← Chapters

မင်းတို့ ဒါကို ဘယ်လိုလုပ် မသိတာလဲ(၁)

Vol. 16 Ch. 222

မင်းတို့ ဒါကို ဘယ်လိုလုပ် မသိတာလဲ(၁)

Vol. 16 Ch. 222

ဘူးးး…

ဘူးးး…

နန်းတော်တစ်ခွင်လုံး စစ်ချီကျွဲကော်သံများက ပဲ့တင်ထပ်သွားလေသည်။

ထို့နောက် ဗုံသံများ ထွက်ပေါ်လာပြီး မကြာမီ တူရိယာအမျိုးမျိုးမှ အသံမျိုးစုံကို ကြားရလေသည်။

ကျွက်ကျွက်ညံနေသာ ဂီတအသံထဲတွင် နစ်မြုပ်နေသည့် ဘတ်ချုန်းသည် စိတ်မပါလက်မပါဖြင့် ပတ်ပတ်လည်ကို ကြည့်လိုက်သည်။

'ကြည်နူးစရာပဲ…'

နန်းတော်ထဲကလူတွေက တူရိယာများကို တစ်ဖက်က ကိုင်ထားပြီး ပြုံးပြုံးရွှင်ရွှင်နဲ့ တီးမှုတ်နေကြသည်။နောက်ပြီး အရင်က သူတို့ရောက်ခဲ့ဖူးသည့် ရင်ပြင်မှာ အခုဆို လျော့ရဲရဲ အဝတ်အစားများကို ဝတ်ဆင်ထားသည့် အကသမားများက ဘေးဘီဝဲယာတွင် ခုန်ပေါက်၍ ကနေကြပြီဖြစ်သည်။

ဘတ်ချုန်းက သူ့ခေါင်းကို ငုံ့ထားလေသည်။

ပင်လယ်စာများသည် သူ့ရှေ့တွင် စုပုံနေပြီး ပန်းကန်တစ်ခုချင်းစီတွင် သူ တစ်ခါမှတောင် မကြားဖူးသည့် ဟင်းပွဲများပါရှိသည်။သို့‌သော် ဟင်းပွဲအားလုံးတွင် တူညီနေသည့် အရာတစ်ခုကတော့ ဟင်းပွဲအားလုံးက အတော်လေး အရသာရှိမည့်ပုံနေပေါ်ကြသည်။အရောင်၊အဆင်း၊အနံ့များကို ထည့်မစဉ်းစားလျှင်တောင် ဒီဟင်းပွဲတိုင်းကို သူ့ဘဝမှာ ပထမဆုံးအကြိမ် တွေ့ဖူးတာဖြစ်သည်။

အစားအသောက်များက ‘ငါ့ကို ကောင်းကောင်း ချက်ထားတာ’ ဟု အော်နေပုံရသည်။

သူက ဘေးနားဝန်းကျင်ကို တစ်ချက်ကြည့်လိုက်၏။တခြားလူတွေကလည်း သူ့လိုပဲ ကြောင်ကြောင်အအဖြစ်နေသည်ကို တွေ့လိုက်ရသည်။

'တော်တော်သိသာတာပဲ…'

ဘတ်ချုန်းက သူကိုယ်တိုင်က ဒါကို နားမလည်နိုင် ဖြစ်နေလျှင် တခြားသူတွေက ဘာတွေဖြစ်ပျက်နေမှန်း ဘယ်လိုလုပ် နားလည်နိုင်ကြမှာလဲ။သူတို့၏ အတွေးများက ကျိုးကြောင်းဆီလျော်မှု မရှိဟု ယူဆခံလိုက်ရသလိုမျိုး တစ်ဖက်မှ ကျယ်လောင်သော ရယ်မောသံကို ကြားလိုက်ရသည်။

"ဟားဟားဟား…များများစားကြပါ…ပိုပြီး စားကြပါ…ယန်နန်က အစားအစာတွေက မင်းတို့နဲ့ အကြိုက်တွေ့ပါ့မလားတော့ သေချာမသိဘူး…”

နန်းတော်သခင်က ရယ်ပြန်သည်။သူရယ်မောလိုက်တိုင်း သူတို့၏နားများ တဆတ်ဆတ်တုန်လာကြသည်။

ဘတ်ချုန်းက သူ့နားထဲကို သူ့လက်ချောင်းဖြင့် ထိုးဖိပြီး သူ့နားရွက်များ သွေးထွက်မထွက် စစ်ဆေးနေလေသည်။ကံကောင်းထောက်မစွာဖြင့် သွေးတော့ မထွက်သေးပေ။

“ဟွာဆန်းကို အမြဲသွားချင်နေခဲ့တာ…ဒါပေမယ့် အလယ်ပိုင်းလွင်ပြင်တွေကို မသွားနိုင်ခဲ့တော့ အဲ့ဒီလို လုပ်ခွင့်ရမယ့် အခွင့်အရေးကို စိတ်ရှည်ရှည်နဲ့ စောင့်နေရတာပေါ့…ဒါပေမယ့် ဟွာဆန်းက တပည့်တွေနဲ့ ဇီးပန်းပွင့်ဓား သူတော်စင်က ဆင်းသက်လာတဲ့ သားမြေးမြစ်တွေက ဒီနေရာထိ လူကိုယ်တိုင် ရောက်လာကြတာပဲ…ဒီ​နေ့​က ကျုပ်ဘဝရဲ့ အ​ပျော်​ဆုံး​နေ့ပါပဲ…အို ဘုရားရေ…ငါ့ဆီကို အရက်ယူလာခဲ့ကြ…"

"ဟုတ်ကဲ့ပါ အရှင်…"

"မက်မွန်အရက်…မက်မွန်အရက်ကို ယူလာခဲ့…ဧည့်သည်တွေကို သေချာ ဧည့်ခံရမယ်…"

"ဟုတ်ကဲ့ပါ အရှင်…"

အမိန့်ပေးလိုက်သည်နှင့် တစ်ပြိုင်နက် အစေခံအချို့ အခန်းထဲမှ အမြန်ပြေးသွားကြလေသည်။နန်းတော်သခင်က ရယ်ရယ်မောမောဖြင့် ဟွာဆန်းက တပည့်များကို ပျော်ရွှင်ကြည်နူးစွာ ကြည့်လာလေသည်။သို့သော် ထိုအဖြစ်တစ်ခုလုံးက ဟွာဆန်းမှ တပည့်များကို စိတ်မသက်မသာဖြစ်စေခဲ့သည်။

‘ငါ့မှာ ကြောက်လွန်းလို့ သူ့မျက်လုံးတွေကိုတောင် မကြည့်နိုင်တော့ဘူး…’

'ဒီနေရာက အရာရာတိုင်းက ဘာလို့ ဒီလောက်ကြီးနေရတာလဲ…လူတွေတောင် အကြီးကြီးပဲ…'

'သူ့ခေါင်းကြီးက ဘာလို့ ဒီလောက်ကြီးနေတာလဲ…'

သူတို့အားလုံးမှာ အတူတူထိုင်နေကြသဖြင့် ဒီနေရာက လူတွေ ဘယ်လောက်တောင် ကြီးတယ်ဆိုတာ သိလိုက်ရသည်။ချွန်းမြောင်၏ လေ့ကျင့်ပေးမှုကြောင့် သန်မာသော ခန္ဓာကိုယ်များ ရှိနေကြသော်လည်း သူတို့မှာ အချိန်မရွေး ဤနေရာတွင် ရှိနေသူတိုင်း၏ ဖိညှစ်နင်းခြေမှုကို ခံရနိုင်သည့် သုံးနှစ်သား ကလေးငယ်များကဲ့သို့ ခံစားနေရသည်။

"ဟားဟားဟား…"

သူတို့ကို မြင်နေရသည့် နန်းတော်သခင်က ဝါးလုံးကွဲ ရယ်မောလေသည်။တစ်ခါရယ်လိုက်တိုင်း ထထခုန်တတ်သည့် ကြွက်သားများကို ကြည့်ပြီး တပည့်များသည် သူတို့၏ တူချောင်းများကိုပင် ကောင်းစွာ မကိုင်နိုင်ကြတော့ပေ။

"ကျွန်တော် ဒါတွေအကုန် စားလို့ရလား…"

တပည့်များအားလုံးထဲက တစ်ယောက်သောသူပင်ဖြစ်သည်။

"မင်းက မေးစရာမလိုတဲ့ မေးခွန်းကို မေးနေတာပဲ…ဒါတွေအားလုံးကို မင်းတို့အတွက် ပြင်ပေးထားတာလေ…"

"ခင်ဗျားပြောတဲ့ မက်မွန်အရက်က အရသာရှိလား…"

"အဲ့ဒါက ယူနန်မှာ အကောင်းဆုံး သေရည်ပဲ…ဒါပေမဲ့ ပုံမှန်ဆို အဲ့ဒီသေရည်နဲ့ အပြင်လူတွေကို ဧည့်ခံတာမဟုတ်ဘူး…တစ်ခါချက်တိုင်း နည်းနည်းလောက်ပဲ ချက်တာမို့ အဲ့ဒီသေရည်က ကျုပ်တို့အတွက်တောင် အထူးအချိန်အခါတွေကျမှ သောက်ရတဲ့ အထူးသေရည်ပဲ…အနံ့လေးကို တစ်ခါလောက် ရှူလိုက်တိုင်း ကောင်းကင်ဘုံ ရောက်သွားသလိုတောင် ခံစားရနိုင်တယ်…”

"ဟီးဟီးဟီးဟီး…

ချွန်း‌မြောင်က သဘောတကျ ရယ်မောလိုက်သည်။စိတ်အေးလက်ဖြင့် သူတူများကို မြှောက်လိုက်ပြီး အစားအစာများကို တဝတပြဲစားလေတော့သည်။

"အာ ဒီအရသာက တော်တော်ထူးခြားတာပဲ…ထူးထူးခြားခြား ချိုနေပေမဲ့ စပ်လည်းစပ်တယ်…အားလုံး စားကြည့်ကြပါလား…"

'မင်းက စားချင်သောက်ချင် စိတ်သေးတယ်လား…'

'ငါတို့တွေ ဒီလိုအခြေအနေကို ရောက်နေတာတောင်လေ…'

သူတို့‌တွေ ချွန်းမြောင်ကို အတိုင်းအတာတစ်ခုအထိ နားလည်သဘောပေါက်သည်ဟု ထင်ခဲ့ကြသည်။ဤလူသားကို အကဲဖြတ်ခဲ့သည့် သူတို့အုပ်စု၏ စံနှုန်းများသည် အဓိပ္ပါယ်မဲ့လွန်းကြောင်း သဘောပေါက်သွားကြသော ဟွာဆန်းမှ တပည့်များသည် ခေါင်းယမ်းလိုက်ကြသည်။

ဒီကောင်ကို သူတို့ ဘယ်တော့မှ နားလည်နိုင်မှာ မဟုတ်ပေ။

ထိုအချိန်တွင် သေရည်က ဆက်သလာလေသည်။သေရည်ကို အဖြူရောင်ကျောက်စိမ်းပုလင်းငါးပုလင်းဖြင့် တည်ခင်းပေးကြသည်။

"မင်း ကောင်တွေ…မက်မွန်အရက်တွေကို ယူလာဖို့ ပြောခဲ့တာမဟုတ်ဘူးလား…”

"အဲ့-အဲ့ဒါက မက်မွန်အရက်ပါ အရှင်…"

"ငါပြောချင်တာက မက်မွန်အရက် အားလုံးကိုပြောတာ… ဇီးပန်းဓားသူတော်စင်ကြီးရဲ့သားမြေးတွေရှေ့မှာ ငါ့ကို အရှက်ခွဲဖို့ ကြိုးစားနေကြတာလား…အသိစိတ်တွေ ပြန်ဝင်လာအောင် မင်းလည်ချောင်းထဲက သွေးကြောတွေကို ဖြတ်ပစ်ပေးရမှာလား…"

'ဒါပေမယ့် အဲ့ဒီလိုဆို သူတို့တွေ သေကုန်ကြမှာပေါ့…’

'သေသွားမှတော့ သူတို့ရဲ့ အသိစိတ်က ဘယ်လိုလုပ် ပြန်ရနိုင်မှာလဲ…'

သို့သော် ထိုလူက ဦးညွှတ်လိုက်၏။နန်းတော်သခင်က အော်ပြောလေသည်။

"အဲ့ဒါတွေ အကုန်လုံး အခုချက်ချင်း ယူလာခဲ့ကြ…"

“…ဟုတ်ကဲ့ပါ အရှင်…”

"အခုချက်ချင်း…"

"ဟုတ်ကဲ့ပါ နန်းတော်သခင်…"

နန်မန်သားရဲနန်းတော်သခင်သည် အစေခံကို မျက်မှောင်ကြုတ်၍ ကြည့်လိုက်၏။ထို့နောက် ဟွာဆန်းမှ တပည့်များဆီသို့ လှည့်ကြည့်လာသည်။အစောက အမျက်‌ဒေါသထွက်နေခဲ့သော မျက်နှာထက်တွင် ရုတ်​တရက်​ ​ နူးညံ့​သော အပြုံးတစ်​ခု​ပေါ်လာခဲ့သည်​။

“ရှက်စရာကောင်းလိုက်တာ…အလယ်ပိုင်းလွင်ပြင်က ဧည့်သည်များ ကျေးဇူးပြုပြီး ကျုပ်တို့ကို အရမ်း မမုန်းတီးကြပါနဲ့…"

“အာ…ခင်ဗျား ဘာ‌တွေ ပြောနေတာလဲ…ကျွန်တော်တို့ကို စားစရာတွေရော သောက်စရာတွေပါ ပေးထားတာလေ…ခင်ဗျားက ဒီလောက်ကောင်းတဲ့လူပဲကို…'

"ဟားဟား…ကျုပ်ကလည်း နည်းနည်းတော့ စိတ်တိုလွယ်မိတာပါ…”

"ဟား…ဟား…ဟား…"

ဟွာဆန်းမှ တပည့်များသည် သူတို့နှစ်ဦးကို နားမလည်နိုင်ဟန်ဖြင့် ကြည့်ကြသည်။

'ဒါတွေအားလုံးက ဘာ‌တွေလဲ…'

သူတို့အားလုံး ချွန်းမြောင်က မတူညီသောလူများစွာကို အကြိမ်ပေါင်းများစွာ မတူကွဲပြားစွာဖြင့် စကားပြောဆိုသည်ကို မြင်ဖူးကြသော်လည်း ယခုလို အဘိုးကြီးတစ်ယောက်နှင့် အတူရှိနေသည်ကို မြင်ရသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။

"ဒီမှာ…တစ်ခွက်လောက် သောက်ရအောင်…"

နန်းတော်သခင်က ချွန်းမြောင်ကို သောက်စရာတစ်ခု ပေး၏။တဖက်လူကလည်း ပုလင်းကို လက်နှစ်ဖက်အစား လက်တစ်ဖက်ဖြင့်သာ ကိုင်ထားလေသည်။

နန်းတော်သခင်က ပုလင်းငါးပုလင်းကို တွေ့သည်နှင့် ဘာကြောင့် ဒေါသထွက်မှန်း သူတို့ နားလည်နိုင်ပါသည်။ထိုငါးပုလင်းသည် သူ့အတွက်တောင် လုံလောက်မည်မဟုတ်ပေ။

သူက တပည့်အားလုံး၏ ခွက်များကို မက်မွန်အရက်ဖြင့် ဖြည့်ပေးလေ၏။တခဏအတွင်းမှာပင် အီဆိမ့်နေသော သူ့အရသာက သူတို့၏နှာခေါင်းများအတွင်းထိ ရိုက်ခတ်လာသည်။

“ဟားဟား…လာလာ..သောက်ကြ…"

တပည့်များသည် ကျေးဇူးတင်ကြောင်း ဖော်ပြရန် ဦးညွှတ်၍ သောက်ကြလေသည်။သောက်ကြည့်လိုက်ကြသည်နှင့် သူအားလုံး အံ့သြသွားကြလေသည်။

"ဝိုး…"

“အိုး ဘုရားရေ…”

သောက်ပြီးကြသည်နှင့် စကားအများကြီး မပြောနိုင်ကြတော့ပေ။

"ကောင်းလား…"

“…ခင်ဗျားပေးထားတဲ့ နာမည်နဲ့ ဒီသေရည်နဲ့ လုံးဝလိုက်ဖက်ပါတယ်…”

"ဟား…မင်းကတော့လေ…မင်းရဲ့ငယ်သူငယ်ချင်းက စကားပြောကောင်းတာပဲ…သူက လူတွေကို စိတ်ချမ်းသာအောင် ဘယ်လိုလုပ်ရမလဲဆိုတာ သိတာပဲ…”

ထိုလူက ဘတ်ချုန်း၏ နောက်ကျောကို သူ၏လက်ကြီးဖြင့် ပုတ်လေသည်။

"ဘုန်း.. ဘုန်း.."

ဘတ်ချုန်းက သူ့ခန္ဓာကိုယ်ကို ဂျယ်လီအဖြစ်ပြောင်းသွားသလိုပင် ခံစားလိုက်ရသည်။

သူ့ကို လက်နှင့် ပုတ်နေတာ ဖြစ်ပေမယ့် မြင်းလှည်းတစ်စီး ဝင်တိုက်တာ ခံနေရသလိုပင်။ဘတ်ချုန်းက သူ့အူတွေ ထွက်ကျလာတော့မည်ဟု တကယ်ကို တွေးနေမိတာဖြစ်သည်။

"ဟားဟား…ဒီလိုနေ့မျိုးရှိလာမယ် လို့ ထင်မိပါတယ်..ဇီးပန်းဓား သူ‌တော်စင်ရဲ့ မျိုးဆက်တွေနဲ့ တွေ့ဆုံဖို့ရော…"

ထိုစကားကို ကြားလိုက်သည့် ဂျိုဂုက ပါးစပ် အဟောင်းသား ဖြစ်နေလေသည်။

“ဒါပေမယ့်…”

"ဟမ်…"

“နည်းနည်းတော့ ထူးဆန်းတယ်… ဇီးပန်းဓားသူတော်စင်က ယန်နန်မှာ ‌ကျော်ကြားတယ်လား…”

"ဘယ်လို…"

နန်းတော်သခင်သည် မျက်နှာထက်တွင် ပြုံးနေသော်လည်း မျက်လုံးများသည် အန္တရာယ်ရှိသော အလင်းရောင်တစ်ခုဖြင့် လက်သွားခဲ့သည်။

"ယန်နန်မှာတဲ့လား…ဘာကိုဆိုလိုတာလဲ…ဇီးပန်းဓားသူတော်စင်က ဒီကမ္ဘာကြီးရဲ့ သူရဲကောင်းတစ်ဦးမဟုတ်ဘူးလား…”

“…ဟင်…”

ဘတ်ချုန်းက သူ့မေးခွန်းကို မေးလာသည့်အခါ ထိုလူက ဘတ်ချုန်း၏ တုံ့ပြန်မှုကို နားမလည်နိုင်ဘဲ တခြားမေးခွန်းတစ်ခုကို ထပ်မေးလိုက်၏။

“မဟုတ်သေးဘူး… ဒါဆို ‘နတ်ဆိုးဂိုဏ်းကို ချေမှုန်းခဲ့တဲ့ သူရဲကောင်းငါးယောက်အကြောင်းကို အလယ်ပိုင်းလွင်ပြင်ကလူတွေ မသိဘူးလို့ ပြောနေတာလား…”

"သူရဲကောင်းငါးယောက်...ဒီလိုကိစ္စမျိုး ပထမဆုံးအကြိမ် ကြားဖူးတာပဲ…”

"ဘယ်လို…"

နန်းတော်သခင်သည် အံ့ဩတကြီး ထအော်လေရာ လူတိုင်းက သူတို့နားကို ကာထားကြလေသည်။

“အလယ်ပိုင်းလွင်ပြင်က လူတစ်ယောက်က နတ်ဆိုးဂိုဏ်းကို ချေမှုန်းခဲ့တဲ့ သူရဲကောင်းငါးယောက်အကြောင်း ဘာလို့ မသိရတာလဲ…သူတို့တွေသာ မရှိရင် ယန်နန်နဲ့ အလယ်ပိုင်းလွင်ပြင်တွေက ယုတ်မာရက်စက်တဲ့ နတ်ဆိုးတွေနဲ့ ပြည့်နေမှာပေါ့…ဒါက အလယ်ပိုင်းလွင်ပြင်က လူတွေက ကျုပ်တို့အပေါ်တင်နေတဲ့ သူရဲကောင်းငါးယောက်ရဲ့ ကျေးဇူးကို သိတောင် မသိဘူးလို့ ဆိုလိုတာလား…”

နန်းတော်သခင်က ဒေါသတကြီး အော်ဟစ်လိုက်သည်။သူ၏ခန္ဓာကိုယ်မှ ထွက်လာသော စွမ်းအားသည် ဟွာဆန်းမှ တပည့်များကို တောင့်တင်းသွားစေသည်။

သူတို့ရှေ့တွင် တောင်ကြီးတစ်တောင် ပေါ်လာသလို ခံစားလိုက်ရသည်။အရက်ကို အရသာခံသောက်နေသည့် ချွန်းမြောင်က ဝင်ပြောလာ၏။

“အေ့…က​လေး​တွေကို ဘာလို့စိတ်​ဆိုး​နေတာလဲ…"

"အမ်…အာ ဟုတ်သား..ဇီးပန်းဓားသူတော်စင်ရဲ့ သားမြေးတွေကို စိတ်ဆိုးလို့ ဘယ်ဖြစ်ပါ့မလဲ…”

နန်းတော်သခင်က ရယ်မောပြီး ပြုံးပြလာ၏။

"ဒါဆို အဲ့ဒီအကြောင်းကို မင်းမသိဘူးလို့ ပြောနေတာလား"

“မသိပါဘူး…”

“နတ်ဆိုးဂိုဏ်းကို ယှဉ်တိုက်ရတဲ့စစ်ပွဲမှာ လက်ဖျားခါလောက်အောင် အောင်မြင်မှုရခဲ့တဲ့ သူရဲကောင်းငါးယောက်ကို ဘယ်လိုလုပ် မသိကြတာလဲ…ဒါဆို နတ်ဆိုးဂိုဏ်းက လူယုတ်မာတွေက ဘယ်လိုလုပ် ရှုံးနိမ့်သွားကြတယ်ထင်လဲ…"

"...အလယ်ပိုင်းလွင်ပြင်ကလူတိုင်းက စည်းစည်းလုံးလုံးနဲ့..."

“ကိုယ်ချင်းစာတရားမရှိတဲ့ အလကားဆန်ကုန်မြေလေးတွေ…အဲဒီကောင်တွေက အားအင်ချည့်နဲ့နေတဲ့ အရူးအိုကြီးတွေ…”

"ဝိုး…စိတ်အေးအေးထားပါ…"

“အမ် ဟုတ်သား…အဲဒါ မင်းတို့အပြစ်မဟုတ်ပါဘူး…"

ဘတ်ချုန်းက သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

ဒီကမ္ဘာကြီးထဲတွင် သာမာန်လူများ၊ချွန်းမြောင်နှင့် ချွန်းမြောင်လို လူတွေသာရှိသည်။အခုပြဿနာက ချွန်းမြောင်နဲ့ ချွန်းမြောင်လိုလူ နှစ်ယောက်က တစ်နေရာတည်းမှာ ရှိနေတာပင်ဖြစ်သည်။

'ဒါက ငရဲပဲ…'

'အနည်းဆုံးတော့ ငရဲရောက်နေသလို ခံစားရတယ်…'

နန်မန်သားရဲနန်းတော်သခင်က ခဏလောက်စဉ်းစားပြီး သူ့လျှာကို အသာကိုက်လိုက်သည်။

“နတ်ဆိုးဂိုဏ်းကို ချေမှုန်းခဲ့တဲ့ သူရဲကောင်းငါးဦးက နတ်ဆိုးဂိုဏ်းကို တိုက်တဲ့စစ်ပွဲမှာ ထူးချွန်ပြောင်မြောက်ဆုံးပုံစံကို ပြခဲ့တဲ့ သူရဲကောင်းငါးဦးကို ပြောတာပါ…အဲဒီထဲက တစ်ယောက်က မင်းတို့ရဲ့ဘိုးဘေး ဇီးပန်းဓားသူတောင်စင်ပဲ…တခြားတစ်ယောက်ကတော့ သူ့ရဲ့ရင်းနှီးတဲ့ သူငယ်ချင်း စီချွမ် ထန်မိသားစုက (ဓားမြောင်ပစ်) ထန်ပေါ် ပဲ…ကျန်တဲ့သုံးယောက်တော့...."

ထိုလူက မျက်မှောင်ကြုတ်ကာ ပြော၏၊

“သူတို့ ဘယ်သူတွေလဲတော့ မသိဘူး…”

"အာ့…"

'အဲဒါကဘာလဲ…'

“အစပိုင်းကတည်းက သူရဲကောင်းငါးယောက်ဆိုတဲ့ ခေါင်းစဉ်က ဇီးပန်းဓားသူတော်စင် ရဲ့ ရဲစွမ်းသတ္တိကို မနာလိုတဲ့သူတွေ ဖွဲ့ထားခဲ့တဲ့ ယာယီခေါင်းစဉ်တစ်ခုထက် ဘာမှမပိုပါဘူး…ဒီတော့ သူတို့ကပဲ စုပေါင်းအားထုတ်ခဲ့သလိုမျိုး ထင်ရတာပေါ့…ဒါကြောင့် ဒီလူနှစ်ယောက်ရဲ့ နာမည်တွေကိုပဲ မှတ်ထားဖို့ လိုတယ်…”

ထိုလူက ဂုဏ်ယူစွာပြောလိုက်သည်။

" ဇီးပန်းဓား သူတော်စင်က နတ်ဆိုးဂိုဏ်းကို အနိုင်တိုက်ခဲ့တယ်…"

ထိုစကားကို ကြားလိုက်သည်နှင့် တပည့်များ၏ အရေပြားပေါ်၌ ကြက်သီးများ ထလာတော့သည်…ဟွာဆန်းမှလွဲ၍ အခြားမည်သူ့ထံကမှ ဤအကြောင်းကို ကြားရမည်ဟု မထင်ခဲ့ကြပေ…မဟုတ်ဘူး... ဟွာဆန်းမှာတောင် သူတို့ တစ်ခါမှ မကြားဖူးဘူး…။

သူတို့တွေ ဝမ်းသာဂုဏ်ယူမိသော ခံစားချက်ကို ခံစားမိလာကြသည်...။

"အဟမ်း…"

“…”

ဘတ်ချွန်းက သူ့ခေါင်းကို တစ်ဖက်သို့ ယိမ်းလိုက်၏။

'ဘာလို့လဲ…'

'ဒီအရူးကတော့ ဘာလို့ သူ့ရင်ဘတ်က ဖောင်းလိုက်ပိန်လိုက် ဖြစ်နေတာလဲ…အဲဒီမျက်နှာကရော ဘာလဲ…ဘာလို့ မင်းက အရမ်း ပျော်နေတဲ့ပုံ ပေါက်နေတာလဲ…'

အခြားတပည့်များသည် နန်းတော်သခင်ကို ကြည့်နေကြသောကြောင့် ချွန်းမြောင်၏မျက်နှာ အမူအရာကို မတွေ့လိုက်ကြပေ။

" ဇီးပန်းဓား သူတော်စင်က လုပ်ခဲ့တာလား…"

"မင်းတို့ ဒီအကြောင်းကို မသိဘူးလို့ ပြောနေတာလား…"

“သူက ကမ္ဘာပေါ်မှာ အကောင်းဆုံး ဆရာသခင်တွေထဲက တစ်ယောက်ပဲ…ပြီးတော့ စစ်ပွဲအတွင်းမှာလည်း ကြီးမြတ်တဲ့ အလုပ်တွေကို လုပ်ခဲ့တယ်လို့ ကြားတယ်…ဒါ​ပေမယ့်​ အဲ့ဒါတင်မကသေး​..."

"ဘယ်လို…အကောင်းဆုံး ဆရာသခင်တွေထဲက တစ်ယောက်…ခင်ဗျား ရူးနေတာပဲ…"

နန်းတော်သခင်သည် ထပ်ပြီး ဒေါသထွက်သွားပြန်ပြီထင်သည်။

"ဘယ်လိုအရူးမျိုးက ဇီးပန်းဓားသူတော်စင်ကို အတော်ဆုံးတွေထဲက တစ်ယောက်အဖြစ် ရည်ညွှန်းမှာလဲ…သူက ကမ္ဘာပေါ်မှာ အကောင်းဆုံးဖြစ်ခဲ့တာလေ…နတ်ဆိုးယုတ်တွေတောင် သူ့နာမည်ကို ကြားလိုက်တာနဲ့ ဖနောင့်နဲ့တင်ပါး တစ်သားတည်းကျအောင် ပြေးကြတာလေ…လူတွေက သူ့ကို ဒီလို နိမ့်ကျတဲ့ ခေါင်းစဉ်တွေနဲ့ ဘယ်လိုများ ရည်ညွှန်းရဲတာလဲ…”

"အဟမ်း…"

“…”

'ချွန်းမြောင်…'

'ငါတော့ မင်းကို ရိုက်မိတော့မယ်…'

'ဒါပေမယ့် မင်း ဘာလို့ ဒီလိုတွေပဲ ဆက်လုပ်နေရတာလဲ…'

"ကမ္ဘာပေါ်မှာရှိတဲ့ လူတိုင်းကို သူ ကယ်ပေးခဲ့တာလေ…ယန်နန်ကိုတောင်ပဲ…ရက်စက်ကြမ်းကြုတ်တဲ့ နတ်ဆိုးဂိုဏ်းသားတွေက ယန်နန်ပြည်ကို ရောက်လာတော့ အလယ်ပိုင်းလွင်ပြင်က သောက်ကျိုးနည်း လူယုတ်မာတွေက သူတို့ရဲ့ သဘောထားကို ပြောင်းလဲခဲ့ကြတယ်…ကျုပ်တို့နဲ့ ဝေးရာကို လှည့်ထွက်သွားကြတယ်…ကျုပ်တို့တွေ မျိုးသုဉ်းပျက်ဆီးလုနီးနီး ဖြစ်ခဲ့ကြတယ်…ဒါပေမယ့် ယန်နန်ကို မျက်စိကျနေတဲ့ နတ်ဆိုးကောင်တွေကို တပ်ပြန်ဆုတ်အောင် တိုက်ပေးခဲ့တဲ့ ဇီးပန်းဓား သူတော်စင်ကို ကျေးဇူးတင်ရမယ်…”

“အာ…”

ဘတ်ချုန်းက ခေါင်းငြိမ့်လိုက်သည်။ဤစကားများကို နားထောင်ပြီးနောက် နန်မန်သားရဲနန်းတော်နှင့် ယန်နန်ပြည်နယ်ရှိ အခြားသောဂိုဏ်းများသည် အဘယ်ကြောင့် အလယ်ပိုင်းလွင်ပြင်အပေါ် ရန်လိုမုန်းထားပြီး ဇီးပန်းဓား သူတော်စင်အပေါ် ရင်းနှီးဖော်ရွေကြမှန်း နားလည်နိုင်ခဲ့သည်။

"အဲ့ဒီလို မဟုတ်ဘူး…ဇီးပန်းဓား သူတော်စင်က စီချွမ်ကို တစ်လျှောက်လုံး သွားခဲ့ပြီး အဲ့ဒီအယုတ်တမာတွေကို အမြစ်ဖြတ်ချေမှုန်းပစ်ခဲ့တာ…ပြီးမှ သူတို့တွေ လူခွဲပြီး ယန်နန်ကို တိုက်ခိုက်ဖို့ ကြိုးစားတဲ့အချိန်မှာ သူက ယန်နန်ကိုလည်း ကာကွယ်ပေးခဲ့တယ်…”

“အိုး…”

"သူ့ကြောင့်သာမဟုတ်ရင် နန်မန်သားရဲနန်းတော်က ဟိုးအရင်ကတည်းက ပျက်စီးသွားရောပေါ့…ဒါကို ကျုပ်တို့က သူ့ကို ဘယ်လိုလုပ် မျက်နှာသာမပေးဘဲ နေနိုင်မှာလဲ…အဲ့ဒီကောက်ကျစ်တတ်တဲ့ လူတွေကြားမှာ ဒီလို သူတော်စင်တစ်ယောက် ပေါ်လာတာက ရွှံ့မြစ်ထဲက နဂါးတစ်ကောင် ထွက်လာတာကို မြင်ရသလိုမျိုးပဲ…”

“အာ အဲ့ဒါကြောင့်….”

"ဟုတ်တယ်…အဲ့ဒါကြောင့် ငါတို့နန်မန်သားရဲနန်းတော်က ဇီးပန်းဓားသူတော်စင်အတွက် ဗိမာန်တစ်ခု ပြုလုပ်ပေးပြီး နှစ်စဉ်နှစ်တိုင်း သူ့အတွက် ဘိုးဘေးပူဇော်ပွဲလိုမျိုး လုပ်ပေးကြတယ်…ငါတို့အတွက် သူလုပ်ပေးခဲ့တာတွေအားလုံးက သူ့ကို ကျေးဇူးတင်ကြောင်းမပြရင် ငါတို့က ပိုးကောင်တွေထက်တောင် ပိုဆိုးသွားလိမ့်မယ်…သူက ကျုပ်တို့ ယန်နန်ကို အရမ်းချစ်ပေးခဲ့တဲ့သူတစ်ယောက်ပါ…ဒါကို ကျုပ်တို့ ဘယ်လိုမေ့နိုင်မှာလဲ…"

ထိုစကားကိုကြားတော့ ချွန်းမြောင်သည် ရင်ထဲမှာ နွေးထွေးသွားသလို ခံစားလိုက်ရသည်။

'မင်းကတော့ ဘာတွေပြောနေမှန်းမသိဘူး…'

သူက တိုက်စရာရှိရင် တိုက်တာပဲ။နတ်ဆိုးဂိုဏ်းကလူတွေက အဲ့ဒီနေရာမှာ ရှိရင် သူတို့နောက်ကို သူလိုက်လာမှာပဲ။ပြီးတော့ သူတို့ကို တားမှာပဲလေ။

'သူ ဘာပြောလိုက်တာလဲ…'

'ငါက ယန်နန်ကို ကယ်ခဲ့တာလား…'

'ဟုတ်သား...မင်းက ငါလုပ်ခဲ့တယ်လို့ ပြောနေမှတော့ ငါလုပ်ခဲ့တာပဲပေါ့…'

နားလည်မှုလွဲမှားနေတာ တချို့ ရှိသော်လည်း ဒါကို မှန်အောင် ပြင်ဖို့ ဆန္ဒ ပြင်းပြတာလည်း မရှိပေ။

"သူက ယန်နန်ဘက်ကနေ တစ်ယောက်တည်း ခုခံပေးနေတဲ့အချိန်မှာတောင် အလယ်ပိုင်းလွင်ပြင်က လူတွေက သူ့ကို စီချွမ်ကို ပြန်လာခိုင်းကြတယ်…"

နန်းတော်သခင်၏ မျက်လုံးများသည် ဇာတ်လမ်းကို ထပ်လောင်း ပြောပြနေရင်း စိတ်ထိခိုက်ပြီး မကြာခဏ ပြောင်းလဲနေလေသည်။တစ်ဖက်တွင်မူ ဟွာဆန်းမှ တပည့်များသည် အတော်လေး စိတ်လှုပ်ရှားနေကြသည်။

"အာ...အဲ့ဒီလို ဖြစ်​ခဲ့တာလား…"

"ဇီးပန်းဓားသူတော်စင်က မျှော်လင့်ထားသည့်အတိုင်းပဲ…"

ချွန်းမြောင်က သူ့ခေါင်းသူ စောင်းလိုက်၏။

'အဲဒါဘာလဲ…'

သူဒီလိုမလုပ်ဖူးပါဘူး...

'အာ…'

-တာအိုကျင့်ကြံတဲ့ အကိုကြီး။အဲ့ဒီလူယုတ်မာကောင်တွေက စီချွမ်မှာ ပေါ်လာကြတယ်။

-သွားကြရအောင်။သွားကြစို့။သူတို့ခေါင်းတွေကို ခွဲကြမယ်။

-ဒါပေမယ့် တပ်မှူးက ငါတို့ကို မသွားရဘူးလို့ ပြောနေတာလေ။

-ဟုတ်လား။ဒါဆို ငါတို့ သေချာပေါက် သွားရမှာပေါ့။ငါတို့ကို မတိုက်ဖို့ အမိန့်ပေးရအောင် သူက ဘယ်သူမို့လဲ။သွားကြစို့။

-အင်း..

'အာ...'

'အဲဒါ တစ်ခါတုန်းကလား…'

'ဟူး…ဟူး…'

‘‘မျှော်လင့်ထားတဲ့အတိုင်း လူတွေက သူတို့ရဲ့စိတ်ရင်းကို ချစ်စရာအကောင်းဆုံးနည်းနဲ့ သုံးခဲ့တာပဲ…ဟီးဟီး…'

နန်းတော်သခင်က ပြုံးပြီး ဆက်ပြော၏။

"ဟုတ်ပါတယ်…သူက သူတော်စင်တစ်ယောက်အနေနဲ့ လေးစားခံရပါတယ်…ဒါပေမယ့် သူရဲကောင်းတစ်ယောက်အနေနဲ့လည်း လေးစားခံရထိုက်တဲ့ လူတစ်ယောက်လည်း ဟုတ်ပါတယ်…သူက ကောင်းကင်ပေါ်ထိ မြင့်အောင် တက်သွားပြီး နတ်ဆိုးကောင်တွေကို သူ့နာမည်ကို ကြားရုံနဲ့တင် ဖိန့်ဖိန့်တုန်စေခဲ့တယ်…သူ့ရဲ့အောင်မြင်မှုတွေက ထူးချွန်ပြောင်မြောက်လွန်းလို့ စကားလုံးတွေနဲ့ ပြောပြလို့မရနိုင်လောက်အောင်ပါပဲ…”

"အဟမ်း…"

“…”

ဘတ်ချုန်းက လှည့်လာပြီး ချွန်းမြောင်ကို နောက်တစ်ကြိမ် ထပ်ကြည့်ပြန်၏။

"ဇီးပန်းဓား သူတော်စင်…"

"သူက အရမ်းတော်တာပဲ…"

"အမယ်လေး…"

"ကျုပ်တို့ သူ့ကျေးဇူးတွေကို ဘယ်တော့မှ မေ့မှာမဟုတ်ပါဘူး…"

“အိုး…”

“…”

'ဒါက ရူးနမ်းတာပဲ…'

'မဟုတ်ဘူး…သူ အမြဲတမ်း ရူးသွပ်နေပေမယ့် အခုတော့ လုံးလုံးကြီး မရူးသေးပါဘူး…နန်းတော်သခင်က ဇီးပန်းဓားသူတော်စင်ကို ချီးမွမ်းလိုက်တိုင်း ဒီလူယုတ်မာက သူ့ခန္ဓာကိုယ်ကို လိမ်ပြီး ထူဆန်းတဲ့အသံတွေ လျှောက်လုပ်နေတော့တာပဲ…’

“ဒါကြောင့် အဲ့ဒီလို မြင့်မြတ်တဲ့ လူတစ်ယောက်ရဲ့ သားမြေးတွေကို ဘာလို့ ကြင်ကြင်နာနာ မဆက်ဆံနိုင်ရမှာလဲ…မင်းတို့က ယန်နန်ပြည်နယ်မှာ ဧည့်သည်တွေအဖြစ် ဆက်ဆံခံရတဲ့ အလယ်ပိုင်းလွင်ပြင် တစ်ဦးတည်းသောလူတွေပဲ…ဒီတော့ အနားယူပြီး ပျော်ပျော်ရွှင်ရွှင်နေကြပါ…ယန်နန်ကနေ ကြိုဆိုပါတယ်…”

ထိုလူက ကျယ်လောင်စွာ အော်လိုက်သည်။

"ဘာတွေ စောင့်နေကြတာလဲ…စားကြ သောက်ကြ ပျော်ပျော်နေကြပါ…မင်းတို့အားလုံးက ငါတို့ဆီရောက်လာတဲ့ အဖိုးတန်လူသားတွေပဲ…”

"ဟုတ်ကဲ့ပါ…"

ဆူညံလာသည့် နေရာကို ကြည့်ကာ ချွန်းမြောင်က နွေးထွေးစွာ ပြုံးလိုက်လေသည်။

'ငါ့ရဲ့ ကြီးမြတ်မှုကို သိတဲ့သူတစ်ယောက်ရှိနေတာပဲ…'

'ဒါကြောင့် လူတွေက ဘဝကို ကောင်းကောင်းနေထိုင်သင့်တာ…’

'ဟုတ်တယ်မလား…ဂိုဏ်းခေါင်းဆောင် အကိုကြီး'

'ဟီးဟီးဟီး…'

All Chapters