အခန်း (၅၄၈-၅၄၉)
Vol. 34 Ch. 548-549
Chapter 548
စွန့်ပစ်နယ်မြေကမ္ဘာ ၁
ဘီပ် ဘီပ်၊ ဘီပ် ဘီပ်၊၊
ဝေဝါးနေသော စိတ်အာရုံထဲတွင် လင်းရှန်သည် သူ၏လက်ပတ်နာရီမှ သတိပေးနှိုးစက်သံက အမှောင်ထု အနက်ရှိုင်းဆုံးနေရာမှ တဖြည်းဖြည်း နီးကပ်လာသကဲ့သို့ ပို၍ကျယ်လောင်လာသည်ကို ခံစားလိုက်ရသည်၊၊
သူ နိုးလာပြီဖြစ်ကြောင်း သို့မဟုတ် ပို၍တိကျစွာဆိုရလျှင် လက်တွေ့လောကသို့ ပြန်ရောက်လာပြီဖြစ်ကြောင်း သဘောပေါက်လိုက်သည်၊၊
တွဲအမှတ် (၁) ၏ နေထိုင်ခန်းရှိ အဓိကခုတင်ပေါ်တွင် လဲလျောင်းနေရင်း လင်းရှန်သည် သူ၏မျက်ခွံများမှာ လေးလံနေသကဲ့သို့ ခံစားနေရသည်၊၊ မျက်လုံးကိုပင် မဖွင့်ရသေးမီ ပူပြင်းလှသော အပူလှိုင်းနှင့် စူးရှသော အော်ဟစ်သံများမှာ သူ၏စိတ်ထဲသို့ တပြိုင်နက်တည်း တိုးဝင်လာသည်၊၊
သူ၏ဦးနှောက်က ချက်ချင်း တုံ့ပြန်လိုက်သည်၊၊
အိုက်စပ်ခြင်း၊၊ ပူပြင်းခြင်း၊၊ ရေငတ်ခြင်း၊၊ ဖိနှိမ်ထားသကဲ့သို့ ခံစားရခြင်း၊၊
သူသည် ခြောက်သွေ့နေသော နှုတ်ခမ်းကို ဟလိုက်ပြီး မျက်လုံးကို အတင်းအကျပ် ဖွင့်လိုက်သည်၊၊ သူ၏ခေါင်းအုံး ဘေးနားတွင်ပင် အနန္တရထား၏ လိုက်ကာပြားများရှိနေသည်၊၊ ထိုမွန်းကျပ်ဖွယ် အပူရှိန်နှင့် စူးရှသော အသံများမှာ အပြင်ဘက်မှ လာနေသည်မှာ ထင်ရှားနေသည်၊၊
လင်းရှန်သည် စိတ်ကိုစုစည်းပြီး သူ၏လက်ပတ်နာရီကို ကြည့်ရန် လက်ကို မြှောက်လိုက်သည်၊၊
“၁၁ နာရီတောင် ထိုးနေပြီလား… ငါ ကိုးနာရီတောင် အိပ်ပျော်သွားတာပဲ”
သူသည် သူ၏လေးလံနေသော ဦးခေါင်းကို ပွတ်သပ်ရင်း မအိပ်စက်မီက အမှောင်စွမ်းအင်၏ တိုက်ခိုက်မှုမှ ခြောက်ခြားဖွယ်ခံစားချက်ကို ပြန်လည်သတိရသွားသည်၊၊ သူ၏မျက်ခုံးများမှာ တွန့်ချိုးသွားသည်၊၊ ၎င်းမှာ သူ နောက်တစ်ကြိမ် ထပ်မံ မကြုံတွေ့ချင်တော့သော အရိုးထဲထိ စိမ့်အောင် ခံစားရသည့် ခံစားချက်မျိုး ဖြစ်သည်၊၊
သူသည် လက်လှမ်းလိုက်ပြီး လိုက်ကာပြားကို ဖွင့်လိုက်သည်၊၊
ကလစ်၊၊ ဝေါ၊၊
စူးရှလှသော နေရောင်ခြည်ကြောင့် လင်းရှန်၏ သူငယ်အိမ်များမှာ သိသိသာသာ ကျုံ့သွားသည်၊၊ ရထား၏ အလွှာပေါင်းများစွာပါသော ကျည်ကာမှန်များ၏ အပြင်ဘက်တွင် သူ့ကို ဆီးကြိုနေသည်မှာ ခြောက်သွေ့ပုပ်သိုးနေသော ဖုတ်ကောင်များ၏ မျက်နှာပေါင်းများစွာပင် ဖြစ်သည်၊၊
၎င်းကို မြင်လိုက်ရသောအခါ လင်းရှန် မျက်မှောင်ကြုတ်သွားကာ ချက်ချင်း ထထိုင်လိုက်သည်၊၊ အနန္တရထား၏ အပြင်ဘက်တွင် ဖုတ်ကောင်ပင်လယ်ကြီးတစ်ခုဖြစ်နေသည်၊၊
ရာပေါင်းများစွာ…. ထောင်ပေါင်းများစွာ…. သန်းပေါင်းများစွာ၊၊ အဆုံးမရှိသော ဒီရေလှိုင်းကြီးကဲ့သို့ မျက်စိတစ်ဆုံးရှိနေသည်၊၊
ထိုအုပ်စုကြီးမှာ လေထဲရှိ သံလိုက်မှုန်များကဲ့သို့ ရှေ့သို့ တိုးဝှေ့လာကြပြီး ပေါင်းစည်းယာဉ်တန်းရှိရာသို့ အုံခဲကာ ကပ်ငြိနေကြသည်၊၊
ရထားသံလမ်းအောက်တွင် နင်းခြေခံရသံနှင့် ဆွဲဖြဲခံရသံများမှာ အဆုံးမရှိထွက်ပေါ်နေသည်၊၊ ရေဓာတ်လုံးဝမရှိတော့ဘဲ သွေးဆာနေသည့် ထိုဖုတ်ကောင်များမှာ ခြောက်သွေ့ကာ အသားအရည်က မည်းနက်နေကြပြီး ယခင်က လူသားအဝတ်အစားဖြစ်ခဲ့သော အဝတ်စုတ်များမှာ သူတို့၏ ခန္ဓာကိုယ်တွင် တွဲလောင်းကျနေကြသည်၊၊
အထက်တွင်မူ တိမ်ကင်းစင်သော မိုးကောင်းကင်တွင် ပူပြင်းသော နေမင်းက တောက်ပနေပြီး လေထဲတွင် အဝါရောင်သဲများ ပြည့်နှက်နေသည်၊၊
နိုးလာသည့်အခါ လင်းရှန်သည် အနန္တရထားကြီးမှာ ကမ္ဘာပျက်ကပ်အပြီး စွန့်ပစ်နယ်မြေထဲသို့ တည့်တည့်တိုးဝင်နေသကဲ့သို့ ခံစားလိုက်ရသည်၊၊
ထိုမျှများပြားလှသော မြင်ကွင်းကို ကြည့်ရင်း လင်းရှန်၏ စိတ်မှာ ခေတ္တမျှ ထုံထိုင်းသွားသည်၊၊ သူသည် ဆက်သွယ်ရေးကိရိယာကို အမြန်နှိပ်၍ ချန်ဆီရွှမ်ကို ဆက်သွယ်ရန် ကြိုးစားလိုက်သည်၊၊
ကလစ်၊၊
ခေတ္တအကြာတွင် တံခါးပွင့်လာသည်၊၊ ချန်ဆီရွှမ်သည် ယခုအခါ Black Hawk စွမ်းအားဝတ်စုံကို ချွတ်ထားပြီး ပေါ့ပါးသော အင်္ကျီနှင့် ဘောင်းဘီတိုကို ဝတ်ဆင်ထားသည်၊၊ လင်းရှန် နိုးနေသည်ကို မြင်သောအခါ သူမက ချက်ချင်းပင် ပြောလိုက်သည်၊၊
“နိုးပြီလား”
“ဘာတွေဖြစ်နေတာလဲ”
လင်းရှန်သည် သူမကို တစ်ချက်ကြည့်ပြီး အပြင်ဘက်မှ ဖုတ်ကောင်အုပ်ကြီးကို ကြည့်လိုက်သည်၊၊
“စိတ်မပူပါနဲ့”
ချန်ဆီရွှမ်က ပြတင်းပေါက်အပြင်ဘက်ကို ကြည့်ရင်း အမြန်ပြောလိုက်သည်၊၊
“ဝင်ရိုးစွန်းညထဲက ထွက်လာကတည်းက ဂိုဘီသဲကန္တာရထဲက ဖုတ်ကောင်တွေက ပိုပိုပြီး စုလာကြတာပဲ… နေထွက်ပြီးတဲ့နောက်မှာတော့ တကယ့် အလောင်းတောင်ကြီးလို ဖြစ်နေတာပဲ”
“ဒီလောက်တောင် များတာလား”
လင်းရှန်သည် အပြင်ဘက်တွင် ပြည့်နှက်နေသော လူအုပ်ကြီးကို ကြည့်လိုက်သည်၊၊
“ဒါက ပြဿနာဖြစ်နိုင်တယ်”
ချန်ဆီရွှမ်က ခေါင်းခါလိုက်သည်၊၊ “စိတ်အေးအေးထားပါ၊၊ ယာဉ်တန်းက ပုံမှန်အတိုင်း သွားနေတုန်းပဲ၊၊ ဒီဖုတ်ကောင်တွေက ကျွန်မတို့ကို သိပ်ပြီး သက်ရောက်မှုမရှိပါဘူး”
၎င်းကို ကြားလိုက်ရသောအခါ လင်းရှန်သည် အခြေအနေကို နားလည်ရန် ခေတ္တစဉ်းစားလိုက်သည်၊၊ သူသည် ရထား၏ ရွေ့လျားမှုကို ခံစားနေရသည်— ယခုမှသာ သူမ ဘာကြောင့် စိတ်အေးလက်အေးရှိနေသည်ကို သဘောပေါက်တော့သည်၊၊ သံချပ်ကာအနန္တရထားနှင့် ယှဉ်လျှင် ဖုတ်ကောင်ဒီရေလှိုင်းမှာ အပေါ်ယံကိုပင် မခြစ်မိနိုင်ပေ၊၊ ၁၅ ကီလိုမီတာ ရှည်လျားသော သံမဏိသားရဲကြီးသည် တောင်ကြီးတစ်လုံး၏ အရှိန်အဟုန်ကဲ့သို့ စွမ်းအားဖြင့် ရွေ့လျားနေသည်၊၊ ယာဉ်တန်းတွင် တွဲပေါင်း ၂၂ တွဲ ပါဝင်ပြီး မဂ္ဂါဝပ် တစ်ထောင်ကျော် ထုတ်လုပ်နိုင်စွမ်းရှိရာ လက်ရှိကာကွယ်ရေးစွမ်းရည်မှာ သာမန်ဖုတ်ကောင်များအတွက် မဖြစ်နိုင်သောအရာပင် ဖြစ်သည်၊၊
“ဖုတ်ကောင်တွေက သနားဖို့ကောင်းပါတယ်၊၊ တကယ်တော့ ဝင်ရိုးစွန်းညရဲ့ အပြင်ဘက်မှာတောင် မလုံခြုံဘူး”
သူ မြင်မက်ခဲ့သော အိပ်မက်ထဲတွင်... သူသည် ယူပေမြို့၌ ချူယန်ကို တွေ့ခဲ့သည်ကို သတိရလိုက်သည်၊၊ ထိုနေရာတွင် ဖုတ်ကောင်ဟူ၍ မရှိသလောက်ပင်၊၊ သူမြင်ခဲ့ရသော အနည်းငယ်သော ဖုတ်ကောင်များမှာပင် ထူးဆန်းစွာ ငြိမ်သက်နေကြသည်၊၊ ထိုမြို့ကို အမှောင်သတ္တဝါများက လုံးဝ သိမ်းပိုက်ထားပြီး ဖြစ်သည်၊၊
ချန်ဆီရွှမ်က ဆက်ပြောသည်၊၊
“အဲဒါကြောင့် ဒါက ဖုတ်ကောင်သိုးထိန်းတွေက ဖုတ်ကောင်တွေကို ဝင်ရိုးစွန်းညနယ်မြေထဲကနေ မောင်းထုတ်လိုက်တဲ့ ရလဒ်လို့ ကျွန်မတို့ ခန့်မှန်းနေကြတယ်”
ဖုတ်ကောင်သိုးထိန်းတွေ...
ထိုစကားလုံးကို ကြားလိုက်ရသောအခါ လင်းရှန် မျက်မှောင်ကြုတ်သွားသည်၊၊
ဒါက ဘာကိုဆိုလိုတာလဲ…
ဖီးနစ်ထုတ်လွှင့်မှုများတွင် ထိုစကားလုံးကို တရားဝင်သုံးနှုန်းသည်ကို သူ တစ်ခါမှ မကြားဖူးခဲ့ပေ၊၊ ဖီးနစ်အဖွဲ့ပင်လျှင် ရှင်းလင်းသောအဖြေကို မရသေးပုံပေါ်သည်၊၊
အနည်းငယ် စိတ်သက်သာရာ ရသွားသောအခါ လင်းရှန်သည် မနေ့ညက ဖြစ်ပျက်ခဲ့သည်များကို သတိရသွားပြီး အမြန်မေးလိုက်သည်၊၊
“ဒါနဲ့ ကီကီနဲ့ မီးတောက်ရော ဘယ်လိုနေလဲ”
“အဲဒီနှစ်ယောက်လား”
ချန်ဆီရွှမ်က ပြန်ဖြေသည်၊၊
“သူတို့ အဆင်ပြေပါတယ်— ရှင်နဲ့ အတူတူလောက်ပဲ အိပ်ပျော်နေကြတာ.... ကောင်းကင်မှိုမျှော်စင်ကို ဖောက်ခွဲပြီးတဲ့နောက် ပင်ပန်းသွားလို့ ဖြစ်လိမ့်မယ်”
လင်းရှန်သည် ချက်ချင်း ထလိုက်ပြီး ချန်ဆီရွှမ်နောက်မှ နောက်တွဲများဆီသို့ လိုက်သွားသည်၊၊ တွဲအမှတ် (၂) ထဲသို့ ဝင်လိုက်သည်နှင့် သတင်းအချက်အလက်စင်တာ၏ ရှေ့တွင် ထိုင်နေသော ကီကီကို တွေ့ရသည်၊၊ သူမသည် ဂိုဘီသဲကန္တာရကို ဖြတ်၍ ရှေ့တွင်ရှိသော လမ်းကြောင်းကို စူးစမ်းရန် ဒရုန်းတစ်စင်းကို ထိန်းချုပ်နေသည်၊၊
“အို— နောက်ဆုံးတော့ နိုးလာပြီလား”
ကီကီက သူ့ကို ပြုံးလျက် နှုတ်ဆက်သည်၊၊
“ဘယ်လိုလဲ၊၊ ဖုတ်ကောင်တွေ အများကြီး မြင်ပြီး ကြောက်သွားပြီလား”
လင်းရှန်က တိုက်ရိုက်မေးလိုက်သည်၊၊
“မနေ့ညက အိပ်နေတုန်း အမှောင်ထဲကနေ ထူးဆန်းတာတစ်ခုခု ခံစားရလား”
ကီကီက မျက်မှောင်ကြုတ်လိုက်ပြီး ပထမတော့ ခေါင်းခါလိုက်သည်၊၊ ထို့နောက်မှ ခေါင်းငြိမ့်ပြကာ “အိပ်မက်ဆိုး မက်တယ်၊၊ ဒါပေမဲ့ သိပ်တော့ မဆိုးပါဘူး”
“ဘာဖြစ်လို့လဲ”
လင်းရှန်၏ လေသံထဲတွင် တစ်ခုခု ထူးခြားနေသည်ကို သတိပြုမိသဖြင့် ချန်ဆီရွှမ်က စိုးရိမ်တကြီး မေးလိုက်သည်၊၊
လင်းရှန် ခေတ္တမျှ တုံ့ဆိုင်းသွားပြီး သူ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားကာ တည်ငြိမ်စွာပင် ပြန်ဖြေလိုက်သည်၊၊
“မနေ့ညက ကောင်းကင်မှိုမျှော်စင် ပေါက်ကွဲတဲ့အချိန်မှာ ငါတို့ အမှောင်စွမ်းအင်တွေ အများကြီး စုပ်ယူမိသွားတာ ဖြစ်ရမယ်၊၊ ဒါပေမဲ့ အခု ငါတို့ ဖြစ်နေတာကို ကြည့်ရရင်တော့ အဆင်ပြေပုံရပါတယ်”
သူ့ကို အံ့အားသင့်စေသည်မှာ ကီကီ၏ တုံ့ပြန်မှုပင် ဖြစ်သည်၊၊ သူမသည်လည်း သူ့ကဲ့သို့ပင် ခံစားရလိမ့်မည်ဟု သူ ထင်ထားခဲ့သော်လည်း— တကယ်တော့ မဟုတ်ခဲ့ပေ၊၊
လင်းရှန် တွေးလိုက်သည်၊၊
ကီကီနဲ့ မီးတောက်ရဲ့ စွမ်းရည်အဆင့်တွေက စိတ်ပိုင်းဆိုင်ရာခံနိုင်ရည် မြင့်မားလို့ ဖြစ်နိုင်တယ်… ငါ့ရဲ့ ယန္တရားနှလုံးသားကတော့....
ထိုအချိန်တွင် ချန်ဆီရွှမ်က ဆက်ပြောသည်၊၊
“အော်… သတင်းကောင်း တစ်ခု ရှိသေးတယ်— လျန်လေး နိုးလာပြီ၊၊ ပြီးတော့ အစ်ကိုရှီရဲ့ ဒဏ်ရာတွေလည်း ကောင်းကောင်း သက်သာလာပြီ၊၊ ဖီးနစ် ပြောတာ မှန်ပုံရတယ်— အာရုဏ်ဦးက ကျွန်မတို့အတွက် အရာရာပဲ”
လင်းရှန် ပြုံးလိုက်သည်၊၊ “သတင်းကောင်းပဲ”
ကီကီက ဝင်ပြောသည်၊၊
“ဖီးနစ်ရဲ့ သတင်းတွေအရ ကျွန်မတို့ အမှောင်စွမ်းအင်တွေ အများကြီး စုပ်ယူမိထားတယ်၊၊ အဲဒါကို ဓာတ်ပြယ်ဖို့ နေ့အလင်းရောင် ဒါမှမဟုတ် ဟင်းသီးဟင်းရွက်ရည် လိုအပ်တယ်၊၊ အမှောင်ထဲမှာ အကြာကြီး နေမယ်ဆိုရင်တော့ ကျွန်မတို့ သေမှာပဲ”
စီလန်မြို့မှ ယခုအချိန်အထိ အဖွဲ့သားများမှာ အမှောင်ထုထဲတွင် နစ်မြုပ်နေခဲ့ကြသည်၊၊ ထူးဆန်းသောကုဗတုံးရှိနေသော်လည်း လူတိုင်းသည် အမှောင်စွမ်းအင် အတော်များများ စုပ်ယူမိထားကြသည်၊၊ ၎င်းကို ဖယ်ရှားပစ်ရမည်ဖြစ်ပြီး သို့မဟုတ်ပါက ပြန်လည်ပြုပြင်၍ မရနိုင်သော ပျက်စီးမှုများ ဖြစ်လာနိုင်သည်၊၊
Chapter 549
စွန့်ပစ်နယ်မြေကမ္ဘာ ၂
ယခုအခါ လင်းရှန်သည် လုံးဝ နိုးကြားသွားပြီး ခုတင်ဘေးတွင် ထိုင်ကာ ဖုတ်ကောင်များ ပြည့်နှက်နေသော လွင်ပြင်ကို ကြည့်လိုက်သည်၊၊
“ဖီးနစ် ဒါမှမဟုတ် တခြားအသက်ရှင်ကျန်ရစ်သူတွေဆီက သတင်းထပ်ရသေးလား”
“ဒီဒေသတွင်းမှာတော့ မရှိသေးဘူး၊၊ ဒါပေမဲ့ ဖီးနစ်ရဲ့ ကမ္ဘာလုံးဆိုင်ရာလိုင်းကတော့ ရနေတယ်”
ချန်ဆီရွှမ်သည် အမှောင်ရေဒီယိုကို ထုတ်လိုက်ပြီး အသံဖမ်းထားသည်ကို ဖွင့်ပြလိုက်သည်၊၊
...ဒါကတော့ ဖီးနစ်ကနေ ထုတ်လွှင့်တဲ့ ကမ္ဘာလုံးဆိုင်ရာ ထုတ်လွှင့်မှု ဖြစ်ပါတယ်၊၊ ညလမ်းလျှောက်သူများနှင့် ရှင်းဟွာနည်းပညာအဖွဲ့တို့ ပူးပေါင်းပြီး ဝိညာဉ်လှိုင်းတိုင်းတာကိရိယာအသစ်— ဝိညာဉ်အိမ်မြှောင်ကို ထုတ်လုပ်လိုက်ပါပြီ၊၊ ထူးဆန်းသော သွေးပဲစေ့များကို အသုံးပြုပြီး တစ်ဦးချင်းစီရဲ့ ဝိညာဉ်လှိုင်းအမြင့်ဆုံးတန်ဖိုးနဲ့ အမှောင်အမှတ်အသား စုစည်းမှုကို တိုင်းတာနိုင်ပါတယ်၊၊ အနီးနားမှာရှိတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေကိုလည်း ထောက်လှမ်းနိုင်တဲ့အတွက် အသက်ရှင်ကျန်ရစ်သူတွေ အနေနဲ့ ညမရောက်ခင် ဘေးကင်းတဲ့ နေရာတွေကို ရှာဖွေနိုင်မှာ ဖြစ်ပါတယ်...
...သတိပေးချက်- အမှောင်အမှတ်အသား အဆင့် ၁ ကနေ ၅ အထိ ရှိပါတယ်၊၊ အဆင့် ၁ ကနေ ၄ အထိကတော့ မတူညီတဲ့ ထူးဆန်းတဲ့ သတ္တဝါတွေဆီက စုစည်းမှုကြောင့် တိုးလာတာ ဖြစ်ပါတယ်၊၊ အဆင့် ၅ ဆိုတာကတော့ သင်ဟာ S-Class အဆင့် သတ္တဝါ တစ်ခုရဲ့ မှတ်သားခြင်းကို ခံထားရတာ ဖြစ်ပါတယ်၊၊ ထူးဆန်းတဲ့ သတ္တဝါတွေကို သတ်ပြီး အနက်ရောင်မြူစွမ်းအင်တွေကို စုပ်ယူတာက အမှတ်အသားကို လျှော့ချနိုင်ပါတယ်၊၊ အမှတ်အသား အဆင့်တွေဟာ ညဘက်မှာ တိုက်ခိုက်ခံရနိုင်ခြေနဲ့ တိုက်ရိုက်ဆက်စပ်နေပါတယ်— ဒါပေမဲ့ ဒါက အမြဲတမ်းတော့ မမှန်ပါဘူး၊၊ အကယ်လို့ သင်ဟာ S-Class အဆင့် သတ္တဝါရဲ့ နယ်မြေထဲမှာ ရှိနေရင် အဆင့် ၁ အမှတ်အသားနဲ့တောင် အမဲလိုက်ခံရနိုင်ပါတယ်၊၊ ဖီးနစ်ဟာ ညလမ်းလျှောက်သူအဖွဲ့ရဲ့ ပို့ဆောင်ရေးအဖွဲ့ကတစ်ဆင့် ကမ္ဘာတစ်ဝှမ်းက ဝင်ရိုးစွန်းည လုံးဝမလွှမ်းမိုးသေးတဲ့ မြို့တွေကို အခု ကိရိယာပေါင်း ၃ သန်း ပို့ဆောင်ပေးနေပါပြီ၊၊ အသက်ရှင်ကျန်ရစ်သူတွေ အနေနဲ့ အဲဒါတွေကို ယူထားကြဖို့နဲ့ သတင်းဖြန့်ပေးဖို့ တိုက်တွန်းပါတယ်— ငါတို့နဲ့ အတူတူ အမှောင်ထုကို ကျော်ဖြတ်ကြရအောင်၊၊
“ကျွန်မတို့ အဲဒီ ဝိညာဉ်အိမ်မြှောင်တစ်ခုမှ မတွေ့သေးဘူး”
ချန်ဆီရွှမ်က ပြောသည်၊၊
“ချွမ်းချန်ကို ရောက်ရင် ဒါမှမဟုတ် တခြားယာဉ်တန်းတစ်ခုနဲ့ တွေ့ရင်တော့ ရနိုင်မှာပါ”
“ဒါက အလကားလား”
ရှားရှားက Pulse Resonator ဆားကစ်ကို ပြင်ရင်း သံသယဖြင့် မေးလိုက်သည်၊၊
“လူတွေက ဒါတွေကို အလကား ပေးမယ်လို့ ထင်လို့လား”
ကီကီက မျက်ခုံးပင့်လိုက်သည်၊၊
“ဒီဘက်ခေတ်မှာလား… ဘာဟာမှ အလကားမပေးဘူး”
“ဒါပေမဲ့ ဖီးနစ်က ပေးနေတာပဲ မဟုတ်လား”
“အဲဒါက ဖီးနစ်လေ”
သူမက လင်းရှန်ကို ကြည့်လိုက်သည်၊၊
“ဒါမှမဟုတ်ရင်လည်း နင့်ရဲ့ အစ်ကိုလင်းက အဲဒါကို စကင်ဖတ်ပြီး သူ့ဘာသာသူ ထုတ်လိုက်လို့ ရတာပဲ”
လင်းရှန်က ပုခုံးတွန့်ပြလိုက်သည်၊၊
“ငါတို့ဆီမှာ သွေးကပ်ဘေးပန်းရှိတယ်၊၊ ဒီအရာက စွမ်းအားရှင်တွေရဲ့ အဆင့်ကို တိုင်းတာဖို့ပဲ ကောင်းတယ်၊၊ တကယ်လို့ ဖီးနစ်က အမြောက်အမြား ထုတ်လုပ်နေတယ်ဆိုရင် သူတို့ ပုံကြမ်းတွေကို သေချာပေါက်ထုတ်ပေးလိမ့်မယ်၊၊ တိတ်ဆိတ်သောမြို့တော်၊ ဖက်ဒရေးရှင်းဟောင်းနဲ့ တခြားသုတေသနလုပ်နိုင်တဲ့ အဖွဲ့တွေကလည်း ဒါကို စပြီးထုတ်လုပ်ကြလိမ့်မယ်၊၊ အကျိုးအမြတ်အတွက် သိမ်းထားစရာ အကြောင်းမရှိဘူး”
လင်းရှန်အတွက်မူ ၎င်းမှာ စိန်ခေါ်မှုပင် မဟုတ်ချေ— သူသည် ယန္တရားတည်ဆောက်ပုံများကို အလွယ်တကူ စကင်ဖတ်၍ ပြန်လည်ထုတ်လုပ်နိုင်သည်၊၊
သူသည် ဆက်သွယ်ရေးကိရိယာကို နှိပ်လိုက်ပြီး နဂါးတောင် (၁) နှင့် တခြားယာဉ်တန်းများကို ဆက်သွယ်လိုက်သည်၊၊
“ညီလေးလင်း၊၊ ငါတို့ နောက် ၂ နာရီ ဒါမှမဟုတ် ၃ နာရီလောက်ဆို လော့ဘူကို ရောက်မယ်၊၊ အဲဒီမှာ ဖုတ်ကောင်တွေ နည်းသွားမလားတော့ မသိဘူး၊၊ တကယ်လို့ အခြေအနေကောင်းရင် ရေရှာဖို့ ရပ်ချင်တယ်”
၎င်းမှာ ရှီတိယွမ်၏ အသံ ဖြစ်သည်၊၊
“ခဗျားတို့ ရေပြတ်နေပြီလား”
လင်းရှန် မေးလိုက်သည်၊၊
“အခုတော့ မဟုတ်သေးဘူး”
ရှီတိယွမ်က နဂါးတောင် (၁) ၏ ထိန်းချုပ်ခန်းမှနေ၍ ရေကန်များနှင့် ရိက္ခာသေတ္တာများကို ကြည့်ရင်း ပြောသည်၊၊
“ဒါပေမဲ့ ကြိုတင်ပြင်ဆင်ထားတာ ပိုကောင်းပါတယ်၊၊ အနောက်ဘက် ဂိုဘီကို ကျော်သွားရင် တာဂန်သဲကန္တာရ ရှိတယ်၊၊ တကယ်လို့ တစ်ခုခုမှားယွင်းပြီး မရပ်နိုင်ခဲ့ရင် ရေပြတ်လပ်တာက ရိက္ခာပြတ်တာထက် ပိုပြီး အန္တရာယ်များတယ်”
တခြားယာဉ်တန်းခေါင်းဆောင်များကလည်း ထိုအမြင်ကို ထောက်ခံကြသည်၊၊ လင်းရှန်က ချန်ဆီရွှမ်ကို ကြည့်လိုက်ရာ သူမက လေးနက်စွာ ခေါင်းငြိမ့်ပြသည်၊၊
“ကျွန်မတို့ ချင်းရွှေမြို့ကနေ ထွက်လာကတည်းက ရေကောင်းကောင်း မဖြည့်ရသေးဘူး”
ချန်ဆီရွှမ်က ပြောသည်၊၊
“အဲဒီတုန်းကတော့ ရေကန်တွေကို အပြည့်ဖြည့်ပြီး ရေသန့်ဘူးတွေလည်း အများကြီးတင်လာခဲ့တာ”
ဒါပေမဲ့ ဟန်ရှန်းတောင်ကြားကနေ ထွက်လာကတည်းက ရေဖြည့်ဖို့ အခွင့်အရေး မရခဲ့ဘူး၊၊ အလွန်အေးစက်သော ရေခဲလေပွေက ကျလာတဲ့ နှင်းတွေက အမှောင်ကျူးကျော်မှု အဆိပ်တွေ အများကြီးပါနေတယ်လို့ ထူးဆန်းသောကုဗတုံးက သတိပေးထားလေသည်၊၊ နှင်းတောဖြစ်ဖြစ် သဲကန္တာရဖြစ်ဖြစ် ဒီအပြင်ဘက်မှာတော့ သိပ်မထူးခြားလှပေ၊၊
စီလန်မြို့မှာတုန်းက ချန်ဆီရွှမ်က ရေအနည်းငယ် လဲလှယ်နိုင်ခဲ့ပေမဲ့ အခုတော့ အဲဒါတွေက ကုန်တော့မည် ဖြစ်သည်၊၊
သူမသည် ထိုပြဿနာကို လင်းရှန်အား ပြောပြဖူးသော်လည်း— ထိုအချိန်က မြို့တစ်ခုလုံး ပြိုလဲလုနီးပါး ဖြစ်နေသဖြင့် ရေပြဿနာမှာ အရေးအကြီးဆုံး မဟုတ်ခဲ့ပေ၊၊
ယခုအခါ တွင်းနက် အမှတ် (၅) မှ လွတ်မြောက်ပြီး အနောက်ဘက် ဂိုဘီထဲသို့ ဝင်လာသည့်အခါ ရေမဖြည့်နိုင်ခြင်းမှာ ယာဉ်တန်းအားလုံးကို စတင်ခြိမ်းခြောက်လာပြီ ဖြစ်သည်၊၊
လင်းရှန်နှင့် ချန်ဆီရွှမ်တို့သည် အနန္တရထား၏ ကျန်ရှိသော ရေလက်ကျန်ကို အမြန်စစ်ဆေးလိုက်ရာ ရလဒ်မှာ သူ ထင်ထားသည်ထက် ပိုဆိုးနေသည်၊၊
ရထားတွင် ရေနှင့် အောက်ဆီဂျင်ကို ပြန်လည် အသုံးပြုနိုင်သည့် စနစ်ပါဝင်သည်၊၊ ရေချိုးခြင်း၊ သန့်ရှင်းရေးနှင့် ဆီးများကိုပင် စစ်ထုတ်၍ ပြန်လည် အသုံးပြုသည်၊၊ ထိုရေများကို တွဲအမှတ် (၄) ရှိ အပင်စိုက်ပျိုးရေးတွဲသို့ ပို့ဆောင်ပြီးနောက် သုံးကြိမ်တိုင်တိုင် ထပ်မံ စစ်ထုတ်၍ သောက်ရေအဖြစ် အသုံးပြုသည်၊၊
ထူးဆန်းသောကုဗတုံးကြောင့် ရထားပေါ်ရှိ ရေများမှာ အမှောင်စွမ်းအင်၏ ဒုတိယအကြိမ် ညစ်ညမ်းမှုမှ ကင်းဝေးသော်လည်း ၎င်းမှာ စနစ်ထဲသို့ ရောက်ရှိပြီးမှသာ ဖြစ်သည်၊၊ ကုဗတုံးနှင့် စစ်ထုတ်စနစ်များမှာ အစောပိုင်း ပါဝင်နေသော အဆိပ်အတောက်များကို ဓာတ်မပြယ်နိုင်ပေ၊၊ ၎င်းတို့သည် ဘက်တီးရီးယားနှင့် တခြား ညစ်ညမ်းမှုများကိုသာ တားဆီးနိုင်သည်၊၊ ထို့ကြောင့် ခန္ဓာကိုယ်မှ စုပ်ယူပြီး သဘာဝအတိုင်း စွန့်ထုတ်ခြင်း မရှိပါက သူတို့၏ ရေလက်ကျန်မှာ တဖြည်းဖြည်း လျော့နည်းလာမည် ဖြစ်သည်၊၊
ရေကို ထာဝရပြန်သုံး၍ မရနိုင်ပေ— ချွေးထွက်ခြင်း၊ နျူကလီးယားစွမ်းအင်သုံး တွဲများ၏ အအေးပေးစနစ်၊ အပင်များ၏ စုပ်ယူမှုများကြောင့် ရေမှာ တဖြည်းဖြည်း လျော့နည်းနေသည်၊၊
အနန္တရထားသည် တခြားယာဉ်တန်းများနှင့် ယှဉ်လျှင် လူနည်းပြီး အရန်ရိက္ခာများသောကြောင့် အခြေအနေကောင်းသေးသော်လည်း ရေပြဿနာမှာ နာရီနှင့်အမျှ ပို၍ ဆိုးရွားလာနေသည်၊၊
“စီလန်မြို့နဲ့ ဇီးရိုးဒြပ်စင်ဗဟိုဌာနကနေ ရခဲ့တဲ့ ရေသန့်ဘူးတွေပဲ ကျန်တော့တယ်”
ချန်ဆီရွှမ်က ရိက္ခာတွဲ အမှတ် (၇) ထဲကနေ အစီရင်ခံလိုက်သည်၊၊
“ကျွန်မက တစ်ယောက်ကို တစ်နေ့ ရေသန့်ဘူး တစ်ဝက်ပဲ သတ်မှတ်ထားတယ်၊၊ အဲဒါ ကုန်သွားရင်တော့ ပြန်သန့်စင်ထားတဲ့ ရေကိုပဲ သုံးရတော့မယ်”
သူမက ဆက်ပြောသည်၊၊
“အခု ရေအများဆုံး ကုန်နေတာက နျူကလီးယား အင်ဂျင်တွဲနဲ့ တွဲအမှတ် (၄) က ဖန်လုံအိမ်ပဲ”
“ဒီဖုတ်ကောင် ဒီရေလှိုင်းတွေက ငါတို့ရဲ့ အမြန်နှုန်းကိုလည်း ထိခိုက်စေတယ်”
သူမက ဆက်ပြောသည်၊၊
“အစ်ကိုရှီရဲ့ အစီရင်ခံစာအရ လော့ဘူကို ရောက်ဖို့ နောက် ၂ နာရီကနေ ၃ နာရီလောက် ကြာဦးမယ်၊၊ တကယ်လို့ အဲဒီမှာ မရပ်ဘူးဆိုရင် ညမရောက်ခင် အာခီစိုင်းကို ရောက်မှာ မဟုတ်ဘူး၊၊ ချွမ်းချန်မြို့ကိုတော့ သဘက်ခါမှ ရောက်နိုင်လိမ့်မယ်”
“စားနပ်ရိက္ခာကတော့ ရေထက်စာရင် တောင့်ခံနိုင်သေးတယ်၊၊ ဒါပေမဲ့ ဟုတ်တယ်… ဒါက တကယ့်ပြဿနာပဲ”
“အနောက်ဘက် ဂိုဘီက အရမ်းကျယ်လွန်းတယ်” သူမ သက်ပြင်းချလိုက်သည်၊၊
“ချွမ်းချန်မြို့မှာ ရေကောင်းကောင်းမဖြည့်နိုင်ရင် ကျွန်မတို့ ဒုက္ခရောက်လိမ့်မယ်”
“ဖြည့်နိုင်ရင်တောင်မှ”
သူမက လေးနက်စွာ ထပ်ပြောသည်-
“ညက ပိုရှည်လာလေ ရေတွေက ပိုပြီး အဆိပ်သင့်လေပဲလို့ ဖီးနစ်က သတိပေးထားတယ်၊၊ အခုလောလောဆယ် အမှောင်အဆိပ်အတောက်တွေကို တားဆီးဖို့ ဒါမှမဟုတ် စစ်ထုတ်ဖို့ တကယ့်နည်းလမ်း မရှိသေးဘူး— ကျွန်မတို့ ခန္ဓာကိုယ်ကပဲ စုပ်ယူပြီး ခုခံနိုင်တယ်”