းကင်ယံအောက်တွင် ဂိုဘီသဲကန္တာရထဲရှိ ခြောက်သွေ့နေသော မြက်ခြောက်ပင်များသည် လေနှင့်အတူ လွင့်ပါနေကြသည်၊၊

အလွန်အေးစက်သော ရေခဲလေပွေဒေသမှ ထွက်ခွာလာခဲ့ပြီဖြစ်၍ အပူချိန်မှာ သုညဒီဂရီအထက်သို့ မြင့်တက်လာခဲ့ပြီဖြစ်သော်လည်း သဲကန္တာရည၏ အပူချိန်ကွာခြားချက်မှာ အလွန်ကြီးမားလှပြီး လေနှင့်သဲများမှာ အသားထဲထိစိမ့်အောင် နာကျင်စေသည်၊၊

သဲကန္တာရကို ဖြတ်သန်းဖောက်လုပ်ထားသော ကြီးမားသည့် ရထားလမ်းအခြေခံအုတ်မြစ်ကို မာကျောသော ကျောက်တုံးများဖြင့် မြှင့်တင်ထားပြီး ယခုကဲ့သို့ လူသူကင်းမဲ့သောအရပ်တွင် ရထားလမ်းအကာအကွယ်များဟူ၍ လုံးဝမရှိပေ၊၊

ကလန် ကလန် ကလန်—

သံလမ်းများ၏ ကြည်လင်သော တုန်ခါသံများ တဖြည်းဖြည်း ထွက်ပေါ်လာသည်၊၊ ပတ်ဝန်းကျင်ရှိ အဝါရောင်သဲများ တုန်ခါလာပြီးနောက် ရထားမီးသီးများ၏ စူးရှသော အလင်းတန်းနှင့်အတူ အနက်ရောင်နှင့် အစိမ်းရောင်ရောယှက်နေသော သံချပ်ကာအကြီးစားဖြင့် ရထားစက်ခေါင်းကြီးသည် တားဆီး၍မရသော အရှိန်အဟုန်ဖြင့် ခုတ်မောင်းလာခဲ့သည်၊၊ ၎င်း၏နောက်တွင်မူ မြေကမ္ဘာအစွန်းအထိ ရှည်လျားလှသော သံမဏိနဂါးကြီးတစ်ကောင်သဖွယ် ရထားတွဲများ ပါရှိနေသည်၊၊

တွဲပေါင်း ၅၀၀ ကျော်စလုံးတွင် မီးများလင်းထိန်နေပြီး အတွင်း၌ လူရိပ်များ လှုပ်ရှားနေကြသည်၊၊ အချို့က ထိုင်နေကြပြီး အချို့က မတ်တပ်ရပ်နေကာ အချို့ကမူ လမ်းလျှောက်ရင်း စကားစမြည်ပြောနေကြသည်၊၊ သူတို့အားလုံးမှာ ကမ္ဘာပျက်ကပ်မှ လွတ်မြောက်လာကြသူများဖြစ်ပြီး ယဉ်ကျေးမှုလောကမှ နှင်ထုတ်ခံရသော ပြည်နှင်ဒဏ်သင့်သူများပင် ဖြစ်ကြသည်၊၊

ဤရထားတွဲများ၏ အပြင်ဘက်ကို ထူထဲသော သံချပ်ကာများဖြင့် ဖုံးအုပ်ထားပြီး သေနတ်ကျည်ဆန်ရာများ၊ ကုတ်ခြစ်ရာများ၊ ခြောက်သွေ့နေသော သွေးကွက်များနှင့် ပုပ်သိုးနေသော သတ္တဝါများ၏ အင်္ဂါအစိတ်အပိုင်းများဖြင့် ပြည့်နှက်နေသည်၊၊ သံမဏိဘီးများ၏ တုန်ခါမှုထိန်းကိရိယာများသည် ရထားကြီး ဖြတ်သန်းသွားစဉ် ပြင်းထန်စွာ မြည်ဟည်းနေကြသည်၊၊

၂၀၆၉ ခုနှစ်၊ စက်တင်ဘာလ ၃ ရက်၊၊ ကမ္ဘာပျက်ကပ်နေ့၊၊ ၉၇ ရက်မြောက်နေ့…

နဂါးတောင် ၁ နှင့် အနန္တရထားဦးဆောင်သော ပူးပေါင်းယာဉ်တန်းသည် စီလန်မြို့၏ စုပေါင်းဘေးလွတ်ရာသို့ ရွှေ့ပြောင်းမှုနှင့် တွင်းနက် အမှတ် ၅ တို့၏ အမှောင်ဖုံးညများမှ လွတ်မြောက်လာခဲ့ကြသည်၊၊ ကမ္ဘာပျက်ကပ်နေ့ရောက်ရန် ရက်ပေါင်း ၁၀၀ သာ ကျန်တော့သည်၊၊ အဓိက တွင်းနက်ကြီး ၃ ခု ကျန်ရှိနေသေးသည်၊၊

ရက်ပေါင်း ၁၀၀ မပြည့်မီအချိန်အတွင်းမှာပင် ကမ္ဘာပေါ်ရှိ လူဦးရေ ၉၉ ရာခိုင်နှုန်းမှာ ပျောက်ကွယ်သွားခဲ့ရပြီဖြစ်သည်၊၊ ဂြိုဟ်ကို ဝါးမြိုနေသော တွင်းနက်ကြီး ၁၃ ခုမှာ ဆက်လက်ကျယ်ပြန့်နေဆဲဖြစ်သည်၊၊ အမှောင်ကျူးကျော်မှုက လူသားများကို ဖုတ်ကောင်များနှင့် ထူးဆန်းသည့် သတ္တဝါများအဖြစ် သန္ဓေပြောင်းသွားစေခဲ့သည်၊၊ နှင်းမုန်တိုင်းများ၊ အနက်ရောင်မိုးရေများနှင့် အခြားသဘာဝဘေးအန္တရာယ်များက မြေပြင်ကို ဖျက်ဆီးနေသည်၊၊ အပင်များနှင့် သတ္တဝါများ မျိုးသုဉ်းကုန်ကြပြီဖြစ်သည်၊၊ လူသားတို့၏ မြို့ပြများကို ဖုတ်ကောင်များနှင့် ပုံမှန်မဟုတ်သော သတ္တဝါများက သိမ်းပိုက်ထားကြသည်၊၊ စီရင်စု ၉ခု ပါ‌ဝင်သော တိုက်ကြီးတစ်ခုလုံးနှင့် သမုဒ္ဒရာလေးစင်းလုံးသည် အထီးကျန်ခြောက်ကပ်မှုထဲသို့ ကျရောက်နေခဲ့ပြီဖြစ်သည်၊၊

လပေါင်းများစွာ ထွက်ပြေးလာခဲ့ရစဉ်အတွင်း အသက်ရှင်ကျန်ရစ်သူများသည် ရထားတွဲများထဲမှနေ၍ သဲကန္တာရကို ကြည့်နေကြသည်၊၊ အချို့မှာ လမ်းပျောက်နေသကဲ့သို့ ခံစားနေရပြီး အချို့မှာ ထိတ်လန့်ကာ စိုးရိမ်ပူပန်နေကြသည်၊၊ အချို့ကမူ အကောင်းမြင်စိတ်ကို ဆုပ်ကိုင်ထားဆဲဖြစ်ပြီး သူတို့၏ အဖော်များကို အဆက်မပြတ်အားပေးနေကြသည်၊၊

နေမင်းရထားသည် ဂျိုကာယာဉ်တန်းနှင့် ဘုရင်မ မိုနီကာတို့၏ နောက်မှ လိုက်ပါလာသည်၊၊ ဤသို့ အလျင်အမြန် စုဖွဲ့ထားသော ယာဉ်တန်းသည် ချီလီတို့ကဲ့သို့ပင် ရထားများနှင့် အသားမကျသေးပေ၊၊ သို့သော် နှင်းမုန်တိုင်းထဲမှ ရုန်းထွက်လာနိုင်ခဲ့သော ဤအဖွဲ့အတွက်မူ ယာဉ်များနှင့် အသားကျရန်မှာ ဘာမှမဟုတ်ပေ၊၊

ရှေ့ဘက်ရထားတွဲတစ်ခုတွင် လော့ယန် ဦးဆောင်သော မူလနေမင်းယာဉ်တန်းမှ အဖွဲ့ဝင်များဖြစ်သည့် အာမင်၊ လိုလိုနှင့် လီကွမ်းဝမ်တို့ စုဝေးနေကြသည်၊၊ ဤတွဲမှာ ယခင်က ခရီးသည်တင်တွဲဖြစ်သော်လည်း ထိုင်ခုံများအားလုံးကို ဖယ်ရှားပြီး ရိုးရှင်းသော နှစ်ထပ်ကုတင်များဖြင့် အစားထိုးထားသည်၊၊

လူငယ် ၃၀ ကျော်တို့သည် စိတ်လှုပ်ရှားစွာ စကားပြောရင်း အစာစားနေကြသည်၊၊ သူတို့မှာ ဗဟုသုတကြွယ်ဝကြပြီး တက်ကြွသော စွမ်းအင်များကို သယ်ဆောင်လာသူများဖြစ်ကြသော်လည်း သူတို့မသိသေးသည့်အရာများစွာ ရှိနေသေးသည်—ဥပမာ အစားအစာ မည်သို့ချက်ပြုတ်ရမည်ဆိုသည်မျိုး ဖြစ်သည်၊၊

လူတိုင်းမှာ စည်သွပ်ဘူးများကိုသာ ရိုးရှင်းစွာ စားနေကြရပြီး ဘီစကစ်၊ ချောကလက် သို့မဟုတ် သကြားလုံးအချို့နှင့် တွဲဖက်စားကြသည်၊၊ သူတို့အားလုံးမှာ ခေါင်းစဉ်တစ်ခုတည်းကိုသာ ပျော်ရွှင်စွာ ဆွေးနွေးနေကြသည်၊၊

၎င်းမှာ အနန္တရထားသို့ ဝင်ရောက်ပူးပေါင်းခြင်းပင် ဖြစ်သည်၊၊

“ဘုရားရေ၊ ငါတို့ တကယ်ပဲ ကပ္ပတိန်လင်းရဲ့ ယာဉ်တန်းမှာ ပါဝင်ရတော့မယ်ဆိုတာ မယုံနိုင်စရာပဲ… ဒါက တကယ်အမိုက်စားပဲ”

အပေါ်ထပ်ကုတင်တွင် တင်ပျဉ်ခွေထိုင်နေသော မိန်းကလေးတစ်ဦးက ဇွန်းတစ်ချောင်းနှင့် စည်သွပ်ဘူးကို ကိုင်ထားရင်း အော်ဟစ်လိုက်သည်၊၊

“ကပ္ပတိန်လင်းက တကယ်ကို အံ့သြဖို့ကောင်းတာ၊ သူက ယန္တရားစွမ်းအားရှင်ပဲ”

စကားများသော ကောင်လေးတစ်ယောက်က ပြတင်းပေါက်နားတွင် ရပ်နေရင်း အမူအရာအပြည့်ဖြင့် ပြောလိုက်သည်၊၊

“မင်းတို့ မြင်လိုက်လား… အနန္တရထားရဲ့ သံချပ်ကာက ကြောက်စရာကောင်းလောက်အောင် သန်မာတယ်… တိုက်ပွဲဝင်စက်ရုပ်ကြီးအတိုင်းပဲ… ပြီးတော့ သူတို့ဆီမှာ G3 လျှပ်စစ်သံလိုက်အမြောက်တောင် ရှိတယ်… အဲဒါက ဖက်ဒရယ်စစ်တပ်သုံး အဆင့်မြင့်ပစ္စည်းတွေလေ… အဲဒါကို ကပ္ပတိန်လင်းက လက်ဖျစ်တစ်ချက်တီးရုံလောက်နဲ့ လုပ်လိုက်တာ”

“ဟုတ်တယ် ဟုတ်တယ်… ဟိုပိုးကောင်တွေနဲ့ တိုက်ပွဲတုန်းက အနန္တရထားက ငါတို့ကိုပေးတဲ့ ဂတ်တလင်သေနတ်တွေကလည်း သူလုပ်ထားတာလို့ ငါကြားတယ်”

“တကယ်ကို အားရစရာကြီး”

“ဒါက ကမ္ဘာပေါ်မှာ နံပါတ်တစ် စွမ်းရည်ပဲ ဖြစ်ရမယ်”

“ဟေး… ကပ္ပတိန်လင်းက နျူကလီးယားဗုံးကိုတောင် လက်နဲ့လုပ်နိုင်မယ်လို့ မင်းတို့ထင်လား”

“လုပ်နိုင်မှာပေါ့… စွမ်းရည်တွေက ပြောင်းလဲတိုးတက်နိုင်တာပဲ၊ ဘယ်သူသိနိုင်မလဲ… တစ်နေ့ကျရင် သူက ကြယ်တာရာသင်္ဘောကြီးတောင် ဆောက်ရင် ဆောက်နိုင်လိမ့်မယ်”

“ဝိုး... ကြယ်တာရာသင်္ဘောကြီးတဲ့လား”

“ဟုတ်တယ်… ပြီးတော့ အနန္တရထားပေါ်က ကီကီနဲ့ မီးတောက်ကိုလည်း မမေ့နဲ့ဦး… တစ်ယောက်က စိတ်စွမ်းအင်နဲ့ အရာဝတ္ထုတွေကို ရွှေ့နိုင်တယ်… နောက်တစ်ယောက်က မီးစွမ်းအားရှင်… တကယ့်ကို ကြောက်စရာကောင်းတဲ့ အတွဲအစပ်ပဲ”

“လီကွမ်းဝမ်… မင်းရဲ့ တုန်ခါလှိုင်းစွမ်းရည်ကတော့ ပြိုင်ဘက်တွေ့ပြီ…မြန်မြန်လေ့လာထားတာ ကောင်းမယ်”

လီကွမ်းဝမ်က ရယ်မောရင်း ပြန်ပြောလိုက်သည် “ကျိုးချောင်ရှန်း… မင်းက ငါ့ကို လာနောက်နေတာလား… အဲဒီဂန္ထဝင်လူသားတွေနဲ့ ငါက ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ… ငါ့ရဲ့ ငှက်အမြောက်လေး ပစ်ခွင့်ရရင်ပဲ ငါကျေနပ်ပါပြီ”

ဟားဟားဟားဟား...

အုပ်စုကြားတွင် ရယ်သံများ ပျံ့လွင့်သွားသည်၊၊

လော့ယန်က ဘေးတွင်ထိုင်၍ စည်သွပ်ဘူးစားရင်း ပြုံးနေသည်၊၊ သူ၏မျက်လုံးများထဲတွင် မျှော်လင့်ချက်နှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသည်၊၊ သူနှင့် သူ၏အတန်းဖော်များသည် လက်နက်ပစ္စည်းများကို အမြဲတစေ စိတ်ဝင်စားခဲ့ကြသူများဖြစ်သည်၊၊ သူတို့ထဲတွင် စက်မှုပညာ၊ လျှပ်စစ်အင်ဂျင်နီယာ၊ လေဆာနှင့် ပါဝါစနစ် ကျောင်းသားများ ပါဝင်သည်၊၊ လင်းရှန်အပေါ် သူတို့၏ ကြည်ညိုလေးစားမှုမှာ တစ်နေ့ထက်တစ်နေ့ တိုးပွားလာခဲ့သည်၊၊ အထူးသဖြင့် စီလန်မြို့တွင် S-Class အဆင့် ဧရာမပင်လယ်ဖြူကောင်ကြီးကို ယူနစ်-၀၁ ဖြင့် တိုက်ခိုက်ခဲ့သည်ကို မြင်တွေ့ရပြီးနောက် လင်းရှန်မှာ သူတို့အတွက် ယန္တရားစစ်နတ်ဘုရားဖြစ်လာခဲ့သည်၊၊

လော့ယန်က လိုလိုနှင့် အာမင်ကို ကြည့်ကာ မေးလိုက်သည်၊၊

“အာမင်… နင့်ရဲ့ ဗိုက်က ဒဏ်ရာ ဘယ်လိုနေလဲ”

အာမင်က ခေါင်းငြိမ့်ပြသည်၊၊

“နည်းနည်းတော့ နာသေးတယ်… ဒါပေမဲ့ အများကြီးသက်သာသွားပါပြီ… အစ်မချန်က ၄၈ နာရီအတွင်း ပြင်းပြင်းထန်ထန် ဘာမှမလုပ်ဖို့ ပြောထားတယ်”

လော့ယန်က သက်ပြင်းချလိုက်သည်၊

“ကောင်းပြီ… အခု လူတိုင်းမှာ စွမ်းအင်သုံးဝတ်စုံတွေ ရှိနေပြီဆိုတော့ အားလုံး ပိုပြီးလေ့ကျင့်ကြရအောင်… နောက်ဆို မင်းတို့နှစ်ယောက်တည်း တိုက်ပွဲဝင်စရာ မလိုတော့ဘူး”

လိုလိုက ပြုံးလိုက်သည်၊၊

“ဒါပေမဲ့ အာမင်နဲ့ ငါက တကယ့်အတွဲအဖက်တွေပဲ… မမေ့နဲ့ဦး၊ ငါတို့ရဲ့ ပေါင်းစပ်မှုက ၁.၇ ရှိတယ်၊၊ စွမ်းအားညွှန်ကိန်း ၆၀၀ နဲ့ဆိုရင် ငါတို့က ၁၀၀၀ ကျော်သွားပြီ—တရားဝင် ရူးသွပ်သူအဆင့် ရောက်သွားပြီလေ… ဝတ်စုံအသစ်တွေနဲ့ဆိုရင် ငါတို့ ပိုသန်မာလာမှာပဲ ဟုတ်တယ်မလား အာမင်”

အာမင်က ခေါင်းမာစွာ ခေါင်းငြိမ့်လိုက်သည်၊၊

“အတိအကျပဲ… ငါတို့က အဓိကတိုက်ခိုက်ရေးအင်အားပဲ၊ မိန်းကလေးနှစ်ယောက်က ယောက်ျားလေးယောက်စာ အားရှိတယ်”

လော့ယန်က ပြုံး၍ လိုက်လျောပေးလိုက်သည်၊၊

“ဒါပေါ့… ကပ္ပတိန်လင်းတောင် နင်တို့ရဲ့ အစွမ်းကို အသိအမှတ်ပြုထားတာပဲ၊ ဒါပေမဲ့...”

သူပြောနေစဉ်မှာပင် အုပ်စုကြားတွင် ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်၊၊ လုယောင် မော့ကြည့်လိုက်သောအခါ လီယီသည် လူကြီးအချို့နှင့်အတူ ဟင်းရည်အိုးကြီး နှစ်လုံးသယ်ကာ ဝင်လာသည်ကို မြင်လိုက်ရသည်၊၊

“အမဲသားဟင်းရည်လေး ချက်လာတယ်၊ အားလုံး နည်းနည်းစီ သောက်ကြဦး”

ကိုယ်ဝန်အရင့်အမာနှင့် လီယီက ပျော်ရွှင်စွာ ပြောလိုက်သည်၊၊ ဤရထားတွင် ထမင်းစားတွဲ တစ်တွဲသာရှိပြီး လော့ယန်တို့အဖွဲ့မှာ ချက်ပြုတ်စရာ ပစ္စည်းမရှိဘဲ အေးခဲစာများကိုသာ စားနေကြသည်ကို မြင်သောအခါ သူမက ပိုချက်ပြီး သယ်လာပေးခြင်းဖြစ်သည်၊၊

All Chapters