← Chapters

လီဖူယွဲ့တို့ရောက်ရှိလာခြင်း

Vol. 5 Ch. 45

လီဖူယွဲ့တို့ရောက်ရှိလာခြင်း

Vol. 5 Ch. 45

နောက်ရက်များ၌ အဖွဲ့နှစ်ဖွဲ့ခွဲကာ ရွာဆောက်လုပ်ရေးလုပ်ငန်းများအား စတင်တော့သည်။ ယန်ချန်က ရွာတခုလုံး၏ ဧရိယာအား အသေးစိတ်မြေပုံဆွဲကာ စီမံနေခဲ့ပြီး သူ့အတွေး၌ ရွာတွင်နောက်ထပ်နေထိုင်သူများ ထပ်မံရောက်ရှိလာလိမ့်မည်ဖြစ်ပြီး ခြံဝန်းများက ရွေးချယ်စရာဖြစ်ပေလိမ့်မည်။

ရွာဖြစ်စေ မြို့ဖြစ်စေ လမ်းများက အဓိကကျပြီး ရွာအများစု၏လမ်းများက မြေသားလမ်းမများဖြစ်ကာ ထိုလမ်းများက မိုးရာသီ၌ဆိုလျှင် ပျက်စီးလွယ်ပေသည်။ ထို့ကြောင့် ယန်ချန်က မြေသားလမ်းမပေါ်၌ ကျောက်သားတလွှာ ထပ်ခင်းရန်ဆုံးဖြတ်လိုက်သည်။

ယန်ချန်တယောက် မြေပုံကြမ်းအားကြည့်ရန် တွေးနေခဲ့သည်။ အနီးရှိ လူလွတ်ရွာအချို့စုပေါင်း၍ ခြံဝန်းတထောင်သက်မှတ်ထားသော်လည်း ထိုခြံဝန်းများ အပြည့်ဖြစ်ဖို့က မည်မျှကြာမည်နည်း။ သေချာသည်က ရိုးရှင်းသည့် သူ့နေထိုင်မှုအား အနှောင့်ယှက်ဖြစ်စေမည့်သူများကိုတော့ လက်ခံမည်မဟုတ်ပေ။

“သခင်လေး ဒီမှာစတော်ဘယ်ရီဖျော်ရည်လေး သောက်လိုက်ပါဦး”

ယန်ချန်တယောက်အတွေးထဲမြောနေစဥ် ရှုယင်က စတော်ဘယ်ရီသီးဖျော်ရည်ပါသည့် ခွက်တခုအားကမ်းပေးလာသည်။

“သခင်လေးသင်ပေးတဲ့နည်းလမ်းအတိုင်း ကျမစမ်းဖျော်ကြည့်ထားတာပါ အရသာကောင်းမကောင်းမြည်းကြည့်ပါဦး”

ယန်ချန်က ဖျော်ရည်အား တငုံသောက်ကြည့်သည်။ အရသာက သူ့လက်ရာကိုမမီသော်လည်း အတော်လေးကောင်းသည့်အထဲတော့ ပါသည်ဖြစ်၍ လက်ခံနားလောက်ပေသည်။

“တကယ်ကောင်းတယ်အစ်မရှု”

ယန်ချန့်ဆီမှ ချီးကျူးစကားကိုကြားမှ ရှုယင်လည်း စိတ်သက်သာရာရသွားဟန်ဖြင့် ပြုံးလိုက်တော့သည်။

“ဒါဆိုကျမ တခြားလူတွေကို လိုက်ဝေဦးမယ် သခင်လေးအဆင်ပြေမယ်ဆိုရင် ယင်ယင့်ကို ကြည့်ထားပေးပါဦး”

ရှုယင်က သူမတို့နှင့်ခပ်လှမ်းလှမ်းရှိ အပင်အောက်၌ တယောက်တည်းဆော့ကစားနေသည့် သမီးဖြစ်သူအား ယန်ချန့်ထံအပ်ကာ ဆောက်လုပ်ရေးအဖွဲ့များထံ ထွက်သွားတော့သည်။ ယန်ချန်ရဲ့အကြည့်က ယင်ယင့်ဆီရောက်သွားသည်။ သူမလေးက ယန်ပိုင်ရှိလျင် ယန်ပိုင်နဲ့အတူ ဆော့ကစားပြီး ယန်ပိုင်မရှိချိန်၌ မြေခွေးမလေးများအား အနိုင်ကျင့်ပေသည်။

ယခု ဆောက်လုပ်ရေး၌ ကူညီရန် ယန်ပိုင်နဲ့မြေခွေးမလေးတို့ မရှိချိန်မှာတော့ သူမ၌ အဖော်မရှိတော့ပေ။ တယောက်တည်း ဆော့နေရလေသည်။ ယန်ချန်အနည်းငယ်ပြုံး၍ ယင်ယင်ဆီလျှောက်သွားလိုက်သည်။

“ယင်ယင် တယောက်တည်းဘာတွေလုပ်နေတာလဲ”

ယန်ချန့်အသံကိုကြား၍ထင် ယင်ယင်က ခေါင်းမော့ကြည့်လာပြီး ဝိုင်းစက်သည့်မျက်လုံးများက လက်ခနဲဖြစ်သွားကာ ပါးဖောင်းဖောင်းလေးများ မို့တက်သွားသည်အထိ ပြုံးလိုက်သည်။ ပြီးနောက်

“မြေပိုးကောင်လေးတွေ ဖမ်းနေတာလေဦးဦး ဒီကောင်လေးတွေက အရသာရှိတယ်တဲ့”

“အမ်.. ယင်ယင့်ကိုဘယ်သူပြောလဲ”

ယန်ချန့်အမေးကို ယင်ယင်က အတန်ငယ်စဥ်းစားဟန်ပြု၍

“သမီးကို အင်း..ယန်ပိုင်ပြောတာလား မေမေပြောတာလား…ဟင့်အင်း မမှတ်မိတော့ဘူး”

“ကောင်းရော..”

ယန်ချန်တယောက် ရယ်မိသွားကာ ချစ်စဖွယ်ကောင်းသည့် ယင်ယင်၏ ဦးခေါင်းလေးအား ညင်သာစွာပွတ်သပ်လိုက်မိသည်။ မည်သည့်လောက၌မဆို ကလေးများက အမှန်တကယ်အပြစ်ကင်းသည်မှာ အမှန်ပင်ဖြစ်သည်။

မကြာမီ ယန်ချန်လည်း ယင်ယင့်ဘက်တော်သား ဖြစ်သွားကာ ယင်ယင့်အခေါ် မြေပိုးကောင်လို့ခေါ်သည့် အကောင်ငယ်လေးများအား ကူဖမ်းပေးရတော့သည်။ အမှန်တော့ ထိုအကောင်များက စား၍မရချေ။

နေလုံးက ဝင်လုနီးပါးဖြစ်သွားချေပြီ။ ဆောက်လုပ်ရေးအဖွဲ့မှ လူများ ၎င်းတို့နေထိုင်ရာ ခြံဝန်းအသီးသီးအား ပြန်သွားချိန် ယန်ချန်တယောက် စာဖတ်ခန်းထဲဝင်ကာ ပုံကြိမ်းအချို့ထပ်ဆွဲနေသည်။ ပုံကြမ်းက လမ်းများ ချိတ်ဆက်ရန်ဖြစ်ပြီး ပင်မရွာလမ်းမကြီးတခုအပြင် လမ်းသွယ်များ ပြီးနောက် လမ်းမတခုစီ၏ဘေး၌ ရေမြောင်းများ ထည့်သွင်းရန်စီစဥ်ထားသည်။

(မနက်ဖန် ယန်ပိုင့်ကိုခေါ်ပြီး တောထဲသွားရမယ် လမ်းခင်းကျောက်အချို့ ရနိုင်ရင်အကောင်းဆုံးပဲ ပြီးတော့ ဒီနောက်ပိုင်း ငါစနစ်သင်ပေးထားတဲ့အထဲက လက်နက်ပြုလုပ်တာကို မလေ့ကျင့်တာကြာပြီ အဲ့အတွက် အလေ့ကျင့်ပြန်ရဖို့ လိုတယ်”

ယန်ချန်တယောက် လက်နက်အချို့ပြုလုပ်ရန် တွေးနေမိပြီး လမ်းခင်းကျောက်အတွက်ကိုမူ တောတွင်းရှိ ကျောက်တောင်များမှ သယ်ယူရန် ဆုံးဖြတ်လိုက်သည်။

ထိုအချိန် ရွာထိပ်မှတော့ လီဖူယွဲ့လိုက်ပါလာသည့် ပျံသန်းရေးယာဥ်က ကောင်းကင်ထက်မှ ဆင်းသက်လာသည်။ လီဖူယွဲ့က

“သခင်လေးယန်ရဲ့ ရွာထဲရောက်ရင် ဘယ်လိုပြုမူရမယ်ဆိုတာ မင်းတို့ကိုမှာထားပြီးသားနော် တခုခုဖြစ်လာခဲ့ရင် ငါ့ကိုအပြစ်မဆိုနဲ့”

လီဖူယွဲ့က အလေးအနက်ဟန်ဖြင့် မှာနေသည်။ သူမစိုးရိမ်သည်က ဂိုဏ်းမှ ပါရမီရှင်လူငယ်များ မောက်မာဝံ့ကြွားကာ သခင်လေးယန်အား စိတ်အနှောင့်ယှက် ဖြစ်စေမည်ကို စိုးရိမ်နေပြီး ထိုသို့ဖြစ်ပါက သူမပင်ကာကွယ်နိုင်လိမ့်မည်မဟုတ်ဟု ယူဆလေသည်။

“စိတ်ချပါအကြီးလီ”

“အကြီးကဲလီစကားနားထောင်ပါ့မယ်”

ကျန်းရင်ရင်မှလွဲ၍ အကုန်လုံးကစိတ်လှုပ်ရှားနေကြပြီး ကျန်းရင်ရင်အား ကုသပေးခြင်း ချီစုဆောင်းခြင်းအဆင့်မှ ရွှေအမြူတေထိ တိုးတက်သွားစေခြင်း ပြီးနောက် သားရဲဧကရာဇ်အဆင့်ဝက်ဝံအား မွေးမြူထားခြင်းအပြင် အကြီးကဲများ၏ တီးတိုးသတိပေးမှုအရ ယန်ချန်၏ဆေးရည်က ကျင့်ကြံရေးအား အလွန်ထိရောက်မှု ရှိနေခြင်းစသည်တို့ကြောင့် ၎င်းတို့၏စိတ်၌ ယန်ချန်၏ပုံရိပ်က လီဖူယွဲ့ထင်မှတ်ထားသည်ထက် ပိုကြီးမားလေသည်။

မကြာမီ ရွာထိပ်ဆိုင်းဘုဒ်ရှိရာရောက်သွားသည်။ လီဖူယွဲ့ ချင်ဖုန်း ချူလင်းယုတို့သာမက တပည့်များ၏အကြည့်က ရွာအမည်ဆိုင်းဘုဒ်ကြီးအား ကြည့်ကာ တုန်လှုပ်သွားလေသည်။

(သခင်လေးယန် ဘယ်တုန်းကရွာအမည်ပေးလိုက်တာလဲ)

ကျန်းရင်ရင်၏ အတွေးဖြစ်ပြီး နောက်ဆက်တွဲအနေဖြင့် ဆိုင်းဘုဒ်၏ စာလုံးရေးထွင်းထားမှု၌ ကြောက်မက်ဖွယ်ရာနိယာမများကို အာရုံခံမိကြပေသည်။

“ငါ့ချီစွမ်းအင်တွေ ကြွတက်လာသလိုပဲ”

“ငါ..ငါလည်း တိမ်ခြေလှမ်းကို ကျွမ်းကျင်အဆင့်ရောက်သွားပြီ”

“ငါ့ရဲ့ကျင့်ကြံဆင့်က အို…ကောင်းကင်ဘုံ”

အချို့က နိယာမများအားကြည့်ရင်း သိုင်းကျင့်စဥ်များ အဆင့်တက်သွားကာ အချို့က အတားဆီးများအားချိုးဖြတ်ပြီး ကျင့်ကြံဆင့်များ ခုန်တက်သွားသည်။

(ဒါက သခင်လေးယန်ရဲ့ ကြိုဆိုလက်ဆောင်များလား)

လီဖူယွဲ့၏ ကျင့်ကြံဆင့်ကလည်း အတိဒုက္ခအဆင့် အထွဋ်အထိပ်ထိရောက်သွားကာ ချင်ဖုန်း ချူလင်းယုတို့ကမူ နှောင်းပိုင်းအဆင့်ထိ ရောက်ရှိသွားပြီး နဂိုက အနည်းငယ်သာ ဆုပ်ကိုင်မိထားသည့် မိုးမြေနိယာမ သဘောတရားများအား သိသိသာသာတိုး၍ နားလည်သွားကြလေသည်။

ထိုအရာက သူတို့မထင်မှတ်ထားသည့် အလွန်တရာထိတ်လန့်ဖွယ် ခံစားမှုကြီးဖြစ်ပြီး ယန်ချန့်ဆီမှ အကျိုးခံစားဖူးသည့် ကျန်းရင်ရင်ပင် တုန်လှုပ်နေသည်။

(သခင်လေးယန်က တကယ်ကို ငါနားလည်နိုင်တာထက်ပိုတဲ့ အဆင့်ကိုရောက်နေတာပဲ)

ကုလင် ကျစ်ယွဲ့ ကျန်းရင်ရင်တို့သုံးယောက်စလုံး မကြာမီရက်အနည်းငယ်၌ အခြေတည်ဝိဉာဥ်အဆင့် ရောက်လုနီးပါး ဖြစ်သွားသည်ကို ခံစားမိလိုက်ကြသည်။ ထိုအရာက သခင်လေးယန်၏ ကောင်းချီပေးမှုဖြစ်သည်။ နာရီအနည်းငယ်ကြာတော့ လီဖူယွဲ့မှ အရင်ဆုံးသတိဝင်လာကာ ကျန်သူများအား သတိပေးလိုက်သည်။

“အားလုံးပဲ ရွာထဲဝင်ကြမယ် ဒီရွာမှာနေသရွေ့ ဒီလိုအခွင့်ရေးက မင်းတို့အတွက် လက်တကမ်းပဲ ဒါပေမယ့် အခွင့်ရေးကိုယူပြီးရင်တော့ ထိုက်သင့်တဲ့ လုပ်ဆောင်မှုတော့လိုလိမ့်မယ်”

အကုန်လုံးက သဘောတူစွာခေါင်းညိတ်လိုက်ပြီး လီဖူယွဲ့၏ ဦးဆောင်မှုဖြင့် ရွာထဲ ဝင်လာကြတော့သည်။

……………………………………………

All Chapters