မင်းတို့ ဒါကို ဘယ်လိုလုပ် မသိတာလဲ(၄)
Vol. 16 Ch. 225
ဟက်..
သူ့ရှေ့တွင် အမွေးများထောင်နေသော သားရဲပေါက်စကို ကြည့်ရင်း ချွန်းမြောင်က ပြုံးလိုက်သည်။
"ထိုင်လိုက်…"
သူတို့အား အမွေးတွေထောင်ပြီး ခြိမ်းခြောက်ဖို့ ကြိုးစားနေသည့် တိရစ္ဆာန်လေးက သူပြောလိုက်သည်နှင့် ကြမ်းပြင်ပေါ် ထိုင်ချလိုက်လေသည်။
"ဒီကိုလာ…"
ရှူး
သူက သားရဲလေးကို လက်တစ်ဖက်နှင့် ကိုင်လိုက်ရာ သားရဲလေးက ချက်ချင်းပင် လှုပ်ရှားလာလေသည်။သူ၏ရှေ့ခြေသည်းများကို ခါယမ်းပြီး ခန္ဓာကိုယ်ကို အကြိမ်ကြိမ်အခါအခါ တွန့်လိမ်ပြနေလေသည်။ထို့နောက် သားရဲလေးက သူ၏ခန္ဓာကိုယ်ကို လှည့်ကာ ချွန်းမြောင်အား သူ့ဗိုက်သားလေးကို ပြ၏။
အခုဆို ဒီသတ္တဝါလေး၏ပုံစံလေးက အတော်လေး ချစ်စရာကောင်းလာ၏။
'ငါတော့ ဒီကောင်လေးအတွက် စိတ်တောင်မကောင်းဘူး…'
‘ဒီကောင် ချွန်းမြောင်ကို စိတ်ပျက်စရာကောင်းတဲ့ ကောက်ရိတ်သမားလို့ မမြင်ဘူးလား…'
'အသက်ဆက်ရှင်ဖို့တော့ စိုးရိမ်စရာပဲ…ဟုတ်တယ်…'
သို့သော် တခြားသူများအတွက်တော့ ထိုမြင်ကွင်းက စိတ်ပျက်စရာကောင်းသည်ဟု ထင်မြင်ရပေသည်။
တစ်ချိန်တည်းမှာပင် အန်နေရင်း အလုပ်များနေသော နန်းတော်သခင်သည် သူ့ကို တည်ငြိမ်အောင်လုပ်ကာ ပြောလေ၏။
“အမ် ထူးဆန်းတယ်…ကျုပ်တို့ ဘတ် က ပုံမှန်ဆို တိုင်းတစ်ပါးသားတွေကို သဘောမကျတတ်ဘူး…"
"ဘတ်…"
“အဲ့ဒါက ဒီသားရဲရဲ့နာမည်ပါ…ဘတ်ဂျုန်းဆိုတဲ့ စကားလုံးကနေ လာတာပါ…”
"ဘတ်ချုန်းလား…"
"ဘတ်ဂျုန်းပါ…"
"ဘတ်ချုန်း…"
'ကျေးဇူးအများကြီးတင်ပါတယ် အရူးကောင် အယုတ်တမာကောင်…'
ဘတ်ချုန်းမျက်နှာမှာ နီရဲလာလေသည်။
"သူက တခြားလူနောက်ကို လိုက်ရတာ မကြိုက်ဘူး…ပြီးတော့ တော်တော် ကြမ်းကြုတ်ရက်စက်တဲ့ကောင်…"
“အာ ဟုတ်လောက်မယ်…အဲ့ဒီလိုဖြစ်မှာပဲ…”
"ကျုပ်တို့ဘတ်က လူတွေနဲ့ပတ်သက်ရင် အရမ်း ဇီဇာကြောင်တာ..တစ်ခါတစ်လေ သူ ဘာလို့ အဲ့ဒီလိုလုပ်သလဲဆိုတာ နားမလည်နိုင်ဘူး….”
"ခင်ဗျားက သူ့အကြောင်းကို ကောင်းကောင်းသိတာပဲ…"
ယွန်းဂျွန်နှင့် ဂျိုဂုတို့သည် အခုအချိန်တွင် ဒေါသထွက်လွန်းလို့ တုန်ယင်နေသော ဘတ်ချုန်း၏လက်များကို ဆုပ်ကိုင်ထားကြ၏။သူတို့ကြောင့်သာမဟုတ်ပါက ဘတ်ချုန်းသည် ယခုလောက်ဆို ချွန်းမြောင်အပေါ် ခုန်အုပ်ပြီးလောက်ပြီဖြစ်သည်။
"စိတ်အေးအေးထားပါ နည်းပြ"
"ဒါကို ပြီးအောင်လုပ်ဖို့ လိုတယ်လို့ နည်းပြပဲ ပြောခဲ့တာမဟုတ်ဘူးလား"
“အာ…”
ဘတ်ချုန်းက သူ့ခန္ဓာကိုယ်ကိုကို ချုပ်ထားတာ ပြေလျော့သွားအောင် ယမ်းခါလိုက်၏။
‘ငါက နန်းတော်သခင်ကို တိုက်ချင်နေတာမှ မဟုတ်တာ…အဲဒီလူယုတ်မာကမှ ငါ့ရဲ့ပစ်မှတ်ပဲ…'
'အဲဒီလူယုတ်မာက သားရဲကို ခေါ်လာခဲ့ပြီး တခြားသူတွေကို လှောင်ပြောင်နေတာ…'
ချွန်းမြောင်က ဘတ်’ဂျုန်း’ကို လည်ပင်းကနေ ဖမ်းကိုင်ပြီး မြေကြီးပေါ် သို့ ချပေးလိုက်၏။သူ့ကို စိုက်ကြည့်နေသည့် ဘတ်ဂျုန်းက ဖြည်းဖြည်းချင်း ထွက်သွားလေသည် ။
သားရဲနန်းတော်သခင်က ထိုသားရဲကို အမှန်တကယ်ပင် ချစ်မြတ်နိုးတာဖြစ်သည်။
“ဟီးဟီး…သားရဲနန်းတော်က တိရစ္ဆာန်တွေက လိမ္မာတဲ့ ကလေးတွေပါ…ဒီတိရိစ္ဆာန်တွေက လူတွေ မနောကောင်းမကောင်း သိကြတယ်လို့ ပြောကြတယ်…အခုပဲ ကြည့်လေ…မင်းက လူကောင်းတစ်ယောက် ဖြစ်မယ့်ပုံပဲ…"
"ဟုတ်ကဲ့ ကျွန်တော်က တာအိုဝါဒီ ကျင့်ကြံတဲ့လူ တစ်ယောက်ပါ…"
ဟွာဆန်းဂိုဏ်း၏ တပည့်များသည် ထိုစကားကိုကြားသောအခါ ပါးစပ်အဟောင်းသား ဖြစ်သွားလေသည်။
တာအိုဝါဒီတစ်ဦးဟု အခိုင်အမာ ဆိုခဲ့သော ချွန်းမြောင်၏ အရှက်ကင်းမဲ့မှုကို သူတို့တွေ အံ့အားသင့်မိလို့ မဟုတ်လား။ဒါမှမဟုတ် သားရဲနန်းတော်မှာတောင် ထိုအရာကို အေးအေးဆေးဆေး လက်ခံနေတဲ့သူကြောင့်များလား။
'ဘာပဲဖြစ်ဖြစ် သူတို့နှစ်ယောက်စလုံးကတော့ ထူးဆန်းနေတာပဲ…'
'ငါအိမ်ပြန်ချင်တယ်…'
"ဒါပေမယ့် ခင်ဗျားပြောတာကို ကောင်းကောင်းနားမထောင်ဘဲ ဒေါသကြီးတတ်တဲ့ သားရဲမျိုးကို ပြုစုပျိုးထောင်ပေးဖို့ လိုအပ်လို့လား…"
“အဲ့ဒါလည်း ဟုတ်တော့ဟုတ်ပါတယ်…ဒါပေမယ့် သူက ဒီနေရာက ဝိညာဉ်သားရဲတွေကြားထဲမှာ တော်တဲ့သားရဲပဲ…ကျားတစ်ကောင်ဖြစ်နေရင်တောင် သူ့ရှေ့က ဖြတ်မသွားရဲဘူး…”
"အဲဒါတော့ မဖြစ်နိုင်ဘူးထင်တယ်နော်…"
"တစ်ခါတစ်လေ အရွယ်အစားက အရာခပ်သိမ်း မဟုတ်ဘူးလေ…"
နန်းတော်သခင်သည် မိမိအရွယ်အစားကို တွေးမိပြီး အထင်လွဲမှားစေသော စကားကို ပြောလိုက်၏။ယခုတော့ ဟွာဆန်းမှ တပည့်များသည် ခေါင်းလေးတွေစောင်းကာ ဧရာမလူသားကြီးကို ကြည့်နေလေ၏။
"တော်လောက်ပြီ…သွားကြရအောင်…"
“ဟုတ်ကဲ့…”
သူ့နောက်ကို မမီမချင်း လိုက်လာသည့် ချွန်းမြောင်က နောက်ပြန်လှည့်ပြီး အော်လိုက်၏။
"သွားကြစို့ ဘတ်…"
“မင်းက လူယုတ်မာကောင်…”
"စိတ်ရှည်ရှည်ထားပါ နည်းပြဘတ်ကလဲ"
"သူ နည်းပြ အကြောင်းပြောနေတာမဟုတ်ပါဘူး…"
“အိုး..”
ဘတ်ချုန်းသည် အခြေအနေတစ်ခုလုံးကို သူသဘောမကျကြောင်း ညည်းတွားပြကာ နန်းတော်သခင်နောက်သို့ တိတ်တဆိတ် လိုက်သွား၏။တကယ်တော့ သူ့ကို တခြားသူတွေက မတားခဲ့ရင်တောင် သားရဲနန်းတော်သခင်ရှေ့မှာ သူက ဘာလုပ်နိုင်မှာမို့လဲ။ထိုကြောင့် သူ့မှာ ပို၍ ပို၍ ဒေါသထွက်လာမိသည်။
ရင်ပြင်ကို ဖြတ်လျှောက်ကြသောအခါ အစောင့်များသည် နန်းတော်သခင်ကို မြင်သည်နှင့် အမြန်ပြေးလာပြီး ဦးညွှတ်ကြလေသည်။
"အရှင်…"
"အရှင် ဘယ်ကို သွားမလို့ပါလဲ…"
သားရဲနန်းတော်သခင်က ဂုဏ်ယူစွာ ပြောလိုက်၏။
"နတ်ဘုရားရေကန်"
"န-နတ်ဘုရားရေကန်…"
တုန်လှုပ်ချောက်ချားနေသော အစောင့်များ၏ မျက်လုံးအကြည့်များသည် သူတို့၏အရှင့်နောက်က လိုက်လာကြသော ဟွာဆန်းမှ တပည့်များဆီသို့ ရောက်သွားကြသည်။ထိုသို့ကြည့်လာသည်ကို မြင်လိုက်ရသဖြင့် ဘတ်ချုန်း၏ အမူအရာမှာ တောင့်တင်းသွားလေသည်။
'နတ်ဘုရားရေကန်က သာမန်နေရာတစ်ခု မဟုတ်လောက်ဘူး…'
'အဲဒါကြောင့် သူတို့က ငါတို့ကို အဲ့ဒီလိုကြည့်ကြနေတာ မဟုတ်လား…တကယ်လို့ အပြင်လူတွေကို ခွင့်မပြုတဲ့ နေရာဆိုရင်…”
“ဧည့်သည်တွေက အမှားကြီးကြီးမားမား ကျူးလွန်ခဲ့လို့ပါလား…သူတို့ကို နတ်ဘုရားရေကန်ကို ခေါ်သွားမလို့လား…”
'အမ်…'
'ဘယ်လို…'
အစောင့်အားလုံးက စူးစမ်းလိုပြီး သံသယဝင်နေပုံပေါ်သည်။ဟွာဆန်းမှ တပည့်များသည် ပြန်လှည့်မသွားဘဲ သူတို့အကြည့်များ၏ အဓိပ္ပာယ်ကို သိလိုစိတ်ဖြင့် ကြည့်နေကြ၏။
သားရဲနန်းတော်သခင်သည် ဒေါသတကြီး အော်ဟစ်လေ၏။
"အမှားတစ်ခုခု ဟုတ်လား…အဲ့ဒါက အဲ့ဒီနေရာကို လူတွေကို ခေါ်သွားဖို့ တစ်ခုတည်းသော အကြောင်းပြချက်လား…”
"ဒါပေမယ့်…အရှင်…နတ်ဘုရား…”
"ငါက အဲဒါကို မသိလို့လား…"
သူ အော်လိုက်သောအခါ အစောင့်များအားလုံးက ချက်ချင်း ဦးညွှတ်လိုက်၏။
“မဟုတ်ပါဘူး အရှင်…ကျွန်တော့်တို့ လုပ်ရပ်တွေ အရမ်းကို မိုက်ခဲ့ပါတယ်…”
“ကျွတ်…”
နန်းတော်သခင်က ထိုလုပ်ရပ်ကို မကျေနပ်ကြောင်း သူ့လျှာကို မထိတထိ ကိုက်လိုက်သည့်အချိန်တွင် အစောင့်များက ချက်ချင်း နောက်ပြန်ဆုတ်သွားကြလေသည်။
'ဝါး…'
'ဒါက အရမ်းထူးဆန်းတယ်…
သူတို့တွေမှာ သားရဲနန်းတော်သခင်သည် ဤနေရာ၌ အန္တိမအာဏာရှင်ဖြစ်ကြောင်း မြင်လိုက်ကြရပြန်သည်။အစောင့်များ၏အကြည့်များတစ်ဆင့် ဆုံးဖြတ်ရလျှင် သူသည် ဟွာဆန်းမှ အကြီးအကဲတစ်ဦး၏ အသက်အရွယ်သို့ ရောက်နေပြီဖြစ်ပေမဲ့ ဒီလူကြီးကို စကား ကျယ်ကျယ် မပြောနိုင်ပေ။
ဟွမ်းဂျွန်သည် သူ့နည်းသူ့ဟန်နှင့် တခြားသူများ၏ မျက်နှာသာပေးခံရသော ဂိုဏ်းချုပ်ဖြစ်ပေမဲ့ သူတို့၏ဂိုဏ်းချုပ်က ဒီလူကြီးရှေ့မှာ မရပ်နိုင်လောက်ဘူးဟု ပြောသည်မှာ ချဲ့ကားပြောနေတာတော့ မဟုတ်ပေ။
'ထန်မိသားစုတောင်မှ ဒီလိုမဟုတ်ဘူး…'
ဤသည်မှာ သားရဲနန်းတော်တစ်ခုတည်း၏ အင်္ဂါရပ်တစ်ခုလား သို့မဟုတ် ယန်နန်ပြည်တစ်ခုလုံး၏ အင်္ဂါရပ်တစ်ခုလားဆိုတာ မသိရသော်လည်း နန်းတော်သခင်သည် ဤနေရာတွင် အာဏာအပြည့်ရှိပုံရသည်။ထိုအာဏာသည် ယန်နန်တွင် ဂိုဏ်းချုပ်တစ်ဦးရှိသည့် အာဏာထက် ကျော်လွန်ပေသည်။
"ထွက်သွားကြ…"
နန်းတော်သခင်က ရှေ့သို့ တိုးလာသောအခါ အစောင့်များက နောက်ဆုတ်သွားကြသည်။အရှေ့ဘက်တံခါးနားက အစောင့်များက တံခါးကို ချက်ချင်း ဖွင့်ပေးလိုက်၏။
“ကျွန်ုပ်တို့အရှင် သက်တော်ရှည်ပါစေ…”
"ကျေးဇူးပြုပြီး သတိနဲ့ လှုပ်ရှားကြပါ…"
လူတွေက အရမ်းနှိမ့်ချပြနေသည်ကို မြင်ရသောအခါ ယွန်းဂျွန်က လျှာကို မထိတထိ ကိုက်လိုက်၏။
"နန်းတော်သခင်က ယန်နန်ရဲ့ဘုရင်ထင်တယ်…"
“အင်း ဟုတ်တယ်…နန်မန်သားရဲနန်းတော်မှာ အဲ့ဒီလိုစနစ်တစ်ခု ရှိမှာပဲ…ဒါ့ထက် ငါတို့ဂိုဏ်းတွေက စနစ်ထက် သူက ပိုပြီး အဆင့်မြင့်မယ့်ပုံပဲ…”
ထိုစကားပြောလိုက်သူမှာ ဘတ်ချုန်းဖြစ်၏။နောက်ပြီး မသဲမကွဲ အသံတစ်သံကိုလည်း ကြားလိုက်ရသည်။
“မဟုတ်ပါဘူး…”
ချွန်းမြောင်က သူ့လက်တွေကို ခေါင်းနောက်မှာ ယှက်ထားပြီး ပြောလိုက်၏။
“သားရဲနန်းတော်သခင်က ဒီလိုမျိုး ဆက်ဆံခံရတယ်ဆိုတဲ့ သတင်းကို တစ်ခါမှ မကြားဖူးပါဘူး…ဆန့်ကျင်ဘက်အနေနဲ့ ဒီနေရာက အုပ်ချုပ်သူတွေက မကြာခဏ ပြောင်းလဲတယ်ဆိုတာတော့ ကြားဖူးတယ်…”
"...ဒါဆို ဘာလို့လဲ…"
“ဒီလောက် သိသာနေတာကို…အဲ့ဒီကြွက်သားကြီးတွေကို တွေ့ပြီးရင် ဘယ်သူက သူ့ကို တိုက်ခိုက်ချင်ဦးမှာလဲ…”
ဘတ်ချုန်းက နန်းတော်သခင်၏ နောက်ကျောကို ကြည့်လိုက်သည်။ထိုလူက သူ့နောက်ကျောပေါ်တွင် တောင်တစ်တောင်ကို ထမ်းထားနိုင်သလိုမျိုး...မဟုတ်ဘူး။သူက အဲ့ဒါကို စောင်းပါးရိပ်ခြည်ပြောနေတာ များလား။
တောင်များ၏နတ်ဘုရားက လှုပ်ရှားနေသလိုပင်။သူ၏ခန္ဓာကိုယ် အပေါ်ပိုင်းကိုသာ ဖော်ထားတာ ကျေးဇူးတင်ရမည်။ခြေလှမ်း တစ်လှမ်း လှမ်းတိုင်း သူ့နောက်ကျောနှင့် ပခုံး ကြွက်သားများက လှုပ်ယမ်းသွား၏။
ထို့အပြင် နန်းတော်သခင်ထံတွင် အလျင်လိုတတ်သည့် စရိုက်နှင့် ကျယ်လောင်သော အော်သံများလည်း ရှိနေသည်ကို သူတို့ သတိထားမိခဲ့သည်...
“… မဟုတ်ဘူး”
"ငါ မသေချင်သေးဘူး…"
"ငါတို့ကို လည်ပင်းညှစ်သတ်ရင် ပိုပြီး မြန်မြန်သေမှာမဟုတ်ဘူးလား…"
အခုတော့ လူတွေက ဒီလူကြီးအပေါ် ဘာကြောင့် သစ္စာရှိလွန်းမှန်း သူတို့ သိသွားပြီဖြစ်သည်။ချွန်းမြောင်က နန်းတော်သခင်ကို ကြည့်ပြီး ပြောလိုက်၏။
“ဟွာဆန်းလည်း ဒီလိုပဲ ဖြစ်သင့်တယ်…”
"မင်း…ထူးထူးဆန်းဆန်းတွေ မပြောစမ်းနဲ့…"
"ငါ့ရဲ့ဟွာဆန်းကို မဖျက်ဆီးနဲ့…"
"အရမ်းကြည့်ကောင်းမှာပဲ…"
သို့သော်လည်း ဟွာဆန်းက တပည့်များက ဘာပဲပြောနေပါစေ ချွန်းမြောင်ကတော့ နန်းတော်သခင်ကို သဘောကျနေပုံရသည်။
ဘတ်ချုန်း၏တပည့်အဖော်များ တုန်တုန်ယင်ယင်ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ ဟွာဆန်း၏အနာဂတ်အတွက် သူ၏စိုးရိမ်ပူပန်မှု ပိုတိုးလာခဲ့သည်။
"လာကြလေ…"
“ဟုတ်ကဲ့…”
သားရဲနန်းတော်သခင်၏ပြောစကားကြောင့် လူတိုင်းက လျင်မြန်စွာ လှုပ်ရှားကြလေသည်။နန်းတော်နောက်ကွယ်ရှိ တောအုပ်ကျယ်ကြီးထဲသို့ လျှောက်သွားရင်း သူတို့၏ခြေသံများမှာ ရောထွေးကုန်ကြသည်။
“ဒါ…ဒါကို တောကြီးမျက်မည်းလို့တောင်လို့ ခေါ်လို့ရတယ်…”
“သစ်ပင်တွေလည်း အများကြီးပဲ…ဒီအပင်တွေကို ငါတို့ပတ်ဝန်းကျင်မှာ တွေ့ရခဲတယ်…”
“နတ်ဘုရားရေကန်ကို ရောက်ဖို့ ဒီနေရာကို ဖြတ်လျှောက်ဖို့ လိုတဲ့ပုံပဲ…ဒါပေမယ့် အဲ့ဒီလိုတုံ့ပြန်ဖို့က ဒီနေရာက သူတို့အတွက် ဘယ်လိုနေရာမျိုးမို့လဲ…”
ထိုစကားကိုကြားသော နန်းတော်သခင်က ပုံမှန်အတိုင်း ပြောပြ၏။
"ဒါက ကျုပ်တို့သားရဲနန်းတော်ရဲ့ မြင့်မြတ်တဲ့နေရာတစ်ခုပဲ…"
"ဘယ်လို…"
“ကျုပ်ပြောခဲ့သလိုပဲ…အဲ့ဒီနေရာက အထွတ်အမြတ်ထားတဲ့နေရာဖြစ်သလို တားမြစ်ထားတဲ့ နေရာတစ်ခုလည်း ဟုတ်တယ်…အဲ့ဒါက ကျုပ်တို့အတွက်တော့ မြင့်မြတ်တယ်လို့ ယူဆကြတော့ ဝင်ခွင့်မရှိဘဲ ဝင်လို့မရဘူး…များသောအားဖြင့်တော့ ကျုပ်တို့ကလွဲလို့ ဘယ်သူကမှ အဲဒီထဲကို ခြေမချကြဘူး…”
“အာ…အဲ့ဒါဆို ဘာလို့လဲ…"
"ဒါပေမယ့် မင်းတို့က အပြင်လူမဟုတ်ဘူးလေ…အပြင်လူတွေ ဒီနေရာအကြောင်းကို ကြားဖူးကြမှာပါ…”
"…ဘယ်လို"
ဘတ်ချုန်းက သူ့ခေါင်းကို စောင်းလိုက်၏။
‘ဒါဆို အခုက ဘာလဲ'
“ကျုပ်ပြောခဲ့သလိုပဲ အဲဒီနေရာက ကျုပ်တို့အတွက် မြင့်မြတ်တယ်…ဒါကြောင့် ကျုပ်တို့ကလွဲလို့ ဘယ်သူမှ ခြေချလို့မရဘူး…ဒါပေမယ့် မင်းတို့တွေက ကျုပ်တို့နန်းတော်ထဲက မဟုတ်ရင်တောင် ကိစ္စမရှိပါဘူး..”
"... ပုံမှန်ဆို အပြင်လူတွေကို ဒီလိုမြင့်မြတ်တဲ့နေရာတွေဆီ မဝင်အောင် တားဆီးရမှာမဟုတ်ဘူးလား…"
"တစ်ခုခု လုပ်ဖို့ လိုအပ်လို့လား…ဝင်လာတာကို တားဆီးမယ်ဆိုရင် တိရစ္ဆာန်တွေ သွားလာနေတာကိုလည်း တားဆီးဖို့ လိုမှာပေါ့…”
"ဒါပေမယ့် တိရစ္ဆာန်နဲ့ လူက မတူဘူး မဟုတ်ဘူးလား…"
"သူတို့က မတူပါဘူး…"
သားရဲနန်းတော်သခင်က ခေါင်းယမ်းလိုက်လေသည်။
“အဆုံးသတ်ကျ လူတွေက ပိုထက်မြက်တဲ့ သတ္တဝါတွေပဲလေ…ကျုပ်တို့က တိရစ္ဆာန်တွေကို ဂရုစိုက်ပြီး ကျုပ်တို့ကြားမှာ ပြုစုပျိုးပေးထောင်တယ်လို့ မင်းတို့တွေ ထင်နေပုံရတယ်…”
“ကျွန်တော် အဲ့ဒီလိုအရာတွေ ကြားဖူးတယ်…”
“ဒါပေမယ့် အဲဒါက တော်တော်မှားနေတာ…ကျုပ်တို့နန်းတော်က တိရိစ္ဆာန်တွေကို ဂရုစိုက်ရုံတင်မကဘူး…ကျုပ်တို့က သူတို့နဲ့ သိပ်ပြီး ကွဲပြားနေတယ်လို့ မထင်ကြဘူး…ဒါကြောင့် ပြဿနာမရှိဘဲ အတူနေနိုင်ကြတာပေါ့…”
ဘတ်ချုန်းက သဘောတကျဖြင့် ခေါင်းညိတ်လိုက်သည်။
“တိရစ္ဆာန်တွေကို မတားမြစ်ဘူးဆိုရင် လူတွေကိုလည်း တားရမှာမဟုတ်ဘူးလေ…ကျုုပ်တို့က အထွတ်အမြတ်ထားရာ နေရာလို့ ပြောရင် အားလုံးအတွက် အဲ့ဒီနေရာက မြင့်မြတ်သွားမှာလား…ဒါကြောင့် အဲ့ဒီနေရာက သဘာဝရဲ့ အစိတ်အပိုင်းတစ်ခုပါ…ကျုပ်တို့က ဒီနေရာကို မြင့်မြတ်တဲ့ နေရာအဖြစ် ယူဆကြတာနဲ့ပဲ တခြားသူတွေက လက်ခံကြမယ်လို့ ကျုပ်တို့ မမျှော်လင့်ပါဘူး…”
"ဒါဆို ပျက်စီးသွားရင်ရော ဘယ်လိုလုပ်မလဲ"
"ဘာတွေ ပြောင်းလဲသွားမှာမို့လဲ…"
“…”
သားရဲနန်းတော်သခင်က ပြုံးလိုက်၏။
“မြင့်မြတ်တဲ့နေရာက မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်ရုံပါပဲ…ဘယ်လိုပုံစံပဲဖြစ်ဖြစ် ကျုပ်တို့အတွက် မြင့်မြတ်နေဦးမှာပဲလေ…တစ်ယောက်တစ်ယောက်ကြောင့် ပျက်စီးသွားရုံနဲ့ မြင့်မြတ်တဲ့နေရာမဟုတ်တော့ဘူးလို့ မဆိုလိုဘူး…အဲ့ဒီလိုနားမလည်တာက မြင့်မြတ်တဲ့ အရာတစ်ခုရဲ့ အယူအဆသဘောတရားကို နားမလည်တဲ့လူတွေရဲ့ အပိတ်အကန်လုပ်မှုပဲ…ဘယ်လိုပုံစံပဲ ဖြစ်ဖြစ် အဲ့ဒါက မြင့်မြတ်နေဦးမှာပဲ…”
“အာ…”
ဘတ်ချုန်းက ထိုစကားများကြောင့် စိတ်မြောသွားလေသည်။အံ့သြစရာကောင်းလောက်အောင် သူ့စကားတွေထဲမှာ လေးနက်သည့် အဓိပ္ပာယ်များ ရှိနေသည်။
'သေချာတာကတော့ သူက အရမ်းတော်တာပဲ…လက်ရုံးရည်ရှိရုံနဲ့ ရှင်ဘုရင်ရဲ့ပလ္လင်ကို မရနိုင်ဘူးလေ…'
ဘတ်ချုန်းက သူ၏ပုံပန်းသဏ္ဍာန်အစား ဒီလူကြီးမှာ အတွေး နက်နဲပြီး ဉာဏ်ပညာရှိသည်ဟု တွေးထင်ခဲ့၏။သို့သော် ချွန်းမြောင်ကတော့ ထိုစကားလုံးများကို သိပ်ပြီး အထင်ကြီးခြင်းမရှိဟန်ဖြင့် ခေါင်းကို တစ်ဖက်သို့ ယိမ်းလိုက်၏။
“ဒါဆို ဒါကို မြင့်မြတ်တယ်လို့ ခေါ်ရမှာလား…”
"အာ…ဟုတ်လား…ကျုပ်လည်း အဲ့ဒီလို မတွေးမိပါဘူး…"
“…”
'မဟုတ်ဘူး…သူက အဲ့ဒီလောက် အတွေးမနက်ဘူး…'
သူတို့တွေ ပိုပြီး လျှောက်လာကြလာလေလေ တောက ပိုပိုနက်လာခဲ့သည်။အခုတော့ သူတို့တွေ တောထဲကို ထိုးဖောက်ဝင်ရောက်နေသည့် အလင်းရောင်ကို တစ်ချက်ကလေးတောင် မမြင်ရတော့။မကြာခင်မှာပင် နေရာက လုံးဝမှောင်မည်းသွားပြီး စိုထိုင်းလာခဲ့သည်။
အဲ့ဒီလောက်ထူထပ်သည့် တောနက်ကြီးတစ်ခုဖြစ်နေရာ သူတို့သွားရာလမ်းတွင် သားရဲတိရစ္ဆာန်အနည်းအကျဉ်းကို အတော်လေး တွေ့လာကြရသည်။သာမာန်ကျားတွေထက် နှစ်ဆလောက်ကြီးသည့် ကျားတစ်ကောင် အိပ်နေတာကို သူတို့ တွေ့လိုက်ရ၏။
'အာ…'
'အဲ့ဒါက အန္တရာယ်မရှိဘူးလား'
'အင်း…'
" မင်း တော်တော် ကြီးလာပြီပဲ…"
ကျားက ဟိန်းဟောက်ပြီး သူ့ဆီသို့ လျှပ်စီးအလျှင်နှင့် ပြေးလာလေသည်။ထို့နောက် ပက်လက်လှန်လဲ၍ သူ၏ဗိုက်ကို ပြသ၏။
'ဟုတ်ပါတယ်…မင်းလည်း ဒီနေရာမှာ အသက်ဆက်ရှင်သန်ဖို့ လိုပါတယ်…’
'အားလုံး ကြွက်သားကြီးရဲ့ သန်မာမှုမှာ တန်းတူညီတူ ရင်ဆိုင်နေရတာပဲ…'
'လူသားရော တိရစ္ဆာန်ရော နှစ်ယောက်စလုံး အသက်မရှင်ဘဲ နေချင်ပါ့မလား…'
ကြောင်တစ်ကောင်လို ချစ်ဖို့ကောင်းနေသည့် ကျားကြီးတစ်ကောင် သင့်ရှေ့မှာ လာအိပ်နေတာကို မြင်ရတာ ထူးဆန်းပါသည်။သို့သော် နန်းတော်သခင်ရှေ့မှာသာ ကြောင်တစ်ကောင်လို မြင်ရတာဖြစ်သည်။
လမ်းခရီးတွင် နန်းတော်သခင်က သူမြင်သမျှ သားရဲတိရစ္ဆာန်အားလုံးကို အဆက်မပြတ် ပွတ်သပ်ပေး၏။
"နတ်ဘုရားရေကန်က အဲ့ဒီမှာပဲ…"
"အာ ငါတို့ နောက်ဆုံးတော့ ရောက်ပြီပဲ…"
ယခင်ကနှင့် မတူတော့ဘဲ ယခုအခါတွင် ထိုလူကြီး၏မျက်နှာထက်တွင် လေးနက်သောအမူအရာတစ်ခု ရှိနေ၏။
"မင်းတို့ရှာနေတဲ့ ခရမ်းရောင်သစ်သားမြက်ကို ယူနန်မှာ နတ်ဝိညာဉ်မြက်လို့ ခေါ်ကြတာ…ဒါပေမယ့် အဲ့ဒီမြက်ကို ကျုပ်တို့ စိုက်တာမဟုတ်ဘူး…နေရာအနှံ့မှာ ပေါက်ခဲ့ပေမဲ့ အခုတော့ အပင်အရေအတွက်က နည်းနည်းလောက်ပဲ အသက်ရှင်ကျန်တော့တာ…”
"ဘာလို့လဲ…"
“လွန်ခဲ့တဲ့ နှစ်တစ်ရာတုန်းက နတ်ဆိုးဂိုဏ်းက ကျုပ်တို့ကို တိုက်ခိုက်တဲ့အချိန်တုန်းက ကျုပ်တို့ အဲ့ဒီမြက်တွေကို မီးရှို့ခဲ့ကြတယ်…”
“…”
“သူတို့က အဲဒီပြဿနာကောင်တွေကို အဲ့ဒါတွေနဲ့အတူ မီးလောင်နေတာ မြင်ချင်ခဲ့ကြတာ…”
"အဲဒါ အလုပ်ဖြစ်ခဲ့ရဲ့လား…"
“မဖြစ်ခဲ့ဘူး…ဘာအကျိုးအာနိသင်မှမရခဲ့ကြဘူး…စစ်သည်တွေက အဲဒီနေရာကနေ ထွက်ပြေးတာ ပိုတောင်မြန်သေးတယ်လို့ ပြောကြတယ်…”
'ဒါဆို ဘာလို့ မီးရှို့တာလဲ…
'မဟုတ်ဘူး…ဒီလိုမျိုး မလုပ်ခင် အရင် စဉ်းစားသင့်တာပေါ့..ဒီလိုမျိုးလုပ်လိုက်တာက အရင်လုပ်ချင်တာလုပ်ပြီးမှ နောက်မှတွေးတာနဲ့ ဘာထူးတော့လို့လဲ…’
"ဘာပဲဖြစ်ဖြစ် အဲဒီအချိန်ကစပြီး မင်းတို့ အဲ့ဒီမြက်ကို ရှာတွေ့နိုင်တဲ့ နေရာတစ်ခုပဲရှိတယ်…နတ်ဘုရားရေကန်ပဲ.."
သားရဲနန်းတော်သခင်သည် ဟွာဆန်း၏တပည့်များနှင့်အတူ တောအုပ်ထူကြီးကို ဖြတ်သန်းသွားကြလေသည်။
"အိုး…"
"ဝိုး…"
သူတို့ရှေ့မှာ ပေါ်လာသည့် မြင်ကွင်းကို ကြည့်ပြီး ဟွာဆန်းမှ တပည့်များမှာ အံ့အားသင့်သွားကြလေသည်။
လှလိုက်တာ။
မဟုတ်ဘူး။လှတယ် ဆိုတာထက် မြင့်မြတ်တယ်လို့ ခေါ်တာ ပိုမှန်မယ်။
ဤစိမ်းလန်းစိုပြေသော တောနက်ကြီး၏အလယ်တွင် ရေကန်ငယ်တစ်ခုရှိ၏။ဤအရွယ်အစားအရဆို ၎င်းကို ရေကန်ငယ်ထက် ရေကန်ကြီးဟု ခေါ်သင့်သည်။
အရမ်းကို ကြည်လင်သည့် ဤရေကန်အနီးတစ်ဝိုက်တွင်သူတို့ တစ်ခါမှ မမြင်ဖူးသော ရောင်စုံပန်းပွင့်များရှိနေသည်။
လှပသော မြင်ကွင်းတစ်ခု ဖြစ်နေသော်ငြားလည်း သူတို့၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ရှိနေသေးသည်။
'ကန်က ဘယ်လောက်နက်လဲ…'
ရေသည် သိသိသာသာကို ကြည်လင်သော်လည်း အောက်ခြေကို မမြင်နိုင်ပေ။အပြာရောင်အလင်းတန်းများ ပိုမိုနက်ရှိုင်းစွာ အောက်သို့ဆင်းသွားသည်နှင့်အမျှ အလင်းတန်းသည် ပိုမို စုပ်ယူခံလိုက်ရသလို ခံစားလာရလေဖြစ်သည်။
'နတ်ဘုရားရေကန်'
နတ်ဘုရားတွေ ကိန်းဝပ်တဲ့ ရေကန်တစ်ကန်လား။
ဒါဆို ရေကန်ကို ဒီနာမည်မှည့်ခဲ့တာ တကယ်ကို မှန်ကန်တာပဲ။နတ်ဘုရားသာရှိရင် ဒီလိုနေရာမျိုးမှာ ရှိလောက်မှာ။
“ဒါက နတ်ဘုရားရေကန်ပဲ…ကျုပ်တို့ ဒီထက်ပိုပြီး သွားလို့မရတော့ဘူး…”
“ဒါဆို ကျွန်တော်တို့…”
“ခဏလေး…”
သားရဲနန်းတော်သခင်သည် မျက်မှောင်ကြုတ်လိုက်၏။
"ကျွန်တော်တို့ အထဲကို မဝင်သင့်ဘူးလား…"
“မဟုတ်ဘူး မင်းတို့ လွတ်လွတ်လပ်လပ် လှုပ်ရှားလို့ရတယ်…ကျုပ် မင်းကို ပြောထားပြီးသားပါ…"
"ဒါဆို ဘာလို့…"
"... ပြဿနာလေးတစ်ခု ရှိလို့ပါ…"
“ဟုတ်ကဲ့…”
“အာ မင်းတို့ အဲ့ဒါကို ကိုယ့်မျက်စိနဲ့ တပ်အပ်မြင်ရရင် ပိုကောင်းမယ်…”
ခဏမျှ တုံ့ဆိုင်းသွားပြီးနောက် ထိုလူကြီးက လက်ကို လှမ်းလိုက်၏။
ဝှစ်…
ဖြတ်သွားသော ယုန်တစ်ကောင်သည် လေထဲမြောက်သွားပြီး နန်းတော်သခင်၏ လက်ဖြင့် အဖမ်းခံလိုက်ရ၏။အနည်းငယ် ထိတ်လန့်သွားသည့် ယုန်က နှာခေါင်းကို ရှုံ့လေ၏။
"အာ…ယုန်က ဘာလို့"
“အင်း… အခု သေချာကြည့်ကြနော်…”
သူက ယုန်ကို ရေကန်ထဲသို့ ပစ်ချလိုက်လေသည်။
ဗွမ်း…
ယုန်သည် ရေကန်အစွန်းတွင် အသာလေး ဆင်းသက်ကာ ရေကန်တစ်ဝိုက်တွင် လှည့်ပတ်သွားနေလေသည်။ပင်ပန်းနွမ်းနယ်နေသည့် နှလုံးသားကို အေးချမ်းစေနိုင်သော မြင်ကွင်းတစ်ခုဖြစ်သည်။
“ဘာတွေ…”
ထိုအချိန်တွင်….
ဗွမ်း….
ဘတ်ချုန်း၏ မျက်လုံးများမှာ ပြူးကျယ်သွားလေသည်။
အနက်ရောင်အရာတစ်ခုက ရေကန်ထဲကနေ တက်လာခဲ့သည်။
“ဘာ…ဘာလဲ…”
"အိ…"
သူတို့တွေ့လိုက်ရသည်မှာ အစွယ်ရှည်ကြီးနှင့် ပါးစပ်အကြီးကြီးတစ်ခုပါသည့် သတ္တဝါကြီးတစ်ကောင်ဖြစ်သည်။ဧရာမပါးစပ်ကြီးသည် ယုန်လေးရှိနေသည့် ဧရိယာတစ်ခုလုံးကို တိတိပပ ဝါးမျိုပစ်လိုက်သည်။
ဂါးးး…
“…”
သူတို့မြင်လိုက်ရသည်က တစ်စုံတစ်ခုက ယုန်ကို တစ်လုတ်ထဲဖြင့် မျိုချလိုက်တာဖြစ်သည်။
“…”
“…”
ရေကန်၏အစွန်းတွင် ကျန်နေခဲ့တာဆိုလို့ ကိုက်ရာအကြီးကြီးများသာ။ဟွားဆန်း၏တပည့်များသည် ဘာမှပြန်မပြောနိုင်ဘဲ ကြောင်ကြောင်အအနှင့် ကြည့်နေကြသည်။ထို့နောက် ရေကန်ပေါ်တွင် လှိုင်းထနေသည်မှာ ငြိမ်ကျသွားသည်။
အချိန်တော်တော်ကြာမှ ယုရီဆိုးက ပြောလိုက်၏။
"...အဲ့..အဲဒါက ဘာလဲ..."
ကျန့်တဲ့သူတွေကလည်း စတင်မေးကြလေတော့သည်။
“အဲ့..အဲ့ဒါက အကြီးကြီးပဲ…ဘာလို့ အဲ့ဒီလောက်ကြီးနေတာလဲ…"
"လူ….လူတစ်ယောက်ဆို တစ်ကိုက်တည်းနဲ့ ကိုက်စားပစ်မယ် ထင်တယ်…"
သားရဲနန်းတော်သခင်က ခေါင်းညိတ်ပြပြီး မျက်မှောင်ကြုတ်လိုက်၏။
“မင်အကြေးခွံရှိတဲ့ သွေးစပါးအုံး…နတ်ဘုရားရေကန်ထဲမှာ နေထိုင်တဲ့ ဧရာမမြွေကြီးပဲ…”
'အိုး…'
'မြွေတစ်ကောင်လား…'
'အဲဒါ နဂါး မဟုတ်ဘူးလား…နဂါး တစ်ကောင်ဖြစ်မှာပါ…'
'ငါတို့ကို ဝင်ခွင့် မပေးတာ မဟုတ်ဘဲ အထဲမှာ ရှိနေတဲ့ ဘီလူးကြောင့် ငါတို့ ဝင်လို့မရတာ မဟုတ်ဘူးလား…အဲ့ဒါကြောင့် ဒီနေရာက မြင့်မြတ်တဲ့ နေရာဖြစ်နေတာလား...'
"ဟား…ဟား…ဟား…"
နှစ်ဘဝစာလောက် အရာများစွာကို မြင်ဖူးသည့် ချွန်းမြောင်ပင်လျှင် အဓိပ္ပာယ်မရှိသော မြင်ကွင်းကြောင့် ရယ်မောမိလေသည်။
(၁)-ဘတ်သည် အဖြူရောင်ဖြစ်သည်။
(၂)ဘတ်ဂျုန်းသည် အဖြူရောင် လျှပ်စီးဖြစ်သည်။