← Chapters

အခန်း (၃၅)

Vol. 4 Ch. 35

အခန်း (၃၅)

Vol. 4 Ch. 35

မျက်စိတစ်မှိတ်အတွင်းမှာပင် အာရုဏ်ဦး၏ အပူယန်စွမ်းအားများသည် အေးခဲသွားပြီး ပေတစ်ထောင်ကျော်ကျယ်သော ဧရာမအဖြူရောင်ရေခဲကွင်းကြီးတစ်ခု အဖြစ်သို့ ပြောင်းလဲသွားလေ၏။

ထိုရေခဲကွင်းမှ တောက်ပသော အလင်းပြန်မှုများသည် ချင်ထျန်းတောင်ထွတ်ကို လင်းလက်သွားစေပြီး အရာအားလုံးကို အေးစက်ကာ မျက်စိကျိန်းစေသော အလင်းရောင်များဖြင့် တောက်ပ​​သွားစေလေသည်။

ထိုအေးခဲနေသည့် အအေးဓာတ်သည် လျင်မြန်စွာ ဆက်လက်ပျံ့နှံ့သွားကာ ဟင်းလင်းပြင်ကို ရေခဲစိုင်ကြီးများအဖြစ် ပြောင်းလဲပစ်လိုက်ပြီး ကောင်းကင်ကြီးတစ်ခုလုံး အစိတ်စိတ်အမွှာမွှာ ကွဲအက်ကာ ပြိုကျလာတော့မည့်အလား ဖြစ်သွားသည်။

ဤသည်မှာ ရေခဲနန်းတော်လျှို့ဝှက်နယ်မြေ၏ အားအကောင်းဆုံးသော နည်းစနစ်ဖြစ်သည့် ရေခဲဝိညာဉ်နည်းစနစ် ဖြစ်လေသည်။

ဤရှေးဟောင်းနည်းစနစ်သည် ကျင့်ကြံသူကို အလွန်အားကောင်းသည့် နတ်ဘုရားရေခဲခန္ဓာကိုယ်တစ်ခုအားအသုံးပြုနိုင်စွမ်းပေးအပ်ပြီး ထိုနည်းစနစ်ကို အစွမ်းကုန် အသုံးပြုသောအခါ ရေခဲဓာတ်သည် အစွမ်းထက်ကျင့်ကြံသူတစ်ယောက်၏ ဝိညာဉ်ကိုပင် ချက်ချင်း အေးခဲသွားစေနိုင်သည်အထိ အစွမ်းထက်၏။

လွန်ခဲ့သော အချိန်များစွာက ရှေးဟောင်းရေခဲနတ်ဘုရားတစ်ပါးသည် အစွမ်းထက်လှပါသည်ဆိုသည့် နတ်ဘုရားများကိုပင် ရေခဲဝိညာဉ်နည်းစနစ်ကို အသုံးပြု၍ ဖိနှိပ်ခဲ့ကာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးတွင် ဒဏ္ဍာရီလာ ပုံပြင်များစွာအား ဖန်တီးခဲ့ဖူးသည်။

​ရေခဲဝိညာဉ်နည်းစနစ်သည် ထိုရေခဲနတ်ဘုရား ချန်ရစ်ခဲ့သော ကြီးမြတ်သည့် အမွေအနှစ်တစ်ခုပင် ဖြစ်လေသည်။

ရေခဲနန်းတော်သခင်မ ရွှယ်ဝူရွမ်သည် နိယာမနယ်ပယ်၏ အဆင့် ၂၉ တွင်ရှိ​​နေသည့် သူတော်စင်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ယောက်ဖြစ်လေသည်။ ရေခဲဝိညာဉ်နည်းစနစ်၏ အကူအညီဖြင့် သူမသည် သူတော်စင်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီးပါး အစွမ်းထက်နေပြီဖြစ်သည်။

ရေခဲနန်းတော်သခင်မ၏ စွမ်းအားကိုမြင်သောအခါ အမှိုက်ကြက်သည် အလွန် လေးနက်သွားလေ၏။

"သခင်ငါ့ကို ကြည့်နေတယ် သခင်ကိုစိတ်ပျက်စေလို့မဖြစ်ဘူး"

အမှိုက်ကြက်​က မာနအပြည့်ဖြင့် တွေးလိုက်သည်။

အမှိုက်ကြက်သည် ရင်ကိုကော့ပြီး သူ၏ ခေါင်းကို နောက်သို့လှန်ကာ ကျယ်လောင်ပြီးသြဇာရှိသည့်အသံဖြင့် တွန်လိုက်သည်။

​"အောက်အီးအီးအွတ်"

ထိုတွန်သံသည် အလွန်စူးရှလွန်းသဖြင့် မိုင်ပေါင်းတစ်သောင်းပတ်လည်ရှိ သားရဲငယ်များနှင့် မိစ္ဆာများသည် တွန်သံကြောင့် စိတ်ဝိညာဉ်များ မတည်မငြိမ်ဖြစ်ကာ ချက်ချင်းပင် မေ့လဲကုန်ကြသည်။

"​ခုနှစ်စင်ကြယ်ဝင်စားခြင်း ကြယ်တာရာအရာရှိချုပ်"

ကြက်ဖကြီးက ဝင့်ကြွားစွာဖြင့် အော်ဟစ်လိုက်သောအခါ ချက်ချင်းပင် ခန့်ညားသော အရာရှိဝတ်စုံနှင့် ကြယ်တာရာအရာရှိဦးထုပ်ကို ဆောင်းထားသည့် ဧရာမအရိပ်ကြီးတစ်ခုသည် ကောင်းကင်ယံမှ ဆင်းသက်လာသည်။

ထိုအရိပ်သည် ရှေးဟောင်းကြက်ဖကြီးနှင့် ပေါင်းစပ်သွားပြီး ပေပေါင်းများစွာ မြင့်မားသော ဧရာမကြယ်တာရာအရာရှိကြီးအဖြစ်သို့ ပြောင်းလဲသွားလေကာ အလွန်အား ကောင်းသည့် အရှိန်အဝါများဖြင့် ရေခဲနန်းတော်သခင်မ ရွှယ်ဝူရွမ်အား ဖိနှိပ်ရန်ကြိုးစားလိုက်သည်။

"စိတ်အနှောင့်အယှက်ဖြစ်စရာပဲ"

ရွှယ်ဝူရွှမ်က အေးစက်စက်ဖြင့် နှာခေါင်းရှုံ့လိုက်ပြီး သူမ၏ ပါးစပ်ကို ဖောင်းလိုက်ပြီး အေးခဲနေသည့် လေလှိုင်းတစ်ခုကို ထပ်မံမှုတ်ထုတ်လိုက်သည်။

သူမ၏ အစီအစဉ်သည် ရိုးရှင်းလှပြီး သူမ၏ အစွမ်းထက်လှသော ရေခဲစွမ်းအင်များဖြင့် ပြိုင်ဘက်ကို ဖိနှိပ်ရန်ကြိုးစားနေခြင်းဖြစ်သည်။

သူမနှင့် ကျင့်ကြံခြင်းအဆင့် တူညီသည့် သူတော်စင်တစ်ပိုင်းအဆင့်ရှိ အစွမ်းထက်ကျင့်ကြံသူ တစ်ဦးပင်လျှင် ရေခဲဓာတ်ကြောင့် အချိန်တိုလေးအတွင်း သူတို့၏ ခန္ဓာကိုယ်သည် ရေခဲအဆိပ်သင့်သွားကာ လှုပ်ရှားနိုင်စွမ်းများ ပျောက်ဆုံးသွားလိမ့်မည်ဖြစ်သည်။

ရေခဲလှိုင်းသည် ကြယ်တာရာအရာရှိ၏ ခြေထောက်များဆီသို့ လျင်မြန်စွာ ဦးတည်သွားသော်လည်း အေးခဲတော့မည့် အချိန်တွင်ပင် ရွှေရောင်ပိုးထည်ဖိနပ်များကို ဝတ်ဆင်ထားသည့် ကြယ်တာရာအရာရှိသည် အလွန်လျင်မြန်လှသော အရှိန်ဖြင့် ဟင်းလင်းပြင်ကို အားဖြင့် နင်းချလိုက်သည်။

ဝုန်းးး

ကန်ချက်ကြောင့် ပိုမိုအားကောင်းသော အာရုဏ်ဦးအလင်းတန်းများ ထွက်ပေါ်လာပြီး အေးခဲနေသော စွမ်းအင်များကို ရွှယ်ဝူရွှမ်ဆီသို့ ပိုမိုမြန်ဆန်သော အရှိန်ဖြင့် ပြန်လည်တွန်းပို့လိုက်လေသည်။

အလွန်မြန်ဆန်လှသောအရှိန်ကြောင့် ရွယ်ဝူရွမ်က အံ့ဩသင့်သွားလေပြီး ရုတ်တရက် မတုန့်ပြန်နိုင်ဖြစ်သွားလေသည်။ ချက်ချင်းပဲ သူမ၏ လှပသော အဖြူရောင်ဝတ်ရုံသည် အေးခဲသွားပြီး အစိတ်အစိတ်အမွှာမွှာဖြစ်သွားပြီး သူမက ကိုယ်တုံးလုံးဖြစ်သွားသည်။

"သောက်ကြက် ငါနင့်ကိုသတ်ပြစ်မယ်"

ရွှယ်ဝူရွမ်က ဒေါသတကြီးဖြင့် သူမ၏ လက်အားဝေ့ယမ်းလိုက်သောအခါ ရေခဲချပ်ဝတ်တစ်ခုက သူမ၏ ခန္ဓာကိုယ်အား ဖုံးကွယ်ပေးလိုက်သည်။

တစ်ချိန်တည်းတွင် လေထုထဲတွင် ရေခဲဆူးချွန်များစွာ ထွက်ပေါ်လာလေပြီး ကြယ်တာရာ အရာရှိထံသို့ ဦးတည်သွားလာကြသည်။

"ဟမ့်… သေမျိုးမိန်းမကများ ရာရာစစ"

ကြယ်တာရာအရာရှိက ဒေါသတကြီးဖြင့် ဟိန်းဟောက်လိုက်သည်။ သူသည် အတိတ်တုန်းက ကမ္ဘာနိယာမများကိုအုပ်စိုးသည့် နတ်ဘုရားကြက်ကြီး၏ မျိုးဆက်ဖြစ်သည်။

သူ၏သခင်အရှေ့တွင် သူသည် အလွန်ရိုသေသော်လည်း ​သွေးမျိုးဆက်ကြောင့် အလွန်မာနကြီးသူ တစ်ယောက်ဖြစ်သည်။ ယခုအခါတွင် သာမန်သေမျိုးမိန်းမတစ်ယောက်က သူ့ကို အထင်လာသေးနေသောအခါ ကြယ်တာရာအရာရှိအမှိုက်ကြက်​ကြီးသည် အမျက်ချောင်းချောင်းထသွားတော့လေသည်။

ကြယ်တာရာအရာရှိ၏ ဧရာမ ခန္ဓာကိုယ်သည် အရာအားလုံးကို ဖျက်ဆီးနိုင်သော နေမင်းကြီးကဲ့သို့ တောက်ပသော အလင်းရောင်များဖြင့် လင်းလက်လာသည်။

ရေခဲနန်းတော်သခင်မရွှယ်ဝူရွမ်သည်တော့ အထင်တသေးဖြင့် နှာခေါင်းရှုံ့လိုက်ကာ သူမ၏ရေခဲစူးချွန်များဖြင့် ဆက်လက်ပြီး တိုက်ခိုက်နေလိုက်သည်။

ကျင့်ကြံခြင်းအဆင့်နိမ့်စဥ်တုန်းက ကျင့်ကြံခြင်းအဆင့် တစ်ဆင့်နှင့် တစ်ဆင့်ကြားတွင် ကွာခြားချက်က သိပြီးမကြီးမားလှချေ။ သို့သော် ရေခဲနန်းတော်သခင်မတို့လို အဆင့်မြင့်ကျင့်ကြံသူများ၏ အဆင့်တွင်တော့ ကျင့်ကြံခြင်းအဆင့်သည် တစ်ဆင့်နှင့် တစ်ဆင့် ကောင်းကင်နှင့် မြေကြီးအလား ကွာဟလှသည်။

အမှိုက်ကြက်၏ ကျင့်ကြံခြင်းအဆင့်သည် နိယာမနယ်ပယ်၏ အဆင့် ၂၈ တွင်သာရှိလေပြီး ၂၉ တွင်ရှိနေသည့် ရေခဲနန်းတော်သခင်မ၏ အဆင့်ထက် တစ်ဆင့်နိမ့်ကျလေ၏။

ထို့အတွက်ကြောင့် ရေခဲနန်းတော်သခင်မသည် အမှိုက်ကြက်အား အနိုင်ရရှိမည်ဟု ယုံကြည်ချက်ရှိသည်။

သို့သော် အမှိုက်ကြက်သည် ရိုးရိုးကြက်မဟုတ်ပဲ ကျုံးရှန်၏ ကြက်ဖြစ်သည်။ ကျုံးရှန်သည် ကောင်းကင်နှင့် မြေကြီးကြားမှ အစွမ်းထက်လှပါသည်ဆိုသော ရတနာများကို အလကားရသည့် ချိုချဥ်များအလား ရက်ရက်ရောရော ကျွေးတတ်လေ၏။

ထို့အတွက်ကြောင့် အမှိုက်ကြက်၏ စွမ်းအားသည် အဆင့်တူ ကျင့်ကြံသူများထက် များစွာပိုပြီးသန်မာကာ စိတ်ဝိညာဉ်စွမ်းအားလည်း ပေါကြွယ်ဝသည်။

ချက်ချင်းပင် ရေခဲဆူးချွန်များက အမှိုက်ကြက်၏ အာရုဏ်ဦးစွမ်းအင်ဒိုင်းကာများထံသို့ စိုက်ဝင်သွားလေ၏။ ရေခဲနန်းတော်သခင်မ၏ မျက်နှာအထက်တွင် မောက်မာသော အပြုံးတစ်ပွင့်ထွက်ပေါ်လာသည်။

"ခရက် ခရက်"

အာရုဏ်ဦးစွမ်းအင်ဒိုင်းကာက အေးခဲလာသောအခါ အမှိုက်ကြက် မျက်နှာပျက်သွားသည်။ သူက အံကြိတ်လိုက်ပြီး တွေးလိုက်၏။

'ငါအကူအညီခေါ်သင့်လား'

အမှိုက်ကြက်၏ အမည်မှာ ကြက်ချဥ်စပ်ဖြစ်လေသည်။ သူ၏ညီအကို ကြက်ပေါင်း၊ ကြက်သားဟင်းနှင့် သူတောင်းစားကြက်တို့ကြားတွင် သူက အားအနည်းဆုံးဖြစ်လေ၏။

ကြက်သားဟင်းဆိုလျှင် နတ်ဘုရားစွမ်းအားကိုပင် ထိန်းချုပ်နိုင်သည့် သူတော်စင်အဆင့် သားရဲကြီးတစ်ကောင် ဖြစ်နေပြီဖြစ်သည်။

အလွန်အမင်း အေးစက်သော အရှိန်အဝါများက သူ့ကို ထိတွေ့တော့မည့် အချိန်တွင် သူ၏ စိတ်ထဲ၌ ဆုတ်ခွာချင်သော စိတ်ဆန္ဒများ ဖြစ်ပေါ်လာသည်။

သို့သော် သူသည် တည်ငြိမ်အေးဆေးသော မျက်နှာထားရှိသည့် သူ၏ သခင်ကျုံးရှန်ကို ရုတ်တရက် သတိရလိုက်သည်။

​"သခင်က ငါ့ကို နှစ်ပေါင်းသောင်းချီ ပြုစုပျိုးထောင်ပေးခဲ့တာ ငါ ဆရာ့မျက်နှာကို အပျက်မခံနိုင်ဘူး"

​သူ၏ ခန္ဓာကိုယ်အတွင်းပိုင်းမှ ဆန်းကြယ်သော စွမ်းအားတစ်ခု ထွက်ပေါ်လာသည်။

​"ပင်ကိုယ်စွမ်းရည် နေမင်းမျက်လုံး"

​သူ၏ မျက်လုံးများထဲတွင် နတ်ဘုရားအလင်းတန်းများ စုစည်းလာပြီး နေမင်းကြီးတစ်စင်းဖြစ်တည်လာသကဲ့သို့ ဖြစ်လာသည်။

အလွန်ပင် ပူပြင်းလှသော ထိုအပူရှိန်သည် နိယာမနယ်ပယ်မှ လက်နက်များကိုပင် အရည်ပျော်စေနိုင်သည်။

ထိုအလင်းတန်းများမှ ထွက်ပေါ်လာသော အပူရှိန်ကပင် ရေခဲအရှိန်အဝါများကို စတင် တွန်းလှန်လိုက်သည်။

ထို့နောက် သူ၏ မျက်လုံးထဲရှိ အလင်းတန်းများသည် အထွတ်အထိပ်သို့ ရောက်ရှိကာ ကြယ်တာရာတစ်ခုကဲ့သို့ နီရဲလာပြီး ပူပြင်းလှသော အလင်းတန်းနှစ်ခုမှာ မျက်လုံးများထဲမှ ပေါက်ကွဲထွက်လာကာ ရေခဲဆူးချွန်များကို ထိုးဖောက်သွားတော့သည်။

​ဟင်းလင်းပြင်ကြီးမှာ ဟောင်းနွမ်းနေသော အဝတ်စတစ်ခုကဲ့သို့ ဆုတ်ဖြဲခံလိုက်ရပြီး ပူပြင်းလှသော အပူရှိန်မှာ ဟင်းလင်းပြင်တစ်ခုလုံးသို့ ပျံ့နှံ့သွားသည်။

ထိုအခြေအနေကို မြင်သောအခါ ရွှယ်ဝူရွှမ်၏ မျက်နှာမှာ နောက်ဆုံးတွင် တည်ကြည်လေးနက်သွားသည်။

​သူမသည် ဟင်းလင်းပြင်ထဲသို့ လက်နှိုက်ကာ အပေါက်တစ်ခုကို ဆွဲဖွင့်လိုက်ပြီးနောက် ရေခဲပုံစံများဖြင့် ဖုံးလွှမ်းနေသော အပြာဖြူရောင် ဓားရှည်တစ်လက်ကို ဖြည်းညှင်းစွာ ဆွဲထုတ်လိုက်သည်။

ထိုဓားပေါ်လာသည်နှင့် မိုင်ပေါင်းတစ်သောင်းအတွင်းရှိ သက်ရှိအားလုံးမှာ ဝိညာဉ်ထဲမှ ကြောက်ရွံ့မှု​ကြောင့် ထိတ်လန့်သွားသည်။ ထိုရေခဲဓားကို ကိုင်ဆောင်ထားသော ရွှယ်ဝူရွှမ်၏ အရှိန်အဝါသည်လည်း ရုတ်တရက် အဆမတန် ပိုပြီးအားကောင်းလာသည်။

All Chapters