← Chapters

မင်းက ချန်ဟွိုက်အန်လား

Vol. 13 Ch. 124

မင်းက ချန်ဟွိုက်အန်လား

Vol. 13 Ch. 124

လင်းလင်လင်၏ လှံချက်များမှာ စူးရှပြီး အဆက်မပြတ်လှသည်။

ထျန်းမင်တောင်တွင် ရှိစဉ်ကပင် သူ၏ အရည်အချင်းကို ကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးဖြစ်သည်။

သူကို မည်သူ သင်ပေးခဲ့ကြောင်း သူ မသိသော်လည်း ၂မီတာရှည်သော လှံကို ကိုင်တွယ်ပုံမှာ ကဗျာတစ်ပိုဒ်ထဲကကဲ့သို့ပင်...

“အေးစက်သော အလင်းတန်းက အရင်၊ လှံက နောက်မှ” ဆိုသကဲ့သို့ပင်။

သူသည် ယခင်ကထက် ပို၍ မြန်နေသည်။

အများကြီး ပိုမြန်လာ၏။

သို့သော် စိတ်ဝိညာဉ်ချီစွမ်းအင်ကြောင့် အမြင်အာရုံ မြင့်မားနေသော ချန်ဟွိုက်အန်အတွက်မူ နှေးကွေးနေဆဲပင်။

သူ့ခေါင်းကို အသာအယာ တိမ်းလိုက်ရုံဖြင့် တိုးဝင်လာသော လှံသွားကို သူ အလွယ်တကူ ရှောင်လိုက်နိုင်၏။

လျင်မြန်သော လှုပ်ရှားမှုနှင့်အတူ သူက လှံရိုးကို ဖမ်းကိုင်လိုက်ပြီး စွမ်းအင်ကို ရုတ်တရက် အသုံးပြုကာ...

လင်းလင်လင်ကို ပုခုံးကျော်ကာ လွှဲချလိုက်ပြီး မြေပြင်ပေါ်သို့ ဆောင့်ချလိုက်တော့သည်။

ကျယ်လောင်သော မြေခသံကြီး ထွက်ပေါ်လာ၏။

လင်းလင်လင် နာကျင်စွာ အော်ဟစ်လိုက်ပြီး သူ၏ ခန္ဓာကိုယ်သည် ဆောက်လုပ်ရေး အပျက်အစီးများကြားသို့ လွင့်စင်သွားခဲ့သည်။

ချန်ဟွိုက်အန် ရှေ့သို့ အမြန်လှမ်းလိုက်ပြီး သူ၏ ဂုတ်ပိုးကို စူးစိုက်ကြည့်လိုက်သည်။

ထိုနေရာတွင် ဖင်နီပင့်ကူတစ်ကောင် ကပ်နေသည်ကို တွေ့လိုက်ရသည်။

ပါရမီရှင်တစ်ယောက် မဟုတ်ရင်တောင် ၎င်းကို သိနိုင်သည်။

သူ၏ ရုတ်တရက် တိုက်ခိုက်မှုမှာ ထိုပင့်ကူနှင့် သေချာပေါက် ဆက်စပ်နေ၏။

ထိုသတ္တဝါမှာ ဖော်ထုတ်ခံလိုက်ရသည်ကို သိလိုက်ရသည့် ခဏ၌ပင် ထွက်ပြေးရန် ကြိုးစား တော့သည်။

သို့သော် ကြေးခွံနက်ဓားက ပို၍ မြန်ဆန်လှသည်။

ပြတ်သားသော ဓားချက်တစ်ခုနှင့်အတူ ၎င်းကို သူ နှစ်ခြမ်းခွဲပစ်လိုက်၏။

အပေါ်တစ်နေရာမှ မပီမသ ညည်းတွားသံတစ်ခု ထွက်ပေါ်လာခဲ့သည်။

ချန်ဟွိုက်အန်၏ နားများမှ လှုပ်ရှားသွားသည်။

သူ ၎င်းကို ကြားလိုက်ရသည်။

“ဟမ်... အပိုင်းအစ နောက်တစ်ခုလား။ ခီးခီးခီး...”

“တွေ့ပြီ။”

ထိုအသံမှာ အပေါ်တစ်နေရာမှ ထွက်လာခြင်း ဖြစ်သည်။

ချန်ဟွိုက်အန် ဓားစီးပြီး မပျံသန်းနိုင်သေးသလို လှေကားမှ တက်နေလျှင်လည်း အချိန်အလွန် ကြာလိမ့်မည်။

ထို့ကြောင့် အစားထိုးအနေဖြင့်...

ညအမှောင်အောက်တွင် ထူးဆန်းသော ပုံရိပ်တစ်ခု ပေါ်လာသည်။

သူက အနက်ရောင်ဓားကို သွားနှင့် ကိုက်ထားပြီး ခြေနှင့်လက် လေးဖက်စလုံးကို အသုံးပြုကာ အဆောက်အအုံ၏ ဘေးနံရံအတိုင်း အပေါ်သို့ တွယ်တက်သွားတော့သည်။

သူ၏ အရှိန်မှာ လူမျက်နှာပင့်ကူထက်ပင် ပိုမြန်နေသေးသည်။

စိတ်ဝိညာဉ်ချီစွမ်းအင်ကို ကောင်းမွန်စွာ ထိန်းချုပ်နိုင်ပါက ပင့်ကူတစ်ကောင် နံရံတွင် ကပ်နေသကဲ့သို့ပင် အတုယူ လှုပ်ရှားနိုင်သည်။

သူက ဘာလို့ ဒီလောက် ကျွမ်းကျင်နေရတာလဲ ဟုတ်လား။

လာနောက်နေတာလား။

သူသည် ဂိမ်းထဲတွင် ယခုထက် ပို၍ မြင့်မားသော နံရံကပ်အတတ်များကို လုပ်ဆောင်ခဲ့ပြီးသား ဖြစ်သည်။

၎င်းမှာ သူ၏ ဂိမ်းဇာတ်ကောင် တတ်မြောက်ထားသည်နှင့် ယှဉ်လျှင် ကလေးကစားစရာမျှသာ ရှိသည်။

“မိစ္ဆာနှိမ်နင်းရေး ကြွက်တစ်ကောင်က ဒီအထိ တက်လာပြီး သေချင်နေတာလား...”

သူ့နောက်ကွယ်မှ အေးစက်သော နှာခေါင်းရှုံ့သံတစ်ခု ထွက်ပေါ်လာ၏။

ချန်ဟွိုက်အန် ခေါင်းကိုပင် အသာအယာ လှည့်လိုက်ရသေးသည်။

အနက်ရောင် အရိပ်တစ်ခုက ဝုန်းခနဲ ခုန်အုပ်လာ၏။

၎င်းက မည်သည့်အရာ ဖြစ်ကြောင်းကို သူ အတိအကျ မမြင်ရသော်လည်း ၎င်း၏ ဝတ်ရုံအောက်မှ အလင်းတစ်ချက် လက်သွားသည်ကို မြင်လိုက်ရသည်။

လျှို့ဝှက်ဓားမြှောင်တစ်ခုမှာ အဆိပ်ရှိသော မြွေစွယ်တစ်ခုကဲ့သို့ တိုက်ခိုက်ရန် ပြင်ဆင် ထားနေသည်။

ချန်ဟွိုက်အန် ချက်ချင်း တုံ့ပြန်လိုက်၏။

သူ၏ ဓားက နောက်သို့ ခုတ်ချလိုက်သည်။

သူသည် ကြာစိမ်း ဓားသိုင်းကျမ်းထဲမှ မည်သည့် သိုင်းကွက်ကိုမျှ အပြည့်အဝ မတတ်မြောက်သေးပေ။

သို့သော် ပထမ အခန်း (၁၂)ခန်းကိုမူ လုံးဝ အလွတ်မှတ်မိနေပြီ ဖြစ်သည်။

ထိုအခန်းများက ဓားသိုင်းများလောက် မစွမ်းထက်သော်လည်း တိကျမှုနှင့် အရှိန်ကိုမူ ပြည့်စုံလုနီးပါး ဖြစ်အောင် လေ့ကျင့်ပေးထားသည်။

မလိုအပ်သော လှုပ်ရှားမှုများ မရှိ။

အလှပြကွက်များ မရှိ။

သန့်စင်ပြီး ရက်စက်သော ထိရောက်မှုသာ ရှိ၏။

ငွေရောင် အလင်းတန်းတစ်ခု လေထဲ ဖြတ်သန်းသွားသည်။

ပြတ်တောက်သော အသံတစ်ခု နောက်ကလိုက်လာ၏။

အနက်ရောင်ဝတ်ရုံနှင့် လူမှာ နောက်သို့ ဆုတ်သွားရပြီး မီတာအနည်းငယ် အကွာတွင် ဆင်းသက်လိုက်ရသည်။

ထိုအခါမှသာ ချန်ဟွိုက်အန် သေချာ မြင်လိုက်ရ၏။

၎င်းမှာ တစ်ကိုယ်လုံး အနက်ရောင် ဝတ်ရုံခြုံထားပြီး မျက်နှာကို မျက်နှာဖုံးနှင့် ကွယ်ထားသော အမျိုးသားတစ်ဦးပင်။

ယခုအခါ ထိုလူမှာ နှစ်ခြမ်းကွဲသွားသော ဓားမြှောင်ကို ကြည့်ကာ မယုံနိုင်ဘဲ မှင်တက်နေ၏။

“မဖြစ်နိုင်ဘူး... မင်းက ဘယ်သူလဲ...”

ခေါင်းတလားနက် တမန်တော်မှာ တုန်လှုပ်နေလေသည်။

သူ၏ ဓားမြှောင်သည် ခေါင်းတလားနက်သခင် ကိုယ်တိုင် လက်ဆောင်ပေးထားသော ပုပ်သိုးသံမဏိဖြင့် သွန်းလုပ်ထားခြင်းပင်။

၎င်း၏ ခိုင်ခံ့မှုမှာ စိန်နှင့် နှိုင်းယှဉ်နိုင်ပြီး အဆိပ်ရှိသော ဓားသွားကြောင့် မည်သည့် ဒဏ်ရာမဆို သွေးတိတ်ရန် ခဲယဉ်းလှသည်။

ထိုဓားမြှောင်နှင့်ပင် သူက အဆင့်မြင့် မိစ္ဆာနှိမ်နင်းသူများကို အလွယ်တကူ သတ်ဖြတ်ခဲ့ဖူးသည်။

မည်သည့် လက်နက်ကမျှ သူ၏ဓားသွားကို မခုခံနိုင်ခဲ့ဖူးပေ။

သေနတ်များကသာ သူ့အတွက် အန္တရာယ် ဖြစ်စေခဲ့သည်။

သို့သော် သူ၏ အရှေ့မှ ထိုလူငယ်ကတော့...

သူက သေနတ်သုံးနေတာ မဟုတ်ဘူး။

ဓားကို သုံးနေတာ။

ပြီးတော့ အဲဒီဓားက ငါ့လက်နက်ကို ထောပတ် လှီးသလို အလွယ်တကူ ဖြတ်တောက်လိုက်တယ်။

ဒါကလည်း အထူးပစ္စည်းတစ်ခုခုနဲ့ သွန်းလုပ်ထားတာလား...

ပုပ်သိုးသံမဏိထက် ပိုတောင့်တင်းတဲ့ အရာတစ်ခုလား...

“အပိုင်းအစ ပေးစမ်း...”

ချန်ဟွိုက်အန် ပြန်ဖြေရန် စိတ်မဝင်စားပေ။

သူက တိုက်စစ်ကိုသာ ဆက်လက် ဆင်နွှဲနေ၏။

သူ၏ စိတ်ဝိညာဉ်ချီစွမ်းအင်မှာ နည်းပါးလာနေပြီ ဖြစ်သည်။

အပိုစကားပြောနေရန် အချိန်မရှိ။

“ခဏလေးပါ။ စီနီယာ...”

ခေါင်းတလားနက်တမန်တော်မှာ ဓားအလင်းများကို ရှောင်ရှားရင်း အသည်းအသန် နောက်ဆုတ် နေရသည်။

“မင်းပြောနေတဲ့ အပိုင်းအစအကြောင်း ငါ တကယ် မသိဘူး... မင်း ပစ္စည်းတွေ လိုချင်တာ ရှိတယ်ဆိုရင် ပြောပါ... စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထလာမှု အရှိန်မြင့်လာတာနဲ့ မိစ္ဆာနှိမ်နင်းသူဗျူရိုက နေလို့မကောင်းတဲ့ နေရာဖြစ်လာမှာပါ။ ငါတို့နဲ့အတူ နဂါးကျားတောင်ကို လိုက်ခဲ့ပါလား။”

“အပိုင်းအစ ပေးစမ်း။”

“ငါ တကယ် မသိဘူးလို့ ပြောပြီးပြီလေ...”

ခေါင်းတလားနက် တမန်တော်မှာ တစ်လှမ်းချင်း နောက်ဆုတ်သွားရာ နောက်ဆုံးတွင် ခေါင်မိုး အစွန်းသို့ ရောက်သွားတော့သည်။

“ညီအစ်ကို။ ငါတို့ကြားမှာ ရန်ငြိုးတွေ မရှိပါဘူး...”

“ဟုတ်ပါတယ်။ ငါတို့ ဒီဆောက်လုပ်ရေးကွင်းကို သိမ်းပိုက်ပြီး အလုပ်သမား အနည်းငယ်ကို သတ်လိုက်မိတယ်။ ဒါပေမဲ့ ငါတို့က တခြား ပရမ်းပတာလုပ်နေတဲ့ မိစ္ဆာတွေလို မဟုတ်ပါဘူး...”

သူက ဝတ်ရုံထဲမှ ပစ္စည်းအချို့ကို အမြန်ထုတ်ကာ မြေပေါ်သို့ ပစ်ချလိုက်ပြီး ခေါင်းငုံ့လိုက်သည်။

“ငါ့မှာ ကျွေးမွေးရမယ့် မိသားစု ရှိတယ်။ ဒါက ငါပိုင်ဆိုင်တဲ့ ရတနာတွေ အကုန်ပါပဲ။ ကျေးဇူးပြုပြီး ငါ့ကို လွှတ်ပေးပါဦး။”

ချန်ဟွိုက်အန်က မြေပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းများကို တစ်ချက်မျှပင် မကြည့်ခဲ့။

သူက မျက်လုံးများကို ကျဉ်းလိုက်သည်။

“မင်းမှာ ပိုက်ဆံရှိလား...”

ခေါင်းတလားနက် တမန်တော် ကြောင်သွား၏။

ထို့နောက် ချက်ချင်း ခေါင်းညိတ်ပြလိုက်သည်။

“ရှိ... ရှိပါတယ်... ရှိပါတယ်...”

ချန်ဟွိုက်အန်က ဖုန်းကို ထုတ်လိုက်ပြီး QRကုဒ် တစ်ခုကို ပြလိုက်သည်။

“ရော့။ ငါ့ကို ဝီချက်မှာ အက်ဒ်ပြီး ပိုက်ဆံ လွှဲလိုက်စမ်း။ မင်း ဘယ်လောက်ကြာကြာ အသက်ရှင်မလဲဆိုတာ မင်း ပို့လိုက်တဲ့ ပမာဏအပေါ် မူတည်တယ်။”

ခေါင်းတလားနက် တမန်တော် - “...”

စိတ်ဝိညာဉ်ချီစွမ်းအင် နိုးထလာချိန်တွင် ပိုက်ဆံသည် ကမ္ဘာသစ်၌ တန်ဖိုးအနည်းဆုံးအရာ ဖြစ်ပေလိမ့်မည်။

ထိုလူငယ်က အဘယ်ကြောင့် ပိုက်ဆံ လိုချင်နေရသလဲဆိုသည်ကို သူ မသိသော်လည်း မမေးမြန်းရဲပေ။

သူက ကုဒ်ကို စကန်ဖတ်ပြီး ပိုင်ဆိုင်သမျှ အကုန်လုံး ပို့လိုက်သည်။

စုစုပေါင်း ယွမ် ၅သိန်း ၈သောင်း ဖြစ်သည်။

၎င်းမှာ နိုးထမှု အစောပိုင်း ကာလများတွင် ကြေးစားလူသတ်သမားအဖြစ် လုပ်ကိုင်ပြီး ရရှိထားသော ပိုက်ဆံများ ဖြစ်သည်။

လွန်ခဲ့သော နှစ်များအတွင်း သူ အတော်များများ သုံးစွဲခဲ့ပြီးဖြစ်သည်။

“စီနီယာ၊ ဒါ ငါ့မှာ ရှိသမျှ အကုန်ပါပဲ၊ ကျိန်ဆိုရဲပါတယ်...”

သူက မျက်နှာချိုသွေးသော အပြုံးတစ်ခုကို အတင်းလုပ်ပြလိုက်ရာ ဝါကျင့်ကျင့် သွားများကို မြင်နေရသည်။

“မဆိုးဘူး။ ပိုက်ဆံ တော်တော်များသားပဲ။”

ချန်ဟွိုက်အန်၏ မျက်လုံးများ တောက်ပသွား၏။

မိုက်ပြီလေ...

မစ်ရှင်တွေ လုပ်ရတာက ပိုက်ဆံနည်းနည်းပဲ ရတာ။

မစ်ရှင်ပစ်မှတ်တွေကို ဓားပြတိုက်တာကမှ တကယ့် ပိုက်ဆံအစစ်ပဲ။

ဒါက တိုက်ရိုက်လွှင့်တာ ဆုကြေးရှာတာထက် အများကြီး ပိုကောင်းတယ်...

“ဒါဆို... ဆရာကြီးချန်၊ ကျွန်တော် သွားလို့ ရပြီလား...”

ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်သည်။

“အင်း၊ သွားလို့ ရတာပေါ့။ ယွမ် တစ်သောင်းတိုင်းအတွက် မင်း အပို ၀.၁ စက္ကန့် အသက်ရှင်ရမယ်။ ပေါင်းလိုက်ရင် ၅သိန်း ၈သောင်း ဆိုတော့ ၆စက္ကန့်လောက် ရမှာပေါ့။ ကျေးဇူးတင်နေဖို့ မလိုပါဘူး။ အဟက်။”

“မင်း...”

“၆၊ ၅၊ ၄၊ ၃၊ ၂၊ ၁...”

ချန်ဟွိုက်အန် ဓားကို မြှောက်ကာ ခုတ်ချလိုက်၏။

ဦးခေါင်းတစ်ခုမှာ ကောင်းကင်သို့ လွင့်ထွက်သွားတော့သည်။

ထို့နောက် လျင်မြန်သော နောက်ထပ် တစ်ချက်နှင့်အတူ....

ထိုဦးခေါင်းမှာ လေထဲတွင်ပင် နှစ်ခြမ်းကွဲသွားတော့သည်။

သူ သတ်ဖြတ်နိုင်ခဲ့ကြောင်း အတည်ပြုရန် ဖုန်းကို ထုတ်ကြည့်လိုက်သည်။

[ ခေါင်းတလားနက် တမန်တော်ကို သတ်ဖြတ်လိုက်ပါပြီ။ ရရှိသော ဆုလာဘ်များမှာ ]

• မိစ္ဆာလမ်းစဉ် ကျင့်ကြံသူ အပိုင်းအစ တစ်ခု

• ပုပ်သိုးသံမဏိ အနှစ်သာရ တစ်ခု

• စပါးကြီးနက် ဓားမြှောင် အကျိုး တစ်ခု

• စိတ်ထိန်းချုပ် ကူပိုးကောင် တစ်‌ကောင်

“ထင်တဲ့အတိုင်းပဲ။ ဒီလို ဒုက္ခပေးတဲ့ မိစ္ဆာကျင့်ကြံသူတွေကို သတ်ဖို့ အကောင်းဆုံးနည်းလမ်းက ခေါင်းကို တည့်တည့် တိုက်ခိုက်တာပဲ။”

သူက မြေပြင်ပေါ်တွင် ပြန့်ကျဲနေသော ပစ္စည်းများကို ကြည့်လိုက်သည်။

“ဒါဆို... သူတို့ ကိုယ်တိုင်ပေးတဲ့ ပစ္စည်းတွေကလည်း စစ်နိုင်ပစ္စည်းအဖြစ် သတ်မှတ်တာပေါ့။ ထူးဆန်းတဲ့ စနစ်ပဲ။”

မည်သို့ပင် ဆိုစေကာမူ အရာအားလုံးကို ကောက်ယူကာ သူ၏ အိတ်ထဲသို့ ထည့်လိုက်၏။

သူက ဓားနှင့် ပြတ်နေသော ခေါင်းကို ကိုင်ကာ အဆောက်အအုံပေါ်မှ ဆင်းလာသောအခါ...

ဆောက်လုပ်ရေးကွင်း ဝင်ပေါက်တွင် ကားအချို့ ဆိုက်ရောက်နေပြီ ဖြစ်သည်။

မိစ္ဆာနှိမ်နင်းသူဗျူရိုမှ အရာရှိများ နောက်ဆုံး ရောက်လာကြလေပြီ။

သို့သော် ရောက်လာသူမှာ မုတ်ဆိတ်မွေးနှင့် ဦးလေးကြီး မဟုတ်ပေ။

ပို၍ ရင်းနှီးသော တစ်စုံတစ်ယောက် ဖြစ်နေ၏။

“ကျွန်မအတွက် စိတ်မပူပါနဲ့၊ ချန်ဟွိုက်အန်ကိုပဲ အရင်ရှာပါ...”

လင်းလင်လင်မှာ လေးဖက်ထောက် ဖြစ်နေပြီး လက်တစ်ဖက်က လှံရှည်ကို ကိုင်ထားကာ၊ အခြားလက်တစ်ဖက်မှာ သူ၏ နံရိုးကို ဖိထား၏။

အမျိုးသမီး ဆေးတပ်သား နှစ်ဦးက သူ၏ဒဏ်ရာများကို ပြုစုပေးနေသည်။

“ဘာလို့ သတိလစ်သွားလဲ မသိဘူး။ ဒါပေမဲ့ နိုးလာတော့ သူ မရှိတော့ဘူး... သူ ဝိညာဉ်ဆိုးရဲ့ ဖမ်းဆီးတာကို ခံလိုက်ရတာလား မသိဘူး...”

မိစ္ဆာနှိမ်နင်းရေး အရာရှိတစ်ဦးက သူ၏ ဘေးတွင် ထိုင်လိုက်သည်။

“မင်းရဲ့ အဖော်ကို ရှာဖို့ အဖွဲ့တစ်ဖွဲ့ လွှတ်ထားပြီးပါပြီ။ အခုလောလောဆယ် မင်းကိုယ်မင်း အရင်ဂရုစိုက်ပါ။ မင်း နံရိုးနှစ်ချောင်း ကျိုးသွားပြီ။”

လင်းလင်လင်က ဂရုမစိုက်သလို ပခုံးတွန့်လိုက်သည်။

“ကိစ္စမရှိပါဘူး။ အလုပ်လုပ်ရင် ဒဏ်ရာရတာက သဘာဝပဲ။”

သူ နောက်ကွယ်မှ ခြေသံများကို ကြားလိုက်ရသဖြင့် လင်းလင်လင် ခေါင်းလှည့်ကြည့်လိုက်၏။

ချန်ဟွိုက်အန်ကို မြင်လိုက်ရသည့် ခဏတွင် သူ၏ မျက်လုံးများ တောက်ပသွားသည်။

“ချန်ဟွိုက်အန်... ရှင် အဆင်ပြေရဲ့လား...”

“မသေသေးပါဘူး။”

ချန်ဟွိုက်အန်က သူ့ကို ဘေးဖယ်ကာ ဆံပင်ဖြူနှင့် အဘိုးကြီးတစ်ဦး၏ ရှေ့တွင် ရပ်လိုက်၏။

ထိုအဘိုးကြီးမှာလည်း သူ့ကို အံ့သြတကြီး စိုက်ကြည့်နေသည်။

“နေပါဦး... အဘိုးလီ...”

အဘိုးကြီး မျက်တောင်ခတ်လိုက်ပြီး သူ၏ အမူအရာမှာ ပို၍ပင် တွေဝေသွားဟန်ရ၏။

“မင်းက ချန်ဟွိုက်အန်လား...”

All Chapters