← Chapters

ခြံဝန်းများပြုပြင်ကြခြင်း

Vol. 5 Ch. 44

ခြံဝန်းများပြုပြင်ကြခြင်း

Vol. 5 Ch. 44

“သခင်လေးယန်ကိုနှုတ်ဆက်ပါတယ်”

လူအုပ်ကြီးက ယန်ချန့်အား နှုတ်ဆက်လာသည်။ ယန်ချန်လည်း ခေါင်းညိတ်ပြကာ ပြန်နှုတ်ဆက်လိုက်ပြီး ကျန်းဝမ်လီအား ခြံဝန်းထဲခေါ်ဆောင်သွားတော့သည်။

“မင်းတို့နေမယ့် ခြံဝန်းအလွတ်တွေရှာပြီး ပြင်ဆင်လိုက်ကြ အကြီးကဲတွေက ဦးစီးပေးလိုက်ပါ”

“ဟုတ်ကဲ့ပါ ဘိုးဘေး”

ကျန်းဝမ်လီက အိမ်တော်သားများအား အနည်းငယ်ညွှန်ကြားပြီးနောက် ယန်ချန့်နောက်မှ လိုက်ပါသွားတော့သည်။

“သွားကြမယ် ခြံဝန်းတခု လူ၅ဦးနှုန်းနဲ့ ခွဲကြတာပေါ့”

“ကောင်းတယ် ငါက သခင်လေးယန်ခြံဝန်းနဲ့ အနီးဆုံးနော်”

“အဲ့လိုရကြေးလား ငါနေမှာကွ”

“တော်ကြတော့ ဘယ်သူက ဘယ်ခြံဝန်းလဲ မဲနှိုက်ဆုံးဖြတ်မယ်”

လူအုပ်ကြီးက တက်ကြွစွာဆွေးနွေးရင်း ထွက်ခွာသွားတော့သည်။

“အဖိုးလီ လူအများကြီးခေါ်လာတာပဲ အိမ်တော်ခေါင်းဆောင်တို့ ဇနီးမောင်နှံကကော”

ယန်ချန်က မေးသည်။ ကျန်းဝမ်လီက စားပွဲပေါ်မှ လက်ဖက်ရည်အား အနည်းငယ် ငှဲ့သောက်ပြီးနောက် တုန့်ပြန်သည်။

“အိမ်တော်ကိစ္စတွေက လုံးဝပြီးပြတ်သေးတာမဟုတ်သေးတော့ လူအကုန်ပြောင်းလာလို့မရဘူးလေ နောက်ပြီး သားရဲကပ်ဘေးအတွက် စီရင်စုကို စီစဥ်တွေ စီစဥ်ဖို့ကလည်း လိုသေးတယ် အင်း ဒီတကြိမ်သားရဲကပ်ဘေးမှာ အသေပျောက်နည်းပါစေ မျှော်လင့်ရမှာပဲ”

ယန်ချန်က ကျန်းဝမ်လီစကားအား ခေါင်းညိတ်၍ ထောက်ခံလိုက်သည်။

“အမှန်ပဲ သားရဲကပ်ဘေးကို ကျင့်ကြံရေးအင်အားစုတွေ ဖြေရှင်းပေးမယ်ဆိုပေမယ့် သေမျိုးတွေဘယ်လောက်များများ သေကြေကြရဦးမလဲ မပြောနိုင်ဘူး”

အမှန်တကယ်လည်း နည်းပါးသည့် ကျင့်ကြံသူအရည်အတွက်ကြောင့် သေမျိုးနေရပ်တိုင်းအား အကာကွယ်ပေးနိုင်ရန် မလွယ်ကူချေ။ သေမျိုးများက မျိုးဆက်ပွားရန် လွယ်ကူပြီး လူဦးရေသည်လည်း တနှစ်ထက်တနှစ်တိုးလာနေလေသည်။

“ခြံဝန်းတွေကို သေချာပြင်ဆင်ပြီးရင် အိမ်တော်ကလူတွေအတွက် သခင်လေးယန်တွေးထားတာများရှိလား”

ကျန်းဝမ်လီက မေးလိုက်သည်။ ယန်ချန်က

“အနည်းကျဥ်းတော့ရှိတယ် အဲ့ဒါက ရွာနယ်နိမိတ် သက်မှတ်ဖို့နဲ့ စည်းရိုးကာဖို့ပေါ့ သိတဲ့အတိုင်း ဒီရွာက တောအုပ်နဲ့နီးတယ် တခုခုဆို အရင်ဆုံးထိခိုက်ခံရနိုင်တယ်”

ယန်ချန့်စကားအား အနည်းငယ်စဥ်းစားဟန်ဖြင့် ကျန်းဝမ်လီတယောက် အတန်ကြာငြိမ်သက်နေသည်။ ပြီးနောက်

“ရွာစည်းရိုးအတွက်တော့ သခင်လေးယန်စိတ်မပူပါနဲ့ အိမ်တော်က စီစဥ်လိုက်ပါ့မယ် နယ်နိမိတ်သက်မှတ်ဖို့အတွက်တော့ အချိန်ယူရမယ်ထင်တယ်”

“အမှန်ပဲ မူလရွာအကျယ်ဝန်းက တော်တော်သေးတယ် ကျတော်တို့ အနီးနားက လူလွတ်နေတဲ့ရွာအချို့ကို ထပ်ပေါင်းပြီး အိမ်ခြေ ၁၀၀၀ လောက်စုစည်းရင် ပိုကောင်းလိမ့်မယ်”

“အိမ်ခြေ ၁၀၀၀ လား ဒါက အတော်နည်းနေတာပဲ”

“နည်းတာလား အင်း အရမ်းနည်းတယ်လို့လည်း မထင်ရပါဘူး များလွန်းရင်လည်း စီရင်စုကြီးလိုဖြစ်သွားမှာဆိုတော့ အရေတွက်က ပုံမှန်ပါပဲ”

ယန်ချန်က စီရင်စုများ ခရိုင်များကဲ့သို့ ရှုပ်ထွေးလွန်းသည့် နေရာများကိုလည်း သဘောမကျပေ။ ရွာဆိုသည့်အတိုင်း ရွာတခု၏ အရေတွက်ကိုတော့ ရှိရန်လိုသည်။ ထိုထက်ပိုလာပါက ရွာမဟုတ်တော့ချေ။

“နားလည်ပါပြီ ဒီရက်ထဲ သခင်လေးယန်ကို ကူညီဖို့ မှာထားလိုက်ပါ့မယ်”

စကားဝိုင်းက အချိန်တော်ကြာပြီးနောက် ညစာအား ကျန်းဝမ်လီတယောက် ယန်ချန်တို့နဲ့အတူ စားသောက်ကာ မကြာခင်မှာပဲ အိမ်တော်မှပြင်ဆင်ထားသည့် သူ့အတွက်ခြံဝန်းတခုဆီအား ပြန်သွားတော့သည်။

“ရွာနယ်နိမိတ်ကို သက်မှတ်တာက အစိုးရအာဏာပိုင် ဒါမှမဟုတ် ကျင့်ကြံရေးဂိုဏ်းတခုခုရဲ့ ထောက်ခံချက်လိုလောက်လား အစ်မရှု”

ရှုယင်က ခေါင်းယမ်းပြသည်။

“စီရင်စုနယ်နိမိတိမဟုတ်သရွေ့ ထောက်ခံချက်မလိုအပ်ဘူး ပြီးတော့ နဂိုတည်းကလည်း ဒီရွာကို ရွာသားတွေပိုင်ခဲ့ကြတာ မဟုတ်ဘူးလေ”

ယန်ချန်က ခေါင်းညိတ်ပြလိုက်ပြီးနောက် တကိုယ်တည်း ဆက်တွေးနေခဲ့သည်။ ကျင့်ကြံရေးလောက၌ ပဒေသရာဇ်ခေတ်ဆိုတာ မရှိသလော။ ရှိချင်လည်း ရှိလောက်ပြီး ယန်ချန်နေသည့်နေရာက အစွန်ဖျားကျနေ၍လည်း ဖြစ်နိုင်သည်ဟု တွေးမိသည်။ မည်သည့်အင်အားစုက ဝေးလံခေါင်သီတဲ့ ဒေသအား အရေးစိုက်မည်နည်း။

“ဖူယွဲ့ ခေါ်သွားမယ့်တပည့်တွေ ရွေးပြီးပြီလား”

စုလဲ့က သူ့ရှေ့၌ ရှိနေသည့် လီဖူယွဲ့အားကြည့်၍ မေးလိုက်သည်။ အကြောင်းရာမှာ ပင်မတပည့်အချို့ ယန်ချန်နေထိုင်သည့်ရွာအား ခေါ်သွားရန်ဖြစ်ပြီး ထိုအရာနဲ့ပက်သက်၍ အခွင့်ရေးကြီးတခုမှန်း သိထားသည့် အခြားအကြီးကဲများကမူ တောက်ပသည့် မျှော်လင့်ချက်အပြည့် မျက်လုံးများဖြင့် လီဖူယွဲ့ထံ ဝိုင်းကြည့်နေကြလေသည်။

“ကုလင် ကျစ်ယွဲ့ ကျန်းရင်ရင်နဲ့ တောင်ထွဋ်တခုဆီက ပြိုင်ပွဲဝင်မယ့် တပည့်အချို့ကို စဥ်းစားထားပါတယ် အကြီးကဲတွေထဲက ဆိုရင်တော့”

လီဖူယွဲ့စကားပင်မဆုံးသေးချေ။ အကြီးကဲတဦးမှ အားတက်သရော ဝင်ရောက်ပြောဆိုလာသည်။

“ဖူယွဲ့ နင်တယောက်တည်း ဒီတပည့်တွေကိုထိန်းရမှာ ပင်ပန်းမှာပေါ့ ငါသေချာပေါက် ကူညီမယ်”

အခြားအကြီးကဲများကလည်း

“ဖူယွဲ့ ဒီလူအိုကြီးကို အခွင့်ရေးလေးပေးပါ”

“အကြီးကဲဖူ.. လွန်ခဲ့တဲ့နှစ်တွေတုန်းက ကူညီခဲ့ဖူးတယ်နော် ဟဲဟဲ”

အကုန်လူံးက တယောက်တပေါက် ဝိုင်းပြောနေသည်ကိုမြင်လျင် လီဖူယွဲ့တယောက် စိတ်ရှုပ်သွားရပြီး စုလဲ့လည်း မျက်မှောက်ကြုတ်သွားတော့သည်။

“တော်ကြတော့ ဖူယွဲ့ နင်ကတော့ သခင်လေးယန်နဲ့ရင်းနီးတော့ သွားရမယ် ကျန်တဲ့သူတွေထဲက လင်းယု ချင်ဖုန်း နင်တို့နှစ်ယောက် လိုက်သွားလို့ရတယ်”

စုလဲ့ဆီမှ ခွင့်ပြုချက်ရလိုက်သည်နှင့် ချင်ဖုန်းတယောက် ဝမ်းသာသွားကာ သိသာစွာပင် အိုမင်းနေသည့်မျက်နှာက ပြုံးဖြီးသွားသည်။ ချူလင်းယုတယောက်ကမူ ပြီးခဲ့သည့် သူမတောင်ထွဋ်မှ တပည့်တွေရဲ့ အဖြစ်ပျက်ကြောင့် မျက်နှာမကောင်းပေ။

“လင်းယု ငါပြောထားတာကိုမမေ့နဲ့ ဒီတခေါက်သခင်လေးယန်ဆီသွားတဲ့အချိန် ရသမျှအခွင့်ရေးကို အကျိုးရှိရှိအသုံးချပါ”

စုလဲ့က လင်းယုအားကြည့်၍ အသေချာမှာသည်။ သူမတပည့်မက ဒီရက်ပိုင်း အတော်လေးစိတ်ဓာတ်ကျနေပုံရပြီး ထိုအတွက်သူမလည်း အပြစ်ရှိသည်ဟု ခံစားနေရသည်မဟုတ်လား။

“အချိန်ခဏစောင့်လိုက်ပါ နင်စိတ်တိုင်းကျ လက်စားချေခွင့်ရမယ် မပူနဲ့”

ချူလင်းယုက ခေါင်းညိတ်ပြလိုက်ပြီးနောက် စုလဲ့အား အရိုသေပေးကာ ထွက်သွားတော့သည်။ မကြာမီ လီဖူယွဲ့ ချူလင်းယု ချင်ဖုန်းတို့ဦးဆောင်သည့် ပင်မတပည့်နဲ့ လက်ရွေးစင်တပည့်တို့ ခရီးထွက်ရန် ပြင်ဆင်ကြတော့သည်။

ထိုအချိန်၌ ထာဝရကျေးရွာမှာတော့ ယန်ချန်ဥိးဆောင်သည့်အဖွဲ့က ခြံဝန်းလွတ်များအား ပြင်ဆင်ကာ ကျန်းဝမ်လီဥိးဆောင်သည့် အဖွဲ့က ရွာစည်းရိုးများ စတင်ဆောက်လုပ်ကြတော့သည်။

“ခြံဝန်းတွေကို သေချာရှင်းပြီး စိုက်ပျိုးရေးအတွက် မြေနေရာ ရေတွင်းတခုနဲ့ မွေးမြူရေးလုပ်ဖို့ ဝင်းတခုလုပ်ရမယ်”

ယန်ချန်က ရွာဓလေ့အိမ်များအတိုင်း ပုံစံတခု ဆွဲပေးခဲ့ပြီး ထိုပုံစံက သိသာစွာပင် ကျေးလက်ရွာများရှိ အိမ်ပုံစံများဖြစ်သည်။ မည်သည့်ခြံဝန်းရှိအိမ်မဆို တထပ်အိမ်လေးသာဖြစ်နေပြီး အနည်းဆုံးအိပ်ခန်းနှစ်ခန်း မီးဖိုတခန်း ဧည့်ခန်းမတခုတို့ပါဝင်ပေသည်။

“ခြံဝန်းတိုင်းမှာ အဝင်ထွက်တံခါးလိုတယ် ပြီးတော့ ခြံဝန်းတခုဆီရဲ့အရှေ့မှာရှိတဲ့ လမ်းဧရိယာကိုလည်း ချဲ့ထွင်ပြုပြင်ရမယ်”

ကျင့်ကြံသူများ မဟုတ်သော်လည်း သန်မာသည့် လူငယ်များ၏ခွန်အားကြောင့် ခြံဝန်းအနည်းငယ်အား တရက်အတွင်းရှင်းလင်းပြီးသွားကာ ကျန်သည့် ဆောက်လုပ်ရေးအပိုင်းကိုတော့ နောက်ရက်များ၌ ဆက်လက်လုပ်ဆောင်မည်ဖြစ်သည်။ ယန်ချန်က ပုံကြမ်းစာရွက်များအားလုံး အကြီးကဲတဦးထံကမ်းပေးလိုက်ပြီး စည်းရိုးအခြေနေအား စစ်ဆေးရန် ထွက်သွားတော့သည်။

………………………………………………

All Chapters