← Chapters

ဘယ်သူက နဂါးကြီးကို ရေကန်ထဲမှာ ထားသွားတာလဲ(၃)

Vol. 16 Ch. 228

ဘယ်သူက နဂါးကြီးကို ရေကန်ထဲမှာ ထားသွားတာလဲ(၃)

Vol. 16 Ch. 228

ချွန်းမြောင်က သူ့နှုတ်ခမ်းများကို လျှာဖြင့် သပ်လိုက်ပြီး ပုလင်းကို ကြည့်လိုက်သည်။

ဝမ်းနည်းဖို့ကောင်းသည်မှာ ထန်ပေါ်က မဟုတ်က ဟုတ်ကတွေ လျှောက်ပြောတတ်သူဖြစ်သော်လည်း အစား စားဖို့နှင့်ပတ်သက်လျှင် ဘယ်တော့မှ မလိမ်တတ်။ထို့ကြောင့် သူ့စကားများက အတော်လေး မှန်ကန်ဖို့ အခွင့်အလမ်းများသည်။

“ကျွတ်…သီအိုရီကတော့ လုံးဝ မှားစရာမရှိပါဘူး…”

ထန်ပေါ်သည် အဆိပ်ကို စားသုံးပြီးနောက် အတွင်းအား ချီသည် ထူးထူးခြားခြား တိုးလာကြောင်း ပြောခဲ့သည်။ထို့ကြောင့် ထိုလူသည် သူတို့၏ခန္ဓာကိုယ်အတွင်းရှိ အဆိပ်ချီကို မကိုင်တွယ်နိုင်သဖြင့် နောက်ဆုံးမှာ သေဆုံးခဲ့ရသည်ဟု ပြောပြခဲ့သေးသည်။

‘အဓိကက အဆိပ်ချီကို လက်ခံပြီးရင် သန့်စင်နိုင်ရမှာ…’

အခြေခံအားဖြင့် ခန္ဓာကိုယ်ထဲရှိ အဆိပ်ချီ သို့မဟုတ် အဆိပ်ကို ကိုင်တွယ်ဖြေရှင်းနည်းမှာ ခန္ဓာကိုယ်ထဲမှ ထုတ်လွှတ်လိုက်ခြင်းပင်…အဆိပ်များက ခန္ဓာကိုယ်၏ သီးခြားထောင့်တစ်နေရာဆီသို့ ရွေ့သွားကာ နောက်ပိုင်းတွင် အပြင်သို့ထွက်သွားနိုင်မှာဖြစ်သည်။

သန့်စင်သွားလျှင် အဆိပ်ကို စွန့်ထုတ်ရမည်။ယေဘူယျအားဖြင့် လူတွေက သူတို့၏ခန္ဓာကိုယ်အတွင်းသို့ အဆိပ်လိုအရာမျိုးကို မစုပ်ယူချင်ကြပေ။

ဒါဆို အဆိပ်ချီကို လက်ခံလိုက်သလိုမျိုး ရူးချင်စရာကိစ္စကို သူက ဘယ်လို လုပ်နိုင်မှာလဲ။ဒါပေမဲ့ ထန်ပေါ်က သူ့ကို အရက်သောက်ပြီး ခန္ဓာကိုယ်ထဲက ချီကို ဘယ်လို ကိုင်တွယ်ရမယ်နဲ့ အဲ့ဒီနောက်မှာ ချီကို ဘယ်လို သန့်စင်ရမယ်ဆိုတာ ပြောခဲ့သည်။အပြင်ကို ထုတ်လိုက်တာထက် ခန္ဓာကိုယ်ထဲမှာ သန့်စင်ရမယ်လို့ တသတ်တမှတ်ပြောခဲ့တယ်။

“…အလုပ်ဖြစ်လောက်မှာပါ…ဖြစ်ကို ဖြစ်ရမယ်…”

ချွန်းမြောင်က သူ့ခေါင်းကို ခါယမ်းလိုက်သည်။

-ကျွန်တော် နောက်နေတာမဟုတ်ဘူး။ကြိုးစားကြည့်ဖို့ ထိုက်တန်တယ်လို့ ထင်တယ်။အထူးသဖြင့် အကိုကြီးအတွက်ပေါ့။တာအိုကျင့်ကြံသူတွေရဲ့ အကြီးမားဆုံး ပြယုဒ်က သန့်စင်တာမဟုတ်ဘူးလား။ကျွန်တော်တို့လို ထန်လူမျိုးတွေကအတွက်က မဖြစ်နိုင်ဘူး။ဘာလို့လဲဆိုတော့ ကျွန်တော့်ရဲ့ခန္ဓာကိုယ်ထဲမှာ အဆိပ်က ရှိနေပြီးသားလေ။ဒါပေမဲ့ အကိုကြီးလိုလူအတွက်တော့ ဖြစ်နိုင်ချေရှိတယ်။အကိုကြီးက ချီကို ကိုင်တွယ်နိုင်တယ်။အဆိပ်ကိုလည်း အပြင်ကို မထုတ်ဘဲ သန့်စင်နိုင်လောက်မယ် မဟုတ်ဘူးလား။အကိုကြီးက ကောင်းကင်နတ်ဆိုးရဲ့ခေါင်းကိုတောင် ရိုက်ခွဲနိုင်တာပဲလေ။

-ငါ သေသွားရင် ဘယ်နှယ့်လုပ်မလဲ။

-ဒါတော့ ကံဆိုးလို့နေမှာပေါ့။ဒါပေမဲ့ အဖိုးတန်တဲ့ စွန့်လွှတ်အနစ်နာခံမှုကြီး ဖြစ်မှာပါ။

ဟုတ်ပါတယ်။ဒါလည်း ပြောပြီးရော ထန်ပေါ် အရိုက်ခံလိုက်ရပါတယ်။

‘တာအိုကျင့်ကြံသူရဲ့ ချီ’

ချွန်းမြောင်တော့ ခံစားချက် သိပ်မကောင်းပေ။သူ့အတွက် ဒီလိုလုပ်ဖို့ လိုအပ်သည့် အခြေအနေ အကြောင်းအကြောင်းနှင့် တွေ့ခဲ့ရပြီဖြစ်သည်။

သူ့ရှေ့မှာ ရှိနေသည့် အရက်ကို သူသောက်ရမည်။ထိုအရာကို အစာခြေဖျက်ခြင်းအားဖြင့် သူ့ခန္ဓာကိုယ်ထဲရှိ ချီကို တိုးလာစေလိမ့်မည်မှန်း သူသိထားသည်။ထိုအရာနှင့်သာဆို အဆိပ်ကိုလည်း ခံနိုင်ရည်ရှိမှာဖြစ်သည်။

ထို့နောက် ချွန်းမြောင်၏ချီမှာ…

ဒီဘဝ ထန်မိသားစုထဲတွင် လေ့ကျင့်ပြီးနောက် သူ၏ချီသည် ထန်မိသားသုံးခဲ့သည့် အဆိပ်များထက် အတော်လေး သာလွန်ကြောင်း သူ အတည်ပြုပြီးသားဖြစ်သည်။

ဤအရာမှာ အတိတ်တုန်းက ချွန်းမြောင် ကြိုးစားကြည့်မှာမဟုတ်သော အရာဖြစ်သည်။တစ်နည်းအားဖြင့် မည်သူကမှလည်း ဒီလိုလုပ်ဝံ့မှာမဟုတ်ပေ။

နောက်ပြီး ထိုသို့ လုပ်နိုင်မည့်သူတစ်ယောက်သာ ရှိခဲ့လျှင်…

ထိုသူမှာ အတိတ်တုန်းကထက် သာလွန်သည့် သန့်စင်သောချီနှင့် အတိတ်ဘဝက ဇီးပန်းဓားသူတော်စင်ထက် သာလွန်သော ချီစွမ်းအားကို စီမံခန့်ခွဲနိုင်မှုတို့နှင့် ချွန်းမြောင်သာဖြစ်နိုင်သည်။

တခြားသူတွေသာ ဒီလိုလုပ်ဖို့ ကြိုးစားခဲ့လျှင် သူတို့၏ပါးစပ်ထဲသို့ အဆိပ်ကို ထည့်လိုက်သည်နှင့် သေသွားလိမ့်မည်။

နောက်ဆုံးတော့ ချွန်းမြောင်က ဆေးနှစ်လုံးကို ဆွဲယူလိုက်သည်။

“ငါ ဒါကို သောက်ဖို့လိုလို့လား…”

-မသောက်ရင်လည်း လွှင့်သာ ပစ်လိုက်တော့။

ယခု သူ ဒီလို လုပ်ရသည့် တစ်ခုတည်းသော အကြောင်းပြချက်မှာ မြွေဆိုးမြွေညစ်ကြောင့်သာ ဖြစ်သော်လည်း ဒီလိုလုပ်ဖို့ သူစဉ်းစားနေခဲ့တာလည်း အချိန်အတော်ကြာခဲ့ပြီဖြစ်သည်။ထို့ကြောင့် သူ ဒါကို ထန်မိသားစုထံမှ ယူတောင် ယူခဲ့ပြီဖြစ်သည်။

သို့သော် အရင်ကတော့ သူ့ကိုယ်သူ စိတ်မပိုင်းဖြတ်နိုင်ခဲ့ဘဲ မသောက်နိုင်ခဲ့ပေ။သို့ရာတွင် အခုတော့ ပြီးပြည့်စုံသည့် အခွင့်အလမ်း သူ့မှာ ရှိနေပြီဖြစ်၏။

“ဒီချီးထုပ်ကြီးနဲ့ ဖြတ်သန်းရတာထက် သေသွားတာ ပိုကောင်းသေးတယ်…”

ချွန်းမြောင်က သူ၏လက်ကို ရဲရဲဝံ့ဝံ့ဖြင့် ဆန့်ထုတ်၍ စိတ်ဝိညာဉ်အတွက် အရေးပါတဲ့ ဆေးလုံးနှင့် ကောင်းကင်ဘုံအဆိပ်ကို ကောက်ယူလိုက်၏။နှောင့်နှေးမနေဘဲ ဆေးနှစ်လုံးစလုံးကို သူ့ပါးစပ်ထဲသို့ ထည့်လိုက်သည်။

အားးး…

သူ့ပါးစပ်ထဲသို့ ဆေးများ ရောက်သွားသည်နှင့် ချက်ချင်း အရည်ပျော်သွားပြီး လည်ချောင်းထဲသို့ ဆင်းသွားလေသည်။

ဝိခ်…

သူ၏အစာအိမ်မှာ ပူလောင်လာသည်။သို့သော် ခဏအကြာတွင် ပူသည်ဟု မခံစားရတော့ပေ။

‘ဒါပဲလား…’

ချွန်းမြောင်ပင်လျှင် သူ့ခန္ဓာကိုယ်၏ တုံ့ပြန်မှု ကင်းမဲ့နေမှုကြောင့် စိုးရိမ်စိတ်ဝင်လာမိသည်။

သူ ဆေးနှစ်လုံးတောင် စားလိုက်ပြီးပြီလေ….စိတ်ဝိညာဉ်အတွက် အရေးပါတဲ့ ဆေးလုံးတွေ နောက်ထပ် နှစ်လုံးလောက် လိုနေတာများလား…နောက်ထပ် နည်းနည်းလောက် လိုနေတာဖြစ်မယ်….

“အားးး…”

ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်သည်။

“ငါ ဘယ်အချိန်ကတည်းက လူကြောက်ဖြစ်သွားတာလဲ…”

‘လူတစ်ယောက်က အရွယ်ရောက်လာရင် သူရဲဘောကြောင်တဲ့သူတွေ ဖြစ်လာတယ်လို့ ပြောကြတယ်… ဒါပေမဲ့ ငါလည်း ငယ်သေးတယ်မဟုတ်ဘူးလား…ငါက ငယ်ရွယ်နေပါလျက်နဲ့ ဘာကို ကြောက်ရမှာလဲ…’

‘ဘယ်လိုပဲဖြစ်ဖြစ် စိတ်ဝိညာဉ်အတွက် အရေးပါတဲ့ ဆေးလုံးက အရေအတွက် ကန့်သန့်ချက်ရှိတယ်…’

သောက်ပြီးပြီးချင်း ပထမတော့ လန်းဆန်းသွားသလို ခံစားရပေမဲ့ ဒါပဲ ဖြစ်သည်။စိတ်ဝိညာဉ်အတွက် အရေးပါတဲ့ ဆေးလုံးက ခန္ဓာကိုယ်အတွင်းရှိ ချီကို တိုးသွားစေသည့် အကျိုးသက်ရောက်မှု မရှိပေ။

ကမ္ဘာပေါ်တွင် အတော်ဆုံးတပည့်များသည် ရှောင်လင်ဂိုဏ်းက တပည့်များ မဖြစ်နိုင်ဘူးလား။

ထို့ပြင် သန့်စင်ကြည်လင်သော ချီကို ဖန်တီးဖို့အတွက် အလဲအလှယ်အဖြစ် ချွန်းမြောင်က အလွန်သေးငယ်သော ပမာဏလေး ဖြစ်ပေါ်လာစေရန် ထပ်ခါထပ်ခါ ကြိုးစားရမှာ မဟုတ်လား။

အဆုံးသတ်ကျ စိတ်ဝိညာဉ်အတွက် အရေးပါတဲ့ ဆေးလုံးက ချွန်းမြောင်အတွက် မဟုတ်ဘဲ ဟွာဆန်းအတွက်သာ အဖြေတစ်ခုဖြစ်သည်။

သူ၏သန့်စင်သော ချီများကို ပုံမှန် ထုတ်လွှတ်နိုင်မည့်အချိန်ကို စောင့်ဆိုင်းရင်း နှစ်ပေါင်းများစွာ အချိန်မဖြုန်းချင်လျှင် သူတစ်ခုခု လုပ်မှဖြစ်သည်။

ဆုံးဖြတ်ချက် ချပြီး တင်ပျဉ်ခွေထိုင်လိုက်၏။ပထမဆုံး အခြေခံအုတ်မြစ်ကို သူတည်ဆောက်ရမည်။

သူ၏ခန္ဓာကိုယ်တစ်လျှောက် ရေများစီးဆင်းနေသည့် အသံများ ကြားနေရသည်။အခုလေးတင် သောက်လိုက်သည့် ဆေးများက သူ၏အစာအိမ်ထဲတွင် အရည်ပျော်သွားပြီး သူ့ခန္ဓာကိုယ်ထဲကို စီးဆင်းနေသည့် မြစ်ကို ဖန်တီးပေးနေသည်။

‘ငါ ဒါကို မစုပ်ယူလိုက်သင့်ဘူး…’

အခုအချိန်မှာ အရေးကြီးသည်က ချီမဟုတ်တော့ပေ။ဤချီကို ထိန်းသိမ်းထားမှဖြစ်မည်။သို့မှသာ အလှလေး၏မျက်ရည်မှ ချီကို စုပ်ယူရန်နှင့် သူ၏ခန္ဓာကိုယ်ကို အဆိပ်ဒဏ်မှ ကာကွယ်ပေးရာတွင် အထောက်အကူ ဖြစ်စေရန် ကြားခံနယ်တစ်ခုအနေဖြင့် ထမ်းဆောင်နိုင်မှာဖြစ်သည်။

‘ငါရဲ့ ဒန်တျန်ကို အာရုံစိုက်ထားရမယ်..’

ချွန်းမြောင်က ဆေးနှစ်လုံးကို သူ၏ဒန်တျန်အား ဝန်းရံထားရန် အသုံးပြုပြီး သူ၏မျက်လုံးများကို ဖွင့်ကြည့်လိုက်သည်။

ချီကျင့်ကြံပျိုးထောင်နေမှုအလယ်တွင် မျက်လုံးများ ဖွင့်ကြည့်ဖို့က တခြားသူများအတွက်တော့ မဖြစ်နိုင်ပေ။ချွန်းမြောင်အတွက်သာ ဖြစ်နိုင်ချေရှိသည်။အဘယ်ကြောင့်ဆိုသော် သူက သာမန်အဆင့်ထက် ကျော်လွန်သွားပြီးသားဖြစ်သောကြောင့်ပင်။

“ဟုတ်ပြီ…”

ချွန်းမြောင်က ညည်းညူလိုက်ပြီး သူ့ရှေ့က ပုလင်းကို ဆွဲယူလိုက်သည်။

“တကယ်လို့ ငါသေသွားရင် ထန်ပေါ် မင်းတော့ သေပြီသာမှတ်…”

‘မင်းက သေပြီးသားဆိုရင်တောင် မင်းကို ထပ်ပြီး သတ်ပစ်မယ်…”

‘သေပြီးသားသူတောင် ပြန်သေနိုင်တာ သေချာအောင် လုပ်ပေးမယ်…’

ထို့နောက် သူက တစ်ကျိုက်တည်း မော့ချကာ သူ့မျက်လုံးများကို မှိတ်ထားလိုက်သည်။

‘အဆင်ပြေမယ့်ပုံပဲ…’

သူ၏အစာအိမ်ထဲသို့ စီးဝင်သွားသည့် အလှလေး၏မျက်ရည်သည် လှုပ်ရှားမှုလည်း မရှိသလို တုံ့ပြန်မှုလည်း မရှိပေ။စီးဆင်းနေသည်ဟူသည့် ခံစားချက်ယောင်ယောင်လေးသာရှိသည်…..

‘ဒီကိုလာနေပြီ…’

ချွန်းမြောင်မှာ ထိတ်လန့်သွားပြီး သူ၏ချီကို မြှင့်တင်လိုက်သည်။အရည်ထဲက အဆိပ်များက သူ၏ခန္ဓာကိုယ်ထဲသို့ လျှင်မြန်စွာ ပျံ့နှံ့သွားလေသည်။ချွန်းမြောင်တောင် ထိုအရှိန်အဟုန်ကြောင့် ကြောက်လန့်သွားမိသည်။

‘ဒါက…’

အရင်ဘဝတွင် ထန်ပေါ် သို့မဟုတ် သန်မာသော လူများနှင့် တိုက်ခိုက်နေချိန်တွင် သူ့အတွက် ဒီလိုမျိုးဖြစ်စေသည့် အဆိပ်မှာ တာဝေးမှ တိုက်ခိုက်မှုများ သို့မဟုတ် သူတို့၏လက်နက်များမှ ဖြစ်သည်။

ဘယ်လောက်တောင် ပြင်းထန်လိုက်လဲ။

အကောင်းဆုံးမှာ ပုလင်းထဲမှာ ရှိသည့် ပမာဏ၏ တစ်ရာပုံ တစ်ပုံ သို့မဟုတ် တစ်ထောင်ပုံ တစ်ပုံလောက် ဖြစ်လိမ့်မည်။ဒါတစ်ခုတည်းနှင့် သူ့ကို သတ်ဖို့ လုံလောက်ပေသည်။သို့သော် သူက ရေတောင်မရောဘဲ တစ်ပုလင်းလုံး တိုက်ရိုက် သောက်ချလိုက်သဖြင့် အခက်တွေ့နေရသည်မှာ သဘာဝပင်။

‘အရမ်းများသွားပြီလား…’

‘ငါ တစ်ဝက်လောက်ပဲ သောက်လိုက်သင့်တာ…’

‘အရက်လား အဆိပ်လားတောင် မစဉ်းစားဘဲနဲ့ ဘာလို့ အမြဲ တစ်ကျိုက်တည်း မော့ချပစ်ရတာလဲ…’

‘အား..ဆရာတူအကိုကြီး…ကျေးဇူးပြုပြီး ကျွန်တော့်အကျင့်ကို ပြင်ပေးပါတော့…”

အဆိပ်က သူ့ခန္ဓာကိုယ်ထဲသို့ လျှင်မြန်စွာ ပျံ့နှံ့သွား၏။ချွန်းမြောင်က အကြောက်အလန့်လွန်သွားပြီး သူ၏ဒန်တျန်ကို ကာကွယ်ရန် ချီများကို တိုးမြှင့်လိုက်သည်။

‘ငါ သတိထားရမယ်…’

‘သန့်စင်ပြီးမှ စုပ်ယူရမယ်…’

‘သန့်စင်ခြင်းနဲ့ ထုတ်လွှတ်ခြင်းအကြောင်းက မဟုတ်သေးပါဘူး…’

သူက အံကိုကြိတ်၍ သူ၏ချီကို စတင် လည်ပတ်လိုက်သည်။သူ၏နောက်ထပ်တစ်ဆင့်က အဆိပ်များ အပြင်သို့ မထွက်တာကို သေချာအောင် လုပ်ရမှာဖြစ်သည်။

‘ဒါက ဘယ်လို အဆိပ်မျိုးလဲ…’

ပြည့်လျှံနေ၏။

သာမန်ရေများ ပြည့်နေသည့် ဖန်ခွက်ထဲသို့ အဆိပ်ပါသည့် ရေများ လောင်းထည့်နေသလိုပင်။အတွင်းထဲရှိ အဆိပ်များသည် တိုးတိုးလာခဲ့သည်။

သူ့ကိုယ်သူ ပေါက်ကွဲထွက်တော့မလို ခံစားနေရသည်….

‘အိုး…’

ချွန်းမြောင်က သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။

“အိုး…”

ထိတ်လန့်သွားပြီး သူ၏မျက်လုံးများကို တင်းတင်းကြပ်ကြပ် မှိတ်ထားလိုက်မိသည်။

‘ငါ ဘာကို မြင်လိုက်ရတာလဲ…’

သူမြင်လိုက်ရသည်ကို မယုံကြည်နိုင်ဘဲ ချွန်းမြောင်က အတည်ပြုရန်အတွက် သူ့မျက်လုံးများကို ဖွင့်လိုက်လေသည်။သူ မြင်လိုက်တာ မမှားပေ…..

အခုလေးတင် အနက်ရောင်ဖြစ်နေသော သူ၏ခန္ဓာကိုယ်မှာ စတင် ဖောင်းကားလာတော့သည်။

‘ဝက်မည်းကြီးကျလို့…’

သူဝတ်ထားသည့် အဝတ်အစားများက သူ၏ဖောင်းကားလာသော ခန္ဓာကိုယ်ကို ထိန်းမထားနိုင်တော့ဘဲ ဟိုဟိုသည်သည် ပြဲစုတ်ကုန်တော့သည်။

မျက်လုံးများကို အလျင်အမြန် တဖန် ပြန်ပိတ်လိုက်ပြီး အာရုံစိုက်လိုက်သည်။တကယ်လို့ ဒီလိုပဲ ဆက်ဖြစ်နေလျှင် သူ၏ခန္ဓာကိုယ်မှာ ပေါက်ကွဲထွက်တော့မည်ဖြစ်သည်။နောက်ပြီး သူ၏အတွင်းအားများ ပြန်ကောင်းမလာခင် သေသွားလောက်သည်။

‘မြန်မြန်လေး…’

သူ့ကိုယ်ထဲ ဖြတ်သန်းစီးဆင်းနေသော ချီက စတင်ပူလောင်လာသည်။

ချွန်းမြောင်၏ဒန်တျန်ထဲမှ သန့်စင်သော ချီသည် ၎င်းကို ဝန်းရံနေသော အဆိပ်ချီကို စတင် ဝါးမြိုပြီး သန့်စင်လေသည်။

ချွန်းမြောင်၏ခန္ဓာကိုယ်အတွင်း ဖြစ်ပျက်နေသည့် အဖြစ်အပျက်များ၏ အရှိန်အဟုန်သည် အတော်လေး ကြီးမားလွန်းသဖြင့် ပေါက်ကွဲတော့မလို ဖြစ်နေ၏။သို့သော် အဆိပ်ချီသည် လျော့သွားပုံမပေါ်ပေ။

အဆိပ်ချီသည် ချွန်းမြောင်၏တခြားခန္ဓာကိုယ်အစိတ်အပိုင်းများကို မထိခိုက်မိကြောင်း ဖြစ်နိုင်သည်။သို့မဟုတ် ဒန်တျန်အနားရှိ အဆိပ်ချီက ပျောက်ကွယ်သွားကြောင်း ဖြစ်နိုင်သည်…ထို့ကြောင့် အဆိပ်ချီအားလုံးက ဒန်တျန်ဆီသို့ တဟုန်ထိုး ပြေးလာကြသည်။

‘ငါ ဒါကို ရပ်ပစ်ဖို့လိုတယ်’

သူ၏ဒန်တျန် အနီးတစ်ဝိုက်တွင် ရှိနေသည့် ကောင်းကင်ဘုံအဆိပ် ဆေးလုံးနှင့် စိတ်ဝိညာဉ်အတွက် အရေးပါတဲ့ ဆေးလုံး၏ ချီများသည် အဆိပ်ချီများကို ပိတ်ဆို့တားဆီးထား၏။

ခန်း…ဘန်း…ခွမ်း…

သူ၏ခန္ဓာကိုယ်မှာ အတွင်းပိုင်းထဲမှ ပြိုကျနေသလို ခံစားရသည်။

သူ့ကိုယ်သူ အာရုံစိုက်နိုင်ရန် အစွမ်းကုန် ကြိုးစားပြီး အဆိပ်ချီများကို သန့်စင်သောချီများအဖြစ် စတင်သန့်စင်ကာ သူ၏ဒန်တျန်ထဲသို့ လမ်းကြောင်းပေး၏။

ဝုန်းးး….

သူ၏ခန္ဓာကိုယ်မှာ ရုတ်တရက်ကြီး ဖောင်းကာလာပြီး နောက်ပြန်ကန်လာသည်ကို ခံနိုင်ရည် မရှိတော့ဘဲ ချွန်းမြောင်၏ခန္ဓာကိုယ်ထဲရှိ သွေးကြောများသည် နောက်ဆုံးတော့ စတင် ပေါက်ထွက်လာတော့သည်။သူ၏နှာခေါင်းနှင့် ပါးစပ်ထဲမှ သွေးတွေ စတင်ယိုစိမ့်လာလေ၏။ထို့နောက် သွေးစက်များ ကြမ်းပြင်ပေါ်သို့ တစ်စက်စက်ကျသံက ရိုးတိုးရွတဖြစ်စဖွယ် အသံများ ဖြစ်ပေါ်စေ၏။

သူက ချီများကို သန့်စင်ပေးနေလျှင်တောင် အဆိပ်ချီများမှာ အဆုံးမရှိပေ။

‘အား…မင်းပဲ အနိုင်ရမလား…ငါပဲ အနိုင်ရမလား ကြည့်ရတာပေါ့…’

ချွန်းမြောင်က နာကျင်မှုကို သည်းခံပြီး စတင်၍ ပိုပို ကြိုးစားလေသည်။

“…”

“…”

အခန်းအရှေ့တွင် ရှိနေကြသော ဟွာဆန်းမှ တပည့်များ၏ စိုးရိမ်နေသောမျက်လုံးမှာ အမူအရာများ ပြောင်းသွားကြသည်။

“တစ်ခုခု မခံစားမိကြဘူးလား…”

“ရုတ်တရက်ကြီး တစ်ခုခု ထူးဆန်းနေလိုပဲ….တစ်ခုခုတော့ လွဲနေပြီ….”

ဒုက္ခတွေ့တော့မည်ဟု ခံစားမိနေသော ဂျိုဂုက သူ၏နှုတ်ကို ဖွင့်ဟလာ၏။

“တစ်ချက်လောက်တော့ ကြည့်သင့်တယ်နော်…”

“အာ…”

“သူက ငါတို့ကို အထဲ ဝင်မလာနဲ့လို့ ပြောတယ်လေ…ဒါပေမဲ့ မကြည့်နဲ့လို့မှ မပြောတာ…ဟုတ်ဘူးလား…”

ဘတ်ချုန်းက တောက်ပစွာ ပြုံးပြပြီး ခေါင်းညိတ်လိုက်၏။

“ကောင်းလိုက်တဲ့ အသက်ကယ်ပေါက်…မင်းတောင် တော်တော် အရွယ်ရောက်လာပြီပဲ…”

“ဒါတွေက နည်းပြကို ကျေးဇူးတင်ရမှာပါ…”

“ဟုတ်တာပေါ့…ဒါဆို မင်းတာဝန်ထားလိုက်ပြီ…မင်းကို ငါတားနေဖို့ မလိုတော့ဘူး…သွား လုပ်ချေတော့…”

“…”

သို့သော် နှစ်ယောက်သား လှုပ်တောင် မလှုပ်ဘဲ ခဏကြာအောင် တိတ်ဆိတ်နေကြ၏။ထို့နောက် ဂျိုက ပြောလိုက်သည်။

“…နည်းပြ နည်းပြလည်း စရိုက်တွေ တော်တော် ပြောင်းလဲသွားပြီ…”

သူ ထိုစကားကို မကြိုက်သော်လည်း ဘတ်ချုန်းက သူ၏ဂျူနီယာဆီမှ စကားများကို အေးအေးဆေးဆေး လက်ခံလိုက်သည်။

“တံငါးနားနီး တံငါ…မုဆိုးနားနီး မုဆိုးဖြစ်မှာပဲ…ချွန်းမြောင်အနားနေမှတော့….မင်းရဲ့ စရိုက်လည်း ပြောင်းလဲသွားမှာပဲ…”

“သိခွင့်ရလို့ ဝမ်းသာပါတယ်…ဒါပေမဲ့….”

“အချိန်ဖြုန်းမနေနဲ့…စစ်ဆေးကြည့်လိုက်တော့…”

“…ဟုတ်ကဲ့…”

ဂျိုဂုက တိုးတိုး ရေရွတ်၍ ချွန်းမြောင်၏အခန်းဆီကို လျှောက်သွားလေသည်။

“သူ ကျွန်တော် လာတာကို မကြားလောက်ဘူးမလား…”

သူတို့တွေ အခန်းအနားသို့ ချဉ်းကပ်လာသည်ကို ချွန်းမြောင်က သေချာပေါက် သတိထားမိလောက်ပြီဖြစ်သည်။သို့သော် အခန်းထဲမှ ဘာအော်သံမှ ထွက်မလာသောကြောင့် သူ တခြားတစ်ခုခု လုပ်နေတာ ဖြစ်ရမည်။

‘တကယ်ပဲ ဒီလောက်ထိပျောက်အောင် ဘာတွေလုပ်နေတာလဲ….’

ဂျိုဂုက အရှေ့သို့ တိုးသွားပြီး ပြတင်းပေါက်တွင် သူ့လက်ချောင်းလေးဖြင့် အပေါက်တစ်ပေါက် ဖောက်လိုက်သည်။သူတို့အတွက် သားရဲနန်းတော်၏ တံခါးကို အပေါက်ဖောက်ခြင်းသည် ကောင်းသော အမူအကျင့်မဟုတ်ဟု ပြမထားသော်လည်း ဂျိုဂုအတွက်တော့ ပြတင်းပေါက်ကို အပေါက်ဖောက်တာ ပိုကောင်းပုံရသည်။

သူက အသက်ပြင်းပြင်းရှူပြီး သူ၏လက်ချောင်းလေးကို စတင်အသုံးချလေသည်။

“…”

အခန်းထဲသို့ ကြည့်နေသည့် ဂျိုဂုက လျှင်မြန်စွာ ပြန်လှည့်လာသည်။

ထို့နောက် ပြုံးလိုက်၏။

“နည်းပြ..”

“ဘာလဲ…အဲ့ဒီခွေးကောင်လေး ဘာတွေ လုပ်နေတာလဲ…”

“သူ ဘာတွေလုပ်နေမှန်း ကျွန်တော်လည်း မသိပါဘူး…”

“…အာ…”

“ဒါပေမဲ့ ကျွန်တော်တို့ ထွက်ပြေးဖို့ လိုမယ်ထင်တယ်နော်…”

“…အမ်…”

“မြန်-မြန်မြန်လေး…”

“အာ…”

ဂျိုဂုက ပြောပြောဆိုဆိုနှင့် စတင်ပြေးလေရာ ကျန်တဲ့သူတွေကလည်း သူ့နောက်သို့ လိုက်ကြလေသည်။

ဘတ်ချုန်းက ဂျိုဂုကို ကျော်သွားပြီး နောက်ပြန်လှည့်ကြည့်ကာ မေးလိုက်၏။

“ဒါပေမဲ့ ငါတို့က ဘယ်သူ့ဆီကနေ ပြေးနေရတာလဲ…အဲ့ဒီအခန်းဆီကလား…သားရဲနန်းတော်ဆီကလား…”

“အား ကျွန်တော်လည်း မသိဘူး…ပြေးသာပြေး…”

“မဟုတ်သေးပါဘူး…ပြောပြစမ်းပါ…ငါတို့က ဘာလို့ပြေးနေကြတာလဲ….”

ထိုစဉ်

ဘတ်ချုန်းက ပြန်လှည့်ကြည့်လိုက်၏။

“အား မဟုတ်ဘူး…”

ချွန်းမြောင်၏အခန်းအပါဝင် နန်းတော်တစ်ခုလုံး စတင် တုန်ခါလာသည်။ဘတ်ချုန်း၏ မျက်နှာမှာ ဖျော့တော့သွားပြီး နန်းတော်ကြီး တုန်လှုပ်သွားသည့် အရပ်မျက်နှာသို့ ကြည့်လိုက်လေသည်။

“အား အား အဲ့ဒီအရူးကတော့လေ…ဒါက သားရဲ….”

ခွမ်းးး….

သူ့ဘက်က မပြီးသေးခင် ပေါက်ကွဲမှု တစ်ခု ဖြစ်သွား၏။နန်းတော်၏တစ်ခြမ်းလုံး ကွဲကြေကုန်သည်။

“ဘ-ဘယ်လို….”

“အဲ့ဒါက…”

ထွက်ပြေးဖို့ကို မေ့သွားပြီး သူတို့အားလုံး ရပ်ကာ ထိုမြင်ကွင်းကို လှည့်ကြည့်နေကြ၏။

သူတို့အားလုံး အမည်းရောင်စက်လုံးတစ်လုံးကို မြင်လိုက်ရသည်။

သူတို့ရှေ့တွင် အလွန်ကြီးမားသော အနက်ရောင် ရေဝဲတစ်ခု ရှိနေသည်။ကောင်းကင်သို့ အဆုံးမရှိ တက်လာသော နတ်ဆိုးနဂါးဟု ‌ခေါ်သည်က ပိုမိုသင့်လျော်ပေမည်။

ခွမ်းးးး ခွမ်းးး

ဝဲကြီးက ဖန်တီးထားသည့် လေသည် ကမ္ဘာပေါ်က အရာအားလုံးကို စုပ်ယူနိုင်သည့် အရှိန်အဟုန်မျိုး ရှိ၏။

“ဒီလိုဖြစ်​​အောင်​ သူ အခန်းထဲမှာ ဘာလုပ်​​နေတာလဲ…”

“ဒါ အမှန်ပဲ…”

ထို့နောက် ထိုအနက်ရောင် လေဝဲကြီး၏အရောင်သည် တဖြည်းဖြည်း ပြောင်းလဲလာလေသည်။

၎င်း၏ စွမ်းအားကို ကမ္ဘာပေါ်သို့ ထုတ်လွှတ်လိုက်သကဲ့သို့ အနက်ရောင်ဝဲကြီးသည် ပထမဆုံး မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွား၏။ထို့နောက် လုံးဝ စွတ်စွတ်ဖြူနေသော အလင်းရောင်တစ်ခု ဖြစ်လာကာ နောက်ဆုံးတွင် ကြည်လင်လာသည်။

သို့သော် ထိုဝဲကြီးအနားရှီ လေပြင်းများသည် အနည်းငယ်မျှ မလျော့သွားသေးပေ။မဟုတ်ဘူး။ပိုပိုမြန်လာပြီး ပို၍ ပြင်းထန်လာခဲ့သည်။

“အာ…အိုးးး…”

အရာအားလုံး စုပ်ယူသွားတော့မလို ခံစားလိုက်ရပြီး တစ်ချိန်တည်းမှာပင် ဂျိုဂု၏ခန္ဓာကိုယ်မှာ လေထဲတွင် စတင် လွင့်မျောလာသည်။

“အာ့…”

“ဂျိုဂု…”

တပည့်များသည် ဂျိုဂု၏ခြေကျင်းဝတ်များကို အမြန်လှမ်းဆွဲကာ မြေပြင်ပေါ်သို့ ဆွဲခေါ်နေကြရသည်။

“အားးး…’

သို့သော် လေက ဆွဲယူထားသဖြင့် ဂျိုဂု၏ခန္ဓာကိုယ်သည် စက္ကူအရုပ်လို တဖျပ်ဖျပ် လွင့်နေတော့သည်။

“အာ…သေလိုက်ပါတော့…ချွန်းမြောင် မင်း ခွေးမသား…ကျေးဇူးပြုပြီး ဒီလိုမျိုးတွေမလုပ်ပါနဲ့တော့…”

ထိုအရာသည် သူတွေးတောနိုင်သည့် တစ်ခုတည်းသော အရာပင်ဖြစ်သည်။

ချွန်းမြောင်ကတော့ သူ့စကားများကို ကြားနိုင်ပါ့မလားတောင်မသိပေ။

အာ့…

အလန့်တကြားဖြင့် ခုန်ပေါက်နေကြသော နန်းတော်တစ်ဝိုက်ရှိ သားရဲများသည် ဝဲကြီးဆီမှ တွန်းအားကို မထိန်းနိုင်ဘဲ စုပ်ယူခံလိုက်ကြရသည်။

ဘတ်ချုန်းက မော့ကြည့်ပြီး အော်လိုက်၏။

“အဲ့ဒီမသာကောင်ကို တစ်စုံတစ်ယောက်က တားပေးကြစမ်းပါ…”

‘ဘယ်သူကလဲ…’

‘အဲဒီခွေးမသားကို ဘယ်သူက တားနိုင်မှာလဲ နည်းပြ’

နောက်ဆုံးတွင် ထိုလေဝဲကြီး၏အလယ်တွင် ချွန်း‌မြောင်၏ပုံရိပ်ကို တွေ့ရလေသည်။သူက တင်ပျဉ်ခွေလျက် လေထဲသို့ မြောက်တက်သွားခဲ့တာဖြစ်သည်။သူသည် ချီစွမ်းအားကို ကျင့်ကြံပျိုးထောင်နေသကဲ့သို့ အလွန်တည်ငြိမ်အေးချမ်း၍ ငြိမ်သက်နေပုံ‌ပေါ်နေသည်။

သူကြည့်ရတာ အရမ်းတွေ အေးဆေးတည်ငြိမ်နေသဖြင့် တပည့်များက သူ့ကို ပိတ်ထိုးချင်နေကြသည်။

လက်သီးကို တင်းတင်းဆုပ်နေကြ၏။

ဝုန်း…

ပိုဆိုးသည်မှာ အနီးနားရှိ အဆောက်အဦး၏ ခေါင်မိုးများ စုတ်ပြတ်သွားလေသည်။ထိုအချိန်တွင် ဆက်သာ ဖြစ်ခွင့် ပေးထားလျှင် နန်းတော်တစ်ခုလုံး ရှုပ်ပွသွားလောက်သည်။

ခွမ်း…

ပေါက်ကွဲသံကြီးနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော ချီများသည် နေရာအနှံ့ ပေါက်ကွဲကုန်သည်။

“အာ့…’

“ယား မင်း အယုတ်တမာကောင်…”

ဟွာဆန်းမှ တပည့်များသည် ချီမုန်တိုင်းမိပြီး အားလုံး လေထဲသို့ ပစ်ချခံခဲ့ရသည်။

ဘန်း…ဘန်း…ဘန်း…

လေအဝှေ့ခံလိုက်ရသော ဟွာဆန်းမှ တပည့်များသည် ညည်းတွားကုန်ကြသည်။

ရုတ်တရက် အရာဝတ္ထုများကို စုပ်ယူဖို့ကြိုးစားရင်း အလုပ်များနေခဲ့သည့် လေဝဲကြီးက အခုတော့ ချီများကို ကမ္ဘာကြီးထဲသို့ ထုတ်လွှတ်နေလေသည်...ကမ္ဘာကြီးတစ်ခုလုံးကို မှုတ်ထုတ်ဖို့ ကြိုးစားနေသလိုပင်။

အဆောက်အဦးများ ပြိုကျပြီး သားရဲများ အလန့်တကြား ပြေးလွှားရရုံကလွဲလို့ ဘာမှတော့မဖြစ်ခဲ့ပေ...

“…ဒါ…ဒါ မကောင်းတော့ဘူး…”

ဟွာဆန်းမှ တပည့်များသည် ပျက်စီးနေသောပတ်ဝန်းကျင်ကိုမြင်လိုက်သောအခါ အံ့အားသင့်သွားကြလေသည်။

ထိုစဉ်

လူတစ်ယောက်သည် တလိပ်လိပ်ထနေသော ဖုန်မှုန့်များကြားမှ ဖြည်းညှင်းစွာ ဖြတ်လျှောက်လာသည်။ယခုချိန် ကမ္ဘာပေါ်တွင် အပျော်ဆုံးလူဟု ထင်ရသည့် ချွန်မြောင်က ဟွာဆန်းမှ တပည့်များကို မြင်သည်နှင့် ပြုံးပြလိုက်သည်။

“အခုပဲ အဲ့ဒီမြွေစုတ်မြွေနာကို သွားဖမ်းရအောင်…”

“…”

‘ငါတို့က မင်းကို ဖမ်းမယ့်သူတွေပဲ ခွေးကောင်လေးရ..

‘ကျေးဇူးပြုပြီး စိတ်လေးဘာလေး ထိန်းပြီး လုပ်စမ်းပါကွာ…’

All Chapters