← Chapters

လဲ့၏ဒေါသ

Vol. 5 Ch. 42

လဲ့၏ဒေါသ

Vol. 5 Ch. 42

တေးသံသာဂိုဏ်း ဇာမဏီတောင်ထွဋ်

မီတာရာဂဏန်းမျှ မြင့်မားသည့် တောင်ထွဋ်ထိပ်ရှိ ခန်းမကြီးတခုအတွင်းမှာတော့ ဇာမဏီတောင်ထွဋ်သခင်ဖြစ်သည့် ချူလင်းယု တယောက် ကျင့်ကြံရေးဝင်နေခဲ့သည်။

မကြာသေးမီက ဂိုဏ်းချုပ်မှ အကြီးကဲများနှင့် တောင်ထွဋ်သခင်များအား ဆေးရည်အချို့ မျှဝေပြီးနောက် အကုန်လုံးအား ကျင့်ကြံဆင့်တိုးတက်လာစေရန် ကျင့်ကြံစေကာ လာမည့်ဂိုဏ်းပေါင်းစုံပြိုင်ပွဲ၌ ဖြစ်လာမည့် နောက်ဆက်တွဲများအား ကိုင်တွယ်ရန် တောင်ထွဋ်သခင်၅ဦးထံ တာဝန်ပေးအပ်ထားခဲ့သည်။

ထို့ကြောင့် ချူလင်းယုတယောက် ပေါ့ဆမနေရဲပဲ အချိန်ရသည်နှင့် ကျင့်ကြံမှုကိုသာ လုံးပန်းနေကာ ဆေးရည်အကူညီဖြင့် အတိဒုက္ခအဆင့် နှောင်းပိုင်းအား ရက်အနည်းငယ်အတွင်းမှာပဲ ရောက်ရှိသွားတော့သည်။

ချူလင်းယု၏ နှုတ်ခမ်းဒေါင့်လေးများ ကွေးညွတ်သွားကာ ရလာဒ်အားကျေနပ်နေသည်မှာ အသိသာပင်။

“တကယ်ကိုထိရောက်တဲ့ဆေးရည်ပဲ ဒီဆေးရည်ကိုဖော်စပ်တဲ့ သခင်လေးယန်ဆိုသူက အင်မော်တယ်များဖြစ်နေမလား”

သူမရဲ့ဦးခေါင်းအား ညင်သာစွာခါယမ်းလိုက်သည်။

“ဒါက ငါတွေးရမယ့်ကိစ္စမဟုတ်ဘူး ငါ့တာဝန်က လာမယ့်ပြိုင်ပွဲကို အမှားယွင်းမဖြစ်ဖို့ပဲ အာရုံစိုက်ထားရမယ်”

ချူလင်းယု၏ မျက်လုံးအစုံက ကြယ်များရာထောင်ချီလင်းလက်နေကဲ့သို့ တောက်ပနေကာ သူမအကြည့်တချက်ဖြင့်ပင် ဇာမဏီတောင်ထွဋ်တခုလုံးအား ကွက်ကွက်ကွင်းကွင်း မြင်နိုင်သည်အထိ စိတ်ဝိဉာဥ်အာရုံကလည်း တိုးတက်လာသည်။

သို့သော် သူမရဲ့စိတ်ကျေနပ်မှုက ကြာရှည်မခံချေ။ သူမရဲ့သတင်းပို့ကျောက်စိမ်းပြားက ဖျတ်ခနဲလင်းသွားသည်။

ဟမ်…

မိနစ်အနည်းငယ်ကြာသွားသည်။ မူလက ရွှင်မြူးနေဟန်ရှိသည့် ချူလင်းယု၏မျက်နှာက တည်တင်းသွားကာ မျက်လုံးအစုံကလည်း စူးရှသွားပြီး သူမရဲ့သေးသွယ်တဲ့ လက်သီးဆုပ်ကလေးနှစ်ခုကို တင်းကျပ်စွာဆုပ်ထားသည်မှာ သူမအနေဖြင့် တစုံတခုသိလိုက်ရ၍ ဒေါသဖြစ်နေဟန်တူသည်။

“ဓားတထောင်ဂိုဏ်း တွေ့ကြသေးတာပေါ့”

အတိကျပင်။ အကြောင်းရင်းက ဓားတထောင်ဂိုဏ်း၏ သတ်ဖြတ်ခြင်းအား ခံလိုက်ရသည့် ပင်မတပည့်၏ နောက်ဆုံးထွက်သက်နဲ့အတူ သတင်းစကားရောကိရှိလာခြင်းဖြစ်သည်။

အေးစက်သည့်လေထုနဲ့အတူ တိုးညင်းသည့်စကားသံကအစ အေးစက်နေကာ ပတ်ဝန်းကျင်ကိုပင် အေးခဲလုနီးပါး ဖြစ်သွားစေသည်။

ဝှစ်…

ချူလင်းယု၏ ခန္ဓာကိုယ်က ရုတ်ချည်းနေရာမှ ပျောက်ကွယ်သွားသည်။ ဇာမဏီတောင်ထွဋ်တခုလုံးကတော့ အစောပိုင်းတုန်းက ထိတ်လန့်ဖွယ်ရာ ဖိနှိပ်မှုကြီးတခုအကြောင်း ပြောဆိုကာ တပည့်များအားလုံး တုန်လှုပ်နေကြလေသည်။

တေးသံသာဂိုဏ်းချုပ်ရှိရာ ပင်မတောင်ထွဋ်..

“လင်းယု ဘာကိစ္စရှိလို့လဲ”

စုလဲ့က လက်ဖက်ရည်ကို အရသာခံသောက်နေရင်း ရုတ်ချည်းရောက်ရှိလာသည့် လင်းယုအား မေးလိုက်သည်။ သူမက လင်းယုအကြာင်းကောင်းစွာ သိပေသည်။ သူမက လီဖူယွဲ့နှင့် စရိုက်လက္ခဏာ ဆန့်ကျင်စွာတည်ရှိပြီး တသီးတသန့်နေလိိုစိတ်များကာ အရေးကြီးကိစ္စမရှိပါက ဆရာဖြစ်သူ စုလဲ့ထံလာလေ့မရှိပေ။

ချူလင်းယုက စုလဲ့အားအရင်ဦးစွာ နှုတ်ဆက်ဂါဂရပြုလုပ်ပြီးနောက် သူမရဲ့ကျောက်စိမ်းပြားအား လက်နှစ်ဖက်ဖြင့် ကမ်းပေးလိုက်သည်။

“ဘာလဲ ဘာတွေအထူးအဆန်းလုပ်နေတာလဲ”

ထိုသို့မေးလိုက်သော်လည်း ကျောက်စိမ်းပြားကိုတော့ လှမ်းယူကာ စစ်ဆေးလိုက်သေးသည်။ ချူလင်းယုက မည်သည့်စကားမှမပြောပဲ စုလဲ့ကိုသာစောင့်ကြည့်နေလေသည်။

မိနစ်အနည်းငယ်ကြာသွားသည်။

စုလဲ့၏မျက်ခုံးအစုံက နှစ်ခုထိစပ်လုနီးပါး ကြုတ်ထားပြီး သူမရဲ့ခန္ဓာကိုယ်ကလည်း တောင့်တင်းနေသည်မှာ သိသာနေသည်။ ထိုအရာက စုလဲတယောက် အလွန်ဒေါသထွက်နေခြင်းကြောင့်ဖြစ်မှန်း ချူလင်းယုသိနေခဲ့သည်။

“ဘယ်တုန်းကဖြစ်တာလဲ”

“အခုပဲ”

နှစ်ယောက်သား မည်သည့်အပိုစကားမှ မဆိုကြ။ အချိန်တန်ကြာ တိတ်ဆိတ်မှုသာ ကြီးစိုးနေလေသည်။

“ဖူယွဲ့ ပြန်လာပြီလား”

“ပြန်လာနေပါပြီ သတင်းကောင်းအချို့လည်း ပါလာပါတယ်”

စုလဲ့ရဲ့အကြည့်က မဟာကျင်းဧကရာဇ် ကျင်းလုံရှိရာ မြို့တော်ကြီးဆီ ရောက်သွားသည်။

“ဖူယွဲ့ပြန်လာရင် အပြင်လွှတ်ထားတဲ့တပည့်တွေ ပြန်ခေါ်ဖို့ပြောလိုက် ပြိုင်ပွဲမစမချင်း ဘယ်သူမှ ခွင့်ပြုချက်မရပဲ ဂိုဏ်းအပြင်မထွက်စေနဲ့ နင့်တပည့်ကိစ္စအတွက်တော့..”

သူမက စကားအားခတ္တရပ်ကာ ချူလင်းယုအား အသာကြည့်လိုက်သည်။ ပြီးနောက်.. “ရလာဒ်ကို နင်ကျေနပ်စေရမယ်” ဟု ပြောလိုက်တော့သည်။

မဟာကျင်းဧကရာဇ်တည်ရှိရာ မြို့တော်ချန်ယွမ်ရှိ ဧကရာဇ်နန်းတော်အတွင်း စာကြည့်ခန်းအတွင်း၌ ဧကရာဇ်ကျင်းလုံတယောက် အချက်အလက်အချို့ရှာဖွေကာ ဖတ်ရှုနေလေသည်။ သူရှာဖွေနေသည်က အလယ်ကုန်းမြေကြီး၏ သမိုင်းကြောင်းဖြစ်ပြီး အလယ်ကုန်းမြေရှိ ခေတ်ဟောင်းကျင့်ကြံသူများ မဟာယနာအဆင့်အား မည်ကဲ့သို့ရောက်ရှိသည်ကို မှတ်တမ်းတင်ထားခြင်း ရှိမရှိ ရှာဖွေနေခြင်းဖြစ်သည်။

မဟာယာန အဆင့်ဆိုသည်ကား ထျန်းဟွမ်လောက၌ သူတော်စင်အဆင့်ပြီးနောက် ဒုတိယထိပ်ဆုံးအဆင့်ဖြစ်ကာ ထိုအဆင့်ကျင့်ကြံသူများကို လက်ရှိအချိန်၌ အလယ်ပိုင်းကုန်းမြေတွင်သာ တွေ့ရနိုင်သည်။

ဧကရာဇ်ကျင်းလုံတယောက် မှတ်တမ်းရှည်အား ဖတ်ရှုရင်း မျက်မှောက်ကြုတ်နေခဲ့သည်။ အချိန်အတော်ကြာ ရှာဖွေနေခဲ့သော်လည်း သူလိုချင်သည့် မှတ်တမ်းများအား တစုံတယောက်မှ ဖျက်စီးထားသည့်နှယ် ပျောက်ကွယ်နေသည်။

“ဟူး… အလယ်ပိုင်းကုန်းမြေက တကယ်ကိုမရိုးရှင်းဘူး”

တီးတိုးရေရွတ်ရင်း နောက်ထပ် မှတ်တမ်းတခုအား ဖတ်ရှုရင်း လက်လှမ်းလိုက်စဥ် ထူးခြားတဲ့အသိတခုကြောင့် မျက်မှောက်ကြုတ်သွားသည်။

“ညီမလေးစု မင်းဒီလိုလာရတာကို တကယ်ကြီးနှစ်သက်နေတာလား”

ကျင်းလုံရဲ့အသံက တိုးညင်းသော်လည်း တဖက်မှကြား၍ထင် စာကြည့်ခန်း၏ အမှောင်ရိပ်ထဲမှ လှပသွယ်လျတဲ့ ပုံရိပ်လေးတခု ဖြေးညင်းစွာထွက်ပေါ်လာသည်။ ကျင်းလုံ၏အကြည့်က စက္ကန့်အနည်းငယ်မျှ တပ်မက်သည့်အကြည့်ဖြင့် ကြည့်မိသော်လည်း ထိုအရာက စက္ကန့်မျှသာဖြစ်ပြီး ပျောက်ကွယ်သွားသည်။

“ဧကရာဇ်ကြီးက တရားဝင်မဖိတ်ခေါ်တော့လည်း ဒီလိုပဲလာရတော့တာပေါ့”

စကားသံက ထေ့ငေါ့ရိပ်ပါနေသော်လည်း ကျင်းလုံကစိတ်ထဲမထားချေ။

“ငါဖိတ်ခေါ်ရင်ကော မင်းလာမှာမို့လား”

“တော်လိုက်တော့ ကိစ္စတခုကြောင့်လာတာ”

အတိကျပင် ထိုပုံရိပ်ပိုင်ရှင်က တေးသံသာဂိုဏ်း၏ ဂိုဏ်းချုပ်စုလဲ့ ဖြစ်နေသည်။

“ဘာကိစ္စလဲ ပြောပါဦး မင်းငါ့ဆီလာမလည်တာ အတော်ကြာပြီနော်”

ကျင်းလုံက သူမအားထိုင်စေကာ လက်ဖက်ရည်တခွက်သူကိုယ်တိုင် ငှဲ့ပြီးနောက် ကမ်းပေးလိုက်သည်။ မည်သူက ဧကရာဇ်ထံမှ ဤကဲ့သို့ဆက်ဆံရန် ထိုက်တန်သနည်း။

“ကျမတပည့်အချို့ စုန့်ပြည်နယ်ထဲမှာ အသတ်ခံလိုက်ရတယ်”

ကျင်းလုံ ငြိမ်သက်သွားသည်။ သူကစုလဲ့အကြောင်းကို အသိဆုံးဖြစ်ပြီး စုလဲ့က ဂိုဏ်းမှတပည့်များ ဂိုဏ်းသားများနှင့်ပက်သက်လာလျင် မည်သည့်အရာကိုမှ သည်းခံသူမဟုတ်ခဲ့ပေ။ စုလဲ့က ဆက်ပြောသည်။

“သားရဲကပ်ဘေးနောက်ကွယ်က သွေးဝိဉာဥ်ဂိုဏ်း လှုပ်ရှားနေတာကို ရှင်သိတယ်မလား”

ကျင်းလုံက ခေါင်းညိတ်ပြသည်။

“မကြာခင်မှာ ဂိုဏ်းပေါင်းစုံပြိုင်ပွဲရှိတယ် ပြိုင်ပွဲက ထိပ်တန်းပါရမီရှင်တွေကိုစုစည်းပြီး သွေးဝိဉာဥ်ဂိုဏ်း အစရှာလို့ရသမျှ အရာအားလုံးဖျက်စီးပစ်မယ်”

သူမလေသံက တိကျပြတ်သားပြီး မည်သည့်အကြောင်းနဲ့မှ နောက်မဆုတ်သည်မှာ သိသာနေသည်။

“နောက်ကော…”

“ကျမဂိုဏ်းတပည့်တွေကို သတ်သွားတဲ့အင်အားစုက ဓားတထောင်ဂိုဏ်း”

ကျင်းလုံတယောက် သက်ပြင်းချလိုက်သည်။ သူမဖြစ်စေလိုသည့် ကိစ္စများ ဇာတ်လမ်းစလာလေပြီ။ ကျင်းလုံနန်းတက်စဥ်က စည်းမျဥ်းများစွာချမှတ်ခဲ့ပြီး ထိုအထဲ၌ ဂိုဏ်းများအချင်းချင်း ပျက်သုန်းသည်အထိ မတိုက်ခိုက်ရန် ပါဝင်ကာ ထိုအချက်က နည်းပါးသည့် ကျင့်ကြံရေးအင်အားစုများကို အရင်းအမြစ်များ အာဏများကြောင့် စိတ်ဝမ်းမကွဲစေလို၍ ဖြစ်သည်။

“ဘာလဲ တားဦးမလို့လား”

စုလဲ့ရဲ့အမေးကို ကျင်းလုံကပြန်မဖြေသေး။ မှတ်တမ်းရှည်ကိုသာ မိနစ်အနည်းငယ်ဖတ်နေသည်။ ပြီးမှ

“မင်းလုပ်ရက်နှစ်ခုလုံးက ဘယ်လောက်သေချာလဲ ပြီးတော့ ဘယ်အရာကများ မင်းကိုခုလိုဖြစ်စေတာလဲ”

စုလဲ့က နှုတ်ခမ်းထောင့်များ တွန့်ကွေးကာ ပြုံးလိုက်သည်။ ပြီးနောက် လက်တဖက်အသာဝေ့ယမ်းလိုက်ပြီး လေထဲမှပင် ဆေးရည်ပုလင်းသေးတခုအား ကျင်းလုံထံပစ်ပေးလိုက်တော့သည်။

ကျင်းလုံက ဆေးရည်ပုလင်းအား အသာတကြည်ဖမ်းယူကာ စစ်ဆေးကြည့်သည်။ ချက်ချင်းပဲ မျက်လုံးအစုံက ဖျတ်ခနဲအရောင်လက်သွားကာ စိတ်လှုပ်ရှားနေသည့်အကြည့်ဖြင့် စုလဲ့ကိုကြည့်လာသည်။ ကျင်းလုံရဲ့မေးခွန်းကို ကြိုသိနေသည့် စုလဲ့က ပြုံး၍ပြောလိုက်သည်။

“ဒါ လျှို့ဝှက်ဆရာကြီးတဥိီးဆီက ကျမရထားတာပဲ တကယ်ထိရောက်တယ် အခွင့်သင့်ရင် ကျမကိုယ်တိုင်နောက်ထပ် အနည်းငယ် တောင်းယူဖို့စဥ်းစားထားတယ်”

“မင်း ဘာလိုချင်လဲ ညီမလေးစု”

ကျင်းလုံရဲ့လေသံက နူးညံ့သွားသည်။ အခန်းတွင်းလေထုက မိနစ်ဝက်မျှ တိတ်ဆိတ်သွားပြီးနောက် နောက်ထပ်ဆေးရည်ပုလင်းအသေး ၃ပုလင်း ထပ်ပေးလိုက်သည်။

“ရှင် မျက်နှာလွှဲထားဖို့ပဲ လိုတယ်”

ကျင်းလုံက ဆေးရည်ပုလင်းများအား အလျင်မြန်သိမ်းယူလိုက်သည်။ ပြီးနောက် တုန့်ဆိုင်းနေသည့် လေသံဖြင့်

“သဘောတူတယ် ဒါပေမယ့် တောင်းဆိုချက်တခုရှိတယ် လျှို့ဝှက်ဆရာကြီးကို ငါလည်းတွေ့ချင်တယ်”

ထိုစကားအား မျှော်လင့်ထားပြီးသားဖြစ်သည့်စုလဲ့က ခေါင်းညိတ်ပြလိုက်သည်။

“အချိန်ကျရင် ကျမပြောမယ်”

……………………………………………….

All Chapters