← Chapters

အခန်း (၅၄၂-၅၄၃)

Vol. 34 Ch. 542-543

အခန်း (၅၄၂-၅၄၃)

Vol. 34 Ch. 542-543

Chapter 542

တိုက်ပွဲဝင်ဝတ်စုံသစ် ၂

ပူပူနွေးနွေး အစားအစာမှာ ဆန်းပြားနေရန် မလိုပေ၊၊ လော့ယန်တို့လည်း ရိုးရှင်းသော ဟင်းရည်များ ချက်တတ်ကြသော်လည်း အပြင်စာမှာစားလေ့ရှိသည့် လူငယ်များဖြစ်သည့်အတွက် စည်သွပ်ဘူးများကိုသာ ကျင့်သားရနေကြခြင်းဖြစ်သည်၊၊ ခရီးသွားနေစဉ် အဆင်ပြေစေရန်အတွက် မည်သူကမျှ မီးဖိုချောင်သုံးပစ္စည်းများ သယ်လာရန် မစဉ်းစားခဲ့ကြပေ၊၊ ထို့ကြောင့် ရိက္ခာများခွဲဝေပေးသောအခါတွင် ဆန်၊ ဂျုံ၊ ဆီ သို့မဟုတ် အသားများကို မတောင်းဘဲ စည်သွပ်ဘူးများနှင့် အလိုအလျောက် အပူပေးလို့ရသည့် အစားအစာများကိုသာ တောင်းဆိုခဲ့ကြသည်၊၊

“ဝိုး၊ အနံ့က တကယ်မိုက်တာပဲ”

အိုးကြီးနှစ်လုံး ဝင်လာသည်နှင့် အေးခဲအစားအသောက်များကို ကျင့်သားရနေသော လူငယ်များသည် မွှေးကြိုင်လှသော အသားဟင်းနံ့ကို ချက်ချင်းရလိုက်ကြသည်၊၊ ရုတ်တရက်ဆိုသလို သူတို့လက်ထဲရှိ စည်သွပ်ဘူးများမှာ စားချင်စရာ မကောင်းတော့ပေ၊၊

လော့ယန်က အံ့သြစွာဖြင့် အမြန်ထရပ်လိုက်သည်၊

“အစ်မလီ… ကျွန်တော်တို့လည်း စားနေကြတာပဲကို...”

“ငါသိပါတယ်”

လီယီက ပြုံးရင်း အားလုံးကို ဝေ့ကြည့်လိုက်သည်၊၊

“လမ်းပေါ်မှာတုန်းကထက်စာရင် ရထားပေါ်က အခြေအနေတွေက အများကြီး သာပါတယ်… နင်တို့ အေးစက်စက်တွေပဲ စားနေတာတွေ့လို့ ငါ ပိုချက်လာတာ… ပူပူနွေးနွေး စားစရာရှိရင် ပူပူနွေးနွေးပဲ စားရမယ်… အဲဒါမှ ခွန်အားရှိမှာ”

“တကယ်လား.. အမိုက်စားပဲ ကျွန်တော် သောက်ချင်တယ်… ကျေးဇူးတင်ပါတယ် မေမေလီယီ”

“ကျေးဇူးအများကြီးတင်ပါတယ်... ချက်ပြုတ်ထားတဲ့ အစားအစာ မစားရတာ ဘယ်လောက်တောင် ကြာပြီလဲ မသိတော့ဘူး”

“ကောင်းလိုက်တာ”

“ကျွန်မကိုလည်း တစ်ပန်းကန်လောက်”

လူတိုင်း ချက်ချင်းပင် ဝိုင်းလာကြပြီး ဟင်းရည်များကို တစ်ခွက်ပြီးတစ်ခွက် ခပ်သောက်ကြသည်၊၊ နွေးထွေးမှုမှာ သူတို့၏ ခန္ဓာကိုယ်အတွင်းသို့ ပျံ့နှံ့သွားသည်၊၊ တစ်ခဏအတွင်းမှာပင် သူတို့၏ ပင်ပန်းနွမ်းနယ်မှုများ တဝက်ခန့် ပျောက်ကွယ်သွားသကဲ့သို့ ခံစားလိုက်ရသည်၊၊

“အားနာနေစရာမလိုပါဘူး… ငါတို့အားလုံး အတူတူရုန်းကန်လာခဲ့ကြတာပဲ… အခု ငါတို့က မိသားစုတွေဖြစ်နေပြီ”

ဟင်းရည်ခပ်ပေးနေရင်း လီယီက ရယ်မောကာ ပြောလိုက်သည်၊၊

“နင်တို့ လူငယ်တွေက ချက်ပြုတ်တာကို ဝါသနာမပါကြဘူး၊၊ အဲဒါက ပြဿနာမရှိပါဘူး… အဖွဲ့တိုင်းမှာ လုပ်ငန်းခွဲဝေမှု ရှိရမယ်လေ… နောက်ဆိုရင် အဝတ်လျှော်တာ၊ ဟင်းချက်တာ၊ သန့်ရှင်းရေးလုပ်တာတွေကို ငါတို့ဘက်က တာဝန်ယူပေးမယ်၊၊ ဟိုဘက်က လူကြီးတွေဆိုရင်လည်း သုတေသနမှာ မတော်ကြပေမဲ့ စက်ပစ္စည်းတွေ ကိုင်တွယ်တာမှာတော့ တော်ကြတယ်… ဒါကြောင့် အားလုံးအတူတူပူးပေါင်းဆောင်ရွက်ကြတာပေါ့”

“ကောင်းလိုက်တာ”

လော့ယန်က တောက်ပစွာ ပြုံးရင်း သူမထံမှ ဟင်းရည်တစ်ခွက်ကို ကျေးဇူးတင်စွာဖြင့် လှမ်းယူလိုက်သည်၊၊ ကိုယ်ဝန်ကြီးနှင့် သူတို့ကို အစားသောက်များလာကျွေးနေသော သူမကို ကြည့်ရင်း သူ၏ရင်ထဲတွင် နွေးထွေးမှုကို ခံစားလိုက်ရသည်၊၊

သူက ပြောလိုက်သည်၊၊

“ကျွန်တော်တို့အားလုံး နောက်ဆိုရင် ကပ္ပတိန်လင်းရဲ့ နောက်ကို လိုက်ကြမှာပဲ… အဖွဲ့က ပိုကြီးလာပြီ… လူတိုင်းလည်း ကိုယ့်ရဲ့ အစွမ်းအစတွေကို ကောင်းကောင်း အသုံးချနိုင်ကြလိမ့်မယ်၊ ငါတို့အားလုံး ဒီကမ္ဘာပျက်ကပ်ကြီးကို အတူတူ ကျော်ဖြတ်နိုင်မယ်လို့ ငါယုံကြည်တယ်… အားလုံးပဲ ဟုတ်တယ်မလား”

“ဟုတ်ပါတယ်”

လူငယ်များက တညီတညွတ်တည်း အော်ဟစ်လိုက်ကြသည်၊၊

ထိုအချိန်တွင် စည်သွပ်ဘူးများစားနေသော ရထားတွဲသည် မိသားစုကြီးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်၊၊ အမှောင်ထုဖုံးလွှမ်းနေသော ကမ္ဘာပျက်ကပ်ကြီးထဲတွင် ဤရထား၏ သံမဏိခေါင်မိုးအောက်၌ နွေးထွေးမှုလေးတစ်ခုမှာ နောက်ဆုံးတွင် အမြစ်တွယ်သွားခဲ့ပြီဖြစ်သည်၊၊

…..

အနန္တရထားပေါ်တွင်မူ အခြားယာဉ်တန်းများကဲ့သို့ စုပေါင်းညစာ စားလေ့မရှိပေ၊၊ ယန္တရားရင်းမြစ်အမှတ်နှင့် ပတ်သက်၍ အလုပ်များနေခြင်း… မကြာသေးမီက ထွက်ပြေးလာခဲ့ရခြင်းနှင့် အရုဏ်တက်ချိန်တွင် လင်းရှန်၏ တာဝန်ကို လွှဲပြောင်းယူရန် ပြင်ဆင်နေခြင်းတို့ကြောင့် ချန်ဆီရွှမ်သည် အမှတ် ၁ တွဲ၏ အဓိကအခန်းထဲတွင် အနားယူရန် အချိန်ကို အကောင်းဆုံး အသုံးချနေသည်၊၊

ဇိမ်ခံအိပ်ခန်းထဲတွင် သူမသည် နှစ်ခြိုက်စွာ အိပ်ပျော်နေသည်၊၊ လင်းရှန်ရှိနေသရွေ့ သူမ လုံးဝ စိတ်ချလက်ချနေနိုင်သည်ဟု သူမ၏ နှလုံးသားထဲတွင် သိရှိနေသည်၊၊ ပြင်ပလောကတွင် အလောင်းကောင် ဒီရေများ ဖုံးလွှမ်းနေပါစေ သူမ ထိတ်လန့်လိမ့်မည်မဟုတ်ပေ၊၊

အမှတ် ၂ တွဲတွင်မူ ကီကီနှင့် ရှားရှားတို့ အတူတူနေသော သီးသန့်နေရာဖြစ်ပြီး အထူးဒီဇိုင်းထုတ်ထားသော အိပ်စက်သည့် စက်လုံးပုံကုတင်နှစ်လုံးမှာ တစ်ခုနှင့်တစ်ခု မျက်နှာချင်းဆိုင် တည်ရှိနေသည်၊၊ သူတို့နှစ်ဦးစလုံးမှာ နှစ်ခြိုက်စွာ အိပ်ပျော်နေကြသည်၊၊ တွဲတစ်ခုလုံးတွင် မီးလင်းနေသေးသော တစ်ခုတည်းသောနေရာမှာ သတင်းအချက်အလက်စင်တာပင် ဖြစ်သည်၊၊

မျက်နှာပြင်ပေါ်တွင် ရေဒါစောင့်ကြည့်ရေး စနစ်အပြင် ကီကီ သတ်မှတ်ထားသော ဂရေ့စ်ထံမှ စနစ်ဒေတာများကို ဆက်တိုက်ခွဲခြမ်းစိတ်ဖြာနေသည့် ပရိုဂရမ်တစ်ခုလည်း အလုပ်လုပ်နေဆဲဖြစ်သည်၊၊

အမှတ် ၃ တွဲတွင် တင်းကျန်းရီသည် သူမ၏ နောက်ဆုံးအဆင့် စမ်းသပ်မှုများကို အဆုံးသတ်ပြီးနောက် ဓာတ်ခွဲခန်းသုံး ပစ္စည်းများအားလုံးကို သိမ်းဆည်းလိုက်သည်၊၊ သွေးကပ်ဘေးပန်းနှင့် ငွေနဂါးဆယ်ဆပန်းတို့ကို သိမ်းဆည်းပြီးနောက် သူမသည် သန့်ရှင်းသော အတွင်းခံတစ်စုံကို ယူ၍ အမှတ် ၁ တွဲရှိ ရေချိုးခန်းသို့သွားကာ ရေချိုးလိုက်သည်၊၊

ထို့နောက်မှသာ သူမ၏ အခန်းသို့ ပြန်လာပြီး မီးပိတ်ကာ မျက်မှန်ကို ချွတ်လိုက်သည်၊၊ အဝတ်အစားများ အားလုံးကို ချွတ်လိုက်ပြီးနောက် ကုတင်ပေါ်တွင် ပက်လက်လှဲအိပ်လိုက်သည်၊၊ သူမသည် အိပ်စက်ရာတွင်ပင် တိကျလှသည်၊၊

သူမ၏ အသက်မွေးဝမ်းကြောင်းအလုပ်ကြောင့် အိပ်စက်ခြင်း အရည်အသွေးကို အလွန်အလေးထားပြီး သူမသည် ရထားပေါ်တွင် အလှည့်ကျ ကင်းစောင့်ရန် မလိုသည့် တစ်ဦးတည်းသော လူလည်း ဖြစ်သည်၊၊

လင်းရှန်၏ စီစဉ်မှုများမှအပ သူမသည် ကမ္ဘာပျက်ကပ် မတိုင်မီကအတိုင်း ည ၉ နာရီတွင် အိပ်ပြီး မနက် ၇ နာရီတွင် နိုးသည့် သူမ၏ အကျင့်ဟောင်းကို ဆုပ်ကိုင်ထားဆဲဖြစ်သည်၊၊

သို့သော် သူမ ပြောင်းလဲလိုက်သော အကျင့်တစ်ခုတော့ ရှိသည်၊၊

ယခင်က သူမသည် အမြဲတမ်း တံခါးပိတ်ပြီးမှ အိပ်လေ့ရှိသည်၊၊ ၎င်းက သူမကို ဘေးကင်းပြီး တည်ငြိမ်မှု ရှိစေသည်၊၊

သို့သော် ယခုအခါ အနားယူခန်းတံခါးတွင် သော့ပါသော်လည်း သူမ ထိုသော့ကို အသုံးမပြုတော့ပေ၊၊

သူမအတွက်မူ ဓားပြများ သို့မဟုတ် ထူးဆန်းသည့် သတ္တဝါများ ကျူးကျော်လာပါက သော့ခတ်ထားခြင်းက အထောက်အကူ ဖြစ်လိမ့်မည်မဟုတ်ပေ၊၊ သေခြင်းတရားမှာ သူမအတွက် အေးချမ်းသောအရာတစ်ခုသာ ဖြစ်သည်၊၊

သို့သော် တံခါးကို သော့ခတ်ထားခြင်းက လင်းရှန်အထဲသို့ ဝင်လာရန် အဆင်မပြေဖြစ်စေမည်ဆိုပါက ၎င်းမှာ သူမအတွက် သည်းမခံနိုင်သော သစ္စာဖောက်မှုတစ်ခု ဖြစ်နေလိမ့်မည်၊၊

ထို့ကြောင့် ၎င်းမှာ ရိုးရှင်းသော ဆင်ခြင်တုံတရား ပြဿနာသာဖြစ်ပြီး ပြင်ဆင်နိုင်သော အကျင့်တစ်ခုဖြစ်သည်၊၊

ဘာကြောင့်လဲဆိုတော့ တင်းကျန်းရီ၏ စိတ်ထဲတွင် လင်းရှန် ဝင်လာချင်တယ်ဆိုရင် သူ ဝင်လာနိုင်သည်ဟု မှတ်ယူထားသောကြောင့် ဖြစ်သည်၊၊

အမှတ် ၄ တွဲမှာမူ တင်းကျန်းရီ၏ အပင်စွမ်းရည်ဖြင့် ပြုပြင်မွမ်းမံထားပြီးနောက် တောအုပ်ငယ်လေးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်၊၊

မီတာ ၃၀ ရှည်သော ဤရထားတွဲတွင် လတ်ဆတ်သော ဟင်းသီးဟင်းရွက်များ၊ ဟင်းနုနွယ်ရွက်များနှင့် ပျိုးပင်များဖြင့် ပြည့်နှက်နေသော စင်များမှာ စနစ်တကျ စီထားသည်၊၊

တွဲ၏ ဘေးတစ်ဖက်တစ်ချက်တွင် လင်းရှန်သည် နွယ်ပင်များနှင့် ပိုသို့စ်အပင်များကို စိုက်ပျိုးထားပြီး ရေနှင့် အောက်ဆီဂျင် လည်ပတ်မှုအတွက်သာမက စိတ်အပန်းဖြေရန်အတွက်လည်း အသုံးပြုသည်၊၊ တွဲတစ်ခုလုံးမှာ စိုစွတ်သော တောအုပ်ရနံ့များဖြင့် ပြည့်နှက်နေသည်၊၊

ဤအပင်များသည် အလှအပအတွက်သာ မဟုတ်ပေ၊၊ အရေးအကြီးဆုံးမှာ လေထုလည်ပတ်မှုကို အထောက်အကူပြုခြင်းပင် ဖြစ်သည်၊၊

ရထား၏ သန့်စင်ပြီး ရေများကို အသုံးပြုပြီးနောက်တွင် အပင်များကို အကျိုးပြုရန် ပြန်လည်အသုံးပြုသည့် ယန္တရားသို့ ပေးပို့သည်၊၊ ထို့နောက် ထိုရေများကို တစ်ကိုယ်ရည်သန့်ရှင်းရေးအတွက် ပြန်လည်အသုံးပြုသည်၊၊ လင်းရှန်၏ ရေစစ်စက်များစွာသည် အညစ်အကြေးများကို ဖယ်ရှားပြီး သောက်သုံးရေအဖြစ် ပြန်လည် ထုတ်လုပ်ပေးသည်၊၊

၎င်းမှာ နည်းနည်းတော့ ရွံစရာကောင်းသည်ဟု ထင်ရသော်လည်း ကမ္ဘာပျက်ကပ်ထဲတွင်မူ ၎င်းမှာ မဖြစ်မနေ လိုအပ်သော စီစဉ်မှုပင် ဖြစ်သည်၊၊

အမှောင်ကျူးကျော်မှုကြောင့် အဆိပ်အတောက်မရှိသော သန့်ရှင်းသောရေမှာ အလွန်ရှားပါးလှသည်၊၊

အမှန်စင်စစ် လင်းရှန်၏ A1-Class ရေစစ်စက်များနှင့် အမှောင်စွမ်းအင်ကို ကာကွယ်ပေးသောစနစ်ကြောင့် အနန္တရထားပေါ်ရှိ လူများသောက်သောရေမှာ မည်မျှပင် ပြန်လည်အသုံးပြုထားပါစေ အဆင့်-၁ သန့်စင်ပြီး ရေစံနှုန်းနှင့် အမြဲကိုက်ညီနေခဲ့သည်၊၊

သို့သော်လည်း အနန္တရထားသည် ယခုအခါ သောက်သုံးရေပြတ်လပ်မှုဒဏ်ကို စတင်ခံစားနေရပြီဖြစ်သည်၊၊

အလွန်အေးစက်သော ရေခဲလေပွေမှ နှင်းများမှာ အဆိပ်အတောက်များ ဖြစ်သည်၊၊

ချင်းရွှေမြို့မှ ထွက်ခွာလာပြီးနောက်ပိုင်း ရထားတွင် ရေအသစ်ပြန်မဖြည့်ရသေးသည်မှာ ကြာပြီဖြစ်သည်၊၊

အနက်ရောင်မိုးရေများနှင့် အမှောင်ကျူးကျော်မှုကြောင့် မြေပြင်ပေါ်ရှိ ရေအရင်းအမြစ်များမှာ တဖြည်းဖြည်းညစ်ညမ်းလာသည်၊၊

အခြေခံရေစစ်ထုတ်မှုများကို လုပ်ဆောင်နိုင်သေးသော်လည်း အမှောင်စွမ်းအင်ကိုယ်တိုင်မှာမူ ကြီးမားသော ဖြေရှင်းမရသေးသည့် ပြဿနာတစ်ခုအဖြစ် ကျန်ရှိနေဆဲဖြစ်သည်၊၊

Chapter 543

တိုက်ပွဲဝင်ဝတ်စုံသစ် ၃

အမှတ် ၅ တွဲတွင် တာလို့မှာ ညပိုင်းအလှည့်ကျ တာဝန်ကျနေသည်၊၊

သူသည် ထုံးစံအတိုင်း ရထားတွဲရှိ လက်နက်များအားလုံးကို စစ်ဆေးပြုပြင်နေသည်၊၊ ၎င်းထဲတွင် G3 လျှပ်စစ်သံလိုက်အမြောက်နှင့် လင်းရှန် တပ်ဆင်ပေးထားသော သေနတ်ပစ်စင်စနစ်တို့ ပါဝင်သည်၊၊

စက်သေနတ်များကို သန့်ရှင်းရေးလုပ်နေစဉ်တွင် သူ့ဘေးရှိ စားပွဲငယ်လေးပေါ်၌ လက်ဖက်ရည်ကြမ်းအိုးတစ်အိုး ရှိနေသည်၊၊ တာလို့သည် တစ်ခါတစ်ရံ တစ်ငုံသောက်လိုက်ပြီး ညကင်းတာဝန်၏ အထီးကျန်မှုကို မောင်းထုတ်နေသကဲ့သို့ သက်ပြင်းချလိုက်သည်၊၊

လုရှင်းချန်နှင့် အခန်းဖော်ဖြစ်ပြီးနောက်ပိုင်း တာလို့၏ အကျင့်သစ်တစ်ခုမှာ လက်ဖက်ရည်သောက်ခြင်းပင် ဖြစ်သည်၊၊

လက်ဖက်ရည်မှာ ကမ္ဘာပျက်ကပ်ထဲတွင် ရှားပါးလှသော ပစ္စည်းတော့မဟုတ်ပေ၊၊ အသက်ရှင်ကျန်ရစ်သူများကြားတွင် ရောင်းဝယ်ဖောက်ကားကြသော်လည်း လူအများစုမှာ သောက်ရေ၏ မကောင်းသောအနံ့ကို ဖျောက်ရန်အတွက်သာ အသုံးပြုကြသည်၊၊

လုရှင်းချန်ကဲ့သို့ တကယ်ကို အရသာခံပြီး သောက်နိုင်သူမှာမူ အလွန်ဇိမ်ကျသူဟု ဆိုရမည်၊၊

၎င်းမှာ သန့်ရှင်းဘေးကင်းသော ပတ်ဝန်းကျင်နှင့် လက်ဖက်ရည်သောက်ရန် အချိန်နှင့် စိတ်အခြေအနေလိုအပ်သောကြောင့် ဖြစ်သည်၊၊

တာလို့သည် လက်ဖက်ရည်သောက်ရင်း လုရှင်းချန်၏ အခန်းဘက်သို့ လှမ်းကြည့်လိုက်ပြီး ထိုလူမှာ ရွှေလက်ကောက်ကို ဆက်လက်လေ့လာနေဦးမည်ဟု တွေးလိုက်သည်၊၊

တစ်ချိန်တည်းမှာပင် သူ၏စိတ်မှာ သူ၏ကိုယ်ပိုင်စွမ်းရည်ဆီသို့ ရောက်သွားသည်၊၊

စီလန်မြို့မှ ဖြစ်ရပ်များနှင့် တိုက်ပွဲများစွာပြီးနောက် အဖွဲ့ဝင်အတော်များများမှာ တိုက်ခိုက်ရေးစွမ်းရည်များ တိုးတက်လာခဲ့ကြသည်၊၊ အထူးသဖြင့် မျိုးရိုးဗီဇပြောင်းလဲမှုဘက်မှ မြောင်လုနှင့် လုချန်တို့ကဲ့သို့ ပြင်ပစက်မှုစွမ်းအားဝတ်စုံများ ဝတ်ဆင်နိုင်သူများမှာ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်၊၊

ရှုချင်းဆိုလျှင် ပို၍ပင် တိုးတက်လာသည်၊၊

ယခင် စွမ်းရည်စစ်ဆေးမှုများတုန်းက သူနှင့် ရှုချင်းမှာ အဆင့်ချင်းတူညီခဲ့ကြသည်၊၊

သို့သော် သူမမှာ မျိုးရိုးဗီဇပြောင်းလဲသူဖြစ်သည်၊၊ စွမ်းအားဝတ်စုံကို အသုံးပြု၍ ခွန်အားကို အဆမတန်မြှင့်တင်နိုင်သော သဘာဝပါရမီရှိသည်၊၊

တာလို့မှာမူ ထိုကဲ့သို့ မလုပ်နိုင်ပေ၊၊

ပထမအချက်မှာ ဝတ်စုံက သူနှင့် မတော်ပေ၊၊ တော်ခဲ့လျှင်ပင် သူ၏စွမ်းရည်မှာ သွေးကီစွမ်းအင်ကို တည်ဆောက်ရန် လိုအပ်သည်၊၊

ထို့ကြောင့် သူ ဖိအားများ ခံစားနေရသည်၊၊

ခန္ဓာကိုယ်ကြီးပြီး အစားကြီးကာ နေရာယူသည့်အပြင် သူ့တွင် စောင့်ရှောက်ရမည့် ၁၂ နှစ်အရွယ် ညီမလေးတစ်ဦးလည်း ရှိနေသည်၊၊

ရှားရှားမှာ စွမ်းဆောင်ရည်ရှိသော်လည်း လင်းရှန် သူတို့အပေါ် ထားရှိသော ကျေးဇူးကို ပြန်ဆပ်ရန်အတွက် လင်းရှန်၏ ညာလက်ရုံးဖြစ်လာရမည်ဟု တာလို့က တွေးထားသည်၊၊

ထိုသို့တွေးရင်း တာလို့၏ မျက်လုံးများမှာ တည်ကြည်သွားသည်၊၊

နောက်ဆုံးသေနတ်ကို သန့်ရှင်းပြီးနောက် သူသည် ကိုယ်ကာယလေ့ကျင့်ခန်းများကို ထပ်ပြီးလုပ်ဆောင်လိုက်သည်၊၊

“နောက်ထပ် အခါ ၂၀ ထပ်လုပ်မယ်”

သူသည် စိတ်ထဲမှ ကြုံးဝါးလိုက်ပြီး လုရှင်းချန်၏ အကြံပြုချက်ကိုလည်း သတိရလိုက်သည်၊၊

နောက်တစ်ကြိမ် မွန်းစတားဒီရေများကို တိုက်ခိုက်သောအခါတွင် ဓာတ်ငွေ့ကာမျက်နှာဖုံးကို အားမကိုးဘဲ သတ္တဝါအလောင်းများမှ ထွက်လာသော အနက်ရောင်မြူများကို ရင်ဆိုင်ကြည့်ရန် သူ စီစဉ်ထားသည်၊၊

အမှောင်ကျူးကျော်မှု စွမ်းအင်များက ပြင်းထန်သော ခန္ဓာကိုယ် နာကျင်မှုကို ဖြစ်စေသော်လည်း သူ၏ ခံနိုင်ရည်နှင့်ဆိုလျှင် တောင့်ခံနိုင်မည်ဟု သူ ယုံကြည်နေသည်၊၊

အမှတ် ၆ တွဲ—ထမင်းစားတွဲတွင်မူ မီးများပိတ်ထားပြီဖြစ်သည်၊၊

သို့သော် လျှပ်စစ်မီးဖိုနားတွင် မီးတစ်လုံးလင်းနေဆဲဖြစ်သည်၊၊

သံအိုးငယ်လေးတစ်လုံးမှာ ပွက်ပွက်ဆူနေပြီး ချိုမြိန်သော အနံ့တစ်ခု ထွက်ပေါ်နေသည်၊၊

ရှောင်ယွမ်သည် မီးဖိုနားတွင် အိမ်ရှင်မလေးတစ်ဦးကဲ့သို့ တိတ်ဆိတ်စွာ ရပ်နေပြီး သစ်တော်သီးဟင်းရည် ပွက်ပွက်ဆူနေသည်ကို ကြည့်နေသည်၊၊

ဒါက ဂိုဒေါင်ထဲက ပစ္စည်းတွေနဲ့ လုပ်ထားတဲ့ အဆင့်မြှင့်တင်ထားတဲ့ ဗားရှင်းဖြစ်သည်၊၊ သူမသည် အရသာအတွက်သာမက ရေငတ်ပြေစေရန်နှင့် အပူငြိမ်းစေရန်အတွက် ဆီးသီးခြောက်နှင့် ဂေါ့ဂျီသီးများကိုလည်း ထည့်ထားသည်၊၊

အဆင်သင့်ဖြစ်သောအခါ သူမသည် ၎င်းကို ပန်းကန်လုံးတစ်လုံးထဲသို့ ဂရုတစိုက် ခပ်ထည့်လိုက်ပြီး အအေးခံရန် အဖုံးဖွင့်ထားလိုက်သည်၊၊

သူမ စောင့်နေသည်၊၊

လင်းရှန်သည် အမှတ် ၁၂ တွဲတွင် အလုပ်ရှုပ်နေဆဲဖြစ်ကြောင်း သူမ သိထားသဖြင့် မျက်မှောင်ကြုတ်ကာ ဟင်းရည်ကို အသာအယာ မှုတ်ပေးနေသည်၊၊

သူမ မသိသည်မှာ ကင်းလှည့်နေသော ရှုချင်းသည် ထမင်းစားတွဲ၏ စင်္ကြံလမ်းတွင် ရပ်နေပြီး ထိုမြင်ကွင်းကို ကြည့်ရင်း အကူအညီမဲ့သော အမူအရာဖြစ်နေသည်ကိုပင်၊၊

ရှောင်ယွမ်၏ ခံစားချက်မှာ အဖွဲ့ထဲတွင် လျှို့ဝှက်ချက်မဟုတ်ပေ၊၊

ဒါက ကြီးမားသောကိစ္စတော့ မဟုတ်ပေ၊၊

ကမ္ဘာပျက်ကပ်ထဲတွင် အခက်အခဲများကို အတူတူ ကျော်ဖြတ်နေကြသော ယောက်ျားနှင့် မိန်းမကြားတွင် သံယောဇဉ်ဖြစ်ရန် ပို၍ လွယ်ကူသည်၊၊

ရှုချင်းလည်း ထိုကဲ့သို့ အခြေအနေများကို အများကြီးမြင်ဖူးသည်၊၊

အချစ်ဇာတ်လမ်းများကို မပြောနှင့်ဦး… ခန္ဓာကိုယ်ချင်း ရင်းနှီးမှုမှာပင် ယခုကပ်ဘေးအတွင်း၌ စိတ်ပိုင်းဆိုင်ရာသက်သာရာရစေရန်နှင့် စိတ်ဖိစီးမှုလျှော့ချရန်အတွက် အရေးကြီးသောကိစ္စတစ်ခုဖြစ်သည်၊၊

စစ်မှန်သောပျော်ရွှင်ခြင်းဖြစ်သည့် ခန္ဓာကိုယ်ချင်း ရင်းနှီးမှုက အမှောင်ကျူးကျော်မှုကိုပင် ခုခံနိုင်စွမ်းရှိသည်ဟု ဆိုကြသည်၊၊

သို့သော် ရှုချင်းအတွက် ခက်ခဲနေသည့်အချက်မှာ—ရှောင်ယွမ်က ကပ္ပတိန်လင်းကို ကြိုက်နေခြင်းပင် ဖြစ်သည်၊၊

တကယ်တော့ အဖွဲ့ထဲက မိန်းကလေးတော်တော်များများက လင်းရှန်ကို အတိုင်းအတာတစ်ခုအထိ သဘောကျကြသည်၊၊

သူက ကပ္ပတိန်ဖြစ်သည်—ငယ်ရွယ်သည်၊ ရုပ်ဖြောင့်သည်၊ စွမ်းအားကြီးပြီး ကယ်တင်ရှင်တစ်ဦးကဲ့သို့ ပုံရိပ်မျိုး ရှိသည်၊၊

သူ့အပေါ်တွင် မှီခိုနေရသည်ဖြစ်ရာ လူတိုင်းက သူ့ကဲ့သို့ လူမျိုးကို မည်သို့ မကြည်ညိုလေးစားဘဲ နေနိုင်မည်နည်း၊၊

သို့သော် ကြည်ညိုလေးစားခြင်းမှာ ကိစ္စတစ်ခုဖြစ်သည်၊၊

ရှောင်ယွမ်ကသာ ၎င်းကို ထင်ထင်ရှားရှား ဖော်ပြနေသူဖြစ်သည်၊၊

အခြားသူများကမူ လင်းရှန်နှင့် ချန်ဆီရွှမ်တို့၏ ပတ်သက်မှုကို သိကြသည်—ထို့ပြင် လှပပြီး စွမ်းအားကောင်းသော ကီကီမှာလည်း လင်းရှန်၏ ညာလက်ရုံးအဖြစ် ရှိနေသည်၊၊

ရှုချင်းမှာ ဘာမှမပြောနိုင်ပေ၊၊

ယခုအခါတွင် အိမ်ထောင်ရေးဓလေ့ထုံးတမ်းများလည်း မရှိတော့ပေ၊၊

သူမ စိုးရိမ်သည်မှာ လင်းရှန်က ရှောင်ယွမ်ကို ထိုကဲ့သို့ ခံစားချက်မျိုးမရှိပါက ရှောင်ယွမ် နာကျင်ရမည်ကို ဖြစ်သည်၊၊

သို့သော် ယခုအချိန်တွင် သစ်တော်သီးဟင်းရည်ကို အထပ်ထပ်မှုတ်ပေးနေသော မျှော်လင့်ချက်အပြည့်နှင့် ရှောင်ယွမ်ကို ကြည့်ရင်း ရှုချင်းမှာ အကူအညီမဲ့စွာ ပြုံးလိုက်ရုံသာ တတ်နိုင်သည်၊၊

“ဟူး... ကောင်းပြီလေ… သူမ ပျော်နေသရွေ့တော့ အဆင်ပြေပါတယ်”

…..

အမှတ် ၁၂ တွဲအတွင်းတွင်မူ ယန္တရားမီးလင်းတန်းများ ဆက်တိုက်လင်းလက်နေပြီး များပြားလှသော ပစ္စည်းများကို လေထဲတွင် တပ်ဆင်နေသည်၊၊

လင်းရှန်သည် ထောင့်တစ်ခုတွင် တင်ပျဉ်ခွေထိုင်ပြီး အာရုံစိုက်နေသည်၊၊

သူ၏ ရှေ့တွင်မူ ငွေရောင်နှင့် အနက်ရောင် ရောယှက်နေသော ကိုယ်လုံးပြည့် Howler-Class စွမ်းအားဝတ်စုံတစ်ခုမှာ တဖြည်းဖြည်း ပုံပေါ်လာနေသည်၊၊

၎င်းမှာ ချန်ဆီရွှမ်၏ ဝတ်စုံနှင့် ပုံစံတူဖြစ်သော်လည်း လင်းရှန်သည် ၎င်း၏ အပြင်ဘက် သံချပ်ကာကို ယူနစ်-၀၁ ၏ လက်မောင်းမှ စကင်ဖတ်ထားသော ပေါင်းစပ်သံချပ်ကာ ပုံစံအတိုင်း ပြုပြင်မွမ်းမံထားသည်၊၊

ထို့ကြောင့် ချန်ဆီရွှမ်၏ ဝတ်စုံထက် အချိန်ပိုပေးခဲ့ရသည်၊၊ လင်းရှန်မှာ ရန်သူ့အုပ်စုထဲသို့ တိုးဝင်တိုက်ခိုက်ရသူဖြစ်ပြီး ချန်ဆီရွှမ်မှာမူ အဝေးမှနေ၍ ပစ်ခတ်သူဖြစ်သောကြောင့် သူ၏ဝတ်စုံကို ပို၍ခိုင်ခံ့အောင် အဆင့်မြှင့်ထားခြင်းဖြစ်သည်၊၊

တစ်ချိန်တည်းမှာပင် လင်းရှန်သည် ပခုံးပေါ်တွင် ပြန်သိမ်းနိုင်သော ချိတ်နှစ်ခုကို ထည့်သွင်းထားသည်—၎င်းမှာ အားကောင်းသော လျှပ်စစ်သံလိုက်အမျိုးအစားဖြစ်ပြီး နောက်ပိုင်းတွင် လျှပ်စီးသိန်းငှက် ၂၀၀၀ ဒရုန်းကို အသုံးပြု၍ သူ့ကိုယ်သူ လေထဲသို့ မြှင့်တင်ရန်အတွက် ဖြစ်သည်၊၊

လျှပ်စီးသိန်းငှက် ၂၀၀၀ ဒရုန်းအင်ဂျင်နှစ်လုံး၏ တွန်းအားနှင့်ဆိုလျှင် သူ့ကို လေထဲတွင် သယ်ဆောင်ရန်မှာ ပြဿနာမရှိပေ၊၊

အားနည်းချက်မှာမူ အလွန်မြန်မည်မဟုတ်ဘဲ ဒရုန်းများ၏ စွမ်းအင်ကို အများကြီးကုန်ဆုံးစေမည်ဖြစ်သည်၊၊

သို့သော် ဝတ်စုံတွင် အနိမ့်ပျံနိုင်သော တွန်းကန်အားစနစ် ပါဝင်ပြီးဖြစ်သည်၊၊ ဤနှစ်ခုကို ပေါင်းစပ်လိုက်ပါက ကောင်းကင်သို့ ပျံတက်နိုင်စွမ်းမှာ ဖြေရှင်းပြီးသား ဖြစ်သွားလိမ့်မည်၊၊

ဂျောက် ဂျောက် ဂျောက်—

နောက်ဆုံး အစိတ်အပိုင်းကို တပ်ဆင်ပြီးသွားသောအခါ လင်းရှန်သည် နောက်ဆုံးတွင် သက်ပြင်းချလိုက်နိုင်သည်၊၊

သူ ထရပ်လိုက်ပြီး သူ၏ရှေ့ရှိ အထူးဒီဇိုင်းထုတ်ထားသော စွမ်းအားဝတ်စုံကို ကြည့်ကာ စိတ်လှုပ်ရှားစွာ ပြုံးလိုက်သည်၊၊

“အခုမှပဲ Iron Man နည်းနည်း တူသွားတယ်”

သူသည် မစောင့်နိုင်တော့ဘဲ ဝတ်စုံကို ချက်ချင်း အသက်သွင်းလိုက်သည်၊၊

ဝတ်စုံ၏ မျက်နှာပြင်ပေါ်တွင် ဟိုလိုဂရမ်ပုံရိပ်တစ်ခု လင်းလာပြီး မျက်နှာကို စကင်ဖတ်လိုက်သည်၊၊

ထို့နောက်တွင် ရင်ဘတ်ချပ်ကာမှာ ပွင့်ထွက်သွားပြီး ခြေထောက်နှင့် အခြားနေရာများရှိ မူလီများနှင့် အစိတ်အပိုင်းများမှာ အလိုအလျောက် ပွင့်သွားကြသည်—ယန္တရားအသံများစွာ ထွက်ပေါ်လာသည်၊၊

လင်းရှန်သည် ရှေ့သို့လှမ်းကာ ဝတ်စုံအတွင်းသို့ ဝင်လိုက်သည်၊၊

[Black Hwak အသံတိတ်မုဆိုးစွမ်းအားဝတ်စုံ စတင်နေပြီ၊၊ စနစ်စစ်ဆေးမှုများ လုပ်ဆောင်နေသည်၊၊]

အေးစက်သော ယန္တရားအမျိုးသမီးအသံတစ်ခု ထွက်ပေါ်လာသည်၊၊

ချွင်~

ခေါင်းဆောင်းက ဖြည်းညှင်းစွာ ပိတ်သွားသည်၊၊

သူ၏အမြင်အာရုံထဲတွင် အလင်းတန်းတစ်ခု လက်သွားပြီး စနစ်စတင်နေသည့် အတန်းလေးတစ်ခု ပေါ်လာသည်၊၊

လှုပ်ရှားမှု၊ ကာကွယ်ရေး၊ ရေဒါ၊ ပတ်ဝန်းကျင် သိရှိမှု၊ အသက်အထောက်အကူပြုစနစ်များမှာ ဟိုလိုဂရမ်မျက်နှာပြင်ပေါ်တွင် တစ်ခုပြီးတစ်ခု ပေါ်လာသည်၊၊

All Chapters