မင်း ဟွာဆန်းလို့ ပြောလိုက်တာလား(၆)
Vol. 16 Ch. 221
ခဏတာတိတ်ဆိတ်နေသော ချွန်းမြောင်သည် ခေါင်းကို မော့လိုက်သည်။
"လူကြီးမင်း...ကျွန်တော် သိချင်တာတစ်ခုရှိလို့ပါ…"
"...တကယ် မင်းက ဘာလဲ…"
ချွန်းမြောင်ကိုကြည့်လိုက်ပြီး အစောင့်အကြပ်မှာ ကြောင်အသွားလေသည်။
"ငါတို့လိုလူတွေကို ပထမဆုံးတွေ့ဖူးတာလို့ မင်းပြောခဲ့တယ်မလား…"
“မဟုတ်ဘူး မင်းလိုလူကိုတွေ့တာ ပထမဆုံးပဲ…"
“…”
'မဟုတ်ဘူး မင်က ငါ့ကို ပထမဆုံး တွေ့ဖူးတာလေ…ငါ့ကို ဘယ်လိုလုပ် ဒီလိုပြောရဲတာလဲ…’
“…ဘာပဲဖြစ်ဖြစ်ပါ…ဒါဆို ကျွန်တော်တို့ထက်အရင် နန်းတော်ဆီ ခေါ်သွားခံခဲ့ရတဲ့ အလယ်ပိုင်းလွင်ပြင်က လူတစ်ယောက်ရှိဖူးတာလား…"
“မင်း ဒီလောက်သိသာနေတာကို မေးနေသေးတာလား…”
"သူတို့တွေ ဘာဖြစ်သွားကြပြီလဲ…"
အစောင့်က ပြုံးလိုက်သည်။
"ငါတို့ဖမ်းတာခံရပြီး ပြန်လွတ်လာတဲ့လူကို ကြားဖူးလို့လား…"
“မကြားဖူးပါဘူး…”
“မင်း ကြည့်ရတာ ကောင်းကောင်းသိမယ့်ပုံပါပဲ…ဒါဆို ဘာလို့မေးနေတာလဲ…"
ချွန်းမြောင်က ခေါင်းယမ်းလိုက်ပြီး နောက်ကို လှည့်ကြည့်လိုက်သည်။
"အဲ့ဒါကိုတွေ့လား…"
“…”
"ကြည့်ရတာ လူတိုင်း အသတ်ခံလိုက်ရတာ ဖြစ်နိုင်တယ်…"
'ကျေးဇူးပြုပြီး…'
'ကျေးဇူးပြုပြီး အဲ့ဒီပါးစပ်ကိုပိတ်ထားစမ်းပါ ချွန်းမြောင်ရ…’
ယခုအချိန်တွင် ဟွာဆန်းမှ တပည့်များသည် နန်းတော်ထဲသို့ ချက်ချင်း ဝင်ချင်နေကြသည်။ချွန်းမြောင်နှင့်အတူ ဒီလိုနေရာကျဉ်းကျဉ်းလေးမှာ ပိတ်လှောင်ခံရထားတာကိုက ဆိုးရွားလွန်းသည့် ပြစ်ဒဏ်ခံနေရသလိုပင်။
ကံကောင်းထောက်မစွာဖြင့် သူတို့၏ဆန္ဒများ အမှန်တကယ် ဖြစ်လာခဲ့သည်။
“ဂိတ်တံခါး ဖွင့်လိုက်…”
ရှေ့မျက်နှာစာက ဂိတ်တံခါးကို ကျယ်ကျယ်ဖွင့်လိုက်သည်နှင့် သူတို့ကို တင်လာသော လှည်းသည် ဂိတ်တံခါးဝကို ဖြတ်၍ နန်းတော်ထဲသို့ ဝင်သွားလေသည်။
"ဝိုး…"
ဟွာဆန်းမှ တပည့်များသည် စိတ်သက်သာရာရသွားဟန်နှင့် သက်ပြင်းချကြလေသည်။နေရာကျယ်ကြီးထဲတွင် စစ်သည်တော်ပေါင်းများစွာက တန်းစီနေကြသည်။သူတို့ဘေးပတ်ဝန်းကျင်တွင် ဟိုဟိုသည်သည် ချောင်းမြောင်းသွားလာနေကြသော တောရိုင်း သားရဲတိရစ္ဆာန်များ ရှိနေသည်။
လူသားများနှင့် တိရစ္ဆာန်များ သဟဇာတဖြစ်စွာ နေထိုင်နေကြသော မြင်ကွင်းသည် သူတို့အား ထူးဆန်းသော ခံစားချက်မျိုး ခံစားရစေသည်။သူတို့ အရင်က တစ်ခါမှ မကြုံဖူးတဲ့ အရာမျိုးဖြစ်သည်။
"အဲဒါ ကျား မဟုတ်လား…"
“ကျားတစ်ကောင်ပေါ်မှာ ဘယ်စိတ်မှန်တဲ့လူက လာထိုင်မှာလဲ…”
“ပြီးတော့ အဲဒါ…အဲ့ဒါ မြွေမဟုတ်လား…”
"... မြွေတစ်ကောင်ကို လည်ပင်းပတ်ထားတဲ့လူမျိုး ဘယ်လိုလုပ် ရှိနေရတာလဲ…"
ဘတ်ချုန်းက မျက်စောင်းထိုးလိုက်လေသည်။နန်မန်သားရဲနန်းတော်သည် တောရိုင်းတိရစ္ဆာန်များကို အသုံးပြုကြောင်း ကြားဖူးခဲ့သော်လည်း ဤကဲ့သို့ တိရစ္ဆာန်အစစ်များနှင့် အရမ်းကို သက်တောင့်သက်သာ နေနိုင်ဖို့ကတော့...
ထို့ပြင် ဤနေရာရှိ သားရဲများသည် သူမြင်ဖူးခဲ့သော အကောင်များထက် နှစ်ဆလောက် ပိုပြီး ကြီးမားနေသည်။
"အရမ်းလည်း မအံ့သြကြပါနဲ့…"
အစောင့်တစ်ယောက်က အေးစက်စက်ဖြင့် ပြောလိုက်သည်။
"ဘာလို့လဲဆိုတော့ မကြာခင်မှာ မင်းတို့ကို ဒီကလေးတွေထဲက တစ်ကောင်ကို ကျွေးမှာမို့လေ…"
'ဘာလို့ ဒီစကားတွေက ထူးဆန်းတယ်လို့ မထင်ရတာလဲ…'
'ငါတို့ကို အစာကျွေးမယ်...အာ အစာကျွေးတာ…ဒါဆို သူတို့တွေ ဗိုက်မဆာတော့ဘူးပေါ့…မဟုတ်ဘူးလား…’
ချွန်းမြောင်က ပြုံးလိုက်လေသည်။
‘‘ဒါက ပျော်စရာကောင်းတဲ့ မြင်ကွင်းပဲ…ဒီလိုဖြစ်မယ်မှန်းသိရင် နန်းတော်ကို ကြိုပြီး သွားလည်ခဲ့မှာပေါ့…'
သူ အရင်ဘဝတုန်းက အလယ်ပိုင်းလွင်ပြင်နားတစ်ဝိုက်ပဲ လျှောက်လည်နေတာများလားလို့ တွေးမိသည်။သူတို့တွေ ဘေးပတ်ပတ်လည်ကို ကြည့်နေကြစဉ်မှာပင် အစောင့်များသည် တစ်ယောက်ပြီးတစ်ယောက် စုရုံးလာကြသည်။အစတုန်းက ဒါဇင်အနည်းငယ်ကနေ အခုတော့ ရာနဲ့ချီအောင် ရှိလာသည်။ထို့နောက် သူတို့အား ဤနေရာသို့ ခေါ်ဆောင်လာသော အစောင့်များသည် စစ်သည်များထံသို့ လွှဲပေးလိုက်ကြသည်။
ယန်နန်ကို စောင့်ရှောက်ဖို့ တာဝန်ရှိသော နန်းတော်ကလူများအားလုံး ဒီနေရာကို စုရုံးလာကြတာတော့ မဖြစ်နိုင်ပေ။
ဆိုလိုသည်မှာ ဒီနေရာတွင် ရှိနေသော လူများသည် နန်းတော်၏ အင်အားအပြည့်ဝကို ကိုယ်စားပြုတာမဟုတ်သေးပေ။ထိုအချက်ကို တွေးကြည့်လျှင် နန်မန်သားရဲနန်းတော်၏ အင်အား ဘယ်လောက် ကြီးမားသလဲ ဆိုတာ တွေးကြည့်လို့ရနိုင်သည်။
'ထင်တဲ့အတိုင်းပဲ…'
ဘတ်ချုန်း၏မျက်နှာမှာ တောင့်တင်းသွားလေသည်။
ဤနေရာရှိ စစ်သားတစ်ဦးချင်းစီသည် မည်မျှပင် သန်မာသည်ကို ထည့်မတွက်လျှင်ပင် ဤနေရာတွင် ကိုယ်ခံပညာကို တတ်မြောက်ထားသူ အများအပြား ရှိနေသည်မှာ အံဖွယ်ကောင်းလှသည်။ရှောင်လင်ဂိုဏ်းမှာတောင် ဒီလိုစစ်သည်တော်တွေ အများကြီးရှိမှာမဟုတ်ပေ။
သားရဲပေါင်းများစွာ၏ အကြည့်ကြောင့် ထိတ်လန့်သွားသော နွားသည် ရပ်တန့်သွားလေသည်။နောက်ပြီး အစောင့်က သော့ခတ်ထားသည့် လှည်းတံခါးကို ဖွင့်ပြီး ဟွာဆန်းမှ တပည့်များကို ဆွဲထုတ်လိုက်သည်။ထို့နောက် သူတို့ကို ကွင်းအလယ်သို့ ဆွဲခေါ်သွားခဲ့သည်။
"အ… ငါ့ကို အသာလေး ဆွဲစမ်းပါ…လက်ကောက်ဝတ်တော့ ကျိုးတော့မှာပဲ…"
ချွန်းမြောင် ထိုသို့ အော်လိုက်သည့်အချိန်တွင် သူ့ကို ဆွဲခေါ်လာသည့် အစောင့်က အရူးတစ်ယောက်နှင့် ဆက်ဆံနေရသည်ဟု တွေးမိလေသည်။
“သေမှာမကြောက်တဲ့လူကို ပထမဆုံး တွေ့ဖူးတာပဲ…မင်းမှာ စိတ်ခံစားချက်လို့ခေါ်တဲ့အရာမျိုး ဘာမှမရှိဘူးလား…”
"စိတ်ခံစားချက်…ဘယ်လိုမျိုးလဲ…ငါ့ရဲ့စရိုက်က ဘယ်လိုမျိုးလဲဆိုတာ မင်းသိလား…"
'မသိတာ ပိုမကောင်းဘူးလား…'
အစောင့်က ဆက်လက် ဆွဲခေါ်နေသည့်အချိန်တွင် သူ့နောက်ကလူက အေးစက်စက်နှင့် ပြောလာ၏။
“ရပ်လိုက်…နန်းတော်သခင်က မကြာခင် ရောက်လာတော့မှာ…”
အစောင့်သည် သူ၏ရဲဘော်ရဲဘက်ပြောသည့် စကားကြောင့် တုန်လှုပ်သွားလေသည်။ဤတုံ့ပြန်မှုသည် သူတို့၏ နန်းတော်သခင်မှာ မည်မျှ ကြောက်စရာကောင်းမှန်း ရှင်းရှင်းလင်းလင်း သိလာစေသည်။
သူတို့က ချွန်းမြောင်နှင့် သူ့အဖွဲ့ကို အလယ်ဗဟိုသို့ ဆွဲခေါ်သွားကြသည်။ထို့နောက် သူတို့သည် မိမိတို့၏အဖွဲ့များဆီသို့ ပြန်သွားကာ ပြီးပြည့်စုံသော ပုံစံများဖြင့် မတ်မတ်ရပ်ကြလေသည်။သူတို့တွေက ချွန်းမြောင်တို့အဖွဲ့၏ လက်နက်များကိုလည်း ယူမသွားဘဲ ချည်နှောင်ထားခြင်းလည်း မလုပ်ကြပေ။
"ငါတို့တွေ ထွက်ပြေးရင် သူတို့ ဘာလုပ်ကြမလဲ…"
“သူတို့က ကျွန်တော်တို့ကို ဖိတ်ခေါ်လာခဲ့တာလေ…သူတို့ရဲ့ အပြုအမူတွေအရဆို သူတို့အကြည့်တွေကို ရှောင်ပြီး ယန်နန်ပြည် အကျယ်ကြီးကို ဖြတ်ပြီး စီချွမ်ကို ပြန်ဝင်ဖို့ လုံလောက်တဲ့ ယုံကြည်မှုရှိမရှိကို စူးစမ်းနေကြတာပဲ…”
“…ဟုတ်တယ်…”
သူတို့ လာခဲ့သည့်လမ်းကို ပြန်သွားဖို့ အနည်းဆုံး ဆယ်ရက်လောက် အချိန်ယူရပြီး နန်မန်သားရဲနန်းတော်၏ အစောင့်တွေကနေ ထွက်ပြေးဖို့ဆိုတာ လွယ်ကူသည့်အလုပ်မဟုတ်ပေ။
“ပြီးတော့ ငါတို့အတွက် လုံးဝ လွယ်တော့လွယ်မှာမဟုတ်ဘူး…ဒီနေရာက လူတိုင်းက မင်းထင်ထားတာထက် ပိုပြီး သန်မာတယ်…”
ဟွာဆန်းမှ တပည့်များသည် စိတ်အိုက်နေသော အကြည့်များဖြင့် လှည့်ပတ်ကြည့်ကြလေသည်။
သူတို့တွေက အစောင့်များ၏ ခန္ဓာကိုယ်ပေါ်ရှိ ကြေးနီရောင် ချပ်ဝတ်တန်ဆာနှင့် ခပ်တင်းတင်း ဖုံးအုပ်ထားသော သူတို့၏ ကြွက်သားများကို သတိထားမိကြ၏…အားကောင်းသော မျက်လုံးအကြည့်များကိုလည်း တွေ့လိုက်ကြသည်။နန်မန်သားရဲနန်းတော်၏ နာမည်သည် လွတ်လပ်မှုကို ဆန့်ကျင့်နေသလို ခံစားရလောက်ပေမဲ့ ဤနေရာရှိ လူတိုင်းသည် ဂုဏ်သိက္ခာရှိသော စစ်သားတစ်ယောက်ကဲ့သို့ ထင်ရသည်။
ထိုအရာတစ်ခုတည်းနှင့် လန့်သွားစေလောက်ပေမယ့် သူတို့ကြားထဲတွင် လွတ်လွတ်လပ်လပ် လှည့်သွားလာနေသည့် သားရဲများက တစ်ခါတစ်ရံ သူတို့သွားတွေကို ပြသပြီး ဟွာဆန်းမှ တပည့်များကို ခြောက်လှန့်နေကြသေးသည်။
ကျားတစ်ကောင်၏ ချွန်ထက်သောသွားများသည် မည်မျှ အရိုင်းဆန်သည်ကို ပြသနေသည်။
“…ငါတို့တွေ အဲ့ဒီကျားကို အလယ်ပိုင်းလွင်ပြင်မှာ ထားလိုက်လို့ကတော့ လူတွေက သူ့ကို ‘ကျားနတ်ဘုရား’ လို့တောင် ခေါ်နေကြမှာ မြင်ယောင်သေးတယ်…ဟုတ်ဘူးလား…”
“သေချာတယ်…အဲ့ကောင်က ကျားတစ်ကောင် မဟုတ်ဘူး…”
"လူအရွယ်အစားလောက်ရှိတဲ့ ငှက်တစ်ကောင်က ငါတို့အပေါ်မှာ ပျံနေတာကြာပြီ…"
“…အဲဒါကိုတော့ ငါလည်း မတွေးတတ်တော့ဘူ…ဒါပေမယ့် ဘာလို့ သူ့လည်ပင်းမှာ မြွေတစ်ကောင်ရှိနေရတာလဲ…”
တစ်ခုခု ထူးဆန်းနေသည်ဟု ခံစားရသည်။
ရန်သူက သူတို့ကို လုံး၀ ချောင်ပိတ်နိုင်လောက်အောင် သန်မာတဲ့ပုံမပေါ်ဘူး။သို့သော် အမျိုးအမည်မသိသည့် အရာတစ်ခုကို ရင်ဆိုင်နေရခြင်းကြောင့် စိုးရိမ်စိတ်က သူတို့ကို လွှမ်းမိုးသွားခဲ့သည်။ဤနေရာတွင် သူတို့ခံစားနေရသည့် ထူးဆန်းသည့်ခံစားချက်၏ပြင်းထန်မှုသည် ယန်နန်နှင့် ကွမ်မင်တွင်ရှိစဉ်ကနှင့်ပင် နှိုင်းယှဉ်၍မရနိုင်ပေ။
ဒီနေရာကို ရောက်နေသည်မှာ တခြားကမ္ဘာတစ်ခုတွင် ရောက်နေသလို ခံစားရသည်။
ထိုစဉ်။
"ဂါးးး…"
စူးရှသောအသံနှင့်အတူ အဖြူရောင်အရာဝတ္ထုတစ်ခုသည် လျှပ်စီးအရှိန်ဖြင့် သူတို့ကို ဖြတ်ကျော်၍ ပျံတက်သွားလေသည်။
“ဘ…ဘာလဲဟ….”
တဟုန်ထိုး ပြေးနေသော အရာဝတ္ထုသည် သူတို့ရှေ့ ခြေတစ်လှမ်းအလိုတွင် ရပ်တန့်သွားလေသည်။ထိုအရာသည် ဖြူစွတ်နေသော အမွေးများရှိသည့် သားကောင်ငယ်လေး တစ်ကောင်ဖြစ်သည်။နောက်ပြီး သူ၏ထောင်နေသည့် အမွေးများကို ကြည့်ရသည်မှာ သူတို့ကို ခြိမ်းခြောက်နေတာ ဖြစ်နိုင်သည်...
"အဲ့…အဲ့ဒါက ဝိညာဉ်သားရဲလား…"
"ကြောင်တစ်ကောင်နဲ့ မတူဘူးလား…"
'ဘယ်လို…'
အားလုံးက ချွန်းမြောင်ကို ကြည့်နေကြလေသည်။
'ဒီပြဿနာအိုးကတော့ သူ့မျက်လုံးတွေကို မသုံးဘူးလား…'
“ဒီကိုလာ… ဒီကိုလာ…"
"မလုပ်နဲ့…မင်းလက်ချောင်းတွေကို အကိုက်ခံရလိမ့်မယ်…"
ချွန်းမြောင်က ငုတ်တုတ်ထိုင်ပြီး ရက်စက်ကြမ်းကြုတ်သော သားရဲပေါက်ကို လှမ်းကိုင်လိုက်သောအခါ ယွန်းဂျွန်နှင့် ဂျိုဂုတို့က သူ့ကို တားရန် ကြိုးစားကြလေသည်။သို့သော် ချွန်းမြောင်ကတော့ အေးဆေးပင်။
"ဘာလို့လဲ…ဒီလောက် နာခံတတ်တာကို…အရမ်းချစ်ဖို့ကောင်းတာပဲ…”
"အမ်…"
ဂျိုဂုနှင့် ယွန်းဂျွန်တို့သည် သူတို့၏မျက်လုံးများကို ပွတ်သပ်နေကြသည်။လွန်ခဲ့သည့်တစ်စက္ကန့်လောက်ကထိ အမွေးများထောင်နေခဲ့သော သားရဲပေါက်သည် ယခုအခါ ချွန်းမြောင်၏လက်ချောင်းကို လျှာဖြင့် လျက်နေပြီး သူ ပွေ့ဖက်တာကိုလည်း ခံနေလေသည်။
သူနှင့်အတူ ကစားနေသလိုပင်...
"ယဉ်ပါးတယ်လား…"
"…ဘယ်လို ခံစားရလဲ…"
သူ၏အမြီးကို ယမ်းပြနေသည့် ပုံစံဖြစ်နေသည့် သားရဲသည် ယခုအခါ ချစ်စဖွယ်ဖြစ်နေလေသည်။
"... ကြည့်ရတာ တကယ့် ဝိညာဉ်သားရဲ ထင်တယ်…"
“သေချာပေါက် အတော် အဖိုးတန်မှာပဲ…လောလောဆယ် မဖြစ်သေးရင်တောင်မှ ဝိညာဉ်သားရဲတစ်ကောင် ဖြစ်လာမှာ သေချာတယ်…”
တိရိစ္ဆာန်တွေက လူတစ်ယောက်ကို လူကောင်းလား ဆိုးလားဆိုတာ အလိုလို သိကြသည်ဟု ဆိုကြသည်။
ဝိညာဥ်သားရဲတစ်ကောင်သည် ဤကဲ့သို့ သူ့အမြီးကို ယမ်းပြနေပါက အလိုလိုသိစိတ်ကိုတောင် ဖိနှိပ်နိုင်လောက်သည်အထိ ချွန်းမြောင်တစ်ယောက် ဘယ်လောက်တောင် ပင်ကိုယ်စရိုက် ဆိုးရွားနေလို့ပါလိမ့်။
သို့သော် အဲ့ဒါကိုပင် ကျေးဇူးတင်ရမည်။သူတို့တွေ နည်းနည်းတော့ စိတ်သက်သာရာရသွားကြသည်။ချွန်းမြောင်က ဘတ်ချုန်းကို တွန်းလိုက်၏။
“ကိုက်…ကိုက်လေ…”
"မလုပ်နဲ့…'
"ဂါး ကိုက်တယ်ဟ…"
ဘတ်ချုန်းက အော်ဟစ်နေ၏။
'ဒီအရူးက ဘာလို့ ဒီအချိန်မှာတောင် ဟာသလုပ်နေနိုင်ရတာလဲ…မင်းက တော်လွန်းနေတာလား ဒါမှမဟုတ် သွက်သွက်ခါအောင် ရူးနေတာလား မသိတော့ဘူး…'
ထိုအချိန်တွင်။
ဒုန်းး….
သူတို့ရှေ့ရှိ တံခါးမကြီးက ပွင့်လာပြီး လူတစ်ယောက်က ဝင့်ကြွားစွာ လမ်းလျှောက်လာလေသည်။
"ဝိုး…"
“ဝါး…”
တခဏအတွင်းမှာပင် ဟွာဆန်းမှ တပည့်များအားလုံး သူတို့မြင်လိုက်ရသည့် မြင်ကွင်းကြောင့် အံ့အားသင့်သွားကြ၏။ တုတ်ခိုင် မာကျောသည့် လက်မောင်ကြီးများနှင့် ခြေထောက်ကြီးကြီးတို့ကို့ တွေ့လိုက်ရသည်။ထိုလူ၏ ကြွက်သားများ လှုပ်နေသည်ကိုပင် မြင်နေရသည်။သူက တိရစ္ဆာန်သားမွေးအခွံကို ဝတ်ဆင်ထား၏။ထိုသားမွေးသည် မည်သည့်သတ္တုထက်မဆို ပို၍ မာကြောပုံရသည့် သူ၏ကြီးမားသောခန္ဓာကိုယ်ကို ဖုံးအုပ်ထားရုံမျှသာ ရှိသည်။
သူ့ထံတွင် မြက်ပင်ခြောက်လို ကြမ်းတမ်းသည့် ဆံပင်ရှည်ရှည်ရှိပြီး ပခုံးကိုတောင် ရောက်နေပြီဖြစ်သည်။အချုပ်အားဖြင့်ဆိုရသော် သူသည် အရိုင်းဆန်သည့် သားရဲနှင့် လုံးဝတူသည်။
'ဒီ…ဒီလူက...'
ထိုလူက ကျားတစ်ကောင်လို ဖြည်းဖြည်းချင်း လျှောက်လာရင်း လှေကားထစ်များ၏ ထိပ်တွင် ခြိမ်းခြောက်ဟန်အပြည့်နှင့် ရပ်နေသည်။ဟွာဆန်းမှ တပည့်များကို လှမ်းကြည့်ကာ အော်လိုက်၏။
"အလယ်ပိုင်းလွင်ပြင်ကလူတွေပဲ…"
ဘတ်ချုန်းက ဟိန်းဟောက်သံကို ကြားသောအခါ သူ၏မျက်လုံးများကို မှိတ်ထားလိုက်သည်။တစ်ခါတစ်ရံတွင် စကားပြောသူ၏ ခံစားချက်ကို သူတို့၏စကားများမှ ခံစားလို့ရနိုင်သည်။နောက်ပြီး ဒီဝါကျလေးတစ်ခုထဲမှာ ဒီလူ သူတို့အပေါ်ထားရှိသည့် ရန်လိုမှုကို ဖော်ထုတ်ပြပြီးသားဖြစ်သည်။
'ငါတို့က ဒီနေရာကို အရမ်းကို ပေါ့ပေါ့ပါးပါးနဲ့ လာလိုက်တာပဲ…’
အကယ်၍ ဤအရာသည် နန်မန်သားရဲနန်းတော်က သူတို့အပေါ်ထားရှိသည့် ရန်လိုမှု ပမာဏသာ ဖြစ်ခဲ့လျှင် သူတို့၏ ပြဿနာကို ဘယ်တော့မှ ဖြေရှင်းနိုင်တော့မည်မဟုတ်ပေ။
နန်းတော် သခင်က ခပ်ပြတ်ပြတ်ဖြင့်ပြောကာ အော်လိုက်သည်။
"မင်းတို့အားလုံးက ဘယ်တွေသူလဲ…မင်းတို့ရဲ့ သရုပ်မှန်ကို ဖုံးကွယ်ပြီး ငါတို့ရဲ့မြင့်မြတ်တဲ့တိုင်းပြည်ကို ဘယ်လိုသတ္တိနဲ့ လာရဲကြတာလဲ…ပြောကြစမ်း…မင်းတို့ရဲ့အဖြေက ငါ့ကို မကျေနပ်စေရင် မင်းတို့ကို အပိုင်းပိုင်းဖြတ်ပြီး တိရိစ္ဆာန်တွေကျွေးပစ်မယ်…"
ထိုအသံသည် ကမ္ဘာကြီးကိုတောင် လှုပ်ကိုင်နိုင်လောက်သည့် အစွမ်းရှိပုံရသည်။ဘတ်ချုန်းက နားရွက်ကို အုပ်ဖို့ ကြိုးစားပေမယ့် သူ့လက်တွေကတော့ လှုပ်တောင်မလှုပ်ပေ။
'ဘယ်လောက်တောင် အံ့သြစရာကောင်းတဲ့ ခွန်အားလဲ…'
ထန်မိသားစု၏ခေါင်းဆောင်သည် အံ့သြစရာကောင်းသော စွမ်းအားမျိုးရှိသည်။သို့သော် ဒီလူ၏စွမ်းအင်သည် သူ့ထက် နည်းနည်းလေးတောင် မနိမ့်ကျပေ။ပြောရမယ်ဆိုရင်တော့ ထန်မိသားစုခေါင်းဆောင်ထက်တောင် ပိုသာသေးသည်။
“ပြောကြလေ…မင်းတို့က သောက်ကျိုးနည်း ကျူးကျော်သူတွေလေ…မပြောဘူးဆိုရင်လည်း ရတယ်လေ အခုချက်ချင်း အပိုင်းပိုင်းဖြတ်ပစ်ရမှာပေါ့…"
ထိုလူ၏ မျက်လုံးများသည် ဝင်းလက်နေသည်။ဒါက အကြောင်းပြချက်တွေကို လျစ်လျူရှုပေးလိုက်သည့် သဘောထားတော့ မဟုတ်ပေ။ဒီလူက သူတို့အားလုံးကိုသတ်ဖို့ အကြောင်းပြချက်ရှာနေတာ ဖြစ်သည်။
'ငါတို့ဘာလုပ်ကြမလဲ…'
ချွေးအေးများက ဘတ်ချုန်း၏ နဖူးပေါ်သို့ စီးကျလာလေသည်။စကားတစ်ခွန်းမှားပြောတာနှင့် သူတို့အားလုံးကို အသတ်ခံရမှာဖြစ်သည်...
ထိုစဉ်
"ကျုပ်တို့က ဟွာဆန်းက လာတာ…"
တပည့်အပေါင်းတို့သည် အသံကြားရာသို့ ခေါင်းလှည့်ကြလေသည်။
ချွန်းမြောင်သည် ရှေ့သို့ ခြေလှမ်းနှစ်လှမ်းလှမ်းပြီး အေးအေးဆေးဆေးဖြင့် နှာခေါင်းကို ကုတ်လိုက်သည်။
“ဒီနေရာကို လာခဲ့ကြတာ လိုအပ်တာ တစ်ခုရှိလို့ပါ…ခင်ဗျား ကျုပ်တို့ကို ကူညီပေးနိုင်မလား…"
“အိုး…”
"အင်း အရူးကောင်ရေ…"
“…ဂလု”
ယုရီဆိုးပင်လျှင် သူမ၏ တည်ငြိမ်မှုကို မထိန်းနိုင်တော့ဘဲ တုန်လှုပ်ချောက်ချားမှုကြောင့် တံတွေးမျိုချလိုက်မိသည်။
သူတို့တွေ ဒီလိုနဲ့ ပေါ်သွားရင်တော့…
"ဟွာဆန်း…ဟွာဆန်းလို့ ပြောလိုက်တာလား…
"ဟုတ်တယ်…ကျုပ်တို့က ဟွာဆန်းကပါ…"
အံ့သြစရာကောင်းသည်မှာ နန်းတော်သခင်၏ မျက်လုံးထဲတွင် အလင်းတန်းတစ်ခု တောက်ပသွားလေသည်။
“ဂိုဏ်းကြီးကိုးဂိုဏ်းဆီက နှိမ့်ချခံနေရတယ်လို့ သိကြတဲ့ ဟွာဆန်းလား…ဟွာဆန်းကလား…မင်းတို့က အဲဒီနေရာက တပည့်တွေလား…”
နန်းတော်သခင်၏ မျက်နှာသည် ပျက်ယွင်းသွားလေသည်။သူ၏အသံမှာ အရင်ကနှင့် ယှဉ်လျှင် နှစ်ဆလောက် ပိုကျယ်လာပြီး ခွန်အားကလည်း နှစ်ဆတိုးသွား၏။ဟွာဆန်းမှ တပည့်များ၏ ခြေထောက်တွေမှာ သူတို့ရင်ဆိုင်နေရသည့် ပြင်းထန်သော ဖိအားကြောင့် ပျော့ခွေကုန်ကြသည်။သို့သော် ချွန်းမြောင်သည် ထိုကိစ္စကြောင့် အနည်းငယ်မျှပင် စိုးရိမ်ပုံပေါ်မနေဘဲ စကားပြောလာ၏။
“ဟုတ်ပါတယ်…အဲ့ဒီဟွာဆန်းပါပဲ…”
“မင်း…”
ထိုလူသည် လှေကားပေါ်မှ ခုန်ဆင်းလုနီးပါးသွားဖြစ်ပြီး ချွန်းမြောင်ဆီသို့ တည့်တည့်မတ်မတ် ပြေးလာခဲ့သည်။ထို့နောက် သူက ချွန်းမြောင်ရှေ့တွင် ရပ်လိုက်သည်။
“…”
ဟွာဆန်းမှ တပည့်များမှာ အေးခဲသွားကြလေသည်။
နန်းတော်သခင်က ချွန်းမြောင်၏ရှေ့တွင် ရပ်လိုက်သည်နဲ့ ဒီလူက ဘယ်လောက်တောင် ကြီးမားတယ်ဆိုတာ သူတို့ သိလိုက်ရသည်။ချွန်းမြောင်က အရပ်ပုတာမဟုတ်ပေမဲ့ သူ၏ဦးခေါင်းသည် နန်းတော်သခင်၏ရင်ဘတ်လောက်သာ ရောက်သည်။
နောက်ပြီး သူ၏ခန္ဓာကိုယ်ကနေ ထွက်ပေါ်နေသည့် စွမ်းအားက တကယ့်ကို မယုံနိုင်စရာပင်။သူ့ကိုကြည့်လိုက်ရုံနှင့် သူတို့၏ခြေထောက်များမှာ အားနည်းသွားစေသည်။ထိုလူက အသံကို နှိမ့်၍ ပြော၏။
"ဟွာဆန်း…"
အသံက နိမ့်ပေမယ့် အရင်ကထက် ပိုပြီး ခြိမ်းခြောက်နေသယောင် ခံစားရသည်။
“…”
ချွန်းမြောင်ကိုကြည့်နေသည့်လူက သူ့ခန္ဓာကိုယ်ပေါ်က အရေခွံတွေကို စုတ်ဖြဲပစ်ချင်နေသလိုမျိုး သူ့လက်မောင်းကို မြှောက်လိုက်သည်။ထိုလှုပ်ရှားမှုက ကောင်လေးကို မြေပြင်ပေါ်သို့ ကိုင်ရိုက်ပစ်ချင်နေသလိုပင်။
ဘတ်ချုန်းက သူ့ဓားကို ဆွဲထုတ်လိုက်ပေမယ့် သူ မလှုပ်ရှားခင်မှာပင် ဆန့်တန်းလာသည့် လက်မောင်းက ပုတ်ချခံလိုက်ရပြီး ဘတ်ချုန်းက အော်ဟစ်လေသည်။
“မလုပ်နဲ့….”
သို့သော် ချွန်းမြောင်ကို ရိုက်ပုတ်ဖို့ ပြင်လိုက်သည့် လက်သည် ရုတ်တရက် သူ့ပခုံးကို ဆွဲဖက်လိုက်၏။အသံကျယ်ကျယ်ဖြင့် ထိုလူက မေးလိုက်လေသည်။
"ဒါဆို မင်းတို့က ဇီးပန်းဓား သူတောင်စင်ရဲ့ မျိုးဆက်တွေလား…"
“…အာ…”
'အမ်…'
'ငါ့နာမည်က ဘာလို့ ဒီနေရာထိ ရောက်နေတာလဲ…'
"ဇီးပန်းပွင့် ဓားသူတော်စင်ရဲ့ မျိုးဆက်တွေကို တွေ့ရမယ့်နေ့ ရောက်လာပြီပေါ့…နန်မန်သားရဲနန်းတော်က ဇီးပန်းပွင့် ဓားသူတော်စင်ရဲ့ မျိုးဆက်တွေကို ကြိုဆိုပါတယ်…သူ့ရဲ့သားမြေးတွေက ငါတို့ရဲ့ ဧည့်သည်တွေ ဖြစ်ထိုက်ပါတယ်…”
“…”
'ငါ့ကြောင့်လား…'
'ဒါနဲ့ဘာဖြစ်လို့လဲ…'
"ဟားဟား…စားပွဲသောက်ပွဲပြင်ဆင်လိုက်ကြ…ငါတို့မှာ ဧည့်သည်တွေရှိနေပြီ…ငါတို့ ဧည့်သည်တွေ ရောက်လာပြီ…"
နန်မန်သားရဲနန်းတော်သခင်က ရယ်မောလိုက်သည်။ထို့နောက် တခြားလူတွေကလည်း တညီတညာ စတင် လှုပ်ရှားကြလေသည်။
ဒါကိုကြည့်နေသည့် ယွန်းဂျွန်က ဘတ်ချုန်းကို ကြည့်လိုက်သည်။
"ဒါက ဘယ်လိုအခြေအနေကြီးလဲ…"
“…”
'ငါလည်း ဘယ်လိုလုပ် သိမှာလဲ…'