ဘယ်သူက နဂါးကြီးကို ရေကန်ထဲမှာ ထားသွားတာလဲ(၁)
Vol. 16 Ch. 226
“ဘယ်လိုလုပ် ရေကန်လေးထဲမှာ နဂါးတစ်ကောင်က နေမှာလဲ…ဒါက ဘယ်လို နေရာကြီးလဲ…”
ချွန်းမြောင်၏စကားများကို ကြားလိုက်ရသဖြင့် သားရဲနန်းတော်သခင်က သူ့ခေါင်းကို ယမ်းလိုက်၏။
“နဂါးဆိုတာက စိတ်ကူးယဉ်သတ္တဝါပါ…မင်းတို့ အခု မြင်လိုက်တာက မင်ရောင်အကြေးခွံရှိတဲ့ သွေးစပါးအုံးပါ…”
“အဲ့ဒီနှစ်ခုကြားမှာ ဘာကွာလို့လဲ…ကျွန်တော်မြင်လိုက်တာတော့ စိတ်ကူးယဉ် သတ္တဝါတစ်ကောင်နဲ့တူတာပါပဲ”
“ဒါပေမဲ့ အဲ့ဒါက ရှိနေတာ မဟုတ်လား…”
“အားးး…”
ချွန်းမြောင်က သူ့ခေါင်းသူ ကုတ်လိုက်သည်။
“ငါကတော့ ဒီနေရာမှာ တစ်ခုခု ကောင်းတာ ဖြစ်လာတော့မယ်လို့ ထင်နေမိတဲ့အရူးတစ်ယောက်ပဲ…”
အစကတော့ လူတွေက ဒီလိုမျိုး စိုက်ပျိုးဖြစ်ထွန်းနိုင်သည့် ကုန်းမြေရှိပါလျက် အဘယ်ကြောင့် ကျက်တီးမြေတွင် နေနေကြသည်ကို မေးခွန်းထုတ်ခဲ့မိသည်။
‘ဒါပေမဲ့ ဒီလိုနေရာမှာ လူတစ်ယောက်က ဘယ်လိုလုပ် နေနိုင်မှာလဲ…’
ပုံမှန်အရွယ်အစားထက် နှစ်ဆလောက် ကြီးမားတဲ့ ကျားတစ်ကောင်နဲ့ သွေးစွန်းနေတဲ့ နဂါးတစ်ကောင် နေတဲ့ ရေကန်တဲ့လား။
သောက်ကျိုးနည်း ဆပ်ကပ်ရှိုးကြီးပဲ။
သို့သော် သားရဲနန်းတော်သခင်က အကြောင်းမထူးဟန်ဖြင့် ပခုံးတွန့်ပြ၏။
“အဲ့ဒီကောင်ကလည်း ဝိညာဉ်သားရဲတစ်ကောင်ပဲ…သူ့အကြေးခွံတွေက သူ့ခန္ဓာကိုယ်ကို ဓားတိုးမပေါက်လောက်အောင် ကြံ့ခိုင်လွန်းတယ်…သူ့အမြီးကို တစ်ခါလောက် လှုပ်လိုက်တာနဲ့ မြေပြင်အနေအထားတစ်ခုလုံး ပြောင်းလဲသွားလောက်တဲ့အထိ သန်မာလွန်းတယ်…သူက တကယ့်ကို မကောင်းဆိုးဝါး အကြီးစားကြီးပဲ…”
“ဒါဆို သူ့ကို အရှင်တောင် မကိုင်တွယ်နိုင်ဘူးလား…”
“အင်း…ကျုပ်လည်း မသိပါဘူး…သူ့ကို ဖြေရှင်းနိုင်လားဆိုတာ သိရဖို့က သူနဲ့ တိုက်ခိုက်ဖူးဦးမှလေ…ဒါပေမဲ့ ကျုပ်ကမှ အထဲကို ဝင်လို့မရတာ…အဲ့ဒီအရာကြီးက ထွက်မလာတော့ ကျုပ်တို့ဘာသာ ဒုက္ခရှာပြီး သွားနေစရာ မလိုဘူးလေ…”
“…”
‘အာ ဆိုတော့…’
နာကျင်နေတဲ့ အရှုံးသမားတစ်ယောက်က အနိုင်မရနိုင်တဲ့အခါ ဆင်ခြေပေးနေသလိုပင်။
သူ့မှာ ဒီလို ခန္ဓာကိုယ် ရှိနေပါလျက် သူ့ကိုယ်သူ အားနည်းသယောင် လုပ်နေတာ ထူးဆန်းသလို ခံစားရသည်ဟု ချွန်းမြောင် တွေးတောမိသော်လည်း ဒါက…ဒီသတ္တဝါကြီးကို မြွေကမ္ဘာ၏ မင်အကြေးခွံ သွေးစပါးအုံဟု ခေါ်ကြသည်။
ပထမဆုံး အဲ့ဒီအရာက မြွေအမျိုးအစားထဲတောင် ပါပါ့မလားဆိုတာ သူသိချင်မိသည်….
“သားရဲနန်းတော်က ဒါကြီးကို ဝတ်ပြုနေကြတာလား…”
“ဝတ်ပြုတယ်…..”
သားရဲနန်းတော်သခင်က ခါးသက်သက် ပြုံးလိုက်၏။
“ဘယ်ခွေးသားက မြွေတစ်ကောင်ကို ဝတ်ပြုမှာလဲ…လူတစ်ယောက်က သားရဲတစ်ကောင်ကို ဘာအတွက်နဲ့ ဝတ်ပြုမှာလဲ…”
“…”
သားရဲနန်းတော်ရဲ့ ထီးနန်းအရှင်တစ်ယောက်က ဘယ်လိုများ ဒီလိုစကားတွေ ပြောထွက်တာလဲ။
ချွန်းမြောင်၏ ပခုံးပေါ်တွင် လိုက်ပါစီးနင်းလာသော ဘတ်'ဂျုန်း'က ထောက်ခံသည့်အနေဖြင့် သူ့အမြီးကို ယမ်းပြ၏။
“နန်းတော်က ဒီနေရာမှာ မြွေကြီးနေနေလို့ နတ်ဘုရားရေကန်လို့ ခေါ်တာမဟုတ်ဘူး…တကယ်တော့ သားရဲကြီးက ကျုပ်တို့ ဒီနေရာကို နာမည်ပေးပြီးမှ ရောက်လာခဲ့တာ…”
“ဒါဆို….အရှင်က အဲ့ဒီမြွေကို ရှင်းမပစ်နိုင်ဘူးလား…”
“ဘာလို့လဲ…”
“အာ…
“ကျုပ်မပြောခဲ့ဘူးလား…ဒီနေရာက မြင့်မြတ်တယ်…တိရစ္ဆာန်တွေက ဒီလိုနေရာမှာ နေကြတာ သဘာဝပဲလေ…ဒါပေမဲ့ ဒီနေရာက သားရဲတွေက နည်းနည်းလေး ပုံမှန်မဟုတ်သလိုပဲ…”
‘နည်းနည်းလေး…’
‘နည်းနည်းလေး…’
‘ငါတော့ မင်း “နည်းနည်းလေး”ဆိုတဲ့ အဓိပ္ပာယ်ကို နားမလည်ဘူးလားလို့…”
“သားရဲနန်းတော်က လူတွေကလည်း နတ်ဘုရားရေကန်ထဲကို မသွားနိုင်ကြဘူး…မြွေကြီးကလည်း အပြင်ကို ထွက်မလာဘူး…သူက ရောရောနှောနှော နေရတာ မကြိုက်တဲ့ အိမ်နီးနားချင်းတစ်ယောက်နဲ့တောင် တူသေးတယ်…ဘာလို့ သူ့ကို တိုက်ခိုက်ကြမှာလဲ…”
“……..ဟုတ်တယ်”
သားရဲနန်းတော်သခင်က ရယ်မောလိုက်၏။
“ဘယ်လိုပဲဖြစ်ဖြစ် အဲ့ဒီကောင်က ရေကန်ကို ထိတဲ့ ဘယ်သူ့ကိုမဆို ပြန်တိုက်ခိုက်တာပဲ…အဲ့ဒါက ပြဿနာဖြစ်နေတာ…..”
ဘတ်ချုန်းက သူ့ကို ကြည့်လိုက်၏။
“ခရမ်းရောင် သစ်သားမြက်ကို ရဖို့ဆိုရင် မင်းတို့ နတ်ဘုရားရေကန်ထဲကို သွားရမှာ…ပြီးတော့ အဲ့ဒီ အီမူဂီ…မဟုတ်ဘူ…အဲ့ဒီမြွေကို….ကိုင်တွယ်ဖြေရှင်းရလိမ့်မယ်…”
“ဟုတ်လား…”
သားရဲနန်းတော်သခင်က တပည့်များ၏နားလည်သွားမှုကို ကျေနပ်သွားသလိုမျိုး ခေါင်းကို ညိတ်လိုက်၏။
“ပြဿနာအသေးစားလေးပါပဲ…”
“…”
ချွန်းမြောင်က ပြုံးလိုက်၏။
“ဟုတ်ပါ့…အတော်လေး အရေးမပါတဲ့ အသေးအဖွဲကိစ္စပါပဲ…သေခြင်း ရှင်ခြင်းဆိုတာ ဘယ်လိုလုပ် ကိစ္စကြီး ဖြစ်နိုင်မှာလဲ…ဘဝဆိုတာ မျက်စိတ်တစ်မှိတ်..လက်တစ်ဖျောက်စာပါပဲ…အိုး အော်မီတော်ဖော…”
“မင်းက တာအိုဝါဒီတစ်ယောက်လေ…မင်း အရူး…”
“ဒါဆို ငါတို့ ဗုဒ္ဓကို ဆုတောင်းသင့်သလား…”
ချွန်းမြောင်က ရေကန်ကို လက်ညှိုးဖြင့်ထိုး၍ အော်လိုက်၏။
“အဲ့ဒီကန်ထဲမှာ ငါတို့ကို သတ်နိုင်တဲ့ အရာတစ်ခုရှိနေတာလေ…ပြီးတော့ ငါက တစ်ခုခုကို မှားဆုတောင်းမိတဲ့အချိန်မှာ မင်း ငါ့ကို အမှန်လိုက်ပြင်နေတာက ပိုပြီး အရေးကြီးမယ်ထင်နေတာလား…ငါတို့ အထဲကို ဝင်သွားရင်….တစ်ချက်တည်း..တစ်ချက်တည်းနဲ့…မဟုတ်ဘူး…တစ်ကိုက်တည်းနဲ့…အဲ့ဒီကောင်ရဲ့ ပါးစပ်ရှေ့မှာ…”
သဟဇာတဖြစ်စွာ ပေါက်ရောက်နေသော မြက်ပင်များအကြားတွင် အဆက်မပြတ် အနင်းခံထားရသလို မည်းမှောင်နေသော ချိုင့်တွင်းများ ဖြစ်ပေါ်နေသည်။အကိုက်ခံလိုက်ရသောအခါ ကြီးမားသော အပိုင်းအခြားတစ်ခုထိ မြေပြင်ကြီးကိုပါ ဆွဲဖြဲပစ်လိုက်နိုင်သည်မှာ အံ့ဩစရာကောင်းလှသည်။
‘ငါတော့ ထန်မိသားစုတောင် ဒါကြီးကို ဖြေရှင်းနိုင်မယ်မထင်ဘူး…’
ဝူတန်မှ အကြီးအကဲများတောင် ဒါကြီးကို ရင်ဆိုင်နိုင်လောက်သည်အထိ စွမ်းအားမရှိပေ။
ကမ္ဘာပေါ်ရှိ မည်သည့်ဆရာသခင်ကမှ ယှဉ်နိုင်မှာမဟုတ်ပေ။တစ်ချက်လောက် ကိုက်လိုက်ရုံနှင့် လူတစ်ယောက်၏ဇီဝိန်ချုပ်သွားနိုင်လောက်သည်။
ဘတ်ချုန်းက တိတ်ဆိတ်နေသည့် ရေကန်ကို ကြည့်ပြီး ပြောလိုက်၏။
“တကယ့်အစစ်အမှန် နဂါးတစ်ကောင်အဖြစ် ပြောင်းလဲခါနီး ရေလွှမ်းနေတဲ့ နဂါးတစ်ကောင်နဲ့တောင် တူသေးတယ်…ဒီလိုဆိုရင် သတ်ဖြတ်တာကို ရှောင်ကြဉ်ပြီး ကျင့်ကြံရမယ့် အချိန်မဟုတ်ဘူးလား…”
“နဂါးတစ်ကောင်ကိုလား…မင်း ဘယ်က ခပ်တုံးတုံး နဂါးပုံပြင်တွေ လာပြောနေတာလဲ…ဘယ်လို ပုံပြင်အတုအယောင်တွေကို ပြောနေရတာလဲ…”
“ဒီလိုမြွေမျိုးတောင် ရှိရင် နဂါးတွေလည်း ရှိရမှာပေါ့…”
“အမ်…”
‘အဲ့ဒါ အဓိပ္ပာယ်ရှိလို့လား…’
ထိုစကားကို ကြားလိုက်သည့် ချွန်းမြောင်က သက်ပြင်းချလိုက်သည်။အခုအချိန်မှာ ရှုခင်းက နည်းနည်းတော့ ကြောက်စရာ ကောင်းနေပေမဲ့ အစောလေးကတင် အရမ်းလှနေခဲ့တာပင်။
“…တစ်နည်းနည်းနဲ့တော့ ပြေလည်သွားမယ်ထင်ပါတယ်…မဖြစ်လာနိုင်စရာ အကြောင်းမရှိဘူး…”
ချွန်းမြောင်က သူ့ခေါင်းသူ ကုတ်လိုက်သည်။သားရဲနန်းတော်ထဲမှာ အရာအရာက အကုန်အဆင်ပြေနေပြီဟု ထင်နေခဲ့မိသည်။သူသည် ယန်နန်တွင် ကောင်းကောင်းမွန်မွန် ဆက်ဆံခံခဲ့ရသည်။ကိစ္စများကလည်း အဆင်ပြေပြေနှင့် ခရီးပေါက်နေခဲ့သည်။သို့သော် အခုတော့ ဤကဲ့သို့ အခြေအနေမျိုးသို့ ရောက်သွားခဲ့ပြီဖြစ်သည်။
“ငါတို့က အဲ့ဒီကောင်ကို ဘယ်လိုလုပ် ခေါ်ကြမှာလဲ…”
“ဘယ်လို ဖမ်းကြမှာလဲ…”
ချွန်းမြောင်က ယွန်းဂျွန်ကို ပြန်လှည့်ကြည့်လိုက်သည်။
“အဲ့-အဲ့ဒါက သားရဲတစ်ကောင်လေ…ဒါပေမဲ့ အကုန်လုံးအဆင်ပြေသွားအောင် စိတ်အားထက်သက်မှု အပြည့်နဲ့ အဲ့ဒီနေရာကို ရောက်သွားခဲ့ရင် မင်း သေရမှာ သေချာပေါက်ပဲ…”
“ချွန်းမြောင်…”
ဘတ်ချုန်းက အနူးညံ့ဆုံး ပြုံးပြနေလေသည်။
“ငါ မင်းရဲ့ထင်မြင်ချက်ကို အမြဲ လေးစားခဲ့ပါတယ်…ဒါပေမဲ့ အခုတော့ ပြန်စဉ်းစားကြည့်ဖို့ အချိန်ကောင်းဖြစ်မယ် ထင်တယ်…”
‘မင်းသေချင်နေရင် အရင်သွားသင့်တာပေါ့’
“အဆင်ပြေပါတယ်…အဲ့ဒီကောင်က ခေါင်းရှိမယ့်ပုံမဟုတ်ဘူး…ကမ္ဘာပေါ်က ကိစ္စအများစုက ခေါင်းတွေ အကွဲခံပြီးမှ ဖြေရှင်းလို့ ရနိုင်တာလေ…”
“…တစ်ခါတစ်လေ မင်းက တာအိုဝါဒီတစ်ယောက်ဖြစ်နေတာ အံ့ဩမိတယ်…”
ဘတ်ချုန်း၏စကားများကို ဂရုမစိုက်ဟန်ဖြင့် ချွန်းမြောင်က ရေကန်ကြီးကို တဖန်ပြန်ကြည့်လိုက်၏။သူ့မျက်နှာမှာ ရေကန်ထဲကို ပြေးဝင်ဖို့ စဉ်းစားနေသလိုပင်။
နန်းတော်သခင်က သူ့ကို စိုးရိမ်နေသည့် မျက်နှာနှင့် ကြည့်နေ၏။
“မင်းတို့ကို ဒီနေရာ ခေါ်လာတုန်းက ဒီလို ပြောဖို့ မရည်ရွယ်ခဲ့ဘူး…ဒါပေမဲ့ မင်း အဆင်ပြေရဲ့လား…”
“သူ အဆင်ပြေပါတယ်…သူက ထင်တာထက် ပိုသန်မာပါတယ်…”
“ဟုတ်တယ်…သူ့သတ္တိက စိတ်ချရပါတယ်…အဲ့ဒီခါကျ မင်းအတွက် အမှတ်တရ အခမ်းအနားကို သေချာပေါက် ကျင်းပပေးမှာပါ…”
“…”
‘မဟုတ်သေးးဘူး…ဒီကောင်တွေ တကယ်ကြီး ပြောနေတာလား…’
‘ငါက ဘိုးဘေး ဇီးပန်းဓားသူတော်စင်ပါ…’
ချွန်းမြောင်က ခပ်ပြတ်ပြတ် ပြောလိုက်၏။
“အဲ့ဒီအရွယ်လောက်ရှိတဲ့ အကောင်လေးတစ်ကောင်ကို ငါတို့ ကုန်းမြေပေါ် ရွှေ့လိုက်ရင်ရော…ကွမ်မင်ထဲမှာ စားနပ်ရိက္ခာအခြေအနေက အခြေအနေမကောင်းတဲ့ပုံပဲ…အဲ့ဒီကောင်ကို ဖမ်းမိရင် အနည်းဆုံး သုံးပတ်ကနေ လေးပတ်လောက် ရိက္ခာရသွားမှာပဲ…”
“…ကောင်းလိုက်တဲ့ ဖြေရှင်းနည်းပဲ…ကျူးကဲမိသားစုတောင် ဒီလိုမျိုး စဉ်းစားနိုင်မှာမဟုတ်ဘူး…”
“ကောင်းပြီလေ…ဒါဆို…..”
“အာ နေပါဦး…”
အပြေးအလွှားသွားတော့မည့် ချွန်းမြောင်က ဘတ်ချုန်းက၏အော်သံကို ကြားလိုက်ရသဖြင့် ရပ်လိုက်လေသည်။
“ဘာလို့လဲ…”
“အရှင် မြက်တွေ ဘယ်မှာရှိလဲဆိုတာ သိနိုင်ပါသလား”
“အာ ဒါက သိပ်တော့ မခက်ပါဘူး…ဟိုနားမှာ ပန်းအဖြူရောင်တွေ ရှိတဲ့ မြက်ပင်…အဲ့ဒီတစ်ခုပဲ…”
အရှင်က တစ်ဖက်သို့ ညွှန်ပြသောအခါ ဘတ်ချုန်းက ခေါင်းညိတ်လိုက်၏။
“ချွန်းမြောင် သေချာကြည့်နော်…နဂါး..မဟုတ်ဘူး…အဲ့ဒီမြွေက အရေးမကြီးဘူး…တိုက်ရင်းခိုက်ရင်း မြက်ပင်တွေ ပျက်ဆီးသွားရင် အားလုံး ဒုက္ခရောက်ကုန်မှာ…”
“အင်းပါ…”
ချွန်းမြောင်က အကြံဉာဏ်ကို ခေါင်းညိတ်လိုက်သည်။
ရွှမ်း…
ကြည်လင်ပြတ်သားသော အသံနှင့်အတူ သူ၏ဓားကို ဓားအိမ်ထဲမှ ဆွဲထုတ်လိုက်လေသည်။အသားကျအောင် နှစ်ခါလောက် ဝေ့ယမ်းကြည့်ပြီးနောက် သူက မျက်လုံးမှိတ်ပြလာသည်။
“လျှို့ဝှက်ဆန်းကြယ် ကိစ္စကြီးကို ဖြေရှင်းရမှာပဲ…သွားကြစို့…”
သူက နှောင့်နှေးမနေဘဲ နတ်ဘုရားရေကန်ဆီသို့ အပြေးသွားလေတော့သည်။
“ဝိုး….”
“သူ အဆင်ပြေပါ့မလား…”
ဟွာဆန်းမှ တပည့်များသည် စိုးရိမ်နေပုံရသည်။အရာအားလုံးကို ထည့်မတွက်ဘဲ နဂါးတစ်ကောင်နှင့် တူသည့် မြွေကို ရင်ဆိုင်ရန် ပြေးဝင်သွားသည့် သူ့တို့ရှေ့မှ အရူးကောင်သည် ‘ကမ္ဘာ့အတော်ဆုံး” ဟု သတ်မှတ်ခံထားရသူဖြစ်သော်လည်း ဒီတစ်ခါတော့ သူတို့တွေ သူ့ကို အမှန်တကယ် စိတ်ပူနေကြလေသည်။
ဗွမ်း…
ချွန်းမြောင်က ရေကန်အနီးသို့ ဆင်းသက်သွားလေသည်။ရေကန်ဆီသို့ တစ်ဟုန်ထိုး ပြေးလာသည့် အရှိန်နှင့် ဆန့်ကျင်လျက် သူ၏လှုပ်ရှားမှုများသည် ရေကန်နားသို့ ရောက်သည်နှင့် ပြောင်းလဲသွား၏။သူခုန်ချသည့်နည်းလမ်းမှာ နူးညံ့ပေါ့ပါးသည်ဟု ထင်ရသည်။သူခိုးတစ်ယောက်က အိမ်တစ်အိမ်ကို ခိုးဝင်ဖို့ ကြိုးစားနေသလိုပင်။
ဝှစ်…
ချွန်းမြောင်က ခေါင်းလှည့်၍ မော့ကြည့်လာသည်။
‘ကောင်းတယ်…ဒီတစ်ခါတော့ ထွက်မလာဘူး…’
ထို့နောက် သူ၏ခြေထောက်များကို ဖြည်းဖြည်းချင်း စတင်လှုပ်ရှားလိုက်သည်။
‘လုပ်ထားစမ်းပါ…ရှင်းရှင်းလင်းလင်း စဉ်းစား…ငါ့အလုပ်က မြွေကို ရိုက်ဖို့မဟုတ်ဘူး…မြက်ကို လာယူတာ…’
သူ မြက်တွေကို အရင် လုံခြုံအောင် ထားမည်ပြီးမှ မြွေကို သတ်မည်။နောက်ပြီးရင်တော့ မြွေစွပ်ပြုတ်လုပ်သောက်လို့ ရပြီဖြစ်သည်။
ချွန်းမြောင်က မြက်ပင်များရှိသည့်နေရာသို့ သိတိရှိရှိဖြင့် စတင်ရွေ့လျှားလေသည်။
‘ဒါကို ဆွဲနှုတ်ရအောင်…’
ထိုစဉ်
ရှူး…
သူ ထူးဆန်းအသံကို စတင်ကြားလိုက်ရသည်။တုန်လှုပ်ချောက်ချားစရာကောင်းသော အသံတိုးတိုးလေးက သူ့နှလုံးသားကို တဒိန်းဒိန်း ခုန်စေသည်။
“…”
ချွန်းမြောင်က ဖြည်းဖြည်းချင်း လှည့်ကြည့်လိုက်သည်။ရေကန်၏မျက်နှာထက်တွင် ကြီးမား၍ ရှည်လားသော အရာတစ်ခု တက်လာသည်ကို မြင်လိုက်ရသည်။
၎င်း၏တောက်တောက်ပြောင်ပြောင် ဖြစ်နေသော အနက်ရောင် အကြေးခွံများသည် တောက်ပစွာဖြင့် အရောင်ခုနစ်ရောင် ရောင်ပြန်ဟပ်နေပြီး ၎င်း၏လျှာသည် ခပ်တင်းတင်း စေ့ထားသော အနက်ရောင် ပါးစပ်ကြီး၏ အတွင်းနှင့်အပြင်တွင် ယမ်းလျက် လျှောက်တိုက်သွားနေသည်။
၎င်း၏မျက်လုံးများက ပို၍ အထင်ကြီးစရာ ကောင်းသေးသည်။
အနက်ရောင်ကိုယ်ထည်ကြားထဲက အနီစက်လေးများနှင့် တူသည့် မျက်လုံးသေးသေးလေးများက သူ့ကို စိုက်ကြည့်နေသည်။
“အာ….”
စိတ်ဆိုးနေပုံရသည်။
‘ငါနဲ့အတူ အသက်ရှင်ရတာ ခက်ခဲကြမ်းတမ်းတယ်လား…’
သူခိုးခိုးနေတုန်း မိသွားသလိုမျိုး အရှက်ရသည့် မျက်နှာဖြင့် ချွန်းမြောင်က သူ့ခေါင်းသူ ကုတ်နေမိလေသည်။
‘ငါ့ကို မိသွားပြီလား…’
ချွန်းမြောင်က ပြုံးလိုက်သည်။
‘မျက်နှာပေါ် တံတွေးမိထွေးမိအောင် ပြုံးလိုက်ကြစို့…’
“ပန်းလေးကို အရင်ယူလို့ မရဘူးလား…ငါတို့တွေ ပြီးမှ စကားပြောကြတာပေါ့…”
ဝူးးး
“အိ…”
ခွမ်း…
မြွေက ချွန်းမြောင် ရပ်နေသည့် နေရာကို အမြန်ပြေးလာသည်။
“မြွေနဲ့ စကားပြောဖို့ တွေးနေတာ ငါတော့ ရူးတော့မှာပဲ…”
ချွန်းမြောင်က အစားခံရခြင်းမှ ပွတ်ကာသီကာ ရှောင်ရှားနိုင်ခဲ့သည်။သူက အံကိုကြိတ်၍ အနက်ရောင် ကိုယ်ထည်ကြီးဆီသို့ ပြေးသွားလေသည်။
‘အပေါက်တွေ ပြည့်နေတာပဲ…’
ဝိညာဉ်သားရဲကြီးက မည်မျှပင် ကြီးမားပါစေ၎င်း၏အကြီးမားဆုံးသော အားနည်းချက်မှာ အရွယ်အစားကြီးနေတာပင်ဖြစ်သည်။သူ့မျက်လုံးတွေကို မှိတ်ထားရင်တောင် ရိုက်နိုင်သည့် နေရာများမှာ များပြားလှသည်။
“အားးး…”
ချွန်းမြောင်က သူ၏ဓားကို ဆုပ်ကိုင်ကာ မြွေကြီး၏ ရှည်လျားသော လည်ပင်းကြီးဆီသို့ ပြေးသွားလေသည်။
ထန်…
“အာ့…”
ထန်…
‘ခွမ်မဟုတ်ဘဲ ထန်လား…’
‘ကြည်လင်ပြတ်သားလိုက်တဲ့ အသံ….’
ချွန်းမြောင်က သူ၏ဓားကို ကိုင်မြှောက်လိုက်သည်။
“….အာ…”
သူ၏ဓားသည် နှစ်ပိုင်း ကျိုးသွားလေသည်…..
သူလွှဲယမ်းလိုက်သည့်နောက်ကွယ်တွင် အင်အားအများကြီး ထည့်ထားခဲ့လျှင်တောင် သူ၏ဓားသည် မြွေကြီး၏ အကြေးခွံများနှင့် ရိုက်မိပြီးနောက် သိသိသာသာ နှစ်ပိုင်း ကျိုးသွားလေတော့သည်။
ဖန်း...
သူ မော့ကြည့်လိုက်သောအခါ သူ၏ဓားအပေါ်ပိုင်းသည် ကောင်းကင်ပေါ်တွင် လည်နေသည့်ဂျင်တစ်ခုလို တစ်ဟုန်ထိုး ပျံတက်နေသည်ကို မြင်လိုက်ရသည်။ထိုအရာက ချက်ချင်း ချွန်းမြောင်၏ဘေးသို့ ပြုတ်ကျလာပြီး မြေပြင်ကို ထိုးစိုက်သွားလေတော့သည်။
ဖွတ်
‘အိုးဘုရားရေ မင်းလုပ်လိုက်တာ အရမ်းကို နက်နဲသွားပြီ…’
‘မြေပြင်ကိုတောင် ကောင်းကောင်း ပိုင်းဖြတ်လိုက်တာပဲ…’
“ဟားဟား”
ချွန်းမြောင်က ပြုံးပြီး ဓားကျိုးကို လှမ်းကြည့်လိုက်သည်။
-ထန်မိသားစုက လက်ဆင့်ကမ်းခဲ့တဲ့ အဖိုးတန် ဓားတစ်လက်ပါ။ငါတို့ရဲ့ခင်မင်ရင်းနှီးမှု အမှတ်အသားအဖြစ် မင်းကို ပေးလိုက်မယ်။ဒါကြောင့် ကောင်းကောင်း အသုံးပြုပါ။
“အဖိုးတန်ဓားလေးကို သောက်ချေးကောင်တော့…”
‘အပြစ်အနာဆာရှိတဲ့ ပစ္စည်တွေကို ငါ့ကို ဘယ်လိုများ လာရောင်းရဲတာလေ…အလေးအနက်ကို မရှိဘူး…မြွေတစ်ကောင်ကိုတောင် မဖြတ်နိုင်တဲ့ ဓားကို ငါ့ကို လာပေးတယ်ပေါ့…’
ချွန်းမြောင်က ဒေါသထွက်နေသော အမူအရာဖြင့် သူ၏ခေါင်းကို မော့ကြည့်လာသည်။
“အိုးးး…”
“…”
မြွေကြီးက ခေါင်းကို ဘယ်ညာ စောင်းပြနေသလိုပင်။ချွန်းမြောင် ဒေါသထွက်ပြီး တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေချိန်တွင် လုပ်နေကျပုံစံနှင့် အတော်လေး တူလှသည်။
‘ငါလည်း အများကြီး လုပ်တတ်ပါတယ်…’
‘မင်းလည်း လူကောင်းတစ်ယောက် မဟုတ်ဘူးမလား…’
သူက ကျိုးနေသည့် ဓား၊မြွေကြီးနှင့် တဖန် သူ့ဓားကို ကြည့်ပြီး ပြုံးလိုက်သည်။
“အမ်…မင်းက လူစကားကို နားလည်မယ် ထင်မထားဘူး…ဒါပေမဲ့ ငါ့ဓားကို လဲလို့ရမလား…ပြီးရင် ငါတို့ ဆက်တိုက်ကြတာပေါ့…”
ဒါမှမဟုတ် အသံနဲ့ ရန်ဖြစ်ရတာလည်း ကောင်းမယ့်ပုံပါပဲ…’
ဂါးးး…
“အား ချီးပဲ…”
မြွေကြီးက လှည့်ပတ်၍ ချွန်းမြောင်ဆီသို့ အမြန်ပြေးသွားလေသည်။သားကောင်ကို ချေမှုန်းရန် အသင့်ဖြစ်နေသော မြွေပွေးတစ်ကောင်ကဲ့သို့ အစွယ်များကို ဖွင့်ဟထား၍ ချွန်းမြောင်ထံသို့ တစ်ကိုက်တည်းဖြင့် မျိုချရန် ရောက်လာခဲ့သည်။
ပိန်းပိတ်အောင် မည်းမှောင်နေသော ဧရာမ ပါးစပ်ကြီးသည် ငရဲသို့သွားသည့် တံခါးတစ်ချင်နှင့် တူလှသည်။
“အားးး…”
ချွန်းမြောင်က မြွေကြီး၏ခေါင်းပေါ်ကို လျှင်မြန်စွာ ခုန်ဆင်းလိုက်သည်။ထို့နောက် ကျိုးနေသော ဓားထဲသို့ ချီစွမ်းအားများ ထည့်ကာ မြွေကြီး၏ဦးခေါင်းကို စတင် ထုရိုက်လေတော့သည်။
“သေစမ်း…သေစမ်း…သေ…ကွဲစမ်း…အား…”
ထန်… ထန်… ထန်… ထန်…
သူ၏ချီစွမ်းအားကို အသုံးပြုနေတာ သိသာသော်လည်း တချွမ်ချွမ် မြည်သံများကိုသာ ကြားနေရသည်။အကြေးခွံများသည် အတော်လေး မာကြောသောကြောင့် အကြိမ်ပေါင်းများစွာ ထုရိုက်သော်လည်း ခြစ်ရာလေးတစ်ခုတောင် မထင်ပေ။
“…..မဟုတ်ဘူး…မဖြစ်နိုင်တာ…”
ချွန်းမြောင်တောင် အံ့အားသင့်သွားမိလေသည်။
ဓားတွေက အရာဝတ္ထုများကို လှီးဖြတ်ရန် ဖန်တီးထားကြတာဖြစ်သည်။ထို့ကြောင့် ထိုဓားကို အဆင့်မြှင့်ပြီး ပိုင်းဖြတ်ဖို့ နည်းလမ်းများစွာ ရှိနေတာဖြစ်သည်။
‘လူလုပ်လက်နက်နဲ့ ငါလိုလူမျိုးကတောင် မကိုင်နိုင်တွယ်နိုင်ဘူးပဲ…’
“ဒါက ဘယ်လိုလုပ်….”
‘အာ…’
မြွေကြီးက တဆတ်ဆန်တုန်ခါကာ သူ့ခေါင်းကို မော့လိုက်သည်။တစ်ချိန်တည်းမှာပင် သူ့ခေါင်းပေါ်တွင် ရှိနေသည့် ချွန်းမြောင်က လေထဲသို့ မြောက်တက်သွားလေသည်။
“အာ့…”
ချွန်းမြောင်က သူ့ခြေကျင်းဝတ်ကို ဖမ်းဆွဲထားသည့် မြွေ၏ပုံရိပ်ကို ကြည့်လိုက်သည်။
‘အာ….’
‘ဘာလို့ သူ့မျက်လုံးတွေက ပြုံးနေတာနဲ့ တူနေတာလဲ…’
“မဟုတ်ဘူး…”
မြွေက သူ့ခန္ဓာကိုယ်ကို ဘေးတစ်ဖက်သို့ ကြမ်းကြမ်းတမ်းတမ်းဖြင့် စတင် ရွှေ့ယမ်းလေသည်။
ဒုန်း… ဒုန်း…ဒုန်း…
ဘယ်ဘက်နှင့် ညာဘက်သို့
“အာ့…”
ချွန်းမြောင်မှာ မြေပြင်နှင့် အကြိမ်ကြိမ် မိတ်ဆက်နေရပြီး တစ်ကြိမ်တစ်ခါတိုင်းမှာလည်း နာကျင်လွန်းလို့ ညည်းတွားမိလေသည်။
“သောက်ကျိုးနည်းမြွေ….”
ထိုအချိန်တွင် မြွေက သူ့ကို လေထဲသို့ မြှောက်ပစ်လိုက်ပြီး ၎င်း၏ပါးစပ်ကို ဖွင့်လိုက်၏။
“…အား…”
ဝှစ်…
ထိုသို့ပြုလုပ်သည်ကို မြင်လိုက်သည်နှင့် ချွန်းမြောင်က လျှပ်စီးအလျင်ဖြင့် ရေထဲကတစ်ဆင့် လေထုထဲကို ဖြတ်၍ သူ့ဆီသို့ပျံသန်းလာနေသည့် ပေါ်ထွက်လာသော မြွေ၏အမြီးကို တစ်ချက်ကြည့်လိုက်၏။
“…ဒါက လွန်လွန်းပါတယ်…”
ဝှစ်…
ချွန်းမြောင်၏ခန္ဓာကိုယ်မှာ အမြောက်ဆံတစ်ခုကဲ့သို့ ရွေ့လျားလာသည့် အမြှီးကြီးနှင့် ထုနှက်ခံလိုက်ရသည်။
ဖတ်…
သူက ရေထဲသို့ ပျံတက်သွားပြီး ကျောက်တုံးတစ်တုံး ပစ်ချခံလိုက်ရသလိုမျိုး ရေမျက်နှာပြင်ပေါ်သို့ ခုန်ဆင်းသွားလေသည်။သူ့ခင်မျာ နှစ်ကြိမ်ကြိမ်တိုင်တိုင် မြောက်တက်သွားပြီး နောက်ဆုံးမှ မြေပေါ်သို့ အရှိန်ပြင်းပြင်းနှင့် ကျလာလေသည်။
ဝုန်း…
ဟွားဆန်းမှ တပည့်များသည် ဤမြင်ကွင်းကို မကြည့်ရဲတော့သဖြင့် သူတို့၏မျက်လုံးများကို မှိတ်ထားကြလေသည်။
“…..သူ သေသွားပြီလား…”
“အာ မဖြစ်နိုင်တာ…သေသွားသလိုပဲနော်…”
“အဲ့ဒီလို မပြောပါနဲ့…သူ သေသွားပြီ…”
“သေ-သေချာအောင် စစ်ကြည့်ရအောင်…”
တပည့်များနှင့် နန်းတော်သခင်သည် ချွန်းမြောင် ပြုတ်ကျသည့် နေရာသို့ အမြန် ပြေးသွားကြလေရာ သူ၏အခြေအနေကို မြင်လိုက်ရသောအခါ သူတို့၏မျက်လုံးများကို မှိတ်ထားကြ၏။
“သူ သေသွားပြီ…”
“ငါတို့ ဂူသွင်းပေးဖို့တောင် မလိုဘူးထင်တယ်…”
“အသက်ထက်ဆုံး ပျော်ရွှင်ပါစေ…မင်း… ဘဝကို ကောင်းကောင်း နေထိုင်ခဲ့ပါတယ်…”
ခြေထောက်နှစ်ချောင်း မိုးပေါ်ထောင်နေသည်ကို မြင်နေရချိန်တွင် သူ့ကို နောက်ထပ် အခြေအနေတစ်ခုမှာ ရှိနေသည်ဟု ပြောရန်မှာ တုံးအရာကျသည်။ကျန်သည့်သူ၏ခန္ဓာကိုယ်သည် မြေကျွင်းကြီးထဲတွင် ရှိနေခဲ့သည်။
‘အာ ဟုတ်သား…သူ သေတော့မှာ…’
“ဖူး...”
ချွန်းမြောင်က သူရောက်နေသည့် တွင်းထဲမှ ရုတ်တရက် ထခုန်လိုက်၏။
“…မင်းတို့ကောင်တွေ အသိတရားကို မရှိကြဘူး…”
“မြေအောက်ကမ္ဘာကတောင် သူ့ကို လက်မခံဘူး…ငါ နားလည်နိုင်ပါတယ်…”
ချွန်းမြောင်က သူ၏နှာခေါင်းမှ သွေးများ စီးကျလာသဖြင့် မော့ကြည့်လိုက်သည်။
“မဟုတ်သေးပါဘူး…အဲ့ဒီမြွေက သေချင်နေတာလား…”
တိရိစ္ဆာန်တစ်ကောင်ဆီမှ အနိုင်ယူခံလိုက်ရတာ သူ့အတွက်တော့ လက်မခံနိုင်ပါ။ထို့ကြောင့် သူ၏ဆင်ခြင်တုံတရားကို ပြတင်းပေါက်မှ လွှင့်ပစ်ကာ ချွန်းမြောင်က အော်ဟစ်လေတော့သည်။
“ဟေ့ရောင် မြေစုတ်…မင်းကို ငါ စွတ်ပြုတ် လုပ်သောက်ပစ်မယ်…”
“မင်းက ဘာလုပ်နိုင်မှာမို့လဲ…ဓားတစ်ချောင်းကတောင် သူ့အပေါ်မှာ အလုပ်မဖြစ်တာ…”
“ချီစွမ်းအားတောင် အလုပ်မလုပ်ဘူးလေ…မင်းက ဘာတတ်နိုင်မှာမို့လဲ…”
“အကြေးခွံတွေက ခြစ်ရာတောင် မထင်ဘူးမလား…”
ချွန်းမြောင်က အော်လိုက်၏။
“အရင်က မလုပ်နိုင်ခဲ့ရင် အခု ဖြစ်အောင် လုပ်မယ်…ကမ္ဘာပေါ်မှာ မဖြစ်နိုင်တာ ဘာမှ မရှိဘူး…”
‘ဟုတ်တယ်…ဟုတ်တယ်…’
‘ဒါပေမဲ့ ဒီနှာခေါင်းသွေးတွေကို အရင်သုတ်လိုက်ပါဦး ချွန်းမြောင်ရေ…’