← Chapters

အပိုင်း (၂၇)

Vol. 3 Ch. 27

အပိုင်း (၂၇)

Vol. 3 Ch. 27

​ကျိုးယန် စီရင်စု ၏ တောင်ဘက်အစွန်အဖျား။ နန်ယန် စီရင်စု နယ်နိမိတ်၏ အလွန်တွင် သေမင်းတမန် ကုန်းမြေရိုင်းကြီးတစ်ခု တည်ရှိသည်။

​ထိုနေရာသည် ခြောက်သွေ့အက်ကွဲနေသော မြေပြင်များ။ ခမ်းခြောက်နေသော မြစ်ကြမ်းပြင်များနှင့် မီးလောင်တိုက်သွင်းခံထားရသကဲ့သို့ ပူပြင်းခြောက်သွေ့သော ဒေသဖြစ်သည်။

ဤကုန်းမြေရိုင်းကြီး၏ အလယ်ဗဟိုတွင် သက်ဝင်လှုပ်ရှားနေသော မီးတောင်ရှင်ပေါင်း သောင်းချီကာ ကောင်းကင်ယံသို့ ထိုးတက်နေကြသည်။

​မီးတောင်တစ်ခုစီသည် ပေတစ်သောင်းကျော် မြင့်မားပြီး မဲနက်သော မီးခိုးလုံးကြီးများနှင့် ပူပြင်းလှသော ချော်ရည်ရည်များကို လေထဲသို့ အဆက်မပြတ် မှုတ်ထုတ်နေကြသည်။

​ဤဒေသသည် သာမန်သက်ရှိများ အသက်ရှင်ရပ်တည်နိုင်ခြင်း မရှိသည့် လူသားတို့အတွက် တားမြစ်နယ်မြေတစ်ခု ဖြစ်သည်။ ဤနေရာတွင် ကျေးရွာများ။ မြို့ပြများ မရှိဘဲ မီးတောက်များမှ မွေးဖွားလာသည့် ထူးဆန်းသော သတ္တဝါငယ်လေးများသာ ရှိသည်။

​ထိုမီးတောင်များအားလုံး၏ အလယ်ဗဟိုတွင် ပေပေါင်း တစ်သိန်းခန့် မြင့်မားသည့် ဧရာမ မီးတောင်ကြီးတစ်ခုသည် တခြားမီးတောင်များကို လွှမ်းမိုးထားသည်။

အခြားမီးတောင်များနှင့်မတူဘဲ ဤမီးတောင်ကြီးသည် မီးခိုးမည်းများနှင့် ချော်ရည်များကို မှုတ်ထုတ်ခြင်း မရှိပေ။ ထိုအစား ကြောက်မက်ဖွယ်ကောင်းသော မီးတောက်များကိုသာ ပေါက်ကွဲထွက်စေသည်။

​ထိုမီးတောက်များ၏ အရောင်သည် ထူးဆန်းပြီး သွေးပျက်ဖွယ် ကောင်းလှသည်။ မီတောက်များ၏ အရောင်မှာပုံမှန် မြင်တွေ့နေကျ အနီရောင် မဟုတ်ဘဲ နက်မှောင်သော အနက်ရောင် မီးတောက်များ ဖြစ်ကြသည်။

​မီးစွမ်းအင် အသုံးပြုသော မည်သည့် အစွမ်းထက်ကျင့်ကြံသူမဆို ဤကြောက်မက်ဖွယ် မီးတောက်ကို ချက်ချင်း မှတ်မိကြပေလိမ့်မည်။

၎င်းသည် ပြောင်းပြန်ယင်နတ်ဆိုးမီးတောက် ဖြစ်ပြီး ကျုံးချီမင်၏ ကိုးသွယ်ယန် ကောင်းကင်မီးတောက် ထက် ပိုမိုအန္တရာယ်များသော မီးတောက်တစ်ခုဖြစ်သည်။

​နိယာမနယ်ပယ်၏ အဆင့်တစ်ဆယ့်ရှစ် ရွှေအမြုတေ အဆင့်အောက် မည်သူမဆို ဤမီးတောင်၏ အပြင်ဘက် အနားသတ်သို့ ခြေချမိရုံမျှဖြင့် ပြာကျသွားပေလိမ့်မည်။

နိယာမနယ်ပယ်၏ အဆင့် နှစ်ဆယ်သုံး စိတ်ဝိညာဉ်နတ်ဘုရားအဆင့်များပင်လျှင် အမှားတစ်ချက် လုပ်မိရုံဖြင့် ဒဏ်ရာပြင်းထန်စွာ ရသွားနိုင်သည်။

သို့သော် ဤကြောက်မက်ဖွယ် မီးတောင်ဝ၏ နက်ရှိုင်းသော အတွင်းပိုင်းတွင် အနီရောင် တာအိုဝတ်စုံကို ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦးသည် တည်ငြိမ်စွာ ထိုင်နေလေသည်။

​အနက်ရောင်မီးတောက်များသည် သူ့ခန္ဓာကိုယ်ကို ဖြတ်သန်းသွားသော်လည်း သူသည် နည်းနည်းလေးမှပင် လှုပ်ရှားခြင်း မရှိပေ။ ထိုသည်မှ တစ်ဆင့် ဤအဘိုးအိုသည် အလွန်အမင်းသန်မာကြောင်း မြင်နိုင်သည်။

ခဏအကြာ ရုတ်တရက် သူ၏ မျက်လုံးများ ပွင့်လာသည်။ သူ၏ အကြည့်များသည် ဓားသွားကဲ့သို့ ထက်ရှနေပြီး မီးတောက်အလွှာများကို ဖောက်ထွင်းကာ ကောင်းကင်ယံသို့ တည့်မတ်စွာ ထိုးတက်သွားသည်။

​သူသည် ယင်ယန်ကြေးမုံ ပေါ်ထွက်လာသည့် နေရာအတိအကျကို လှမ်းကြည့်လိုက်ခြင်း ဖြစ်သည်။

​"ကောင်းလိုက်တာကွာ"

အဘိုးအိုက လောဘကြီးစွာဖြင့် အော်ဟစ်လိုက်သည်။

​"ယင်ယန်ကြေးမုံ က ငါ့ကို မီးနယ်ပယ်အသစ်တစ်ခု ဖွင့်လှစ်ဖို့ ကူညီပေးလိမ့်မယ် မီးတောက်နှစ်ခု ပေါင်းစပ်လိုက်ရင် နောက်ဆုံးတော့ ငါ သူတော်စင်အဆင့် ကို တက်လှမ်းနိုင်တော့မယ်"

​သူ၏ မျက်နှာသည် ပျော်ရွှင်မှုကြောင့် ပြုံးလိုက်သော်လည်း သစ်ခေါက်များကဲ့သို့ အရေးကြောင်းများကြောင့် ရှုံမဲ့သွားသယောင်ရှိကာ အပြုံးကြီးက ကြည့်ရဆိုးလှသည်။

သူသည် အဝေးတစ်နေရာရှိ တည်နေရာကို အာရုံခံလိုက်ပြီး လက်ကိုဆန့်ထုတ်ကာ ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်သည်။ ထို့နောက် တွေဝေခြင်းမရှိဘဲ ဟင်းလင်းပြင် အက်ကွဲကြောင်းထဲသို့ ဝင်ရောက်ကာ ပျောက်ကွယ်သွားတော့သည်။

--------------

​တစ်ချိန်တည်းမှာပင် မိုးကြိုးကုန်းမြေတိုက် ၌ လျှပ်စီးမိုးကြိုးများ ရူးသွပ်စွာ တောက်ပနေသည်။

​ပေါ့ပါးသော အဝတ်အစားကို ဝတ်ဆင်ထားသည့် အမျိုးသားတစ်ဦးသည် မိုးကြိုးများအကြားတွင် ရပ်နေသည်။

သူသည် အားပါသော လှုပ်ရှားမှုတစ်ခုဖြင့် ဟင်းလင်းပြင်ကို ဆွဲဖြဲလိုက်ပြီး ဝင်ရောက်သွားလိုက်သည်။

--------------

​အဝေးတစ်နေရာရှိ ရေခဲနှင့်နှင်းလျှို့ဝှက်နယ်မြေ တွင် ရေခဲသက်သက်ဖြင့် ပြုလုပ်ထားသော နန်းတော်ကြီးတစ်ခုသည် တိတ်ဆိတ်အေးစက်စွာ တည်ရှိနေသည်။

​နန်းတော်ထဲတွင် လှပသော အမျိုးသမီးပုံရိပ်တစ်ခုသည် နှစ်ထောင်ပေါင်းများစွာ မလှုပ်မယှက် ရှိနေခဲ့သော ရေခဲရုပ်တုတစ်ခုအလား ပလ္လင်ပေါ်တွင် ထိုင်နေသည်။

ရုတ်တရက် သူမ၏ လက်ချောင်းများ လှုပ်ရှားသွားသည်။ သူမကို ဖုံးအုပ်ထားသော ရေခဲလွှာများသည် ကွဲကြေကာ ကြမ်းပြင်ပေါ်သို့ ပြိုကျသွားသည်။

သူမသည် ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ပြီး တောက်ပသော ဖန်ဖိနပ်တစ်ရံကို စီးကာ စူးရှသော လေချွန်သံတစ်ခု ပြုလုပ်လိုက်သည်။

​နန်းတော်အပြင်ဘက်တွင် ရေခဲအကြေးခွံများ ရှိသော နှင်းဖြူရောင် သားရဲငါးကောင်သည် ကောင်းကင်မှ ဆင်းသက်လာပြီး ခမ်းနားထည်ဝါသော အဖြူရောင် ရထားလုံးကြီးတစ်ခုကို ဆွဲယူလာကြသည်။

​"ဒီပစ္စည်းက ငါ့အတွက် အများကြီး အသုံးဝင်လိမ့်မယ်"

သူမ ပြောလိုက်သည့် အသံတွင် အေးစက်သော စွမ်းအားများ ပါဝင်နေပြီး မြေပြင်တစ်လျှောက် ရေခဲမြူများ ပျံ့နှံ့သွားစေသည်။

သူမသည် ကျက်သရေရှိစွာဖြင့် ရထားလုံးပေါ်သို့ တက်လိုက်သည်။ သားရဲများသည် ရထားလုံးကို ဆွဲကာ မယုံနိုင်လောက်အောင် မြန်ဆန်သော အရှိန်ဖြင့် ကောင်းကင်ယံသို့ ပျံတက်သွားကြသည်။

​ရှေးဟောင်းရတနာ ပေါ်ထွက်လာမှုသည် ဝမ်ရှန့်ကုန်းမြေတိုက် တစ်ဝက်ခန့်ကို လှုပ်ခတ်သွားစေသည်။ နှစ်ပေါင်းများစွာ အိပ်ပျော်နေကြသော ရှေးဟောင်း ဘိုးဘေးအိုကြီးများသည် ဆက်လက်ပုန်းအောင်းမနေနိုင်ကြတော့ပေ။

သူတို့သည် လောဘစိတ်များဖြင့် ဂူသင်္ချိုင်းများနှင့် နန်းတော်များမှ ထွက်ခွာလာပြီး ရတနာရှိရာဆီသို့ အပြေးအလွှား သွားရောက်ကြတော့သည်။

--------------

ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး တစ်ခုလုံးက ဖရိုဖရဲဖြစ်နေချိန်တွင် ကျုံးရှန်သည် မြေပြင်ပေါ်၌ တင်ပလ္လင်ခွေ ထိုင်နေသည်။

​ကျုံးရှန်းက ယင် နှင့် ယန် စွမ်းအင်များ ထုတ်လွှတ်နေသော ကြေးမုံငယ်လေးသည် သူ၏ လက်ဝါးပေါ်တွင် ညင်သာစွာ ဝဲပျံနေသည်ကို အသာအယာ ကြည့်နေလိုက်သည်။

​"ဒီပစ္စည်းက တကယ်ကို အသုံးဝင်တာပဲ"

"သာမန် သိုလှောင်အိတ်လို နေရာလွတ်တစ်ခု ဖန်တီးပေးတာမျိုး မဟုတ်ဘဲ ကောင်းကင်တာအို စည်းမျဉ်းတွေ အပြည့်အစုံပါဝင်တဲ့ နယ်ပယ်တစ်ခုကို ဖန်တီးပေးနိုင်တယ်"

"ကံမကောင်းတာက ဒါက အပိုင်းအစတစ်ခုပဲ ဖြစ်နေတော့ ဖန်တီးပေးနိုင်တဲ့ နေရာလွတ်က အကန့်အသတ် ရှိနေတာပဲ"

​ကျုံးရှန်သည် ရတနာကို ပေါ့ပေါ့ပါးပါးပင် သူ၏ လက်ထဲတွင် ဟိုဘက်ဒီဘက် လှန်ကြည့်နေသည်။

​"အင်း… အစွမ်းထက်ဆရာကြီးတစ်ယောက်ကတော့ အဆုံးမဲ့ ခရီးလမ်းကို ဖြတ်ကျော်ပြီး ရောက်လာတော့မယ်"

သူ ခေါင်းကို စောင်းကာ ပြောလိုက်သည်။ ရုတ်တရက် တစ်စုံတစ်ခုအား အာရုံခံမိလိုက်ဟန်ဖြင့် သူ၏မျက်ဝန်းများထဲတွင် အပြာရောင်အလင်းတစ်ချက် ​တောက်ပလာသည်။

"မဆိုးဘူး… တော်တော်မြန်ကြတာပဲ အချိန်ကိုက်ပါပဲလေ ငါ့အချိန်လည်း ကုန်တော့မှာဆိုတော့ ကျန်တာ မင်းတို့ ဆက်ရှင်းကြတော့"

​ပြောရင်းဆိုရင်း ကျုံးရှန်၏ ခန္ဓာကိုယ်သည် တဖြည်းဖြည်း ဝါးသွားပြီး ပျောက်ကွယ်ခါနီး တစ္ဆေတစ်ကောင်လို ဖောက်ထွင်းမြင်ရသည့် အခြေအနေသို့ ပြောင်းလဲသွားသည်။

စက္ကန့်ပိုင်းအတွင်း သူ၏ ခန္ဓာကိုယ်တစ်ဝက်ခန့်သည် လေထဲတွင် ပျောက်ကွယ်သွားပြီဖြစ်သည်။

​ကျန်ရှိနေသော ခန္ဓာကိုယ်တစ်ဝက်မှ နောက်ဆုံးလက်ကျန် မှော်စွမ်းအင်များကို အသုံးပြုပြီး လူတစ်ရပ်ခန့်ရှိသော ဟင်းလင်းပြင် အက်ကွဲကြောင်းတစ်ခုကို ဆွဲဖြဲလိုက်သည်။ ထို့နောက် သူ လုံးဝ ပျောက်ကွယ်သွားတော့သည်။

ယင်ယန်နယ်ပယ်ကြေးမုံသည် ပိုင်ရှင်မဲ့သွားပြီဖြစ်သည်။ ၎င်းသည် လေထဲတွင် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး သူ့အလိုလို ပျံသန်းထွက်ခွာတော့မည့်ပုံ ပေါက်နေသည်။

​ကြေးမုံ စတင်ရွေ့လျားလိုက်သည်နှင့် တပြိုင်နက် သန့်ရှင်းဖြူဖွေးသော လက်တစ်ဖက်သည် ဟင်းလင်းပြင် အက်ကွဲကြောင်းထဲမှ ဆန့်ထွက်လာပြီး ကြေးမုံကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။

ချက်ချင်းဆိုသလိုပင် ကြေးမုံသည် ပြန်လည်ငြိမ်သက်သွားသည်။

​"ဟက်… စိတ်ဝိညာဉ်ကိုယ်ပွား တစ်ခုလွှတ်လိုက်တာက ဒီလို မထင်မှတ်ထားတဲ့ အမြတ်အစွန်း ရလာမယ်လို့ ဘယ်သူထင်မှာလဲ"

အက်ကွဲကြောင်း၏ တစ်ဖက်ခြမ်းမှ ကျုံးရှန်၏ ပျင်းရိသော အသံ ထွက်ပေါ်လာသည်။

​အစောပိုင်းက ရပ်နေခဲ့သော ပြိုင်ဘက်ကင်း အစွမ်းထက်သည့် ပုဂ္ဂိုလ်သည် ကျုံးရှန်၏ စိတ်ဝိညာဉ်ကိုယ်ပွား တစ်ခုသာ ဖြစ်နေခဲ့သည်။ သူ၏ ရန်သူများသာ ဤသတင်းကို ကြားလျှင် ဒေါသကြောင့် သွေးအန်ပြီး သေဆုံးသွားနိုင်ပေသည်။

"ဘုန်း..."

​ကျုံးရှန်သည် တစ်ဖက်ခြမ်းမှနေ၍ လက်ကို ဝှေ့ယမ်းလိုက်သောအခါ ဟင်းလင်းပြင် အက်ကွဲကြောင်းသည် ချက်ချင်း ပျောက်ကွယ်သွားပြီး သူ၏ အရှိန်အဝါ အားလုံးကို ဖျောက်ဖျက်လိုက်သည်။

သူ လက်ကို ပြန်ရုတ်လိုက်သည့်အခါ ရှေးဟောင်းနတ်ဘုရားရတနာ ယင်ယန်ကြေးမုံ သည် ချင်ထျန်းတောင်ထွတ် ပေါ်သို့ သူနှင့်အတူ ဘေးကင်းစွာ ရောက်ရှိလာပြီဖြစ်သည်။

​အခင်းဖြစ်ပွားရာနေရာသို့ အပြေးအလွှား ရောက်လာကြမည့် ဆရာသခင်ကြီးများ မည်သို့ တိုက်ခိုက်ကြမည်။ မည်သို့ ငြင်းခုံကြမည် ဆိုသည်ကတော့ သူနှင့် မသက်ဆိုင်တော့ပေ။

--------------

ခဏအကြာတွင် ခရမ်းရောင် ဝါးကြားဝတ်စုံများကို ဝတ်ဆင်ထားကြသော ရွှမ်းလင် မြင့်မြတ်နယ်မြေ မှ လူများသည် အခင်းဖြစ်ပွားရာ နေရာသို့ ဦးစွာ ရောက်ရှိလာကြသည်။

​"ဟေ… ရတနာက ဘယ်ရောက်သွားပြီလဲ"

သူတို့ထဲမှ တစ်ယောက်က စိတ်ရှုပ်ထွေးသွားပြီး ဘေးဘီဝဲယာကို ကြည့်ရှုလိုက်သည်။

​သူတို့ ရှာဖွေဖို့ အချိန်ပင် မရလိုက်ပေ။ အနီးနားရှိ ဟင်းလင်းပြင်သည် ကြမ်းတမ်းစွာ စုတ်ဖြဲခံလိုက်ရသည်။

ထိုအခါ ကျောချမ်းဖွယ် သေမင်းတမန် အငွေ့အသက်များ လျင်မြန်စွာ ပျံ့နှံ့လာပြီး မိုင်တစ်ရာ ပတ်လည်ရှိ ပန်းမန်သစ်ပင်များသည် ချက်ချင်း ခြောက်သွေ့သေဆုံးကုန်ကြသည်။

​ဟင်းလင်းပြင်ထဲတွင် အိပ်မက်ဆိုးထဲမှ နတ်ဆိုးတစ်ကောင်နှင့် တူသော အနက်ရောင်ပုံရိပ်တစ်ခုသည်လည်းထွက်ပေါ်လာသည်။

"ဟမ်… ဟားဟား… ရတနာကို မင်းတို့ယူသွားပြီးပြီပဲ"

ထိုပုံရိပ်သည် ခြောက်သွေ့ပြီး နားဝင်ဆိုးသော အသံကြီးဖြင့် ရယ်မောလိုက်သည်။

"အဘိုးကြီး ကျစ်ရွှမ်း ရတနာကို ထုတ်ပေးစမ်း ဒါဆို ငါ မင်းအသက်ကို ချမ်းသာပေးကောင်း ပေးနိုင်တယ်"

​ရွှမ်းလင် မြင့်မြတ်နယ်မြေ ၏ ဂိုဏ်းချုပ် ကောင်းကင်ဘုံသခင်ကြီး ကျစ်ရွှမ်းသခင် သည် ရှင်းပြရန် ပါးစပ်ဟလိုက်သော်လည်း အခွင့်အရေး မရလိုက်ပေ။

​ရုတ်တရက် သူတို့ ပတ်လည်ရှိ ကောင်းကင်ယံတွင် ဟင်းလင်းပြင်လမ်းကြောင်းများစွာ ပွင့်လာကြသည်။

​အချို့လမ်းကြောင်းများမှ နက်မှောင်သော ပြောင်းပြန်ယင်နတ်ဆိုးမီးတောက်များ ပါလာသည်။

အချို့က အေးစက်သော ရေခဲပုံဆောင်ခဲများကို သယ်ဆောင်လာပြီး အချို့ကတော့ ရိုင်းစိုင်းကြမ်းတမ်းသော မိုးကြိုးလျှပ်စီးများကို သယ်ဆောင်လာကြသည်။ အခြေအနေသည် ချက်ချင်းဆိုသလို ဖရိုဖရဲ ဖြစ်သွားတော့သည်။

ဤ ရှေးဟောင်းဘိုးဘေးအိုကြီးများသည် တစ်နေရာတည်းတွင် စုဝေးမိသွားကြပြီ ဖြစ်ပြီး အများစုမှာ သေမျိုးရန်သူတော်ကြီးများ ဖြစ်ကြသည်။

စကားပြောနေရန် မလိုပေ။ တစ်ယောက်မျက်နှာ တစ်ယောက် မြင်လိုက်သည်နှင့် ဒေါသများ ပေါက်ကွဲကုန်ကြသည်။

​ရတနာကို မမြင်ရသေးသော်လည်း သူတို့ စတင်တိုက်ခိုက်ကြတော့သည်။ ချက်ချင်းပဲ ကစဉ့်ကလျား တိုက်ပွဲကြီးတစ်ခု​ဖြစ်ပေါ်လာတော့သည်။

တိုက်ပွဲသည် အလွန်ပြင်းထန်လှသဖြင့် ကျစ်ယာ့စီရင်စု တစ်ဝက်ခန့်ကို ဇောက်ထိုးမိုးမျှော် ဖြစ်သွားစေခဲ့သည်။

တိုက်ပွဲကြားတွင် မရေမတွက်နိုင်သော အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီး သေမျိုးနိုင်ငံများ။ အားနည်းသော မင်းဆက်ငယ်များနှင့် အင်မော်တယ်ဂိုဏ်းများသည် ဤဆရာသခင်ကြီးများ၏ စွမ်းအားကြောင့် ပျက်စီးဆုံးရှုံးမှုများစွာ ရှိခဲ့သည်။

--------------

​လဝက်ခန့် ကြာပြီးနောက် ကမ္ဘာကြီးတစ်ခုလုံးကို တုန်လှုပ်စေသော သတင်းတစ်ခုသည် ဝမ်ရှန့်ကုန်းမြေတိုက် ၏ ထောင့်တိုင်းသို့ ပျံ့နှံ့သွားခဲ့သည်။

​ရွှမ်းလင် မြင့်မြတ်နယ်မြေ မှ ဂိုဏ်းချုပ် ကျစ်ရွှမ်း၊ ယင်မီးတောက် နတ်ဆိုးအဘိုးကြီး၊ တစ္ဆေဝိညာဉ် မြင့်မြတ်နယ်မြေ၏ ဘိုးဘေး၊ မိုးကြိုးလျှပ်စီးဂိုဏ်းချုပ် တျန်ဝူကျိ နှင့် ရေခဲနန်းတော်သခင်မ ရွှယ်ဝူရွှမ် တို့အားလုံး ကျစ်ယာ့စီရင်စု တွင် ပြင်းထန်စွာ တိုက်ခိုက်ခဲ့ကြသည်ဟု သတင်းထွက်ပေါ်လာသည်။

နိယာမနယ်ပယ် အဆင့် ၂၅ အထက်ရှိကြသော ဤကျွမ်းကျင်သူများသည် ရှေးဟောင်း ယင်ယန်ကြေးမုံ ကို လုယူရန် တိုက်ခိုက်ခဲ့ကြခြင်း ဖြစ်သည်။ ရလဒ်ကတော့ ကပ်ဘေးဆိုးကြီးပင် ဖြစ်သည်။

​ထိုတိုက်ပွဲတွင် နိယာမနယ်ပယ် အဆင့် ၂၅ ရှိသော ကျွမ်းကျင်သူ ၆ ဦး သေဆုံးခဲ့သည်။

​ရေခဲနန်းတော်သခင်မ ရွှယ်ဝူရွှမ် သည် သူမ၏ ရန်သူတော် ယင်မီးတောက် နတ်ဆိုးအဘိုးကြီး နှင့် တိုက်ခိုက်ခဲ့ပြီး သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ကာ နှစ်ယောက်လုံး အပြန်အလှန် လိုက်လံတိုက်ခိုက်ရင်း အဝေးသို့ ရောက်ရှိပျောက်ကွယ်သွားကြသည်။

​မိုးကြိုးသခင် တျန်ဝူကျိ သည် တစ္ဆေဝိညာဉ် မြင့်မြတ်နယ်မြေ၏ ဘိုးဘေး ငရဲပြည်တစ္ဆေဘုရင်ကို ချေမှုန်းတိုက်ခိုက်ခဲ့ပြီး ဟွမ်ကူကျိုးစီရင်စုအထိ လိုက်လံတိုက်ခိုက်ခဲ့ရာ တစ္ဆေဘုရင်မှာ သေဘေးမှ သီသီလေး လွတ်မြောက်သွားခဲ့သည်။

ကျစ်ရွှမ်းသခင် မှာ ဒဏ်ရာအနည်းငယ်ဖြင့် ပြန်လည်ဆုတ်ခွာနိုင်ခဲ့သော်လည်း ၎င်းသည် ဝမ်းနည်းဖွယ် နိုင်ပွဲတစ်ခုသာ ဖြစ်သည်။ သူနှင့်အတူ ပါလာသော ဂိုဏ်းသား တပည့်များနှင့် အကြီးအကဲများ အားလုံး အသတ်ခံလိုက်ရသည်။

​ဤပျက်စီးဆုံးရှုံးမှုအားလုံး၏ တရားခံဖြစ်သော ယင်ယန်ကြေးမုံ မှာမူ မည်သည့်နေရာတွင်မှ ရှာမတွေ့တော့ပေ။

​ကျစ်ရွှမ်း သည် လူရယ်စရာ ဖြစ်ခဲ့ရသည်။ အစွမ်းထက်သော ဂိုဏ်းချုပ်ဘိုးဘေး အများအပြားသည် သူတို့ လုံးဝ အရူးလုပ်ခံလိုက်ရမှန်း သဘောပေါက်သွားကြသည်။

ဤသည်မှာ ဝမ်ရှန့်ကုန်းမြေတိုက် သမိုင်းတွင် ကြုံတောင့်ကြုံခဲ အရှက်ရစရာ ဖြစ်ရပ်တစ်ခုပင် ဖြစ်တော့သည်။

All Chapters