← Chapters

အခန်း (၂၃)

Vol. 3 Ch. 23

အခန်း (၂၃)

Vol. 3 Ch. 23

"ဝုန်း…"

ကျုံးထျန်းယွဲ့၏ ကြယ်ထိုးခွင်းသံလက်သီးအလင်းတန်းနှင့် ချန်ချန်တို့ ထိပ်တိုက်တွေ့ဆုံလုနီးပါးအချိန်တွင် သူမတို့ ခြေအောက်ရှိ မြေပြင်မှ နားကွဲမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ကမ္ဘာမြေကြီးတစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။

ကြီးမားသော အက်ကွဲကြောင်းကြီးတစ်ခု ရုတ်တရက် ပေါ်ပေါက်လာပြီး မျက်စိကျိန်းမတတ် တောက်ပသော ခုနှစ်ရောင်ခြယ်အလင်းတန်းတစ်ခု ပျံသန်းထွက်ပေါ်လာကာ ချန်ချန်၏ ရှေ့တည့်တည့်တွင် အနက်ရောက်လက်သီးအလင်းတန်းတိုက်ခိုက်မှု့ ထံမှပိတ်ဆို့ကာကွယ်လိုက်သည်။

"ဒေါင်…"

ကောင်းကင်နှင့် မြေကြီးကြားတွင် ကျယ်လောင်သော သံစဉ်တစ်ခု ပဲ့တင်ထပ်သွားသည်။ ထိုဆန်းကြယ်သော ခုနှစ်ရောင်ခြယ်အလင်းတန်းသည် ကျုံးထျန်းယွဲ့၏ နက်မှောင်နေသော လက်သီးအလင်းတန်းနှင့် ပြင်းထန်စွာ တိုက်မိသွားလေသည်။

ပြင်းထန်သော တိုက်ခိုက်မှုကြောင့် ကျုံးထျန်းယွဲ့၏ လက်သီးအလင်းတန်းသည် ချက်ချင်းပင် အစိတ်စိတ်အမွှာမွှာ ကွဲကြေသွားပြီး လေထုထဲတွင် ပျောက်ကွယ်သွားသည်။

ခုနှစ်ရောင်ခြယ်အလင်းတန်းသည်လည်း တိုက်ခိုက်မှု၏ အရှိန်ကြောင့် နောက်သို့ လွင့်စင်သွားပြီး ချန်ချန်၏ လက်ထဲသို့ ညင်သာစွာ ကျရောက်သွားလေသည်။

ထိုအခါမှသာ ထိုအရာသည် ဘုရားကျောင်းများတွင် တွေ့ရလေ့ရှိသော သာမန် ကြေးခေါင်းလောင်းငယ်လေး တစ်ခုနှင့် မခြားနားကြောင်း တွေ့လိုက်ရသည်။ သို့သော် ၎င်း၏ မျက်နှာပြင်ပေါ်တွင် ရှေးခေတ်လူသားများ နတ်ဘုရားများကို ကိုးကွယ်ပသနေသည့် ပုံရိပ်များကို ထွင်းထုထားသည်

"ဒါက ကောင်းကင်ကောင်းချီးခေါင်းလောင်းပဲ"

ကျုံးထျန်းယွဲ့က ချက်ချင်းပင် မှတ်မိလိုက်သည်။ ငယ်စဉ်ကတည်းက မြင့်မြတ်နယ်မြေတွင် ကြီးပြင်းလာသူပီပီ သူမသည် စာပေများစွာကို ဖတ်ရှုလေ့လာခဲ့ဖူးပြီး လျှို့ဝှက်ချက်များစွာကို သိရှိထားသည်။

ချက်ချင်းပဲ ရှေးဟောင်းတာအိုဧကရာဇ်နှင့် ပတ်သက်သည့် မှတ်တမ်းတစ်ခုကို သူမ ပြန်လည်အမှတ်ရမိလိုက်သည်။

ရှေးဟောင်းတာအိုဧကရာဇ်သည် နတ်ဘုရားတိုက်ကြီးကို ကျူးကျော်လာသော နတ်ဆိုးနတ်ဘုရားတစ်ပါးကို သတ်ဖြတ်ခဲ့ဖူးကြောင်းပင်။

ထိုနတ်ဆိုး၏ ဦးခေါင်းကို ကောင်းကင်ဘုံသို့ ပူဇော်ပြီးနောက် ကောင်းကင်ဘုံမှ ကောင်းကင် ကောင်းချီးခေါင်းလောင်း ကို ချီးမြှင့်ခဲ့ကြောင်း ပြောစမှတ်ပြုကြသည်။

ထိုခေါင်းလောင်းကို တီးခတ်လိုက်ပါက ပြည်သူများကို ကောင်းချီးပေးမည်ဟု ဆိုကြသည်။ အစာရေစာပြတ်နေသည့် ဒေသတွင်​​ခေါင်းလောင်းတီးပါက အစာအရေစာများပေါများလာမည်ဖြစ်ပြီး ရေရှားနေသည့် မိုးခေါင်ဒေသတွင်ခေါင်းလောင်းတီးပါက မိုးရွာလိမ့်ပေမည်။

ပို၍အရေးကြီးသည်မှာ ထိုခေါင်းလောင်းသည် တိုက်ခိုက်မှုများကို လှည့်ပြန်စေနိုင်သော ပုံရိပ်ယောင်တစ်ခုကို ဖန်တီးပေးနိုင်သည့် အစွမ်းထက်သော ကာကွယ်ရေးရတနာတစ်ခု ဖြစ်သည်။

ငယ်စဉ်က ၎င်းကို လုပ်ကြံဖန်တီးထားသော ပုံပြင်တစ်ပုဒ်ဟုသာ ထင်မှတ်ခဲ့သော်လည်း ယခုကဲ့သို့ တကယ်အစစ်အမှန် ရှိနေလိမ့်မည်ဟု သူမ ဘယ်တုန်းကမှ မထင်မှတ်ခဲ့မိပေ။

ချန်ချန်သည် ခေါင်းလောင်းငယ်ကို ကိုင်ဆောင်ထားရင်း ထိုအရာမှ ရှေးကျပြီး ရင်းနှီးသော အငွေ့အသက်တစ်ခု ဖြာထွက်နေသည်ကို ခံစားလိုက်ရသည်။ ၎င်းသည် မည်သည့်တိုက်ခိုက်မှုကိုမဆို ခုခံနိုင်စွမ်းရှိသည့် နက်ရှိုင်းသော လုံခြုံမှုမျိုးကို ပေးစွမ်းနေသည်။

သူမသည် ခေါင်းမော့ကာ မာနကြီးစွာဖြင့် အားရပါးရ ရယ်မောလိုက်လေသည်။

"လာလေ ငါ့ကို ဆက်ဖိနှိပ်စမ်းပါ ငါ့ကို သတ်ဖို့ ကြိုးစားစမ်းပါ"

သူမက အောင်နိုင်သူအလား အော်ဟစ်လိုက်သည်။

"ငါက ကောင်းကင်ဘုံရဲ့ ကံတရားကို ပိုင်ဆိုင်ထားတဲ့ သမီးတော်ပဲ နင်တို့ ငါ့ကို ဖိနှိပ်လေလေ ငါ့အခြေအနေက ပိုအန္တရာယ်များလေလေ ငါ့အတွက် အခွင့်အရေးတွေ ပိုများလာလေလေပဲ"

"ကျုံးထျန်းယွဲ့ ခွေးမ… နင်က ဘယ်တော့မှ ငါ့ရဲ့ပြိုင်ဘက် ဖြစ်လာမှာ မဟုတ်ဘူး ဘာလို့လဲဆိုတော့ ငါ့ရဲ့ ကံတရားက ဘယ်လောက်တောင် အနိုင်ယူဖို့ ခက်ခဲလဲဆိုတာ နင် မသိလို့ပဲ ဒါက ကောင်းကင်ဘုံရဲ့ စွမ်းအားပဲ"

သူမသည် ရူးသွပ်စွာ ရယ်မောလိုက်ပြီး သူမ၏ အသံတွင် မာန်မာနများ ပြည့်နှက်နေသည်။

"အော် ဟုတ်လား…"

ကျုံးထျန်းယွဲ့က အေးစက်စွာ ပြန်ပြောလိုက်သည်။ သူမ၏ မျက်နှာထားသည် သေလူတစ်ယောက်ကဲ့သို့ ဖြူဖျော့နေသော်လည်း တည်ငြိမ်နေပြီး ထိုခေါင်းလောင်းငယ်ကို စိုက်ကြည့်နေသည်။

သူမသည် နောက်ထပ် လက်သီးတစ်ချက် ထိုးရန်အတွက် တံတောင်ဆစ်ကို နောက်သို့ ပြန်ဆွဲလိုက်သည်။ သူမ၏ ခါးနှင့် ခြေလှမ်းများသည် တစ်သားတည်း ဖြစ်သွားသည်။

သူမ၏ တံတောင်ဆစ်က လေးကိုင်းသဏ္ဍာန် ကွေးညွှတ်သွားချိန်တွင် သူမ၏ ရင်ဘတ်အတွင်း၌ ရွှေရောင်အလင်းတန်းတစ်ခု ပိုမိုအားကောင်းလာပြီး သူတော်စင်ရွှေခန္ဓာကိုယ်တစ်ခု ပေါက်ကွဲထွက်ပေါ်လာတော့မည့်အလား ထင်မှတ်ရသည်။

"ဝင်ရိုးစွန်းကြယ်တာရာ…"

သူမက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

ရွှေရောင်အလင်းတန်းသည် ကောင်းကင်ကြယ်တာရာများ၏ စွမ်းအားကို စုပ်ယူလိုက်သည်။ လှပသော ကြယ်ရောင်အမှုန်အမွှားများသည် သူမ၏ လက်သီးထဲသို့ စီးဝင်သွားပြီး လက်သီးဆုပ်၏ နက်မှောင်သော စွမ်းအားနှင့် တသားတည်း ပေါင်းစပ်သွားလေသည်။

"ဝင်ရိုးစွန်းကြယ်တာရာ ကောင်းကင်ခွင်းခြင်း သံလက်သီး ကြယ်ဖြိုခွင်းခြင်း"

"ဝုန်း…"

ကောင်းကင်ယံမှ နားကွဲမတတ် ဟိန်းဟောက်သံကြီး ထွက်ပေါ်လာပြီး ကောင်းကင်ဘုံကိုယ်တိုင် ပြင်းထန်သော ရိုက်ချက်တစ်ခုနှင့် ထိမှန်သွားသကဲ့သို့ ထင်မှတ်ရသည်။

ကြယ်ဖြိုခွင်းခြင်းလက်သီးသည် တောက်ပသော ကြယ်တံခွန်တစ်ခုအလား ပျံသန်းသွားပြီး ကောင်းကင် ကောင်းချီးပေး ခေါင်းလောင်း၏ ရှေ့သို့ ချက်ချင်း ရောက်ရှိသွားသည်။

ခေါင်းလောင်းသည် ချန်ချန်ကို ကာကွယ်ရန် ထူထဲသော ပုံရိပ်ယောင်အကာအကွယ်တစ်ခုကို ထုတ်လွှတ်လိုက်သော်လည်း အသုံးမဝင်ပေ။

လက်သီးသည် ထိုပုံရိပ်ယောင်နှင့် ထိတွေ့လိုက်သည်နှင့် ကြယ်တာရာများ၏ စွမ်းအားများ ပြည့်နှက်နေသော ထိုလက်သီးချက်သည် ခေါင်းလောင်း၏ ကာကွယ်မှုကို လုံးဝ လျစ်လျူရှုကာ ဖောက်ထွင်းသွားပြီး ချန်ချန်၏ ရင်ဘတ်နှင့် အတွင်းကလီစာများကို ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

"ကြယ်ဖြိုခွင်းခြင်းလက်သီး မဖြစ်ဘူး… သခင်မလေး အန္တရာယ်ရှိပြီ"

လျန်ဟယ်သည် ထိတ်လန့်တကြား ကြည့်နေမိသည်။ နိယာမနယ်ပယ် အဆင့် ၂ သာ ရှိသေးသော ဤမိန်းကလေးငယ်သည် သံလက်သီး သူတော်စင်၏ အထွတ်အထိပ် နည်းစနစ်တစ်ခုကို သဘောပေါက် နားလည်ထားလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ခဲ့မိပေ။

ဘေးမှ ရပ်ကြည့်နေသော ကျုံးရှန်ကို လျစ်လျူရှုကာ လျန်ဟယ်သည် ကူညီရန် ရှေ့သို့ ပြေးထွက်ရန် ပြင်လိုက်သည်။ သို့သော် သူ စတင် လှုပ်ရှားလိုက်သည်နှင့် တစ်ပြိုင်နက် ဖြူဖွေးသော လက်တစ်ဖက်က သူ့ပခုံးပေါ်သို့ ခပ်လေးလေး ဖိချလိုက်သည်။

ချက်ချင်းပင် သူ၏ စိတ်ဝိညာဉ်စွမ်းအားအားလုံး ဖိနှိပ်ခံလိုက်ရသည်။ သူသည် စွမ်းအင်အနည်းငယ်ကိုပင် လှည့်ပတ်၍ မရတော့ဘဲ သာမန်သေမျိုးတစ်ယောက်ကဲ့သို့ အားနည်းသွားသည်။ ပျင်းရိသော အသံတစ်သံက သူ့အနောက်မှ ထွက်ပေါ်လာသည်။

"လူငယ်တွေ အချင်းချင်း တိုက်ခိုက်နေကြတာ မင်းလိုအဘိုးကြီးက ဝင်မပါသင့်ဘူး"

လျန်ဟယ်သည် သံလက်သီး ကြယ်ဖြိုခွင်းခြင်းလက်သီးက ချန်ချန်၏ ရင်ဘတ်ကို ဖောက်ထွင်းသွားသည်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေရတော့သည်။

ပြင်းထန်သော ရိုက်ခတ်မှုကြောင့် သူမသည် သွေးများကိုဖူးးးကတည်း အန်ထုတ်ပက်ဖြန်းလိုက်ရကာ ပေပေါင်းများစွာ အကွာသို့ နောက်ပြန်လွင့်စင်သွားသည်။

တိုက်ခိုက်မှုက ထိုမျှနှင့် ရပ်မသွားပေ။ လက်သီး၏ စွမ်းအင်သည် သူမ၏ ခန္ဓာကိုယ်ကို ကိုးကြိမ်တိုင်တိုင် ဆက်တိုက် ဖျက်စီးပြီးမှသာ ပျောက်ကွယ်သွားလေသည်။

"ဘုန်း…"

ချန်ချန်သည် သေဆုံးနေသော ခွေးတစ်ကောင်လို မြေပြင်ပေါ်သို့ လဲကျသွားသည်။ သူမ၏ သွေးကြောများနှင့် အတွင်းကလီစာများသည် လုံးဝ ပျက်စီးသွားလေပြီဖြစ်သည်။

သူမ၏ အထွတ်အထိပ်တာအိုခန္ဓာသာ မရှိခဲ့ပါက သူမသည် နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားလောက်ပြီ ဖြစ်သည်။

ထိုတာအိုခန္ဓာ၏ အစွမ်းထက်သော ပြန်လည်ကောင်းမွန်လာနိုင်စွမ်း ရှိလျှင်ပင် ဤမျှ ပြင်းထန်သော ဒဏ်ရာများမှ ပြန်လည်သက်သာလာရန် နှစ်ပေါင်းများစွာ ကြာမြင့်ပေလိမ့်မည်။

"စီနီယာလျန် ကယ်ပါဦး…"

သူမ၏ ပါးစပ်နှင့် နှာခေါင်းမှ သွေးများ စီးကျလာပြီး သူမကို နတ်ဆိုးမတစ်ကောင်လို ဖြစ်နေစေသည်။ သူမသည် လျန်ဟယ်ကို ကြည့်ရန် ခေါင်းကို မနည်း ကြိုးစား မော့လိုက်သော်လည်း သူမ၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည့် လျန်ဟယ်ကို ကျုံးရှန်က ချုပ်နှောင်ထားသည်ကိုသာ တွေ့လိုက်ရသည်။

လျန်ဟယ်သည် တစ်လက်မမျှပင် မလှုပ်ရှားနိုင်ဘဲ ဝမ်းနည်းပူဆွေးသော မျက်နှာထားဖြင့် သူမကို ပြန်ကြည့်နေရုံသာ တတ်နိုင်လေသည်။

"မဖြစ်ဘူး မဖြစ်ဘူး ငါက ကံတရားရဲ့ သမီးတော်ပဲ ငါက ဧကရာဇ်တစ်ပါး ဖြစ်လာပြီး ဒီနတ်ဘုရားတိုက်ကြီးရဲ့ ခေတ်ကာလ ဇာတ်လိုက် ဖြစ်လာဖို့ သတ်မှတ်ထားပြီးသား"

ချန်ချန်သည် ရူးသွပ်စွာ အော်ဟစ်လိုက်သည်။

"အခွင့်အရေးတွေ ရတနာတွေ ကံတရားတွေ မြန်မြန် လာကြစမ်း လာပြီး ငါ့ကို ကယ်ကြစမ်း"

ကံဆိုးစွာဖြင့် မည်သည့် တုံ့ပြန်မှုမှ မရှိပေ။ ကောင်းကင်တာအိုသည် တိတ်ဆိတ်နေပြီး သူမ၏ ကံတရားများ ပျောက်ကွယ်ကာ အခွင့်အရေးများလည်း ကုန်ဆုံးသွားလေ၏။

ကျုံးထျန်းယွဲ့သာလျှင် တည်ငြိမ်လေးလံသော ခြေလှမ်းများဖြင့် တဖြည်းဖြည်း နီးကပ်လာနေသည်။

"ချန်ချန်… ဒီနေ့ နင်လည်း အရိုး ထုတ်ယူခံရတဲ့ ခံမရပ်နိုင်လောက်တဲ့ နာကျင်မှုကို မြည်းစမ်းရမယ်"

ချန်ချန်သည် မြေပြင်ပေါ်တွင် လဲလျောင်းရင်း ကျုံးထျန်းယွဲ့ နီးကပ်လာသည်ကို မျှော်လင့်ချက်မဲ့စွာ ကြည့်နေမိသည်။

သူမ၏ မျက်လုံးများသည် ကြောက်ရွံ့မှုကြောင့် ပြူးကျယ်နေပြီး သွားများကို အမှုန့်ဖြစ်မတတ် ကြိတ်ထားမိသည်။

သို့သော် သူမ၏ ခန္ဓာကိုယ် အတွင်းပိုင်းနက်ရှိုင်းသော နေရာမှ လက်မှိုင်ချမခံလိုသော စွမ်းအားတစ်ခု စတင် စီးဆင်းလာသည်။

အထွတ်အထိပ်တာအိုခန္ဓာသည် ကြီးမြတ်သော ဧကရာဇ်ခန္ဓာကိုယ်များထဲမှ တစ်ခုဖြစ်ပြီး တာအိုရှာဖွေသူဟု လူသိများသည်။

၎င်းသည် အဖြေများအတွက် ကောင်းကင်ဘုံကို မေးမြန်းနိုင်သည်။ ဤ အသက်အန္တရာယ် စိုးရိမ်ရသော အခိုက်အတန့်တွင် ချန်ချန်သည် ထိုတာအိုခန္ဓာ၏ လျှို့ဝှက်စွမ်းရည်တစ်ခုကို အမှန်တကယ် နိုးထစေလိုက်သည်။

တာအိုရှာဖွေခြင်း ခရီးစဉ် နည်းစနစ်သည် တားမြစ်ထားသော အစီအရင်များကို လျစ်လျူရှုနိုင်ပြီး ခြေတစ်လှမ်း လှမ်းလိုက်ရုံဖြင့် ကောင်းကင်တာအိုကို မေးမြန်းနိုင်သည်။

သူမ၏ လက်ရှိ အားနည်းနေသော အဆင့်ဖြင့်ပင် သူမ၏ စိတ်ဝိညာဉ်စွမ်းအားအားလုံးကို အသုံးပြုလိုက်ပါက ခြေတစ်လှမ်းတည်းဖြင့် မိုင်ပေါင်းတစ်သန်း ခရီးနှင်နိုင်ပေသည်။

"ဟားဟားဟား… နင် ငါ့ကို မသတ်နိုင်ဘူး ငါ ပြောသားပဲ နင် ငါ့ကို မသတ်နိုင်ဘူးလို့"

သူမသည် ရူးသွပ်စွာ ဟိန်းဟောက်လိုက်သည်။

"ဒီနေ့ အရှက်ရမှုတွက် မနက်ဖြန်ကျရင် လက်စားပြန်ချေမယ် ကျုံးမိသားစုဝင် ဘယ်သူ့ကိုမှ အရှင်မထားးဘူး ငါ တာအိုကို မေးမြန်းတော့မယ်"

သူမသည် ထွက်ပြေးရန်အတွက် သူမ၏ ခန္ဓာကိုယ်ထဲရှိ ကျန်ရှိနေသေးသော စိတ်ဝိညာဉ်စွမ်းအားအားလုံးကို အသုံးပြုလိုက်သည်။ သို့သော် ကျုံးထျန်းယွဲ့သည် လုံးဝ တုန်လှုပ်ခြင်း မရှိပေ။

"နင်တစ်ယောက်တည်းပဲ ပါရမီရှိတယ်လို့ ထင်နေတာလား"

ကျုံးထျန်းယွဲ့က အေးစက်စွာ မေးလိုက်သည်။

"ရှေးခေတ်တုန်းက လူသားမျိုးနွယ် မဖွံ့ဖြိုးသေးချိန်မှာ ကမ္ဘာလောကကို အလင်းဆောင်ကြဉ်းပေးဖို့ သူတော်စင်တွေ ပေါ်ထွန်းလာခဲ့တယ် မြင့်မြတ်အလင်းတန်းက အရာအားလုံးကို ဉာဏ်အလင်း ပေးနိုင်ပြီး ကောင်းကင်နဲ့ မြေကြီးကို တည်ငြိမ်စေနိုင်တယ်"

"မြင့်မြတ်အလင်းတန်းရဲ့ ဉာဏ်အလင်း"

"ဝှစ်…"

ကျုံးထျန်းယွဲ့၏ ရင်ဘတ်မှ မြင့်မြတ်သောအလင်းတန်းတစ်ခု တောက်ပစွာ လင်းလက်လာပြီး ရွှေရောင်အလင်းစက်တစ်ခု ဟင်းလင်းပြင်ထဲသို့ ဝင်ရောက် ပျောက်ကွယ်သွားသည်။

ပတ်ဝန်းကျင်ရှိ ဟင်းလင်းပြင်သည် ရုတ်တရက် မယုံကြည်နိုင်လောက်အောင် တည်ငြိမ်ပြီး ခိုင်မာသွားလေသည်။

ချန်ချန်သည် ထွက်ပြေးရန် တာအိုရှာဖွေခြင်း ခရီးစဉ်ကို စတင်လိုက်စဉ်မှာပင် မမြင်ရသော တံတိုင်းကြီးတစ်ခုနှင့် ဝင်တိုက်မိသကဲ့သို့ ခံစားလိုက်ရသည်။

သူမသည် သူမ၏ ဘေးနားရှိ ခဲသွားသော ဟင်းလင်းပြင်နှင့် ခေါင်းချင်းဆိုင် တိုက်မိသွားပြီး ပြေးစရာမြေမရှိ ပိတ်မိသွားလေတော့သည်။

All Chapters