အခန်း (၅၅၄-၅၅၅)
Vol. 34 Ch. 554-555
Chapter 554
သဲကန္တာရ သံမဏိမဟာမိတ်အဖွဲ့ ၄
“အော် ဟုတ်လား”
နန်ကျင်း၏ အသံမှာ အေးစက်နေသည်၊၊
“ငါတို့မှာ မွန်းစတားတွေအတွက် လက်နက်တွေ ရှိတယ်၊၊ နင်တို့ရဲ့ မဟာမိတ်အဖွဲ့လေးက အဲဒါကို ခံနိုင်ပါ့မလားတော့ မသိဘူး”
“သေစမ်း… ခွေးအုပ်စုတစ်စုက အနန္တရထားကို ခြိမ်းခြောက်ရဲတယ်ပေါ့”
လုရှင်းချန်သည် သူ၏လက်ဖဝါးတွင် မီးတောက်တစ်ခုကို ထွန်းညှိလိုက်သည်၊၊
“မင်းတို့ လူတစ်သိန်းရှိရင်တောင် ငါ မင်းတို့ကို အပြတ်ရှင်းမှာကို မတားနိုင်ဘူး”
“မီးတောက် မိုက်တယ်”
ရှားရှားက သူ့ကို လက်မထောင်ပြလိုက်သည်၊၊
“ငါတို့က S-Class အဆင့် သတ္တဝါတွေကိုတောင် သတ်ခဲ့တာ၊၊ မင်းတို့လို သဲကန္တာရ အမှိုက်တွေကို ကြောက်မယ် ထင်နေလား”
တာလို့သည် သူ၏ သံမဏိဓားကြီးကို ဆုပ်ကိုင်ထားပြီး တိတ်တဆိတ် ရှေ့သို့ တိုးလာသည်၊၊ သူမ၏ မျက်လုံးများမှာ လူမိုက်များအပေါ်တွင် ရှိနေသည်၊၊ လင်းရှန်က စကားတစ်ခွန်း ပြောလိုက်သည်နှင့် သူသည် သူတို့ကို ငရဲသို့ ပို့ပစ်မည် ဖြစ်သည်၊၊
“သဲကန္တာရ အမှိုက်တွေက မဟာမိတ်အဖွဲ့ကြီးတောင် ဖွဲ့ထားနိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ”
မိုနီကာသည် သူမ၏ လက်ထောက်တစ်ယောက် မိုးထားပေးသော ထီးအောက်တွင် ရပ်ကာ ယပ်ခတ်ရင်း အေးစက်စွာ ပြုံးလိုက်သည်၊၊
“ဒါပေမဲ့ ငါတို့ကို လာထိတာကတော့ မှားသွားပြီ၊၊ ငါတို့ ရထားက ရထားလမ်းမရှိလည်း သွားလို့ရတယ်၊၊ နင်တို့ရဲ့ Iron League ကရော... တကယ့်တိုက်ပွဲကို ရင်ဆိုင်ရဲတဲ့ သတ္တိရှိမလား ကြည့်ရသေးတာပေါ့”
သူမ၏ ယုံကြည်ချက်ကြောင့် အစ်ကိုဂျေ၏ ရူးသွပ်သောအပြုံးမှာ ပျောက်ကွယ်သွားသည်၊၊ သူသည် ပတ်ဝန်းကျင်ကို စိုးရိမ်တကြီး ကြည့်လိုက်သည်၊၊ အနန္တရထား၊ မိုနီကာယာဉ်တန်း၊ သူတို့၏ ဝတ်စုံများမှာ ထိပ်တန်းအဆင့်များ ဖြစ်သည်၊၊ တပ်ဆင်ထားသော သံလိုက်အမြောက်များ၊ ၁၁၃၀ စက်အမြောက်များနှင့် Arc+ လျှပ်စစ်လှိုင်းစနစ်များမှာ ခြိမ်းခြောက်နေသကဲ့သို့ တောက်ပနေသည်၊၊
သူသည် ထိုနည်းပညာများကို နားမလည်သော်လည်း— ဤအရာများမှာ သာမန်ရထားများ မဟုတ်သည်ကို သိနိုင်သည်၊၊
ထို့ကြောင့် ယခုအချိန်တွင် သူထိတ်လန့်နေပြီ ဖြစ်သည်၊၊
သူ သေသွားခြင်းက ဘာမှ မဟုတ်သည်ကို သူ သိသည်— သူက ပစ်မှတ်တစ်ခု ပေးလိုက်ရုံသာ ဖြစ်သည်၊၊ Iron League က တိုက်ခိုက်ခြင်း မတိုက်ခိုက်ခြင်းဆိုသည်မှာ သူနှင့် မသက်ဆိုင်တော့ပေ၊၊
သို့သော် ထိတ်လန့်မှုကို ပြလိုက်ပါက သူ ပို၍ မြန်မြန်အသတ်ခံရမည် ဖြစ်သည်၊၊ အကယ်လို့ သူက ယုံကြည်မှုရှိနေပုံ ပြနိုင်ပါက သူတို့ သူ့ကို အသက်ရှင်လျက်ထားနိုင်သည်— အခု သေတာထက်စာရင် အသက်ရှင်နေတာက ပိုကောင်းသည်၊၊
“ညီလေးလင်း”
ရှီတိယွမ်သည် အနီးသို့ တိုးလာပြီး တိုးတိုးလေး ပြောလိုက်သည်၊၊
“မိုနီကာ ပြောတာ မှန်တယ်၊၊ ဒီကောင်တွေက ‘မာရ်နတ်ထက် စာရင် နတ်ဆိုးလေးတွေက ပိုပြီး ကိုင်တွယ်ရခက်တယ်’ ဆိုတဲ့ ဂိမ်းကို ကစားနေတာပဲ၊၊ ဒါပေမဲ့ စကားလုံး အနည်းငယ်နဲ့ ငါတို့ကို တုန်လှုပ်စေမယ်လို့ ထင်တာက ငါတို့ကို လျှော့တွက်တာပဲ”
“အတိအကျပဲ”
ကီကီက ဝင်ပြောသည်၊၊
“သူတို့ကို သတ်လိုက်တာက သူတို့ကို အလျော့ပေးသလိုပဲ ဖြစ်လိမ့်မယ်”
လင်းရှန်၏ မျက်လုံးများမှာ ကားများ၊ အကျဉ်းသား လှောင်အိမ်ကားနှင့် သွေးစွန်းနေသော အစ်ကိုဂျေတို့ကို တစ်လှည့်စီ ကြည့်လိုက်သည်၊၊
သူသည် ရှေ့သို့ လျှောက်သွားလိုက်ရာ သူ၏ အကြည့်မှာ ထက်ရှပြီး လေးနက်နေသည်၊၊
လူတိုင်း၏ မျက်လုံးများမှာ သူ့ထံသို့ ရောက်ရှိနေသည်၊၊
အစ်ကိုဂျေ မျက်တောင်ခတ်လိုက်သည်၊၊ လူငယ်တစ်ဦးက သူ့ဆီသို့ လျှောက်လာနေသည်၊၊ လူအုပ်၏ တုံ့ပြန်မှုကို ကြည့်ခြင်းအားဖြင့် သူသဘောပေါက်သွားသည်— ဤလူမှာ ခေါင်းဆောင်ဖြစ်သည်၊၊ ဤသံမဏိရထားကြီးတစ်စင်းလုံးသည် ထိုသူ၏ အမိန့်အောက်တွင် ရှိပေသည်၊၊
သူဌေးသားတစ်ယောက်ပင် ဖြစ်ရမယ်ဟု အစ်ကိုဂျေက ထင်လိုက်သည်၊၊
အကယ်လို့ သူ အသက်ရှင်နေသေးတယ်ဆိုရင် ဒီလူ ကြောက်နေလို့ပဲ ဖြစ်ရမယ်၊၊
သူ အသက်ရှင်နေသေးသရွေ့ သူ့အတွက် အခွင့်အရေး ပိုရှိမည်သာဖြစ်သည်၊၊
သူ၏ မျက်လုံးထဲတွင် ယုံကြည်ချက်များ ပြန်လည်ရောက်ရှိလာသည်၊၊
လင်းရှန်သည် သူ့ကို သေချာကြည့်ပြီး ပြောလိုက်သည်၊၊
“ဒါဆို မင်းပြောချင်တာက ငါတို့က မင်းကို မသတ်ဘူးဆိုရင် ဒီပြဿနာတွေ ဘာမှရှိလာမှာမဟုတ်ဘူးပေါ့ ဟုတ်လား”
အစ်ကိုဂျေ တုံ့ဆိုင်းသွားသည်၊၊ ၎င်းမှာ သူဖြစ်စေချင်သော အခြေအနေ ဖြစ်သည်၊၊ သို့သော် သူ၏ စိတ်ထဲတွင် အစီအစဉ် ရှိပြီးသား ဖြစ်သည်၊၊
“ဟဲဟဲ… ဘာပဲဖြစ်ဖြစ်… ငါ့ကို ချုပ်ထားမလား၊၊ ခြေလက်တွေ ဖြတ်ပြီး တောထဲ ပစ်ထားမလား— ငါ ဂရုမစိုက်ဘူး၊၊ ဒါပေမဲ့ မင်း ငါ့ကို ချုပ်ထားရင် အချက်ပြက မင်းတို့ ဘယ်မှာလဲဆိုတာ ပြောပြလိမ့်မယ်၊၊ ငါ့ကို နှိပ်စက်ရင်လည်း ငါ သေမှာပဲ၊၊ ငါကတော့ ဘယ်လိုပဲဖြစ်ဖြစ် သေရမယ့်လူပဲ”
သူသည် လင်းရှန်ကို ကြည့်ရင်း ခနဲ့တဲ့တဲ့ ပြုံးလိုက်သည်၊၊
“ပြီးတော့ မင်းတို့လား… မင်းတို့လည်း ဘယ်လိုမှ မလွတ်ပါဘူး”
လင်းရှန် ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်သည်၊၊
“ဒါဆိုရင် ငါ့မှာ... မင်းကို လွှတ်ပေးဖို့ကလွဲပြီး တခြားရွေးချယ်စရာ မရှိဘူးပေါ့ ဟုတ်လား”
“ဟားဟားဟားဟား၊၊၊ မင်းကိုယ်မင်း ကြည့်ဦး၊၊ မင်း ရွေးလိုက်လေ… သားလေးရဲ့”
အစ်ကိုဂျေသည် ပါးစပ်မှ သွေးများ ထွက်နေသော်လည်း ရူးသွပ်စွာ ရယ်မောလိုက်သည်၊၊ သူနှင့်အတူ ချည်နှောင်ခံထားရသော နောက်လိုက်များကလည်း လိုက်၍ ရယ်မောကြသည်၊၊
သူ မည်မျှ မောက်မာနေသည်ကို မြင်ရသဖြင့် တခြားလူများမှာ စိတ်ပျက်နေကြသည်၊၊
လင်းရှန်သည် လူအုပ်ကို တစ်ချက်ကြည့်လိုက်ပြီး အလေးအနက် စဉ်းစားနေသကဲ့သို့ ခေတ္တရပ်ကာ အစ်ကိုဂျေဘက်သို့ လှည့်၍ ပြောလိုက်သည်၊၊
“မင်းကို လွှတ်ပေးဖို့ကတော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး၊၊ မင်းပြောတဲ့ ပြဿနာကလည်း တကယ်ရှိနေတာပဲ၊၊ ဒါကြောင့် မင်းကို အရင်ဆုံး ချုပ်ထားပြီးမှ ဘာဆက်လုပ်မလဲဆိုတာ စဉ်းစားရမှာပေါ့”
အစ်ကိုဂျေ ၏ မျက်နှာမှာ အနည်းငယ် ပြောင်းလဲသွားသော်လည်း အပြုံးတော့ မပျက်သေးပေ၊၊ သူတို့ သူ့ကို လွှတ်မပေးမှာကို သူကောင်းကောင်း သိထားသည်—
ဒါပေမဲ့ ဟဲဟဲ…ငါအသက်ရှင်နေတုန်းပဲ၊၊ ဒါက ငါ့အတွက် အောင်မြင်မှုတစ်ခုပဲ၊၊
ရှေ့မှာ ဘယ်လို နှိပ်စက်မှုတွေ ရှိနေပါစေ၊ ဒါမှမဟုတ် သူထွက်ပြေးဖို့ နည်းလမ်းရှာနိုင်မလားဆိုတာကတော့ နောက်မှ ဖြေရှင်းရမယ့် ပြဿနာဖြစ်သည်၊၊
ယခု လင်းရှန်ကို ကြည့်ရင်း အစ်ကိုဂျေသည် အနည်းငယ် စိတ်သက်သာရာရသွားသည်၊၊ သူ ထင်ထားတဲ့အတိုင်းပဲ— ဒီကောင်မှာ သတ္တိမရှိပါဘူး၊၊ သူက ငါ့ကိုတောင် မနိုင်ဘဲနဲ့ Iron Alliance ကို ရင်ဆိုင်ရဲမှာတဲ့လား၊၊
မကြာခင်မှာ သူက စားပွဲပေါ်က အသားစင်းကောဖြစ်လာတော့မှာပဲ၊၊
“မင်း ကြိုက်သလို လုပ်ပါ”
အစ်ကိုဂျေက လူအများကို ဒေါသထွက်စေမယ့် အမူအရာဖြင့် မခိုးမခန့်ရယ်မောလိုက်သည်၊၊
သို့သော် လင်းရှန်သည် သူ၏ သွေးစွန်းနေသော အင်္ကျီဖြူကို စိတ်ဝင်တစား ကြည့်လိုက်သည်၊၊
“မဆိုးဘူးပဲ၊၊ ဒီလို ငရဲခန်းလို နေရာမျိုးမှာတောင် ဒီလိုအင်္ကျီကို ဝတ်ထားနိုင်တယ်၊၊ မင်းက ကမ္ဘာပျက်ကပ်မတိုင်ခင်က အတော်လေး ကောင်းကောင်းနေခဲ့ရပုံပဲ၊၊ အသားအရည်ကလည်း နူးညံ့တယ်၊၊ မင်းကို အထူးဂရုစိုက်ပေးဖို့ ငါသေချာလုပ်ရမှာပေါ့”
“ဟမ်” အစ်ကိုဂျေ၏ မျက်နှာပျက်သွားသည်၊၊
အသားအရည် နူးညံ့တယ် ဟုတ်လား.. ဒါက ဘာကိုဆိုလိုတာလဲ…
သူ မေးဖို့ မပြင်မီမှာပင် လင်းရှန်က ရုတ်တရက် လှည့်၍ ခေါ်လိုက်သည်၊၊
“လူအိုကြီးတုံး”
“ယို့… ကပ္ပတိန်လင်း”
လူအုပ်၏ နောက်ဘက်မှနေ၍ သြဇာရှိသော အသံတစ်ခု ပြန်ထူးလိုက်သည်၊၊ တစ်စက္ကန့်အကြာတွင် လူများမှာ လမ်းဖယ်ပေးလိုက်ကြသည်၊၊ အထူးသဖြင့် အမျိုးသားများ— သူတို့၏ မျက်နှာအမူအရာများမှာ အံ့အားသင့်မှုမှ ထိတ်လန့်မှုသို့၊ ထို့နောက်တွင် ကျေနပ်မှုသို့... အချို့ကမူ ရွံရှာသော အမူအရာများ ဖြစ်သွားကြသည်၊၊
လူအချို့ ထွက်လာသည်၊၊
သန်မာထွားကြိုင်းသည့် အမျိုးသားကြီးများ လျှောက်လာကြသည်၊၊ အသက် ၃၀ ကျော်မှ ၄၀ အတွင်း ရှိကြပြီး ခန္ဓာကိုယ်များမှာ gymမှာပဲ နေထိုင်ကြသကဲ့သို့ပင်— ကြွက်သားကြီးများမှာ ဖောင်းကားနေပြီး တစ်ယောက်ချင်းစီမှာ တင့်ကားများကဲ့သို့ပင်၊၊ အပုဆုံး တစ်ယောက်မှာပင် ၆ ပေ ၁ လက်မ အနည်းဆုံး ရှိသည်၊၊ ခေါင်းဆောင်မှာမူ— ဆံပင်အနည်းငယ် ပါးပြီး မုတ်ဆိတ်ဗရပျစ်နှင့် ကျပ်ထုတ်နေသော အင်္ကျီအောက်တွင် အမွေးအမျှင်များ ပြည့်နှက်နေသည့် ရင်ဘတ်နှင့် လက်နှစ်ဖက်လုံးတွင် တက်တူးများ ရှိနေသည့် လူသန်ကြီးတစ်ဦးဖြစ်သည်၊၊
ဤလူများမှာ ကြောက်စရာကောင်းရုံသာ မဟုတ်ပေ၊၊ ငရဲသားယာဉ်တန်းကို မည်သူမှ မထိရဲသည်ကို လူတိုင်း သိကြသည်— ပြီးတော့ သူတို့ အားလုံးမှာ အမျိုးသားများကို စိတ်ဝင်စားသည့် အကျင့်ရှိကြသည်ကိုလည်း သိကြသည်၊၊ အမျိုးသား အများစုပင် သူတို့ကို မျက်လုံးချင်း မဆိုင်ရဲကြပေ၊၊
“မင်း... မင်းတို့ ဘာလုပ်မလို့လဲ”
အစ်ကိုဂျေ၏ မျက်နှာသည် ထိုမြင်ကွင်းကို ကြည့်ပြီး ဖြူဖျော့သွားသည်၊၊
Chapter 555
သဲကန္တာရ သံမဏိမဟာမိတ်အဖွဲ့ ၅
လင်းရှန်သည် သူ့ကို ဂရုမစိုက်ဘဲ လူအိုကြီးတုံးကို လေးနက်သော မျက်နှာဖြင့် ကြည့်လိုက်သည်၊၊ “ဒီလူယုတ်မာတွေက ယာဉ်တန်းတွေကို တိုက်ခိုက်ခဲ့ကြတယ်၊၊ အမျိုးသမီးတွေကိုလည်း စော်ကားခဲ့ကြတယ်၊၊ ငါ မေးချင်တာက— မင်းတို့အဖွဲ့ဆိုရင် ဒီလိုအမှိုက်တွေကို ဘယ်လို ကိုင်တွယ်မလဲ”
လူအိုကြီးတုံးမှာ မျက်တောင်ခတ်လိုက်ပြီး အံ့အားသင့်သွားသည်၊၊
သူ့ကို ဘာလို့ ဒါလာမေးနေရတာလဲ...
သို့သော် ချက်ချင်းပင် သူ သဘောပေါက်သွားသည်- “ဒီလိုကောင်တွေလား၊၊ သတ်ပစ်ရမှာပေါ့၊၊ မေးနေစရာ မလိုဘူး၊၊ အမျိုးသမီးတွေကို နှိပ်စက်တဲ့ လူညံ့တွေကို ငါ အမုန်းဆုံးပဲ… ”
“ဟုတ်တယ်၊၊ အခုချက်ချင်း သတ်လိုက်တော့”
“သူတို့ကို တစ်စစီလုပ်ပစ်လိုက်”
သူ့နောက်မှ လူများကလည်း ချက်ချင်းပင် ဝင်ပြောကြသည်၊၊ ထို့နောက်မှ လူအိုကြီးတုံးက လင်းရှန်ကို လှည့်၍ ရိုသေစွာ ပြောလိုက်သည်၊၊
“ဒါပေမဲ့ ကပ္ပတိန်လင်း ဘာခိုင်းခိုင်း ငါတို့လုပ်မှာပါ”
လင်းရှန် ခေါင်းငြိမ့်လိုက်သည်၊၊
“အင်း၊၊ ငါ စဉ်းစားနေတာက... သူတို့ကို ချုပ်ထားပြီး သူတို့ လုပ်ခဲ့တဲ့အတိုင်း ပြန်ခံစားစေချင်တယ်၊၊ ဒါပေမဲ့ ရထားပေါ်မှာ အမျိုးသမီးတွေနဲ့ ကလေးတွေ ရှိနေတော့— သူတို့က ဒီလို လူယုတ်မာတွေနဲ့ နီးနီးကပ်ကပ် မရှိချင်ကြဘူး၊၊ မင်းတို့ရဲ့ တွဲက နည်းနည်းလွတ်နေတယ်လို့ ငါ ကြားတယ်... မင်းတို့ ငါ့ကို ကူညီပေးနိုင်မလား”
လူအိုကြီးတုံးက မျက်တောင်ခတ်လိုက်ပြီးနောက် သဘောပေါက်သွားသည်၊၊ သူသည် အကျဉ်းသား အုပ်စုကို ကြည့်လိုက်ရာ— သူ၏ မျက်လုံးများမှာ တောက်ပလာသည်၊၊ သူ တံတွေးတစ်ချက် မျိုချလိုက်သည်၊၊
“ထပ်ပြောစရာမလိုတော့ဘူး ကပ္ပတိန်လင်း… ငါနားလည်ပြီ”
သူသည် ဘတ်စ်ကားကို ကြည့်လိုက်ပြီးနောက် အစ်ကိုဂျေကို ရက်စက်သော အပြုံးဖြင့် ကြည့်လိုက်သည်၊၊
“စိတ်မပူပါနဲ့ ကပ္ပတိန်၊၊ ဒီလို နူးညံ့တဲ့... အဲဒါပြောတာ မဟုတ်ဘူး၊၊ ဒီလူယုတ်မာတွေကို ငါတို့ဆီ အပ်လိုက်ပါ၊၊ ငါတို့ သူတို့ကို သေချာဂရုစိုက်ပေးပါ့မယ်၊၊ မင်းဆီကို ပြန်ပို့တဲ့အခါကျရင် အကောင်းအတိုင်း ဖြစ်နေစေရမယ်”
သူသည် သူ၏ လည်ပင်းကို တစ်ချက် လှည့်လိုက်ရာ တဂျွတ်ဂျွတ်မြည်သံက သတိပေးချက်တစ်ခုကဲ့သို့ ထွက်ပေါ်လာသည်၊၊
တခြားလူသန်ကြီးများလည်း ပြုံးလိုက်ကြပြီး— အသက်ရှူသံများပင် ပြင်းလာသည်၊၊ သူတို့၏ မျက်လုံးများမှာ ဒေါသထွက်နေသည့် အကြည့်မှ ပျော်ရွှင်နေသည့်၊ သဘောကျနေသည့် အကြည့်များသို့ ပြောင်းလဲသွားသည်၊၊
“ဝိုး… ကပ္ပတိန်လင်းက ငါတို့ကို တကယ် ယုံကြည်တာပဲ”
“ငါက ဒီလို လူမျိုးတွေကို အမုန်းဆုံးပဲ၊၊ ငါ... အဲဒါပြောတာ မဟုတ်ဘူး၊၊ ငါတို့ သူတို့ကို ဂရုစိုက်ပေးရမှာပေါ့… ဟုတ်တယ်”
“နောက်ဆုံးတော့ ဒီငရဲလို နေရာမှာ ပျော်စရာတစ်ခုခု တွေ့ပြီ...”
“ကဲ… ကိုယ့်လူတို့— သွားကြစို့”
အစ်ကိုဂျေနှင့် သူ၏ အဖွဲ့သားများ တုန်လှုပ်သွားကြသည်၊၊ သူတို့ကို ခေါ်သွားမည့်သူများ၏ မျက်လုံးများမှာ အရမ်းကို ပြင်းထန်လွန်းနေသည်၊၊
သူသည် လင်းရှန်ဘက်သို့ ဒေါသတကြီး လှည့်ကြည့်လိုက်သည်၊၊
“ဖာ့ခ်… ငါ့ကို သတ်ချင် သတ်လိုက်…. မဟုတ်ရင် လွှတ်ပေး— ဒီလို ဂိမ်းတွေ လာမကစားနဲ့၊၊ ငါ့အပေါ်မှာ အဲဒါတွေက အလုပ်မဖြစ်ဘူး”
လင်းရှန်က ပြုံးနေပြီး ဘာမှမပြောပေ၊၊ သူသည် လူအိုကြီးတုံးကိုသာ ခေါင်းငြိမ့်ပြလိုက်သည်၊၊
လူအိုကြီးတုံးနှင့် သူ၏ လူများမှာ ရှေ့သို့ တိုးဝင်သွားပြီး အကျဉ်းသားများကို ဖမ်းဆီးကာ ရထားဆီသို့ ဆွဲခေါ်သွားကြသည်၊၊
“ငါ ဘယ်သူလဲဆိုတာ မင်းတို့ သိလား”
လူအိုကြီးတုံး အနီးသို့ ရောက်လာသည့်အခါ အစ်ကိုဂျေက အော်ဟစ်လိုက်သည်၊၊
လူအိုကြီးတုံးက သူ၏ အနားသို့ တိုးသွားပြီး နတ်ဆိုးဆန်စွာ ပြောလိုက်သည်၊၊
“မင်းကို ‘Daddy’ လို့ ခေါ်တာ ကြိုက်တယ်လို့ ကြားတယ်၊၊ စိတ်မပူပါနဲ့ ကောင်လေး— မင်း ကြိုက်သလောက် ခေါ်ခိုင်းပေးပါ့မယ်”
အစ်ကိုဂျေ၏ မျက်နှာမှာ ထိတ်လန့်မှုကြောင့် အေးခဲသွားသည်၊၊ သူသည် ရုန်းကန်နေခြင်းကို ရပ်လိုက်ပြီး မျက်လုံးများမှာ ဝေဝါးသွားသည်၊၊ လူအိုကြီးတုံးက သူ့ကို လက်တစ်ဖက်တည်းဖြင့် မကာ ပခုံးပေါ် ထမ်းလိုက်သည်၊၊ သို့သော်လည်း အစ်ကိုဂျေမှာ ပြင်းထန်စွာ ရုန်းကန်နေပြီး ပါးစပ်မှ သွေးများ ထွက်ကာ အော်ဟစ်နေသည်၊၊
“သတ်လိုက်ပါ၊၊ ငါ့ကို သတ်လိုက်ကြပါတော့”
ပတ်ဝန်းကျင်ရှိ လူတိုင်းမှာ ထူးဆန်းသော မျက်နှာအမူအရာများ ဖြစ်နေကြသည်၊၊ အမျိုးသားအချို့မှာ ထိုလူယုတ်မာများ ကြုံတွေ့ရမည့် ကံကြမ္မာကို တွေးကြည့်ပြီး ကြက်သီးပင် ထသွားကြသည်၊၊
တာလို့ပင် ဘေးသို့ အနည်းငယ် ဆုတ်သွားသည်၊၊ သူကိုယ်တိုင်မှာလည်း သံမဏိမျှော်စင်ကြီးတစ်ခုလို သန်မာသော်လည်း အနည်းဆုံးတော့ သူ၏ အကြိုက်မှာ... ပုံမှန်ဖြစ်လေသည်၊၊ သူသာဆိုရင် ထိုသူများကို မြန်မြန်ဆန်ဆန်ပဲ သတ်ပစ်လိုက်ပေလိမ့်မည်၊၊
အနီးတွင် နန်ကျင်းနှင့် တခြားလူများမှာ ကျေနပ်နေကြသော်လည်း... စိုးရိမ်မှုတော့ ရှိနေဆဲပင်၊၊
“ကပ္ပတိန်လင်း၊၊ သူတို့ကို အဲဒီလို အပ်လိုက်ရင် သူတို့ အသက်ရှင်ဖို့ မလွယ်ဘူးနော်”
လင်းရှန်သည် တည်ငြိမ်စွာပင် လှည့်ကြည့်လိုက်သည်၊၊
“သူတို့ အသက်ရှင်ရမယ်လို့ ငါ မပြောခဲ့ပါဘူး၊၊ လူအိုကြီးတုံးက သူတို့ကို အကောင်းအတိုင်း ပြန်ပို့ပေးမယ်လို့ ပြောခဲ့တာ မဟုတ်လား”
သူသည် စစ်တပ်သုံး ဘတ်စ်ကားကို ကြည့်ပြီး ပြုံးလိုက်သည်၊၊
“ဒီလိုလူတွေကို သတ်လိုက်ရုံက အရမ်းလွယ်လွန်းတယ်၊၊ သူတို့က စော်ကားရတာကို အရမ်းကြိုက်တယ်ဆိုမှတော့ သူတို့ကိုယ်တိုင် အဲဒါကို အရင်ခံစားကြည့်ခိုင်းတာက တရားမျှတပါတယ်”
“ဘယ်လို...”
လူတိုင်း အံ့အားသင့်သွားကြသည်၊၊ မိုနီကာက စိတ်ဝင်တစား ကြည့်လိုက်သည်၊၊
“ရှင်က သံမဏိမဟာမိတ်အဖွဲ့ လာတိုက်မှာကို မကြောက်ဘူးလား”
“ဘာကြောက်စရာ ရှိလို့လဲ”
ချီလီက နှာခေါင်းရှုံ့လိုက်သည်၊၊
“ဒါတွေက အလကားခြောက်နေတာပဲ၊၊ လင်း လုပ်တာ မှန်တယ်၊၊ ငါတို့က ကစားစရာမဟုတ်ဘူး”
ရှီတိယွမ်က လက်ပိုက်လိုက်သည်၊၊
“အတိအကျပဲ၊၊ အကယ်လို့ သူတို့နဲ့ ထပ်တွေ့ရင်ရော ဘာဖြစ်လဲ၊၊ ငါတို့က ကြောင်ကို မြင်တာနဲ့ ထွက်ပြေးရမယ့် ကြွက်တွေ မဟုတ်ဘူး… xxပဲရမယ်”
“ကျုပ်ပြောချင်တာက အဲဒါမဟုတ်ဘူး”
လင်းရှန်က ခေါင်းခါလိုက်ပြီး သူ၏ လက်ကို မြှောက်လိုက်သည်၊၊ လူတိုင်း၏ ရှေ့တွင် သူသည် ယန္တရားထုတ်လုပ်မှု စွမ်းရည်ကို အသုံးပြုလိုက်သည်၊၊
တစ်မိနစ်ပင် မပြည့်သေးမီမှာပင် သေးငယ်သော အစိတ်အပိုင်းများမှာ လေထဲတွင် ပျံဝဲလာပြီး စုစည်းသွားကြသည်— ၎င်းမှာ အစ်ကိုဂျေ၏ ရင်ဘတ်ထဲမှ ရွှေရောင် ဆဋ္ဌဂံပုံ ဇီဝအချက်ပြထောက်လှမ်းကိရိယာဖြစ်သည်၊၊
“နာမည်ကတော့ ဆန်းကြယ်နေပေမဲ့ ဒါက သက်ရှိတစ်ခုနဲ့ ချိတ်ဆက်ထားတဲ့ အချက်ပြထုတ်လွှင့်စက်သက်သက်ပါပဲ၊၊ သူ့ရဲ့ အရှုပ်ထွေးဆုံး အစိတ်အပိုင်းကတော့ ထူးခြားတဲ့ အမှတ်အသား ကုဒ်လေးတစ်ခုပဲ”
လုရှင်းချန်၏ မျက်လုံးများ တောက်ပလာသည်၊၊
“ဒါဆို အစ်ကိုက ဒီအရာကို သုံးပြီး သူတို့ကို လှည့်စားမလို့လား၊၊ အဲဒါဆို သေဆုံးတဲ့ အချက်ပြမှုက ထွက်မှာ မဟုတ်တော့ဘူးပေါ့”
“ဟွန့်… ရှင်က အရမ်းအတာပဲ”
သူ စကားမဆုံးမီမှာပင် ရှားရှားက မျက်လုံးလှန်ပြလိုက်သည်၊၊
“စောစောကတော့ ရှင့်ကို စတိုင်ကျတယ်လို့ ထင်နေတာ”
“ဟမ်၊၊ ငါ ထပ်မှားပြန်ပြီလား”
လုရှင်းချန် ခေါင်းကုတ်လိုက်သည်၊၊
ချန်ဆီရွှမ် ပြုံးလိုက်သည်၊၊
“စဉ်းစားကြည့်လေ— တကယ်လို့ ကျွန်မတို့က ဒီအရာကို သူ့အစား သယ်သွားရင် အချက်ပြမှုက တူတူပဲ ဖြစ်နေလိမ့်မယ်၊၊ ဒါပေမဲ့ အဲဒါက သူတို့ကို တခြားနေရာကို ခေါ်သွားလိမ့်မယ်၊၊ ကျွန်မတို့ကတော့ သံမဏိမဟာမိတ်အဖွဲ့နဲ့ လုံးဝ လွဲသွားမှာပေါ့”
ကီကီက ပြုံးလျက် ဝင်ပြောသည်၊၊
“အတိအကျပဲ၊၊ ပြီးတော့ ကျွန်မတို့က ဒီလင်းယုန်နီအုပ်စုရဲ့ လှုပ်ရှားမှုတွေကိုလည်း ထောက်လှမ်းနိုင်တယ်၊၊ သူတို့ရဲ့ စခန်းနဲ့ ရိက္ခာတွေ ဘယ်မှာလဲဆိုတာတောင် ရှာနိုင်လိမ့်မယ်၊၊ ခုခံတာကနေ တိုက်စစ်ကို ပြောင်းလိုက်တာပေါ့”
သူတို့၏ ခွဲခြမ်းစိတ်ဖြာမှုမှာ လူတိုင်းကို သဘောပေါက်သွားစေသည်၊၊
လူတိုင်းက လင်းရှန်ကို အံ့အားသင့်သော မျက်လုံးများဖြင့် ကြည့်နေကြသည်၊၊
လင်းရှန်သည် အမျိုးသမီးနှစ်ယောက်ကို ပြန်ကြည့်လိုက်သည်၊၊
ဟူး…သူတို့က သူ့ကို အရမ်းနားလည်နေကြသည်၊၊
“ဝိုး…ပါရမီရှင်ပဲ”
“ဒါက တကယ် အလုပ်ဖြစ်နိုင်တယ်”
“လင်းကတော့ တကယ့်လူပဲ”
“အဲဒီလူက ငါတို့ကို လှည့်စားနိုင်ပြီလို့ ထင်နေမှာပဲ”
“ပြီးတော့ ငါတို့ ရိက္ခာတွေလည်း လိုနေတယ်”
“ဒီလိုယာဉ်တန်းမျိုးတွေကို အကုန်ရှင်းပစ်ရမယ်၊၊ ဒါက အသက်ရှင်ကျန်ရစ်သူ အားလုံးလိုချင်တဲ့အရာပဲ”
“ဟုတ်တယ်”
ရှီတိယွမ်က ရယ်မောရင်း လက်ခုပ်တီးလိုက်သည်၊၊
“ဒါပဲ ငါလိုချင်တာ— ရေရှာရင်း ရေတွေ့တာပဲ… သူတို့က ငါတို့ဆီ ယူလာပေးတာဟ… ဒီတစ်ခါတော့ ငါတို့ သဲကန္တာရလူမိုက်လုပ်ကြတာပေါ့…ဟားဟားဟား”
လင်းရှန် ခေါင်းငြိမ့်လိုက်သည်၊၊ သူ၏ အကြည့်မှာ သဲကန္တာရကို ဖြတ်ကျော်သွားသည်၊၊
“ဒီမှာ သဲနဲ့ အလောင်းတွေပဲ ရှိတယ်၊၊ ရေရှာဖို့က တကယ် မလွယ်ဘူး၊၊ ဒါပေမဲ့ သူတို့လို လူမိုက်တွေကတော့ ရေဘယ်မှာရှိလဲဆိုတာ သိကြလိမ့်မယ်… ဒါကြောင့် လူအိုကြီးတုံးတို့ အဖွဲ့ကို သူတို့ဆီက သတင်းနှိုက်ခိုင်းလိုက်မယ်၊၊ ကျုပ်ကတော့ သူတို့ လာခဲ့တဲ့ လမ်းကြောင်းကို ပြန်လိုက်မယ်၊၊ ကျုပ်တို့ ရိက္ခာတွေ အများကြီးရှာတွေ့မှာပါ”
အချို့သော ပြဿနာများမှာ ရှောင်လွှဲ၍ မရပေ— ထိပ်တိုက်ရင်ဆိုင်လိုက်ခြင်းက ပိုကောင်းပေသည်၊၊
ပြီးတော့ ဒီဒေသခံအမှိုက်တွေက နယ်မြေအကြောင်းကို အခြားသူများထက် ပိုသိကြသည်၊၊
သူတို့ရဲ့ ခရီးသည်တွေကို ကြည့်ရတာ သူတို့က လူကုန်ကူးနေတာ ဖြစ်ရမယ်၊၊
သူတို့ ဖြတ်သန်းခဲ့တဲ့ နေရာတိုင်းကတော့ အကုန်ပြောင်သလင်းခါနေလောက်ပြီ၊၊ ငါတို့ ရိက္ခာလိုချင်ရင် ဒီသဲကန္တာရကြွက်တွေကို လိုက်တာက အလွယ်ဆုံးပဲ၊၊
လင်းရှန်သည် သူ၏ အစီအစဉ်ကို ရှင်းပြနေသော်လည်း— သူ ပြောပြီးသည်နှင့်...
လူတိုင်းက သူ့ကို ရူးသွပ်နေသူ တစ်ဦးကဲ့သို့ ကြည့်နေကြသည်၊၊
“သတင်းနှိုက်မယ်...”
တကယ်ကြီးလား၊၊
မင်းပဲ ခုနက ဘာမှမသိတဲ့လူလို လုပ်နေပြီး အဲဒီလူ သေမလား… ရှင်မလားဆိုတာကို လုံးဝဂရုမစိုက်တဲ့အပြင်… သံမဏိမဟာမိတ်အဖွဲ့ကိုလည်း မကြောက်ဘဲ... သူတို့ကို ဘယ်လို ရက်ရက်စက်စက် အပြစ်ပေးမလဲဆိုတာကိုပဲ တွေးနေတာမဟုတ်လား၊၊
ပြီးတော့ မင်းရဲ့ အဖြေက... သူတို့ကို လူသန်ကြီးအုပ်စုဆီ အပ်လိုက်တာလေ၊၊
မာန်နတ်တောင် မင်းဆီကနေ သင်ခန်းစာယူရလိမ့်မယ်၊၊
ထူးဆန်းတဲ့ သတ္တဝါတွေတောင် မင်းကို မြင်ရင် သူတို့ထက် ဆိုးတယ်လို့ ပြောကြလိမ့်မယ်၊၊