← Chapters

မင်းတို့ ဒါကို ဘယ်လိုလုပ် မသိတာလဲ(၂)

Vol. 16 Ch. 223

မင်းတို့ ဒါကို ဘယ်လိုလုပ် မသိတာလဲ(၂)

Vol. 16 Ch. 223

ဟွာဆန်းမှ တပည့်များ၏အတွေး။

'ဇီးပန်းဓားသူတော်စင်'

'သူက အရမ်းတော်တာပဲ...'

'ဟုတ်တာပေါ့…အဲဒီလူက ဟွာဆန်းရဲ့ ကျက်သရေဆောင်ပဲလေ…’

'ဒါပေမယ့် သူက ဟွာဆန်းမှာပဲ တော်တော်နာမည်ကြီးတာ…တခြားနေရာတွေမှာ သူ့ကို သိပ်အလေးမထားကြဘူး…သူတို့တွေ ဝူတန်ဂိုဏ်းက တပည့်တွေနဲ့ တွေ့တုန်းကတောင် ဝူတန်က အကောင်းဆုံးပဲဆိုပြီး လှောင်ပြောနေခဲ့တာမဟုတ်ဘူးလား…’

‘ဟွာဆန်းရဲ့ ကျက်သရေဆောင်’'

"နောက်ပြီး အဲ့ဒီပုဂ္ဂိုလ်က ယန်နန်ရဲ့ ဂုဏ်အသရေအဖြစ် အသိအမှတ်ပြုခံရတာပဲ…"

ဘတ်ချုန်းက လက်ကမ်းပြီး သူ၏ဖန်ခွက်ကို ဆုပ်ကိုင်ကာ မော့ချလိုက်သည်။

"ဟား…"

သေရည်ရနံ့က သူ့ပါးစပ်ထဲသို့ ပျံ့နှံ့သွားပြီး သူ့စိတ်တွေ အေးချမ်းသွားသလို ခံစားလိုက်ရသည်။သူ့ကို ရင်ကော့စေလာသည့် ဂုဏ်ယူမှုကို ချိုးနှိမ်ရန် ခက်ခဲလှသည်။ဟွာဆန်းက ဘယ်အချိန်တုန်းက ဒီလောက်ထိ အသိအမှတ်ပြုခံခဲ့ရတာလဲ။

ဘတ်ချုန်းသည် ဟွာဆန်း၏ တပည့်တစ်ယောက်ဖြစ်သည်။သူ့ဘိုးဘေးတစ်ယောက်က ဒီလောက်ထိ အသိအမှတ်ပြုခံရသောအခါ သူ ဘယ်လိုလုပ် မပျော်ဘဲနေနိုင်ပါ့မလဲ။

သို့သော်

'စိတ်အေးအေးထားစမ်းပါ…'

လူတွေဆိုတာ အရမ်းပျော်နေချိန်တွေဆို အမှားတွေလုပ်မိတတ်ကြသည်။ဤသည်မှာ နန်မန်သားရဲနန်းတော်ဖြစ်သည်။သူတို့ အခုဘယ်လောက်ပဲ ရင်းနှီးဖော်ရွေနေပါစေ၊အရာရာက အမြဲတမ်း ပြောင်းလဲသွားနိုင်သည်။

“ဒါဆို…”

ဘတ်ချုန်းက စကားပြောဖို့ ကြိုးစားသည့် အခိုက်အတန့်ပင်ဖြစ်သည်။

ဂလု ဂလု ဂလု...

“…”

"ဂွပ်…ထပ်သောက်ရအောင်…"

ချွန်းမြောင်သည် မက်မွန်အရက်ကို ငုံ့ကြည့်လိုက်သည်။

ဘတ်ချုန်း၏မျက်နှာမှာ မည်းမှောင်သွားလေသည်။

'နန်းတော်သခင်ရှေ့မှာလေ'

'နန်းတော်သခင်ရှေ့မှာတောင် သူက ဒီလိုလုပ်နေတာပဲလား'

“ကျွတ်…ဒီဟင်းက အရသာရှိလိုက်တာ…ကျွန်တော် ဒီ​နေ့တော့ အရက်မူးလောက်တော့​မယ်​ထင်​တယ်​…"

"ဟားဟားဟား…သွေးပူတတ်တဲ့လူငယ်လေးပဲ…ကြိုက်သွားပြီဟေ့…မင်း သောက်ချင်သလောက် သောက်ပါ…မင်းတို့…နောက်ထပ် မက်မွန်အရက်တွေ ပိုယူလာခဲ့ကြ…များများလေးယူလာကြ တွန့်ဆုတ်မနေကြနဲ့…"

"အ…အရှင်…"

သူသည် အစေခံတစ်ဦးက ဘာမှပြန်မပြောဝံ့သည့်ပုံစံဖြင့် ပြောနေသော်လည်း အစေခံက သူအတတ်နိုင်ဆုံး ကြိုးစားပြောနေဆဲဖြစ်သည်။

"ကျွန်တော်တို့ ကုန်လှောင်ရုံထဲက အကုန်လုံးကို ယူလာခဲ့ကြတာပါ…"

"အာ့…ဒါဆိုရင် ဘဏ္ဍာတိုက်ထဲကဟတွေလည်း ယူလာခဲ့…ဒီနေရာမှာ နောက်ထပ် နှစ်သေတ္တာလောက် ရှိနေမှဖြစ်မယ်…"

"အဲ့…အဲ့ဒါက နန်းတော်သခင်ရဲ့ မြေးတော်မင်္ဂလာပွဲအတွက်..."

"တယ်…ငမိုက်သားကတော့…"

ခွမ်း

နန်းတော်သခင်က စားပွဲကို ဆောင့်ရိုက်ချလိုက်သည်။စားပွဲသည် လေပေါ်ပျံသွားပြီး ပြန် ပြုတ်ကျသွားသည်။

ထိုအချိန်အတောအတွင်း ချွန်းမြောင်သည် ပုလင်းတွေထဲက တစ်ပုလင်းမှ ယိုဖိတ်ခြင်း သို့မဟုတ် မကွဲကြော င်းသေချာစေရန် ပုလင်းများကို ဆွဲယူလိုက်သည်။ဒါကို မြင်လိုက်သည့် ဘတ်ချုန်းက သက်ပြင်းချပြီး မျက်လုံးမှိတ်လေသည်။

လေထဲသို့ပျံတက်သွားခဲ့ပြီး နန်းတော်သခင်၏အနိုင်ကျင့်မှုကို ခံနိုင်ရည်ရှိသော စားပွဲ၏ဇွဲလုံ့လရှိမှုကို ချီးကျူးရမလားဟုပင် သေချာမသိတော့ပါ။

မဟုတ်သေးဘူး။အဲ့ဒါထက် ပုလင်းများအားလုံးကို မဖိတ်စင်အောင် ကိုင်ထားနိုင်သည့် အရက်မူးနေသော ခွေးကောင်၏ စွမ်းဆောင်ရည်ကို ပိုပြီး သဘောကျမိသည်။

"ဇီးပန်းဓားသူတော်စင်ရဲ့ သားမြေးတွေရောက်နေတာလေ…မင်းတို့က လက်ထပ်ပွဲအကြောင်း ပြောနေသေးတာလား…"

"ဒါ…ဒါပေမယ့်…"

"ဘာဖြစ်လဲ…"

သူ၏မျက်လုံးမှား နီရဲနေ၏။

"မင်းတို့ ငတုံးတွေ…နှစ်စဉ်နှစ်တိုင်း ဇီးပန်းဓားသူတော်စင်ရဲ့ ဗိမာန်ကို ငါတို့တွေ မပူဇော်ကြလို့လား…”

"ဟုတ်ပါတယ်…သူက ကျွန်တော်တို့ရဲ့သူရဲကောင်း…သူတော်စင်ပါ…"

“ပြီးတော့ ဒီလူတွေကို ငါတို့က စိတ်ရင်းနဲ့ မဆက်ဆံပေးရင် နောက်ဘဝမှာ ငါတို့တွေ သူနဲ့တွေ့တဲ့အခါ သူက ငါတို့ကို ဘာပြောလိမ့်မလဲ…တွေ့ရတာ ဝမ်းသာပါတယ်လို့ ကြားရပါ့မလား…"

“အာ…”

ချွန်းမြောင်က ခေါင်းညိတ်လိုက်သည်။

သူတို့တွေ ဧည့်ခံနေတာ ဇီးပန်းဓားသူတော်စင်၏ သားစဉ်မြေးဆက်ကို မဟုတ်ဘဲ ဇီးပန်းဓားသူတော်စင်ကို ဧည့်ခံနေတာဖြစ်ကြောင်း သူ သာသိသည်။

ဟုတ်ပါသည်။ကိစ္စတွေက နည်းနည်းတော့ ထူးဆန်းနေသည်။ဒါပေမယ့် အဲ့ဒါ ဘာဖြစ်လဲ။သူ့သားမြေးတွေထက် သူ့ကို ဧည့်ခံကျွေးမွေးတာက ပိုကောင်းတာမဟုတ်ဘူးလား။နန်းတော်သခင် ကွယ်လွန်ပြီး အမှန်တကယ် ချွန်းမြောင်က မည်သူမည်ဝါဖြစ်သည်ကို သိသွားပါက သူသည် ပိုတောင်ဂုဏ်ယူနေလိမ့်မည်။

"အခု သွားယူလိုက်…အခုချက်ချင်း…"

"ဟုတ်ကဲ့ပါ…နန်းတော်သခင်…"

အဆုံးသတ်တွင် အစေခံလည်း အနိုင်မယူနိုင်တော့ပေ။နန်းတော်သခင်ကတော့ ရယ်မောနေ၏။

"ဒါက မြင်မကောင်း ရှုမကောင်းတော့ ဖြစ်နေလောက်မှာ…"

“အာ…အဲဒါက ...မြင်လို့တော့မကောင်းဘူးပေါ့…ဒါပေမယ့် ခင်ဗျားက အံ့ဖွယ်ပဲ…”

"ဟမ်…ဟုတ်လား…ဟားဟားဟား…မင်းကတော့ ကျုပ် စကားများများပြောလေ မင်းကို ပိုသဘောကျမိလေပဲ…"

“ကျွန်တော်လည်း နန်းတော်သခင်ကို သဘောကျပါတယ်…သောက်ကြရအောင်…"

ချွန်းမြောင်သည် ပုလင်းကိုကိုင်ကာ နန်းတော်သခင်ထံ ပေးလိုက်၏။ထို့နောက် သူက ပြည့်နေသည့် ပုလင်းကို ကောက်ယူလိုက်လေသည်။

"အိုး…ပုလင်းအပြည့်လား…ဟုတ်တယ်…ဟုတ်တယ်…ယောက်ျားတစ်ယောက်က သူ့အရက်ကို သူကိုင်နိုင်ရမယ်…မင်းရဲ့ အရက်ကို ဘယ်လိုကိုင်ရမလဲဆိုတာ မင်း သေချာပေါက် သိပါတယ်…”

“အာ…ကျွန်တော်က တာအို အလင်္ကာတွေ အကုန်လုံးကိုလည်း ကျွမ်းကျင်တယ်…”

"ဘယ်လို…ဟားဟားဟား…ဟုတ်တယ်…ကောင်းတာပေါ့…တာအိုဝါဒီ အရက်သမားကို တခြား ဘယ်မှာ တွေ့နိုင်ဦးမှာလဲ…”

ထို့နောက် နှစ်ယောက်စလုံး တစ်ပြိုင်တည်း စသောက်ကြလေသည်။

ဟွာဆန်းမှ တပည့်များသည် ဤမြင်ကွင်းကြောင့် ပြုံးလည်း မပြုံးနိုင်၊ငိုလည်း မငိုနိုင်ကြပေ။သူတို့ခင်မျာ ကြောင်ကြောင်အအဖြင့် ကြည့်နေရုံသာရှိသည်။

'ငါမြင်နေတာမှန်ရဲ့လား'

'ကွဲကွာသွားတဲ့ မိတ်ဟောင်းဆွေဟောင်းတွေ အချိန်အကြာကြီးနေမှ ပြန်ဆုံကြတာကြလို့…’

'ဒီခွေးကောင်က ယန်နန်မှာ မွေးခဲ့သင့်တာ…'

နှစ်ယောက်သား သောက်သောက်စားစားနှင့် ရယ်မောနေတာကို ဆက်မကြည့်နိုင်တော့သည့် ဘတ်ချုန်းက ပြောလိုက်၏။

"ဒါပေမယ့် နန်းတော်သခင်…"

"အမ်…"

ထိုလူက သူ့ဘက်ကို လှည့်ကြည့်လာသည်။ဘတ်ချုန်းသည် သူ၏ကြီးမားလှသောမျက်လုံးများနှင့်အတူ ခံ့ညားထည်ဝါသော သူ့ခန္ဓာကိုယ်အရွယ်အစားနှင့် ကြမ်းတမ်းသောအသက်ရှူသံတို့ကြောင့် အနည်းငယ် ထိတ်လန့်သွားလေသည်။မည်သို့ပင်ဆိုစေကာမူ သူကတော့ ဆက်ပြောသည်။

"ခင်ဗျားပြောသမျှက တကယ် အမှန်တွေချည်းလား…"

"ဘာအကြောင်းလဲ…ဇီးပန်းဓားသူတော်စင်အကြောင်းလား…”

"ဟုတ်ပါတယ်…နန်းတော်သခင်…"

"ဟွာဆန်းရဲ့ တပည့်တစ်ယောက်က ကျုပ်ကို တကယ် အဲ့ဒီမေးခွန်း မေးနေတာလား…"

“အာ…စိတ်မဆိုးပါနဲ့…”

"အာ့…ဟုတ်သား…ဟီးဟီးဟီး…"

နန်းတော်သခင်က ရယ်ပြန်သည်။

"အမှန်တွေပဲ…ကျုပ် သူ့ကို အဲ့ဒီလိုပုံစံမျိုးနဲ့တော့ တစ်ခါမတွေ့ဖူးဘူး…ဒါပေမယ့် အခု မင်းတို့ကို ပြောပြခဲ့သမျှက အရင်နန်းတော်သခင်တင်မကဘဲ ယန်နန်ပြည်နယ်တစ်ခုလုံးကို သိကြတယ်…”

ဘတ်ချုန်းက သူ၏ခေါင်းကို တစ်ဖက်သို့ စောင်းလိုက်သည်။

“ဒါပေမယ့် ဇီးပန်းဓားသူတော်စင်က အရှင် ပြောသလို တကယ် ကြီးကျယ်မြင့်မြတ်ခဲ့တယ်ဆိုရင် ဘာလို့ ကျွန်တော်တို့ဆီမှာ လူပြောမများရတာလဲ…”

ဖန်း…

ထိုလူက သူကိုင်ထားသည့် ပုလင်းကို ရိုက်ခွဲလိုက်၏။ထိုအခါ တပည့်များအားလုံးမှာ တွန့်သွားကြလေသည်။

ထိုသူ၏အပြုအမူ၊ထိုသူ၏စကားလုံးများကို ထည့်မတွက်လျှင်တောင် သူဘာပဲလုပ်လုပ် တစ်ခုခုလုပ်တိုင်း သူတို့၏နှလုံးသားများက ခုန်ပေါက်နေတော့သည်။

ထိုလူက အော်လိုက်လေသည်။သူ၏ဟိန်းဟောက်သံက သူတို့နားများကို ထပ်ပြီး နာကျင်စေပြန်သည်။

"ဘာလို့လဲဆိုတော့ အဲ့ဒီသောက်သုံးမကျတဲ့ ပိုးဖလံတွေက ဒီလိုဖြစ်အောင် လုပ်ခဲ့လို့ပဲ…"

ထိုလူက သူ ဘယ်လောက် မကျေနပ်ကြောင်းပြရန် သူ့ရင်ဘတ်ကို ဖိလိုက်၏။

“သမိုင်းက လူတွေပြောတာကိုပဲ ရေးထားတာလေ…သမိုင်းက ကျုပ်တို့ကို ဘာတွေလုပ်ခဲ့မှန်း ပြောပြမှာမဟုတ်ဘူး…ဖြစ်ပျက်ခဲ့တာတွေကို အမှန်အတိုင်း သတင်းပို့ပေးတဲ့ အချိန်မှ သမိုင်း ဖြစ်လာတာ…”

သူ့ခံစားချက်တွေကို ရှင်းရှင်းလင်းလင်း နားလည်နိုင်သည်။သူက ဘတ်ချုန်းကို နောင်တရနေသော မျက်နှာဖြင့် ကြည့်လိုက်သည်။

"ဟွာဆန်းရဲ့ အခြေအနေက မကောင်းဘူးလို့ ကြားထားတယ်…"

“…”

“ပုံမှန်ဆို ဟွာဆန်းက မင်းတို့ကို ပြောပြခဲ့သင့်တာ…ကံကောင်းထောက်မလို့ ကျုပ်တို့မှာ အဖြစ်အပျက်ကို ကောင်းကောင်း ပြောပြတတ်တဲ့ ဘိုးဘေးတွေရှိလို့ပေါ့…ဒါပေမဲ့ ဟွာဆန်းက သူ့ရဲ့နာမည်ဂုဏ်သတင်းနဲ့ ဂိုဏ်းထဲက လူတွေကိုတောင် ဆုံးရှုံးလိုက်ရတော့ အဲ့ဒီကြောင်းကို ပြောပြဖို့ အာဏာမရှိတော့တာပေါ့…”

သားရဲနန်းတော်သခင်သည် အရက်ကို ဆွဲယူလိုက်ပြီး အဖုံးဖွင့်ကာ တစ်ကျိုက်တည်း သောက်လိုက်သည်။

“ဒီတော့ အဲ့ဒီအကြောင်းကို မပြောဖြစ်ကြတော့ဘူး…သမိုင်းဆိုတာ အောင်နိုင်သူတွေ လက်ထဲမှာပဲ…အမှန်တရားကိုပြောပြဖို့ အောင်နိုင်သူမရှိရင်တော့ နောက်လူက အကျိုးခံစားသွားမှာပဲ…အလယ်ပိုင်းလွင်ပြင်နဲ့ ယူနန် အချင်းချင်း အဆက်အသွယ် မပြတ်ခဲ့ရင် ဒီလိုကိစ္စမျိုး ဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး…ဒါတွေအကုန်လုံး အလယ်ပိုင်းလွင်ပြင်က လူယုတ်မာတွေကြောင့်ပဲ…အသေကောင်ပေါ် ဇိမ်ခံနေတဲ့ လူယုတ်မာတွေ…”

'တဆိတ်လောက်…'

'စိတ်မကောင်းပါဘူး…ဒါပေမယ့် ကျွန်တော်တို့လည်း အဲဒီကနေ လာခဲ့တာလေ…'

'ဒါပေမယ့် ခင်ဗျားကိုတွေ့နေရရင်ကို တုန်လှုပ်နေလို့ မပြောချင်တော့ပါဘူး…'

ယခုအချိန်တွင် နန်းတော်သခင်သည် ဟွာဆန်းကိုယ်စား ဒေါသထွက်နေပြန်သည်။

'အဲ့ဒါတင်မကဘူး…'

'ဒါက ကျေးဇူးကြွေးတင်နေတာလေ…'

ချွန်းမြောင်အတွက်တော့ သူသည် စစ်ပွဲတွင် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ပြီး နောက်ဆုံးတွင် ကောင်းကင်နတ်ဆိုးကို သတ်ဖြတ်ရာတွင် မယုံနိုင်လောက်အောင် ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့သော်လည်း အလယ်ပိုင်းလွင်ပြင်သည် ပြိုလဲပျက်စီးနေသည့် ဟွာဆန်းကို သူ့ချည်း ချန်မထားခဲ့သည်မှာ ထင်ရှားသည်။

ပုံမှန်အားဖြင့် ဂိုဏ်းခွဲများသည် သူတို့အကြွေးတင်နေသည့် လူများထံမှ လှည့်ထွက်၍ စေ့စပ်ညှိနှိုင်းရန်မှာ မဖြစ်နိုင်ပေ။

သို့သော် အဓိကတာဝန်ပြီးသည့်နောက် စစ်ပွဲမှလွတ်မြောက်ခဲ့သော ဟွာဆန်းတွင် မည်သူကမှ အရေးမပါတော့သောကြောင့် ကျေးဇူးကြွေးဖြင့် ချက်ချင်း အာဏာမတည်နိုင်ခဲ့ပေ။ထို့ကြောင့် ကျေးဇူကြွေးတွေကို သူ့ဘာသာသူ ရှင်းပစ်ဖို့ သဘောတူညီချက်တစ်ခုလုပ်ခဲ့ရာ ဟွာဆန်းကို သူတို့ဘာမှ အကြွေးမတင်လိုက်သလို ဖြစ်သွားပေမည်။

'ကမ္ဘာကြီးက အရင်အတိုင်းပါပဲ'

ဒါ​ပေမယ့်​ တစ်​​ယောက်ပဲ ​ရှိသည်​..အဲ့ဒီလူတစ်​​ယောက်​ပဲ​။

'ဟွာဆန်းက ငါတို့အပေါ် ထားခဲ့တဲ့ ကြင်နာမှုကို ငါတို့ ပြန်မဆပ်သင့်ဘူးလား'

တကယ်လို့ လူတစ်ယောက်ကသာ ထိုသို့ပြောခဲ့မည်ဆိုလျှင် ကိစ္စတွေက ကွဲပြားသွားလိမ့်မည်။သို့သော် အဲ့ဒီလိုလုပ်မည့်လူ တစ်ယောက်မရှိခဲ့ပေ။

ချွန်းမြောင်က ပြုံးလိုက်သည်။

ဒါပေမယ့် မင်းက ဘာကို မျှော်လင့်နိုင်မှာမို့လဲ။ကန်ဟိုက အမြဲတမ်း အကြင်နာမဲ့ခဲ့သူပဲ။ဒါကို သိတဲ့လူတွေက သူ့အတွက် ဗိမာန်လုပ်ပေးထားတယ်ဆိုတာ တစ်မူထူးခြားနေတယ်ဆိုတာ သဘောပေါက်သွားကြမှာပဲ။

နန်းတော်သခင်က ခါးသီးသော အပြုံးဖြင့် ပြောလာသည်။

“စစ်ပွဲက လူတွေအများကြီးကို ဆုံးပါးသွားစေခဲ့တယ်…တကယ်လို့ စစ်ပွဲအတွင်းမှာ ဇီးပန်းဓားသူတော်စင် မဆုံးပါးခဲ့ဘူးဆိုရင် ကန်ဟိုရဲ့သမိုင်းက ဟွာဆန်းကို ဂုဏ်ယူဝင့်ကြွားပြီး အသိအမှတ်ပြုခဲ့လိမ့်မယ်…အဲ့ဒီလိုလူက ထွက်သွားခဲ့ရပေမဲ့ ဟွာဆန်းက သူနဲ့ ထိုက်တန်တာကို မရခဲ့ဘူး…”

ဘတ်ချုန်းက သူ၏မျက်လုံးများကို မှိတ်လိုက်သည်။

နောက်တစ်ကြိမ်ထပ်၍ ဇီးပန်းဓားသူတော်စင်၏တည်ရှိမှုသည် ဟွာဆန်းအတွက် မည်မျှကြီးကျယ်မြင့်မြတ်သည်ကို သူ တွေ့မြင်နိုင်ခဲ့သည်။ဟွာဆန်း၏ဘိုးဘေးများ မည်မျှကြီးမြတ်သည်ကို သူ ဘယ်တုန်းကမှ မသိခဲ့ပါ။

အမေ့ပျောက်ခံ သမိုင်းကြောင်းသည် သူတို့ကို ယန်နန်ပြည်လို အဝေးတစ်နေရာမှ ဆီးကြိုနေခဲ့သည်။

“နန်မန်သားရဲနန်းတော်နဲ့ ဟွာဆန်း နှစ်ခုစလုံးက စစ်ပွဲအတွင်းမှာ တော်တော်လေး ဆုံးရှုံးခဲ့ရတယ်…အဲဒီ့နောက်ပိုင်း ကျုပ်တို့ရဲ့ ဒဏ်ရာတွေကို ကုစားဖို့ ကြိုးစားနေတုန်းပါပဲ…”

ထိုသူသည် မိမိခွက်ကိုဖြည့်ပြီးမှ တပည့်များ၏ခွက်ထဲသို့ ဖြည့်ပေးလေ၏။

“သောက်လိုက်…ဒီအရက်က တူညီတဲ့ အခြေအနေ တစ်ခုတည်းမှာ ရောက်နေတဲ့ လူတစ်ယောက်က မင်းတို့ကို ပေးတဲ့အရက်ပဲ…ဒါက နန်းတော်သခင်ကပေးတဲ့ အရက်မဟုတ်ဘူး…ဒါပေမယ့် တူညီတဲ့ ကြေကွဲစရာသမိုင်းကို ဝေမျှတဲ့ ရဲဘော်ရဲဘက်ကပေးတဲ့ အရက်ပါ…”

အရက်ခွက်ကို လက်ခံရရှိသော တပည့်များသည် ဖန်ခွက်ကို လက်နှစ်ဖက်နှင့် ဆုပ်ကိုင်၍ မော့ချလိုက်ကြသည်။သူတို့တွေက ပြောင်သွားသော ခွက်များကို တစ်စက္ကန့်လောက် အတွေးထဲမြော၍ ကြည့်နေကြ၏။ထို့နောက် ထိုလူက ဆက်ပြောလာသည်။

“ကမ္ဘာကြီးက နှလုံးသားမဲ့တယ်…မင်းတို့ အများကြီး ဖြတ်သန်းခဲ့ရမှာပဲ…"

“မဟုတ်…လုံးဝမဟုတ်ပါဘူး”

"အာ…"

ချွန်းမြောင်က အရက်ကို တစ်ငုံသောက်ရင်း စကားစလိုက်သည်။

သူပုလင်းကို စားပွဲပေါ်သို့ ဘုတ်ခနဲမြည်အောင် တင်လိုက်သည်။

"ကန်ဟိုလို နေရာမျိုးမှာ ခင်ဗျားလုပ်ခဲ့တဲ့ အလုပ်တွေအားလုံးအတွက် ဆုချီးမြှင့်ခံရလိမ့်မယ်လို့ ထင်နေတာက ပိုထူးဆန်းတယ်…"

“…”

"အဲ့ဒီလူယုတ်မာတွေသာ တစ်ခုခု ဆုချီးမြှင့်ခံခဲ့ရရင် ဒီလိုဖြစ်မှာမဟုတ်ဘူး…"

"အင်း…အဲဒီလူယုတ်မာတွေက ကျုပ်တို့ရဲ့ ဘိုးဘေးတွေပဲ…”

"ဟုတ်တယ် သူတို့တွေပဲ…"

"အင်း အရူးတွေ…"

“အာ ကောင်းတယ်…”

ချွန်းမြောင်က ခေါင်းကို ကုတ်လိုက်သည်။

'ငါက လူယုတ်မာဆိုတာ သူတို့ကို မပြောပြနိုင်ဘူး…'

'ဒါဆို ကိုယ့်ကိုကိုယ် ဘယ်လိုခေါ်ရမှာလဲ…'

ချွန်းမြောင်က ပြုံးပြီး ဆက်ပြောလေသည်။

“ဘာပဲဖြစ်ဖြစ် အတိတ်ကို အတိတ်မှာ ထားခဲ့လိုက်ပါတော့…အတိတ်က မတရားမှုတွေကို အော်ဟစ်နေလို့ရော ဒီအချိန်မှာ ကျွန်တော်တို့ ဘာလုပ်နိုင်မှာမို့လဲ…ပြီးသွားပြီလေ…”

“ဟင်း…”

“အရေးကြီးတာက ပစ္စုပ္ပန်ပါပဲ…လက်ရှိဟွာဆန်းကို အကောင်းဆုံးဖြစ်အောင် လုပ်ဖို့လိုတယ်…အဲဒီအခါကျမှ ကျွန်တော်တို့ရဲ့အတိတ်က အသိအမှတ်ပြုခံရလိမ့်မယ်…တကယ်တော့ သမိုင်းဆိုတာ အောင်နိုင်သူတွေ လက်ထဲမှာပဲလေ…”

နန်းတော်သခင်က ချွန်မြောင်ကို ကြည့်ပြီး ပြုံးလိုက်သည်။

“ဟုတ်တယ်…အဲ့ဒါပဲ…”

သူက အသံကိုနှိမ့်၍ လက်လှမ်းလာကာ ချွန်းမြောင်၏ နောက်ကျောကို ပုတ်လိုက်သည်။

"ဟားဟားဟား…မင်းရဲ့စကားကို ပိုပြီးနားထောင်မိလေလေ မင်းစကားတွေကို ပိုသဘောကျမိလေလေပဲ…မင်းတို့က တကယ်ပဲ ဇီးပန်းဓား သူတောင်စင်ရဲ့သားမြေးတွေပဲ…”

သူ၏တစ်ခုတည်းသော အမူအရာသည် ဇီးပန်းဓားသူတော်စင်ကို ရိုးရိုးရှင်းရှင်း ချီးမွမ်းရုံမျှမကဘဲ ဇီးပန်းဓားသူတော်စင်ကို မြေအောက်ကမ္ဘာသို့ တစ်ဖန်ပြန်ပို့မိနိုင်လောက်သည်ထိ အကန့်အသတ်မရှိ နီးကပ်နေပြီဖြစ်သည်။

ချွန်းမြောင်မှာ ဒီလူ၏ထိတွေ့မှုကနေ အသက်ရှင်ကျန်ရစ်နိုင်စေဖို့ သူ့ခန္ဓာကိုယ်ကို ဒီထက်သန်မာအောင် လုပ်ထားရမည်ဟုပင် တွေးမိလေသည်။

“အာ ဟုတ်သား…”

နန်းတော်သခင်က ချွန်းမြောင်ကို တဖန်ကြည့်ကာ မေးလာသည်။

“ဒါပေမယ့် မေးဖို့ မေ့နေတာ…မင်းတို့ ဘာလို့ ယန်နန်ကို လာခဲ့ကြတာလဲ…ရှန်းရှီကနေ ဒီကို လာရတာ လွယ်တဲ့ ခရီးတော့မဟုတ်ဘူး…”

“အာ ဟုတ်ပါတယ်…ကျွန်တော် ခင်ဗျားကို ပြောတော့မလို့ပါပဲ”

"အမ်…"

“ဒီမှာ ခရမ်းရောင်သစ်သားမြက်လို့ ခေါ်တဲ့ဟာရှိလား…”

"ခရမ်းရောင်သစ်သားမြက်…"

ထိုလူက သူ့ခေါင်းကို ယိမ်းလိုက်သည်။

"ဒါ...ဒါက ဒီအကြောင်းကို ပထမဆုံးကြားဖူးတာပဲ…"

"သေချာရဲ့လား…"

ချွန်းမြောင်က မျက်မှောင်ကြုတ်လိုက်သည်။

ဒီလူသာ ထိုမြက်ကို မသိဘူးဆိုလျှင် သူတို့မှာ ပြဿနာတစ်ခု ရှိနေတာဖြစ်မည်။

"ကျုပ်ကို ဒီလိုမကြည့်ပါနဲ့…ကျုပ်က သားရဲနန်းတော်ရဲ့ အရှင်သခင်ပါ…ဒါပေမယ့် ယန်နန်မှာရှိတဲ့ အရာအားလုံးကိုတော့ မသိနိုင်ဘူးလေ…နောက်ပြီး ကျုပ်က ဒီလိုကိစ္စတွေကို ဂရုမစိုက်တတ်ဘူးလေ…”

'အာ ဟုတ်သားပဲ…'

‘ဒီလောက်ကြီးမားတဲ့ ကြွက်သားတွေ ဖြစ်အောင်လုပ်ဖို့ကိုပဲ စိတ်ဝင်စားတဲ့လူတစ်ယောက်က မြက်တွေအကြောင်းကို စိတ်ဝင်စားစရာ အကြောင်းမှ မရှိတာ…’

"စိတ်မပူပါနဲ့…ကျုပ်လက်အောက်ငယ်သားတွေကို ချက်ချင်း ရှာခိုင်းလိုက်မယ်…"

"ကောင်းတာပေါ့…”

"ဟားဟား…ဇီးပန်းဓားသူတော်စင်ရဲ့ မျိုးဆက်တွေ ရောက်လာတာပဲလေ…ဒီလို ကိစ္စအသေးအမွှားလောက်ကို ဘယ်မလုပ်ပေးဘဲ နေနိုင်ပါ့မလဲ…စိတ်ပူမနေတော့ဘဲ များများသောက်ကြ…ဒီနေ့က နေ့ကောင်းရက်မြတ်တစ်ရက်ပဲ…ဟားဟားဟား…သောက်ကြပါ…"

ချွန်းမြောင်နှင့် နန်းတော်သခင်တို့သည် ပုလင်းများကို တဖန်ပြန်မ၍ အားပါးတရ စတင်သောက်ကြလေသည်။

စိတ်တူကိုယ်တူနှစ်ယောက်ကို မြင်ရတော့ ဘတ်ချုန်းက သက်ပြင်းချမိပြန်သည်။

'တစ်ယောက်နဲ့တစ်ယောက် တူတဲ့သူမျိုး အမြဲရှိတတ်တယ်လို့ ကြားဖူးတယ်…'

အတိအကျ တူတာတော့မဟုတ်ပေမယ့် ချွန်းမြောင်နှင့် ရေးရေးလောက်သာ ဆင်တူသည့် နောက်တစ်ယောက်ကို မြင်ရလိမ့်မည်ဟုတောင် တစ်ခါမှ မတွေးခဲ့ဖူးပေ။

'အင်း အနည်းဆုံးတော့ သူ့ကို ကျေးဇူးအများကြီးတင်ရမယ်…'

"ဂွတ်..တပည့်ငယ်လေးက သန်မာတဲ့ခန္ဓာကိုရှိတာပဲ…”

"နန်းတော်သခင်တောင်မှ သန်မာတဲ့ ခန္ဓာကိုယ်ရှိသေးတာပဲလေ…"

"ဘယ်လို…ဟားဟား…"

နန်းတော်သခင်က ပုလင်းကို ကိုင်လိုက်ပြန်သည်။

"ကဲကဲ ဒီ​နေ့​တော့ အဆုံးသတ်​လိုက်​ကြရ​အောင်​…"

“အာ..ခင်ဗျားရဲ့လက်အောက်ငယ်သားတွေရှေ့မှာ ရှုံးမှာ မရှက်ဘူးလား…"

"အရက်နဲ့ပတ်သက်ရင် ဘယ်တော့မှအရှုံးမပေးဖူးပါဘူး…"

"ဒါဆို ကျွန်တော်နဲ့အတူတူပဲ…"

"သောက်တော့…"

“သောက်တာပေါ့…”

သေရည်များသည် အလွန် လျင်မြန်စွာ ပျောက်ကွယ်သွားတော့သည်။

ဟွာဆန်းမှ တပည့်များသည်လည်း နောက်ဆုံးတွင် စိတ်သက်သာရလာ၍ အေးအေးဆေးဆေးဖြင့် စတင် သောက်လာကြသည်။သူတို့လည်း ဒီနေရာမှာ ဧည့်သည်အဖြစ် ရောက်နေမှတော့ အိမ်ရှင်ကို အမြဲငြင်းဆိုတတ်သည့် ဧည့်သည်တွေဆိုတာ မယဉ်ကျေးပေ။

"ဒါဆို ဇီးပန်းဓားသူတော်စင်…"

သို့သော်…

ဟွာဆန်းမှ တပည့်များသည် စကားဝိုင်းထဲတွင် လုံးဝမပါဝင်နိုင်ပေ။

All Chapters